အခန်း (၄၇၉)
Vol. 39 Ch. 479
ချီရှန်းတစ္ဆေအရှင်သည် ဤအခေါင်းကိုရှာဖွေရန် အဖြူ၊ အနက် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သည်။
ဘန်း!
ရွှယ်ချမ်းပိုင်သည် ခေါင်းတလားကိုဖွင့်ပြီးနောက် အထဲတွင် လဲလျောင်းနေသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
ထိုလူငယ်သည် အသက် 30 အောက်ရှိပုံရပြီး သူ၏တစ်ကိုယ်လုံးကို ကောင်းမွန်စွာ ထိန်းသိမ်းထားကာ အလွန်တရာချောမောခန့်ညားလှပေသည်။ သူ့ပုံစံသည် ကွန်းဖြူရှပ်ဝါဒကို လေ့လာလိုက်စားသည့် ကျောင်းတော်သားတဦးနှင့်ပင် တူညီနေခဲ့၏။
၎င်းသည် အလောင်းတစ်ခုမျှသာ ဖြစ်သော်လည်း လီဟမ်ရှန်းသည် ဤလူ၏ ခမ်းနားထည်ဝါမှုကို ခံစားနိုင်သည်။
ထိုအရာသည် လီဟမ်ရှန်း အခြားသူများအပေါ် မခံစားဖူးသော အရာဖြစ်သည်။
“ဒီလူက ဘယ်သူလဲ…”
လီဟမ်ရှန်းသည် အလောင်းကိုကြည့်ပြီး တွေဝေစွာ မေးလိုက်သည်။
“ပန်းချီအင်မော်တယ် ကုဟန်ရှီ!”
လီချန်ချင်း၏ အသံသည် ကြာပန်းမီးအိမ်ရတနာမှ ထွက်ပေါ်လာခဲ့သည်။
“ဟိုးရှေးရှေးတုန်းက စန်းယွမ်ခန်းမက လူတွေက သတင်းတစ်ခုရခဲ့ပြီး ငါလည်းကြားခဲ့တယ်… ပန်းချီအင်မော်တယ် ကုဟန်ရှီရဲ့အလောင်းကို အဖြူ၊ အနက် လျှို့ဝှက်နယ်မြေမှာ မြှုပ်နှံထားတယ်လို့ ဆိုပြီးပေါ့… သူ့အလောင်းကို အဲဒီနေရာမှာ မြှုပ်နှံထားတယ်… ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အဲဒါကို အရန်အဖြစ်နဲ့ ချန်ထားတာဖြစ်မယ်… တစ်နေ့ ပြန်သုံးချင်ရင် သုံးမယ်ဆိုပြီး… သူသာဒါကို အဖြူ၊ အနက် လျှို့ဝှက်နယ်မြေမှာ ဝှက်ထားခဲ့ရင် ဘယ်သူမှ မရနိုင်လောက်ဘူးဆိုပြီး သူထင်ထားတာဖြစ်မယ်… ကံမကောင်းတာက ချီရှန်းတစ္ဆေအရှင်က ရယူနိုင်ခဲ့တယ်လေ…”
“ပြီးတော့ ဒီအလောင်းမှာ ဝိညာဉ်မကျန်ရှိတော့ဘူး… ဘာဖြစ်လို့လဲဆိုတော့ သူ့ဝိညာဉ်တစ်ခုလုံးက အခုလက်ရှိ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ် လူပြန်ဝင်စားသွားပြီ… အဲဒါက အရမ်းသန့်စင်တဲ့ ခန္ဓာကိုယ်တစ်ခုပဲ… ဝိညာဉ်တစ်ခုပဲ ကျန်တော့တယ်… ငါပြန်ရှင်သန်ဖို့ ဒီခန္ဓာကိုယ်ကို သုံးနိုင်တယ်…”
“ဒါပေမယ့် ငါက ငါ့ရဲ့စိတ်ဝိညာဉ်နဲ့ ဒီရုပ်ခန္ဓာထဲကို တိုက်ရိုက်မဝင်နိုင်ဘူး… ဒါကြောင့် မင်းရဲ့စွမ်းအားကို အားကိုးရမယ်… မင်းနဲ့ငါက သွေးသားတော်စပ်နေတယ်… ဒါကြောင့် ငါ့ကို ဒီရုပ်ခန္ဓာဆီကို မင်းရဲ့အတွင်းအားကိုသုံးပြီး ဆွဲခေါ်မှရမယ်။ ဒါကိုလုပ်ဖို့ဆို မင်းက သေချာပေါက်ကို မူလအဆင့် ရောက်မှရမယ်…”
လီချန်ချင်း ပြောသည်ကို ကြားပြီးနောက် လီဟမ်ရှန်းသည် ချက်ချင်း သဘောပေါက်သွားခဲ့သည်။ လီချန်ချင်း ရှင်ပြန်ထမြောက်လာပုံမှာတော့ ထိုအတိုင်းပင်ဖြစ်သည်။
သို့သော် ၎င်းသည် အမှန်ပင်ဖြစ်သည်။ လီချန်ချင်း၏ ကိုယ်ခန္ဓာ ပျက်စီးသွားသည်ကို သူ၏မျက်လုံးဖြင့် မြင်တွေ့ခဲ့ရသည်။ သူအသက်ရှင်ချင်လျှင် ရုပ်ခန္ဓာကိုယ် အသစ်ရှာရပေလိမ့်မည်။
‘မီးအိမ်ထဲမှာတော့ သူအမြဲတမ်း မနေနိုင်ပါဘူး။’
သို့သော် ဤလောက၌ သန့်စင်သော ကိုယ်ခန္ဓာရှိရန်မှာ မလွယ်ကူလှပေ။
ကုဟန်ရှီ….
အလောင်းကိုကြည့်လိုက်ပြီး လီဟမ်ရှန်းသည် ဤလူက ယခင်မျိုးဆက်၏ ကျော်ကြားလှသည့် ပန်းချီအင်မော်တယ် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ရွှယ်ချမ်းပိုင်ကို ကာကွယ်ခိုင်းထားပြီး လီဟမ်ရှန်းသည် လွှဲပြောင်းရေးလုပ်ငန်းစဥ်တွင် စတင်ကူညီခဲ့သည်။
လီဟမ်ရှန်းသည် သူ၏အတွင်းအားကို ကြာပန်းမီးအိမ်ရတနာထဲသို့ ထိုးသွင်းလိုက်ပြီး ၎င်းကိုအသက်သွင်းပြီးနောက် လီချန်ချင်း၏ဝိညာဉ်ကို ပန်းချီအင်မော်တယ် ကုဟန်ရှီ၏ ကိုယ်ထဲသို့ ဖြည်းညှင်းစွာပေါင်းစပ်ရန် ကြာပန်းမီးအိမ်ရတနာ၏ အစွမ်းထက်သောစွမ်းအားကို အားကိုးခဲ့ရသည်။
ဤလုပ်ငန်းစဉ်သည် အလွန်နှေးကွေးလှသည်။ ထို့ကြောင့် လီဟမ်ရှန်း၏ မူလစွမ်းအင် အတွင်းအားသည် လုံလောက်ရပေမည်။ ကံကောင်းထောက်မစွာဖြင့် လီဟမ်ရှန်းတွင် တခြားဘာမှ မရှိသော်လည်း သူ၏ ကျယ်ပြောလှသည့် မူလအဆင့် အတွင်းအားသည် သာမန်လူများနှင့် ယှဉ်လို့မရပေ။
ဘေးကင်း လုံခြုံပြီး အချိန်များကလည်း တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
လီဟမ်ရှန်းသည် တစ္ဆေမြို့တော်အနီးတွင် ပေါ်လာပြီးနောက် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည့် သတင်းသည် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ ရွှယ်ချမ်းပိုင်ပေါ်လာပြီးနောက် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ကာကွယ်သူအများအပြားသည် ရွှယ်ချမ်းပိုင်၏ တည်နေရာကိုရှာဖွေရန် ဤနေရာသို့ ရောက်လာခဲ့သည်။
သူတို့သည် ရွှယ်ချမ်းပိုင်၏ သော့ကိုယူရမည်။ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ၏အုတ်ဂူကို တူးဖော်ပြီးပြီဆိုသည်ကို မသိသေးပေ။
တစ်ချိန်တည်းမှာပင် စန်းယွမ်နယ်မြေ၌ နောက်ထပ် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ထျန်းဟိုင်မြို့တွင် ကြီးကျယ်ခမ်းနားလှသည့် ပွဲကြီးတစ်ခု ကျင်းပတော့မည် ဖြစ်သည်။ ဆိုလိုသည်မှာ ယွဲ့မိသားစုမှ ယွဲ့ချင်းဝူနှင့် လင်းချင်းကျီသည် လက်ထပ်တော့မည်ဖြစ်သည်။
ထျန်းဟိုင်မြို့တော်တွင် ကြီးကျယ်ခမ်းနားလှသည့် ဧည့်ခံပွဲကြီးတစ်ခု ကျင်းပခဲ့ပြီး စန်းယွမ်နယ်မြေ တစ်ခုလုံးရှိ အရေးပါသည့် ပုဂ္ဂိုလ်များကို တက်ရောက်ရန် ဖိတ်ကြားခဲ့လေသည်။
ယွဲ့ဟန်ကျွင်း အာဏာရလာချိန်မှစ၍ ဤကဲ့သို့ပွဲကြီး ကျင်းပခဲ့သည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယွဲ့ချင်းဝူက ယွဲ့ဟန်ကျွင်း၏ ညီမအရင်းဖြစ်သောကြောင့် အင်အားစုများအားလုံးသည် ပုံမှန်အတိုင်း ပဏ္ဍာလက်ဆောင်အများကြီး ပြင်ဆင်ကာ ထျန်းဟိုင်မြို့တော်သို့ ရောက်လာခဲ့ကြသည်။
၎င်းသည် ယွဲ့ဟန်ကျွင်း၏ အကျိုးအတွက် သက်သက်ပင်ဖြစ်သည်။ ထို့အပြင် ယွဲ့မိသားစု၏ မျက်နှာကြောင့်လည်း ဖြစ်သည်။ ထို့အပြင် ယွဲ့မိသားစုသည် အသန်မာဆုံးသော မြေအင်မော်တယ် မိသားစုဖြစ်သည်။
မနက်ခင်း၏ ပထမဆုံးအလင်းရောင်သည် ထျန်းဟိုင်မြို့တော်သို့ လွှမ်းခြုံလာချိန်တွင် လူတစ်ယောက်သည် လှေပေါ်မှဆင်းလာပြီး ထျန်းဟိုင်မြို့တော်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ဧည့်သည်မှာ လူလတ်ပိုင်းအရွယ် ဖြစ်သည်။ သူသည် မြို့တံခါးဝတွင်ရပ်ကာ အလွန်တရာ ကြီးမားလှသော မြို့တံခါးနှင့် တံခါးဝရှိ “ထျန်းဟိုင်မြို့တော်” ဟူသော စကားလုံးသုံးလုံးကို မျှော်ကြည့်လိုက်သည်။
သူ၏လက်ထဲတွင် ဝိုင်ပုလင်းကို ကိုင်ဆောင်ထားပြီး ကောက်မကာ ခေါင်းကို နောက်ပြန်မော့လိုက်ပြီး တစ်ငုံသောက်လိုက်သည်။
ထိုအချိန်တွင် သူသည် အနည်းငယ် အိမ်ခြေယာမဲ့ပုံစံဖြစ်နေပြီး သူ၏မျက်နှာပေါ်ရှိ မုတ်ဆိတ်ငုတ်စိတိုများက အနည်းငယ် ဖိုသီဖတ်သီနိုင်လှသည်။ သို့သော် ထိုသူ၏ မျက်လုံးများသည် အလွန်အမင်း စူးရှလှသည်။
ရောက်လာသူမှာ လီကျင့်စုန် ဖြစ်သည်။ လီကျင့်စုန်သည် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သိသော်လည်း နှစ်ပေါင်းများစွာ တံဆိပ်ခတ်ထားသော စာတစ်စောင်ကို ပေးပို့ခဲ့ခြင်းကြောင့် သူဘာမှ မတုံ့ပြန်ခဲ့ပေ။
ထို့နောက် ယွဲ့ချင်းဝူထံသို့ ပို့လိုက်သည်။ သူသည် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းတွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရပြီး ယွဲ့ချင်းဝူက သူ့ကို စာပြန်ရေးရန် စောင့်နေခဲ့သည်။
သို့သော် လီကျင့်စုန်ကို စိတ်ပျက်အားငယ်စေသည့်အရာမှာ ယွဲ့ချင်းဝူ၏ ပြန်စာကိုမရရှိခဲ့ဘဲ ယွဲ့ချင်းဝူနှင့် လင်းချင်းကျီ၏ မင်္ဂလာသတင်းကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် လီကျင့်စုန်သည် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။ သူအချစ်ဆုံး မိန်းကလေးက လက်ထပ်ပေတော့မည်။
‘ဒါက ဘာလဲ။ အရာအားလုံးက လှည့်စားမှုတစ်ခုပဲလား။’
ထို့ကြောင့် လီကျင့်စုန်သည် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းမှ ထွက်ခွာပြီး ထျန်းဟိုင်မြို့တော်သို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။ သူသည် ယွဲ့ချင်းဝူကို သူမ၏ရှေ့မှောက်တွင် မေးချင်လှသည်။
‘သူက ဘာလဲ။
သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဘာလဲ။’
ထို့ကြောင့် လီကျင့်စုန်က ပြတ်ပြတ်သားသား ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
မူလက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှ မည်သူမျှ ဤပွဲသို့ တက်ရောက်ရန် ရောက်ရှိလာခဲ့ခြင်းမရှိပေ။ ယွဲ့မိသားစုသည် ထျန်းဟိုင်မြို့တော်ကို သိမ်းပိုက်ပြီးနောက် ရှေးဟောင်းတာအို တောင်တန်းနယ်မြေသည် ယွဲ့မိသားစုကို မျက်နှာသာပေးရန် မရွေးချယ်ခဲ့ပေ။ ဘက်မလိုက်သော သဘောထားကိုသာ ရွေးချယ်ခဲ့သည်။
ထျန်းဟိုင်မြို့တော်သည် ယနေ့အချိန်အခါတွင် အထူးတက်ကြွနေသည်။ ထုံးစံအတိုင်း ယွဲ့မိသားစုမှ ယွဲ့ချင်းဝူ၏ မင်္ဂလာပွဲသည် အသေးအဖွဲကိစ္စ မဟုတ်ပေ။
ထျန်းဟိုင်မြို့တော် တစ်ခုလုံး၏ အထက်တွင် စိတ်ဝိညာဉ်သားရဲများစွာတို့သည် ကောင်းကင်ကိုဖြတ်၍ ပျံသန်းသွားကြသည်။ ကြိုးကြာများသည် လေထဲတွင် အော်ဟစ်ကြပြီး ဖီးနစ်များသည် လေဟာနယ်တစ်လျှောက် ရထားများကို ဆွဲသွားခဲ့သည်။
ယနေ့ရောက်လာသော အင်အားစုများစွာတို့သည် စန်းယွမ်နယ်မြေ တစ်ခုလုံးနီးပါး ဝန်းရံထားသည်။
တိမ်ကန္တာရနယ်မြေမှ တစ္ဆေအင်အားစု အများအပြားပင် မင်္ဂလာပွဲသို့ တက်ရောက်လာကြသည်။
ကံကြမ္မာကြယ်နန်းတော်၊ ယင်တန်မျှော်စင်နှင့် အခြားအင်အားစုများလည်း ရောက်ရှိလာပြီဖြစ်သည်။
ဒေသကြီးသုံးခုရှိ မရေမတွက်နိုင်သော အင်အားစုများသည် လက်ဆောင်များ ပေးပို့ခဲ့သည်။
တောင်ဘက်လွင်ပြင်ဒေသရှိ ဆုမိသားစုမှ အင်အားကြီးသူအများအပြားသည် အချိန်အတော်ကြာကတည်းက ရောက်ရှိလာခဲ့ကြပြီး ဝူစန်းထောင်သည်လည်း အမြင်ကျယ်စေရန်အတွက် ထိုသူတို့နှင့်အတူ ရောက်လာခဲ့သည်။
ဆုမိသားစုကို ကိုယ်စားပြုသူမှာ ဆုရှီကျုံး ဖြစ်သည်။
ကျန်းထျန်းယွမ်က လီရွှမ်းရှီကို တိုက်ခိုက်သည့်နေ့ထက်ပင် ယနေ့လာရောက်သူ အရေအတွက်သည် ပိုများသည်ဟု ဆိုနိုင်သည်။
နောက်ဆုံးတော့ ဤသတင်းသည် ဟိုးအချိန်ကတည်းကပင် ထွက်ခဲ့ပြီးဖြစ်သောကြောင့် ဤမင်္ဂလာပွဲကြီးသို့ တက်ရောက်ရန်အတွက် လူအတော်များများက စောစောထွက်ခဲ့ကြသည်။
လီကျင့်စုန်သည် ထျန်းဟိုင်မြို့အရှင်အိမ်တော်သို့ ရောက်သောအခါ ရပ်တန့်သွားခဲ့သည်။
“ဒီကလူကြီးမင်းက ဘယ်သူပါလဲ?”
မြို့အရှင်အိမ်တော်ကို စောင့်ကြပ်နေသူများသည် ပုံမှန်အတိုင်း လာရောက်၍ စုံစမ်းရမည်ဖြစ်သည်။
“လီကျင့်စုန်! စီနီယာပန်းချီဆရာ….”
လီကျင့်စုန်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းခန်းမသခင်၏ အမည်ကို ထုတ်ဖော်ရန် မရည်ရွယ်ထားပေ။
မြို့စောင့်စစ်သားသည် ထိုသူက စီနီယာပန်းချီဆရာတစ်ဦး ဖြစ်သည်ဟု အမှန်တကယ်ပြောနေသည့် သူ၏ရှေ့ရှိ ရိုးရိုးရှင်းရှင်း မြင်နေရသောသူကို လှည့်လည်ကြည့်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ခရမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော လူတစ်ယောက်ရပ်နေလေသည်။ ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသူက လီကျင့်စုန်ကို စိုက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားသည် မျက်နှာဖုံးစွပ်ထားပြီး သူသည် မျက်နှာမဲ့ပန်းချီဆရာဖြစ်သည်။
လီကျင့်စုန်သည် စီနီယာပန်းချီဆရာ ဖြစ်သည်သာမက ပန်းချီသူတော်စင်နှင့် ပြောမပြနိုင်လောက်အောင် နီးစပ်သော စီနီယာပန်းချီဆရာတစ်ဦးလည်း ဖြစ်သည်ကို သူမြင်နိုင်သည်။ သူသည် လီကျင့်စုန်၏ စိတ်ဝိညာဉ်နယ်ပယ်ကို အပြည့်အဝ ခံစားနိုင်သည်။
“ကြွပါ…. ကြွပါခင်ဗျာ….”
သူ၏ရှေ့ရှိလူသည် အစစ်အမှန် စီနီယာ ပန်းချီဆရာတစ်ယောက်ဖြစ်သည်ကို မြင်လိုက်ရသောအခါ အလျှင်အမြန် ဝင်ခွင့်ပြုလိုက်သည်။
စီနီယာပန်းချီဆရာပင် မပြောနှင့်။ ပန်းချီဆရာတိုင်းသည် ရတနာတစ်ခုပင်ဖြစ်သည်။ တစ်နေ့ သူသည်လည်း ပန်းချီသူတော်စင် ဖြစ်လာမည်ကို မည်သူသိနိုင်မည်နည်း။
သူတို့မသိသည်က လီကျင့်စုန်သည် တစ်ကြိမ်တစ်ခါက ပန်းချီသူတော်စင်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ထို့အပြင် လီကျင့်စုန်သည် သူ၏တစ်သက်တာတွင် ပန်းချီသူတော်စင်တစ်ယောက် ထပ်ဖြစ်လာမည် မဟုတ်တော့ပေ။
သူ နဂါးကျွန်းတွင် ရှိစဥ်တုန်းက နဂါး၏ဟိန်းသံသည် သူ၏စိတ်ဝိဥာဉ်အုတ်မြစ်ကို ထိခိုက်စေခဲ့ပြီး ပန်းချီသူတော်စင်အဆင့်ကို ပြန်သွားနိုင်မည့် နည်းလမ်းမရှိတော့ပေ။
ထိုအခိုက်အတန့်တွင် အော်ဟစ်အားပေးသံကို ကြားလိုက်ရသည်။
ကောင်းကင်ထက်မှ ရထားကိုဆွဲလာသော အနက်ရောင်နှင့် အဖြူရောင်ရှိသည့် ဧရာမနဂါးနှစ်ကောင် ပေါ်ထွက်လာပြီး ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။
သူတို့သည် နဂါးကိုမြင်သောအခါ သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်ခဲ့ရသည်။ ထိုအရာသည် နဂါးမဟုတ်သော်လည်း နဂါးသွေးပါရှိသည်။
ရထားပေါ်တွင် ထိုင်နေသည်မှာ ယွဲ့ချင်းဝူနှင့် လင်းချင်းကျီ တို့ဖြစ်သည်။ အသွင်အပြင်က ထိတ်လန့်အံ့သြဖွယ် ကောင်းလှသည်။
ယွဲ့ဟန်ကျွင်းသည် စန်းယွမ်နယ်မြေအရှင်သခင်၏ အနေအထားတွင်ထိုင်နေပြီး ဤမြင်ကွင်းကို အပြုံးဖြင့် ကြည့်နေခဲ့သည်။ ယွဲ့ဟန်ကျွင်း၏ ဘယ်ဘက်တွင်ထိုင်နေသည်မှာ ယွဲ့မိသားစု၏ ဘိုးဘေးဖြစ်သူ ယွဲ့ကျီမင်း ပင်ဖြစ်သည်။
အရေးပါလှသော ပုံရိပ်များစွာတို့က ထိုနေရာတွင် ထိုင်နေကြပြီဖြစ်သည်။
ကွမ်ကျူး၊ ကျူးရွှမ်မင်း၊ တစ္ဆေဆရာသခင်ပေါင်းများစွာနှင့် စွမ်းအားကြီးသော ပန်းချီဆရာများ အားလုံးသည် ဤမြင့်မားသော အနေအထားတွင် ထိုင်နေကြသည်။
ယွဲ့ချင်းဝူသည် သူမ၏ခေါင်းပေါ်တွင် ဇာပုဝါတစ်ခု လွှမ်းခြုံထားပြီး လင်းချင်းကျီသည် သူမ၏ဘေးတွင် ထိုင်နေသည်။ သူသည် အနည်းငယ် အိပ်ငိုက်နေပုံရသော်လည်း အလွန်အမင်း ပျော်ရွှင်နေသည်မှာ ထင်ရှားပေသည်။
လင်းချင်းကျီသည် ယွဲ့ချင်းဝူ၏လက်ကို ဆုပ်ကိုင်ထားပြီး သူ၏ရင်ခွင်ထဲတွင် အလှပဂေးလေး ရှိနေပြီဖြစ်သဖြင့် သူသည် ကျန်းထျန်းယွမ်ကို သစ္စာဖောက်ခြင်းက ထိုက်တန်သည်ဟု ခံစားမိသည်။ ၎င်းက သူ့အတွက် လုံလောက်လေပြီ။
သို့သော် ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး မြစ်တစ်စင်းက ကောင်းကင်ထက်သို့ ရုတ်တရက် တက်လာခဲ့ကာ အဖြူ၊ အမည်း နဂါးလမ်းကြောင်းကို တိုက်ရိုက် ပိတ်ဆို့ထားလေသည်။
ထို့နောက် လှိုင်းလုံးကြီးပေါ်တွင် လမ်းလျှောက်လာသည့် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုသူမှာ လီကျင့်စုန်ပင်ဖြစ်သည်။