← Chapters

အမြုတေစိတ်ဝိညာဉ်များ တိုက်ခိုက်ခြင်း

Vol. 83 Ch. 1245

အမြုတေစိတ်ဝိညာဉ်များ တိုက်ခိုက်ခြင်း

Vol. 83 Ch. 1245

ဆူဇီမိုသည် လက်တစ်ချက်ပုတ်ပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ဂမ္ဘီရသံလိုက်တောင်ကို ထုတ်ယူကာ တာအိုအရှင် အမုန်းထံသို့ ပစ်ပေါက်ချလိုက်၏။

ဆူဇီမိုသည် ဓမ္မဝိသေသ အဆင့်သို့ ဝင်ရောက်လာပြီးနောက်.. သူ၏ ဓမ္မစွမ်းအားများက ဆပွားများစွာ တိုးလာခဲ့၏။ ယခုဆို ဂမ္ဘီရသံလိုက်တောင်သည် ပေတစ်ထောင်အထိ မြင့်မားလာခဲ့ပြီး ကြီးမားသော အရိပ်တစ်ခုနှင့်အတူ အထပ်တစ်ရာ အဆောက်အဦးတစ်ခုကဲ့သို့ ကောင်းကင်ထက်ကနေ ဆင်းသက်လာခဲ့၏။

ဆူဇီမိုသည် ဂမ္ဘီရသံလိုက်တောင်ကို ချက်ချင်းထုတ်ဖော်လိုက်ရသည့် အကြောင်းရင်းမှာ မိစ္ဆာဆေဘာကို တားဆီးဖို့ ဖြစ်လေသည်။

“ဂမ္ဘီရသံလိုက်တောင်လား”

တာအိုအရှင် အမုန်း၏ အကြည့်က သိပ်သည်းစုဖွဲ့သွားပြီး ရှေးဟောင်းအတုမရှိ ရတနာကို ချက်ချင်းပင် မှတ်မိသွား၏။

“ဒါက မဟာရတနာတစ်ခုပဲ.. ကံဆိုးစွာနဲ့ပဲ မင်းက ဒီဂမ္ဘီရသံလိုက်တောင်နဲ့ ငါ့ရဲ့ မိစ္ဆာဆေဘာကို တားဆီးနိုင်တယ်လို့ တွေးနေရင်တော့ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်”

သူ၏လက်က တုန်ခါသွားပြီး သူ၏ဆေဘာကနေ နက်မှောင်နေသော မိစ္ဆာချီစီးကြောင်းများကို ထုတ်ဖော်လိုက်၏။ သူတို့က သိပ်သည်းပြင်းထန်သော အမုန်းတရားများနှင့်အတူ သူ့ဦးခေါင်းထက်ရှိ ဂမ္ဘီရသံလိုက်တောင်ဆီသို့ တလိမ့်လိမ့် တိုးဝင်သွား၏။

ဂမ္ဘီရသံလိုက်တောင်က ဆင်းသက်မလာခင်မှာပင် တောင်ထွတ်တစ်ခုလုံးက မိစ္ဆာချီများ၏ လွှမ်းခြုံခြင်းခံရပြီး ၎င်း၏ အရောင်အဝါက ချက်ချင်းမှိန်ကျသွား၏။

အမုန်းသုတ္တန်ကို ကျင့်ကြံခြင်းဖြင့် သူသည် အလွန်တရာ သန်မာအားကောင်းသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များ ပါဝင်သော တစ်မူထူးခြားသည့် အမုန်းတရား မိစ္ဆာချီကို စုဖွဲ့လာနိုင်ခဲ့၏။ အဲဒါက အမြဲမပြတ် ပြောင်းလဲနေပြီး သိပ်သည်းပြင်းထန်သော မိစ္ဆာစွမ်းပကားနှင့်အတူ ဓမ္မလက်နက်များကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်၏။

ကံကောင်းစွာနှင့် ဂမ္ဘီရသံလိုက်တောင်သည် ရှေးဟောင်းအတုမရှိရတနာတစ်ခု ဖြစ်နေခဲ့၏။ အဲဒါက အခြားသော ဓမ္မလက်နက်တစ်ခုသာဆိုလျှင် အမုန်းတရား မိစ္ဆာချီကြောင့် ပျက်စီးသွားရပေလိမ့်မည်။

ရွှစ်..

တာအိုအရှင် အမုန်းသည် ရှေ့သို့တက်လှမ်းပြီး သူ့လက်ထဲရှိ မိစ္ဆာဆေဘာကို လွှဲယမ်းလိုက်၏။ မိစ္ဆာချီက ပေါက်ကွဲထွက်ပေါ်လာပြီး ပိန်းပိတ်အောင် နက်မှောင်နေသော ဧရာမ မိစ္ဆာဆေဘာတစ်လက်က လေထဲမှာ စုဖွဲ့၍ ကောင်းကင်ထက်ကနေ သက်ဆင်းလာခဲ့၏။

မိစ္ဆာဆေဘာက ခုတ်ပိုင်းကျမလာခင်မှာပင်.. အပျက်သဘောဆောင်သော စိတ်ခံစားချက်ပေါင်းစုံသည် တလိပ်လိပ်တက်၍ ဆူဇီမို၏ တာအိုနှလုံးသားကို ရိုက်ခတ်လာခဲ့၏။

ဆူဇီမိုက စိတ်ထဲကနေ ချီးကျူးမိလိုက်၏။

အမုန်းသုတ္တန်သည် ရှေးဟောင်းခေတ်က နံပါတ်တစ် မိစ္ဆာသုတ္တန်တစ်ခု ဖြစ်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။

ထိုမိစ္ဆာချီသည် ကျင့်ကြံသူတစ်ယောက်၏ စိတ်နှလုံးအပေါ် သက်ရောက်စေနိုင်၏။ လူတစ်ယောက်၏ တာအိုနှလုံးသားက ခိုင်မာမှုမရှိလျှင် သူတို့သည် တာအိုအရှင် အမုန်းနှင့် တိုက်ခိုက်ဖို့နေနေသာ.. အမုန်းတရား မိစ္ဆာချီ၏ လွှမ်းခြုံမှုတွင်ပင် သူတို့က ကြာ​ကြာတောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း တာအိုအရှင် အမုန်း ရင်ဆိုင်နေရသော ပုဂ္ဂိုလ်က ဆူဇီမို ဖြစ်နေ၏။

သူက ရှေးဟောင်းအမွေအနှစ် ၃၀ ကျော်ကို လက်ခံရရှိပြီး နှစ်ငါးထောင်ကြာ အတွေ့အကြုံနှင့်အတူ သိုင်းတာအိုကို ကောက်ချက်ချ အဖြေထုတ်ခဲ့သော အထီးကျန်သိုင်းသခင် ဖြစ်လေသည်။

သူ၏ တာအိုနှလုံးသားက မီး၊ ရေ သို့မဟုတ် ကောင်းကင်နှင့် မြေကြီးတို့နှင့် ရင်ဆိုင်ရလျှင်ပင် ပကတိ ဖျက်ဆီး၍ မရနိုင်ပေ။ တာအိုအရှင် အမုန်းကို မပြောနှင့်.. ရှေးဟောင်းမိစ္ဆာဧကရာဇ်ကိုယ်တိုင် ရောက်ရှိလာမည်ဆိုလျှင်တောင် သူက ဆူဇီမို၏ တာအိုနှလုံးသားကို ကိုင်လှုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ဝှစ်…

ရုတ်တရက် ဆူဇီမို၏ နှာရောင်ကနေ အစိမ်းရောင် အလင်းတန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး လေထဲမှာ လည်ပတ်ကာ အစိမ်းရောင် အလင်းတောက်တောက်တစ်ခုကို ထုတ်ပေးလိုက်၏။

ဖန်တီးခြင်းကြာပဒုမ္မာ…

အဆင့်ခြောက် ဖန်တီးခြင်းကြာပဒုမ္မာသည် အတိတ်ကာလတုန်းက ၎င်း၏ အရိုးနှင့် အရွက်များကို ဆုံးရှုံးခဲ့ရပြီး ကြာခုံပြောင်တစ်ခုသာလျှင် ကျန်ရစ်ခဲ့၏။

၎င်းက ယခင်ကကဲ့သို့ ဆက်လက်၍ ဂမ္ဘီရမဆန်နိုင်တော့သော်လည်း ဤကြာခုံက မနှိုင်းယှဉ်သာအောင် သန်မာနေဆဲဖြစ်၏။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ဖြင့် စေညွှန်မှုအောက်တွင် ဖန်တီးခြင်းကြာခုံသည် လည်ပတ်၍ ဖြည်းဖြည်းချင်း ဖူးပွင့်လာ၏။ အဖြူရောင် ကြာပွင့်ချပ် ၅၄ ချပ်သည် ပွင့်ဟလာပြီး ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုနှင့်အတူ မြူခိုးများက တလိပ်လိပ်တက်လာခဲ့၏။

ချွမ်း..

မိစ္ဆာဆေဘာသည် ဖန်တီးခြင်းကြာခုံနှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်လိုက်၏။

ဖန်တီးခြင်းကြာခုံက ညင်သာစွာ တုန်ခါသွားလေသည်။

ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်၏။

ဖန်တီးခြင်းကြာခုံသည် တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးလိုက်နိုင်သော်လည်း ၎င်းသည် ဤထိတွေ့ရိုက်ခတ်မှုတွင် အနည်းငယ် အရေးနိမ့်နေ၏။

၎င်းက ပြီးပြည့်စုံသော ဖန်တီးခြင်းကြာပဒုမ္မာ မဟုတ်တော့သည့်အတွက် ဖန်တီးခြင်းကြာခုံသက်သက်သည် ဤတုန်လှုပ်စရာကောင်းသော ရှေးဟောင်းမိစ္ဆာဆေဘာကို ကောင်းမွန်စွာ မခုခံနိုင်တော့ပေ။

“ငါ သူနဲ့ အချိန်ဖြုန်းနေလို့ မရဘူး”

ဆူဇီမိုက အခြေအနေကို ချက်ချင်းပင် အကဲဖြတ်လိုက်၏။

အမုန်းမိစ္ဆာဆေဘာအနေဖြင့် ဖန်တီးခြင်းကြာခုံကို အချိန်တိုအတွင်း ဖိနှိမ်နိုင်ဖို့က ခဲယဉ်းလေသည်။ သို့သော်လည်း ကိစ္စများက ဆက်လက်၍ ကြန့်ကြာပြီး ဖန်တီးခြင်းကြာခုံက အမုန်းမိစ္ဆာချီ၏ လုံးဝစွန်းထင်းခြင်း ခံလိုက်ရလျှင် ၎င်းသည် ဂမ္ဘီရသံလိုက်တောင်ကဲ့သို့ပင် လတ်တလောမှာ သုံးစားမရနိုင် ဖြစ်သွားနိုင်၏။

ဆူဇီမို၏ မျက်လုံးက အေးစက်စွာဖြင့် တဖျပ်ဖျပ်လက်သွား၏။

ဖန်တီးခြင်းကြာခုံထဲမှ အစိမ်းရောင် အလင်းတောက်တောက်တစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး အကန့်အသတ်မဲ့သော ထက်ရှမှုတစ်ခုကို ဖြာထုတ်ပေးကာ အစိမ်းရောင် ဓားတစ်လက်ကို ချက်ချင်းပင် ဖြစ်ပေါ်လာစေ၏။

အဲဒါက အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်းနည်းစနစ် အစိမ်းရောင်ကြာပန်းဓား ဖြစ်၏။

“သတ်ဖြတ်စမ်း”

ဆူဇီမိုက ရှေ့သို့ စေညွှန်၍ ညင်သာစွာ အော်ငေါက်လိုက်၏။

“လျှပ်တပြက် မိုးကြိုး…”

အကန့်အသတ်မဲ့သော လေဟာနယ်မှတစ်ဆင့် အစိမ်းရောင်ကြာပန်းဓားသည် ချက်ချင်းပင် ဆင်းသက်လာပြီး တာအိုအရှင် အမုန်း၏ နှာရောင်ကို ချိန်ရွယ်ကာ ပစ်ဝင်လာခဲ့၏။

“အဲဒါက အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုပဲ”

တာအိုအရှင် အမုန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။

သူသည် ထိုအစိမ်းရောင်ဓားကနေ အားကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။

သူသည် အမုန်းသုတ္တန်ကို ရရှိပြီးကတည်းက ဤကဲ့သို့ ပုံစံဖြင့် တစ်ခါမှ မတွေ့ကြုံဖူးခဲ့ပေ။

သူသည် ယခင်က ယန်ပေးချန်ကို ရှုံးနိမ့်ခဲ့သည်ဆိုလျှင်တောင် သူက မစို့မပို့ အရေးနိမ့်မှုဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်လေသည်။ ယန်ပေးချန်အနေဖြင့် သူ့ကို သတ်ဖြတ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ပေ။

သို့သော် ယခုအခါ အစိမ်းရောင်ဓားက သူ၏အသက်ကို ခြိမ်းခြောက်လာနိုင်ခဲ့၏။

“ဝါးမျိုခြင်း မိစ္ဆာလိုဏ်ဂူ”

စွမ်းအားကြီးသော စိတ်ဝိညာဉ်အသိစိတ် အတက်အကျတစ်ခုက သူ၏နှာရောင်ကနေ ပေါက်ကွဲထွက်ပေါ်လာပြီး သူ့နဖူးရှေ့တွင် နက်မှောင်နေသော မိစ္ဆာလိုဏ်ဂူတစ်ခုကို ဖြစ်ပေါ်လာစေ၏။

မိစ္ဆာလိုဏ်ဂူ၏ ဗဟိုချက်မသည် လောကမှာရှိသည့် အရာရာတိုင်းကို စုပ်ယူနိုင်သည့်အလား အဆက်မပြတ် ချိုင့်ဝင်သွား၏။

ဖောက်…

အစိမ်းရောင်ကြာပန်းဓားသည် နက်မှောင်နေသော မိစ္ဆာလိုဏ်ဂူထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားပြီးနောက် ပျောက်ကွယ်သွား၏။

အဲဒီမှာ ခဏမျှ ရပ်တန့်သွားခဲ့၏။

ဘုန်း..

မိစ္ဆာလိုဏ်ဂူက ပေါက်ကွဲထွက်သွား၏။

ကြာစေ့​ ၅၄ စေ့သည် ပြန့်ကျဲကျဆင်းလာပြီး အရောင်အဝါ မှိန်ကျသွားခဲ့ပြီဖြစ်၏။

တာအိုအရှင် အမုန်းသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ကာ မည်သည့် ထိခိုက်ခံစားမှုမှ မရှိဘဲ အစိမ်းရောင်ကြာပန်းဓားကို အပြည့်အဝ ပိတ်ဆို့တားဆီးလိုက်နိုင်၏။

အစိမ်းရောင်ကြာပန်းဓားသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကိုပင် သတ်ဖြတ်နိုင်လေသည်။

သို့သော်လည်း.. တာအိုအရှင် အမုန်း၏ တိုက်ခိုက်ရည်ခွန်အားသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် အများစုထက် ပိုမိုကြောက်စရာကောင်းနေခဲ့ပြီဖြစ်၏။

ယခင်က အစိမ်းရောင်ကြာပန်းဓားကို အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုနှင့်အတူ မထိမခိုက် ခုခံနိုင်ခဲ့သည့် တစ်ဦးတည်းသောသူမှာ အင်မော်တယ်ဂိုဏ်းများ၏ အတိတ်ကာလက ပြန်ဝင်စား မွန်းစတား သီယင်းဖြစ်လေသည်။

အတွေးတစ်ခုနှင့်အတူ ဆူဇီမိုသည် ဖန်တီးခြင်းကြာခုံကို ထိန်းချုပ်ပြီး ကြာစေ့ ၅၄ စေ့ကို ပြန်လည်သိမ်းဆည်းလိုက်၏။

ထိုကြာစေ့များသည် အမုန်းတရား မိစ္ဆာချီများနှင့် ကြာကြာထိတွေ့မိလျှင် ဖျက်ဆီးခံရနိုင်၏။

ပြန်လည်အားဖြည့်ဖို့အတွက် ဖန်တီးခြင်းကြာခုံထဲသို့ ရောက်ရှိလာပြီးနောက်… သူတို့ထံမှ မိစ္ဆာချီများကို ရှင်းလင်းပစ်ကာ သူတို့က ပြန်လည်အားအင်ပြည့်ဝလာပေလိမ့်မည်။

“အထီးကျန်သိုင်းသခင်က လောကဆိုင်ရာ အဆုံးစွန်ရတနာတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ငါကြားထားတာ.. အခု ကိုယ်တိုင်မြင်တွေ့မှပဲ နာမည်ဂုဏ်သတင်းနဲ့ တကယ်ပဲ လိုက်ဖက်ပါပေတယ်”

တာအိုအရှင် အမုန်းသည် သွားဖြီး၍ အလွန်တရာ အထင်သေးစွာဖြင့် ပြောဆိုလိုက်၏။

“ဒါပေမဲ့လို့.. အဲဒီနည်းလမ်းလောက်နဲ့ မင်းက ငါ့ကို ထိခိုက်အောင် လုပ်နိုင်တယ်လို့ တွေးနေတယ်ဆိုရင်.. မင်းက တကယ်ပဲ နုံနဲ့တာပဲ”

“ဟုတ်ပါ့မလား”

ဆူဇီမိုက စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် မျက်လွှာချပြီး အေးစက်စွာ ပြောလိုက်၏။

“ဒါဆိုလည်း.. ငါ့ဆီက နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ခံယူကြည့်လိုက်ဦး”

ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းတစ်ခုသည် သူ၏နှာရောင်ကနေ တောက်ပလာပြီး သူ၏ ကြောက်စရာကောင်းသော စိတ်ဝိညာဉ်အသိစိတ်ကို လျင်မြန်စွာ စုဖွဲ့ကာ ရွှေရောင်စကြာ အမှတ်သင်္ကေတတစ်ခုကို ဖြစ်ပေါ်လာစေ၏။

ထိုရှေးဟောင်းအမှတ်သင်္ကေတ ဆင်းသက်လာသောအခါ ဝန်းကျင်တစ်ခွင်က တုန်ခါသွားလေသည်။

ကောင်းကင်ထက်ကနေ မြင့်မြတ်ထည်ဝါသော သက္ကတဘာသာစကားသံများက ထွက်ပေါ်လာခဲ့၏။

ထိုအခိုက်အတန့်တွင် တာအိုအရှင် အမုန်း၏ ဘေးပတ်လည်ရှိ မိစ္ဆာချီများက သိသိသာသာ ဖိနှိမ်ခံလိုက်ရ၏။

ရူလိုင်းဓမ္မချိပ်စည်း…

မဟာနေ့ရက်ရူလိုင်းသုတ္တန်တွင် မှတ်တမ်းတင်ထားသော အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်သည် အလွန်တရာ ကြောက်စရာကောင်းပြီး ၎င်းကို လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်က စွမ်းအင်မြောက်များစွာ ထောက်ပံ့ပေးရ၏။

အရင်တုန်းက ဆူဇီမိုသည် ဤအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှင့်အတူ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မည်ကာမတ္တ တပည့်ကို သတ်ဖြတ်ခဲ့ဖူး၏။

“နောက်ထပ် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်လား”

ထိုအမှတ်သင်္ကေတ၏ ကြောက်စရာကောင်းမှုကို ခံစားမိပြီး တာအိုအရှင် အမုန်း၏ နှုတ်ခမ်းက တဆတ်ဆတ် လှုပ်သွား၏။

ကျင့်ကြံသူများကြား တိုက်ပွဲတစ်ပွဲတွင် အဲဒါက သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု ဖြစ်လျှင်တောင် သူတို့သည် သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ချက်ချင်း ထုတ်ဖော်ကြလိမ့်မည် မဟုတ်ပေ။

ခြုံပြီးပြောရလျှင် အမြုတေစိတ်ဝိညာဉ်များကြား တိုက်ပွဲတစ်ပွဲသည် အလွန်တရာ အန္တရာယ်များပြီး တစ်ဖက်လူက အနိုင်ရခဲ့လျှင်တောင် သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ထိခိုက်ဒဏ်ရာရရှိသွားဖို့ လွယ်ကူလေသည်။

သို့သော်လည်း ဆူဇီမိုသည် တိုက်ခိုက်ဖလှယ်မှု တစ်ချီအပြီး၌ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်ခဲ့၏။ ဒါ့အပြင် သူက အဲဒါကို နှစ်ကြိမ်ဆင့်၍ ထုတ်ဖော်လိုက်ခြင်းဖြစ်၏။

သူသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကိုပင် ဆင့်ခေါ်မနေခဲ့ပေ။

သူသည် သူ့ပြိုင်ဘက်၏ အမြုတေစိတ်ဝိညာဉ်ကို တိုက်ရိုက်သတ်ဖြတ်ချင်လေသည်။

သူတို့နှစ်ယောက် တိုက်ခိုက်ဖလှယ်လိုက်သည့် ခဏမှာပင်.. သူတို့သည် အကဲစမ်းခြင်း မရှိဘဲ သတ်ဖြတ်ကွက်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်ကြ၏။

ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိပြီး တာအိုအရှင် အမုန်းသည် ပို၍ ဒေါသထွက်လာကာ သူ၏ အမုန်းတရားများက ပို၍ နက်ရှိုင်းလာခဲ့၏။ သူက အမုန်းသုတ္တန်ကို လှည့်ပတ်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ မိစ္ဆာချီများကို တလိပ်လိပ်တက်စေကာ ဆင်းသက်လာသော ရွှေရောင်အလင်းကို ချက်ချင်းပင် တွန်းဖယ်ထုတ်လိုက်၏။

“အမုန်းခုတ်ချက်”

ရုတ်တရက် စိတ်ဝိညာဉ်အသိစိတ်ကနေ စုဖွဲ့ထားသော မိစ္ဆာဆေဘာတစ်လက်သည် တာအိုအရှင် အမုန်း၏ နှာရောင်ကနေ ပျံသန်းထွက်ပေါ်လာခဲ့၏။ ၎င်းက သူ့လက်ထဲရှိ မိစ္ဆာဆေဘာနှင့် ဆင်တူပြီး ပျံသန်းလာနေသော စကြာအမှတ်သင်္ကေတကို ခုတ်ပိုင်းချလိုက်၏။

တာအိုအရှင် အမုန်းသည်လည်း သူ၏ ဒုတိယမြောက် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်လေပြီ။

All Chapters