← Chapters

အခန်း (၄၈၂)

Vol. 39 Ch. 482

အခန်း (၄၈၂)

Vol. 39 Ch. 482

“တစ်နာရီရဲ့ လေးပုံတစ်ပုံ?”

ရွှယ်ချမ်းပိုင်သည် လေးနက်တည်ကြည်ပုံရပြီး မမေးဘဲ မနေနိုင်ခဲ့ပေ။

“တစ်နာရီရဲ့ လေးပုံတစ်ပုံ ကျန်တဲ့အချိန်ကို မင်းဘာလုပ်ချင်လို့လဲ....”

လီချန်ချင်း ထိုအကြောင်းပြောခါနီးတွင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ကာ ခပ်လှမ်းလှမ်းမှ အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံဆီသို့ လှမ်းကြည့်လိုက်သည်။ လီချန်ချင်း၏ မျက်နှာတွင် အံ့သြမှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

“အဲဒီမှာ ထူးဆန်းတာတစ်ခု ရှိနေတယ်…”

လီချန်ချင်းက တီးတိုးရွတ်ဆိုလိုက်သည်။

“ဘာထူးဆန်းလို့လဲ?”

ရွှယ်ချမ်းပိုင် အံ့အားသင့်သွားခဲ့သည်။ လီဟမ်ရှန်းက ဤနေရာတွင် ထူးဆန်းမှုတစ်ခု ရှိနေသည်ဟု ပြောခဲ့သော်လည်း ရွှယ်ချမ်းပိုင်သည် မည်သည့်အရာမျှ မခံစားရပေ။ မူလက လီဟမ်ရှန်း မှားသည်ဟု ထင်ခဲ့သော်လည်း ယခု လီချန်ချင်းပင် ဤနေရာတွင် ထူးဆန်းမှုတစ်ခု ရှိနေသည်ဟု ခံစားမိသောကြောင့် ထိုအရာများသည် ရိုးရှင်းပုံမပေါ်ပေ။

“ဟမ်ရှန်းကို အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းနယ်မြေကို ပြန်ခေါ်သွား….”

လီချန်ချင်းက ရွှယ်ချမ်းပိုင်ကို ပြောလိုက်သည်။

“အခု အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းနယ်မြေကို ပြန်သွားရမှာလား…. မင်း ဘယ်သွားမလို့လဲ….”

ရွှယ်ချမ်းပိုင်က မေးလိုက်သည်။

“လုပ်စရာရှိတာကို ပြီးအောင်လုပ်မလို့လေ…”

လီချန်ချင်းက တခြားဘာကိုမှ ဂရုမစိုက်ပေ။ ထိုအခိုက်အတန့်တွင် သူ၏ပုံရိပ်သည် လှုပ်ရှားသွားခဲ့ပြီး သူ၏တစ်ကိုယ်လုံးမှ အလင်းတန်းများ ထွက်လာခဲ့သည်။ နောက်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော အလင်းရောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး လေအဟုန်ကဲ့သို့ မြန်ဆန်လွန်းလှစွာ လေထုထဲ ပျောက်ကွယ်သွားလေသည်။

ဤမြင်ကွင်းသည် လီဟမ်ရှန်းကို အံ့သြသွားစေခဲ့သည်။

“ဒါက ဘယ်လို လှုပ်ရှားမှုသိုင်းပညာမျိုးလဲ…”

ယခုအချိန်တွင် လီချန်ချင်း၏ တည်ရှိမှုကိုပင် သူ မခံစား၊ မသိရှိနိုင်တော့ပေ။

“ဒါက ရုပ်ခွန်အားမဟုတ်ဘူး…”

ရွှယ်ချမ်းပိုင်သည် ခေါင်းကိုယမ်းလိုက်ပြီး ပြောလာခဲ့သည်။

“မဟာလွတ်မြောက်ခြင်းအဆင့်ရဲ့ စိတ်ဝိညာဉ်က တခဏအတွင်းမှာပဲ မိုင်ပေါင်း ထောင်သောင်းများစွာကို ခရီးနှင်နိုင်တယ်… ငါ့တစ်သက်တာမှာ ဒါကိုမြင်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး…”

“ကောင်းပြီ တွေဝေမနေနဲ့… မင်းအဖေက ဒီမှာ ထူးဆန်းတာတစ်ခု ရှိနေတယ်လို့ပြောနေတာ… ဒီကနေ ထွက်သွားရအောင်…”

စိတ်လွတ်၊ ကိုယ်လွတ်နေတတ်သည့် လီချန်ချင်းပင်လျှင် ဤနေရာသည် လုံခြုံမှုမရှိဟု ခံစားလိုက်ရသည်။ ဆိုလိုသည်မှာ ဤနေရာ၌ အမှန်တကယ် ပြဿနာရှိနေသည်ဟု ယူဆမိသည်။ ဤနေရာမှ အမြန်ထွက်သွားခြင်းက ပိုကောင်းပေလိမ့်မည်။

ထို့ကြောင့် ရွှယ်ချမ်းပိုင်သည် လီဟမ်ရှန်းကိုခေါ်ပြီး အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းနယ်မြေသို့ ဦးတည်ခဲ့လေသည်။

လီဟမ်ရှန်းသည် အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းနယ်မြေသို့ ပြန်သွားရန် အလွန်တရာ စိတ်လှုပ်ရှားနေခဲ့ပြီး တွေးတောနေမိခဲ့သည်။ သူ၏ဖခင် ရှင်ပြန်ထမြောက်ပြီးနောက် သူသည်လည်း အရှေ့ပိုင်း ဆိတ်ငြိမ်ခြင်းနယ်မြေသို့ ပြန်သွားနိုင်သည်။ လွန်ခဲ့သောနှစ်အကြောင်းကို တွေးမိရင်းနှင့် သူသည် အချိန်တိုင်း အကာအကွယ်မဲ့နေခဲ့သည့် အစွန်းတစ်ဖက်၌ရှိနေခဲ့ပြီး နောက်ဆုံးတွင် ထိုကြောက်ရွံ့မှုကို တွေ့ကြုံခံစားရန် မလိုအပ်တော့ပေ။

လီဟမ်ရှန်းသည် သူ၏အဖေက အရာအားလုံးကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့်ပင် ဖြစ်သည်။

ထျန်းဟိုင်မြို့တော်တွင်….

ယခုအချိန်တွင် လင်းချင်းကျီနှင့် လီကျင့်စုန်တို့ကြားရှိ တိုက်ပွဲမြင်ကွင်းကို အားလုံးက ကြည့်ရှုနေကြသည်။

လီကျင့်စုန်၏ ရောက်ရှိလာမှုက ယွဲ့ချင်းဝူနှင့် လင်းချင်းကျီ၏ မင်္ဂလာဆောင်ကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

သူသည် စန်းယွမ်‌နယ်မြေ၏ အရှင်သခင် ယွဲ့ဟန်ကျွင်းကိုလည်း လှုံ့ဆော်ခဲ့သည်။

လင်းချင်းကျီ၏ စိန်ခေါ်မှုကို ရင်ဆိုင်ရသောအခါတွင် လီကျင့်စုန်သည် ရယ်မောကာ တိုက်ရိုက်ပင် သဘောတူခဲ့သောကြောင့် လူများစွာကို ယုံရခက်စေခဲ့သည်။

‘လီကျင့်စုန်က အဆင့်မြင့် ပန်းချီဆရာတစ်ဦးပဲ ဖြစ်ပေမယ့် လင်းချင်းကျီ အကြောင်းကရော ဘာလဲ?’

သူသည် မဟာသိုင်းဂိုဏ်းအဆင့်တွင် ရှိနေသူဟု စန်းယွမ်နယ်မြေ တစ်ခွင်လုံးတွင် အသံထွက်နေသည်။

ထိုနှစ်ယောက်၏ ခွန်အားသည် အလွန်တရာ ကွာခြားလှသည်။ လီကျင့်စုန်အတွက် ထိုသို့သော စိန်ခေါ်မှုသည် မိမိကိုယ်ကို သတ်သေခြင်းနှင့်ပင် မကွာခြားတော့ပေ။ သေခြင်းတရားကို ရှာသည်ဟု ဆိုခြင်းသည် ချဲ့ကားခြင်းမဟုတ်ချေ။

သို့သော်လည်း လီကျင့်စုန်သည် ကြောက်ရွံ့မှု တစိုးတစိမျှ ရှိမနေပေ။ သူသည် လင်းချင်းကျီကို တည်ငြိမ်စွာကြည့်ကာ သူ၏မျက်လုံးထဲရှိ အေးဆေး၊ငြိမ်သက်မှုသည် လက်ဖက်ရည်ကြမ်းသောက်ပြီး သူငယ်ချင်းကောင်းတစ်ဦးကို ပြန်လည်သတိရနေသကဲ့သို့ပင်။

သူသည် အလွန်ငြိမ်သက်ပြီး စိတ်တည်ငြိမ်နေခြင်းကြောင့်ပင် ယခုအချိန်တွင် ဖြစ်ပျက်နေသည့်အရာများကို လူအများက အမှန်တကယ် နားလည်သဘောပေါက်ခဲ့သည်။

လီကျင့်စုန်သည် ယနေ့ ထျန်းဟိုင်မြို့တော်သို့ ရောက်ရှိလာသော်လည်း အမှန်တကယ် အသက်ရှင်လျှက် ထွက်ခွာသွားရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

သူတို့သည် ထိုလူကို ကြည့်လိုက်ကြပြီး လူများစွာသည် ဝမ်းနည်းကြေကွဲမှုကို ခံစားခဲ့ရသည်။

သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပန်းချီသူတော်စင်များထဲမှ တစ်ဦးဖြစ်သော လီကျင့်စုန်အကြောင်းကို သူတို့အားလုံး ကြားဖူးကြသည်။ ယွဲ့မိသားစုမှ ယွဲ့ဟန်ကျွင်းနှင့် သူ့ကို စန်းယွမ်နယ်မြေတွင် အထူးချွန်ဆုံး ပန်းချီသူတော်စင်နှစ်ဦးအဖြစ် လူသိများခဲ့သည်။ သူတို့၏ အနာဂတ်သည် အကန့်အသတ် မရှိခဲ့ပေ။

လီကျင့်စုန်၏ အရည်အချင်းသည် ယွဲ့ဟန်ကျွင်းထက် ပိုမို အားကောင်းသည်ဟုပင် ပြော၍ရပေသည်။

ထိုအချိန်က လူများစွာသည် ယနေ့အချိန်တွင်သာ ပန်းချီအင်မော်တယ်အဖြစ် မွေးဖွားလာခဲ့လျှင် မည်သူဖြစ်လာမည်လဲဆိုသည်ကို လူအများက တွေးတောကြပြီး လီကျင့်စုန်သည် လူကြိုက်အများဆုံး ဖြစ်ခဲ့သည်။

သို့သော် ယနေ့အချိန်အခါတွင် လီကျင့်စုန်၏ အခြေခံအုတ်မြစ်သည် ဖျက်ဆီးခြင်းခံခဲ့ရသည်။ သူသည် အဆင့်မြင့်ပန်းချီဆရာ ဖြစ်လာသော်လည်း တိုးတက်မှုမရှိဘဲ ဆယ်နှစ်ကျော်ကြာ ပုန်းအောင်းနေခဲ့သည်။ အချစ်ဝဲကမ္ဘာတွင် ပိတ်မိနေပြီး ဘယ်သောအခါမှ ရုန်းမထွက်နိုင်ခဲ့ချေ။

ဤကဲ့သို့ အလားအလာရှိသည့် လူငယ်လေးတစ်ယောက် ယခုလို ပျက်စီးသွားခြင်းက သနားစရာပင်။

ယနေ့ လီကျင့်စုန်သည် ထျန်းဟိုင်မြို့တော်သို့ ရောက်လာပြီး သူလိုချင်သည့်အဖြေကို ရခဲ့လေပြီ။ နှစ်ပေါင်းများစွာ ကြာညောင်းပြီးမှ အမှန်တရားကို သိလာခဲ့ရသည်။

မျောက်တစ်ကောင်ကဲ့သို့ ဆက်ဆံခံရပြီး သူ၏အနာဂတ်ကို ပျက်ပြားစေခဲ့ကြောင်းလည်း သူသိရှိခဲ့ရသည်။

ယခုအချိန်တွင် လီကျင့်စုန်သည် သူ၏နှလုံးသားထဲရှိ အရာအားလုံးကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။ သူ့အပေါ်ရှိ ဆယ်နှစ်ကျော်ကြာ တွယ်ကပ်ခဲ့သည့်နှောင်ကြိုးကို ယနေ့ ဤနည်းလမ်းဖြင့် အစစ်အမှန် ဖြည်ချခဲ့လေပြီ။ လီကျင့်စုန်သည် သူအသက်ရှင်ရပ်တည်ရန် ယုံကြည်ချက်၊ ရည်ရွယ်ချက်များအားလုံး ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

သေခြင်းတရားကသာ သူ့အတွက် စိတ်သက်သာရာ ရသလိုပင်။

ထို့ကြောင့် သူသည် လင်းချင်းကျီ၏ ပြိုင်ဘက်မဖြစ်နိုင်မှန်း သူသိသော်လည်း လင်းချင်းကျီနှင့် တိုက်ခိုက်ရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သေးသည်။

ယွဲ့ချင်းဝူက ထိုအရာကိုမြင်သောအခါ တစ်စုံတရာပြောချင်သော်လည်း သူမ၏ နှုတ်ဖျားသို့ရောက်လာချိန်တွင်မူ အဆုံး၌ ဘာမှပြန်မပြောခဲ့ပေ။

ယွဲ့ချင်းဝူ၏အမြင်အရ သေခြင်းတရားကသာ လီကျင့်စုန်အတွက် အဆုံးသတ်ကောင်း ဖြစ်နိုင်သည်။

သို့သော် လင်းချင်းကျီ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခါနီးတွင် ထျန်းဟိုင်မြို့တော်ရှိ ထိပ်တန်းဆရာသခင်ကြီးများက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီးနောက် လေဟာနယ်အထက်ရှိ ကောင်ကင်တစ်နေရာတွင် အမှန်တကယ် တုန်ခါသွားခဲ့သည်။

နောက်အခိုက်အတန့်တွင်တော့ ထျန်းဟိုင်မြို့တော်၏ ကောင်းကင်နေရာထက်တွင် အဖြူရောင်အဝတ်အစား ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

အဖြူရောင် အဝတ်အစား၊ ကြယ်များကဲ့သို့ မျက်လုံးတစ်စုံဖြင့် ထိုသူသည် သုံးလောကဘုံကို ဖုံးလွှမ်းကာ ဓာတ်ကြီးငါးပါးကို ချိုးဖျက်ပြီး ရောက်ရှိလာခဲ့သည်။

သူ၏ အသက်ရှုသံသည် မြေပြင်ထက်သို့ အင်မော်တယ်တစ်ပါး ဆင်းသက်လာသကဲ့သို့ လွင့်မျောနေသည်။

သူ၏ရုပ်သွင် ပေါ်ထွက်လာမှုနှင့်အတူ လူတိုင်းနီးပါး၏အာရုံသည် လင်းချင်းကျီနှင့် လီကျင့်စုန်တို့ထံမှ သူ့ဆီသို့ ပြောင်းလဲသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ထျန်းဟိုင်မြို့တော်မှ မြေအင်မော်တယ် ဆရာသခင်များပင်လျှင် ထိုလူသစ်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

ထိုမျှလောက်သော စွမ်းအားသည် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းသည်ဟု ခံစားရစေခဲ့သည်။ သူတို့ကို ဖိနှိပ်ရန်ဟူသည့် မရေမရာ ခံစားချက်များပင် ရှိနေသည်။

ဤလူက မည်သို့ဝင်ရောက်လာသည်ကို ကမ္ဘာ့ စွမ်းအားရှင်များ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ ၎င်းသည် ထျန်းဟိုင်မြို့တော်၌ ထိုတခဏအတွင်း ပေါ်လာပုံရသည်။

ယွဲ့ဟန်ကျွင်း၏ မျက်လုံးများသည် ယခုအချိန်တွင် အလွန်အမင်း ထိတ်လန့်အံ့သြသွားခဲ့သည်။

ထိုတုန်လှုပ်ချောက်ချားမှု‌၌ ကြောက်စိတ်မွှန်နေသည့် အရိပ်အယောင်ပင် ရှိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ရောက်လာသူနှင့်အတူ ပဲ့တင်ထပ်သော စိတ်ဝိညာဉ်တစ်မျိုးကို အမှန်တကယ် ခံစားခဲ့ရသောကြောင့် ဖြစ်သည်။

သူပျောက်ဆုံးနေခဲ့သော စိတ်ဝိညာဉ်ပင် ဖြစ်သည်။

လီကျင့်စုန်သည်လည်း ရောက်လာသည့်သူက မည်သူဆိုသည်ကို သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်ပြီးနောက် တကယ်ကိုပင် ထိုလူနှင့် ရင်းနှီးသည့်ခံစားချက်ကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် ယွဲ့ကျီမင်သည် ရှေ့သို့လှမ်းလာပြီး လက်သီးများကို ယဉ်ယဉ်ကျေးကျေး ဆုပ်ကိုင်လိုက်ကာ ပြောလိုက်သည်။

“ကျုပ်က ယွဲ့မိသားစုမှ ယွဲ့ကျီမင်ပါ… မင်းနာမည်နဲ့ ဒီနေ့ ဒီမှာရှိနေရတဲ့ အကြောင်းအရင်းကို ကျုပ်သိခွင့်ရှိမလား…”

ထိုသူသည် နဝမမြောက် ကောင်းကင်ထပ်တွင် မတ်တပ်ရပ်လျက် အောက်သို့ငုံ့ကြည့်နေပြီး သူ၏လျစ်လျူရှုသော မျက်လုံးများက အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်မှု တစ်မျိုးသာ ရှိနေခဲ့သည်။

လူအတော်များများက ထိုအရာကိုမြင်သည့်အခါ တုန်လှုပ်၊ခြောက်ခြားသွားကြသည်။ တစ်ဖက်လူသည် သူ့ကို အကြည့်တစ်ချက်ဖြင့်ပင် သတ်နိုင်သကဲ့သို့ ဖြစ်နေသည်။

“လီ ချန် ချင်း..”

“အကြွေးတောင်းဖို့ ငါ ဒီရောက်နေတာ…”

All Chapters