ယင်ယန်ရေမကောင်းဆိုးဝါးဝိညာဉ်အစီအရင်
Vol. 75 Ch. 1162
ထိုရေရွတ်သံများမှ အနက်ရောင်မြူခိုးငွေ့များ ဖြစ်ပေါ်လာပြီး ထိပ်ပြောင်ရုပ်တုများ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် ယင်းတို့က လေထဲမှာ အတူတကွ ရစ်ပတ်သွားပြီး အနက်ရောင်မှော်သင်္ကေတတစ်ခု၏ အကြမ်းဖျဉ်းပုံစံသို့ ပြောင်းလဲသွားသည်။
မှော်သင်္ကေတသည် ရှည်ထွက်လာပြီး မိုးရေဖြင့် ရွှဲစိုသွားသည်။ ထို့နောက် မင်ရည်စက်သည် မှော်သင်္ကေတထံမှ တစ်စက်ပြီးတစ်စက် ကျဆင်းလာပြီး ယိုယွင်းပျက်စီးခြင်း အငွေ့အသက်နှင့် အမှောင်ထုကို ထုတ်လွှတ်နေသည်။
ထို့နောက် မှော်သင်္ကေတသည် ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားပြီး သူ့ကို ချိပ်ပိတ်ရန် ကြိုးစားလိုက်သည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်းသည် တာမြစ်အဆိပ်ကို သူ၏ မျက်လုံးထဲမှာ အသက်သွင်းလိုက်လေရာ သူ၏ မျက်လုံးက အနက်ရောင်သို့ ပြောင်းလဲသွားသည်။ အရာအားလုံးကို ကျိန်စာသင့်စေနိုင်သော အကြည့်ဖြင့် သူ့ဆီသို့ ချဉ်းကပ်လာနေသော မှော်သင်္ကေတကို စိုက်ကြည့်လိုက်သည်။
ရွှီချင်း၏ အကြည့်က မှော်သင်္ကေတပေါ်သို့ ကျရောက်သွားပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာ ယင်းက အကြမ်းပတမ်း လှုပ်ခါသွားပြီး အနည်းငယ် မှေးမှိန်သွားသည်။ တားမြစ်အဆိပ်က အတွင်းဘက်ထဲမှာ ပျံ့ပွားထွက်လာသည့်အခါ ယင်းက ချောက်ချားဖွယ်ကောင်းသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ပြီး အဆိပ်ကို ခုခံရန် ကြိုးစားလိုက်သည်။
အသက်နှစ်ခါရှူချိန်ကြာပြီးနောက် အဆိပ်သည် ပိုပြီးပြင်းထန်လာပြီး အဆိပ်မြူခိုးကို ထုတ်လွှတ်လိုက်သည်။ တစ်ဆက်တည်းမှာ အဆိပ်မြူခိုးသည် ရက်စက်ကြမ်းကြုတ်သော တစ္ဆေမျက်နှာများအဖြစ်သို့ ပြောင်းလဲသွားကြပြီး အော်ဟစ်ညည်းတွားလိုက်ကြသည်။
အသက်သုံးခါရှူချိန်ကြာပြီးနောက် မှော်သင်္ကေတသည် ပိုပြီးပြင်းထန်စွာ လှုပ်ယမ်းလာပြီး အက်ကွဲသွားကာ စတင်ယိုယွင်းပျက်စီးလာသည်။ သို့သော်လည်း ယင်းက ရွှီချင်းနှင့် ပေသုံးဆယ်အကွာသို့ ရောက်ရှိပြီးနှင့်ပြီ ဖြစ်သည်။
ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ အဆိပ်သည် ဤအခိုက်အတန့်မှာ လုံးလုံးလျားလျား ထွက်ပေါ်လာသည်။ သူ၏ အကြည့်က အဆိပ်ကို ထုတ်လွှတ်နေရုံသာမက သူ၏ ခန္ဓာကိုယ်ကလည်း အဆိပ်ကို ထုတ်လွှတ်နေသည်။ သို့ဖြစ်၍ တားမြစ်အဆိပ်သည် ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့နှံ့သွားပြီး မုန်တိုင်းတစ်ခုကို ဖွဲ့စည်းသွားကာ မှော်သင်္ကေတဆီသို့ ဦးတည်သွားသည်။
ကျယ်လောင်သော အသံတစ်သံ မြည်ဟိန်းထွက်လာသည်။ အနက်ရောင်မှော်သင်္ကေတသည် သူ့ဘာသာ အသက်ရှိလာဟန်ရပြီး အဆိပ်ကို ဖိနှိပ်ရန် အတင်းအကျပ် မကြိုးစားတော့ပေ။ ယင်းအစား မှော်သင်္ကေတက အရည်ပျော်သွားပြီး မရေမတွက်နိုင်သော မှော်သင်္ကေတများအဖြစ်သို့ ခွဲထွက်သွားကာ လမ်းတစ်လျှောက် ပျံ့နှံ့သွားသည်။
အဝေးမှကြည့်လျှင် စက္ကူရွက်များက လမ်းမပေါ်မှာ ပြန့်ကျဲသွားဟန်ရသည်။ ယင်းက ယင်ယန်လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်ပြီး မရေမတွက်နိုင်သော ခေတ်အဆက်ဆက်မှ ဝိညာဉ်များကို ချိပ်ပိတ်လိုက်သည်။
ကောင်းကင်သည် မည်းမှောင်သွားသည်။
ယင်းက ဘေးပတ်ဝန်းကျင်ကို ချိပ်ပိတ်လိုက်ပြီး ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားသည်။ ယင်းက ဤလမ်းရှည်ကို နန်းမြို့တော်ထဲမှ သီးခြားခွဲထုတ်လိုက်ပြီး လွတ်လပ်သော နယ်မြေလွတ်တစ်ခုဖြစ်လာစေသည်။
ဤနယ်မြေလွတ်ထဲမှ နိယာမများသည် ပြောင်းလဲသွားပြီး ဥပဒေသများသည် သက်ရောက်ခံလိုက်ရသည်။ အရာအားလုံးသည် အပြင်လောကနှင့် ခြားနားသွားသည်။
မြေပြင်ပေါ်မှ ရေအိုင်ငယ်များသည် အတူတကွ စုဝေးသွားကြပြီး ရေကန်အဖြစ်သို့ ပြောင်းလဲသွားကာ အပေါ်သို့ မြင့်တတ်လာသည်။ ရွှီချင်း၏ ခြေထောက်နှင့် ခါးသည် ရေကန်ထဲမှာ နစ်မြုပ်သွားသည်။ ဤသည်မှာ ရေကန်က ဤနေရာမှ အရာအားလုံးကို ဝါးမျိုချင်နေဟန် ရသည်။
တာအိုကျိန်စာသည် ဤနေရာကို ပိုပြီးအားကောင်းလာစေသည်။ တစ်ချိန်တည်းမှာ ထိပ်ပြောင်ရုပ်တု(၅၂)ခုသည် တင်ပျဉ်ခွေထိုင်နေရာမှ မတ်တတ်ရပ်လိုက်ကြပြီး ရေကန်ထဲသို့ ခြေချလိုက်ကြကာ ရွှီချင်းဆီသို့ ဦးတည်သွားကြသည်။
အစောနက ထွက်ပေါ်လာခဲ့သော ရေသက်ရှိများလည်း ရှိသေးသည်။ ၎င်းတို့က ကျင့်ကြံသူများမဟုတ်ကြပေ။ နတ်ဘုရားအတတ်ပညာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အလွန်ပြင်းထန်လာပြီး ၎င်းတို့က ရွှီချင်း၏ အနီးနားသို့ ရောက်ရှိလာနေကြပြီ ဖြစ်သည်။
ရေလှိုင်းလုံးများဖြင့် ဖွဲ့စည်းထားသော လက်ဝါးတစ်ခုလည်း ရှိသေးသည်။ ထိုလက်ဝါးက ရွှီချင်းကို ဖမ်းဆုပ်ရန် ဆန့်တန်းထွက်လာနေစဉ် သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် အမြစ်ဖြတ်သုတ်သင်ခြင်းစိတ်ဆန္ဒကို ဆောင်ကျဉ်းလာသည့်အပြင် တစ္ဆေများနှင့် မိစ္ဆာများ၏ အရှိန်အဝါကိုလည်း ထုတ်လွှတ်နေသေးသည်။
အန္တရာယ်သည် ရွှီချင်းထံသို့ အရပ်မျက်နှာပေါင်းစုံမှ ချဉ်းကပ်လာသည်။
မိုးသည် ပိုပြီးသည်းထန်လာပြီး ရွှီချင်း၏ အဝတ်အစားများနှင့် ဆံပင်ရှည်ကို ရွှဲစိုသွားစေသည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပိုပြီးအားကောင်းလာပြီး ရွှီချင်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်။
လမ်းရှည်သည် ဖရိုဖရဲဖြစ်သွားပြီး ကောင်းကင်ကို လှည့်စားကာ မြေပြင်ကို ဝါးမျိုသွားသည်။ ဤသည်မှာ ရေမိစ္ဆာများနှင့် ဝိညာဉ်ရိုင်းများဖြင့် စည်းခတ်ထားသော ထောက်ချောက်တစ်ခု ဖြစ်သည်။
ထိုသို့မန္တန်တစ်ခုကို အသုံးပြုရန် တစ်စုံတစ်ယောက်သည် အနိမ့်ဆုံး ပြီးပြည့်စုံသော ဝိညာဉ်သိုက်အဆင့်ကျင့်ကြံခြင်း ရှိရမည်။ ထို့ပြင် ဤအစီအရင်ကို ခင်းကျင်းရန် လူအရေအတွက် အများကြီး လိုအပ်သည်။ ဗလာနတ္ထိအဆင့် ပညာရှင်ကျင့်ကြံသူတစ်ဦးက လှုပ်ရှားသည့် ဖြစ်နိုင်ခြေလည်း ရှိသေး၏။
သို့မှသာ ဤကဲ့သို့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နိုင်လိမ့်မည်။
ထို့ပြင် တစ်ဖက်လူက ကိုယ်တိုင်ရောက်မလာဘဲ အဝေးမှ မန္တန်အသုံးပြုနေခြင်းလည်း ဖြစ်နိုင်ရန် ရာခိုင်နှုန်းများသည်။ သူတို့က တိုက်ပွဲကို မြန်ဆန်စွာ အဆုံးသတ်ချင်ပြီး ရွှီချင်း၏ ပုံမှန်သွားနေကျ လမ်းကြောင်းကို သူတို့၏ လက်ခုပ်ထဲမှ ရေကဲ့သို့ နားလည်ထားသည်။ ထို့ကြောင့် သူတို့က ဤလမ်းရှည်ပေါ်မှာ ကြိုတင်အစီအစဉ်ချထားခဲ့ခြင်း ဖြစ်သည်။
ထိုအတွေးအားလုံးသည် ရွှီချင်း၏ စိတ်ထဲမှာ ဖြတ်သန်းသွားသည်။ သူ၏ အမူအရာသည် တည်ကြည်လာပြီး အေးစက်စက် အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ လပူဇော်ဒေသကြီးမှ သူထွက်လာပြီးကတည်းက ယခုကဲ့သို့ သေခြင်းရှင်ခြင်းကပ်ဘေးကို သူမခံစားခဲ့ရဖူးပေ။
ဤအန္တရာယ်ကို ဖြေရှင်းရန် အလွန်လွယ်ကူသော နည်းလမ်းတစ်ခု သူ့မှာ ရှိသည်။ ယင်းက အာရုဏ်ဦးနေမင်းကို ဖောက်ခွဲပစ်ရန် ဖြစ်သည်။ သို့သော်လည်း အကယ်၍ သူက ထိုသို့လုပ်ဆောင်မည်ဆိုလျှင် အာရုဏ်ဦးနေမင်း၏ ပေါက်ကွဲမှုဒဏ်ကို သူကိုယ်၌လည်း ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် အရေးကြီးမှာ အကယ်၍ သူက ဤနေရာမှာ အာရုဏ်ဦးနေမင်းကို ဖောက်ခွဲပစ်မည်ဆိုလျှင် နန်းမြို့တော်တစ်ခုလုံး သက်ရောက်ခံရလိမ့်မည်။
ယင်းက တစ်ဖက်လူ၏ ရည်ရွယ်ချက်များထဲမှ တစ်ခုဖြစ်နိုင်ပေသည်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံသည် ချက်ချင်း ပေါ်လျှိုးထွက်လာသည်။ နတ်ဘုရားရတနာသိုက်သုံးခုသည် သူ့အနောက်မှာ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားကြသည်။ ရတနာသိုက်များထဲမှ ဆေးမီးဖိုများသည် ဝုန်းခနဲ မြည်သံများကို ထုတ်လွှတ်လာပြီး နတ်ဘုရားအစွမ်းနှင့် မီးတောက်များကို အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားစေသည်။
မြင့်မားသော အပူချိန်သည် နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ရေကန်ကို မြန်ဆန်စွာ အငွေ့ပျံစေကာ မြူခိုးကို ဖြစ်ပေါ်စေသည်။ ဤအခိုက်အတန့်မှာ ရွှီချင်းသည် နတ်ဘုရားရတနာသိုက်များထံမှ စွမ်းအားကို ငှားယူလိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ရေကန်၏ မျက်နှာပြင်ပေါ်မှ သူထွက်ခွာသွားသည့်အခိုက် သူ့အောက်မှ ရေပြင်သည် လှုပ်ရှားထကြွလာသည်။ လက်ဝါးသည် ရုတ်တရက် ဆန့်တန်းထွက်လာပြီး သူ့ကို ဖမ်းဆုပ်ရန် ကြိုးစားသည်။
ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ဆီသို့ တွန်းထုတ်လိုက်သည်။
ချက်ချင်းပင် အရိပ်များသည် ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြပြီး သူ့ကို ဗဟိုပြု၍ အရပ်ရှစ်မျက်နှာဆီသို့ မြန်ဆန်စွာ ပျံ့နှံ့သွားကြသည်။ ထိုအရိပ်များ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဒြပ်နှောများက ထွက်ပေါ်လာသည်။
ယင်းက ရွှီချင်း၏ အရိပ်လေး ဖြစ်သည်။ ဤအခိုက်အတန့်မှာ အရိပ်လေးသည် ပျံ့နှံ့ထွက်လာပြီး ဤနေရာကို လွှမ်းခြုံသွားသည်။ ယခင်က ၎င်းဝါးမျိုထားခဲ့သော တားမြစ်ဇုန်ကို ဤနယ်မြေထဲမှာ ထုတ်လွှတ်လိုက်ပြီး ဤဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည်။ ထို့နောက် ၎င်းက အနက်ရောင်ဝဲကတော့တစ်ခုသို့ အသွင်ပြောင်းလဲသွားပြီး ရွှီချင်း၏ ဦးခေါင်းပေါ်မှာ မြန်ဆန်စွာ လှည့်ပတ်လိုက်သည်။
မြေပြင်ပေါ်တွင် ရေကန်ရှိပြီး ကောင်းကင်ပေါ်တွင် အရိပ်လေး ရှိသည်။ ရွှီချင်းသည်တော့ ထိုနှစ်ခုကြားမှာ တည်ရှိသည်။
ဤနေရာက သီးခြားခွဲထုတ်ခံလိုက်ရပြီး လွတ်လပ်သော တည်ရှိမှုဖြစ်လာမှတော့ ဤနေရာမှာ တားမြစ်ဇုန်ကို ထုတ်လွှတ်ခြင်းသည် ထုံးစံအားဖြင့် အသင့်တော်ဆုံးအရာ ဖြစ်သည်။
နတ်ဘုရား၏ စွမ်းအားကို ထုတ်လွှတ်ပြီး ကျင့်ကြံသူများ၏ မန္တန်များကို ဖိနှိပ်ခြင်းသည် တိုက်ခိုက်ရေးနည်းလမ်းများအနက် တစ်ခုဖြစ်သည်။
ဤအခိုက်အတန့်မှာ အရိပ်လေးထွက်ပေါ်လာသည်နှင့်ချက်ချင်း နယ်မြေတစ်ခုလုံး တုန်လှုပ်သွားသည်။ ရွှီချင်း၏ အရိပ်သည်လည်း မြန်ဆန်စွာ ပုံပျက်သွားပြီး အောက်ဘက်မှ ရေလက်ဝါးနှင့် ဆင်တူသော လက်ဝါးတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ထိုလက်ဝါးသည် မည်းနက်သည်။ အတွင်းဘက်ထဲတွင် သစ်ပင်ကြီးတစ်ပင်နှင့် နာရီချိန်သီးပမာ တွဲလောင်းချိတ်ဆွဲခံထားရသော ခေါင်းတလားတစ်လုံး ရှိသည်။ ခေါင်းတလားသည် တကျွီကျွီမြည်သံနှင့်အတူ လှုပ်ယမ်းနေပြီး ဘေးပတ်ဝန်းကျင်မှ ကျိန်စာများပေါ် သက်ရောက်မှုရှိသော တအင့်အင့်ငိုညည်းသံကို ထုတ်လွှတ်နေသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ရွှီချင်း၏ မျက်လုံးထဲမှာ ပေါက်ကွဲထွက်လာပြီး သူ၏ ညာလက်ဝါးကို ဆန့်ထုတ်လိုက်သည်။
ချက်ချင်းပင် ကောင်းကင်ပေါ်မှ အရိပ်လေး၏ လက်ဝါးသည် ဆင်းသက်လာသည်။ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီးနောက် အောက်ဘက်မှ ရေလက်ဝါးဖြင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ဝုန်းခနဲမြည်သံသည် ကျယ်လောင်သော အသံလှိုင်းလုံးနှင့်အတူ အရပ်ရှစ်မျက်နှာဆီသို့ ပျံ့လွင့်သွားသည်။ အသံလှိုင်းလုံး ဖြတ်သန်းသွားသည့်နေရာတိုင်း မိုးရေသည် ပြိုကွဲထွက်သွားပြီး အဝေးမှ ပြေးလာနေကြသော ရေသက်ရှိများ၏ ခန္ဓာကိုယ်ပေါ်မှာ လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
ထိပ်ပြောင်ရုပ်တု(၅၂)ခု၏ ခြေလှမ်းသည်လည်း ရပ်တန့်သွားကြသည်။
တစ်ချိန်တည်းမှာ ရွှီချင်းသည် အနည်းငယ် ခါးညွတ်လိုက်ပြီး သူ၏ နောက်ကျောကို ကွေးလိုက်သည်။ ထို့နောက် သူ၏ တစ်ကိုယ်လုံးက လေးကိုင်းမှ ထွက်ခွာလာသော မြှားတစ်စင်းနှယ် ထိုရုပ်တုများဆီသို့ ဦးတည်ပျံသန်းသွားသည်။ သူ၏ အနောက်မှ မိစ္ဆာနှင်တုတ်သည်လည်း မြန်ဆန်သော အလျင်နှင့်အတူ ရေသက်ရှိများဆီသို့ ပျံသန်းသွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာ တိုက်ပွဲက စတင်လာသည်။
သတ္တမသခင်ကြီး၏ အထူးသန့်စင်ပေးမှုအောက်မှာ သံချောင်း၏ စွမ်းအားသည် ပိုပြီးအံ့ဖွယ်ကောင်းလာသည်။ ယခု ၎င်းပေါ်မှ မျက်နှာသုံးခုစလုံးသည် တစ်ချိန်တည်းမှာ ပွင့်လာကြသည်။ နီလာနတ်သမီးနှင့် အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားက မျက်လုံးပွင့်သွားသည့်အခါ ပိုမိုများပြားသော စွမ်းအားက ပေါ်လျှိုးလာပြီး မိစ္ဆာနှင်တုတ်၏ အစွမ်းကို သိသိသာသာ တိုးမြှင့်ပေးလိုက်သည်။ သို့ဖြစ်၍ ၎င်းက ရေသက်ရှိများကို အလွယ်တကူ ထိုးဖောက်သွားသည်။
ထို့ပြင် မိစ္ဆာနှင်တုတ်ဖြင့် ထိုးဖောက်ခံလိုက်ရသော ရေသက်ရှိများသည် နောက်တစ်ကြိမ် ပြန်မဖွဲ့စည်းနိုင်တော့ပေ။ ဤသည်မှာ ၎င်းတို့က အသက်ဓာတ်ဆုံးရှုံးသွားသည့်အလား ပုံမှန်ရေအဖြစ်သို့ ပြန်ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။
ရွှီချင်းသည် ပိုပြီးအားကောင်းသည်။ သူ့ထံမှ ထုတ်လွှတ်နေသော အလျင်သည် မိုးရေကိုပင် ပေါက်ကွဲသွားစေသည်။ တစ်ချိန်တည်းမှာ သူ၏ အသွင်ပုံစံက မြန်ဆန်စွာ ပြောင်းလဲသွားသည်။ သူ၏ အနောက်မှ ပထမနတ်ဘုရားရတနာသိုက်သည် ကောင်းကင်ဘုံမိုးခြိမ်းသံကို ထုတ်လွှတ်လိုက်ပြီး မရေမတွက်နိုင်သော အသွေးအသားအပိုင်းအစများကို ထွက်ပေါ်လာစေသည်။ ယင်းတို့က ပျံသန်းထွက်လာပြီးနောက် ရွှီချင်း၏ အနောက်သို့ လိုက်ပါသွားကြပြီး သူ၏ ခန္ဓာကိုယ်ဖြင့် တစ်ခုပြီးတစ်ခု ပေါင်းစပ်သွားကြသည်။
ထိုအသွေးအသားအပိုင်းအစများသည် နတ်ဘုရားအရင်းအမြစ်ဖြစ်သည်။
နတ်ဘုရားအရင်းအမြစ်က သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်က ဆုတ်ဖြဲခံလိုက်ရပြီး ပိုပြီးအရွယ်အစားကြီးမားလာကာ ရှည်လျားလာသည်။
သူ၏ ခန္ဓာကိုယ်သည် တစ္ဆေအင်ပါယာနှင့် ဆင်တူပြီး ဦးခေါင်းပေါ်မှာ သရဖူကို ဆောင်းထားသည်။
စူးရှတောက်ပသော ရွှေရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်တွင် သက်တံ့အလင်းရောင်အဖြစ် ပြောင်းလဲသွားသည်။
သူ၏ နှလုံးနေရာတွင် ကောင်းကင်ဘုံတာအိုဆေးမီးဖိုရှိပြီး မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော နှလုံးခုန်သံကို ထုတ်လွှတ်နေသည်။ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များသည် သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။
ထိုမျှတင် မကသေးပေ။ မရေမတွက်နိုင်သော မိုးကြိုးသွားများသည် သူ၏ ဘေးမှ လေထဲမှာ ထွက်ပေါ်လာကြပြီး အနက်ရောင်လှံတစ်ချောင်းကို ဖွဲ့စည်းသွားသည်။ ရွှီချင်းက ထိုလှံကို ဖမ်းဆုပ်လိုက်သည့်အခိုက် ရုပ်တုတစ်ခု၏ အရှေ့မှာ ပြန်ပေါ်လာသည်။ လျှင်မြန်သော လှံစိုက်မှုနှင့်အတူ သူ့အရှေ့မှ ရုပ်တုသည် လှုပ်ခါသွားပြီး တိုက်ရိုက် ပြိုကွဲသွားသည်။ ၎င်းက မရေမတွက်နိုင်သော အပိုင်းအစများသို့ ပြောင်းလဲသွားပြီး အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားသည်။
ဤသည်မှာ ရွှီချင်း၏ ပထမနတ်ဘုရားအသွင်သဏ္ဍာန် ဖြစ်သည်။ သူက အသွင်သဏ္ဍာန်ပြောင်းလဲသွားသည့်အခါ သူ၏ တိုက်ပွဲစွမ်းအားသည် ကြောက်မခန်းလိလိ တိုးမြှင့်သွားသည်။ ထို့ပြင် တားမြစ်လှံထဲမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ပါရှိသည်။
ရွှီချင်းသည် မြန်ဆန်လှသော အလျင်နှင့်အတူ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ရုပ်တုဒါဇင်ခန့်ကို ဖြတ်ကျော်သွားသည်။ မည်သည့်ရုပ်တုတစ်ခုမှ သူ၏ လှံထိုးချက်တစ်ချက်ထက် ပိုမခံနိုင်ကြပေ။ သို့ဖြစ်၍ ရုပ်တုတစ်ခုပြီးတစ်ခုသည် ပြိုလဲပျက်စီးသွားကြသည်။
သို့သော်လည်း ရွှီချင်းက ဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်သွားသည်။
နောက်ဆုံးရုပ်တုကို သူ၏ လှံဖြင့် ထိုးခွဲပြီးနောက် ပြင်းထန်သော သေခြင်းရှင်ခြင်းကပ်ဘေးသည် ရွှီချင်း၏ နှလုံးသားထဲမှာ ရုတ်တရက် ပေါ်လျှိုးလာသည်။ သူက လုံးဝမတုံ့ဆိုင်းနေဘဲ ညာလက်ကို ချက်ချင်း မြှောက်လိုက်ပြီး သူ၏ လက်ထဲမှ လှံကို လမ်းရှည်၏ အဆုံးသတ်ဆီသို့ ပစ်လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာ သူက နီလာနတ်သမီး၏ အသွေးအသားတစ်တုံးကို ထုတ်လိုက်ပြီး လက်ထဲမှာ ကိုင်ထားလိုက်သည်။
အနက်ရောင်လှံသည် တဝီဝီမြည်သံနှင့်အတူ မရေမတွက်နိုင်သော မိုးကြိုးသွားများကို သယ်ဆောင်လျက် ပျံသန်းထွက်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံက ပဲ့တင်ထပ်သွားသည့်အခါ လှံသည် လေကို ထိုးခွင်းသွားပြီး လမ်းရှည်၏ အဆုံးသတ်မှာ ရပ်တန့်သွားသည်။ ၎င်းက အရှေ့သို့ ဆက်လက် မထိုးဖောက်နိုင်တော့ပေ။
ထိုနေရာသည် သံမဏိအကာအကွယ်တစ်ခုဖြစ်သည်။ လှံထိပ်ဖျား၏ တည်နေရာတွင် အနက်ရောင်ဝတ်ရုံ၏ အပိုင်းအစတစ်ခုက ချိတ်ဆွဲခံထားရကြောင်း မည်သူမဆို မြင်နိုင်လိမ့်မည်။
အစောနက ထိုနေရာတွင် တစ်စုံတစ်ယောက် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာ အေးစက်စက် စကားသံက လမ်းရှည်ထဲမှာ ပဲ့တင်ထပ်လာသည်။
“ ငါတို့ မင်းကို လျှော့တွက်မိခဲ့တယ်… ပြီးတော့ မင်းလည်းပဲ တာအိုကျိန်စာကို လျှော့တွက်ခဲ့တယ် ”
“ အန္တိမတာအိုက မေးတယ်… သေသွားတဲ့ လူတွေက လွတ်ငြိမ်းချမ်းသာခွင့်ရပြီးတော့ အသက်ရှင်နေတဲ့ လူတွေက ဘာဖြစ်လို့ အပြစ်ပေးခံနေရတာလဲတဲ့… ငါတို့က ဒီလိုပြန်ဖြေလိုက်တယ်… ဘာဖြစ်လို့လဲဆိုတော့ တာအိုပုံရိပ်က ကောင်းကင်နဲ့မြေပြင်ကို ချိပ်ပိတ်ထားလို့ပဲ ”
ထိုစကားသံများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရေကန်ထဲမှာ ပေါက်ကွဲသွားခဲ့သော ရုပ်တု(၅၂)ခု၏ အပိုင်းအစများသည် သံကြိုး(၅၂)ချောင်းအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထို့နောက် ယင်းတို့က ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။ ရွှီချင်းက ရှောင်တိမ်းရန် မည်သို့ကြိုးစားပါစေ အချည်းနှီးသာ ဖြစ်၏။ သံကြိုးများသည် သူ့ကို တိုက်ရိုက် ချည်နှောင်သွားပြီး ဖမ်းချုပ်လိုက်သည်။
ရွှီချင်းကို ဖမ်းချုပ်ထားသော သံကြိုး(၅၂)ချောင်း၏ အဆုံးသတ်သည်တော့ ရေကန်ထဲမှာ ရှိသည်။ အဝေးမှကြည့်လျှင် ယင်းက မိစ္ဆာတစ်ကောင်ကို သံကြိုးခတ်ထားသော မြင်ကွင်းတစ်ခုနှင့် ဆင်တူသည်။
“ အန္တိမတာအိုက မျက်လုံးမှိတ်လိုက်ပြီး မေးတယ်… လေက သေစေနိုင်တဲ့ ဓားသွားနဲ့အတူ ဆင်းသက်လာတယ်ဆိုတာ ဘာကိုပြောတာလဲ… ရေက စီးဆင်းနေပြီး အသက်တွေကို ချည်မျှင်တစ်ခုနဲ့ ချိတ်ဆွဲထားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲတဲ့… ငါတို့က ပြန်ဖြေလိုက်တယ်… ရေတာအိုက ဝိညာဉ်အားလုံးကို ချိပ်ပိတ်နိုင်ပါတယ်လို့ ”
ယင်းက မပြီးဆုံးသေးပေ။ စကားသံက ထပ်မံထွက်ပေါ်လာသည့်အခါ ရေကန်ထဲမှ ရေသည် ချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားပြီး သံကြိုးများပေါ်တွင် ဖြတ်သန်းသွားကာ ရွှီချင်းထံသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။ ယင်းတို့က ရွှီချင်းကို ထပ်မံ ရစ်ပတ်လိုက်သည်။
ယင်းက ပုံရိပ်ယောင်ဖြစ်သော်လည်း အစစ်အမှန်သဖွယ် အောက်မေ့ရပြီး နတ်ဘုရားစိတ်အာရုံနှင့် အာရုံခံစားမှုအားလုံးကို ချိပ်ပိတ်လိုက်သည်။ ထို့နောက် ရွှီချင်း၏ မျက်လုံးကိုလည်း ဖုံးလွှမ်းသွားသည်။
“ အန္တိမတာအိုက မျက်လုံးပြန်ဖွင့်လိုက်ပြီး ထပ်မေးတယ်… မကျေနပ်မှုကို ဖြေရှင်းတယ်… အမှားကို အမှန်ဖြစ်စေတယ်… စကြဝဠာကို ပြောင်းပြန်မှောက်လှန်ပစ်တယ်… အမှားနဲ့ အမှန်ကို ရောထွေးပစ်တယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ… ငါတို့အားလုံး နားလည်ထားကြတာတော့ ကျိန်စာတာအိုပညာရှင်က ဝိညာဉ်ကို သံချောင်းစိုက်နိုင်တယ် ”
အနက်ရောင်သံချောင်း(၅၂)ချောင်းသည် ရေကန်ထဲမှ မြှောက်တတ်လာကြသည်။ အနီးကပ် သေချာကြည့်မည်ဆိုလျှင် အလွန်သေးငယ်သော အနက်ရောင်ထိပ်ပြောင်ရုပ်တုများက သံချောင်းတစ်ချောင်းစီပေါ်မှာ ထိုင်နေကြကြောင်း မြင်နိုင်လိမ့်မည်။
ယင်းတို့က တဝီဝီမြည်သံနှင့်အတူ ပျံသန်းလာကြပြီး ရွှီချင်း၏ တစ်ကိုယ်လုံးကို အံ့မခန်းအလျင်နှင့်အတူ တိုက်ရိုက် ထိုးစိုက်သွားကြသည်။ သံချောင်းစိုက်ဝင်သွားသော နေရာများသည် ရွှီချင်း၏ ဝိညာဉ်နှင့် ဆက်စပ်နေသော သွေးကြောများ ဖြစ်ကြသည်။ ဤသည်မှာ ပြန်လည်မွေးဖွားခြင်းဝိညာဉ်ကို သံချောင်းစိုက်ခြင်း ဖြစ်သည်။
“ အန္တိမတာအိုက မျက်လုံးမှိတ်လိုက်ပြီး သက်ပြင်းချလိုက်တယ်… တစ္ဆေအကောင်တစ်ရာက နေရာပေါ်မှာ ထိုင်နေကြပြီး မြေအောက်လောကအရှင်ကို အမှုထမ်းကြတယ်… ဝိညာဉ်တွေက သန့်စင်ခံရတယ်… ငရဲငါးထပ်က ညစ်ညမ်းတယ်… ဆေးလုံးတစ်ရာက ထူးခြားဆန်းကြယ်တယ်… အရည်ခုနစ်မျိုးက မလုံလောက်ဘူး… အကန့်အသတ်မဲ့ ဝဋ်ဒုက္ခက အစဉ်အမြဲ ဖြစ်ပေါ်နေတယ် ”
ထိုစကားသံများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်သည် ဖရိုဖရဲဖြစ်လာပြီး မရေမတွက်နိုင်သော သက်ရှိများ၏ ပုံရိပ်များက ထွက်ပေါ်လာကြသည်။ ၎င်းတို့က အသင်္ချေမျိုးနွယ်စုများ၏ ဝိညာဉ်များ ဖြစ်ကြပြီး အနက်ရောင်မြူခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားကာ စောစောတုန်းက အနက်ရောင်မှော်သင်္ကေတအဖြစ်သို့ ပြန်စုဝေးသွားသည်။ ထို့နောက် မှော်သင်္ကေတသည် ရွှီချင်း၏ မျက်ခုံးနှစ်ခုကြားနေရာဆီသို့ အမြန်ပျံသန်းသွားသည်။
ပိုပြီးအံ့ဖွယ်ကောင်းသည်မှာ နန်းမြို့တော်မှ သီးခြားခွဲထုတ်ခံထားရသော ရွှီချင်းရှိနေသည့် လမ်းရှည်သည် နောက်ဆုံးမှာတော့ အသွင်ပုံစံပြောင်းလဲသွားသည်။
ယင်းက လမ်းရှည်မဟုတ်ပေ။
အမှန်မှာ ယင်းက အကြိမ်ပေါင်းများစွာ အကျယ်ချဲ့ခံထားရသော လေးထောင့်အဆောင်သင်္ကေတတစ်ခု ဖြစ်သည်။
ဤနေရာတွင် အဆောင်သင်္ကေတနှစ်ခု ရှိသည်။ တစ်ခုသည် ယင်ဖြစ်ပြီး တစ်ခုသည် ယန်ဖြစ်သည်။ တစ်ခုသည် တောက်ပပြီး တစ်ခုသည် မည်းမှောင်သည်။
လမ်းရှည်၏ အဆုံးသတ်သည် အဖြူရောင်အဆောင်သင်္ကေတ၏ အဆုံးသတ်ဖြစ်သည်။ ဤအခိုက်အတန့်မှာ ထိုအဆောင်သင်္ကေတသည် အပေါ်သို့ မြှောက်တတ်လာပြီး ရွှီချင်းဆီသို့ ရွေ့လျားသွားကာ ၎င်းအရှေ့မှ အနက်ရောင်အဆောင်သင်္ကေတဖြင့် ပူးပေါင်းလိုက်သည်။ ထို့အဆောင်သင်္ကေတနှစ်ခုသည် ရွှီချင်းကို အမှန်တကယ် ချိပ်ပိတ်ပစ်ရန် ကြိုးစားလိုက်ကြသည်။
သေခြင်းရှင်ခြင်းကပ်ဘေးသည် ရွှီချင်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သို့သော်လည်း သူက အာရုဏ်ဦးနေမင်းကို မဖောက်ခွဲပစ်ပေ။ ယင်းအစား သူ၏ လက်ထဲမှ နီလာနတ်သမီး၏ အသွေးအသားကို ချေမွပစ်လိုက်သည်။
သူ့အနောက်မှ ဒုတိယနတ်ဘုရားရတနာသိုက်သည် ဝုန်းခနဲ မြည်သံကို ထုတ်ဖော်လိုက်ပြီး အလွန်သိပ်သည်းသော အနက်ရောင်မြူခိုးကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ တစ်ဆက်တည်းမှာ ထိုမြူခိုးသည် ရွှီချင်း၏ ပုံရိပ်ကို လွှမ်းခြုံသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။
နောက်အခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် မြူခိုးအတွင်းမှာ ပေါက်ကွဲထွက်လာသည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ နာကျင်ဖွယ် ဟိန်းသံသည် နတ်ဘုရားများနှင့် မိစ္ဆာများထံမှ အော်သံများသဖွယ် မြည်ဟိန်းထွက်လာသည်။ ထိုဟိန်းသံ ပဲ့တင်ထပ်သွားသည့်နေရာတိုင်း ဟင်းလင်းပြင်သည် ပေါက်ကွဲသွားပြီး မှော်သင်္ကေတများက တုန်ယင်သွားကြကာ ရေကန်၏ မျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာကြသည်။