← Chapters

ဓမ္မဝိသေသ သုံးခု

Vol. 84 Ch. 1248

ဓမ္မဝိသေသ သုံးခု

Vol. 84 Ch. 1248

ထိုသွေးနီရောင် မျက်လုံးများသည် ဝမ်းနည်းမှု၊ နာကျင်မှု၊ စိတ်ပျက်မှု၊ မုန်းတီးမှုနှင့်​ ယူကျုံးမရဖြစ်မှု စသော အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေ၏။

ထိုသွေးနီရောင်မျက်လုံးများသည် အဆုံးမဲ့သော အသူရာချောက်နက်ကြီးတစ်ခုအလား ဖြစ်နေ၏။

ဆူဇီမိုသည် ၎င်းနှင့် အကြည့်ချင်း တစ်ချက်မျှ ဖလှယ်ရုံမျှနှင့် ထိုချောက်နက်၏ ဝါးမျိုခြင်းကို ခံရလုနီးပါးပင်။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ဓမ္မစွမ်းအားများ အားလုံးကို ပေါင်းစည်းထားခြင်းဖြစ်ပြီး ဓမ္မပညာရပ်များ၏ အနှစ်သာရဖြစ်၏။

၎င်းက အသက်ဓာတ် ကင်းမဲ့ပြီး မည်သည့်စိတ်ခံစားချက်မှ မပါဝင်ပေ။

သို့သော်လည်း… တာအိုအရှင် အမုန်း၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသက မတူကွဲပြားလေသည်။

ထိုနေရာမှာ မတ်တတ်ရပ်နေရုံမျှနှင့် ထိုကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် အရာရာတိုင်းကို ဝါးမျိုဖျက်ဆီးနိုင်သော အမုန်းတရား ချောက်နက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။

ထိုမျက်လုံးများနှင့် ဆုံမိသွားပြီးနောက် ဆူဇီမိုသည် မိစ္ဆာဧကရာဇ်အမုန်း၏ ဒဏ္ဍာရီကို ရုတ်တရက် ပြန်လည်အမှတ်ရလာ၏။

ဒဏ္ဍာရီအရဆို... ထိုမိစ္ဆာဧကရာဇ်အမုန်းသည် သူ့ကိုယ်သူပင် အရိုးထိတိုင် မုန်းတီးပြီး နောက်ဆုံးမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့၏။

ဘယ်လိုအမုန်းတရားကများ တစ်စုံတစ်ယောက်ကို သူတို့ကိုယ်သူတို့ သတ်ဖြတ်စေနိုင်သလဲ ဆူဇီမိုက စဉ်းစားမကြည့်နိုင်ပေ။

သို့သော်လည်း ထိုမျက်လုံးများကို တွေ့မြင်သောအခါ ဆူဇီမိုသည် ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့၏။

ထိုမျက်လုံးများထဲမှာ မည်သည့် မျှော်လင့်ချက်မှ ရှိမနေပေ။

မိစ္ဆာဧကရာဇ်အမုန်းအတွက် ရှင်သန်ရခြင်းက ညှင်းပန်းနှိပ်စက်မှုတစ်မျိုး ဖြစ်နေခဲ့၏။

ဘုန်း…

ဆူဇီမို စဉ်းစားတွေးတောနေစဉ်မှာပင်.. တာအိုအရှင် အမုန်းက သူ၏နောက်ဘက်ရှိ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို စေညွှန်ပြီး ရှေ့သို့ တက်လှမ်းစေလိုက်၏။

ခြေတစ်လှမ်းနှင့်အတူ ၎င်းက အကန့်အသတ်မဲ့သော လေဟာနယ်ကို ဖြတ်ကျော်ပြီး ဆူဇီမိုရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာခဲ့၏။

ပေ ၉၀ မြင့်မားသော ကြီးမားသည့် ခန္ဓာကိုယ်သည် မြောက်များလှစွာသော အမုန်းတရားများကို ဖြာထုတ်ပေးနေ၏။ ၎င်းက ရူလိုင်းဓမ္မခန္ဓာနှင့် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာထက် များစွာပို၍ မြင့်မားပြီး ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုကို အပြတ်အသတ် ဖိနှိမ်လိုက်၏။

ရွှစ်..

သူ့လက်ထဲရှိ ဆေဘာကို ကိုင်မြှောက်ပြီး အမုန်းဓမ္မခန္ဓာသည် ဆူဇီမို၏ ဦးခေါင်းဆီသို့ ရက်ရက်စက်စက် ခုတ်ပိုင်းချလိုက်၏။

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် ၎င်း၏ တံစဉ်ကို လွှဲယမ်းပြီး မိစ္ဆာဆေဘာကို ခုခံလိုက်လေသည်။

ဆေဘာနှင့် တံစဉ် ထိတွေ့ရိုက်ခတ်ပြီး မီးပွားများက လွင့်စင်ထွက်သွား၏။

အမုန်းဓမ္မခန္ဓာသည် လုံးဝ လှုပ်ရှားခြင်း မရှိသလို သူ၏မျက်လုံးထဲတွင် မည်သည့်စွမ်းအင် အတက်အကျမှ ဖြစ်ပေါ်မလာခဲ့ပေ။

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကတော့ ၎င်း၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်သွားပြီး ဓမ္မစွမ်းအားများက တလိပ်လိပ် တက်လာခဲ့၏။ ထိုဓမ္မဝိသေသသည် အမုန်းဓမ္မခန္ဓာ၏ ခုတ်ချက်တစ်ချက်ဖြင့် နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားရ၏။

၈၅ ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ တစ်ခုသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်လေသည်။

ထိုကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာနှင့်အတူ ဆူဇီမိုသည် ကျားနဂါးဂိုဏ်းမှာ ပြိုင်ဘက်ကင်းခဲ့ပြီး မည်သူကမှ သူ၏ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် သူ့ကို ဦးညွှတ်ခဲ့ရ၏။

သို့သော်လည်း.. အမုန်းဓမ္မခန္ဓာနှင့် ရင်ဆိုင်ရချိန်တွင် သူတို့ကြား ကွာဟချက်က ကြီးမားနေဆဲဖြစ်၏။

၈၅ ပေနှင့် ပေ ၉၀ကြား ကွာဟချက်က ၅ပေမျှသာ ဖြစ်၏။

သို့သော်လည်း ထိုကွာဟချက်က မိုးနှင့်မြေလို ဖြစ်နေ၏။

၈၅ပေ မြင့်မားသော အခြားတစ်စုံတစ်ယောက်၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသဆိုလျှင် သူတို့သည် အမုန်းဓမ္မခန္ဓာထံမှ ခုတ်ချက်တစ်ချက်ကိုပင် ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် အဲဒါကို ခုခံနိုင်ရသည့် အကြောင်းရင်းမှာ ထိုဓမ္မခန္ဓာ၏ အခြေခံအုတ်မြစ်သည် တာအိုနှလုံးသား မိစ္ဆာမျိုးစေ့သုတ္တန်ထံမှ ဆင်းသက်လာခဲ့သောကြောင့်ဖြစ်၏။ ၎င်းသည် မိစ္ဆာတာအိုမှ များစွာသော ကျင့်ကြံရေး နည်းစနစ်များနှင့် ပေါင်းစည်းထားပြီး အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လေသည်။

ဤကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် မိစ္ဆာတာအို၏ အနှစ်သာရတစ်ခုလည်းဖြစ်၏။

ဘုန်း..

ရူလိုင်းဓမ္မခန္ဓာကိုယ်ကလည်း လှုပ်ရှားလိုက်ပြီး ရွှေရောင်တလက်လက် တောက်ပနေသော လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်ကာ အမုန်းဓမ္မခန္ဓာကိုယ်ပေါ်သို့ ဖိချလိုက်၏။

အမုန်းဓမ္မခန္ဓာက လှည့်ပင်မကြည့်ဘဲ ရူလိုင်းဓမ္မခန္ဓာ၏ လက်ဖဝါးကို လက်ပြန်လွှဲကာပစ်ထိုးချလိုက်၏။

ဘန်း..

လက်သီးနှင့် လက်ဝါးက ထိတွေ့ရိုက်ခတ်သွားကြ၏။

ရူလိုင်းဓမ္မခန္ဓာသည် တဆတ်ဆတ် တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းဝက် ဆုတ်လိုက်ရ၏။

“ဟားဟားဟားဟား”

တာအိုအရှင် အမုန်းက အူမြူးအားရသော အမူအရာတစ်ခုဖြင့် ရယ်မောလိုက်၏။

“အထီးကျန်သိုင်းသခင်.. မင်းက ဆက်ကျင့်ကြံပြီး အဲဒီ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ နှစ်ခုက ၈၉ပေ ဒါမှမဟုတ် ပေ၉၀အထိ ရောက်လာမယ်ဆိုရင်တော့.. မင်းက ငါနဲ့ တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်လိမ့်မယ်”

“ကံဆိုးစွာနဲ့ပဲ.. မင်းမှာ အဲဒီအခွင့်အရေး ထပ်ပြီး မရှိတော့ဘူး”

“ငါ ဒီနေ့ မင်းအသက်ကို ယူပြမယ်”

တာအိုအရှင် အမုန်းက ဟိန်းဟောက်လိုက်ရင်း အမုန်းဓမ္မခန္ဓာကိုယ်ပေါ်ရှိ အမုန်းတရားများက သိပ်သည်းစုဖွဲ့လာကာ ၎င်းသည် ဝမ်းနည်းပူဆွေးဖွယ်ရာကောင်းသော ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်၏။

သူ့လက်ထဲရှိ မိစ္ဆာဆေဘာကို တစ်ဖန်ကိုင်မြှောက်ပြီး ခုတ်ပိုင်းချလိုက်၏။

ဝှစ်.. ဝှစ်..

ဆေဘာက လေထုကို ဖြတ်သန်း၍ တုန်လှုပ်ချောက်ချားဖွယ်ရာ ညည်းတွားသံများကို ဆက်တိုက်ထွက်ပေါ်လာစေ၏။

ထိုခုတ်ချက်သည် ရူလိုင်းဓမ္မခန္ဓာနှင့် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကိုယ်အပေါ် လွှမ်းခြုံလာခဲ့၏။

ဆူဇီမို၏ အမူအရာက သုန်မှုန်လာခဲ့လေပြီ။

ပေ၉၀ ဓမ္မဝိသေသတစ်ခုနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက်.. အန္တိမဓမ္မဝိသေသတစ်ခု၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို သူက အမှန်တကယ်ပင် ခံစားမိလာခဲ့၏။

၉ က အဆုံးစွန် နံပါတ်တစ်ခုဖြစ်၏။

ပေ၉၀သည် အန္တိမ၏ အမှန်သင်္ကေတတစ်ခု ဖြစ်လေသည်။

အဲဒါက စကားလုံးသက်သက်မျှသာ မဟုတ်ပေ။

ဘုန်း…

သိပ်သည်းပြင်းထန်သော ဖိအားအောက်တွင် ဆူဇီမိုက ဆက်လက်၍ ထိန်ချန်ခြင်း မရှိတော့ဘဲ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ့ခန္ဓာကိုယ်ထဲမှ ပုံရိပ်ယောင်တစ်ခုကို ပေါက်ကွဲထွက်ပေါ်လာစေ၏။

တတိယမြောက် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသက ဆင်းသက်လာခဲ့လေပြီ။

ထိုကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် နက်မှောင်နေသော တိမ်စိုင်များပေါ်မှာ မတ်တတ်ရပ်ပြီး အကန့်အသတ်မဲ့သော လျှပ်စီးများနှင့်အတူ တောက်ပနေ၏။ ၎င်းက လွှမ်းမိုးခြယ်လှယ်မှု ရှိပြီး လျှပ်စီးပေါင်း ကုဋေကဋာကနေ ပြုလုပ်ထားသော ကျာပွတ်တစ်ခုကို ကိုင်ဆွဲကာ သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ လောကကို ငုံ့ကြည့်နေ၏။

၎င်းသည် လောကကို ထိန်းချုပ်ထားသော ရှေးဟောင်း မိုးကြိုးနတ်ဘုရားတစ်ပါးနှင့် ဆင်တူနေ၏။

မိုးကြိုးဓမ္မခန္ဓာက ဆင်းသက်လာခဲ့လေပြီ။

မိုးကြိုးဓမ္မခန္ဓာသည် မဟာဗလာနယ် စိတ်ဝိညာဉ်သန့်စင်ခြင်း အပိုင်းကနေ ဆင်းသက်လာခြင်းဖြစ်​ပြီး အခြေခံအုတ်မြစ်အဖြစ် အင်မော်တယ်တာအိုမှ များစွာသော လျှို့ဝှက်အတတ်များကို အသုံးပြုထား၏။ ၎င်းက ၈၅ပေအထိ လျင်မြန်စွာ မြင့်တက်လာခဲ့၏။

ယခုအခါ.. ၈၅ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခု ရှိလာခဲ့ပြီဖြစ်၏။

တာအိုအရှင် အမုန်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု တစ်စွန်းတစ်စက ဖျတ်ခနဲ ပေါ်ထွက်လာ၏။

တာအိုအရှင် အထီးကျန်သိုင်းသခင်က အစောပိုင်း ဓမ္မဝိသေသအဆင့်မှာသာ ရှိနေသေးသည်ကို ကျေးဇူးတင်ရပေမည်။ ထိုသူကသာ ပကတိ ဓမ္မဝိသေသအဆင့်သို့ ကျင့်ကြံထားခဲ့မည်ဆိုလျှင် သူ၏ အန္တိမဓမ္မဝိသေသပင်လျှင် ထိုကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုကို ရင်ဆိုင်ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ယခုအခါ ၈၅ ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုသည် သူ၏ အမုန်းဓမ္မခန္ဓာကို ခြိမ်းခြောက်နိုင်ဖို့အတွက် လုံလောက်မှု မရှိသေးပေ။

ဖျောက်…

ကျာပွတ်ပေါ်တွင် မိုးကြိုးလျှပ်စီးများက ကခုန်နေပြီး လေထုကို ဆုတ်ဖြဲကာ အမုန်းဓမ္မခန္ဓာ၏ လက်ကောက်ဝတ်ကို ချက်ချင်းပင် ရစ်ပတ်လိုက်၏။ ကြီးမားသော မိုးကြိုးစွမ်းအားက ကျာပွတ်မှတစ်ဆင့် အမုန်းဓမ္မခန္ဓာထဲသို့ တလိပ်လိပ် တိုးဝင်လာ၏။

မိုးကြိုးစွမ်းအားက မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများကို ဖိနှိမ်ရာမှာ သက်ရောက်မှုအရှိဆုံးဖြစ်၏။

တစ်ခဏအတွင်းမှာပင်.. အမုန်းဓမ္မခန္ဓာ၏ မိစ္ဆာချီများပင်လျှင် ဖိနှိမ်ခံလိုက်ရ၏။

သို့သော်လည်း.. ချက်ချင်းဆိုသလိုပင် အမုန်းဓမ္မခန္ဓာ၏ မျက်လုံးထဲရှိ သွေးရောင်က သိပ်သည်းစုဖွဲ့လာပြီး ၎င်း၏ နှလုံးထဲကနေ အမျက်ဒေါသနှင့် အမုန်းတရားက တလိပ်လိပ် လျှံတက်လာ၏။ အမုန်းတရားများက တဝုန်းဝုန်း ထကြွလာပြီး မိစ္ဆာချီများက လျှံထွက်ကာ မိုးကြိုးကျာပွတ်၏ ရစ်ပတ်မှုကနေ ရုန်းထွက်လိုက်လေသည်။

ဘန်း.. ဘန်း.. ဘန်း..

အမုန်းဓမ္မခန္ဓာသည် သုံးကြိမ်ဆင့်၍ ခုတ်ပိုင်းချလိုက်၏။

မိုးကြိုးဓမ္မခန္ဓာ၊ ရူလိုင်းဓမ္မခန္ဓာနှင့် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် ၎င်းနှင့် ထိပ်တိုင်ရင်ဆိုင် ခုခံလိုက်ရ၏။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်များက တဆတ်ဆတ် တုန်ယင်သွားပြီး သူတို့က နောက်သို့ ခြေလှမ်းအနည်းငယ်စီ ဆုတ်လိုက်ရ၏။

သူတို့က အဲဒါကို ခုခံနိုင်ခြင်း မရှိပေ။

ဆူဇီမို၏ အမူအရာက နောက်ဆုံးမှာ ပြောင်းလဲလာခဲ့၏။

၈၅ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုနှင့်ပင်လျှင် အန္တိမဓမ္မဝိသေသ၏ စွမ်းအားကို ခုခံနိုင်ခြင်း မရှိသေးပေ။

သူသည် အလယ်ပိုင်းတိုက်မှာ ဤမျှအထိ ကြောက်စရာကောင်းသော ရန်သူတစ်ယောက်နှင့် တွေ့ကြုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ဘန်း.. ဘန်း.. ဘန်း..

အမုန်းဓမ္မခန္ဓာသည် အဆက်မပြတ် တိုက်ခိုက်၍ ၎င်း၏ဆေဘာ ဖြတ်သန်းသွားရာတစ်လျှောက် အမုန်းတရားနှင့် မိစ္ဆာချီများက တလိပ်လိပ်တက်ပြီး အရာရာတိုင်းကို စီးပိုးခြယ်လှယ်နိုင်၏။

ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုသည် အဆက်မပြတ် နောက်သို့ ဆုတ်ပေးနေရ၏။

“အထီးကျန်သိုင်းသခင်.. မင်း ရှုံးသွားပြီ”

တာအိုအရှင် အမုန်းက ကြောက်မက်ဖွယ်ရာ အမူအရာတစ်ခု ရှိနေပြီး ဟားတိုက်ရယ်မောလိုက်လေသည်။

“သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စား မွန်းစတားတဲ့လား.. နောက်ဆုံးမှာတော့ မင်းက ငါ့ရဲ့ သတ်ဖြတ်ခြင်းကို ခံရမှာပဲ”

“ဇီမို.. ပြေးတော့”

ထိုစဉ်မှာပင် ယန်ပေးချန်၏ အသံက ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။

“မင်းရဲ့ အစွမ်းအစနဲ့ဆို.. မင်းက ဒီနေရာကနေ သေချာပေါက် ထွက်ပြေးလွတ်မြောက်နိုင်မှာပဲ”

“ဒီနေရာကနေ ထွက်သွား.. မင်းက ပကတိ ဓမ္မဝိသေသအဆင့်ကို ကျင့်ကြံပြီးတာနဲ့ သေချာပေါက် တစ်ကြော့ပြန်လာပြီး အမုန်းကို ဖိနှိမ်လို့ ရတယ်”

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။

သူ့တွင် ဝှက်ဖဲများစွာ ရှိလေသည်။ တာအိုအရှင် အမုန်းသည် ဤတိုက်ပွဲမှာ အသာစီးရရှိနေသော်လည်း သူသာ ထွက်ပြေးလွတ်မြောက်ချင်သည်ဆိုလျှင် ထိုသူက သူ့ကို သေချာပေါက် တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း.. သူက ထွက်ပြေးလွတ်မြောက်သွားမည် ဆိုလျှင်တောင် ယန်ပေးချန်နှင့် ချင်ဖျန်ယန်က ဤနေရာမှာ သေချာပေါက် သေဆုံးရပေလိမ့်မည်။

ဆူဇီမိုသည် သူ့ဘာသာသူ ကိုယ်လွတ်ရုန်းပြီး ယန်ပေးချန်နှင့် ချင်ဖျန်ယန်ကို ဤနေရာမှာ ဘယ်လိုလုပ် အသေခံနိုင်ပါ့မလဲ။

ဆူဇီမို၏ စိတ်ကို ဖတ်မိသည့်အလား.. ယန်ပေးချန်က နောက်ထပ် အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်၏။

“နှစ်ယောက်ပဲ သေတာက သုံးယောက်စလုံး သေတာထက်စာရင် ပိုကောင်းတာပေါ့”

“မင်းက ထွက်ပြေးလွတ်မြောက်သွားမယ်ဆိုရင်.. နောင်အနာဂတ်မှာ ငါတို့အတွက် လက်စားချေပေးလို့ ရသေးတာပဲ”

ဆူဇီမိုက ပြန်မဖြေသေးပေ။

မည်သို့ပင်ဆိုစေ.. သူက ယန်ပေးချန်ကို ဤနေရာမှာ ထားခဲ့ပြီး တစ်ယောက်တည်း ထွက်မသွားနိုင်ပေ။

ဒါ့အပြင်.. သူက အထီးကျန်သိုင်းသခင် ဖြစ်၏။

သူသည် သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စား မွန်းစတား၊ ပြိုင်ဘက်ကင်း တာအိုအရှင် အထီးကျန်သိုင်းသခင် ဖြစ်၏။

ယခု သူက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ဖြစ်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အား အပြည့်အဝကို ကိုယ်စားမပြုနိုင်သော်လည်း ဤအစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် နှစ်ငါးထောင်ကြာ ကျင့်ကြံပြီးနောက် ကြီးမားသည့် အသွင်ပြောင်းလဲမှုတစ်ရပ်ကို ကြုံတွေ့ထားခဲ့၏။

သူက ဤကဲ့သို့ ရှုံးနိမ့်မှုကို အလွယ်တကူ သေချာပေါက် ဝန်ခံလိမ့်မည် မဟုတ်ပေ။

အဲဒီမှာ နောက်ထပ် အဖြေတစ်ခု ရှိရပေဦးမည်။

All Chapters