သေမျိုးလောက၊ မိန်းမလှ၊ ယမကာအင်မော်တယ်
Vol. 75 Ch. 1160
ဤအခိုက်အတန့်မှာ သေမျိုးလောကမျှော်စင်၏ လျှို့ဝှက်ဥယျာဉ်ထဲမှ အင်မော်တယ်ရေကန်အတွင်းဝယ် ရယ်မောသံနှင့် သီချင်းသံက ပဲ့တင်ထပ်နေသည်။ ယောင်္ကျားများနှင့် မိန်းမများကြားမှ စိတ်ခံစားချက်အပြောင်းအလဲများသည် ဤနေရာမှာ တဖြည်းဖြည်း သိပ်သည်းလာသည်။
လျှို့ဝှက်ဥယျာဉ်ထဲမှ လူတိုင်း၏ စိတ်ခံစားချက်များက ပြင်းထန်လာသည်နှင့်အမျှ ဤနေရာမှ စည်းချအစီအရင်ထဲမှာ လှိုင်းအတတ်အကျများ ထွက်ပေါ်လာကြောင်း ရွှီချင်း အာရုံခံမိသည်။
ထိုစည်းချအစီအရင်၏ အကျိုးသက်ရောက်မှုသည် စုဝေးခြင်းဘက်သို့ တိမ်းစောင်းသွားသည်။ ယင်းက ဝိညာဉ်ချီစုဝေးခြင်းအစီအရင်နှင့် ဆင်တူသည်။ သို့သော်လည်း ဤတစ်ခုက စိတ်ခံစားချက်(၇)မျိုးနှင့် လိုအင်ဆန္ဒ(၆)မျိုးကို စုဝေးခြင်းဖြစ်သည်။
ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်ပြီး သူ့အရှေ့မှ သေရည်ခွက်ကို ကြည့်လိုက်သည်။ ခွက်ထဲမှ ပယင်းရောင်သေရည်သည် တမူထူးခြားသော အမွှေ့နံ့ကို ထုတ်လွှတ်နေသည်။ စောစောက သူတစ်ငုံသောက်ကြည့်ခဲ့စဉ်က ထိုသေရည်က ထူးခြားကြောင်း အာရုံခံမိခဲ့သည်။
“ သာမန်လူတွေက သေမျိုးလောကမျှော်စင်ရဲ့ သေရည်ကို မသောက်နိုင်ဘူး… တကယ်လို့ သူတို့က တစ်ငုံသောက်လိုက်ရင် ယစ်မူးသွားပြီး သေသွားလိမ့်မယ် ”
သူ၏ ဘေးမှ အမျိုးသမီးသည် ရွှီချင်း၏ အကြည့်ကို သတိထားမိသွားပြီး ပြုံးလိုက်သည်။
“ ဒီနေရာက သေရည်ကို ယမကာအင်မော်တယ်လို့ ခေါ်တယ်… အဲ့ဒါရဲ့ ဂုဏ်သတင်းကို လွန်လွန်ကြူးကြူး ချဲ့ကားပြောဆိုတာမျိုးရှိပေမဲ့ ဗဟာနတ္ထိအဆင့်အောက်က ကျင့်ကြံသူတွေက အဲ့ဒါရဲ့ သက်ရောက်မှုကို သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ပယ်ဖျက်နိုင်ဖို့ အရမ်းခက်ခဲတယ်… အတိုင်းအတာတစ်ခုထိဆိုရရင် အဲ့ဒါကို အဆိပ်သေရည်လို့ ခေါ်နိုင်တယ် ”
“ ဒါပေမဲ့ အဲ့ဒါက ခန္ဓာကိုယ်ပေါ် ထိခိုက်အနာတရ မဖြစ်စေပါဘူး… ဒါကြောင့်လည်း ဒီသေရည်က တန်ဖိုးကြီးနေရတာပါ… ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်ရံ ကျင့်ကြံခြင်းအခြေခံက သူ့ဘာသာ အလိုအလျောက် လှည့်ပတ်နိုင်ပါတယ်… ပြီးတော့ ငါတို့ခန္ဓာကိုယ်က ထူးခြားပါတယ်… ဒါကြောင့် သေရည်သောက်ပြီး ယစ်မူးဖို့ဆိုတာ အရမ်းခက်ခဲပါတယ် ”
“ ဒီယမကာအင်မော်တယ်ပဲ ငါတို့ကို ယစ်မူးစေပြီး စိတ်ခံစားချက်တချို့ကို အားကောင်းလာစေပါတယ် ”
“ ဒီနေရာက စည်းချအစီအရင်ကတော့ သေမျိုးလောကမျှော်စင်ရဲ့ ကျင့်ကြံတဲ့ နည်းလမ်းပါ ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ အကြည့်က လူတိုင်းထံသို့ ကျရောက်သွားသည်။ သူက အများကြီး နားမလည်ပေ။ အဆိပ်ကို လူသတ်ရာမှာသာ အသုံးပြုသင့်သည်။ မည်သို့ကြောင့် သူတို့က အဆိပ်ကို မျိုချပြီး ယစ်မူးခြင်းဆိုသော အရာကို ရှာဖွေနေရသနည်း။
နန်းဟွမ်ကုန်းမြေမှာဖြစ်စေ ဖုန်းဟိုင်ဒေသငယ်မှာဖြစ်စေ ထိုသို့ကိစ္စမျိုး မရှိခဲ့ပေ။
‘ နန်းမြို့တော်မို့လို့ ဒီလိုကိစ္စမျိုးရှိတာ ဖြစ်နိုင်တယ် ’
ရွှီချင်းက ယင်းကို သဘောမတူသော်လည်း မည်သည့်စကားမှ မပြောပေ။ ဤသေမျိုးလောကမျှော်စင်ထဲတွင် စည်းချအစီအရင်ကိုသာ သူအာရုံခံမိခြင်း မဟုတ်ပေ။ ဤနေရာမှ မိန်းကလေးအားလုံးက ဘေးပတ်ဝန်းကျင်မှ စိတ်ခံစားချက်စွမ်းအားကို စုပ်ယူနေကြောင်းလည်း သူအာရုံခံမိသည်။
ရွှီချင်းသည် ထိုသို့ပတ်ဝန်းကျင်မျိုးတွင် စိတ်မသက်မသာ ခံစားရသည်။ တစ်ချိန်တည်းမှာ သူက စက်ဆုပ်မှုကို ခံစားမိသည်။ မုန့်ယွင်ပိုင်က တခြားလူများနှင့် အပြန်အလှန်ခွက်တိုက်၍ ပျော်ရွှင်နေကြောင်း သူသတိထားမိသည်။ ဟွမ်ခွန်းသည်တော့ သူ့ဘေးမှ မိန်းကလေးတစ်ယောက်နှင့် တီးတိုးစကားပြောနေရင်း ပြုံးရွှင်နေသည်။
ထိုအရာအားလုံးက ရွှီချင်းအား ဤပတ်ဝန်းကျင်ထဲသို့ ရောနှောရန် အလွန်ခက်ခဲစေသည်။ ထို့ကြောင့် သူက ဤနေရာမှာ ဆက်မနေချင်တော့ဘဲ ထွက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ တောက်ပသော အလင်းရောင်သည် လျှို့ဝှက်ဥယျာဉ်ထဲမှာ ထွက်ပေါ်လာသည်။ အင်မော်တယ်ရေကန်ပေါ်မှ စည်းချအစီအရင်က အနီရောင်တောက်ပလာပြီး ပုံရိပ်နှစ်ခုက အပြင်ဘက်သို့ ထွက်လျှောက်လာသည်။
ထိုနှစ်ယောက်သည် အမျိုးသမီးများဖြစ်သည်။ ရွှီချင်းသည် အရှေ့ဆုံးမှ အမျိုးသမီးကို ယခင်က မြင်ဖူးသည်။ သူက သူတို့ကို လမ်းပြပေးခဲ့သော အဖွားအိုမှလွဲ၍ တခြားလူမဟုတ်ပေ။ သူ၏ အနောက်မှ အမျိုးသမီးသည်တော့ သူ၏ ထွက်ပေါ်လာမှုက အင်မော်တယ်ရေကန်၏ ထွန်းလင်းတောက်ပမှုကို ဖုံးလွှမ်းသွားဟန် ရ၏။
လူတိုင်းသည် ထိုအမျိုးသမီးကို လှမ်းကြည့်လိုက်ကြသည်။
ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းမှ တော်ဝင်သားတော်၏ အကြည့်သည်ပင် မီးတောက်လာသည်။ ဤနေရာသို့ ရောက်လာရသည့် သူ၏ ရည်ရွယ်ချက်က ထိုအမျိုးသမီးကြောင့် ဖြစ်သည်။
ထိုအမျိုးသမီးသည် သူ၏ မျက်နှာကို အစိမ်းရောင်ဇာပဝါဖြင့် ဖုံးလွှမ်းထားပြီး သူ၏ မျက်လုံးကိုသာ ထုတ်ဖော်ပြထားသည်။ သူ၏ မျက်လုံးသည် နွေဦးစမ်းရေပမာ ကြည်လင်သည်။ သူက ဖီးနစ်ပုံကို ဇာပန်းထိုးထားသော အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့အနောက်မှာ တွဲလောင်းရှည်ထွက်နေသော ဂါဝန်ကို ပန်းနုရောင် ဇာပဝါများဖြင့် အလှဆင်ထားသည်။ သူက သိမ်မွေ့ညင်သာသော ခြေလှမ်းနှင့်အတူ ဖြည်းညင်းစွာ လျှောက်လှမ်းလာနေရာ သူ၏ သေးကျင်သော ခါးကို ထင်သာမြင်သာစေသည်။
သူ၏ လှုပ်ရှားမှုတိုင်းမှာ ကြော့ရှင်းတင့်တယ်မှုဖြင့် ပြည့်နှက်နေပြီး အဆုံးမဲ့သော ဆွဲဆောင်မှုကို ထုတ်လွှတ်နေသည်။ သူ၏ လက်ထဲတွင် ရှေးဟောင်းကုချင်းတစ်လက်ကို ကိုင်ဆောင်ထားသည်။
သူ၏ ဆံပင်ကို လပြည့်ဝန်းဆံထုံးပုံစံ ထုံးဖွဲ့ထားသည်။ ယင်းက အဝေးမှ လူလုပ်တောင်တန်းများထက် သာလွန်ဟန်ရသော သူ၏ သိမ်မွေ့သော မျက်တောင်များကို ထင်သာပေါ်လွင်စေသည်။ သူ၏ ဆံနွယ်မှာ မြူခိုး၏ အနှစ်သာရ ကိန်းအောင်းနေသော အမွှေးနံသာတစ်မျိုး ရှိသည်။
သူက အမှန်တကယ် တုနှိုင်းမဲ့အောင် လှပသည်။ သူ၏ ထွက်ပေါ်လာမှုက ဤနေရာမှ ပန်းပေါင်းမျိုးစုံနှင့် သက်ရှိများ၏ ဆွဲဆောင်မှုကို မှေးမှိန်သွားစေသည်။
သူက ပေါ့ပါးညင်သာသော ခြေလှမ်းများနှင့်အတူ အင်မော်တယ်ရေကန်ထဲမှ ထွက်လျှောက်လာပြီး ပွဲအခမ်းအနား၏ အရှေ့ဆုံးနေရာသို့ လျှောက်သွားသည်။ သူက ယဉ်ကျေးမှုအရ အရိုအသေပေးပြီးနောက် ကျောက်စိမ်းစင်မြင့်ပေါ်မှာ ထိုင်လိုက်သည်။ ထို့နောက် သူက သိမ်မွေ့သော လက်လှုပ်ရှားမှုနှင့်အတူ ကုချင်းကို စတင်တီးခတ်လိုက်သည်။
ပထမသံစဉ်သည် ကြော့ရှင်းလှပပြီး နောင်တရမှုဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ထိုသံစဉ်၏ နောက်ကွယ်တွင် လျှို့ဝှက်ဇာတ်လမ်းတစ်ပုဒ် ရှိသည့်အလားပင်။
ထို့နောက် သံစဉ်သည် မြင့်တတ်သွားပြီး သာယာငြိမ့်ညောင်းစွာ ပျံ့လွင့်လာသည်။ ဤသည်မှာ လေထဲတွင် လိပ်ပြာများက ကခုန်နေကြသည့်အလား သို့မဟုတ် ညကောင်းကင်ယံတွင် ကြယ်ကလေးများက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြသည့်အလားပင်။
ဤသည်မှာ ကုချင်းတီးခတ်နေသော မိန်းကလေးက သူနှင့် သူ့ချစ်သူကြားမှ အမှတ်တရာအချိန်များကို ပြန်ပြောပြနေသည့်အလားပင်။ ယင်းက နားထောင်သူများ၏ နှလုံးသားထဲထိ ထိုးဖောက်သွားသည်။
ယင်းက လှပပြီး ပျော်ရွှင်ဖွယ်ကောင်းသည်။
သို့သော်လည်း မကြာမီ သံစဉ်က ထပ်မံပြောင်းလဲသွားသည်။ ဤတစ်ကြိမ်တွင် ခွဲခွာခြင်းနှင့် လွမ်းဆွေးခြင်းသံစဉ်က ထွက်ပေါ်လာသည်။
ဤသည်မှာ သူ့ချစ်သူက စစ်မြေပြင်သို့ မသွားမဖြစ် သွားရတော့မည့်အလား သူတို့နှစ်ယောက်သည် ခွဲခွာရတော့ပေမည်။ ယင်းက လွမ်းဆွေးသတိရမှုကို ဖြစ်ပေါ်စေသည်။
ထို့နောက် သံစဉ်များကြားထဲတွင် ဝမ်းနည်းဖွယ်တေးသွားတစ်ပုဒ် ထွက်ပေါ်လာသည်။ ဤသည်မှာ သူ့ချစ်သူကို ဤသီချင်းသံဖြင့် အသိပေးအကြောင်းကြားနေသည့်အလားပင်။
‘ ဒီနေရာက ရှင်အမြဲရှိနေတဲ့ နေရာလေးပါ… ရှင်ပြန်လာတဲ့အခါ သီချင်းကို တီးခတ်ပြမယ်… ရှင်ထွက်သွားတဲ့အခါ ဒီသီချင်းက ရှင့်ကို ထာဝရ ရည်ရွယ်နေလိမ့်မယ်… ’
လူတိုင်းက ရင်ထဲထိသွားကြသည်။
တဖြည်းဖြည်း ကုချင်းသံသည် ထပ်မံပြောင်းလဲသွားသည်။ ဤတစ်ကြိမ်တွင် သူရဲကောင်းဆန်မှုနှင့် ထက်ရှမှုတို့ ပါရှိသည်။ ယင်းက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားလေရာ နှင်းပွင့်ချပ်များကို မြေပြင်ပေါ်သို့ တဖွားဖွား ပြုတ်ကျလာစေသည်။
မျက်နှာကြက်သည် ချက်ချင်း မှောင်ရီသွားသည်။ မရေမတွက်နိုင်သော ကြယ်ကလေးများသည် မျက်နှာကြက်ပေါ်မှာ ထွက်ပေါ်လာကြပြီး လှည့်ပတ်သွားကြကာ အုတ်ဂူတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းသည် လူတိုင်း၏ အတွေးများကို လှုံ့ဆော်လိုက်သည်။ သူ့ချစ်သူက စစ်မြေပြင်မှာ သေဆုံးသွားကြောင်း ထိုမိန်းကလေး သိရှိသွားသည်ဟု သူတို့ခံစားမိသွားကြသည်။ သူ၏ အတွင်းစိတ်ခံစားချက်များသည် ရောပြွန်သွားပြီး ဝမ်းနည်းခြင်းနှင့် နှလုံးကွဲကြေသော ခံစားမှုက လောကတစ်ခွင်၊ ကောင်းကင်နှင့်မြေပြင်ကြားမှာ ပျံ့နှံ့သွားသည်။ သူ၏ စိတ်ခံစားမှုထဲမှာ အကူအညီမဲ့မှုနှင့် စိတ်အားငယ်ခြင်းတို့ ပါရှိသေးသည်။
အရိုးများက မိုင်ထောင်ချီအကွာမှာ ပိုင်ရှင်မဲ့စွာ လဲလျောင်းနေကြစဉ် မိသားစုတိုင်းသည် မြို့တော်အောက်မှာ ဝိညာဉ်များကို မြှုပ်နှံခဲ့ကြသည်။
သူ၏ ခင်ပွန်းက စစ်မြေပြင်မှာ သေဆုံးသွားသော်လည်း ဇနီးသည်၏ တည်ရှိမှုက နေ့အချိန်မှ ဖယောင်းတိုင်သဖွယ် တောင့်ခံနေရသည်။
အင်မော်တယ်ရေကန်နှင့် လျှို့ဝှက်ဥယျာဉ်သည် တိတ်ဆိတ်သွားသည်။
တချို့သည် ကောင်းကင်နက်မျိုးနွယ်နှင့် စစ်ပွဲအကြောင်းကို တွေးမိသွားကြသည်။ တချို့သည် သူတို့၏ ဘိုးဘေးများကို စဉ်းစားမိသွားကြသည်။
အဆုံးမှာတော့ သီချင်း၏ နောက်ဆုံးသံစဉ်သည် လေထဲမှာ အဆုံးမဲ့စွာ ရစ်ဝဲသွားပြီး ပထမသံစဉ်အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။
ဤသည်မှာ သူတို့က အချိန်နောက်ပြန်ဆုတ်သွားပြီး အတိတ်ကို ပြန်ရောက်သွားသည့်အလား သူတို့၏ ဘဝက ပထမဆုံး စတွေ့စဉ်ကလို သက်ပြင်းချနေရင်းနှင့်သာ…
“ သိပ်ကောင်းတယ် ”
တော်ဝင်သားတော်သည် မတ်တတ်ရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
သူက စကားပြောလိုက်သည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ လူတိုင်းသည် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လိုက်ကြသည်။ သူတို့အားလုံးသည် နှလုံးသားထဲမှ ထွက်ပေါ်လာသည့်အတိုင်း ချီးမွမ်းလိုက်ကြသည်။ ရွှီချင်းသည်ပင် နှလုံးလှုပ်ရှားသွားသည်။
သူသည် ယခင်က သီချင်းနားထောင်ဖူးသည်။ သို့သော်လည်း ဤတစ်ကြိမ်ကဲ့သို့ မကောင်းမွန်ပေ။ ဤသည်မှာ သူက ပုံပြင်တစ်ပုဒ်ကို အပြည့်အဝ နားထောင်ခဲ့ရသည့်အလားပင်။ သူ၏ အတွေးများသည်ပင် သူကိုယ်တိုင်သတိမထားမိဘဲ တစ်ဖက်လူ၏ ကုချင်းသံနောက်သို့ လိုက်ပါစီးမြောသွားခဲ့သည်။
မိန်းကလေးသည် ခေါင်းငုံ့လိုက်ပြီး သူ့အရှေ့မှ သေရည်ခွက်ကို ကောက်ယူလိုက်ကာ လူတိုင်းထံသို့ မြှောက်ပြလိုက်သည်။ ထို့နောက် သူက ဇာပဝါကို ညင်သာစွာ မြှောက်တင်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။
ဇာပဝါမြှောက်တင်သွားသည့် ထောင့်တွင် သူ၏ ဆွဲဆောင်မှုရှိသော မျက်နှာက ထွက်ပေါ်လာသည်။ သူ၏ အသားအရေသည် ကျောက်စိမ်းပမာ ဖြူဖွေးပြီး သိမ်မွေ့နူးညံ့သည်။ သေရည်ခွက်ကို ကိုင်ထားသော သူ၏ လက်သည် သေးသွယ်ပြီး ဆွဲမက်ဖွယ်ကောင်းသည်။
သူ၏ နှုတ်ခမ်းသည် ဇာမဏီငှက်သဖွယ် အနီရောင် ရဲရဲတောက်နေသည်။ သူက သေရည်ခွက်ကို အောက်ပြန်ချလိုက်စဉ် ပြုံးလိုက်လေရာ လူတိုင်း၏ နှလုံးသားကို ဖမ်းစားသွားသည်။
ယင်းက တစ်စုံတစ်ယောက်၏ နှလုံးသားကို ပရမ်းပတာလှုပ်ခတ်စေပြီး သူ့အား ပိုင်ဆိုင်ချင်စိတ် တဖွားဖွား ဖြစ်ပေါ်လာစေသည်။
ဤနေရာမှ စိတ်ခံစားချက်များက ပိုပြီးသိပ်သည်းလာကြောင်း အာရုံခံမိသွားသောအခါ အဖွားအိုသည် ပြုံးလိုက်ပြီး ပြောသည်။
“ ဂုဏ်သရေရှိသခင်လေးများရှင်… သူလေးက ငါတို့သေမျိုးလောကမျှော်စင်ရဲ့ နတ်သမီးလေး လင်းယောင်ပါ… ပုံမှန်ဆိုရင် လင်းယောင်က အပြင်ထွက်ခဲပါတယ်… ဒီနေ့ အရေးကြီးတဲ့ ဧည့်သည်တော်တွေ ရောက်နေတယ်လို့ ကြားမိတာနဲ့ သူ့ကို ငါသွားဖိတ်ခေါ်လာတာပါ ”
“ လင်းယောင်ရဲ့ စည်းမျဉ်းတွေကိုတော့ သခင်လေးအားလုံး သိထားပြီးကြမယ် ထင်ပါတယ် ”
အဖွားအိုက အပြုံးဖြင့် ပြောပြီးသွားသည်နှင့် ဖုန်းမျိုးရိုးနာမည်နှင့် တော်ဝင်သားတော်သည် ခေါင်းညိတ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောသည်။
“ ဒါပေါ့… ငါသိတယ်… လင်းယောင်က သူသဘောကျတဲ့လူရဲ့ ဘေးမှာ ထိုင်လိမ့်မယ်… ဒီကိစ္စကို အတင်းအကျပ်စေခိုင်းလို့ မရဘူး ”
သူက စကားပြောပြီးနောက် လင်းယောင်ကို ချစ်ခင်နှစ်သက်စွာ ကြည့်လိုက်သည်။ ဤတစ်ကြိမ် သူက လင်းယောင်ကြောင့် ရောက်ရှိလာခြင်းဖြစ်ပြီး တစ်ဖက်လူကို သူ၏ စိတ်ခံစားချက်အား အကြိမ်ပေါင်းများစွာ ထုတ်ဖော်ပြောကြားခဲ့သည်။ သူ၏ အသိအမြင်မှ တုံ့ပြန်မှုအရ တစ်ဖက်လူသည်လည်း သူ့ကို စိတ်ဝင်စားနေဟန် ရ၏။
ထို့ပြင် အရေးကြီးဆုံးသည် သေမျိုးလောကမျှော်စင်မှ အမျိုးသမီးကျင့်ကြံသူများသည် စိတ်ခံစားမှုမော့လျော့ခြင်းတာအိုကို ကျင့်ကြံကြသည်။ စိတ်ခံစားချက်များကို မေ့လျော့ရန် တစ်စုံတစ်ယောက်သည် ယင်းတို့ကို နှိုက်နှိုက်ချွတ်ချွတ် ခံစားကြည့်ဖူးရမည်။ ထိုအတွက် သူတို့က ရှာဖွေရမည်မဟုတ်ဘဲ ပေးအပ်ရလိမ့်မည်။ ထို့ကြောင့် သူတို့နှင့် ပထမဆုံးအကြိမ် တူနှစ်ကိုယ်ကျင့်ကြံခွင့်ရရှိသော အမျိုးသားသည် ကြီးမားသော အကျိုးကျေးဇူးများကို ခံစားခွင့်ရရှိလိမ့်မည်။
ထို့ပြင် အမျိုးသမီး၏ ကျင့်ကြံခြင်းက ပိုပြီးအဆင့်မြင့်မားလေ အကျိုးအမြတ်က ပိုပြီးကြီးမားလေ ဖြစ်သည်။
“ တကယ်လို့ လင်းယောင်နဲ့သာ တူနှစ်ကိုယ်ကျင့်ကြံနိုင်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဝိညာဉ်သိုက်အဆင့်ကနေ ဗလာနတ္ထိအဆင့်ကို ခြေချနိုင်ဖို့အတွက် ငါ့ကိုယ်ငါ ပိုပြီးတော့ ယုံကြည်မှုရှိလာလိမ့်မယ် ”
ဖုန်းမျိုးရိုးနာမည်နှင့် တော်ဝင်သားတော်က စိတ်ထဲမှာ တွေးတောနေစဉ် ကုချင်းကို ပွေ့ပိုက်ထားသော လင်းယောင်၏ ရွှန်းလဲ့တောက်ပသော မျက်ဝန်းထဲမှာ စိတ်ဓာတ်တတ်ကြွသော အကြည့် ထွက်ပေါ်လာသည်။
သူ၏ အကြည့်က လူတိုင်းထံသို့ ဖြတ်သန်းသွားပြီး နောက်ဆုံးမှာတော့ ရွှီချင်းပေါ်မှာ ရပ်တန့်သွားသည်။ သူက ခပ်ရေးရေး ပြုံးလိုက်ပြီး ကြော့ရှင်းတင့်တယ်စွာ လျှောက်သွားသည်။ လူတိုင်း၏ အကြည့်အောက်မှာ သူက ရွှီချင်း၏ ဘေးမှာ ဝင်ထိုင်လိုက်သည်။
ရွှီချင်း၏ ခန္ဓာကိုယ်သည် ချက်ချင်း တောင့်တင်းသွားသည်။ ထိုတုံ့ပြန်မှုက သူ့အား ချက်ချင်း သတိအနေအထားသို့ ဝင်ရောက်သွားစေသည်။
သူက ထိုအမျိုးသမီးကို လုံးဝမသိပေ။ သို့သော်လည်း ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာတင် တစ်ဖက်လူက သူ့ဘေးမှာ ထိုင်ရန် ရွေးချယ်ခဲ့ခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်နိုင်ပေ။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘေးမှာ ထိုင်နေသော မိန်းကလေးကို ကြည့်လိုက်သည်။
လင်းယောင်၏ လှပသော မျက်ဝန်းထဲမှာ စိတ်ဓာတ်တတ်ကြွမှုဖြင့် ပြည့်နှက်နေသည်။ သူက ရွှီချင်းကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
“ သခင်လေး… ဘာလို့ ငါ့ကို အဲ့လိုမျိုးကြည့်နေတာလဲ ”
သူ၏ အသံသည် သိမ်မွေ့ညင်သာပြီး ညှို့ဓာတ်တစ်မျိုး ပါရှိသည်။ ဤသည်ကို ကြားသောအခါ ရွှီချင်း၏ ဘေးမှာ ထိုင်နေသော မုန့်ယွင်ပိုင်သည် သူ၏ နှလုံးသားက လှိုင်းထသွားကြောင်း ခံစားမိသွားသည်။ ဖုန်းမျိုးရိုးနာမည်နှင့် တော်ဝင်သားတော်သည်တော့ အမူအရာကင်းမဲ့စွာ ဆက်ရှိနေသည်။ သူက အကြည့်ပြန်ရုပ်လိုက်ပြီး မည်သည့်စကားမှ မပြောပေ။ သူက သေရည်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူက သေရည်ခွက်ကို အောက်ပြန်ချလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။
တခြားလူများသည်တော့ သူတို့၏ အမူအရာများက အစဉ်အမြဲ ပြောင်းလဲနေကြသည်။ သူတို့က ရွှီချင်းကိုတစ်လှည့် တော်ဝင်သားတော်ကိုတစ်လှည့် ကြည့်လိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ လူတိုင်းက တိတ်တဆိတ် ဆက်သွယ်ပြောဆိုနေကြသည်။
ထိုစဉ် တော်ဝင်သားတော်၏ ဘေးမှာ ထိုင်နေသော လူငယ်သည် ရွှီချင်းနှင့် တော်ဝင်သားတော်ကို တစ်ခဏကြာ စစ်ဆေးလေ့လာကြည့်ပြီးနောက် ရွှီချင်းကို ပြုံးဖြီးဖြီး အမူအရာဖြင့် ကြည့်လိုက်သည်။
“ အကိုရွှီက ယောင်္ကျားလေးတွေကြားထဲမှာ တကယ့်နဂါးပဲ… မင်းက ဒီနေရာကို အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးပေမဲ့ နတ်သမီးလင်းယောင်ရဲ့ စိတ်ဝင်စားမှုကို တကယ်ပဲ ဆွဲဆောင်နိုင်ခဲ့တယ်… ဒီကိစ္စက ဂုဏ်ပြုရမယ့်ကိစ္စပဲ… အကိုရွှီ ငါမင်းကို တစ်ခွက်တိုက်ပါရစေ… အနာဂတ်မှာ ငါတို့တွေ ရင်းရင်းနှီးနှီး ရှိကြတာပေါ့ ”
လူငယ်သည် စကားပြောပြီးနောက် ကြီးမားသော သေရည်ခွက်ကို ကောက်ယူလိုက်ပြီး ယဉ်ကျေးစွာ မြှောက်တင်လိုက်သည်။ ထို့နောက် သူက တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
တစ်ဖက်လူ၏ စကားနှင့် အမူအရာသည် အလွန်ယဉ်ကျေးသည်။ ထို့ကြောင့် ရွှီချင်းက သူ့ကို မငြင်းနိုင်ပေ။ သူက သေရည်ခွက်ကို ကောက်ယူလိုက်ပြီး မော့သောက်လိုက်သည်။ သို့သော်လည်း သူက သေရည်သောက်ပြီးချိန်မှာ နောက်ထပ် လူငယ်တစ်ယောက်က သေရည်ခွက်ကို ကိုင်မြှောက်လိုက်သည်။
“ အကိုရွှီက အရည်အချင်းရှိပြီး လူသားမျိုးနွယ်ပိုင် ဒေသကြီးတစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်လို့ ငါကြားမိတယ်… မင်းရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ဂုဏ်သတင်းတွေကို အကြိမ်ပေါင်းများစွာ ငါကြားမိတယ်… ငါမင်းကို အရမ်းပဲ ချီးကျူးလေးစားတယ်… ဒါကြောင့် ငါက သုံးခွက်သောက်မယ် ”
သူက စကားပြောပြီးနောက် သေရည်သုံးခွက်ကို တစ်ဆက်တည်း မော့သောက်လိုက်သည်။
ရွှီချင်းသည် တည်ငြိမ်သော အမူအရာဖြင့် ထိုလူငယ်ကို ကြည့်လိုက်သည်။ သူတို့၏ လုပ်ဆောင်မှုများနောက်ကွယ်မှ အကြောင်းအရင်းကို မြန်ဆန်စွာ သူနားလည်သွားသည်။ မကြာမီ တခြားလူများသည် ရှေ့လူများအတိုင်း ယဉ်ကျေးသော အမူအရာနှင့် စကားများကိုဆို၍ သေရည်သောက်ရန် ကမ်းလှမ်းသွားကြသည်။
သူတို့မှာ တခြားရည်ရွယ်ချက်ရှိကြောင်း သူသိထားသည့်တိုင် ဤချဉ်းကပ်မှုက သူတို့ကို တိုက်ရိုက် မတုံ့ပြန်နိုင်အောင် ခက်ခဲစေသည်။ မုန့်ယွင်ပိုင်သည် ကူညီပေးရန် မတ်တတ်ရပ်လိုက်သော်လည်း ရွှီချင်း၏ ရပ်တန့်ခြင်း ခံလိုက်ရသည်။
တခြားလူများအတွက်တော့ ဤသေရည်က ယစ်မူးစေနိုင်သော အဆိပ်ဖြစ်သော်လည်း ရွှီချင်းအတွက်တော့ မည်သည့်အဆိပ်မဆို သူ့ကို အနည်းငယ်သာ စိုးရိမ်စေနိုင်သည်။ ထို့ကြောင့် သူက တစ်ခွက်ပြီးတစ်ခွက် လက်ခံလိုက်ပြီး ဤသေရည်က သူ့အပေါ် သက်ရောက်မှုမရှိကြောင်း ထုတ်ဖော်ပြလိုက်သည်။
သို့ဖြစ်၍ လူတိုင်းက သူ့အပေါ် ထူးဆန်းသော အကြည့်ဖြင့် ကြည့်လာကြသည်။
ရွှီချင်းသည်တော့ ခပ်ရေးရေး ပြုံးလိုက်ပြီး ထိုလူများ၏ နာမည်နှင့် အသွင်အပြင်ကို မှတ်သားထားလိုက်သည်။
“ ဒီနေ့ နန်းမြို့တော်က လက်ရွေးစင်တွေအားလုံးနဲ့ တွေ့ဆုံရတဲ့အတွက် ငါအရမ်းပျော်တယ်… မင်းတို့အားလုံးက လူသားမျိုးနွယ်ရဲ့ ထောက်တိုင်တွေဖြစ်ပြီး ပါရမီရှင်တွေ ဖြစ်ကြတယ်… လူသားမျိုးနွယ်ရဲ့ ဂုဏ်သတင်းက ရှေ့ဆက် ထွန်းလင်းတောက်ပနိုင်ဖို့အတွက် ငါတို့ကို လိုအပ်တယ်… ဘာဖြစ်လို့ ငါတို့က တစ်ယောက်ကို သေရည်တစ်အိုးစီ မသောက်ကြတာလဲ ”
ရွှီချင်းသည် စကားပြောပြီးနောက် အဖွားအိုကို လှမ်းကြည့်လိုက်သည်။
အဖွားအိုသည် ဆွံ့အသွားသည်။ သို့သော်လည်း သူက အစေခံများကို သေရည်ဆယ်အိုးကျော် အမြန်ယူဆောင်လာပေးရန် ညွှန်ကြားလိုက်သည်။
ဤသည်ကို မြင်သောအခါ လူတိုင်းက တုံ့ဆိုင်းသွားကြသည်။ သူတို့က ဤနေရာမှ သေရည်ကို အများကြီး မသောက်ဝံ့ပေ။
သေရည်သည် တစ်ခါတစ်ရံ လက်နက်တစ်ခု ဖြစ်နိုင်သည်။
ရွှီချင်း၏ နှလုံးသည် တည်ငြိမ်သည်။ သူက စီနီယာအကိုကြီး သင်ပေးထားသည့်အတိုင်း ပြုံးဖြီးဖြီး အမူအရာကို ထုတ်ဖော်လိုက်သည်။
“ ကျေဇူးပြုပြီး သောက်ပါ ”
မြင်ကွင်းသည် အနည်းငယ် အေးခဲသွားသည်။ ထိုစဉ် တော်ဝင်သားတော်သည် မျက်လုံးဖွင့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူက မျက်တောင်မခတ်သွားသလို သူ၏ စိတ်ခံစားချက်များကို မထုတ်ဖော်ပြပေ။ သူက မတ်တတ်ရပ်လိုက်ပြီး အပြင်သို့ လျှောက်သွားသည်။
“ ဒီနေ့ ငါပင်ပန်းနေပြီ… နောက်နေ့မှ ထပ်တွေ့ကြတာပေါ့ ”
တခြားလူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လိုက်ကြသည်။ ဤသည်ကို မုန့်ယွင်ပိုင်မြင်သောအခါ သူက ရွှီချင်းကို တောင်းပန်လိုက်သည်။ ထို့နောက် သူက လူတိုင်းကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ စကားပြောရန် ပါးစပ်ဟလိုက်သည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ အလင်းရောင်သည် အင်မော်တယ်ရေကန်ပေါ်မှာ လင်းလက်သွားသည်။ ခေါင်းတစ်ခုလုံး ဖြူဖွေးနေသော အဖွားအိုတစ်ယောက်သည် ရေကန်ထဲမှ ထွက်လျှောက်လာသည်။
ထိုအဖွားအို၏ အမူအရာသည် တည်ငြိမ်ပြီး ကျက်သရေရှိသည်။ သူထွက်ပေါ်လာသည်နှင့်ချက်ချင်း လျှို့ဝှက်ဥယျာဉ်တစ်ခုလုံး တုန်ယင်သွားသည်။
သူ၏ ရောက်ရှိလာမှုက လျှို့ဝှက်ဥယျာဉ်ထဲမှ သေမျိုးလောကမျှော်စင်၏ အမျိုးသမီးကျင့်ကြံသူများကို မတ်တတ်ရပ်သွားစေပြီး နှုတ်ဆက်စေသည်။
“ မဟာအကြီးအကဲ ”
တော်ဝင်သားတော်နှင့် တခြားလူများသည်ပင် ထိုအဖွားအိုရောက်ရှိလာသည်ကို မြင်သွားသောအခါ တည်ကြည်လေးနက်သွားကြသည်။ သူတို့သည်လည်း နှုတ်ဆက်လိုက်ကြသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် အဖွားအို၏ အဆင့်အတန်းကို မြင်နိုင်ပေသည်။
ထိုအဖွားအိုသည် သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်၏ မဟာအကြီးအကဲဖြစ်ပြီး နန်းမြို့တော်ထဲမှ ဂိုဏ်း၏ ကိစ္စအဝဝကို စီမံဆောင်ရွက်ရသူ ဖြစ်သည်။
အဖွားအိုသည် ထွက်ပေါ်လာပြီးနောက် တော်ဝင်သားတော်နှင့် တခြာလူများ၏ နှုတ်ဆက်မှုကို ခေါင်းညိတ်ရုံသာ တုံ့ပြန်ခဲ့သည်။ သူ့အတွက်တော့ သူတို့အားလုံးက ဂျူနီယာများသာ ဖြစ်သည်။
သူက ဂရုမစိုက်ပေ။ ဤအခိုက်အတန့်မှာ သူ၏ အကြည့်က ရွှီချင်းအပေါ်သို့ ကျရောက်သွားသည်။ သူ၏ တည်ကြည်လေးနက်သော မျက်နှာပေါ်မှာ သိမ်မွေ့သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး ပြောသည်။
“ ဒီက သခင်လေးရွှီလား ”