← Chapters

တာအိုအရှင် အမုန်း

Vol. 83 Ch. 1243

တာအိုအရှင် အမုန်း

Vol. 83 Ch. 1243

နောက်အချိန်အတိုင်းအတာတစ်ခုအတွင်း ဆူဇီမိုသည် ဝါးသစ်တောထဲမှာ နေထိုင်ပြီး ထွက်သွားဖို့ အလောတကြီး ရှိမနေခဲ့ပေ။

ယန်ပေးချန်သည် ကျင့်ကြံရေးလောကကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်သော်လည်း ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဉ် ဒဏ်ရာများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေဆဲဖြစ်၏။

နောက်တစ်နေ့တွင် သူက သတင်းပို့ စိတ်ဝိညာဉ်ကြိုးကြာတချို့ကို စေလွှတ်ခဲ့လေသည်။

သူတို့သည် ယန်ဆေးဂိုဏ်း၊ အသွန်းတစ်ရာဂိုဏ်း၊ ကြိုးကြာတစ်ထောင်ဂိုဏ်း၊ ရုပ်သေးဂိုဏ်း၊ ဆန်းကြယ်တောင်ထွတ်နှင့် အခြားသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများသို့ ပျံသန်းသွားကြ၏။

ထိုဂိုဏ်းများနှင့် အဖွဲ့အစည်းများတွင် ဆူဇီမို၏ ဆွေမျိုး သို့မဟုတ် မိတ်ဆွေများ ရှိကြလေသည်။

လဝက်ကြာပြီးနောက်…

ထိုဂိုဏ်းများနှင့် အဖွဲ့အစည်းများသည် စိတ်ဝိညာဉ်ကြိုးကြာများကို တစ်ခုပြီးတစ်ခု စေလွှတ်ခဲ့သော်လည်း မည်သည့်ထံကမှ လိုချင်သောအဖြေ ပါမလာခဲ့ပေ။

ချင်ဖျန်ယန်သည် ဘာစကားမှ မပြောသော်လည်း သူမသည် စိတ်ပျက်လက်ပျက်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

“အရမ်းလည်း အလျင်လိုမနေပါနဲ့”

ဆူဇီမိုက ပြောလိုက်၏။

“ရှောင်းနင်ဆီက သတင်းစကား မရောက်သေးဘူး… သူမက ယန်ဆေးဂိုဏ်းရဲ့ မည်ကာမတ္တ တပည့်တစ်ယောက်ပဲ.. သူမမှာ အဖြေတစ်ခု ရှိလိမ့်မယ်လို့ ကျုပ်ထင်တယ်”

နောက်ထပ် ငါးရက် ကုန်ဆုံးသွားခဲ့၏။

ယန်ဆေးဂိုဏ်း၏ စိတ်ဝိညာဉ်ကြိုးကြာက ဝါးသစ်တောဆီသို့ ပျံသန်းလာခဲ့၏။

ချင်ဖျန်ယန်က ရှေ့သို့ အလောတကြီး တက်ပြီး စိတ်ဝိညာဉ်ကြိုးကြာကို စိတ်အားထက်သန်စွာ ဖွင့်ကြည့်လိုက်၏။

“အမြုတေစိတ်ဝိညာဉ်ဒဏ်ရာတစ်ခုက ကုသဖို့အတွက် အရမ်းကို ခက်ခဲတယ်.. အထိရောက်ဆုံး ဆေးလုံးကတော့ ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးပဲ.. ဒါပေမဲ့ အဲဒီဆေးလုံးက ပျောက်ဆုံးသွားခဲ့တာ အတော်ကြာခဲ့ပြီ.. ယန်ဆေးဂိုဏ်းမှာလည်း အဲဒီဆေးလုံး ရှိမနေဘူး”

ထိုနေရာအရောက်တွင် ချင်ဖျန်ယန်၏ မျက်လုံးက အရောင်မှိန်ကျသွား၏။

ယန်ပေးချန်သည် ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိနေရသည့် အဓိကအကြောင်းရင်းမှာ သူက သူမကို ကယ်တင်ချင်ခဲ့သောကြောင့်ဖြစ်၏။

သူမသည် စိတ်ထဲမှာ မလုံမလဲ အမြဲတမ်း ခံစားနေခဲ့ရ၏။

ဆူဇီမိုသည် စိတ်ဝိညာဉ်ကြိုးကြာ ခြေထောက်တွင် တွဲချည်ထားသော ပုလင်းငယ်လေး တစ်လုံးကို ထုတ်ယူလိုက်၏။

“ဒါတွေက ရှောင်းနင် ပေးလိုက်တဲ့ ဆေးလုံး ခုနှစ်လုံးပဲ.. သူတို့ကလည်း အမြုတေစိတ်ဝိညာဉ်တွေအပေါ်မှာ ကုသနိုင်တဲ့ သက်ရောက်မှုတချို့ ရှိတယ်.. ခင်ဗျားက ဒါကို စမ်းကြည့်လို့ ရတယ်”

ထိုဆေးလုံးများသည် ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးနှင့် မယှဉ်နိုင်သော်လည်း သူတို့ကို စမ်း၍ စားသုံးကြည့်နိုင်လေသည်။

နောက်ရက်အနည်းငယ်အတွင်း.. ယန်ပေးချန်သည် ဆေးလုံးတစ်လုံးချင်းစီ နေ့စဉ်စားသုံးခဲ့၏။

သို့သော်လည်း.. ဆေးလုံးခုနှစ်လုံး ကုန်ဆုံးပြီးတာတောင် သူ၏ အမြုတေစိတ်ဝိညာဉ်က ပြန်လည်ကောင်းမွန်လာမည့် လက္ခဏာ ပြမလာခဲ့ပေ။

“အစ်ကိုယန်.. တာအိုရောင်းရင်းချင်.. သိပ်ပြီးတော့ စိုးရိမ်သောက ရောက်မနေကြပါနဲ့”

ဆူဇီမိုက ပြောလိုက်၏။

“ကျုပ်က အမျိုးမျိုးသော လေလံအိမ်တော်တွေနဲ့ စျေးကွက်တွေကို မျက်လုံးဒေါက်ထောက်ကြည့်ထားဖို့ ဆန်းကြယ်တောင်ထွတ်ကို ပြောပြီးသွားပြီ… ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးနဲ့ ပတ်သက်တဲ့ သတင်းတစ်စုံတစ်ရာ ရှိမယ်ဆိုရင် ကျုပ်က အဲဒါကို ရအောင် သေချာပေါက် ကူညီပေးမယ်”

“အဲဒီနည်းလမ်းပဲ ရှိတော့မှာပေါ့”

ချင်ဖျန်ယန်က စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

နောက်ထပ် သုံးရက်တာက ကုန်ဆုံးသွားခဲ့၏။

ဤနေ့တွင် ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် သစ်သားအိမ်ထဲမှာ ထွေရာလေးပါး စကားပြောဆိုနေကြ၏။

ရုတ်တရက်ဆိုသလို…

ဆူဇီမိုသည် တစ်စုံတစ်ရာကို ခံစားမိသွားပြီး လှည့်ကြည့်လိုက်၏။

“အဲဒီမှာ ဘာများဖြစ်လို့လဲ”

ချင်ဖျန်ယန်သည် မေးမြန်း၍ ဆူဇီမို ကြည့်ရာသို့ အလိုလို လိုက်ပါကြည့်ရှုလိုက်၏၊

ဝါးသစ်တောထဲမှာ လူတစ်ယောက်က မတ်တတ်ရပ်နေ၏။

“အား…”

ချင်ဖျန်ယန်က ဆတ်ခနဲ တုန်ယင်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

သူမသည် အစကတည်းက ဓားဂိုဏ်း၏ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက် ဖြစ်၏။ တိုက်ခိုက်ရည်ခွန်အားမှာ ဖြစ်စေ.. စိတ်နေစရိုက်မှာဖြစ်စေ.. သူမသည် အတော်လေး အဆင့်အတန်းမြင့်လေသည်။ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် မဟာယာနမျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်ပင်လျှင် သူမကို ထိုကဲ့သို့ ဣန္ဒြေပျက်ယွင်းစေလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုပုံရိပ်က အရမ်းကို ကြောက်စရာကောင်းနေ၏။

အဲဒီမှာ မတ်တတ်ရပ်နေရုံမျှနှင့် သူသည် အရာအားလုံးကို ဝါးမျိုနိုင်သော အဆုံးမဲ့ အမုန်းတရားတစ်ခု ဖြာထုတ်ပေးနေသည့် ဧရာမ အနက်ရောင် တွင်းနက်တစ်ခုနှင့် တူနေ၏။

ထိုအမုန်းတရားများက ကျင့်ကြံသူတစ်ယောက်၏ စိတ်အာရုံကိုပင် သက်ရောက်စေနိုင်၏။

လူတစ်ယောက်၏ တာအိုနှလုံးသားက အားနည်း၍ အမုန်းတရားများ၏ စွန်းထင်းခြင်း ခံရလျှင် သူတို့က ချို့ယွင်းပျက်စီးပြီး တိုက်ခိုက်ရခြင်း မရှိဘဲ ရှုံးနိမ့်ရပေလိမ့်မည်။

တာအိုအရှင် အမုန်း…

ထိုအမုန်းတရား၏ လွှမ်းခြုံမှုနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုတစ်ယောက်သာလျှင် ဣန္ဒြေရနေမြဲဖြစ်၏။

ယန်ပေးချန်ပင်လျှင် မျက်မှောင်ကြုတ်လိုက်ရ၏။

ဆူဇီမိုသည် တာအိုအရှင် အမုန်းကို တည်ငြိမ်စွာ ကြည့်နေ၏။

တာအိုအရှင် အမုန်းသည် ပုံမှန်ခန္ဓာတည်ဆောက်ပုံပင် ရှိပြီး အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏ အနက်ရောင် ဆံပင်များကို ပခုံးပေါ်မှာ ဖြန့်ချထားပြီး သူ၏ အနက်ရောင် မျက်လုံးများက နက်မှောင်၍ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူက မိစ္ဆာချီများဖြင့် လွှမ်းခြုံနေသော ဆေဘာတစ်လက်ကို တရွတ်တိုက် ဆွဲလာလေသည်။

ဆေဘာက မြေပြင်ကို တိတ်တဆိတ် ထိုးခွဲပြီး ရှင်းလင်းသော ဓားခြစ်ရာကို ကျန်ရစ်ခဲ့စေ၏။

ဆူဇီမိုသည် ဆေဘာကို ကြည့်ပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က အနည်းငယ် တင်းကျပ်သွား၏။

ထိုဆေဘာက အရမ်းကို ကြောက်စရာကောင်းလေသည်။

သူပင်လျှင် စုဝေးနေသော အမုန်းတရားများမှ တုန်ခါအားလှိုင်းကို ခံစားမိနိုင်၏။

“အမုန်း.. မင်းက တော်တော် အချိန်တိကျတာပဲ”

ယန်ပေးချန်က ပြောလိုက်၏။

“မင်းက တကယ်ပဲ တစ်လပြည့်တဲ့နေ့မှာ ရောက်လာတာပဲ.. တစ်ရက်တောင် စွန်းမသွားဘူး”

“ဟီးဟီး”

တာအိုအရှင် အမုန်းက ရယ်မော၍ ပြန်ဖြေခြင်း သို့မဟုတ် ရပ်နားခြင်း မရှိဘဲ သစ်သားအိမ်ထဲသို့ လျှောက်လှမ်းဝင်လာ၏။

“မင်းက ဒဏ်ရာရထားတာလား”

သူက တစ်ချက်ဝေ့ကြည့်ပြီးနောက်.. ယန်ပေးချန်၏ အခြေအနေကို ပြောလိုက်နိုင်၏။

“ဒဏ်ရာသေးသေးလေး တစ်ခုပါပဲ”

ယန်ပေးချန်က မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။

တာအိုအရှင် အမုန်းက သွားဖြီးလိုက်လေသည်။

“ယန်ပေးချန်.. မင်းတောင်မှ ဒီလိုအခြေအနေနဲ့ အဆုံးသတ်သွားရတယ်ဆိုတော့…”

“အဲဒီမှာ ပိုကောင်းတဲ့ တစ်စုံတစ်ယောက်ဆိုတာ အမြဲတမ်း ရှိနေတာပဲ.. ဒီဘက်မျိုးဆက်မှာ ပြိုင်စံရှားနဲ့ ပြန်ဝင်စား မွန်းစတားတွေ များစွာပေါ်ထွက်လာခဲ့တယ်… ငါ့ကို ထိခိုက်အောင် လုပ်နိုင်တဲ့လူတွေ အဲဒီမှာ အများကြီးရှိကြတယ်… အဲဒါက ဘာမှ ထူးဆန်းမနေပါဘူး”

ယန်ပေးချန်က ပြန်ဖြေလိုက်၏။

“မဟုတ်သေးဘူး”

တာအိုအရှင် အမုန်းက သူ၏ခေါင်းကို ခါပြီး ယန်ပေးချန်ကို လက်ညိုးထိုးလိုက်၏။

“ငါက မင်းရဲ့ ဒဏ်ရာတွေကို ပြောနေတာ မဟုတ်ဘူး.. မင်းရဲ့ နှလုံးသားကို ပြောတာ.. မင်းရဲ့ နှလုံးသားက အဆူရာတစ်ယောက်ရဲ့ နှလုံးသား ဆက်ပြီးမဟုတ်တော့ဘူး”

ယန်ပေးချန်က တိတ်ဆိတ်ငြိမ်သက်နေ၏။

ဆူဇီမိုက စိတ်ထဲကနေ ချီးကျူးလိုက်လေသည်။

တိုက်ခိုက်ဖလှယ်ခြင်း သို့မဟုတ် အကဲစမ်းခြင်း မရှိဘဲ တာအိုအရှင် အမုန်းသည် ယန်ပေးချန်၏ ပကတိအခြေအနေကို ထွင်းဖောက်မြင်နိုင်လိုက်၏။

“ကျွတ်.. ကျွတ်.. ကျွတ်..”

တာအိုအရှင် အမုန်း၏ အကြည့်က ရွေ့လျားသွားပြီး ချင်ဖျန်ယန်အပေါ်သို့ ကျရောက်သွား၏။

“ဘယ်လောက်နှမျောဖို့ ကောင်းလိုက်သလဲ… အဲဒါကြောင့်လည်း နူးညံ့သိမ်မွေ့တဲ့ အထိအတွေ့က သူရဲကောင်းတစ်ယောက်ရဲ့ အဆုံးသတ်လို့ ပြောကြတာကိုး.. ယန်ပေးချန်.. မင်းတောင်မှ အဲဒီကနေ မလွတ်မြောက်နိုင်ဘူးပဲ”

သူက မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး နှာတစ်ချက်ရှုံ့ကာ ခေါင်းညိတ်လိုက်၏။

“အင်း.. မဆိုးဘူးပဲ.. နည်းနည်းလေး ထက်ရှတယ်.. ဓားဂိုဏ်းက ကျင့်ကြံသူတစ်ယောက်ပဲ”

ချင်ဖျန်ယန်က ဒီတိုင်းထိုင်မနေနိုင်တော့ပေ။

ဘာကြောင့်ရယ် မသိ.. သူမသည် တာအိုအရှင် အမုန်းရှေ့မှာ မအီမသာ ခံစားနေရ၏။

ရုတ်တရက်.. တာအိုအရှင် အမုန်းက သူ၏မျက်လုံးကို ဖွင့်ပြီး ပြုံးစစဖြင့် ပြောလိုက်၏။

“ယန်ပေးချန်.. ငါ အဲဒီအမျိုးသမီးကို သတ်လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ”

“အမုန်း.. မင်း ဘာဖြစ်ချင်နေတာလဲ”

ယန်ပေးချန်၏ မျက်လုံးက ပြူးကျယ်သွား၏။

တာအိုအရှင် အမုန်းက ရယ်မော၍ စိတ်အေးလက်အေး ပုံစံဖြင့် ပြောလိုက်၏။

“ငါက အဲဒါကို မင်းကောင်းဖို့အတွက် လုပ်ပေးမှာလေ.. ဒီအမျိုးသမီးကို သတ်မှပဲ နဂိုအဆူရာကို ပြန်ရလာလိမ့်မယ်”

“အမုန်း…”

ယန်ပေးချန်က ဟိန်းဟောက်လိုက်၏။

“ဒီတိုက်ပွဲအတွက် ငါက ရှုံးနိမ့်တယ်ဆိုတာကို ဝန်ခံတယ်.. မင်းက အဆူရာဘွဲ့နဲ့အတူ ဒီအဆူရာဆေဘာကိုပါ ယူသွားလို့ ရတယ်.. ငါက အဆူရာဂိုဏ်းနဲ့ ဆက်ပြီး မပတ်သက်တော့ဘူး.. ငါက မိစ္ဆာဂိုဏ်းတွေနဲ့ ကျင့်ကြံရေးလောကနဲ့ပါ ထပ်ပြီး မပတ်သက်တော့ဘူး”

“ရှုံးနိမ့်မှုကို ဝန်ခံသတဲ့လား”

တာအိုအရှင် အမုန်းက ဝမ်းနည်းသော အမူအရာတစ်ခု ရှိလာပြီး သက်ပြင်းချလိုက်၏။

“ယန်ပေးချန်.. ဒီလိုစကားလုံးတွေက မင်းပါးစပ်က ထွက်လာတယ်ဆိုတာ စဉ်းစားကြည့်လို့တောင် မရဘူး”

အဲဒီနောက် သူက ရယ်မော၍ ခေါင်းခါလိုက်၏။

“ယန်ပေးချန်.. မင်းက တော်တော်ရိုးအတာပဲ.. တိုက်ခိုက်ခြင်းနဲ့ ကျင့်ကြံရေးလောကကနေ ဒီတိုင်းလေးပဲ နောက်ဆုတ်သွားလို့ ရမယ်လို့ မင်းထင်နေတာလား”

“မင်းက စတင်ကျင့်ကြံပြီးကတည်းက ရွေးချယ်မှု အတော်များများက မင်းအပေါ်မှာ မူမတည်တော့ဘူး”

ယန်ပေးချန်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။

“အမုန်း.. မင်းက ဘာလိုချင်လို့လဲ”

“ဒါပေါ့.. ငါက အဆူရာဘွဲ့ကို ပြန်ယူရမှာပေါ့”

တာအိုအရှင် အမုန်းက ပြန်ဖြေလိုက်၏။

ယန်ပေးချန်က မျက်မှောင်ကြုတ်လိုက်လေသည်။

“ငါက ရှုံးနိမ့်မှုကို ဝန်ခံတယ်လို့ ပြောပြီးပြီလေ.. အခုကစပြီး မင်းက အဆူရာဖြစ်သွားပြီ”

“မဟုတ်သေးဘူးလေ.. အဲ့လိုတော့ မရဘူး”

တာအိုအရှင် အမုန်းက လှောင်ပြောင်သရော်လိုသော အမူအရာတစ်ခု ရှိလာပြီး သူ၏လက်ညိုးကို ဘယ်ညာယမ်းပြလိုက်၏။

“အဲ့လောက်ထိ မရိုးရှင်းဘူးလေ.. ငါက မင်း ငါ့ဆီက လုယူသွားတဲ့ ပုံစံမျိုးနဲ့ပဲ အဆူရာဘွဲ့ကို ပြန်ယူမှာ”

“မင်းက ရှုံးနိမ့်မှုကို ဝန်ခံတယ်ဆိုတာနဲ့ပဲ ငါက မင်းကို လွှတ်ပေးလိုက်မယ်လို့ မင်းထင်နေတာလား”

ရုတ်တရက်.. တာအိုအရှင် အမုန်း၏ အမူအရာက ကြောက်စရာကောင်းလာပြီး သူ၏သွင်ပြင်များကို ဖျစ်ညှစ်၍ သိပ်သည်းပြင်းထန်သော အမုန်းတရားတစ်ခုကို ဖြာထွက်လာစေ၏။

“အရင်တုန်းက.. အဆူရာဘွဲ့အတွက် တိုက်ပွဲမှာ ငါက အရာရာတိုင်းကို ဆုံးရှုံးခဲ့ရတယ်.. ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ ဂုဏ်သတင်း.. ဒီနှစ်တွေထဲမှာ ငါက မင်းအကြောင်းကိုပဲ တွေးနေခဲ့တာ ယန်ပေးချန်”

ဆူဇီမိုသည် ယန်ပေးချန်၏ ရွေးချယ်မှုအပေါ် လေးစားမှု ရှိလေသည်။ အဲဒါကြောင့် သူက တိတ်ဆိတ်ငြိမ်သက်နေပြီး ဘေးကနေသာ အေးစက်စွာဖြင့် စောင့်ကြည့်နေ၏။

သို့သော်လည်း ဒီနေ့ကိစ္စက အေးအေးချမ်းချမ်းနှင့် အဆုံးသတ်တော့မည် မဟုတ်ကြောင်း သူက နားလည်လိုက်ပြီဖြစ်၏။

တာအိုအရှင် အမုန်းသည် လုံးဝကို မိစ္ဆာဆန်လာခဲ့ပြီး သူ၏စိတ်က အမုန်းသုတ္တန်၏ သက်ရောက်ခြင်းကို ခံလာရလေပြီ။

တာအိုအရှင် အမုန်းက အမုန်းသုတ္တန်ကို ကျင့်ကြံထားတာလား.. သို့မဟုတ် အမုန်းသုတ္တန်က သူ့ကို မိစ္ဆာတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားစေတာလား.. ပြောဖို့ ခက်ခဲလေသည်။

တာအိုအရှင် အမုန်း၏ အမုန်းတရားများကို ခံစားမိပြီး သူ့လက်ထဲရှိ မိစ္ဆာဆေဘာသည် အလွန်တရာ စိတ်လှုပ်ရှားလာသည့်အလား.. အနည်းငယ် တုန်ခါ၍ အတောမသတ် တဇီဇီ မြည်လာ၏။

All Chapters