အခန်း (၄၈၀)
Vol. 39 Ch. 480
လီကျင့်စုန်သည် လူနှစ်ယောက်၏လမ်းကို တိုက်ရိုက်ပိတ်ဆို့လိုက်သည်။
အချိန်ခဏမျှ အားလုံး၏ မျက်လုံးများက လီကျင့်စုန်ကို ကြည့်လိုက်ပြီးနောက် တစ်မြို့လုံးနီးပါး သက်ပြင်းချလိုက်ကြသည်။
‘ဒီလူ ဘာလုပ်နေတာလဲ။ ယွဲ့ချင်းဝူ နဲ့ လင်းချင်းကျီရဲ့ မင်္ဂလာဆောင်ရထားကို မင်းကဘယ်လိုတောင် တားဆီးရဲတာလဲ။ သေလမ်း ရှာနေတာလား။’
ယွဲ့ဟန်ကျွင်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ထိုမြင်ကွင်းကို ကြည့်နေသည်။
ထိုအချိန်တွင် ထျန်းဟိုင်မြို့တော်မှ စွမ်းအားရှင်များသည် အရှေ့သို့ တိုးလာနေပြီဖြစ်သော်လည်း ယွဲ့ဟန်ကျွင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ရပ်လိုက်….”
ယွဲ့ဟန်ကျွင်း ပြောပြီးနောက်တွင်တော့ ယေဘူယျအတိုင်း အလျှင်အမြန် နောက်ဆုတ်သွားကြသည်။
ယွဲ့ဟန်ကျွင်းသည် ထိုလူမှာ မည်သူဆိုသည်ကို မှတ်မိနေသောကြောင့် ယွဲ့ဟန်ကျွင်းက သူ့ကိုမတားဆီးခဲ့ပေ။ သူ၏ ယခင်က ညီအစ်ကိုကောင်း လီကျင့်စုန်ပင်။
လီကျင့်စုန်သည် ခေါင်းပေါ်တွင် ဇာပုဝါဖြင့်ဖုံးအုပ်ထားသော အမျိုးသမီးကို စိုက်ကြည့်နေသည်။ ဤမိန်းကလေးသည် မရေမတွက်နိုင်အောင် နေ့ရော၊ညပေါင်းများစွာ သူ၏အိပ်မက်ထဲတွင် ပေါ်လာခဲ့သည်။
ဖီးနစ်သရဖူနှင့် ရောင်စုံအဝတ်အစားများကို ၀တ်ဆင်ထားသည်ဟု အကြိမ်ပေါင်းမရေတွက်နိုင်အောင် သူစိတ်ကူးယဉ်ခဲ့သော်လည်း ယွဲ့ချင်းဝူနံဘေးတွင် အခြားတစ်ယောက်ရှိနေမည်ဟု လီကျင့်စုန် တစ်ကြိမ်တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။
“လီကျင့်စုန်! မင်း ဘာကိုဆိုလိုတာလဲ….”
ထိုအချိန်တွင် လင်းချင်းကျီသည် လေထုထဲ၌ ရှေ့တစ်လှမ်းတိုးကာ လီကျင့်စုန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ယနေ့သည် သူ၏ နေ့ထူး၊နေ့မြတ်ဖြစ်သော်လည်း လီကျင့်စုန်ကြောင့် သူသည် ဤနေရာတွင် ရပ်တန့်ခဲ့ရသည်။ တစ်ကမ္ဘာလုံးက လူများသည်လည်း စောင့်ကြည့်နေကြသည်။ လင်းချင်းကျီ၏အသံသည် လွန်စွာ အေးစက်နေပြီး သူ၏အသံတွင် လူသတ်ရန် ရည်ရွယ်ချက်များ ရှိနေခဲ့သည်။
‘မင်း ဒီမှာ ပြဿနာလာရှာနေတာလား။’
“လီကျင့်စုန်” ဆိုသည့် စကားလုံးသုံးလုံးကို ကြားလိုက်ရချိန်တွင် ထိုနေရာတွင်ထိုင်နေသည့် ယွဲ့ချင်းဝူသည် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
သို့သော် ယွဲ့ချင်းဝူသည် မကြာမီပင် သူမ၏စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။ ထိုသို့သောနေ့မျိုး ရောက်လာမည်ဟု သူမ ထင်ကောင်းထင်ခဲ့သော်လည်း ယွဲ့ချင်းဝူသည် သူမ၏မင်္ဂလာဆောင်တွင်ပင် ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
“ယွဲ့ချင်းဝူ! မင်းငါ့ကို တစ်ခုခုပြောသင့်တယ် မဟုတ်လား…”
လီကျင့်စုန်သည် ဝိုင်အိုးကို လက်ထဲတွင် ကိုင်ဆောင်ထားကာ မှင်တက်နေသောအကြည့်ဖြင့် သူ၏ရှေ့တွင် ရပ်နေသောလူကို မှုန်မှိုင်းစွာ ကြည့်နေခဲ့သည်။
“ရှင် ကျွန်မကို ဘာပြောချင်တာလဲ? ကျွန်မတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပြတ်သွားတာကြာပြီလို့ ထင်ခဲ့တာ… ဒီနှစ်တွေတစ်လျှောက်လုံး ရှင်ကျွန်မကို တစ်ခါမှ မဆက်သွယ်ခဲ့ဘူးမလား… အခုချိန်မှ တခြားတစ်ယောက်နဲ့ လက်ထပ်ဖို့ကို ရှင့်ရဲ့သဘောတူချက် ဘာလို့လိုအပ်ရတာလဲ….”
ယွဲ့ချင်းဝူက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ထိုအခါ လီကျင့်စုန်က ခါးသက်စွာ ပြုံးလိုက်ပြီး ပြောလာခဲ့သည်။
“ဟုတ်တယ်! ငါမင်းကို မတွေ့ခဲ့တာ နှစ်အတော်ကြာပြီ…. ငါက ပန်းချီသူတော်စင် မဟုတ်တော့ဘူး…. ငါ မင်းနဲ့ မထိုက်တန်ဘူးလို့ ခံစားရလို့ ငါပုန်းနေခဲ့ပြီး သူရဲဘောကြောင်ခဲ့တယ်… ငါပုန်းနေခဲ့တာကြောင့် မင်းငါ့ကို ရှာမတွေ့ဘူးလို့ ထင်ခဲ့တာ…. ဒါပေမယ့်အခု နောက်ဆုံးတော့ မင်းသာငါ့ကိုရှာချင်ရင် အလွယ်လေးဆိုတာ ငါသိလိုက်ပြီ… ဒါက ဒီအတိုင်း မင်းငါ့ကို မရှာချင်ခဲ့တာ ဟုတ်တယ်မလား…”
“မင်းအတွက် ငါက အမှိုက်တစ်စပဲ… ငါက အသုံးမကျတဲ့လူ… မင်း နဂါးကိုတွေ့ချင်တယ်လို့ ငါ့ကိုပြောခဲ့ပေမယ့်လည်း မင်းငါ့ကို နဂါးကျွန်းကိုသွားဖို့ လှည့်စားချင်ခဲ့တာ… မင်းအစ်ကိုအတွက် လမ်းဖွင့်ပေးချင်လို့ ငါ့ကိုလိုအပ်ခဲ့တာ… ငါပြောတာ မှန်တယ်မလား?”
လီကျင့်စုန်က ခါးသက်စွာ ရယ်မောလိုက်ပြန်သည်။
“ဖြစ်နိုင်တာက နဂါးကျွန်းကနေ ငါအသက်ရှင်လျက် ပြန်လာနိုင်တယ်လို့ မင်းဘယ်တုန်းကမှ မထင်ထားခဲ့တာ ဟုတ်တယ်မလား….”
ထိုအရာကိုကြားပြီးနောက် ယွဲ့ချင်းဝူသည် ဘာမှပြန်မပြောဘဲ ရိုးရိုးရှင်းရှင်းပင် သူမလက်ကို မြှောက်လိုက်ပြီး ဦးခေါင်းပေါ်က ဇာပုဝါကို ချွတ်လိုက်သည်။
ဇာပုဝါကို ဖြုတ်လိုက်သည်နှင့် လီကျင့်စုန်၏ မျက်လုံးများတွင် ရှုပ်ထွေးသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။
သူ၏လမင်းကြီးက အရင်လိုပင် လှပနေဆဲနှင့် နူးညံ့နေလေသည်။ ထိုလှပမှုက လူအများ၏ နှလုံးကိုပင် အခုန်မြန်စေခဲ့သည်။
သူမသည် သဘောရှိသလို လူတစ်ဦးကို လှည့်စားရန် ထိုယောက်ျား၏ နှလုံးသားကို အလွယ်တကူ ဖမ်းယူနိုင်သည်။
ယခု လီကျင့်စုန်အပြင် လင်းချင်းကျီပါ ပါဝင်လာခဲ့သည်။
လင်းချင်းကျီသည် တစ်ချိန်က စန်းယွမ်နယ်မြေအရှင်၏ အယုံကြည်ရဆုံးလူများထဲမှ တစ်ဦးဖြစ်သော်လည်း နောက်ဆုံးတွင် ကျန်းထျန်းယွမ်ကို သစ္စာဖောက်ခဲ့သည်။ ထိုအရာများအားလုံးက ယွဲ့ချင်းဝူ၏ ကျေးဇူးကြောင့်ပင်။
၎င်းကိုသိပြီးနောက် လီကျင့်စုန်သည် သူ့ကိုယ်သူ ရယ်မောလိုက်ပြီး သူ့ကိုယ်တိုင်ပင် အတိတ်၌ ဤပုံစံအတိုင်း ခြယ်လှယ်ခံခဲ့ရသည်ကို သိလိုက်ရသည်။
ယွဲ့ချင်းဝူ မတ်တပ်ထရပ်လိုက်ပြီး လီကျင့်စုန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“အခု ရှင်ပြောခဲ့တာကို ကျွန်မဝန်ခံရင်ရော ဘာလုပ်မလဲ…. ဟုတ်တယ်! နဂါးပုံဆွဲဖို့ ရှင့်ကို နဂါးကျွန်းကိုသွားခိုင်းတာ ကျွန်မရဲ့ စိတ်ကူး… ရှင် နဂါးကျွန်းကနေ အသက်ပြန်ရှင်လာဖို့ ကျွန်မတကယ်ကို မမျှော်လင့်ခဲ့တာ… ကျွန်မထင်တာက ဒီဘဝမှာတော့ ရှင် ကျွန်မရှေ့မှာ ဘယ်တော့မှ ပေါ်မလာတော့ဘူးဆိုပြီးလေ… အဲ့ဒီတော့ ရှင်အခု ဘာလုပ်ချင်လဲ….”
“အမှန်အတိုင်း သိချင်တာမလား?”
“ဒါဆိုရင် အမှန်တရားကဒီမှာပဲ… ရှင်သွားလို့ရပြီ…”
ယွဲ့ချင်းဝူ၏ သဘောထားသည် အလွန်တရာ အေးစက်နေခဲ့သည်။
“ငါ……”
လီကျင့်စုန်သည် ဤအခိုက်အတန့်တွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လီကျင့်စုန်သည် သူ၏စိတ်ထဲတွင် သူမပေးလာမည့် အကြောင်းပြချက်အမျိုးမျိုးကို တွေးတောနေခဲ့သော်လည်း ယွဲ့ချင်းဝူ၏ ဤကဲ့သို့သော အသွင်အပြင်ကိုမူ တစ်ခါမှမတွေးမိခဲ့ပေ။
ထိုခဏတာမျှတွင် လီကျင့်စုန်သည် ပြောစရာစကား မရှိတော့ပေ။
“အစ်ကိုလီ! ငါ့ညီမက ဒီနေ့ လက်ထပ်တော့မယ်။ စိတ်မချမ်းသာစရာတွေ မလုပ်ပါနဲ့လား…. မင်းဘာလို့ လာမသောက်တာလဲ…”
ထိုအချိန်တွင် ယွဲ့ဟန်ကျွင်း၏ အသံသည်လည်း မပြတ်မသား ထွက်ပေါ်လာခဲ့သည်။
ယွဲ့ဟန်ကျွင်း၏အသံကို ကြားသည့်အချိန် လီကျင့်စုန်သည် အဝေးတစ်နေရာရှိ စန်းယွမ်နယ်မြေအရှင်၏ ပလ္လင်ပေါ်တွင် ထိုင်နေသည့် ယွဲ့ဟန်ကျွင်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“အကိုလီလို့ အခေါ်ခံရတာ ကျုပ်ရှက်မိပါတယ်… မင်းက စန်းယွမ်နယ်မြေရဲ့ ကျော်ကြားတဲ့အရှင်ပဲလေ…. ကျုပ်က ခွေးလေခွေးလွင့် တစ်ကောင်သာသာဆိုတော့ မင်းရဲ့ အကိုလီလို့ခေါ်ခံရဖို့ ဘယ်တန်ပါ့မလဲ…”
ထိုသို့ကြားသောအခါ ယွဲ့ဟန်ကျွင်းက စိတ်မဆိုးသည့်အပြင် ပြုံးပြီးပြောလာခဲ့သည်။
“အစ်ကိုလီ! မင်းနဲ့ငါက အရင်တုန်းက ညီအစ်ကိုတွေ ဖြစ်ခဲ့ကြတယ်…. အခုဒီလိုဖြစ်စရာ မလိုပါဘူး… အစတုန်းက ငါကမိုက်မဲပြီး အစ်ကိုလီကိုတောင် နဂါးကျွန်းသွားဖို့ လှည့်စားခဲ့တယ်… ဒါက ငါ့ရဲ့အမှားပါပဲ… အစ်ကိုလီရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်စေခဲ့တယ်လို့ ငါကြားလိုက်ရတယ်… မင်းဘာလို့ ဒီမှာနေပြီး ငါ့အကူအညီမယူတာလဲ… ထျန်းဟိုင်မြို့တော်မှာ ငါ့ရဲ့ လျှို့ဝှက်နည်းလမ်းတွေ အများကြီးရှိတယ်… ဖြစ်နိုင်တာက ငါ အစ်ကိုလီရဲ့ အခြေခံအုတ်မြစ်ကို ပြန်လည်ပြုပြင်ပေးနိုင်မယ်ထင်တယ်…”
“ဒီကိစ္စကို စန်းယွမ်နယ်မြေရဲ့ အရှင်သခင်က စိတ်ပူစရာမလိုပါဘူး…”
“ကျွန်တော်က လူတွေကို ကောင်းကောင်းမသိဘူး…. ကျွန်တော်ကိုယ်တိုင် ဒါကို အသုံးချခံခဲ့တာ…. ယွဲ့ချင်းဝူ လုပ်၊ မလုပ်ဆိုတာ ကျွန်တော်အခု မပြောနိုင်သေးဘူး…. နောက်ဆုံးတော့လည်း စန်းယွမ်နယ်မြေအရှင်က သူ့သားကို စွန့်လွှတ်ပြီး သူ့မိန်းမကိုတောင် သတ်ပစ်နိုင်တဲ့ သူတစ်ယောက်ပဲလေ… အပြင်လူတစ်ယောက်အနေနဲ့ ကျွန်တော့်ဘဝက မင်းမျက်လုံးထဲမှာ မြက်တစ်ပင်ကလွဲလို့ ဘာမှမဟုတ်ဘူး…”
ထိုစကားများ ပြောပြီးသည့်အချိန်တွင်တော့ ယွဲ့ချင်းဝူ၏ မျက်နှာက မှိုင်းညို့သွားခဲ့သည်။
‘လီကျင့်စုန်က သူ့ကို တစ်ကမ္ဘာလုံးရှေ့မှာ ဒီလို အရှက်ရစေခဲ့တာလား။’
“ဟား…… ဟား….. ဟား…….”
ယခုအချိန်တွင် လီကျင့်စုန်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ခေါင်းကိုမော့၍ ဝိုင်နောက်တစ်ငုံ သောက်လိုက်ပြီးနောက် အကူအညီမဲ့စွာ ပြောလာခဲ့သည်။
“သေချာစဉ်းစားကြည့်နော်! ငါသာ နဂါးကျွန်းမှာ သေဆုံးသွားရင် ပိုကောင်းလိမ့်မယ်… ယွဲ့ဟန်ကျွင်း! ငါအရင်ကတော့ မင်းနဲ့ငါ နှစ်ယောက်စလုံးက ငါတို့မျိုးဆက်ရဲ့ အငယ်ဆုံး ပန်းချီသူတော်စင်နှစ်ယောက်လို့ ထင်ခဲ့တာ… ပြီးတော့ ပန်းချီအင်မော်တယ်နယ်ပယ်ကို ဘယ်သူက အရင်ရောက်နိုင်မလဲဆိုတာ သိနိုင်ဖို့ ငါတို့ သဘောတူညီမှုလည်း လုပ်ခဲ့ကြတယ်…. ဒါပေမယ့် အခုအချိန်မှာတော့ ငါနားလည်သွားပြီ…. ငါဆိုတဲ့ လီကျင့်စုန်က မင်းကို အထင်ကြီးလွန်းခဲ့တာပဲ…. လီကျင့်စုန်ဆိုတဲ့ ငါနဲ့ယှဉ်ရင် မင်းကလုံးဝ မလေးစားထိုက်ဘူး….”
“လီကျင့်စုန်!”
ယွဲ့ဟန်ကျွင်းသည် ယခုအခိုက်အတန့်တွင် အနည်းငယ် စိတ်တိုသွားသော်လည်း ကမ္ဘာပေါ်ရှိလူတိုင်း ဤနေရာတွင် ရှိနေသောကြောင့် ယွဲ့ဟန်ကျွင်းက သူ၏ဒေါသကိုလျှော့ချလိုက်ပြီး ပေါ့ပါးစွာ ပြောလာခဲ့သည်။
“မင်း အရမ်းမူးနေပြီ….”
“ငါမူးနေပြီ… ဒါပေမယ့် ဟိုးအရင်ကထက်တောင် ငါပိုပြီး သတိရှိနေသေးတယ်….”
လီကျင့်စုန်က ဝိုင်ပုလင်းကို ကောက်ယူပြီး နောက်တစ်ကျိုက် ထပ်သောက်လိုက်သည်။
“ငါဒီဝိုင်ကို ပိုသောက်လေလေ အရင်ကထက်ပိုပြီး သတိရှိလာလေလေပဲ…”
“လီကျင့်စုန်! ရှင် ပြဿနာရှာတာ လုံလောက်ပြီလား…”
ယွဲ့ချင်းဝူက ဒေါသတကြီး ပြောလိုက်သည်။
“အိုး…. လုံလောက်တာ ဖြစ်နိုင်တယ်…”
လီကျင့်စုန်သည် သူ၏ပါးစပ်နားရှိ ဝိုင်ပုလင်းကို ချလိုက်ပြီးနောက် ခေါင်းကိုမော့ကာ ကောင်းကင်ကိုမော့ကြည့်ရင်း ပြောလိုက်သည်။
“နှစ်ပေါင်းများစွာကြာလာတော့လည်း ငါဒီလိုဘဝမျိုးနဲ့နေနေတာ လုံလောက်နေပြီလေ… အနာဂတ်မှာတော့ ဘဝသစ်ကို ကြိုးစားပြီး ရှင်သန်နေသင့်ပြီ…”
ထိုအချိန်တွင် ထျန်းဟိုင်မြို့တော်ရှိ လူတိုင်းသည် တိတ်ဆိတ်နေပြီး ဤမြင်ကွင်းကို ငြိမ်သက်စွာ ကြည့်ရှုနေကြသည်။ သို့သော်လည်း ယနေ့အဖြစ်အပျက်သည် စန်းယွမ်နယ်ပယ် တစ်ခုလုံးကို အာရုံခံစားသွားစေခဲ့ပြီး လူအများစုသည် အပျော်တမ်းကြည့်ရန် စိတ်ကူးဖြင့် ရောက်လာကြခြင်းဖြစ်သည်။
ကွမ်ကျူးသည် သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြင့် ကြည့်နေသည်။ ဤကဲ့သို့ အသက်ဝင်လှသည့် အဖြစ်အပျက်များ အများအပြား မရှိခဲ့ပေ။
သို့သော် လီကျင့်စုန် ယနေ့ထျန်းဟိုင်မြို့တော်မှ ထွက်ခွာရန် အခက်အခဲရှိမည်ကို လူအချို့က စိုးရိမ်နေကြသည်။
‘ယွဲ့မိသားစုက သူ့ကို လွှတ်ပေးပါ့မလား။’
‘ယွဲ့ဟန်ကျွင်းကရော သူ့ကို လွှတ်ပေးပါ့မလား။’
“လီကျင့်စုန်!”
ထိုအချိန်တွင် ယွဲ့ဟန်ကျွင်းသည် မတ်တပ်ထရပ်လိုက်ပြီး ပြောလိုက်သည်။
“ဒီနေ့ မင်္ဂလာဆောင်မှာသောက်ဖို့ ဒီမှာရှိမယ်ဆိုရင် ထျန်းဟိုင်မြို့တော်က ကြိုဆိုပါတယ်…. ငါမင်းကို နောက်မှ လူကိုယ်တိုင် လာတွေ့နိုင်တယ်… နောက်ဆုံးတော့ မင်းနဲ့ငါက ဟိုတုန်းက ညီအစ်ကိုတွေပဲလေ… မင်းဘာအကူအညီပဲလိုလို ငါမင်းကိုကူညီနိုင်ပါတယ်….”
“ဒီနေ့ကိစ္စတွေ နှောက်ယှက်ဖို့ ဒီမှာရှိနေတာဆိုရင်တော့… တောင်းပန်ပါတယ် ငါ မင်းကိုထွက်သွားဖို့ တောင်းဆိုရလိမ့်မယ်…. ထျန်းဟိုင်မြို့တော်က ဒီနေ့ မင်းကိုမကြိုဆိုဘူး…”