← Chapters

ကန့်သတ်မဲ့ အမုန်း

Vol. 84 Ch. 1246

ကန့်သတ်မဲ့ အမုန်း

Vol. 84 Ch. 1246

ဆေဘာသည် စကြာအမှတ်သင်္ကေတနှင့် ထိတွေ့ရိုက်ခတ်သွား၏။

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခု ထိတွေ့ရိုက်ခတ်ပြီးနောက် ကမ္ဘာတုန်လောက်သော ပေါက်ကွဲသံ ထွက်ပေါ်မလာသော်လည်း သူတို့ရှိရာ လေဟာနယ်က တွန့်လိမ်သွား၏။

ယန်ပေးချန်နှင့် ချင်ဖျန်ယန်က ရင်ထဲမှာ တလှပ်လှပ် ခံစားလိုက်ရ၏။

ယန်ပေးချန်၏ အမြုတေစိတ်ဝိညာဉ်သည် ပြန်လည်ကုသ၍ မရနိုင်သော ဒဏ်ရာတစ်ခု ရရှိခဲ့စဉ်က အဲဒါသည် တာအိုအရှင်အချို့၏ အမြုတေစိတ်ဝိညာဉ်များနှင့် ထိတွေ့တိုက်ခိုက်ခဲ့သောကြောင့်ဖြစ်၏။

ယခု အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခု ထိတွေ့ရိုက်ခတ်သောအခါ သူတို့ထံမှ ဖြာထွက်လာသော စွမ်းအင် အတက်အကျသည် ယန်ပေးချန် တိုက်ခိုက်ခဲ့စဉ်ကထက်ပင် များစွာပို၍ ကြောက်စရာကောင်းနေ၏။

“မကောင်းတော့ဘူး”

ချင်ဖျန်ယန်က မျက်မှောင်ကြုတ်၍ တီးတိုးပြောဆိုလိုက်၏။

“ဗုဒ္ဓကျောင်းတော်တွေရဲ့ အဲဒီရွှေရောင်စာလုံးက အမုန်းရဲ့ မိစ္ဆာဆေဘာရဲ့ ဖိနှိမ်ခြင်းကို ခံနေရပြီ”

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခု ထိတွေ့ရိုက်ခတ်သောအခါ ဆူဇီမို၏ ရူလိုင်းဓမ္မချိပ်စည်းက အရင်ဆုံး အရေးနိမ့်သွား၏။

“ဇီမိုက ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ကာစပဲ ရှိသေးတယ်.. သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်နဲ့ ယှဉ်နိုင်တယ်ဆိုပေမဲ့.. အမုန်းက ပကတိ ဓမ္မဝိသေသအဆင့်ထိ ကျင့်ကြံခဲ့ပြီးသွားပြီ.. သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က ဆူဇီမိုထက် ပိုပြီးတော့ သာလွန်မှာပဲ”

ယန်ပေးချန်၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာရရှိထားသော်လည်း သူ၏ အမြင်အာရုံက ထက်ရှနေဆဲဖြစ်ပြီး အရာရာတိုင်းကို ရှင်းလင်းစွာ မြင်နိုင်လေသည်။

တာအိုအရှင် အမုန်းသည် ပြန်လည်ရောက်ရှိလာပြီးနောက်.. မိစ္ဆာဂိုဏ်းများ၏ ပြိုင်စံရှားများ အားလုံးကို ဖိနှိမ်ကာ အဆင့်တူချင်းကြားမှာ ပြိုင်ဘက်ကင်းလာခဲ့ခြင်းသည် အကြောင်းမဲ့သက်သက် သေချာပေါက် မဟုတ်ပေ။

ယန်ပေးချန်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့ မပူပါနဲ့.. ဇီမို့မှာလည်း ဝှက်ဖဲတွေ အများကြီးရှိတယ်.. သူက အလွယ်တကူ ရှုံးနိမ့်သွားမှာ မဟုတ်ဘူး”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် အမြုတေစိတ်ဝိညာဉ်တိုက်ပွဲ၏ ရလဒ်တစ်ခုက ထွက်ပေါ်လာခဲ့၏။

မိစ္ဆာဆေဘာပေါ်ရှိ မိစ္ဆာချီသည် သိပ်သည်းစုဖွဲ့လာပြီး အလွန်တရာ အားကောင်းသော အမုန်းတရားတစ်ခုနှင့်အတူ စွမ်းအားကြီးမားသော ထက်ရှမှုတစ်ခုက နောက်တစ်ဖန် ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

ဖျောက်.. ဖျောက်.. ဖျောက်..

ရူလိုင်းဓမ္မချိပ်စည်းပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာပြီး ၎င်းက ဆက်လက်၍ တောင့်မခံနိုင်တော့သည်မှာ သိသာလေသည်။

ဆူဇီမိုသည် ထိုအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို စတင်ကျင့်ကြံခဲ့ကတည်းက အဲဒါသည် အမြဲတမ်း အောင်မြင်မှုကို ရရှိခဲ့ပြီး အဆင့်ကြီးတစ်ဆင့် ကျော်ဖြတ်၍ပင် သူ၏ပြိုင်ဘက်များကို သတ်ဖြတ်နိုင်ခဲ့၏။

သို့သော် ယခုအခါ ၎င်းသည် အဆင့်တူချင်းမှာရှိသော ကျင့်ကြံသူတစ်ယောက်၏ ဖိနှိမ်ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။

မျှမျှတတ ပြောရမည်ဆိုလျှင် အမုန်းသုတ္တန်၏ နာမည်ဂုဏ်သတင်းနှင့် ကြောက်မက်ဖွယ်ရာကောင်းမှုသည် အစကတည်းက မဟာနေ့ရက်ရူလိုင်းသုတ္တန်၏ အထက်မှာ ရှိလေသည်။

ယခု တာအိုအရှင် အမုန်း၏ အမြုတေစိတ်ဝိညာဉ်ကလည်း ပို၍ပင် သန်မာနေသောကြောင့် ဤကဲ့သို့သော ရလဒ် ထွက်ပေါ်လာသည်မှာ သဘာဝကျလေသည်။

“အထီးကျန်သိုင်းသခင်.. မင်းက ငါနဲ့မှ အမြုတေစိတ်ဝိညာဉ်ချင်း တိုက်ခိုက်ဖို့ ရွေးချယ်လိုက်တာကတော့ သေချင်နေတာပဲ ဖြစ်ရမယ်”

တာအိုအရှင် အမုန်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ၏ အမြုတေစိတ်ဝိညာဉ် မိစ္ဆာဆေဘာ၏ စွမ်းအားက သိသိသာသာ လျော့ကျသွားသော်လည်း ၎င်းက ဆူဇီမိုထံသို့ ပျံသန်းလာနေဆဲဖြစ်၏။

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ ရုတ်တရက်.. သူ၏ ဘယ်ဘက်လက်ကောက်ဝတ်က ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပသွားပြီး ရွှေ့ရောင်အမှတ်သင်္ကေတစာလုံးများဖြင့် ပြည့်နှက်နေသော အကာအရံအလင်းလွှာတစ်ခုက သူ၏ဘေးမှာ ပေါ်ထွက်လာခဲ့၏။

မင်းဝမ်ဆုတောင်းပုတီး..

ဘုန်း..

မိစ္ဆာဆေဘာသည် အကာအရံလွှာနှင့် ထိတွေ့ရိုက်ခတ်သောအခါ ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ တဖြည်းဖြည်း ပျက်ပြယ်သွားရ၏။

“အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်လား”

မင်းဝမ်ဆုတောင်းပုတီးသည် ဆူဇီမို၏ အင်္ကျီလက်အောက်မှာ ဖုံးကွယ်နေသော်လည်း တာအိုအရှင် အမုန်းက အဲဒါကို ချက်ချင်းပင် ခန့်မှန်းမိလိုက်၏။

“မင်းမှာ ရတနာတွေ အများကြီးရှိနေတာပဲ”

တာအိုအရှင် အမုန်းက လှောင်ရယ်မောလိုက်၏။

“ကံမကောင်းစွာနဲ့ပဲ.. အဲဒီရတနာတွေက ပိုင်ရှင်ပြောင်းရတော့မယ်”

ဆူဇီမို၏ အကြည့်က တဖျပ်ဖျပ်လက်လာပြီး ခဏမျှ တွေဝေတုံ့ဆိုင်းသွား၏။

သူ့မှာ နောက်ထပ် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ် ရှိလေသည်။

သို့သော်လည်း.. သူ၏ စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်ကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် တာအိုအရှင် အမုန်းမှာ တတိယမြောက် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခု ရှိနေနိုင်ဦးမလား သူ သေချာမပြောနိုင်ပေ။

သူက နောက်ထပ် ထိတွေ့ရိုက်ခတ်မှုတစ်ခုကို ခံယူလိုက်မည်ဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဉ်က အပြင်းအထန် ဒဏ်ရာရရှိသွားဖို့ များလေသည်။

တစ်ဖက်မှာတော့.. တာအိုအရှင် အမုန်းသည်လည်း စိုးရိမ်ပူပန်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို အလွယ်တကူ ထုတ်ဖော်ရဲခြင်း မရှိတော့ပေ။

“အမုန်းတရားရဲ့ အပြောကျယ်ပင်လယ်”

တာအိုအရှင် အမုန်းသည် လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ပြီး အမုန်းသုတ္တန်၏ ထိပ်တန်းအဆင့် ဓမ္မပညာရပ်တစ်ခုကို ဆင့်ခေါ်လိုက်၏။

သူ၏ဘေးပတ်လည်ရှိ မိစ္ဆာချီများက တရုန်းရုန်း ထကြွလာပြီး အဆက်မပြတ် စုစည်းကာ လေထဲတွင် အကန့်အသတ်မဲ့သော သမုဒ္ဒရာတစ်စင်းကို ဖြစ်ပေါ်စေပြီး ဆူဇီမိုထံသို့ တလိပ်လိပ်တိုးဝင်လာ၏။

ဆူဇီမို၏ တာအိုနှလုံးသားက ဖျက်ဆီး၍ မရနိုင်သော်လည်း သူ့အနေဖြင့် ဤအမုန်းတရားပင်လယ်၏ လွှမ်းခြုံမှုကနေ ရုန်းထွက်နိုင်ဖို့ ခက်ခဲလေသည်။

“မြင့်တက်စမ်း”

ဆူဇီမိုက လက်ဟန်ချိပ်စည်းများကို လှုပ်ရှား၍ ညင်သာစွာ ဟိန်းဟောက်လိုက်၏။

ရုတ်တရက်.. ကြောက်စရာကောင်းသော သတ္တဝါနှစ်မျိုးက သူ၏အောက်မှာ ပေါ်ထွက်လာခဲ့၏။

တစ်မျိုးသည် ခြေလက်လေးဖက်ရှိပြီး ၎င်း၏ကျောပေါ်တွင် သိပ်သည်းလေးလံသော အုတ်ခွံတစ်ခုကို သယ်ဆောင်ထားပြီး ဖြည်းဖြည်းချင်း ရွေ့လျားလာ၏။

နောက်ထပ် သက်ရှိတစ်မျိုးသည် ရှည်လျားသေးသွယ်ပြီး မီးတောက်နီရောင်ရှိကာ မီးတောက်များဖြင့် လောင်ကျွမ်းနေ၏။ ၎င်း၏ ခေါင်းကို မော့ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။

ကမ္ဘာဦးနတ်လိပ်…

ကမ္ဘာဦး မိုးပျံမြွေနဂါး…

နတ်ဘုရားသက်ရှိ နှစ်မျိုးသည် အတူတကွ လျင်မြန်စွာ​ ပေါင်းစည်းသွားပြီး လိပ်နှင့်မြွေက ရောထွေးယှက်ဖြာကာ ပို၍ပင် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုကို ဖြစ်ပေါ်လာစေ၏။ ဦးခေါင်းနှစ်လုံးနှင့်အတူ ၎င်းက သမိုင်းတစ်လျှောက် ဖိနှိမ်ပြီး ရပ်တန့်၍ မရနိုင်ပေ။

လိပ်နှင့်မြွေပေါ်မှာ မတ်တတ်ရပ်ရင်း ဆူဇီမို၏ ခန္ဓာကိုယ်က အမုန်းပင်လယ်ထဲမှာ မသိမသာ လွင့်မျောနေ၏။ သို့သော်လည်း သူက မည်သို့ပင်ဆိုစေ.. နစ်မြုပ်သွားခြင်း မရှိခဲ့ပေ။

တာအိုအရှင် အမုန်းက အဲဒါကို ဘယ်လိုပင် လှည့်ပတ်ပါစေ.. အမုန်းပင်လယ်ထဲတွင် မည်သို့သော လှိုင်းဂယက်များကို ဖန်တီးပါစေ.. ၎င်းသည် လိပ်နှင့်မြွေ၏ လျင်မြန်စွာ ဖိနှိမ်ခြင်းကို ခံလိုက်ရ၏။

ဆူဇီမိုကို သယ်ဆောင်ရင်း လိပ်နှင့်မြွေသည် ရေစီးကြောင်းကို ဆန်၍ ကူးခတ်ကာ တာအိုအရှင် အမုန်းဆီသို့ ဝင်ရောက်လာခဲ့၏။

ရုတ်တရက်.. ဆူဇီမိုက သူ၏လက်နှစ်ချောင်းကို ပူးကပ်ပြီး ဓားကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။

ချက်ချင်းပင်.. ကောင်းကင်က ကြယ်များဖြင့် ပြည့်နှက်သွားပြီး သူတို့က ဟန့်တားနှောင့်ယှက်ခံလိုက်ရသည့်အလား.. သူတို့၏ လမ်းကြောင်းများသည် ကသောင်းကနင်းဖြစ်လာခဲ့၏။

ကောင်းကင်၏ သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသောအခါ.. ကြယ်များသည် နဂိုနေရာကနေ ရွေ့လျားကုန်ပေလိမ့်မည်။

ဇီး…

ဆူဇီမိုသည် သူ၏ ဓားလက်ချောင်းကို ဆန့်ထုတ်ပြီး ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။

အဖြူရောင်ဓားချီက သူ၏ လက်ချောင်းထိပ်ကနေ အကန့်အသတ်မဲ့သော ထက်ရှမှုနှင့် တုန်လှုပ်ချောက်ချားဖွယ်ရာ သတ်ဖြတ်လိုစိတ်နှင့်အတူ ပစ်လွင့်ထွက်ပေါ်လာခဲ့၏။ ၎င်းက တာအိုအရှင် အမုန်းဆီသို့ ခုတ်ပိုင်းကျဆင်းလာခဲ့လေသည်။

ထိုခုတ်ချက်ဖြင့် လေဟာနယ်တစ်ခုလုံးသည် နှစ်ပိုင်းပြတ်ကျသွားသည်ဟု ထင်ရ၏။

အဲဒါက အဲဒီမှာတင် ပြီးမသွားသေးပေ။

ဇီး… ဇီး… ဇီး…

တစ်ဖန်ထပ်၍ ခုတ်ပိုင်းချပြီးနောက်.. ဆူဇီမိုသည် သူ၏ ဓားလက်ချောင်းကို အဆက်မပြတ် လှုပ်ရှားကာ ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ ၁၀ ခုကို တစ်ခါတည်း ဆက်တိုက်ထုတ်ဖော်လိုက်၏။

ကျားနဂါးဂိုဏ်းမှာတုန်းက ဆူဇီမိုသည် ခုတ်ချက်သုံးခုကို ဆက်တိုက်ထုတ်ဖော်ကာ ကျားနဂါးဂိုဏ်း၏ ပေါင်းစည်းခန္ဓာတစ်ယောက်ကို သတ်ဖြတ်ခဲ့၏။

ယခုအခါ ရုန်းကန်ထွက်ပေါ်လာသော ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ ၁၀ ခုသည် မိစ္ဆာနတ်ဘုရားများကိုပင် ဖျက်ဆီးပစ်နိုင်ဖို့ လုံလောက်လေသည်။

တာအိုအရှင် အမုန်းသည် ရင်တစ်ချက်ထိတ်သွား၏။

သူသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ၏ ဇစ်မြစ်ကို မမှတ်မိသော်လည်း ထိုဓားချီ ၁၀ ခုက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ ခံစားမိနိုင်၏။

စဉ်းစားနေဖို့ အချိန်မရဘဲ သူ၏ဆေဘာကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး သူက မိစ္ဆာဆေဘာနှင့် တစ်သားတည်းကျသွားသည့်အလား အကန့်အသတ်မဲ့သော အမုန်းတရားတစ်ခုကို ထုတ်ဖော်လိုက်၏။

သူသည် ကောင်းကင်ကို မုန်းတီးလေသည်။ သူသည် ကမ္ဘာမြေကို မုန်းတီးသည်။ သက်ရှိအားလုံးနှင့် လောကရှိ အရာရာတိုင်းကို သူမုန်းတီးလေသည်။

ကန့်သတ်မဲ့ အမုန်း…

တာအိုအရှင် အမုန်းသည် အမုန်းသုတ္တန်မှ ကြောက်စရာအကောင်းဆုံး ဆေဘာနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်ပြီး အကန့်အသတ်မဲ့သော အမုန်းတရားတစ်ခုကို ဆင်းသက်လာစေ၏။ အဲဒါက အမုန်းတရား ဆေဘာစိတ်ဆန္ဒဖြစ်၏။

ထိုဆေဘာစိတ်ဆန္ဒ၏ စွမ်းအားသည် ထိပ်တန်းအဆင့် ဓမ္မပညာရပ်များဖြင့် ယှဉ်နိုင်လေသည်။

ဆေဘာက ကခုန်၍ အကန့်အသတ်မဲ့သော အမုန်းတရားများက မိစ္ဆာချီစီးကြောင်းများအဖြစ် ပြောင်းလဲပြီး ဝင်ရောက်လာသော ဓားချီ ၁၀ ခုဆီသို့ ပစ်ဝင်သွားလေသည်။

ချွမ်း.. ချွမ်း.. ချွမ်း..

သတ္တုချင်း ထိခတ်သံများက အလွန်တရာ စူးရှစွာဖြင့် ထွက်ပေါ်လာခဲ့၏။

တစ်ခဏအတွင်းမှာပင်.. ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ ၁၀ ခုသည် တာအိုအရှင် အမုန်း၏ ဆေဘာနည်းစနစ်ဖြင့် ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရ၏။

ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ ၁၀ ခုကို ခုခံနိုင်သည့် အဆင့်တူချင်းမှာရှိသော ကျင့်ကြံသူတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းဖြစ်၏။

ထိုအခိုက်အတန့်မှသာလျှင်.. တာအိုအရှင် အမုန်းသည် မိစ္ဆာဂိုဏ်းများ၏ နံပါတ်တစ် ဆေဘာအဖြစ် သူ၏ ကျွမ်းကျင်တတ်မြောက်မှုများကို ထုတ်ဖော်ပြသလာခဲ့၏။

ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ တာအိုအရှင်အမုန်း၏ ဆေဘာနည်းစနစ်သည် အပြည့်အဝ ထွက်ပေါ်လာခြင်း မရှိသေးပေ။ သူတို့က တိုးပွားလာနေသော ကြောက်မက်ဖွယ်ရာကောင်းမှုနှင့်အတူ ဆူဇီမိုကို အဆက်မပြတ် လွှမ်းခြုံလာ၏။

အမုန်းတရားများက အကန့်အသတ်မဲ့လေသည်။

ထိုဆေဘာနည်းစနစ်၏ လွှမ်းမိုးနိုင်စွမ်းသည် လေဟာနယ်ထဲရှိ စိတ်ဝိညာဉ်ချီများနှင့် ဓမ္မစွမ်းအားများ အားလုံးကို စုပ်ယူပြီး သူ့ခန္ဓာကိုယ်ထဲမှာ မုန်းတီးသော မိစ္ဆာချီအဖြစ် ပြောင်းလဲ၍ သူ၏ ဆေဘာနည်းစနစ်နှင့် ပေါင်းစည်းလာခဲ့၏။

တစ်စုံတစ်ယောက်သည် ထိုဆေဘာနည်းစနစ်မှာ နစ်မြုပ်သွားမည်ဆိုလျှင် ဘယ်တော့မှ ပြန်လည်ရုန်းထွက်နိုင်တော့မည် မဟုတ်ပေ။

အကန့်အသတ်မဲ့သော အမုန်းတရားသည် အဆုံးမဲ့သော ချောက်နက်တစ်ခုနှင့် တူလေသည်။

ဆူဇီမိုသည် လေထဲသို့ ပျံတက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ သက္ကတဘာသာစကားတစ်ခုကို ရွတ်ဆိုလိုက်၏။

“ဥုံ! မာ! ဏီ! ပါ!”

တစ်ချိန်တည်းမှာပင်.. ဆူဇီမိုသည် ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မချိပ်စည်းများကို ဆင့်ခေါ်ပြီး မည်သည့်ထိန်ချန်ခြင်းမှ မရှိဘဲ ဓမ္မချိပ်စည်း လေးခုစလုံးကို ဆင်းသက်စေလိုက်၏။

သူက အဲဒီမှာပင် ရပ်တန့်မသွားခဲ့ပေ။

ကန့်သတ်မဲ့ အမုန်းသည် အလွန်တရာ ကြောက်စရာကောင်းပြီး ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မချိပ်စည်း လေးခုမျှနှင့် အဲဒါကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် ပို၍ပင် သန်မာသော ရုန်းကန်ပေါက်ကွဲအားတစ်ခုကို လိုအပ်လေသည်။

“ပင်လယ်သင်္ချိုင်းလျှို့ဝှက်အတတ်”

“ကမ္ဘာဖျက် မိစ္ဆာလက်သီး”

“သဲမုန်တိုင်း”

“မဟာသက္ကတ အလင်းလက်သီး”

“အဝီစိ”

“…”

ကြောက်စရာကောင်းသော ဓမ္မပညာရပ်နှင့် လျှို့ဝှက်အတတ် ၃၀ ကျော်ကို ဆူဇီမိုက တစ်ခဏအတွင်းမှာ ထုတ်ဖော်လိုက်လေသည်။

ဓမ္မပညာရပ်များ အားလုံးသည် ပေါင်းစည်းသွားပြီး ကောင်းကင်နှင့်မြေကြီးကပင် တသိမ့်သိမ့် လှုပ်ခါလာခဲ့၏။

All Chapters