← Chapters

နတ်မိမယ်ကျစ်ရွှမ်း အနားမှာရှိနေရင် ဘာမှစိုးရိမ်ဖို့မလိုဘူး

Vol. 75 Ch. 1165

နတ်မိမယ်ကျစ်ရွှမ်း အနားမှာရှိနေရင် ဘာမှစိုးရိမ်ဖို့မလိုဘူး

Vol. 75 Ch. 1165

တွေ့ဆုံရမည့်အချိန်သည် အာရုဏ်တတ်ချိန်ဖြစ်ပြီး ယခုအချိန်နှင့် ခြောက်နာရီသာ ကွာဝေးတော့၏။

လူသားမျိုးနွယ်အတွက် လူသားဧကရာဇ်ဖြင့် တွေ့ဆုံခြင်းသည် အရေးကြီးသောကိစ္စ ဖြစ်သည်။ ထို့ပြင် လူသားမျိုးနွယ်သည် ယဉ်ကျေးမှုဓလေ့ထုံးတမ်းကို အဓိက အလေးအနက်ထားသော မျိုးနွယ်စုတစ်ခု ဖြစ်သည်။ မတူညီသော အချိန်အခါပေါ်မူတည်၍ မတူညီသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လိုအပ်သည်။ အထူးသဖြင့် လူသားဧကရာဇ်ဖြင့် တွေ့ဆုံရန် နန်းတော်ထဲသို့ ဝင်ရောက်ရသည့်အခါ ဖြစ်၏။

သို့ဖြစ်၍ တော်ဝင်အမိန့်တော်နှင့်အတူ နန်းတွင်းအဝတ်အစားတစ်စုံကိုလည်း ရွှီချင်းဆီသို့ ပို့ဆောင်ပေးခဲ့သည်။

ထိုဝတ်စုံသည် အလွန်ရှုပ်ထွေးသည်။ ဝတ်စုံပေါ်တွင် လက်သည်းငါးခု အနက်ရောင်နဂါးတစ်ကောင်နှင့် အမျိုးမျိုးသော မှော်သင်္ကေတများကို ဇာပန်းထိုးထားသည်။ ခေါင်းစခြေအဆုံး ဝတ်စုံ၏ အစိတ်အပိုင်းများသည် အခုတစ်ရာကျော်သည်။ သို့ဖြစ်၍ သာမန်လူများသည် ယင်းကို မည်သို့ဝတ်ဆင်ရမည်ဖြစ်ကြောင်း နားမလည်ကြချေ။

လီယွင်ရှန်း၊ ခုန်းရှန်းလုံနှင့် တခြားလူများသည် ဝတ်စုံတစ်ခုလုံးကို ကြည့်နေရင်း မိန်းမောသွားကြသည်။

နန်းတွင်းအဝတ်အစားကို မည်သို့ဝတ်ဆင်ရမည်ဖြစ်ကြောင်း သူတို့မသိကြသော်လည်း ယင်းက အလွန်ထူးခြားပြီး ခမ်းနားထည်ဝါကြောင်း သူတို့အာရုံခံမိကြသည်။

ဘဝပေါင်းများစွာ ရှင်သန်ခဲ့ဖူးသော ခေါင်းဆောင်သည်ပင် နန်းတွင်းဝတ်စုံကို မြင်သွားသောအခါ မျက်လုံးပြူးကျယ်သွားပြီး စိတ်ရှုပ်ထွေးမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုဝတ်စုံတစ်ခုလုံးကို ရတနာများဖြင့် စီခြယ်ထားကြောင်း သူအာရုံခံနိုင်သည်။ ယင်းက ဝိညာဉ်သခင်မယုံကျင်း၏ အဝတ်အစားများထက် အများကြီး သာလွန်သည်။

အင်မော်တယ်ချီသည် ဝတ်စုံပေါ်မှာ စွဲမြဲနေပြီး ခမ်းနားတောက်ပြောင်သော ခံစားမှုကို ပေးသည်။ ယင်းကို တစ်စုံတစ်ယောက်က ဝတ်ဆင်လိုက်သည့်အခါ လမ်းလျှောက်နေသော ရတနာတစ်ခုနှင့် ဆင်တူလိမ့်မည်။

“ သူတို့က အရမ်းချမ်းသာတာပဲ ”

ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီး မနာလိုဖြစ်စွာ ပြောသည်။ သူသည်လည်း ထိုသို့နန်းတွင်းအဝတ်အစားတစ်စုံကို ပိုင်ဆိုင်ရမည်ဟု တွေးတောလိုက်သည်။ သို့မဟုတ်လျှင် စီနီယာအကိုကြီးဟူသော သူ၏ ဂုဏ်သိက္ခာက ဆိုးဝါးစွာ ထိခိုက်သွားလိမ့်မည်။

နင်ယန်သည်တော့ ဧကရာဇ်ကို တွေ့ဆုံရန် ပုံမှန်နန်းတွင်းဝတ်စုံကို မဝတ်ဆင်နိုင်ပေ။ သူ့မှာ ကိုယ်ပိုင်နန်းတွင်းဝတ်စုံရှိပြီးသား ဖြစ်သည်။ ရွှီချင်း၏ ဝတ်စုံကို ကြည့်နေရင်း နင်ယန်သည် ကိုးရိုးကားရား ခေါင်းကုတ်လိုက်ပြီး ခေါင်းခါလိုက်သည်။

“ အဲ့ဒါကို ဘယ်လိုဝတ်ရမလဲဆိုတာ ငါလည်း မသိဘူး… တတိယအမတော်ဆီ ငါအသံပို့လွှတ်လိုက်ပြီး သူ့ကို ခဏ ဒီလာခိုင်းမယ်ဆိုရင်ရော ”

“ အဲ့လိုလုပ်ဖို့ မလိုဘူး ”

နတ်မိမယ်ကျစ်ရွှမ်းက တည်ငြိမ်စွာ ပြောသည်။

“ လူတွေက ကိုယ့်ကိုယ်ကို အဆင့်မြင့်မားစေဖို့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ဖန်းတီးခဲ့ကြတယ်… နွေဦးက ဂါရဝပြုဖို့အတွက် ဖြစ်ပြီး ဆောင်းဦးက ရိုသေလေးစားမှုကို ဖော်ပြဖို့အတွက် ဖြစ်တယ်… အရှေ့က အနီရောင်ဖြစ်ပြီး အနောက်က အနက်ရောင်ဖြစ်တယ် ”

“ ရွှေရောင်နဂါးက ဧကရာဇ်ကို ကိုယ်စားပြုတယ်… လက်သည်းငါးခုက ရိုသေလေးစားမှုကို ဖော်ပြတယ်… အနက်ရောင်နဂါးက ဒေသကြီးကို ကိုယ်စားပြုတယ်… လက်သည်းငါးခုက ရိုသေလေးစားမှုကို ဖော်ပြတယ်… အဲ့ဒါက ဒေသကြီးတစ်ခုကို အုပ်ချုပ်ခွင့်ရတဲ့ လူတွေအတွက် ရှေးခေတ်နန်းတွင်းအဝတ်အစားပဲ ”

“ ဧကရာဇ်က သူ့ရဲ့ အမိန့်တော်ထဲမှာ ရိုသေလေးစားတဲ့အကြောင်း မဖော်ပြခဲ့ပေမဲ့ နန်းတွင်းအဝတ်အစား ပေးအပ်ခြင်းမှာ ဖော်ပြခဲ့တယ်… ဒါကြောင့် ငါတို့ရဲ့ ရိုသေလေးစားမှုကို ပြန်လည်ထုတ်ဖော်ပြပေးရမယ် ”

“ အဝတ်အစားကို ဘယ်လိုဝတ်ရမလဲဆိုတာတော့ ရှေးခေတ်သန့်စင်ခြင်းနည်းလမ်းအတိုင်း ဆောင်ရွက်ရမယ်… အဲ့ဒီအတွက် ဒြပ်စင်ငါးမျိုးနဲ့ နန်းတော်ကိုးခုရဲ့ မူဝါဒတွေနဲ့အတူ လိုက်ဖက်ညီအောင် ပြုလုပ်ရမယ်… ကြယ်တွေရဲ့ ဆင့်ကဲပြောင်းလဲပုံပေါ်မူတည်ပြီး စုစုပေါင်း မတူညီတဲ့ နည်းလမ်း(၄၉)ခုရှိတယ်… နည်းလမ်းတစ်ခုစီက မတူညီတဲ့ ပွဲအခမ်းအနားနဲ့ အချိန်အခါပေါ်မှာ အထူးသင့်တော်တယ် ”

“ ဒီနေ့ ဧကရာဇ်ရဲ့ ဆင့်ခေါ်မှုနဲ့အတူ ရွှီချင်းက သန့်စင်ရေလှိုင်းဒေသကြီးကို ကိုယ်စားပြုလိမ့်မယ်… ဒီအတွက် ရိုသေလေးစားမှုကို ဖော်ပြတဲ့အနေနဲ့ ရှေးခေတ်ဝတ်စုံကို ဝတ်ဆင်ရမယ်… နယ်မြေတစ်ခုကို စောင့်ကြပ်ပေးတာက ကြီးမားတဲ့ အကျိုးဆောင်မှုဖြစ်တာကြောင့် ရိုသေလေးစားမှုကို ဖော်ပြတဲ့အခါ ဒူးထောက်စရာ မလိုဘူး… ဧကရာဇ်က အရင်ဆုံး သုံးကြိမ် ခေါင်းညိတ်ပြပြီး ထိုင်ခုံပေးအပ်လိမ့်မယ်… အဲ့ဒီအခါ ငါတို့က ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကြိမ်ဦးညွတ်ရမယ် ”

နတ်မိမယ်ကျစ်ရွှမ်းက စကားပြောလိုက်သည့်အခါ နင်ယန်၊ ခေါင်းဆောင်၊ လီယွင်ရှန်းနှင့် တခြားလူများသည် နတ်မိမယ်ကျစ်ရွှမ်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ သူတို့က နတ်မိမယ်ကျစ်ရွှမ်း၏ စကားကို သိပ်နားမလည်သော်လည်း ယင်းက အထင်ကြီးစရာကောင်းသည်ဟု ခံစားမိကြသည်။

သူတို့၏ အမြင်မှာ ဤကိစ္စနှင့်ပတ်သက်ပြီး နတ်မိမယ်ကျစ်ရွှမ်း၏ နားလည်မှုက စာအုပ်အများကြီးကို သူဖတ်ရှုထားခြင်းကြောင့်ဖြစ်သည်ဟု ရှင်းပြချက်ပေးနိုင်သည်။ သို့သော်လည်း ယင်းက ထိုမျှမရိုးရှင်းကြောင်း ဝေဝေဝါးဝါး သူတို့ခံစားမိကြသည်။

လူတိုင်းက ခန့်မှန်းနေကြစဉ် နတ်မိမယ်ကျစ်ရွှမ်းသည် အနက်ရောင်နန်းတွင်းဝတ်စုံကို ကြည့်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မတူညီသော နန်းတွင်းဝတ်စုံအစိတ်အပိုင်း တစ်ရာကျော်သည် လေထဲသို့ မြှောက်တတ်သွားကြပြီး ရွှီချင်းကို ဝိုင်းပတ်သွားကြသည်။

ရွှီချင်းသည် ထိုဝတ်စုံအစိတ်အပိုင်းများကို ကြည့်လိုက်သည်။ ငယ်စဉ်ကတည်းက သူ၏ နားလည်ထားမှုကြောင့် ရှေးခေတ်ဝတ်စုံများနှင့်ပတ်သက်ပြီး အများကြီး သူမသိထားပေ။ သို့သော်လည်း သူ၏ နှလုံးသားက တည်ငြိမ်နေသည်။

အဘယ့်ကြောင့်ဆိုသော် နန်းမြို့တော်ထဲတွင် ရှေးဘုရင်အကြောင်းကို နတ်မိမယ်ကျစ်ရွှမ်းထက် ပိုပြီးနားလည်သူသည် အများကြီး မရှိပေ။

အမှန်မှာ အတိတ်တွင် နန်းတွင်းဝတ်စုံများကို ဖန်တီးပြုလုပ်ခဲ့သည့်အထဲမှာ နတ်မိမယ်ကျစ်ရွှမ်းပါဝင်ခဲ့ရန် ဖြစ်နိုင်ခြေရှိသည်ဟုပင် ရွှီချင်း ခံစားမိသည်။

“ အပြင်ဘက်မှာ သွားစောင့်နေကြ ”

နတ်မိမယ်ကျစ်ရွှမ်း၏ အသံက အေးစက်နေသည်။ ဤအခိုက်အတန့်မှာ သူ၏ စကားများထဲမှာ ဩဇာတချို့ ပါဝင်နေဟန် ရသည်။ လီယွင်ရှန်းနှင့် တခြားလူများသည် ခေါင်းငုံ့လိုက်ကြပြီး အဓိကခန်းမထဲမှ ထွက်ခွာသွားကြသည်။

ခေါင်းဆောင်နှင့် နင်ယန်သည်တော့ နဂိုကတည်းက နတ်မိမယ်ကျစ်ရွှမ်းကို ကြောက်ရွံ့သူများဖြစ်သောကြောင့် မြန်မြန်သွက်သွက် ထွက်သွားကြသည်။

မကြာမီ အဓိကခန်းမထဲမှာ ရွှီချင်းနှင့် နတ်မိမယ်ကျစ်ရွှမ်းသာ ကျန်ရှိတော့သည်။

“ နန်းတွင်းဝတ်စုံကို ကိုယ့်ဘာသာ ဝတ်ဆင်မယ်ဆိုရင် အရမ်းခက်ခဲတယ်… မင်းရဲ့ မျက်လုံးကို မှိတ်ထားပါ… ငါမင်းကို ကူညီပေးမယ် ”

နတ်မိမယ်ကျစ်ရွှမ်း၏ အသံသည် သိမ်မွေ့ညင်သာသည်။ ဤသည်ကို ရွှီချင်းကြားသောအခါ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရိုသေကျိုးနွံစွာ မျက်လုံးမှိတ်လိုက်သည်။

နောက်အခိုက်အတန့်မှာ နတ်မိမယ်ကျစ်ရွှမ်းသည် လက်ဝှေ့ယမ်းလိုက်သည်။ အဝတ်အစားများသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ သီးခြားခွဲထွက်သွားသည်။ ရွှီချင်း၏ ခန္ဓာကိုယ်သည် မသိမသာ တုန်ယင်သွားသည်။ ထို့နောက် နန်းတွင်းဝတ်စုံအစိတ်အပိုင်းများသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ခုပြီးတစ်ခု ကျဆင်းလာကြသည်။ ယင်းတို့က မတူညီသော နည်းလမ်းများဖြင့် အတူတကွ ပေါင်းစပ်သွားကြပြီး ရွှီချင်း၏ ခန္ဓာကိုယ်နှင့် အံဝင်ကွင်ကျဖြစ်သွားသည်။

နန်းတွင်းဝတ်စုံကို ဝတ်ဆင်နေစဉ် နတ်မိမယ်ကျစ်ရွှမ်း၏ အသံက ပဲ့တင်ထပ်လာသည်။

“ ကောင်းကင်ဘုံအမတ်ရဲ့ နန်းတွင်းဝတ်စုံက လုံးဝအနက်ရောင်ဖြစ်တယ်… အဲ့ဒါက ဂုဏ်ကျက်သရေရှိပြီး လေးထောင့်ပုံသဏ္ဍာန် ရှိတယ်… အဲ့ဒါကို ‘ ရွှမ်းသွမ့် ’လို့ခေါ်တယ်… ခေါင်းဆောင်းကိုတော့ ‘ ဝေမောင် ’လို့ခေါ်တယ်… အရင်တုန်းကတော့ အဲ့ဒါကို ကောင်းကင်ဝါးမျိုသားရဲရဲ့ အရိုးတွေနဲ့ အလှတန်ဆာ ဆင်ခဲ့ကြတယ် ”

“ အခုခေတ်မှာတော့ ကောင်းကင်ဝါးမျိုသားရဲက မျိုးတုန်းသွားပြီဖြစ်တာကြောင့် အင်မော်တယ်ကျောက်စိမ်းနက်နဲ့ အစားထိုးခဲ့ကြတယ်… ဒီနန်းတွင်းဝတ်စုံက ဝေမောင်နဲ့ ရွှမ်းသွမ့်ကို ပေါင်းစပ်ထားတာဖြစ်လို့ ရှေးဘုရင်ခေတ်မှာတုန်းက ဒီဟာကို ‘ ဝေသွမ့် ’လို့ ခေါ်ကြတယ် ”

နတ်မိမယ်ကျစ်ရွှမ်း၏ စကားကို ရွှီချင်းကြားပြီးနောက် အစောနက သူ၏ ခန့်မှန်းမှုက ပိုပြီးသေချာလာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားများက အစဉ်မပြတ် တင်ဆင်ခြင်းခံနေရကြောင်း သူအာရုံခံနိုင်သည်။ ထိုအဝတ်အစားများက အလွန်များပြားသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် သက်တောင့်သက်သာ ရှိသည်။

သူ၏ ကျင့်ကြံခြင်းသည်ပင် အနည်းငယ် မြန်ဆန်စွာ လှည့်ပတ်လာသည်။ ရှင်းလင်းသော စိတ်ခံစားမှုက သူ၏ ခန္ဓာကိုယ်ထဲမှာ ပေါ်ထွက်လာသည်။ ဤသည်မှာ သူက ဥပဒေသများနှင့် နိယာမများ၏ ကောင်းချီပေးခြင်းခံနေရသည့်အလားပင်။

“ ကောင်းပြီ… အခု မျက်လုံးပြန်ဖွင့်လို့ ရပြီ ”

တစ်ခဏကြာပြီးနောက် နတ်မိမယ်ကျစ်ရွှမ်း၏ အသံက ပျံ့လွင့်လာသည်။

ဤသည်ကို ကြားသောအခါ ရွှီချင်းက မျက်လုံးပြန်ဖွင့်လိုက်သည်။ ပထမဆုံး သူမြင်လိုက်ရသည်မှာ နတ်မိမယ်ကျစ်ရွှမ်း၏ မျက်လုံးထဲမှ ချီးမွမ်းသော အလင်းရောင်ဖြစ်သည်။

ထို့နောက် သူက လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ မြူခိုးသည် ဤနေရာမှာ ပေါ်လျှိုးလာပြီး ကြေမုံတစ်ခုပမာ ဖွဲ့စည်းသွားကာ သူ၏ ပုံရိပ်ကို အလင်းပြန်လိုက်သည်။

အနက်ရောင်နန်းတွင်းဝတ်စုံသည် ခမ်းနားထည်ဝါမှုနှင့် တည်ကြည်လေးနက်မှုကို ပေးသည်။ သူ၏ ရင်ဘက်ပေါ်မှ လက်သည်းငါးခု အနက်ရောင်နဂါးသည် အမှန်တကယ် အသက်ဝင်နေသည့်အလား အဝတ်အစားပေါ်တွင် ရွေ့လျားသွားနေဟန် အောက်မေ့ရသည်။ နဂါးဟိန်းသံသဲ့သဲ့သည်ပင် သူ၏ ဘေးပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်နေသည်။

ဖိနပ်၏ ထိပ်ဖျားသည် စက်ဝိုင်းသုံးခုပုံစံဖြင့် အပေါ်ဘက်သို့ ကွေးညွတ်နေသည်။ သူ၏ ဦးခေါင်းပေါ်မှာ ဆောင်းထားသော အနက်ရောင်ကျောက်စိမ်းသရဖူပေါ်တွင် ကျောက်စိမ်းတိမ်တိုက်အစုအဝေးပုံစံတစ်ခု ရှိသည်။ သရဖူ၏ ကျောက်စိမ်းအဆင်တန်ဆာများနှင့် ပန်းဖွားများကိုလည်း အနုစိတ်ကျစွာ ဖန်တီးထားခြင်း ဖြစ်သည်။

ထို့ပြင် နန်းတွင်းဝတ်စုံ၏ ထူးခြားမှုကို ရွှီချင်း၏ ချောမောခန့်ညားသော အသွင်အပြင်နှင့် ပေါင်းဖက်လိုက်သည့်အခါ သူ၏ အရှိန်အဝါသည် ပိုပြီးခမ်းနားထည်ဝါလာသည်။

“ အရမ်းကောင်းတယ်… လူသားဧကရာဇ်ကို ယဉ်ကျေးမှုဓလေ့ထုံးစံအတိုင်း ငါတို့နှုတ်ဆက်ကြမယ်… တကယ်လို့ လက်ရှိလူသားဧကရာဇ်က အဲ့ဒါကို နားမလည်ဘူးဆိုရင် သူ့ရဲ့ ဗဟုသုတက နည်းပါးနေသေးတယ်လို့ ဖော်ပြလိုက်တာပဲ… အဲ့ဒီကနေ သူ့ရဲ့ အရည်အချင်းကို ငါတို့မြင်နိုင်လိမ့်မယ် ”

ဂုဏ်ယူဝင့်ကြွားသော အပြုံးက နတ်မိမယ်ကျစ်ရွှမ်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ရွှီချင်းသည် မျက်တောင်ခတ်လိုက်ပြီး မည်သို့ပြန်ပြောရမည်မှန်း မသိတော့ချေ။

နတ်မိမယ်ကျစ်ရွှမ်းသည် ရွှီချင်းကို စုန်ချည်ဆန်ချည် စစ်ဆေးကြည့်ပြီးနောက် အသေးစိတ်ကျအောင် ပြုပြင်ပေးလိုက်သည်။ နောက်ဆုံးမှာတော့ သူက ရွှီချင်း၏ လက်ကို စိတ်ကျေနပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ့ကို အဓိကခန်းမ၏ အပြင်ဘက်သို့ ခေါ်ဆောင်သွားသည်။ ထို့နောက် သူတို့က လူတိုင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ဤသည်မှာ နန်းတွင်းအဝတ်အစားဖြင့် ရွှီချင်းကို သူတို့က ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူတို့၏ နှလုံးသည် ချက်ချင်း လှိုင်းထသွားကြသည်။

လီယွင်ရှန်းသည် မိန်းမောတွေဝေသွားသည်။ ရွှီချင်းအပေါ် သူ၏ ပထမဆုံးအမြင်သည် ဖိအားခံစားမိခြင်း ဖြစ်သည်။ ဤသည်မှာ ကျင့်ကြံခြင်းအဆင့်ကြောင့် မဟုတ်ပေ။ နန်းတွင်းဝတ်စုံ၏ အဆင့်အတန်းကြောင့် ဖြစ်သည်။

ခေါင်းဆောင်၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။ နန်းတွင်းဝတ်စုံအပေါ် သူ၏ လိုချင်တောင့်တမှုသည် ပိုပြီးအားကောင်းလာသည်။

ခုန်းရှန်းလုံသည်တော့ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တည်ကြည်လေးနက်စွာ ခေါင်းငုံ့လိုက်သည်။

နင်ယန်သည်လည်း တစ်ခဏကြာ ဆွံ့အသွားခဲ့သည်။ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ဆရာရွှီသာ ဤနန်းတွင်းဝတ်စုံဖြင့် အပြင်ထွက်သွားမည်ဆိုလျှင် နန်းမြို့တော်ထဲမှ အမျိုးသမီးကျင့်ကြံသူများက နှလုံးခုန်မြန်လာလိမ့်မည်ဖြစ်ကြောင်း သူလုံးဝသေချာသည်။ အကယ်၍ ရွှီချင်းသာ မိန်းကလေးတစ်ယောက်ကို မျက်စိကျမည်ဆိုလျှင် သူ၏ ဆဌမအကိုတော်သည်ပင် လက်လျော့သွားရလိမ့်မည်။

‘ ကျင့်ကြံသူတွေအတွက် ရုပ်ရည်က အရေးမကြီးဘူးဆိုပေမဲ့ ဘာဖြစ်လို့… ဘာဖြစ်လို့ ဒီလောက်ချောမောခန့်ညားနေရတာလဲ… ဆရာရွှီက တကယ်ပဲ လူသားတစ်ယောက်မှ ဟုတ်ရဲ့လား ’

ရွှီချင်းသည် သူတို့၏ တုံ့ပြန်မှုများကို အာရုံမစိုက်ပေ။ နန်းတွင်းဝတ်စုံ၏ သက်ရောက်မှုအောက်မှာ သူ၏ ကျင့်ကြံခြင်းအခြေခံက မည်သို့ပြောင်းလဲသွားကြောင်း အာရုံခံလိုက်သည်။

သူက ထိုသို့ခမ်းနည်းထည်ဝါသော အဝတ်အစားကို တစ်ခါမှ မဝတ်ဖူးသောကြောင့် အနည်းငယ် စိတ်ကျဉ်းကျပ်သော်လည်း ယင်းက အလွန်သက်တောင့်သက်သာရှိကြောင်း သူဝန်ခံရလိမ့်မည်။

နှစ်နာရီကြာပြီးနောက် နင်ယန်သည် မင်းသားဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ ထို့နောက် သူတို့အုပ်စုသည် နင်ယန်၏ စံအိမ်မှ ထွက်ခွာလာကြပြီး နန်းတော်ဆီသို့ ဦးတည်သွားကြသည်။

ဤအခိုက်အတန့်မှာ အာရုဏ်တတ်ချိန်သို့ မရောက်ရှိသေးပေ။ ဆောင်းဦးရာသီဖြစ်သောကြောင့် ညလေညင်းထဲမှာ အအေးဓာတ်တချို့ ကိန်းဝပ်နေသည်။ သို့သော်လည်း ယင်းက အရိုးခိုက်ခိုက်တုန်အောင် ချမ်းအေးသည်အထိ မပြင်းထန်ပေ။

ညဉ့်နက်အချိန်ဖြစ်၍ လမ်းပေါ်တွင် လမ်းသွားလမ်းလာ အနည်းငယ်သာ ရှိသည်။ ယင်းက နောက်ထပ်နာရီဝက် မကုန်ဆုံးခင်အထိ ကြာမြင့်ခဲ့သည်။ အာရုဏ်ဦး နေအလင်းရောင်က အဝေးမှ ကောင်းကင်ပေါ်မှာ စတင်ထွက်ပေါ်လာသည့်အခါ မြို့တော်ထဲတွင် စောစောအိပ်ယာထသူများဖြင့် တဖြည်းဖြည်း များပြားလာသည်။ ထိုအချိန်တွင် ရွှီချင်းနှင့် သူ့အဖွဲ့သည် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို ဖြတ်သန်းသွားပြီးပြီ ဖြစ်သည်။ သူတို့က ဓားကိုင်ဧကရာဇ်၏ ရုပ်တုနောက်မှ သက်တံ့လမ်းကြောင်းဆီသို့ ရောက်ရှိသွားကြသည်။

ထိုသက်တံ့လမ်းကြောင်းကို အရည်အချင်းပြည့်မီသော နန်းတွင်းအရာရှိများသာ ခြေချနိုင်ကြသည်။ ထိုလူများအပြင် လူသားဧကရာဇ်၏ ဆင့်ခေါ်ခြင်းခံရသော လူများသည် အရည်အချင်းပြည့်မီကြသည်။

ထို့ကြောင့် နတ်မိမယ်ကျစ်ရွှမ်းနှင့် ဖုန်းဟိုင်ဒေသငယ်မှ တခြားလူများသည် ရွှီချင်းနောက်သို့ မလိုက်ပါနိုင်ကြချေ။

ဤတွေ့ဆုံမှုသည် နန်းတော်၏ မနက်ခင်းအစည်းအဝေး ဖြစ်သည်။ ထို့ကြောင့် ရွှီချင်းနှင့် နင်ယန်က သက်တံ့လမ်းကြောင်းပေါ်တွင် ထွက်ပေါ်လာသည့်အခါ သူတို့၏ အကြည့်က သက်တံ့လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြသော တခြားပုံရိပ်များဆီသို့ ကျရောက်သွားသည်။

ထိုလူများသည်လည်း နန်းတွင်းဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့သည် ယောင်္ကျားများနှင့် မိန်းမများဖြစ်ကြပြီး သူတို့၏ အမူအရာသည် ဂုဏ်ကျက်သရေဖြင့် ပြည့်နှက်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ကျင့်ကြံခြင်းအရှိန်အဝါသည် အလွန်အံ့ဖွယ်ကောင်းသည်။

သူတို့အများစု၏ အဝတ်အစားများသည် အပြာရောင်ဖြစ်ပြီး အနီရောင်ကို ရံဖန်ရံခါ မြင်တွေ့ရသည်။ အနက်ရောင်ကိုတော့ ရွှီချင်းသည် လူခုနစ်ယောက်ထံမှာသာ မြင်တွေ့ခဲ့သည်။

ထိုခုနစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်သည် ဗလာနတ္ထိစတုတ္ထအဆင့် ဖြစ်သည်။ တချို့သည် တစ်ယောက်တည်းရှိနေပြီး တချို့သည် တခြားလူများ၏ ဝိုင်းရံခံထားရကြသည်။ ဤသက်တံ့လမ်းကြောင်းပေါ်တွင် သူတို့သည် အတော်လေး သိသာထင်ပေါ်ကြသည်။

ရွှီချင်းက တခြားလူများကို စစ်ဆေးလေ့လာနေစဉ် တခြားလူများသည်လည်း ရွှီချင်းကို စစ်ဆေးလေ့လာနေကြသည်။ မည်သို့ဖြစ်ပါစေ ရွှီချင်း၏ အနက်ရောင်နန်းတွင်းဝတ်စုံသည် တခြားလူများ၏ မျက်လုံးထဲမှာလည်း ထင်သာမြင်သာပေသည်။

သို့သော်လည်း သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေ။ ထို့ကြောင့် သူတို့က အများဆုံး တစ်ယောက်ကိုတစ်ယောက် ကြည့်နေရုံသာ ပြုမူကြသည်။ တစ်ဖက်လူကို စကားသွားပြောခြင်း မရှိပေ။

ရွှီချင်း၏ အကြည့်သည် အဝေးသို့ ရောက်ရှိသွားသည်။ သက်တံ့လမ်းကြောင်း၏ အဆုံးသတ်တွင် ဟင်းလင်းပြင်ထဲမှာ မျောလွင့်နေဟန်ရသော နန်းတော်တစ်ခုရှိသည်။

နန်းတော်သည် ၎င်းနောက်မှ ရှေးဘုရင်ဂြိုလ်၏ အရှိန်အဝါနှင့် ပေါင်းစပ်နေသည်။ ယင်းက ကျယ်ပြောပြီး အကန့်အသတ်မဲ့သည်။ နန်းတော်တစ်ခုလုံးသည် ရွှေရောင်တောက်ပနေသည်။

ရွှီချင်းသည် နန်းတော်ကို စိုက်ကြည်နေရင်း သက်တံ့လမ်းကြောင်းပေါ်သို့ ပျံသန်းသွားသည်။ နင်ယန်သည် ရွှီချင်း၏ အနောက်မှ နီးကပ်စွာ လိုက်ပါသွားသည်။ သူက နန်းတော်နှင့် ပိုပြီးနီးကပ်လာလေ ပိုပြီးစိုးရိမ်ကြောင့်ကြလာလေ ဖြစ်သည်။ သို့သော်လည်း ရွှီချင်း၏ တည်ငြိမ်မှုကို အာရုံခံမိပြီးနောက် သူ၏ နှလုံးသည် အနည်းငယ် တည်ငြိမ်သွားသည်။

သူတို့က အနားရောက်ရှိသွားသည့်အခါ နန်းတော်သည် ပိုပြီးရှင်းလင်းလာပြီး ၎င်း၏ ဆေးပန်းချီအမိုးများနှင့် ရောင်စဉ်သလင်းကျောက်များက ပေါ်လွင်ထင်ရှားလာကြသည်။ နန်းတော်၏ အတွင်းဘက်ထဲတွင် ခမ်းနားထည်ဝါသော မျှော်စင်များနှင့် ခန်းမကြီးများ တည်ရှိကြသည်။ နန်းတော်၏ ဂိတ်တံခါးအပြင်ဘက်တွင် ရွှေရောင်သံချပ်ကာဝတ် လူ့ဘီလူးကြီးနှစ်ကောင်က စောင့်ကြပ်နေကြသည်။ ၎င်းတို့က လက်ထဲတွင် ဧရာမဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားကြပြီး စူးရှသော အကြည့်ဖြင့် နန်းတော်ထဲသို့ ဝင်ရောက်လာသော လူတိုင်းကို အကဲခတ်နေကြသည်။

ရွှီချင်းနှင့် နင်ယန်က နန်းတော်၏ ဂိတ်တံခါးအရှေ့သို့ ရောက်ရှိလာသောအခါ ရွှေရောင်သံချပ်ကာဝတ် လူ့ဘီလူးကြီးနှစ်ကောင်၏ အကြည့်က သူတို့အပေါ်သို့ ကျရောက်လာသည်။ သို့သော်လည်း ၎င်းတို့က သူတို့နှစ်ယောက်ကို မတားဆီးခဲ့ပေ။ သူတို့ကို အထဲဝင်သွားရန် ခွင့်ပြုလိုက်ပြီး အင်မော်တယ်လက်ခံဧရိယာဆီသို့ လျှောက်သွားစေသည်။ ရွှီချင်းနှင့် နင်ယန်သည် ခမ်းနည်းထည်ဝါသော အဆောက်အဦးကို ကြည့်လိုက်ကြသည်။ အဆောက်အဦး၏ အမိုးသည် အလွန်ကျယ်ပြောပြီး လှေကားထစ်တစ်သောင်းပါရှိသော စင်မြင့်တစ်ခုလည်း ရှိသည်။

ဤအခိုက်အတန့်မှာ လူရာထောင်ချီသည် အင်မော်တယ်လက်ခံဧရိယာပေါ်တွင် မတ်တတ်ရပ်နေကြပြီး စောင့်ဆိုင်းနေကြသည်။ ရွှီချင်းနှင့် နင်ယန်၏ ရောက်ရှိလာမှုသည် ဤနေရာမှ လူများ၏ အာရုံကို ဖမ်းစားသွားသည်။

တစ်ခဏကြာပြီးနောက် နေလုံးက အဝေးမှ မိုးကုပ်စက်ဝိုင်းပေါ်မှာ ထွက်ပေါ်လာသောအခါ ဂုဏ်သိက္ခာမြင့်မားသော အသံသည် စင်မြင့်ပေါ်မှာ ထွက်ပေါ်လာသည်။

“ မနက်ခင်းအစည်းအဝေး စတင်မယ် ”

ထိုအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်သည် လှုပ်ရှားထကြွလာသည်။ ရွှေရောင်နဂါးများသည် တိမ်တိုက်များထဲမှ ပေါ်လျှိုးလာကြပြီး အရပ်မျက်နှာအသီးသီးမှာ လှည့်ပတ်ပျံသန်းလိုက်ကြသည်။ ထို့နောက် ၎င်းတို့သည် ကျယ်လောင်သော ဟိန်းသံတစ်သံကို ထုတ်ဖော်လိုက်ကြသည်။ ထို့ပြင် နန်းမြို့တော်ကို ဝိုင်းရံထားသော ရုပ်တုအားလုံးက ထွန်းလင်းတောက်ပသော အလင်းရောင်များကို ထုတ်လွှတ်လိုက်လေရာ ကောင်းကင်ပေါ်တွင် ရောင်စုံအလင်းရောင်ဖြင့် ပြည့်နှက်သွားသည်။ ယင်းက အေးဆေးတည်ငြိမ်မှုနှင့် သဟဇာတဖြစ်သော လေထုကို ဖြစ်ပေါ်စေသည်။

အင်မော်တယ်လက်ခံဧရိယာထဲမှ လူသားကျင့်ကြံသူအားလုံးသည် လေထဲသို့ တစ်ယောက်ပြီးတစ်ယောက် မြှောက်တတ်သွားကြသည်။ သူတို့သည် နန်းတွင်းဝတ်စုံ၏ အရောင်ပေါ်မူတည်၍ အဓိကခန်းမဆောင်ဆီသို့ လျှောက်သွားကြသည်။

ကောင်းကင်ဘုရင်များက အစည်းအဝေးတတ်ရန် မလိုအပ်သောကြောင့် အနက်ရောင်သည် အရင်ဦးစွာ လေထဲသို့ မြှောက်တတ်သွားရသည်။ ထို့နောက် အနီရောင်၊ အပြာရောင်နှင့် အစိမ်းရောင်က အနက်ရောင်၏ အနောက်မှ အစဉ်အတိုင်း လိုက်ပါသွားရလိမ့်မည်။

အနက်ရောင်နန်းတွင်းဝတ်စုံနှင့် လူဒါဇင်ခန့်က လေပေါ်သို့ ပျံသန်းသွားကြသည်ကို မြင်သောအခါ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ အမူအရာသည်လည်း တည်ကြည်လေးနက်လာသည်။ သူက မြေပြင်ပေါ်မှ ခုန်လိုက်ပြီး အဓိကခန်းမဆောင်၏ ပွင့်နေသော တံခါးမှတဆင့် အဝေးမှ နဂါးရာဇပလ္လင်ပေါ်တွင် ထိုင်နေသော လူသားဧကရာဇ်ကို ကြည့်လိုက်သည်။

All Chapters