ကြီးမားသောတိုက်ပွဲ
Vol. 83 Ch. 1244
လက်ရှိလူနှစ်ယောက်သည် ဓမ္မဝိသေသအဆင့်မှာရှိနေကြသော်လည်း သူတို့၏ တိုက်ခိုက်ရည်ခွန်အားကြား ကွာဟချက်က အရမ်းကိုကြီးမား၏။
ဖျန်ရန်သည် ဓမ္မဝိသေသအဆင့်မှာ သေချာပေါက်ပြိုင်စံရှားတစ်ယောက်ဖြစ်၏။ သို့သော်လည်း တာအိုအရှင်အမုန်းထံမှ ထုတ်ဖော်လိုက်သော အမုန်းတရားများနှင့်ရင်ဆိုင်ရချိန်တွင် သူမ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာပြီး သူမ၏ နှလုံးက တုန်ယင်လာခဲ့၏။
ယန်ပေးချန်၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရရှိထားပြီး သူကလည်း ဖိအားတစ်ခုကိုခံစားရကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူ၏ မျက်လုံးထဲတွင် အမျက်ဒေါသတစ်စွန်းတစ်စကတော့ ရှိနေ၏။
အဲ့ဒါသည် လွန်ခဲ့သည့်ဆယ်နှစ်ကျော်ကသာဆိုလျှင် သူ၏အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရရှိထားသည်ဆိုလျှင်တောင် သူက နောက်ဆုတ်လိမ့်မည်မဟုတ်ဘဲ တာအိုအရှင်အမုန်းနှင့် ချက်ချင်းတိုက်ခိုက်လိမ့်မည်ဖြစ်၏။
သို့သော် ယခုအခါသူသည် စိတ်ခံစားချက် ဝန်ထုပ်ဝန်ပိုးကိုကိုင်ဆွဲထားပြီး တာအိုအရှင်အမုန်းနှင့် ထပ်မံ၍ တိုက်ခိုက်လိုစိတ် တကယ်ပင်မရှိတော့ပေ။
တကယ်တော့ အဲ့ဒါအပြင် နောက်ထပ်အကြောင်းပြချက်တစ်ခုမှာ... သူက ဆူဇီမိုကို ဤကိစ္စတွင် ပါဝင်ပတ်သက်ခြင်းမရှိစေချင်သောကြောင့်ဖြစ်၏။
တစ်ဘက်မှာတော့ တာအိုအရှင်အမုန်းသည် ယခုအခါ မိစ္ဆာဂိုဏ်းများ၏ နံပါတ်တစ်ဆေဘာဖြစ်လာပြီး အမုန်းသုတ္တန်၏ အမွေအနှစ်ကိုပိုင်ဆိုင်ထား၏။ သူက ဒုတိယမိစ္ဆာဧကရာဇ်တစ်ယောက်နှင့် တူညီလာပြီး မိစ္ဆာဂိုဏ်းများတွင် မြင့်မြတ်သော ဂုဏ်အဆင့်အတန်းရှိကာ ပညာရှင်များစွာ၏ ကာကွယ်မှုကိုရရှိထား၏။
ဆူဇီမိုက သူ့ကိုဆန့်ကျင်တိုက်ခိုက်မိလျှင် အဲ့ဒါက မိစ္ဆာဂိုဏ်းများအားလုံးကို ဆန့်ကျင်မိခြင်းနှင့် တူညီလေသည်။
တစ်ဘက်မှာတော့... တာအိုအရှင်အမုန်းနှင့် ဆူဇီမို၏ တိုက်ခိုက်မှုရလဒ်က ကြိုတင်ခန့်မှန်းလို့ မရနိုင်ပေ။
ဆူဇီမိုက အနိုင်ရရှိသွားမည်ဆိုလျှင် မိစ္ဆာဂိုဏ်းများကို ဆန့်ကျင်မှုဖြင့် အဆုံးသတ်ရပေလိမ့်မည်။
သူက ရှုံးနိမ့်သွားမည်ဆိုလျှင် ရလဒ်က ပို၍ပင်ဆိုးဝါးနေနိုင်လေသည်။
ဤတိုက်ပွဲ၏ ရလဒ်က မည်သို့ပင်ဖြစ်ပါစေ အဲ့ဒါက ဆူဇီမိုအတွက် အလွန်တရာအရေးမသာဖြစ်နေ၏။
“အမုန်း.... နောက်ဆုံး ဒီနေ့ထိ မင်းနဲ့ငါ့ကြားမှာ နက်ရှိုင်းတဲ့ ရန်ငြိုးမရှိခဲ့ဘူး”
ယန်ပေးချန်က ပြောလိုက်၏။
“မင်းက... ဒီနေ့ အဆူရာဆေဘာကို ယူသွားမယ်ဆိုရင် မင်းက အစစ်အမှန်အဆူရာတစ်ယောက်ဆိုတာ ကျင့်ကြံရေးလောကတစ်ခုလုံးက နားလည်သွားကြပြီး ငါ့ကိုဘယ်သူမှ အမှတ်ရမှာမဟုတ်တော့ဘူး”
ချင်ဖျန်ရန်က တိတ်တဆိတ်ဖြင့် သူမ၏ခေါင်းကိုငုံ့ထား၏။
ယန်ပေးချန်၏ ခေါင်းငုံ့သည်းခံမှုသည် သူမနှင့် သူတို့အားလုံးအတွက်ဆိုတာ သူမက သိထား၏။
ယန်ပေးချန်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အံကိုတင်းတင်းကြိတ်လိုက်၏။ သူက တစ်စုံတစ်ရာနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချပြီးသွားသည့်အလား ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အမုန်း.... ငါက ကျင့်ကြံရေးလောကနေ ထာဝရနှုတ်ထွက်သွားမယ်လို့ ကတိပေးနိုင်တယ်.. နောင်အနာဂတ်မှာ ယန်ပေးချန်ဆိုတာ ကျင့်ကြံရေးလောကမှာ မရှိစေရတော့ဘူး”
“ပေးချန်....”
ချင်ဖျန်ရန်က နာကျင်မှုတစ်စွန်းတစ်စနှင့်အတူ အံအားတသင့်အော်ခေါ်လိုက်၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်အထိ ယန်ပေးချန်သည် တစ်ဖက်လူအပေါ် ဘယ်တုန်းကမှ အားနည်းမှုကို မပြသခဲ့ပေ။ သူသည် သတ်ဖြတ်ခြင်းနှင့် သူ၏တာအိုကို ရရှိအောင်မြင်ခဲ့ပြီး ပြိုင်ဘက်ကင်းခဲ့လေသည်။ အဆူရာဆိုသော သူ၏ဘွဲ့သည် အထက်လမ်းကျင့်ကြံသူများ၏ စိတ်နှလုံးထဲတွင် အကြောက်တရားကို ခတ်နှိပ်ထားနိုင်ခဲ့သော တစ်စုံတစ်ရာဖြစ်၏။
သူက ဤကဲ့သို့သောစကားမျိုးကို ဘယ်တုန်းကများ ပြောဆိုခဲ့ဖူးလို့လဲ။ သို့သော် ယခုအခါ အဆူရာကပင်လျှင် ဦးညွှတ်နေပြီဖြစ်၏။
“ဟီးဟီး....”
တာအိုအရှင်အမုန်းက ရယ်မော၍ ယန်ပေးချန်ကို လှောင်ပြောင်သရော်သလိုကြည့်ကာ ခေါင်းခါပြလိုက်၏။
“ယန်ပေးချန်... မင်းက တကယ့်ကို ရိုးစင်းတာပဲ... ကျင့်ကြံရေးလောကမှာ မင်းကနှုတ်ထွက်ချင်တယ်ဆိုတာနဲ့ပဲ.. ဒီတိုင်းနှုတ်ထွက်သွားလို့ရမယ် တကယ်ပဲ ထင်နေလို့လား”
“အဆူရာတစ်ယောက်က အရာရာတိုင်းကို လွှတ်ချဖို့ တကယ်ပဲ စဥ်းစားရဲတယ်ပေါ့... ဘယ်လောက်တောင် ကြောင်တိကြောင်တောင်နိုင်လိုက်သလဲ”
တာအိုအရှင်အမုန်း၏ လှောင်ပြောင်သရော်မှုနှင့်ရင်ဆိုင်ရချိန်တွင် ယန်ပေးချန်က တိတ်ဆိတ်ငြိမ်သက်နေပြီး အဲ့ဒါကို သည်းခံနေ၏။
သူသည် ပျော်စရာတစ်စုံတစ်ရာကို တွေ့ရှိသွားသည့်အလား တာအိုအရှင်အမုန်း၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုသည့်ပုံရိပ်က ဖျပ်ခနဲ လက်သွား၏။
“ဒီလိုလုပ်ကြည့်လေ... မင်းက ငါ့ရှေ့မှာ ဒူးထောက်ပြီး သနားညှာတာပေးဖို့အတွက် တောင်းပန်လိုက်... မင်းက အကြိမ်ရေအနည်းငယ်လောက် ဦးချပြီးရင် ငါက မင်းကိုလွှတ်ပေးမယ်လေ... ဘယ်လိုလဲ”
ယန်ပေးချန်သည် လုံးဝလှုပ်ရှားခြင်းမရှိဘဲ အမူအရာကင်းမဲ့နေ၏။ သို့သော်လည်း သူ၏နဖူးကြောများက ထောင်ထလာပြီး သွေးပြန်ကြောများက ဖောင်းကြွလာ၏။ သူက စိတ်ခံစားချက်မြင့်တက်လာသည်မှာ သိသာလေသည်။
ယန်ပေးချန်၏ စိတ်နှလုံးထဲရှိ ရုန်းကန်နေမှုကို ခံစားမိပြီး တာအိုအရှင်အမုန်း၏ မျက်လုံးထဲရှိ အပြုံးကပို၍ပင် သိပ်သည်းစုဖွဲ့လာခဲ့၏။
သူသည် အရာရာတိုင်းအပေါ် ထိန်းချုပ်ရသည့်ခံစားချက်ကို ခုံမင်နှစ်သက်ပြီး သူ၏ ယခင်ရန်သူအပေါ် အညှာအတာကင်းမဲ့စွာ နင်းချေမည်ဖြစ်၏။ သူသည် စိတ်ထဲမှာရှိသလို တစ်ဘက်လူအပေါ် အရှက်ခွဲရခြင်းနှင့် ချိုးနှိမ်နင်းချေရခြင်းကို ခုံမင်နှစ်သက်သဘောကျလေသည်။
ယန်ပေးချန်က တိုက်ခိုက်သည်ဖြစ်စေ မတိုက်ခိုက်သည်ဖြစ်စေ သူဂရုမစိုက်ပေ။
ယန်ပေးချန်က မတိုက်ခိုက်ဘူးဆိုလျှင် သူက ထိုသူကို သေတာထက်ပိုမိုဆိုးရွားသည့် ကံကြမ္မာနှင့် တွေ့ကြုံခံစားရအောင် ပြုလုပ်ရပေမည်။
ယန်ပေးချန်က တိုက်ခိုက်မည်ဆိုလျှင် သူ့အတွက် စောင့်ဆိုင်းနေသည့် တစ်ခုတည်းသောအရာမှာ သေခြင်းတရားသာဖြစ်၏။
သူက ဤနေရာသို့ ရောက်ရှိလာသည်ဆိုမှတော့ ယန်ပေးချန်ကို အလွယ်တကူလွှတ်ပေးလိုက်ဖို့ စိတ်ကူးမရှိပေ။
ထိုစဥ်မှာပင် ရယ်မောသံတစ်သံက ထွက်ပေါ်လာခဲ့၏။
ထိုရယ်သံသည် လှောင်ပြောင်သရော်လိုမှုနှင့် အထင်သေးမှုတစ်စွန်းတစ်စကို သယ်ဆောင်ထားပြီး တာအိုအရှင်အမုန်းအတွက် အရမ်းကို နားကြားပြင်းကပ်စရာကောင်းနေ၏။
သူသည် ဖြည်းဖြည်းချင်း လှည့်ကြည့်ပြီး သူ၏အကြည့်က ဆူဇီမိုပေါ်သို့ ကျဆင်းသွား၏။
သူသည် ဤနေရာသို့ရောက်ရှိလာကတည်းက ဆူဇီမိုကို ပထမဆုံးအကြိမ် စေ့စေ့စပ်စပ်စိုက်ကြည့်လိုက်ခြင်းဖြစ်၏။
“အို....”
တာအိုအရှင်အမုန်းက ကျီစယ်လိုသောအမူအရာတစ်ခုကို ထုတ်ဖော်ပြသလိုက်ပြီး မေးမြန်းလိုက်၏။
“စောစောက.. ရယ်လိုက်တာ မင်းလား”
ဤကဲ့သို့သောပုံစံဖြင့် သူ့ကို တစ်စုံတစ်ယောက်က ရန်စရဲခြင်းမရှိတော့သည်မှာ အတော်ကြာခဲ့လေပြီ။
“ဇီမို...”
ယန်ပေးချန်က စိုးရိမ်ပူပန်သော အမူအရာတစ်ခုနှင့်အတူ အော်ပြောလိုက်၏။
ဆူဇီမိုက လက်ကာပြပြီး ပြန်လှန်မေးခွန်းမထုတ်ဝံ့သောလေသံဖြင့်ပြောလိုက်လေသည်။
“အစ်ကိုယန်... ဒီကိစ္စကို ကျုပ်အတွက်ထားလိုက်တော့”
သူသည် ယန်ပေးချန်၏ ရွေးချယ်မှုအပေါ် လေးစားမှုထားနိုင်သော်လည်း ထိုသူက ဤကဲ့သို့အရှက်ခွဲခံနေရသည်ကို သူက သေချာပေါက် စောင့်ကြည့်နေနိုင်လိမ့်မည် မဟုတ်ပေ။
တာအိုအရှင်အမုန်းက နားလည်သဘောပေါက်လာခဲ့၏။
“ငါသိပြီ... မင်းက ယန်ပေးချန်ကို ကူညီဖို့အတွက် ဒီနေရာကိုရောက်နေတာပဲ... ဟားဟားဟားဟား”
တာအိုအရှင်အမုန်းက မနေနိုင်ဘဲ ရယ်မောလိုက်၏။ သူက ဆူဇီမိုကို အရူးတစ်ယောက်ကိုကြည့်နေသည့်အလားကြည့်ပြီး ရေရွတ်ပြောဆိုလိုက်၏။
“တစ်ချို့လူတွေက တကယ်ပဲ ကောင်းမှန်းဆိုးမှန်း နားမလည်ဘူးပဲ... မင်းက ငါဘယ်သူလဲ ဆိုတာတောင် မသိဘဲနဲ့ သူ့ကိုကူညီဖို့အတွက် ရောက်လာရဲတယ်ပေါ့”
“ငါဘယ်သူလဲရော... မင်းသိလို့လား”
ဆူဇီမိုက ပြန်မဖြေဘဲ ပြန်လည်မေးလိုက်၏။
“အို... မင်းက ဘယ်သူလဲ”
တာအိုအရှင်အမုန်းက သာမန်ကာလျှံကာ ပြန်မေးလိုက်၏။
တကယ်တော့ သူသည် ဆူဇီမိုဘယ်သူဆိုတာကို ဂရုမစိုက်ပေ။ သူ့မျက်လုံးထဲတွက် ထိုသူက သေလူတစ်ယောက်ဖြစ်နေပြီးလေပြီ။
“ငါက... အထီးကျန်သိုင်းသခင်ပဲ”
ဆူဇီမိုက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
“အထီးကျန်သိုင်းသခင်လား”
တာအိုအရှင်အမုန်းသည် အနည်းငယ် ကြောင်အ,မှင်တက်သွား၏။ ထိုတာအိုဘွဲ့ကို သူက တစ်နေရာရာမှာကြားဖူးနေပုံရ၏။
ခဏမျှငြိမ်သက်ပြီးနောက် သူ၏သူငယ်အိမ်နှစ်ဖက်က အနည်းငယ်တင်းကျပ်သွားပြီး သူ၏အကြည့်က ပိုမိုတောက်ပလာခဲ့၏။
“မင်းက သိုင်းတာအိုကိုတည်ထောင်ပြီး ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုကို စုဖွဲ့နိုင်ခဲ့တဲ့ တာအိုအရှင်အထီးကျန်သိုင်းသခင်ပဲ”
အထီးကျန်သိုင်းသခင်ဟူသော အမည်က ကျင့်ကြံရေးလောကမှာ အတော်လေးကျော်ကြားနေခဲ့ပြီးဖြစ်၏။
ကျားနဂါးဂိုဏ်း တိုက်ပွဲအပြီး နှစ်အနည်းငယ်ကြာရုံမျှနှင့် သူက ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုကို စုဖွဲ့ထားနိုင်ခဲ့သည်ဆိုသော သတင်းသည် အလယ်ပိုင်းတိုက်သို့ ရောက်ရှိနေခဲ့ပြီးလေပြီ။
တာအိုအရှင်အမုန်းသည် သူပြန်လည်ရောက်ရှိလာသည့်အချိန်မှာပင် အထီးကျန်သိုင်းသခင်၏ အမည်ကို ကြားဖူးခဲ့ပြီးလေပြီ။
“ကောင်းတယ်ကွာ... ကောင်းတယ်... ကောင်းတယ်”
တုန်လှုပ်သွားရမည့်အစား တာအိုအရှင်အမုန်းက ကျေနပ်နှစ်ခြိုက်သွားပြီး ထပ်တလဲလဲ ခေါင်းညိတ်လိုက်၏။
“လက်ရှိ... ဓမ္မဝိသေသ ပြိုင်စံရှားတွေကြားမှာ မင်းတစ်ယောက်ကပဲ ငါနဲ့တိုက်ခိုက်ဖို့ ထိုက်တန်လိမ့်မယ်... အထီးကျန်သိုင်းသခင် မင်းက တကယ့်ကို အချိန်မှန်ရောက်လာတာပဲ”
“မင်းက ငါ့ကို သတ်ဖြတ်ချင်သေးတာလား”
ဆူဇီမို၏ မျက်လုံးထဲမှ နတ်ဘုရားဆန်ဆန်အလင်းတစ်ခုက လွှမ်းမိုးခြယ်လှယ်နိုင်သော ပုံစံဖြင့် ရုန်းကန်ထွက်ပေါ်လာခဲ့၏။
သူကဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး သူ၏ အနက်ရောင်ဆံပင်များက လေမတိုက်ဘဲ ယိမ်းနွဲ့လာခဲ့၏။ နတ်ဘုရားသက်ရှိတစ်ပါး နိုးထလာသည့်အလား အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုက သူ၏ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
ကြောက်စရာကောင်း၍ ခံ့ညားထည်ဝါသော အော်ရာတစ်ခုက တာအိုအရှင်အမုန်းဆီသို့ ဆူနာမီလှိုင်းကဲ့သို့ တလိပ်လိပ်တက်လာ၏။
ဆူဇီမိုသည် သိုင်းတာအိုကို တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာသင်ကြားပေးခဲ့၏။ အဲ့ဒီနောက်.. သူသည် ဓမ္မဝိသေသအဆင့်သို့ဝင်ရောက်ပြီး လူတိုင်း၏ ရိုသေလေးစားမှုကို ခံယူခဲ့ရ၏။ သူသည် မည်သူမှမယှဥ်နိုင်သည့် အော်ရာနှင့် အင်အားတစ်ခုကို စုစည်းနိုင်ခဲ့သည်မှာ ကြာခဲ့လေပြီ။
အခြားသောဓမ္မဝိသေသတာအိုအရှင်များသာဆိုလျှင် သူတို့သည် ဆူဇီမိုကို တိုက်ခိုက်ဖို့ သတ္တိပင်ရှိချင်မှ ရှိပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် တာအိုအရှင်အမုန်းက လက်ရှိအခြေအနေကို မလှုပ်မယှက်နှင့်ရင်ဆိုင်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီများက လျှံထွက်လာခဲ့၏။ အပျက်သဘောဆောင်သော အမုန်းတရားများနှင့် အငြိုးအတေး စိတ်ခံစားချက်များသည် ပြီးပြည့်စုံစွာထွက်ပေါ်လာပြီး ဆူဇီမို၏ အော်ရာနှင့်ယှဥ်နိုင်လေသည်။
ဓမ္မဝိသေသအဆင့်၏ ပြန်ဝင်စားမွန်းစတားနှစ်ယောက်က နောက်ဆုံးမှာတော့ ထိပ်တိုက်ရင်ဆိုင်လာကြလေပြီ။
“မြန်မြန်... နောက်ဆုတ်”
ယန်ပေးချန်က ဤတိုက်ပွဲသည် ရှောင်လွှဲလို့မရနိုင်တော့ဘူးဆိုတာ သိရှိလိုက်ပြီး ချင်ဖန်ရန်ကို အလောတကြီးဆွဲယူကာ သစ်သားအိမ်ထဲကနေ ခုန်ထွက်လိုက်၏။
သူတို့နှစ်ယောက်ထွက်ခွာသွားသည့်ခဏမှာပင် ပြန်ဝင်စားမွန်းစတား နှစ်ယောက်ဖြစ်သော ဆူဇီမိုနှင့် တာအိုအရှင်အမုန်းတို့၏ အော်ရာများ ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် သစ်သားအိမ်သည် မှုန့်မှုန့်ညက်ညက် ကြေမွသွားလေသည်။
“အထီးကျန်သိုင်းသခင်... အစစ်အမှန်ပြန်ဝင်စားမွန်းစတားတစ်ယောက်က ဘာလဲဆိုတာ... ဒီနေ့မင်းကို ငါပြပေးမယ်”
တာအိုအရှင်အမုန်းသည် သူ၏ခေါင်းကိုမော့၍ ကောင်းကင်ထက်သို့ဟိန်းဟောက်လိုက်၏။ သူ့လက်ထဲရှိ မိစ္ဆာဆေဘာက တဇီဇီမြည်၍ တုန်ခါလာပြီး အေးစက်၍ နက်မှောင်နေသော မိစ္ဆာချီတစ်ခုကို ဖြာထုတ်ပေးလိုက်၏။
“ဒါက... အမုန်းမိစ္ဆာဆေဘာပဲ... အဲ့ဒါက မိစ္ဆာဧကရာဇ်အမုန်းကိုယ်တိုင်ကိုင်ဆွဲခဲ့တဲ့ လက်နက်ပဲ... ဒါပေမယ့် မိစ္ဆာဧကရာဇ်အမုန်း ကွယ်လွန်သွားပြီးတဲ့နောက် သူ့စွမ်းအားက သိသိသာသာလျော့ကျသွားခဲ့တယ်”
တာအိုအရှင်အမုန်းက ပြောလိုက်၏။
“ဒါပေမယ့်... အတိတ်ကာလက ဒီမိစ္ဆာဆေဘာရဲ့ မိစ္ဆာစွမ်းပကားကို ငါကပြန်ရအောင်လုပ်ရမယ်... အထီးကျန်သိုင်းသခင် မင်းက အဲ့ဒါအတွက် သေရမှာ ဂုဏ်ယူစရာပဲ”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားခဲ့၏။
သူသည် ထိုဆေဘာကိုမြင်ချိန်မှာ ရင်ထိတ်သွားခဲ့သည်မှာ မထူးဆန်းတော့ပေ။ အဲ့ဒါက မိစ္ဆာဧကရာဇ်အမုန်းကိုယ်တိုင် ကိုင်ဆွဲခဲ့သော မိစ္ဆာဆေဘာတစ်လက်ဖြစ်လေသည်။
ထိုမိစ္ဆာဆေဘာက အရမ်းကိုကြောက်စရာကောင်းလွန်း၏။
ဆူဇီမို၏ ကျင့်ကြံမှုဤအဆင့်ထိ သူ့ကို ကြောက်ရွံ့မှုတစ်စွန်းတစ်စခံစားစေသော တစ်ခုတည်းသော လက်နက်လည်းဖြစ်လေသည်။