← Chapters

အခန်း (၄၇၃)

Vol. 39 Ch. 473

အခန်း (၄၇၃)

Vol. 39 Ch. 473

လီဟမ်ရှန်းသည် မယုံနိုင်လောက်သည့် အခြေအနေတွင် ရှိနေသေးဆဲပင်။

‘ဒီလို အန္တရာယ်ရှိတဲ့နေရာမှာ သူ ဘယ်လိုတောင် အိပ်ပျော်သွားရတာလဲ?’

“သိချင်တာလား?”

လောကအုပ်ထိန်းသူသည် လီဟမ်ရှန်းကို လေးလေးနက်နက် ကြည့်လိုက်သည်။

“အမ်…..”

“ဒါဆို ခြွင်းချက်တစ်ခုအနေနဲ့ ငါပြောပြနိုင်တယ်… ဒါက ဒီကြေးအင်မော်တယ်နန်းတော်က စန်းယွမ်နယ်မြေမှာ ပေါ်လာတာက ဒါနောက်ဆုံးအကြိမ်ပဲ…. မင်း ကြေးအင်မော်တယ်နန်းတော်ထဲကို တစ်ကြိမ်ဝင်လိုက်တာနဲ့ မင်းကို လောကအမျိုးမျိုးဆီ ပို့ဆောင်ပေးလိမ့်မယ်… မင်း အဲဒီလောက‌ထဲမှာ သုံးရက်လောက် အသက်ရှင်နိုင်ရင် မင်း စမ်းသပ်မှု အောင်မြင်သွားပြီလို့ ယူဆလိမ့်မယ်… မင်းသေသွားရင်လည်း အဲဒီမှာပဲသေသွားလိမ့်မယ်… ဒါကတော့ မင်းရဲ့ကံဆိုးမှုပေါ့…”

“မင်းဝင်လိုက်တဲ့ လောကရဲ့ အဆင့်က မင်းသယ်ဆောင်လာတဲ့ ရတနာအရေအတွက်ပေါ်မှာ မူတည်တယ်…”

လောကအုပ်ထိန်းသူ က အပြုံးဖြင့် ပြောလိုက်သည်။ သူသည် လျှို့ဝှက်ချက်ကို ထုတ်ဖော်ခဲ့သည်။

“ဟမ်?”

လီဟမ်ရှန်းသည် လောကအုပ်ထိန်းသူ၏ အဓိပ္ပါယ်ကို ကောင်းစွာနားမလည်ခဲ့ပေ။

လောကအုပ်ထိန်းသူ က အပြုံးဖြင့် ဆက်ပြောလိုက်သည်။

“ဒါက ဒုတိယပိုင်ရှင်က ချမှတ်ထားတဲ့ စည်းကမ်းပါ…. အဖိုးတန်ရတနာတွေ အများကြီးသယ်လာတဲ့ သူတွေက ပိုမြင့်တဲ့လောကဆီ တိုက်ရိုက်ရောက်သွားလိမ့်မယ်…

ဆိုးရွားလွန်းတဲ့ ပန်းချီကားတစ်ချပ်နဲ့ မင်းရဲ့လက်စွပ်ထဲက သစ်သားအပုံအစလေးလို ရတနာနည်းနည်းပဲ သယ်လာပြီး ဆင်းရဲလွန်းတဲ့ မင်းလိုလူကတော့ အဆင့်နိမ့်တဲ့လောကဆီ တိုက်ရိုက် ပို့ဆောင်ခံရလိမ့်မယ်… အဲ့ဒီမှာ ဘာတန်ဖိုးမှမရှိဘူးလေ….”

ထိုသို့ ကြားသောအခါ လီဟမ်ရှန်း ထိတ်လန့်သွားခဲ့သည်။

‘ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? မင်းမှာ တန်ဖိုးကြီးပစ္စည်းတွေရှိရင် ပိုမြင့်တဲ့ လောကပေါ်ကို ပို့ဆောင်ခံရမယ်ပေါ့? အန္တရာယ် အရမ်းများတယ် မဟုတ်လား?’

အန္တရာယ်ရှိလျှင် ထိုနေရာတွင် သေဖို့လွယ်ကူပေလိမ့်မည်။ သင်ထိုနေရာတွင်သေလျှင် သင်၏ကိုယ်ပေါ်ရှိ ရတနာများ၏ပိုင်ရှင်သည် မည်သူဖြစ်လာလိမ့်မည်နည်း။

လီဟမ်ရှန်းသည် ကျောက်ရုပ်တုကို စိုက်ကြည့်ရုံမှ တပါး ဘာမှမတတ်နိုင်ပေ။ စု ဟူသော စွမ်းအားကြီးမားသည့် ဤလူသည် ပို၍ပင် ကလိမ်ကကျစ်ကျာကာ လောဘကြီးသူဟု သူခံစားမိသည်။ ထိုသူသည် ငွေလိုသူ ဖြစ်နိုင်ပါသလား။

“ကြေးအင်မော်တယ်နန်းတော်က လောကအမျိုးမျိုးကို သွားလာလေ့ရှိတာကြောင့် စန်းယွမ်နယ်မြေမှာ မကြာခဏ ပေါ်လာလေ့မရှိဘူး….”

“ဟိုးလွန်ခဲ့တဲ့ တစ်ချိန်တုန်းက မာနကြီးပြီး ကြီးစိုးတဲ့ ဧကရာဇ် ရန် လို့ခေါ်တဲ့ လူတစ်ယောက်ရှိတဲ့ လောကကို ကျုပ်ရောက်ခဲ့ဖူးတယ်… သူက ကြေးအင်မော်တယ်နန်းတော်ကနေ အခွင့်အရေးတစ်ခု ရနိုင်လိမ့်မယ် သူထင်ခဲ့တယ်… သူ့မှာ ရတနာတွေ အများကြီးရှိပေမယ့် သူ ကြေးအင်မော်တယ်နန်းတော်ကို ဝင်ရောက်ပြီး မကြာခင်မှာပဲ အခြားလောကတစ်ခုဆီကို ပို့ဆောင်ခံလိုက်ရပြီး အဘိုးအိုမိရှီနဲ့ တိုက်ခိုက်နေတဲ့ ဟွမ်ထျန်းအင်ပါယာ နဲ့ တွေ့ဆုံခဲ့တယ်….”

“ဒုတိယပိုင်ရှင်က သူကိုယ်ပေါ်က ထူးဆန်းတဲ့မီးလျှံနဲ့ ရတနာတွေအားလုံးကို လုယူသွားခဲ့တယ်… သူ့ရဲ့သေဆုံးမှုကတော့ ဝမ်းနည်းစရာပေါ့ကွာ….”

“အိုက်ဇန် လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်လည်း အင်မော်တယ်ကြေးနန်းတော်ထဲကို မတော်တဆ ၀င်ရောက်သွားခဲ့တယ်… ဆရာသခင်က သူ့ကိုယ်ပေါ်မှာရှိတဲ့ ကျောက်စိမ်းတုံး အပိုင်းအစလေးကိုယူလိုက်ပြီး အဆင့်မြင့် လောကကမ္ဘာကြီးဆီ တိုက်ရိုက်ပို့လိုက်တယ်… နာရူတို နဲ့ တိုက်ခိုက်နေတဲ့ ဆာဆူကေး လို့ခေါ်တဲ့ လူတစ်ယောက်နဲ့ တွေ့လိုက်ရတယ်။ အိုက်ဇန် က သေချင်နေပြီးတော့ အဲ့နှစ်ယောက်တိုက်ခိုက်တဲ့ကြားကို ရောက်သွားကော …ချက်ချင်းကို တိုက်ပွဲကြားညပ်ပြီး အသားပုံကြီးဖြစ်သွားပါလေရဲ့

အော်… ဘုရားရေ! သနားစရာကောင်းလိုက်တာ….”

လောကအုပ်ထိန်းသူသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး လီဟမ်ရှန်း၏ ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်လိုက်! ဆင်းရဲတဲ့ကောင်ဆိုးလေး… ငါ့ဆရာသခင်က မင်းကို အထင်မကြီးဘူး…”

လီဟမ်ရှန်းသည် မျက်ရည်ကျလုမတတ်ပင် ဖြစ်သွားရသည်။ ဆင်းရဲတာက တကယ်ကောင်းတာပဲ။

“ကျွန်တော့်နောက်ကို လိုက်လာတဲ့လူက ဘယ်မှာလဲ….”

ထို့နောက် လီဟမ်ရှန်းသည် သူ့နောက်လိုက်လာသော မဟာသူတော်စင် ဘာဖြစ်သွားသည်ကို သတိရမိလိုက်သည်။

“အိုး မင်းကအဲ့အကြောင်း ပြောနေတာပဲ… ကောင်းပြီ! ငါ့မှာ အဖိုးတန်ပစ္စည်း တချို့ရှိတယ်…. အဲဒါတွေ စီစဉ်ပြီးသွားပြီ….”

လောကအုပ်ထိန်းသူ က ခေါင်းညိတ်လိုက်‌သည်။

‘သူအသက်ရှင်လျက် ပြန်မထွက်လာနိုင်ဖို့ ကျွန်တော်မျှော်လင့်တယ်….’

လီဟမ်ရှန်းသည် သူ၏စိတ်ထဲတွင် တွေးတောနေမိသည်။

“စီနီယာ! ကျွန်တော် အခုထွက်သွားလို့ရမလား…”

လီဟမ်ရှန်းက အလျင်အမြန် မေးလိုက်သည်။ ကြေးအင်မော်တယ်နန်းတော်သို့ ရောက်လာပြီးနောက်တွင် ဘာမှမရလိုက်သည့်အတွက် အနည်းငယ် နောင်တရသလို ခံစားရသော်လည်း အသက်ရှင်နေသည်ကပင် ပိုကောင်းနေပြီဖြစ်သည်။

“လောကစမ်းသပ်မှုမှာ မင်း အိပ်ပျော်သွားပြီး အောင်မြင်သွားခဲ့တယ်။ မင်းက ရှေးခေတ်မှာရော ခေတ်သစ်အချိန်မှာပါ အကောင်းဆုံး ဖြစ်နေတုန်းပဲ…. မင်းကို ဒီအတိုင်း ထွက်သွားခွင့် မပေးပါဘူး…. ကြေးအင်မော်တယ်နန်းတော်က နောင်အနာဂတ်မှာ စန်းယွမ်နယ်မြေကို ပြန်လာမှာမဟုတ်ဘူး… ဒါပေမယ့် မတိုင်ခင်က ဒီစန်းယွမ်နယ်မြေကနေ ဆရာသခင်မကြိုက်တဲ့ အရာတစ်ချို့လည်း ကျုပ်တို့ရခဲ့တယ်… မင်း တစ်စုံတစ်ခုကို ရွေးပြီး ယူသွားနိုင်ပါတယ်….”

လောကအုပ်ထိန်းသူက ပြောလိုက်သည်။

“တကယ်လား?”

လီဟမ်ရှန်း အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။

“ဟုတ်တယ် ဆရာသခင်က ကျုပ်ကို ဒီအတိုင်းပြောခဲ့တာပဲ….”

လောကအုပ်ထိန်းသူ မှ အခိုင်အမာ ပြောကြားခဲ့လေသည်။

“အယ်…..ဒါကိုကြည့်ရတာ သူထင်သလို မဟုတ်ဘူးပဲ….”

လီဟမ်ရှန်းက ဒုတိယကျောက်ရုပ်ထုကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

သူစကားပြောနေစဉ်တွင် မရေမတွက်နိုင်သော ရတနာများက သူ၏ရှေ့တွင် တောင်တစ်ခုကဲ့သို့ စုပုံထားသည်ကို သူမြင်လိုက်ရသည်။ လီဟမ်ရှန်းသည် ရွေးချယ်စရာများကြောင့် အံ့သြသွားခဲ့လေသည်။

လီဟမ်ရှန်းသည် ဤအရာများကို ပိုင်ရှင်မှ တန်ဖိုးမထားသောကြောင့် ၎င်းတို့သည် အမှိုက်များသာ ဖြစ်သင့်သည်ဟု မူလက ထင်ခဲ့သော်လည်း လီဟမ်ရှန်း၏အမြင်အရ ၎င်းတို့သည် မြင့်မြတ်သော ရတနာများသာဖြစ်သည်။

“အမ်?”

ထိုအခိုက်အတန့်တွင် လီဟန်ရှင်းသည် အလွန်ရင်းနှီးသော အသက်ရှုသံကို ခံစားလိုက်ရသည်။ သူသည် ရောင်ဝါ၏ ဦးတည်ရာသို့ ကြည့်လိုက်သောအခါ သူ၏သူငယ်အိမ်များပင် ချက်ခြင်း ကျုံ့သွားလေသည်။

ရှည်လျားလှသော လှံတစ်ချောင်း တည်ရှိနေခြင်းပင်။ လှံတစ်ခုလုံးသည် လွှမ်းမိုးကြီးစိုးလှသော ရောင်ဝါကို ထုတ်ဖော်ပြသနေသည် ။

“အင်‌မော်တယ် အရှင်သခင်လှံ!”

လီဟမ်ရှန်းသည် သူ၏မျက်လုံးများကိုပင် မယုံနိုင်ခဲ့‌ချေ။ အင်မော်တယ် အရှင်သခင်လှံ အစစ်အမှန်ကို သူမြင်ဖူးခဲ့လေသည်။

ထိုအချိန်တွင် လီဟမ်ရှန်း၏ မျက်လုံးထဲတွင် အခြားရတနာများသည် အရေးမကြီးတော့ပေ။ လီဟမ်ရှန်းသည် ရှေ့တည့်တည့်သို့ လျှောက်လာပြီး အင်မော်တယ် အရှင်သခင်လှံကို ကိုင်လိုက်သည်။

သူ၏လက်ထဲရှိ အင်မော်တာ် အရှင်သခင်လှံသည် ပြင်းထန်စွာ တုန်ခါသွားပြီး လီဟမ်ရှန်း၏ ခန္ဓာကိုယ်ထဲမှ အားကောင်းသည့် အတွင်းစွမ်းအင်ကလည်း တုံ့ပြန်နေပေသည်။ လီဟမ်ရှန်းက အင်မော်တယ် အရှင်သခင်လှံကျင့်စဉ်ကို လေ့ကျင့်ထားသည်ဟု ခံစားလိုက်ရသဖြင့် သူ၏လက်ထဲမှ အင်မော်တယ် အရှင်သခင်လှံသည် အမှန်တကယ်ပင် ပျော်ရွှင်စွာ ခုန်တက်သွားသည်။

“စီနီယာ! ဒါ ကျွန်တော့်ရွေးချယ်မှုပဲ…”

လီဟမ်ရှန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

‘အင်မော်တယ်အရှင်သခင်လှံ။’

ထိုအရာသည် နေ့ရော၊ညပါ သူတွေးမိနေသည့် သူ၏အိပ်မက်ထဲရှိ မှော်လက်နက်ပင် ဖြစ်သည်။

“ကောင်းပြီ….”

လောကအုပ်ထိန်းသူသည်လည်း ပြုံးပြပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ လီဟမ်ရှန်းသည် သူကိုယ်တိုင် မေ့ပျောက်ခြင်းမြို့တော်မှ ထွက်ခွာသွားသည်ကို တွေ့ရှိလိုက်ရသည်။

ခရမ်းရောင် မြူခိုးငွေ့များ၏ အပြင်ဘက်တွင် ပေါ်လာခဲ့သည်။

“ဘယ်လိုတောင် ကြောက်စရာကောင်းလိုက်တဲ့ နည်းလမ်းလဲ…”

လီဟမ်ရှန်း မယုံကြည်နိုင် ဖြစ်သွားရသည်။ ဤအရာသည် လူသားတစ်ယောက် လုပ်နိုင်သည့် အရာများလား။

လေဟာနယ်၏ တစ်နေရာတွင် :

“ဟား… ဟား… ဟား… လမ်းကြောင်းဆယ်သွယ် ရောထွေးဝိညာဉ်ရည်… မြန်မြန်လာ ကျွန်တော့်ကို ပေးတော့… သူက အဲ့ဒီကျိုးနေတဲ့ လက်နက်ကို ရွေးလိုက်တာ…. အလောင်းအစားမှာ ကျုပ်နိုင်ပြီ ဟီးဟီး”

ကျောက်စားပွဲတစ်ခုရှေ့တွင် လူငယ်တစ်ဦးသည် ပြုံးပြုံးရွှင်ရွှင်နှင့် ဆန့်ကျင်ဘက်လူ၏ လက်ကိုဆွဲကာ ပြောလိုက်သည်။

“မြွေရေ! လောင်းကြေးရှုံးရင် မင်းရှုံးတာကို မငြင်းသင့်ဘူး မဟုတ်လား….”

ဆန့်ကျင်ဘက်လူကလည်း ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။ သူ၏လက်စွပ်ထဲရှိ ရတနာပုလင်းကို ထုတ်ယူလိုက်ပြီး လူငယ်လေးကို ပေးလိုက်သည်။

“သခင်! သူ ဒီလက်နက်ကို ရွေးမယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ….”

ဆန့်ကျင်ဘက်လူက ပဟေဠိ ဖြစ်သွားခဲ့သည်။

“မြွေ! ရှင် ထပ်ပြီး လှည့်စားခံရပြန်ပြီ…..”

ထိုအချိန်တွင် မိန်းကလေးငယ်တစ်ဦးသည် လက်ဖက်ရည်တစ်အိုးနှင့် တက်လာပြီး ခွက်တစ်ခွက်ချင်းဆီသို့ ငှဲ့ပေးလိုက်သည်။ ထို့နောက် ပြုံးရင်း ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ အင်မော်တယ်အရှင်သခင်လှံ နဲ့ ခပ်ဆင်ဆင်တူတဲ့ လက်နက်တစ်ခု ကောင်လေးရဲ့လက်စွပ်ထဲမှာ ရှိနေလို့ပေါ့… အဲဒါက အင်မော်တယ် အရှင်သခင်လှံရဲ့ ပုံတူဆိုတော့ သူရွေးမှာ သေချာတယ်….”

“အမ်? မဖြစ်နိုင်ဘူး… ကျွန်တော်လည်း သူ့လက်စွပ်ကို စစ်ခဲ့တယ်… ဘာလို့ မတွေ့တာလဲ…”

ထိုလူက တုန်လှုပ်သွားလေသည်။

“ဆရာသခင်လေးက စကြဝဠာရဲ့ လျှို့ဝှက်ချက်တွေကို သူ့အစွမ်းနဲ့ပိတ်ဆို့ထားတယ်… အဲဒါကို ရှင်မြင်ရတာကမှ ထူးဆန်း‌နေဦးမယ်…. ရှင်အခု အင်မော်တယ်အင်ပါယာ ဖြစ်နေတာတောင် ဆရာသခင်ငယ်လေးဆီကနေ ပိုက်ဆံ လိမ်ချင်နေသေးတာလား….”

မိန်းကလေးငယ်သည် ကူကယ်ရာမဲ့စွာ ပြုံးပြပြီး ပြောလိုက်သည်။

“ယွဲ့ယွဲ့! အဓိပ္ပါယ်မရှိတာ မပြောနဲ့… ငါမဟုတ်ဘူး ငါမလုပ်ပါဘူး…”

ထိုလူသည် သုံးကြိမ်တိုင်တိုင် ငြင်းဆိုခဲ့လေသည်။

(အပေါ်က စကားပြောနေကြတဲ့လူတွေက မူရင်းစာရေးသူရဲ့ နောက်ဝတ္ထုမှာပါမယ့် အဓိကဇာတ်ကောင်တွေပါ၊ သူတို့က ဒီဇာတ်လမ်းမှာ ဧည့်သရုပ်ဆောင်လို cameo ခဏပါလာတာပေါ့။ နောက်ဇာတ်လမ်းမှာ သခင်ကြီးလီချန်ချင်းနဲ့ လီဟမ်ရှန်းတို့လည်း ပြန်ပါလာမှာပါ)

လီဟမ်ရှန်းသည် ထိုနေရာမှ အလျင်အမြန် ထွက်သွားတော့မည့်အချိန်တွင် သူ၏နောက်ရှိ ခရမ်းရောင်မြူခိုးငွေ့များက ရုတ်တရက် ပွင့်ထွက်သွားပြီး ပုံရိပ်တစ်ခုထွက်ပေါ်လာကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာခဲ့တယ်။

ထိုအကြည့်နဲ့ စုတ်ပြဲနေသည့် အဝတ်အစားများကြောင့် မိသားစုအချို့ထဲမှ သူတောင်းစားဟု သူထင်ခဲ့မိသည်။

သို့သော် လီဟမ်ရှန်း အနီးကပ်ကြည့်လိုက်ချိန်တွင်တော့ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ မဟာသူတော်စင် ဖြစ်နေသည်ကို တွေ့လိုက်ရပေတော့သည်။

All Chapters