← Chapters

သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်(ဂ)

Vol. 75 Ch. 1159

သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်(ဂ)

Vol. 75 Ch. 1159

ဂိတ်တံခါးအပြင်ဘက်တွင် ကိန်းကြီးခန်းကြီးနိုင်သော ပုံစံဖြင့် ရေးသားထားသော စာလုံးကြီးသုံးလုံး ရှိသည်။

သေမျိုးလောကမျှော်စင်…

အဆောက်အဦးသည် ရောင်စုံအလင်းရောင်ဖြင့် ထွန်းလင်းတောက်ပနေသည်။ ဤနေရာသို့ ဝင်ထွက်သွားလာသူများသည် အလွန်နည်းပါးသော်လည်း ဖြတ်သွားဖြတ်လာများ၏ အကြည့်သည် ဤနေရာသို့ မကြာခဏ ကျရောက်လာလေ့ ရှိသည်။

ခြံဝန်းထဲတွင် စံအိမ်အများအပြား ရှိသည်။ ယင်းတို့ကို လူလုပ်တောင်တန်းများဖြင့် ပိုင်းခြားထားသည်။ သို့ဖြစ်၍ စံအိမ်များဆီသို့ ဝင်ပေါက်လမ်းကြောင်းသည် ခြားနားကြသည်။ ထို့ပြင် စံအိမ်များကို လွှမ်းခြုံထားသော စည်းချအစီအရင်များလည်း ရှိသည်။ ယင်းက ဤနေရာမှ စံအိမ်များကို သီးခြားတည်ရှိစေပြီး အသံလုံစေသည်။

မုန့်ယွင်ပိုင်သည် ဤနေရာကို မကြာခဏ ရောက်လာဖူးသည်မှာ ထင်ရှားသည်။ ထို့ကြောင့် သူရောက်ရှိလာသည်နှင့်ချက်ချင်း မျှော်စင်ထဲမှ အဖွားအို၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ သူက ပြုံးလိုက်ပြီး နွေးထွေးစွာ ကြိုဆိုရန် ထွက်လျှောက်လာသည်။

သူ့ကို အဖွားအိုဟုခေါ်ဆိုသော်လည်း အမှန်မှာ သူက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။ သူ၏ အသွင်ပုံစံသည် ဆွဲဆောင်မှုရှိသော်လည်း အနီးကပ်ကြည့်မည်ဆိုလျှင် သူ၏ မျက်လုံးထဲမှာ အေးစက်မှုတစ်စွန်းတစ်စ ထွက်ပေါ်နေကြောင်း သတိထားမိလိမ့်မည်။ အပြင်ပန်းက နွေးထွေးပြီး အတွင်းဘက်က အေးစက်ခြင်းသည် သူ၏ ဆွဲဆောင်မှုဖြစ်ဟန် ရ၏။

မုန့်ယွင်ပိုင်သည် အဖွားအို၏ ခါးကို သူ၏ လက်ဖြင့် ပွေ့ဖက်လိုက်ပြီး ရွှီချင်းထံသို့ လက်ညှိုးညွှန်ပြလိုက်သည်။

“ သူဘယ်သူလဲ သိလား ”

အဖွားအို၏ လှပသော မျက်ဝန်းက ရွှီချင်းပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏ သူငယ်အိမ်က ကျုံ့သွားသည်။

“ သခင်လေးရွှီရဲ့ ကြီးမြတ်တဲ့ နာမည်ကို မသိတဲ့လူ ရှိသေးလို့လား ”

ရွှီချင်းသည် ဤနေရာကို တည်ငြိမ်သော အကြည့်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူက ထိုသို့နေရာမျိုးဖြင့် အကျွမ်းတဝင်မရှိပေ။ ဟွမ်ခွန်းသည် ရွှီချင်းကို မြင်တွေ့ခဲ့စဉ်က လွန်စွာ ကြောက်ရွံ့ရိုသေခဲ့သော်လည်း ရင်းနှီးကျွမ်းဝင်သော ဤနေရာမျိုးတွင် သူ၏ ဂုဏ်ကျက်သရေကို အနည်းငယ် ထိန်းသိမ်းထားဆဲပင်။

ထိုသို့ဖြင့် မုန့်ယွင်ပိုင်၏ ရယ်မောသံများကြားမှာ အဖွားအိုသည် လမ်းကို ဦးဆောင်သွားသည်။

အမွှေးနံ့သာများသည် လေထဲမှာ စိမ့်ဝင်ပျံ့နှံ့နေပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။

ဤနေရာတွင် အစောင့်အကြပ်များစွာ ရှိသည်။ သူတို့က မုန့်ယွင်ပိုင်ကို မြင်သွားသည့်အခါတိုင်း ချက်ချင်း ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ကြသည်။

သူတို့က အရှေ့သို့ ဆက်လက် လျှောက်သွားစဉ် အချောအလှများစွာသည် ‌ကြော့ရှင်းတင့်တယ်စွာ ရွေ့လျားလှုပ်ရှားနေကြသည်။ သူတို့အားလုံးသည် ဆွဲဆောင်မှုရှိပြီး ထိပ်တန်းအဆင့် အလှပိုင်ရှင်များ ဖြစ်ကြသည်။ ရွှီချင်းနှင့် တခြားလူများ၏ ရောက်ရှိလာမှုကို သတိထားမိသွားသောအခါ မိန်းမလှအားလုံးနီးပါး၏ ရွှန်းလဲ့သော အကြည့်သည် ရွှီချင်းပေါ်မှာ ရပ်တန့်သွားကြသည်။

ရွှီချင်းသည် သူတို့ကို လျစ်လျူရှုထားသည်။

မကြာမီ အဖွားအို၏ လမ်းပြပေးမှုအောက်မှာ သူတို့သုံးယောက်သည် စံအိမ်တစ်ခု၏ အရှေ့သို့ ရောက်ရှိသွားကြသည်။ အပြင်ဘက်မှကြည့်လျှင် ဇီသာတီးခတ်နေသော ဝတ်ရုံဖြူအမျိုးသမီးတစ်ယောက်မှလွဲ၍ ထိုနေရာသည် ဟာလာဟင်းလင်း ဖြစ်နေသည်။

သို့သော်လည်း သူက တဖြည်းဖြည်း အနားကပ်သွားသည်နှင့်အမျှ ရေမျက်နှာပြင်ပေါ်မှာ ခြေချလိုက်သည့်အလား ခံစားမိသွားသည်။ ထို့နောက် ပုန်းကွယ်နေသော ဥယျာဉ်တစ်ခုက ရွှီချင်း၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသည်။

ဥယျာဉ်ထဲတွင် အလွန်ကြီးမားသော အင်မော်တယ်ရေကန်တစ်ခု ရှိသည်။ သိပ်သည်းသော ဝိညာဉ်ချီသည် ရေကန်ထဲမှာ ပျံ့နှံ့နေကာ ဤနေရာမှာရှိသော လူတိုင်းကို စိတ်အေးသွားစေပြီး ပျော်ရွှင်စေသည်။ ရေကန်နှင့် မနီးမဝေးတွင် လူငယ်ဆယ်ယောက်ကျော်သည် စကားပြောနေကြပြီး ရယ်မောနေကြသည်။

သူတို့တစ်ယောက်စီ၏ ဘေးတွင် မိန်းကလေးတစ်ယောက်ရှိသည်။ မိန်းကလေးတိုင်းသည် လှပပြီး တမူထူးခြားသော အလှကို ပိုင်ဆိုင်ထားကြသည်။

အလယ်တွင် ထိုင်နေသော လူသည် ကြယ်တာရာကောင်းကင်ပုံအား ရေးဆွဲထားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက ချောမောခန့်ညားပြီး သူ့မှာ ဓားသွားသဖွယ် ဖြောင့်တန်းသော မျက်လုံးနှင့် ကြယ်များသဖွယ် လင်းလက်သော မျက်လုံး ရှိသည်။ လက်ရှိအချိန်မှာ သူက ဘေးမှ အမျိုးသမီးတစ်ယောက်နှင့် စကားပြောနေသည်။

ထိုလူသည် ယနေ့ ပွဲအခမ်းအနားကို ဦးဆောင်ကျင်းပသူဖြစ်ပြီး ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်း၏ တော်ဝင်သားတော် ဖြစ်သည်။

အရှေ့သို့ လျှောက်သွားသည့်အခါ သာယာငြိမ့်ညောင်းသော တေးသံများက ပဲ့တင်ထပ်လာသည်။ အကသမလေးများသည် ကြော့ရှင်းတင့်တယ်စွာ ကပြလှုပ်ရှားနေကြပြီး သက်ဝင်လှုပ်ရှားသော လေထုကို ဖန်တီးနေသည်။

ရွှီချင်းနှင့် တခြားလူနှစ်ယောက်၏ ရောက်ရှိလာမှုကို မြင်သွားသောအခါ အင်မော်တယ်ရေကန်နားမှ လူတိုင်း၏ စိတ်အာရုံသည် ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။ အကြည့်အများအပြားက ရောက်ရှိလာသည့်အခါ မုန့်ယွင်ပိုင်သည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ကြယ်ဝတ်ရုံနှင့် လူငယ်ကိုကြည့်လိုက်ကာ ရယ်မောလိုက်သည်။

“ အကိုဖုန်း… ဟွမ်ခွန်းနဲ့ ငါက မိတ်ဆွေတစ်ယောက်ကို ဝင်ခေါ်နေတာကြောင့် နည်းနည်း နောက်ကျသွားတယ် ”

“ သူက ရွှီချင်းပါ… သူ့ကို မင်းတို့နဲ့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုလောက်ဘူးမလား… လူတိုင်း သူ့နာမည်ကို ကြားဖူးလောက်မှာပါ ”

မုန့်ယွင်ပိုင်က စကားပြောလိုက်သည့်အခါ လူတိုင်း၏ အကြည့်က ရွှီချင်းပေါ်သို့ တစ်ပြိုင်နက် ကျရောက်လာကြသည်။ လူတချို့က မတ်တတ်ရပ်လိုက်လေရာ အပြုံးက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာပြီး ရွှီချင်းထံသို့ ရင်းနှီးဖော်ရွေစွာ လက်သီးဆုပ်လိုက်ကြသည်။

ဖုန်းမျိုးရိုးနာမည်နှင့် တော်ဝင်သားတော်သည်တော့ ရွှီချင်းကို စုန်ချည်ဆန်ချည် ကြည့်၍ အကဲခတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူ၏ အမူအရာသည် အေးတိအေးစက်ဖြစ်နေခြင်း မရှိသလို ရင်းနှီးဖော်ရွေခြင်းလည်း မရှိပေ။ သူ၏ အမူအရာက ပုံမှန်အတိုင်းသာ ဆက်ရှိနေသည်။

ရွှီချင်းသည်လည်း ထို့အတူပင်။ သူက တိုတိုတုတ်တုတ် ပြန်နှုတ်ဆက်ပြီးနောက် ထိုင်ရန် နေရာတစ်နေရာကို ရှာဖွေလိုက်သည်။ မုန့်ယွင်ပိုင်သည် ရွှီချင်း၏ ဘေးမှာ ဝင်မထိုင်မီ ရယ်မောလိုက်ပြီး အားလုံးနှင့် စကားပြောလိုက်သည်။ သူက ရွှီချင်းကို ဤနေရာမှ လူတိုင်း၏ ဇစ်မြစ်အား လေသံတိုးတိုးဖြင့် ပြောပြလိုက်သည်။

အခြေခံအားဖြင့် သူတို့အားလုံးသည် လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်များ၏ နောင်သားမျိုးဆက်များ သို့မဟုတ် ဂိုဏ်းတော်ကြီးများ၏ တပည့်များ ဖြစ်ကြသည်။ သူတို့က ရွှီချင်းကို လေ့လာအကဲခတ်နေကြစဉ် ရွှီချင်းကလည်း သူတို့ကို ပြန်အကဲခတ်ကြည့်နေသည်။ သူတို့၏ အကြည့်ချင်း တွေ့ဆုံသွားသည့်အခါတိုင်း သူတို့၏ နှလုံးသားထဲမှာ မည်သို့တွေးနေပါစေ အပြန်အလှန် ပြုံးပြလိုက်ကြသည်။

မကြာမီ ချောမောလှပသော မိန်းမလှလေးများက လျှို့ဝှက်ဥယျာဉ်ဆီသို့ ရောက်ရှိလာကြသည်။ ယင်းက ဤနေရာမှ လေထုကို ပိုပြီးသက်ဝင်လှုပ်ရှားလာစေသည်။ ရွှီချင်း၏ ဘေးနားမှာ ထိုင်နေသော အသားဖြူဖြူ မိန်းမလှတစ်ယောက်က ပြုံးလိုက်သည်။

“ သခင်လေးကြည့်ရတာ နည်းနည်း စိုးရိမ်ကြောင့်ကြနေပုံပဲ ”

ရွှီချင်းသည် ချက်ချင်း တိတ်ဆိတ်သွားသည်။ သူက စိုးရိမ်ကြောင့်ကြနေခြင်းမဟုတ်သော်လည်း ဤသို့အခြေအနေမျိုးဖြင့် ရင်ဆိုင်ရခြင်းသည် သူ့ဘဝမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

တစ်ချိန်တည်းမှာ သေမျိုးလောကမျှော်စင်၏ ဘိုးဘေးခန်းမဆောင်ထဲဝယ် နတ်စင်အတွင်းမှ ယဇ်ပလ္လင်ပေါ်ရှိ ရွှံ့ခြေခွေးရုပ်တုသည် နတ်ဘုရားရောင်ခြည်တန်းကို ဖြည်းညင်းစွာ ထုတ်လွှတ်လာသည်။ ၎င်း၏ အသက်မဲ့နေသော မျက်လုံးသည် ယခု တလက်လက် တောက်ပလာပြီး အသက်ဝင်လာသည်။

ထို့နောက် ရယ်မောသံက ဘိုးဘေးခန်းမဆောင်ထဲမှာ တဖြည်းဖြည်း ပဲ့တင်ထပ်သွားသည်။

“ မောင်လေးကို တစ်ချက်လောက် ငါသွားကြည့်ရင်ကောင်းမလား… ”

All Chapters