အပ်နှံပေးခြင်း
Vol. 75 Ch. 1156
မဟာဧကရာဇ် မျက်လုံးဖွင့်လိုက်သည်နှင့်ချက်ချင်း မည်းမှောင်နေသော ဂူသည် လင်းထိန်သွားသည်။ ရောင်စုံအလင်းရောင်သည် ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
ဤသည်မှာ ကြယ်တာရာများက နေရာပြောင်းရွှေ့သွားပြီး အရာအားလုံးက အသွင်ပြောင်းလဲသွားဟန် ရသည်။ လှိုင်ဂူသည် ရောင်စုံအလင်းရောင်ဖြင့် လွှမ်းခြုံခံလိုက်ရပြီးနောက် ကျယ်ပြောလှသော ကြယ်တာရာဟင်းလင်းပြင်ဖြင့် အစားထိုးခံလိုက်ရသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းက ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်သို့ ဆွဲခေါ်ခံလိုက်ရပြီး အကန့်အသတ်မဲ့သော ကြယ်တာရာကောင်းကင်ပေါ်မှာ ထွက်ပေါ်လာဟန် ရသည်။ ကြယ်အလင်းရောင်သည် ဘေးပတ်ဝန်းကျင်မှာ တလက်လက် တောက်ပနေပြီး နဂါးငွေ့တန်းက အဝေးမှာ စီးဆင်းနေဟန် ရ၏။
တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော ကြယ်ဂြိုလ်များသည် နဂါးငွေ့တန်းထဲမှာ ထွက်ပေါ်လာကြပြီး မြှောက်တတ်လာကြသည်။ ထို့နောက် ယင်းတို့က အတူတကွ စုဝေးသွားပြီး နောက်ဆုံးမှာတော့ ရှည်လျားသော ဧရာမပုံရိပ်တစ်ခုကို ဖွဲ့စည်းသွားကြသည်။
ကြယ်အလင်းရောင်ထဲမှ ပုံရိပ်သည် တောက်ပသော ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထွန်းလင်းတောက်ပသော ဧကရာဇ်သရဖူကို သူ၏ ဦးခေါင်းထက်မှာ ဆောင်းထားသည်။ သူ၏ မျက်နှာသည် ဂုဏ်ကျက်သရေဖြင့် ပြည့်နှက်နေသည်။
သူက မဟာဧကရာဇ်ဖြစ်သည်။
ကြယ်ဂြိုလ်များဖြင့် ဖွဲ့စည်းထားသော မဟာဧကရာဇ်၏ ပုံရိပ်သည် ကြယ်တာရာကောင်းကင်ယံမှာ တင်ပျဉ်ခွေလျက် ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ရောင်ခြည်ရောင်ဝါများသည် စကြာဝဠာတစ်ခွင် ပျံ့နှံ့နေပြီး သူ၏ လွှမ်းမိုးနိုင်သော အရှိန်အဝါသည် ရှေးခေတ်ကာလအထိ ဖြန့်ကြက်ထားသည်။
ရွှီချင်းသည် မဟာဧကရာဇ်၏ အရှေ့မှာ ဖုန်မှုန့်တစ်ခုထက် မပိုပေ။
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။
“ ဓားကိုင်နန်းတော်ကို တည်ထောင်ရတဲ့ မူလရည်ရွယ်ချက်က ဘာလဲ ငါ့ကိုပြောပြပါ ”
လေးနက်သော အသံသည် ကြယ်တာရာကောင်းကင်မှာ ပဲ့တင်ထပ်သွားသည်။ ယင်းက အာကာသဟင်းလင်းပြင်ကို တအိအိလှိုင်းထသွားစေပြီး မရေမတွက်နိုင်သော ကြယ်ဂြိုလ်များကို လှုပ်ယမ်းသွားစေသည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး မဟာဧကရာဇ်၏ ပုံရိပ်ကို ကြည့်လိုက်သည်။ သူက ရိုသေလေးစားသော အသံဖြင့် ပြန်ပြောသည်။
“ ဓားကိုင်နန်းတော်ရဲ့ မူဝါဒက လူသားမျိုးနွယ်အတွက် အထွတ်အမြတ်ဂုဏ်ကျက်သရေကို ဆောင်ကျဉ်းပေးပြီး မျိုးနွယ်အတွက် ထာဝရငြိမ်းချမ်းမှုနဲ့ ဖွင့်ဖြိုးတိုးတတ်မှုကို တည်ဆောက်ပေးရပါမယ်… အဲ့ဒါက ဓားကိုင်နန်းတော်ရဲ့ မူလရည်ရွယ်ချက်ပါ ”
“ ဓားကိုင်တစ်ယောက်ရဲ့ တာဝန်က ဘာလဲ ”
ဓားကိုင်ဧကရာဇ်က နောက်တစ်ခါ ထပ်မေးသည်။
“ ဓားကိုင်တွေက ဓားကို အမိန့်တော်အဖြစ် အသုံးပြုပြီး သက်ရှိအားလုံးကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်… သူတို့က သာမန်လူတွေအတွက် ကပ်ဘေးတွေကို ဓားနဲ့ ဖယ်ရှားရှင်းလင်းပေးပြီး လောကကို အလင်းဆောင်ကျဉ်းပေးဖို့ ကျိန်ဆိုခဲ့ကြတဲ့ လူတွေဖြစ်ပါတယ် ”
ရွှီချင်း၏ စကားက ပဲ့တင်ထပ်သွားသည်နှင့် မဟာဧကရာဇ်၏ ပုံရိပ်ကို ဖွဲ့စည်းထားသော ကြယ်ဂြိုလ်များသည် ပိုပြီးလင်းထိန်လာကြသည်။ ဤသည်မှာ ရွှီချင်း၏ အဖြေက သူ့နှလုံးသားထဲမှ အဖြေနှင့် အမှန်တကယ် တစ်ထပ်တည်းကျကြောင်း ၎င်းတို့က အသိအမှတ်ပြုပေးနေသည့်အလားပင်။
“ တကယ်လို့ မျိုးနွယ်ခြားတွေက ငါတို့ရဲ့ လမ်းကြောင်းအရှေ့မှာ လာပိတ်နေမယ်ဆိုရင်ရော ”
မဟာဧကရာဇ်၏ အသံက ပဲ့တင်ထပ်လာသည်။ ထိုစကားများထဲမှာ ထက်ရှသော စိတ်ဆန္ဒတစ်ခု ပါရှိသည်။
ရွှီချင်း၏ အမူအရာသည် ပိုပြီးတည်ကြည်လေးနက်လာသည်။ သူက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ သတ်ပစ် ”
“ တကယ်လို့ ငါတို့ကို တားဆီးတဲ့လူတွေက လူသားတွေဖြစ်နေရင်ရော ”
ရွှီချင်းသည် လုံးဝမတုံ့ဆိုင်းဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
“ သတ်ပစ်… ဘုရင်က လူတစ်သောင်းကို ကိုယ်စားပြုပြီးတော့ ဧကရာဇ်တွေထက် ပိုပြီးသာလွန်မြင့်မြတ်ပါတယ်… ဒီစကားရဲ့ အဓိပ္ပာယ်ဟာ ဓားကိုင်ဝန်ကြီးတစ်ယောက်က ဘုရင်အောက်က ဘယ်သူ့ကိုမဆို သတ်ပစ်နိုင်တယ်လို့ ဆိုလိုပါတယ် ”
“ အဲ့ဒါ ဘယ်လိုဘုရင်မျိုးလဲ ”
မဟာဧကရာဇ်၏ ပုံရိပ်က ကြယ်အလင်းရောင်ဖြင့် ထွန်းလင်းတောက်ပလာစဉ် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသော သူ၏ အသံသည် ကြယ်တာရာကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားပြီး အဆုံးမဲ့သော အအေးဓာတ်ကို ဖန်တီးဖြစ်ပေါ်စေသည်။
ရွှီချင်းသည် ရပ်တန့်သွားပြီး ခေါင်းငုံ့လိုက်သည်။ ထိုမေးခွန်းကို စဉ်းစားရန် သူအချိန်လိုအပ်သည်။
အချိန်တစ်ခဏကြာပြီးနောက် သူက ခေါင်းပြန်မော့လိုက်သည်။ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်သန်းသွားစဉ် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ ရှေးဘုရင်လား ”
မဟာဧကရာဇ်သည် မည်သည့်စကားမှ မပြောပေ။ ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် လောကဓံ၏ အနိမ့်အမြင့်အတတ်အကျ ကိန်းဝပ်နေသော မဟာဧကရာဇ်၏ အသံသည် ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ဓားကိုင်တွေအတွက်တော့ အဲ့ဒီဘုရင်က ရှေးဘုရင်နဲ့ လူသားဧကရာဇ်ကို ရည်ညွှန်းတယ်… ဒါပေမဲ့ ဓားကိုင်နန်းတော်အတွက်တော့ ဘုရင်က လူပုဂ္ဂိုလ်ကို ရည်ညွှန်းတာမဟုတ်ဘူး ”
“ ဘုရင်တစ်ပါးရဲ့ တာဝန်က မျိုးနွယ်စုကို ဆက်လက် ရှင်သန်ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးရတယ်… အဲ့ဒါကြောင့် ဘုရင်ဆိုတာ… မျိုးနွယ်စုရဲ့ ရှင်သန်ရပ်တည်နိုင်မှုပဲ… ”
“ ဆိုရိုးစကားအတိုင်း ဘုရင်အောက်က ဘယ်သူ့ကိုမဆို သတ်ပစ်နိုင်တယ်… အဲ့ဒီစကားက ဓားကိုင်နန်းတော်အတွက်တော့ မျိုးနွယ်စုရဲ့ ရှင်သန်ရပ်တည်နိုင်မှုကို ပိတ်ပင်တားဆီးမယ့် ဘယ်သူ့ကိုမဆို သတ်ပစ်နိုင်တယ်လို့ အဓိပ္ပာယ်ရတယ် ”
“ တစ်ဖက်လူက ဘုရင်ဖြစ်နေတယ်ဆိုရင်တောင်မှပေါ့ ”
ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ ထိုစကားက သူ၏ အသက်ရှူသံကို အနည်းငယ် မြန်ဆန်သွားစေသည်။ ယင်းက ဓားကိုင်များအပေါ် သူနားလည်ထားသော အဓိပ္ပာယ်နှင့် ခြားနားနေသည်။
တစ်ချိန်တည်းမှာ သူက ဓားကိုင်တစ်ယောက်နှင့် ဓားကိုင်နန်းတော်ကြားမှ ခြားနားချက်ကို သင်ယူခဲ့ရသည်။
ရှေးဦးဓားကိုင်များသည် မဟာဧကရာဇ်ကိုယ်တိုင် ဖွဲ့စည်းခဲ့သော ဓားကိုင်နန်းတော်မှ ဆင်းသက်လာကြခြင်း ဖြစ်သည်။
“ ဒါပေမဲ့ ဘယ်အခွင့်အာဏာမှာမဆို အကန့်အသတ်တော့ ရှိသင့်တယ်… ဒါကြောင့် ဓားကိုင်နန်းတော်ကနေ ဓားကိုင်တွေကို မွေးထုတ်ပြီးတဲ့နောက်မှာ ငါက အမိန့်တော်တစ်ခုကို ထုတ်ပြန်ခဲ့တယ်… ငါသေဆုံးပြီးသွားတဲ့နောက် ခေတ်အဆက်ဆက်မှာ ဓားကိုင်နန်းတော်ရဲ့ အမွေဆက်ခံသူတစ်ယောက် ရှိရမယ်… သူ့ရဲ့ တာဝန်က… ကြီးကြပ်အုပ်ချုပ်ရမယ်… ဓားကိုင်နန်းတော်ရဲ့ အမွေဆက်ခံသူပဲ စောစောက ငါမင်းကို ပြောသွားခဲ့တဲ့ အခွင့်အာဏာကို ပိုင်ဆိုင်နိုင်လိမ့်မယ် ”
“ နွေဦးအင်မော်တယ်နန်းတော်ကတော့ သမိုင်းကြောင်းတွေကို မှတ်တမ်းတင်ရတဲ့ အလုပ်အပြင် ဓားကိုင်နန်းတော်ရဲ့ အမွေဆက်ခံသူတွေကို ကြီးကြပ်ညွှန်ကြားပေးဖို့လည်း တာဝန်ရှိထားတယ်… ဒါမှပဲ စက်ဝိုင်းတစ်ခုလို လည်ပတ်နေလိမ့်မယ် ”
“ ဒါပေမဲ့ အဲ့ဒီအမိန့်တော်က တစ်ခါမှ အမှန်တကယ် မပြီးမြောက်ခဲ့ဘူး ”
“ ငါ့ရဲ့ ကိုယ်ပွားမှာ အသက်ဓာတ်အကြွင်းအကျန်တချို့ ကျန်ရှိနေသေးတာကြောင့်ရယ်… နောင်ပိုင်းမျိုးဆက်တွေရဲ့ အပြောင်းအလဲတွေက ငါ့ကို စိတ်မချရဖြစ်စေတယ်… ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ နှလုံးက လှုပ်ခါသွားသည်။ ဓားကိုင်နန်းတော်၏ အမွေဆက်ခံသူဆိုသည်မှာ လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်မှုအတွက် နောက်ဆုံးအာမခံဖြစ်ကြောင်း သူနားလည်သည်။
ကြယ်တာရာကောင်းကင်ထဲတွင် မဟာဧကရာဇ်သည် ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး နောက်ထပ် မပြောတော့ပေ။ ယင်းအစား သူက မျက်လုံးမှိတ်လိုက်သည်။ ဤသည်မှာ ဤတစ်ကြိမ် သူနိုးထလာခြင်းက ရွှီချင်းကိုခေါ်ပြီး ထိုအာမခံအကြောင်းကို ပြောပြချင်ခြင်း ဖြစ်ဟန်ရသည်။
သူက မျက်လုံးမှိတ်လိုက်သည်နှင့်ချက်ချင်း ကြယ်တာရာကောင်းကင်သည် ဝေဝါးလာပြီး ကြယ်ဂြိုလ်များသည် မှေးမှိန်သွားသည်။ အရာအားလုံးသည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားပြီး ဂူ၏ အသွင်သဏ္ဍာန်က ပြန်ထွက်ပေါ်လာသည်။ မဟာဧကရာဇ်၏ ကြီးကျယ်မြင့်မြတ်သော ပုံရိပ်သည်လည်း တဖြည်းဖြည်း လွင့်ပြယ်သွားပြီး အသက်ဓာတ်ရစ်ဝဲနေသော အရိုးခြောက်အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။
ရွှီချင်းသည် ဖြည်းညင်းစွာ အနောက်ဆုတ်မသွားခင် ခေါင်းငုံ့လိုက်ပြီး ဦးညွတ်လိုက်သည်။
သို့သော်လည်း သူက ဂူထဲမှ ထွက်သွားတော့မည့်အချိန် ကြယ်တာရာကောင်းကင်က ဂူအဖြစ်သို့ ပြန်ပြောင်းလဲသွားနေစဉ် မျက်လုံးမှိတ်ထားသော မဟာဧကရာဇ်က ရုတ်တရက် ပြောသည်။
“ နှလုံးသားအလင်းစစ်ဆေးမှုမှာ ငါပြောခဲ့တဲ့စကားကို မင်းမှတ်မိနေသေးလား ”
ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားပြီး သူက ခေါင်းညိတ်လိုက်သည်။
“ ဘာကိစ္စတွေပဲဖြစ်လာပါစေ ငါ့နှလုံးသားက ဘယ်တော့မှ မပြောင်းလဲပါဘူး ”
မဟာဧကရာဇ်သည် မည်သည့်စကားမှ ထပ်မပြောတော့ပေ။ အရာအားလုံးသည် အပြည့်အဝ ပြန်ပြောင်းလဲသွားသည်။ ရွှီချင်း၏ ပုံရိပ်သည် ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်နှင့်အတူ လွင့်ပြယ်သွားသည်။
မဟာဧကရာဇ်သည် ထပ်မံ အိပ်မောကျသွားသည်။
နန်းမြို့တော်၏ ကောင်းကင်ယံပေါ်မှ သက်တံ့များသည် လွင့်ပြယ်သွားသည်။
ရွှီချင်း၏ ပုံရိပ်သည် ဓားကိုင်နန်းတော်၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။ အရာအားလုံးသည် သူတစ်ယောက်တည်းသာ သိရှိနိုင်သော အိမ်မက်ဖြစ်ဟန် တူသည်။
သူ၏ ပြန်ရောက်ရှိလာမှုက မရေမတွက်နိုင်သော အကြည့်များနှင့် နတ်ဘုရားစိတ်အာရုံများကို ဆွဲဆောင်သွားသည်။
နန်းမြို့တော်ထဲမှ အင်အားစုများသည် ရွှီချင်းကို အာရုံစိုက်လာကြသည်။ မဟာဧကရာဇ်က ရွှီချင်းအား ခေါ်တွေ့ပြီး မည်သည့်စကားကို ပြောခဲ့ကြောင်း သူတို့မသိကြပေ။ သို့သော်လည်း ရွှီချင်းက ဓားကိုင်နန်းတော်ထဲမှ ပျောက်ကွယ်သွားပြီး ပြန်ရောက်မလာခင်အထိ ဆယ့်ငါးမိနစ်ကြာမြင့်ခဲ့ကြောင်း သူတို့သိထားကြသည်။
ဘေးပတ်ဝန်းကျင်မှ ဓားကိုင်များသည် ရွှီချင်းကို ကြည့်လိုက်ကြသည်။ ထိုထဲမှာ ဤမျိုးဆက်၏ ဓားကိုင်နန်းတော်သခင်လည်း ပါဝင်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောသလို မမေးမြန်းပေ။ သူက ရွှီချင်းကိုသာ အချိန်အတန်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ မကြာမီ သူက ဓားကိုင်နန်းတော်ထဲသို့ ပြန်ဝင်ရောက်သွားသည်။
သူထွက်ခွာသွားပြီးနောက် ဓားကိုင်အားလုံးသည် သူ့နောက်သို့လိုက်၍ ဓားကိုင်နန်းတော်ထဲသို့ ပြန်ဝင်ရောက်သွားကြသည်။ သို့သော်လည်း ရွှီချင်း၏ ပုံရိပ်သည် ဓားကိုင်အားလုံး၏ စိတ်ထဲမှာ စွဲထင်ကျန်နေခဲ့သည်။
သူတို့ထွက်သွားကြသည်နှင့် ဓားကိုင်နန်းတော်၏ အပြင်ဘက်ဧရိယာသည် ဟာလာဟင်းလင်းဖြစ်သွားသည်။
ရွှီချင်းတစ်ယောက်တည်းသာ နေရာမှာ မျက်လုံးမှိတ်ထား၍ ရပ်နေသည်။ အစောနက မဟာဧကရာဇ်နှင့် သူတွေ့ဆုံခဲ့သော မြင်ကွင်းများက သူ၏ စိတ်ထဲမှာ တဖန်ပြန်ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ဝမ်းနည်းပူဆွေးသော စိတ်ခံစားမှုက သူ၏ နှလုံးသားထဲမှာ တဖြည်းဖြည်း ပေါ်လျှိုးလာသည်။
“ မဟာဧကရာဇ်က သေဆုံးတော့မယ်… ”
ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သူက အပ်နှင်းခံခဲ့ရသည်ဟု ခံစားမိသည်။ သူက လူသားမျိုးနွယ်၏ ကံကြမ္မာနှင့်အတူ အပ်နှင်းခံခဲ့ရခြင်း ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်ပြီး လက်သီးဆုပ်လိုက်ကာ ဓားကိုင်နန်းတော်ဆီသို့ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ထွက်ခွာသွားသည်။
ညကောင်းကင်ယံတွင်…
ဖိုးလမင်းသည် ထိန်လင်းစွာ တောက်ပနေပြီး ကြယ်ကလေးများသည် ကောင်းကင်ယံတွင် ကျိုးတိုးကျဲတဲသာ ထွက်ပေါ်နေကြသည်။ ရွှီချင်းက လမ်းပေါ်မှာ လမ်းလျှောက်နေစဉ် နူးညံ့သိမ်မွေ့သော လေပြေက သူ့အား တိုးဝှေ့သွားသည်။ လေပြေတိုးဝှေ့မှုကြောင့် သူ၏ အဝတ်အစားသည် တဖျပ်ဖျပ်လှုပ်ခတ်သွားပြီး သူ၏ ဆံပင်ရှည်သည် လွင့်မျောသွားသည်။
ဤနေရာမှ လေသည် ဖုန်းဟိုင်ဒေသငယ်မှ လေနှင့် ခြားနားသည်။
လေသည် စိုစွတ်ခြင်းမရှိပေ။ အနည်းငယ် ခြောက်သွေ့သည်။
လေက သူ၏ ခန္ဓာကိုယ်ကို တိုးဝှေ့သွားသည့်အခါတိုင်း မရင်းနှီးသော ခံစားမှုကို ဖြစ်ပေါ်စေသည်။
ရွှီချင်းသည် အရှေ့သို့ တိတ်တဆိတ် ဆက်လျှောက်သွားသည်။ မဟာနန်းမြို့တော်ဒေသကြီးဆီသို့ ရောက်ရှိလာပြီးနောက် ဖြစ်ပျက်ခဲ့သော ကိစ္စများက သူ၏ စိတ်ထဲမှာ တစ်ခုပြီးတစ်ခု ပြန်ပေါ်လာသည်။ စိတ်တည်ငြိမ်ရန်အတွက် အချိန်တချို့ သူလိုအပ်သည်။
ထိုသို့ဖြင့် အချိန်အတော်ကြာပြီးနောက် နင်ယန်၏ စံအိမ်အပြင်ဘက်မှ ရေကန်ကို ရွှီချင်းက မြင်တွေ့သွားသည်။ လရောင်ခြည်အောက်မှာ ထိုရေကန်သည် ကြေးမုံတစ်ချပ်နှင့် အမှန်တကယ် တူညီသည်။ အကယ်၍ တစ်စုံတစ်ယောက်က ရေကန်ကို အချိန်အကြာကြီး ကြည့်မိမည်ဆိုလျှင် ရေကန်ထဲမှ လသည် ကောင်းကင်ပေါ်မှ လထက် ပိုပြီးစစ်မှန်ကြောင်း မှားယွင်းစွာ ခံစားရမိလိမ့်မည်။
ထိုသို့ဖြင့် အချိန်သည် ဖြည်းညင်းစွာ စီးဆင်းသွားပြီး ညတစ်ည ကုန်ဆုံးသွားသည်။
ရွှီချင်းသည် စံအိမ်သို့ ပြန်ရောက်လာပြီးနောက် တစ်ညလုံး တရားထိုင်ပြီး ယနေ့မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်တွေးတောလိုက်သည်။ နောက်ဆုံးမှာတော့ အာရုဏ်တတ်ချိန်သို့ ရောက်ရှိသွားသောအခါ သူက ခေါင်းမော့လိုက်ပြီး ဓားကိုင်နန်းတော်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်ကာ ညင်သာစွာ သက်ပြင်းချလိုက်သည်။
နေ့တစ်နေ့ ကုန်ဆုံးသွားသည့်အခါ မင်းသားတစ်ဆယ်၏ စံအိမ်ဆီသို့ ပေးပို့ခဲ့သော ကျောက်စိမ်းပြားသည် ပြန်လည်တုံ့ပြန်လာသည်။
မင်းသားတစ်ဆယ်သည် ငြင်းဆန်ခဲ့ပြီး ယင်းက အဓိပ္ပာယ်မရှိကြောင်း ပြန်ပြောခဲ့သည်။
ဤသည်မှာ ယုတ္တိမရှိပေ။
နန်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် ရွှီချင်း၏ လှုပ်ရှားမှုများသည် နန်းမြို့တော်တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။ သို့ဖြစ်၍ ဤအခြေအနေမျိုးမှာ ဦးနှောက်ရှိသော မည်သူမဆို ရွှီချင်း၏ နောက်ဆုံးစည်းကို စမ်းသပ်ချင်ကြမည်မဟုတ်ပေ။ ပုံမှန်အားဖြင့် သူတို့က ဘေးထွက်နေရန်သာ ရွေးချယ်ကြလိမ့်မည်။
အထူးသဖြင့် မဟာဧကရာဇ်က သူ့အား ဆင့်ခေါ်ခဲ့ပြီးနောက် ဖြစ်သည်။
ထို့ကြောင့် ယေဘုယျအားဖြင့်ဆိုရလျှင် မင်းသားတစ်ဆယ်သာ ရူးမနေလျှင် ပစ္စည်းများကို ပြန်လည်ပေးအပ်သင့်ပေသည်။
ရွှီချင်းသည် ခေါင်းခါလိုက်သည်။ မင်းသားတစ်ဆယ်က ငတုံးဖြစ်ကြောင်း သူထည့်မစဉ်းစားပေ။ ထို့ကြောင့် ပစ္စည်းများကို ပြန်လည်ပေးအပ်ရန် ငြင်းဆန်ခြင်းသည် မင်းသားတစ်ဆယ်၏ ကိုယ့်ကျိုးအတွက်ကြောင့်သာ ဖြစ်ရပေမည်။
“ နန်းမြို့တော်က တကယ်ရှုပ်ထွေးတာပဲ… ပြီးတော့ လူတိုင်းမှာ မျက်နှာဖုံးက တစ်ခုထက်ပိုရှိတယ် ”
အေးစက်စက်အလင်းတန်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက မတ်တတ်ရပ်လိုက်ပြီးနောက် နင်ယန်၊ ခုန်းရှန်းလုံနှင့် တခြားလူများကို ခေါ်ဆောင်လိုက်ပြီး စံအိမ်ထဲမှ ထွက်ခွာသွားသည်။
ခေါင်းဆောင်နှင့် နတ်မိမယ်ကျစ်ရွှမ်းသည်တော့ သူတို့သည် မနက်အစောကြီးကတည်းက အပြင်ထွက်သွားကြပြီ ဖြစ်သည်။
မင်းသားတစ်ဆယ်၏ စံအိမ်ဆီသို့ လမ်းတစ်လျှောက်တွင် နင်ယန်သည် ရွှီချင်းကို ချီးမွမ်းခြင်းနှင့် ကြောက်ရွံ့ရိုသေခြင်းဖြင့် ကြည့်လိုက်သည်။ မနေ့က မဟာဧကရာဇ်၏ နိုးထလာမှုကို ပုံမှန်အားဖြင့် သူသိထားပေသည်။
ထို့နောက် သူက မင်းသားတစ်ဆယ်၏ လုပ်ဆောင်မှုကို တွေးမိသွားသည်။ သူက ရွှီချင်း၏ အနားသို့ တိုးကပ်သွားပြီး လေသံတိုးတိုးဖြင့် ပြောသည်။
“ ဆရာရွှီ… မင်းသားတစ်ဆယ်က အကြင်နာမဲ့တဲ့လူပါ… သူ့မှာ သာမန်အရည်အချင်းပဲရှိပြီး ငယ်ငယ်လေးကတည်းက သူ့မယ်တော်ဘက်က ကလန်ရဲ့ လျစ်လျူရှုတာကို ခံခဲ့ရတယ်… ဧကရာဇ်ကတောင် သူ့ကို ဂရုမစိုက်ဘူး… ငါ့မယ်တော်က သူ့အပေါ် သနားပြီးတော့ နန်းတော်ထဲမှာ သူ့ကို နှစ်တွေအကြာကြီး ပြုစုစောင့်ရှောက်ပေးခဲ့တယ်… ဒါပေမဲ့ ငါ့မယ်တော် သေဆုံးသွားတာနဲ့ချက်ချင်း သူက အဲ့ဒီကြင်နာမှုအားလုံးကို မေ့လျော့သွားပြီး ကျေးဇူးကန်းလာတယ် ”
“ ဟိုကိုရောက်တဲ့အခါ ငါတို့သိရလိမ့်မယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ နင်ယန်သည် နောက်ထပ် မပြောတော့ပေ။ သူတို့အုပ်စုသည် မြို့တော်၏ အရှေ့ပိုင်းသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။ မကြာမီ ခမ်းနားထည်ဝါသော စံအိမ်ကြီးတစ်ခုက သူတို့၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသည်။
စံအိမ်ကြီးသည် ရောင်ဝါတောက်ပသည်။ သို့ဖြစ်၍ မည်သူမဆို တစ်ချက်ကြည့်လိုက်ရုံဖြင့် စံအိမ်ကြီး၏ ခမ်းနားထည်ဝါမှုကို အလွယ်တကူ မေ့ပစ်နိုင်လိမ့်မည် မဟုတ်ချေ။ စံအိမ်ကြီး၏ အပြင်ဘက်မှ အစောင့်သားရဲရုပ်တုများကိုပင် ဝိညာဉ်ကျောက်တုံးများဖြင့် ထုဆစ်ဖန်တီးထားခြင်း ဖြစ်သည်။ စံအိမ်ကြီး၏ အတွင်းဘက်ထဲတွင် ဆူဆူညံညံ အသံများ ထွက်ပေါ်နေလေရာ ပွဲအခမ်းအနားတစ်ခု ကျင်းပနေဟန် ရ၏။
ရယ်မောသံများနှင့် တူရိယာသံများသည် စံအိမ်ကြီး၏ အတွင်းဘက်ထဲမှ ပဲ့တင်ထပ်လာသည်။
ဂိတ်တံခါး၏ အပြင်ဘက်တွင် အစောင့်အကြပ်နှစ်ယောက် ရှိသည်။ ထိုအစောင့်နှစ်ယောက်သည် ရွှီချင်း၏ ရောက်ရှိလာမှုကြောင့် အနည်းငယ် စိုးရိမ်ကြောင့်ကြလာသည်။ ဤသည်မှာ သူတို့က မဟာရန်သူတော်ဖြင့် ရင်ဆိုင်နေရသည့်အလား ကျင့်ကြံခြင်းအခြေခံသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။
ရွှီချင်းသည် စံအိမ်ထဲသို့ အတင်းကာရော ဝင်ရောက်သွားရန် မရွေးချယ်ခဲ့ပေ။ ယင်းအစား သူ၏ ရောက်ရှိလာမှုကို အစောင့်တစ်ဦးအား အကြောင်းကြားခိုင်းလိုက်သည်။ သို့သော်လည်း အချိန်အတန်ကြာအောင် စောင့်ဆိုင်းပြီးသည့်တိုင် မည်သည့်တုံ့ပြန်မှုမှ ပြန်မရသဖြင့် သူက တစ်ခဏတွေးတောလိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။
အစောင့်နှစ်ယောက်သည် သူ့အား တားဆီးရန် ဟန်ပြင်လိုက်ကြသည်။ သို့သော်လည်း သူတို့၏ အမြင်အာရုံက ဝေဝါးလာသည်။ ရွှီချင်းသည် သူတို့ကို ဖြတ်ကျော်သွားပြီး အနီရောင်ဂိတ်တံခါးအရှေ့သို့ ရောက်ရှိသွားသည်။ သူက တံခါးကို တွန်းဖွင့်လိုက်သည်။
သူ၏ တွန်းဖွင့်မှုကြောင့် တံခါးသည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး အက်ကွဲရာများက ရွှီချင်း၏ လက်ဖြင့် ထိတွေ့ထားသော နေရာမှအစပြု၍ ပျံ့နှံ့သွားကြသည်။ နောက်အခိုက်အတန့်မှာ တံခါးသည် အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားသည်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ အက်ကွဲသွားသော အပိုင်းအစများသည်တော့ ခြံဝန်းထဲမှာ ဟိုတစ်နေရာ သည်တစ်နေရာ လွင့်စင်သွားပြီး မြေပြင်ပေါ်မှာ ပြန့်ကျဲသွားသည်။ တစ်ချိန်တည်းမှာ စူးရှသော အသံသည် စံအိမ်၏ အတွင်းဘက်ထဲမှ ပျံ့လွင့်ထွက်လာသည်။ သိပ်မကြာမီ ပုံရိပ်တစ်ရာခန့်သည် ရွှီချင်းဆီသို့ တစ်ဟုန်းထိုး ပြေးလာကြသည်။
“ ရပ်စမ်း ”
“ ဒီနေရာက မင်းသားတစ်ဆယ်ရဲ့ စံအိမ်ပဲ… မင်းဘယ်လိုတောင် အတင့်ရဲတာလဲ ”
ထိုကျင့်ကြံသူတစ်ရာသည် ဒေါသတကြီး အော်ပြောနေကြသော်လည်း အကြောင်းအရင်းတချို့ကြောင့် သူတို့၏ အမြန်နှုန်းသည် အနည်းငယ် နှေးကွေးနေပြီး ပြေးလာနေသော မြည်သံသည်သာ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ သို့သော်လည်း မည်သူမှ အမှန်တကယ် အနားမကပ်ဝံ့ကြချေ။ ယင်းက ရွှီချင်းနှင့် တခြားလူများကို ခြံဝန်းအား ဖြတ်လျှောက်သွားနိုင်စေပြီး ပွဲအခမ်းအနား ကျင်းပနေသောနေရာဆီသို့ ချောမွေ့စွာ ရောက်ရှိသွားစေသည်။
ဤအခိုက်အတန့်မှာ ဒါဇင်ခန့်ရှိသော လူတချို့သည် ပွဲအခမ်းအနားထဲမှာ ထိုင်နေကြသည်။ အစေခံများသည် နေရာတိုင်းမှာ ရှိသည်။ မည်သို့ကြည့်ရှုပါစေ ဤသည်မှာ သောက်စားပျော်မြူးနေကြသော လူတစ်စုဖြစ်သည်။
ပွဲအခမ်းအနား၏ အလယ်တွင် လူငယ်တစ်ယောက်ရှိပြီး ထိုသူက လွှမ်းမိုးဖိနှိပ်သော အမူအရာဖြင့် မင်းသားဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အဝေးမှ လျှောက်လှမ်းလာနေသော ရွှီချင်းနှင့် နင်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။
“ ထွက်သွားစမ်း ”
ဘေးပတ်ဝန်းကျင်မှ လူတိုင်းသည် ရွှီချင်းတို့အုပ်စုကို ကြည့်လိုက်ကြသည်။
ရွှီချင်းသည် သူ၏ လာရင်းရည်ရွယ်ချက်အတိုင်း ဆောင်ရွက်လိုက်သည်။
သူက နင်ယန်ပိုင်ဆိုင်သော ပစ္စည်းကို ပြန်ယူဆောင်လိုက်သည်။
ထို့နောက် ရွှီချင်းသည် ဂိတ်တံခါး၏ အပြင်ဘက်သို့ လျှောက်သွားပြီး စံအိမ်ထဲသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ လေးနက်သော အဓိပ္ပာယ်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
စံအိမ်ထဲတွင် မင်းသားတစ်ဆယ်သည် မိန်းမောတွေဝေစွာ ရပ်ကြည့်နေမိသည်။ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့သွားပြီး ဘေးပတ်ဝန်းကျင်မှ လူများထံမှ ဖြစ်ပျက်ခဲ့သော ကိစ္စများကို သိရှိသွားပြီးနောက် သူက ဒေါသထွက်သွားသည်။
မင်းသားတစ်ဆယ် ဒေါသထွက်နေကြောင်း မြင်တွေ့သွားသောအခါ သူတို့က အမြန်နှုတ်ဆက်လိုက်ကြပြီး ထွက်ခွာသွားကြသည်။ မင်းသားတစ်ဆယ်သည် သူ၏ အစောင့်အားလုံးကို ပြင်းထန်စွာ အပြစ်ပေးလိုက်သည်။ သူ၏ ဒေါသတကြီး အော်သံက စံအိမ်ထဲမှာ ပဲ့တင်ထပ်သွားပြီးနောက် သူက အိမ်ခန်းဆောင်ဆီသို့ ခံပြင်းဒေါသထွက်သော အကြည့်နှင့်အတူ ဒုန်းစိုင်းပြေးသွားသည်။
သူက တံခါးပိတ်လိုက်သည့်အခိုက် မင်းသားတစ်ဆယ်၏ မျက်လုံးထဲမှ ခံပြင်းဒေါသထွက်သော အရိပ်အယောင်က ပျောက်ကွယ်သွားကြောင်း မည်သူမှ မမြင်လိုက်ကြချေ။ မင်းသားတစ်ဆယ်၏ ပါးစပ်ထောင့်က အပေါ်သို့ ပင့်တတ်သွားပြီး စိတ်ခံစားမှုတစ်စွန်းတစ်စ ထွက်ပေါ်လာသည်။
“ ဒေါ်လေးချင်း… ရှင်းဟိုင်ရဲ့ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိတယ်… ငါလုပ်ပေးနိုင်တာက ဒေါ်လေးရဲ့ ပစ္စည်းတွေကို ညီတော်ဆယ့်နှစ်ကိုယ်စား ထိန်းသိမ်းစောင့်ရှောက်ပေးတာပါပဲ… အခုတော့ ပစ္စည်းတွေက ပိုင်ရှင်မှန်ဆီ ပြန်ရောက်သွားပါပြီ ”
မင်းသားတစ်ဆယ်က စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သူ၏ မိသားစုမှ အကြီးအကဲများကို စဉ်းစားမိသွားသောအခါ သူက ခါးသီးမှုကို ခံစားမိသွားသည်။
အေးစက်ပြီး မထူးမခြားနားရှိသော နန်းတော်ထဲတွင် သူ့အား မိခင်တစ်ယောက်၏ နွေးထွေးမှုကို ပေးခဲ့သူကို ဘယ်သောအခါမှ သူမမေ့ပေ။
“ ကံမကောင်းစွာပဲ… ငါက ဒီနည်းလမ်းကိုပဲ အသုံးပြုနိုင်တယ်… ငါက ဒေါ်လေးဘက်ကဆိုတာ တခြားလူတွေ သိသွားလို့ မဖြစ်ဘူး… ဒေါ်လေးရဲ့ သေဆုံးမှုအကြောင်းအရင်းကို မရရအောင် ငါရှာဖွေမယ် ”