← Chapters

အခန်း (၄၈၁)

Vol. 39 Ch. 481

အခန်း (၄၈၁)

Vol. 39 Ch. 481

“မင်္ဂလာအရက်?”

လီကျင့်စုန်သည် သူ၏လက်ကို တုန်တုန်ယင်ယင် ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“မင်းတို့ ယွဲ့မိသားစုရဲ့ မင်္ဂလာအရက်ကို ငါမတတ်နိုင်ဘူး… ငါ သောက်လည်း မသောက်ချင်ဘူး… သောက်ပြီးရင် အန်မှာကြောက်တယ်…”

“ဒါဆိုလည်း ကျေးဇူးပြုပြီး ထွက်သွားပါ… အခုချိန်ကစပြီး မင်းနဲ့ငါကြားက ညီအစ်ကိုသံယောစဉ်က ပြတ်တောက်သွားခဲ့ပြီ… အခုကစပြီး မင်းလမ်းမင်းလျှောက် ငါ့လမ်းငါလျှောက်မယ်… ငါတို့ကြားထဲမှာ အဆက်အဆံ မရှိတော့ဘူး…”

ယွဲ့ဟန်ကျွင်းက အေးစက်စွာ ပြောလာခဲ့သည် ။

“ဟား…. ဟား…. ဟား…..”

“ဒီ့ထပ် ပို‌ကောင်းတာမရှိတော့ဘူး….”

လီကျင့်စုန်သည် ပြောပြီးသည်နှင့် လှည့်ထွက်သွားလိုက်သည်။

သူ ဤနေရာတွင် ဆက်မနေချင်တော့ပေ။ ယခုတော့ အရာအားလုံးကို မျက်ဝါးထင်ထင် မြင်လိုက်ရချိန်တွင် လီကျင့်စုန်သည် သူ၏နှလုံးသားထဲမှ လေးလံနေမှုများ ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။  

လေးလံသော ကျောက်တုံးကြီးသည် သူ့အပေါ်တွင် နှစ်လေးဆယ်ကျော်တိုင်တိုင် ဖိနှိပ်ထားခဲ့ပြီး ယခုအခါတွင်တော့ သူလွတ်မြောက်လာခဲ့ပြီဖြစ်သည်။

သို့သော် လီကျင့်စုန် ထွက်ခွာခါနီးတွင် လူတစ်ဦးသည် သူ၏လမ်းကို ပိတ်ဆို့ခဲ့ပြန်သည်။

ထိုလူသည် အနီရောင်ကိုဝတ်ဆင်ထားပြီး လီကျင့်စုန်ကို တည်ငြိမ်စွာကြည့်ကာ ပြောလာခဲ့သည်။

“လီကျင့်စုန်! နယ်မြေအရှင်က မင်းကို ထွက်သွားခိုင်းပေမယ့် မင်းကိုလွှတ်ပေးဖို့ ငါသဘောမတူဘူး….”

ရောက်လာသူမှာ လင်းချင်းကျီ ဖြစ်သည်။

“ဒီနေ့ ငါ့မင်္ဂလာပွဲ… မင်းက ငါ့မင်္ဂလာဆောင်မှာ ဇာတ်ကွက်တစ်ခုဖန်တီးပြီးတော့ ဟန်ကျပန်ကျနဲ့ ထွက်သွားချင်နေခဲ့တာ…. အနာဂတ်မှာ ကမ္ဘာကြီးက လင်းချင်းကျီဆိုတဲ့ ငါ့ကို ဘယ်လိုထင်မလဲ….”

လင်းချင်းကျီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“အိုး?”

လီကျင့်စုန်သည် လုံးဝအံ့သြမသွားဘဲ လှည့်ကြည့်လိုက်ပြီး ယွဲ့ဟန်ကျွင်းကို တစ်ချက်ကြည့်လိုက်လေသည်။

ယွဲ့ဟန်ကျွင်းသည်လည်း ထိုင်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

“မင်းကိုလွှတ်ပေးဖို့ ငါသဘောတူတယ်… ဒါပေမယ့် ချင်းကျီက မင်းကို မသွားစေချင်ဘူး…. ဒါကြောင့် ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး… ပြီးတော့ ဒီနေ့က ချင်းကျီရဲ့မင်္ဂလာဆောင်ပဲ… မင်းဒီမှာပြဿနာရှာရင် ချင်းကျီက ရှက်တယ်လို့ ခံစားရလိမ့်မယ်… သူရှက်မယ်ဆိုလည်း ရှက်သင့်ပါတယ်လေ…”

“အိုး…..”

လီကျင့်စုန်က ခေါင်းယမ်းလိုက်ပြီး လင်းချင်းကျီကို လှည့်ကြည့်လိုက်ကာ ရုတ်တရက် ထရယ်လိုက်သည်။

“ လင်းချင်းကျီ! ကမ္ဘာကြီးက မင်းကို ဘယ်လိုမြင်မလဲဆိုတာ မင်းဂရုစိုက်သေးတာလား…. မင်းကသစ္စာမဲ့ပြီး ဆာလောင်နေတဲ့ ခွေးတစ်ကောင်ပဲ…. မင်းကိုအခြားသူတွေက ဘယ်လိုမြင်လဲဆိုတာ စိတ်ပူစရာမလိုဘူး… ဘာလို့လဲဆိုတော့ လူတိုင်းက မင်းဘယ်လိုဆိုတာ သူတို့စိတ်ထဲမှာ သိပြီးသားလေ…. မင်းရဲ့မင်္ဂလာပွဲ အနှောင့်အယှက် ဖြစ်တာ၊မဖြစ်တာနဲ့ ဘာမှမဆိုင်ဘူး….”

ထိုစကားများ ပြောပြီးသည့်အခါတွင် လင်းချင်းကျီ၏ မျက်နှာက မည်းမှောင်သွားလေသည်။

“မင်း သေချင်နေပြီလား….”

လင်းချင်းကျီက အေးစက်စွာ ပြောလိုက်သည်။

“သေခြင်းတရားက ဘာများကြီးကျယ်နေလို့လဲ….”

လီကျင့်စုန်သည် သူ၏ခေါင်းကိုမော့လိုက်ပြီး မည်သူ့ကိုမျှဂရုမစိုက်ဘဲ နောက်ထပ်ဝိုင်နှစ်ငုံမျှ ထပ်သောက်လိုက်သည်။

“ငါ့နှလုံးသားက သေနေပြီသား… ငါဘာလို့ ဒီခန္ဓာကိုယ်ကို ဂရုစိုက်နေရဦးမလဲ….”

“လီကျင့်စုန်! မင်း ယောက်ျားဆိုရင် သေသေ၊ရှင်ရှင် တိုက်ရအောင်…”

ထိုအခိုက်အတန့်တွင် လင်းချင်းကျီသည် လီကျင့်စုန်ကို သေခြင်း၊ရှင်ခြင်းတိုက်ပွဲသို့ တိုက်ရိုက်ဖိတ်ခေါ်ခဲ့သည်။

“မင်း သတ္တိရှိလား… ငကြောက်!”

လင်းချင်းကျီက ‌သ‌ရော်လိုက်သည်။

ထိုသို့ဖြစ်လာမည်ကို အောက်ခြေရှိလူများက သိပြီးသားပင်။

ယွဲ့ဟန်ကျွင်းသည် လီကျင့်စုန်ကို ထျန်းဟိုင်မြို့တော်မှ ထွက်ခွာမသွားစေလိုသော်လည်း သူကိုယ်တိုင် မလုပ်ဆောင်နိုင်ခဲ့သောကြောင့် လီကျင့်စုန်ဆက်နေရန်အတွက် အကြောင်းပြချက်ရှာရန် လင်းချင်းကျီကို အသံပို့ကာ တောင်းဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် တိမ်ကန္တာရနယ်မြေ၌ ဖြစ်သည်။

ရက်ပေါင်းများစွာ အဆက်မပြတ်ကြိုးစားပြီးနောက် လီချန်ချင်း၏ဝိညာဉ်သည် ကုဟန်ရှီ၏ ခန္ဓာကိုယ်ထဲသို့ အောင်မြင်စွာ ဝင်ရောက်လာခဲ့သည်။

လီဟမ်ရှန်းသည်လည်း အလွန်အမင်း ပင်ပန်းနေခဲ့ပြီဖြစ်သည်။

သူ၏ဝိညာဉ်သည် ကုဟန်ရှီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ ကုဟန်ရှီ၏မျက်လုံးများက ချက်ချင်းပွင့်လာခဲ့သည်။

“ဖေဖေ?”

လီဟမ်ရှန်းနှင့် ရွှယ်ချမ်းပိုင်တို့သည် သေခြင်းတရားမှ ပြန်လည်ရောက်ရှိလာသော လူကိုကြည့်နေကြသည်။

လီချန်ချင်းသည် ခေါင်းတလားမှထထိုင်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ရွှေ့လိုက်သည်။

“အရင်ကထက် ငါပိုချောသွားပြီ မဆိုးဘူး….”

လီချန်ချင်းသည် ခေါင်းတလားမှ ခုန်ထွက်လာပြီး သူ၏ခန္ဓာကိုယ်ကို အတော်လေး ကျေနပ်သွားလေသည်။

“ကျေးဇူးပဲ ချမ်းပိုင်….”

လီချန်ချင်းက ရွှယ်ချမ်းပိုင်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“မင်းနဲ့ငါက ဒီလိုပြောရမယ့်သူတွေလား…”

ရွှယ်ချမ်းပိုင်က ခေါင်းယမ်းလိုက်သည်။

“မင်းရဲ့ကြိုးစားမှုအတွက်လည်း ကျေးဇူးတင်ပါတယ် ဟမ်ရှန်း….”

လီချန်ချင်းသည် လီဟမ်ရှန်း၏ ခေါင်းကို ထိကိုင်လိုက်သည်။

“အို့….”

လီဟမ်ရှန်းသည် သူ၏အရှေ့ရှိ လူကို ကြည့်လိုက်သည်။ ထိုသူသည် သူ၏အဖေမှန်းသိသော်လည်း သူ့ကိုကြည့်ရသည်မှာ အနည်းငယ် အဆင်မပြေလှပေ။

“မင်း နောက်ထပ် ဘာအစီအစဉ်ရှိလဲ…”

ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကို အပေါ်၊အောက် ငုံ့ကြည့်လိုက်သည်။ ထိုအချိန်တွင် လီချန်ချင်း၏ ခန္ဓာကိုယ်သည် သူ့ဝိညာဉ်၏ ပံ့ပိုးမှုဖြင့်သာရှိနေသည်။ သူသည် ကျင့်ကြံဆင့်လုံးဝမရှိခဲ့ဘဲ သာမန်လူတစ်ယောက်ကဲ့သို့ပင်။

“ငါလုပ်စရာရှိတာ လုပ်ရမယ်….”

လီချန်ချင်းသည် တည်ငြိမ်စွာ ပြောပြီးနောက် လီဟမ်ရှန်း၏လက်မှ ကြာပန်းမီးအိမ်ရတနာကို ယူလိုက်သည်။

“ကျည်… ကျည်…”

ကြာပန်းမီးအိမ်ရတနာသည် လီချန်ချင်း၏လက်ထဲတွင် တောက်ပလာခဲ့ပြီး အစိမ်းရောင်အလင်းတန်းများနှင့် ပြည့်နှက်နေခဲ့သည်။

“ဟမ်?”

လီဟမ်ရှန်းသည် ယခုအခိုက်အတန့်တွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လီချန်ချင်းသည် ကျင့်ကြံခြင်းမရှိဘဲ သာမန်လူတစ်ယောက်သာဖြစ်သော်လည်း ကြာပန်းမီးအိမ်ရတနာကို အမှန်တကယ် အသက်သွင်းနိုင်သူဖြစ်သည်။

‘ဘာကြောင့်လဲ?’

“ဒီကြာပန်းမီးအိမ်ရတနာပိုင်ရှင်က လီချန်ချင်းဆိုတော့ မင်းအဖေက အခုထိ ကျင့်ကြံခြင်းမရှိပေမယ့်လည်း ကြာပန်းမီးအိမ်ရတနာကို အသက်သွင်းနိုင်ပါသေးတယ်…”

ရွှယ်ချမ်းပိုင်သည် လီဟမ်ရှန်းအား ရှင်းပြနေသော်လည်း သူ၏မျက်လုံးများသည် ကြာပန်းမီးအိမ်ရတနာပေါ်တွင်သာ စိုက်ကြည့်နေဆဲဖြစ်သည်။ ဤကြာပန်းမီးအိမ်ရတနာတွင် တခြားလုပ်ဆောင်ချက်များ မည်သို့သောအရာများ ပါဝင်သေးလဲဆိုသည်ကို တွေးနေမိသည်။

သို့သော် ယခုလောလောဆယ်တွင် တခြားလုပ်ဆောင်ချက်များအကြောင်း မဆွေးနွေးချင်သေးပေ။ လီချန်ချင်း၏ စိတ်ဝိညာဉ်ကို နွေးထွေးစေပြီး စူးစမ်းမှုအမျိုးမျိုးကိုပင် ရှောင်ရှားနိုင်သည်ဟု ဆိုရုံမျှဖြင့် ဤကြာပန်းမီးအိမ်ရတနာသည် အဆင့်မြင့်ဆုံးရတနာဟု ဆိုနိုင်ပေသည်။

ရွှယ်ချမ်းပိုင်သည် လီချန်ချင်းက ဤကဲ့သို့သော ရတနာတစ်ခုကို ဖန်တီးနိုင်ခဲ့သည့်အတွက် စိတ်ရင်းမှန်ဖြင့် လေးစားမိသည်။

ရွှယ်ချမ်းပိုင် မသိခဲ့သည်မှာ ကြာပန်းမီးအိမ်ရတနာ၏ ပစ္စည်းသည် သက်ရှည်သစ်သား၏ အဓိကအချက်ဖြစ်သည်။ ထိုသို့သော ရတနာမျိုးသာ မဟုတ်ပါက လီချန်ချင်းသည် ဤမျှလောက် အံ့သြဖွယ် ပန်းချီရတနာကို ဘယ်သောအခါမှ ဖန်တီးနိုင်လိမ့်မည်မဟုတ်ပေ။

ကြာပန်းမီးအိမ်ရတနာ၏ အလင်းရောင်သည် ပို၍ ပို၍အားကောင်းလာပြီး ထိုအခိုက်အတန့်တွင် လီချန်ချင်းက သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။ အလင်းရောင်သည် လီချန်ချင်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

တစ်ခဏချင်းမှာပင် လီချန်ချင်းသည် သိမ်မွေ့နူးညံ့လာကာ သူ့ဆီမှ အကန့်အသတ်မဲ့ ကျယ်ပြောလှသည့် ခံစားချက်များ ထွက်ပေါ်လာခဲ့သည်။

ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကို အလွန်နီးကပ်စွာ မြင်နိုင်သော်လည်း လီချန်ချင်းသည် သူနှင့် မိုင်ပေါင်းထောင်ချီ ဝေးကွာနေသကဲ့သို့ ခံစားရသည်။

‘ဘာတွေဖြစ်နေတာလဲ?’

လီဟမ်ရှန်းသည်လည်း အလားတူခံစားချက်မျိုး ရှိခဲ့သည်။ ဤအခြေအနေတွင် လီဟမ်ရှန်းသည် လီချန်ချင်းအတွင်းရှိ ဖော်ပြ၍မရနိုင်သော ပင်ကိုယ်စရိုက်တစ်ခုကိုသာ ခံစားသိရှိနိုင်ခဲ့သည်။

‘သူနဲ့ကျွန်တော်က ကောင်းကင်နဲ့မြေကြီး ခြားနေသလိုပဲ။’

ကြာပန်းမီးအိမ်ရတနာ၏ အလင်းရောင် မှိန်ဖျော့သွားသောအခါ လီချန်ချင်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

တစ်ခဏချင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး ၎င်း၏တောက်ပမှုကြောင့် ပျောက်ဆုံးသွားသလိုပင်။

ရွှယ်ချမ်းပိုင်ကဲ့သို့သော သန်မာသော အမျိုးသားတစ်ဦးပင် လီချန်ချင်း၏ မျက်လုံးများကို ကြည့်လိုက်သည့်အခိုက်တွင် အလွန်ထိတ်လန့်သွားသည်။ ထိုမျက်လုံးများသည် စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံထားပုံရသည်။

“ဖေဖေ! အခု...”

လီဟမ်ရှန်းသည် အလွန်တုန်လှုပ်သွားပြီး စကားပင် မပြောနိုင်တော့ပေ။

“မဟာလွတ်မြောက်ခြင်းအဆင့်ရဲ့ စွမ်းအားက ဒီလိုပါလား…”

လီချန်ချင်းက တီးတိုးရေရွတ်လိုက်သည်။

ဤအချိန်တွင် လီချန်ချင်းသည် ကြာပန်းမီးအိမ်ရတနာ၏ စွမ်းအားကိုအသုံးပြုပြီး ကုဟန်ရှီ၏ ယခင် အထွတ်အထိပ်ကျင့်ကြံခြင်းကို အသက်သွင်းခဲ့ပြီး သူ၏စိတ်ဝိညာဉ်သည် မဟာလွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ထိုအချိန်တွင် လီချန်ချင်း၏စိတ်သည် မိုင်ပေါင်းထောင်ချီဝေးကွာနေပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးသည် သူ့အတွက် သမုဒ္ဒရာမှ ရေတစ်စက်မျှသာဖြစ်သည်။

“မဟာလွတ်‌မြောက်ခြင်းအဆင့်ကို ရောက်သွားပြီလား…”

ရွှယ်ချမ်းပိုင်သည် အလွန်တရာ အံ့သြသွားခဲ့ရသည်။

မမျှော်လင့်ဘဲ လီချန်ချင်းသည် ခေါင်းယမ်းလိုက်ပြီး ကြာပန်းမီးအိမ်ရတနာကို သူ၏လက်ထဲတွင် မြှောက်လိုက်သည်။ ကြာပန်းမီးအိမ်ရတနာသည် အလင်းရောင်မှိန်မှိန်နှင့် လင်းလက်နေသည်။

“စွမ်းအားရဲ့ ကြာချိန်က တနာရီရဲ့ လေးပုံတပုံပဲ ကျန်တော့တယ်…”

“ဒါပေမယ့်လည်း ဒီလောက်က သောက်ပြသနာ အကြီးကြီးရှာပစ်ဖို့ လုံလောက်နေပြီ….”

All Chapters