ပြန်ဝင်စားမွန်းစတားတစ်ယောက် သေဆုံးခြင်း
Vol. 84 Ch. 1250
ဖြောင်း...
မိုးကြိုးဓမ္မခန္ဓာ၏ ကျာပွတ်သည် တာအိုအရှင်အမုန်းကို ပြင်းထန်စွာ ပစ်ရိုက်လိုက်ပြီး သူ၏အသားများကို ဖွာလန်ကျဲ၍ အရိုးများကိုပေါ်ထွက်လာစေ၏။
စတုရတီတာအိုမီးသည် ထိုဒဏ်ရာကို ချက်ချင်းပင် လွှမ်းခြုံသွားပြီး သွေးများစီးကျမလာခင်မှာပင် ၎င်းက ခန်းခြောက်သွားစေ၏။
ဘန်း...
ရူလိုင်းဓမ္မခန္ဓာ၏ လက်ဟန်ချိပ်စည်းသည် တာအိုအရှင်အမုန်း၏ ရင်ဘတ်ပေါ်သို့ ဆင်းသက်လာခဲ့၏။
အရိုးမျာကျိုးပဲ့သံကို ကြားလိုက်ရ၏။ တာအိုအရှင်အမုန်း၏ ရင်ဘတ်သည် ချက်ချင်းပင်ချိုင့်ဝင်သွားလေသည်။
ကျိုးပဲ့သွားသော အရိုးများစွာက သူ၏အဆုတ်များကိုပင် ထိုးဖောက်သွား၏။
ဖောင်း....
တာအိုအရှင်အမုန်းသည် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ၏ တံစဥ်ထံကနေ သေကွင်းသေကွက်ထိခိုက်မှုကို ရှောင်ရှားလိုက်နိုင်သော်လည်း သူ၏ဝမ်းဗိုက်က ထိုးဖောက်ခံလိုက်ရဆဲ ဖြစ်၏။
တံစဥ်ကို ကန့်လန့်ဖြတ်ဆွဲယူပြီး တာအိုအရှင်အမုန်း၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းနီးပါး လှီးဖြတ်လိုက်လေသည်။
ထိုပြင်းထန်သော ဒဏ်ရာ ၃ ခုသည် တာအိုအရှင်အမုန်းကို သေစေချင်မှ သေစေနိုင်ပေလိမ့်မည်။
သို့သော်လည်း တာအိုအရှင်အမုန်း၏ ခန္ဓာကိုယ်သည် စတုရတီတာအိုမီးဖြင့် လောင်ကျွမ်းနေဆဲ ဖြစ်၏။ အစကတော့ သူ၏ခန္ဓာကိုယ်နှင့် သွေးချီသည် စတုရတီတာအိုမီးကို တောင့်ခံထားနိုင်ဆဲ ဖြစ်၏။
ယခုအခါ သူက ရုတ်တရက် ဒဏ်ရာများရရှိလာပြီး မျှခြေက ချက်ချင်းပက် ကျိုးပျက်သွား၏။
စတုရတီတာအိုမီးသည် သူ၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ တလိပ်လိပ်တိုးဝင်လာပြီး သူ၏အရိုးများ ၊ အင်္ဂါများ ၊ သွေးချီနှင့် အသက်ဓာတ်တို့ကို လောင်ကျွမ်းလာစေ၏။
စတုရတီတာအိုမီးက သူတို့၏ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများကို လောင်ကျွမ်းလာပါက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ ခုသည် ဒဏ်ရာများဖြင့် ပြည့်နှက်၍ စကာပေါက်ဖြစ်လာခဲ့၏။ ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူတို့က လျင်မြန်စွာ ပြိုလဲပျက်ပြယ်သွားရ၏။
ဤတိုက်ပွဲသည် ဆူဇီမိုတွေးထင်ထားခဲ့သည်ထက် များစွာပို၍ ကြောက်စရာကောင်းနေခဲ့၏။
တာအိုအမွေအနှစ်ကုန်းမြေမှာ နှစ် ၅ ထောင်ကြာ လေ့လာဆည်းပူးခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူသည် ဤတိုက်ပွဲကို သေချာပေါက် အနိုင်ရလိမ့်မည်မဟုတ်ပေ။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ရွှေခေတ်တစ်ခုရောက်ရှိလာတော့မည့် အရိပ်လက္ခဏာများစွာ ပြသလာခဲ့၏။ ပြိုင်စံရှားများက ဗုံးပေါလအော ပေါများလာပြီး ပြန်ဝင်စားမွန်းစတားများကလည်း နေရာတိုင်းမှာပေါ်ထွက်လာ၏။ သီယင်းနှင့် တာအိုအရှင်အမုန်းကဲ့သို့ တည်ရှိမှုများသည် အနာဂတ်တွင် တစ်ယောက်ပြီးတစ်ယောက် ဆက်လက်ပေါ်ထွက်လာပေလိမ့်မည်။
အဲ့ဒါက ရှေးဟောင်းခေတ်ထက်အားမနည်းသော မဟာခေတ်တစ်ခုဖြစ်လာပေလိမ့်မည်။
တကယ်တော့... ဤမျှများပြားသည့် ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများ ပေါ်ထွက်လာခြင်းနှင့်အတူ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ကြီးမားသည့်အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာတော့မည်ဟု အဓိပ္ပါယ်ရလေသည်။
လူတစ်ယောက်၏ တိုက်ခိုက်ရည်ခွန်အားက လုံလောက်မှုမရှိလျှင် ဤကဲ့သို့သော အပြောင်းအလဲအောက်မှာ သူတို့သည် ပုရွက်ဆိတ်များအဖြစ် လျှောကျ၍ နင်းချေဖျက်ဆီးခံရပေလိမ့်မည်။
ဘုန်း...
နောက်ဆုံးမှာတော့... တာအိုအရှင်အမုန်းသည် ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
သူ၏ ဆေဘာပေါ်ကိုမှီရင်း သူက မြေပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်ကျ၍ မီးတောက်လွှာများကြားကနေ ဆူဇီမိုကို ခက်ထန်စွာစိုက်ကြည့်နေ၏။
တာအိုအရှင်အမုန်း၏ အသက်ဓာတ်က အရမ်းကိုသန်မာလေသည်။
သူသည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သူ၏ကိုယ်တွင်းအင်္ဂါများက စတုရတီတာအိုမီးဖြင့် လောင်မြိုက်ခံခဲ့ရတာတောင် သူက သေဆုံးမသွားသေးဘဲ အခုချိန်ထိ ခေါင်းမာကာ တင်းခံထားနေဆဲ ဖြစ်၏။
တာအိုအရှင်အမုန်း၏ တိုက်ခိုက်ရည်ခွန်အားအရ သူက ထွက်ပြေးချင်သည်ဆိုလျှင် ဆူဇီမိုက သူ့ကိုတားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ကံဆိုးစွာဖြင့်ပင် သူ၏ တာအိုနှလုံးသားမှာ အက်ကွဲကြောင်းများက ပေါ်ထွက်လာခဲ့လေပြီ။
သူက ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်ဆိုလျှင်တောင် သူ့အနေဖြင့် အနာဂတ်တွင် ကျင့်ကြံမှုအဆင့်တိုးတက်လာဖို့ ခဲယဥ်းသွားခဲ့လေပြီ။
အဲ့ဒါက သူ့အတွက် သေသည်ထက်ပင် ပို၍ဆိုးဝါးသော ထိုးနှက်ချက်ဖြစ်လေသည်။ တာအိုအရှင်အမုန်း၏ သွေးချီက ခန်းခြောက်လာပြီး သူ၏အသက်ဓာတ်ကလည်း လျင်မြန်စွာဆုတ်ယုတ်လာခဲ့၏။
နောက်ဆုံးမှတော့ သူ၏အကြည့်သည် ဆူဇီမိုထံကနေ ယန်ပေးချန်ဆီသို့ရောက်ရှိသွားပြီး သူက ပြုံးလိုက်လေသည်။
ယခုဆို စတုရတီတာအိုမီး၏ လောင်မြိုက်ခြင်းခံရပြီးနောက် သူက ပုံပျက်ပန်းပျက်ဖြစ်လာခဲ့လေသည်။
တောက်လောင်နေသော မီးတောက်များကြားမှာ သူ၏အပြုံးက အလွန်တရာ တစ္ဆေ သရဲ ဆန်နေ၏။
“ယန်ပေးချန်... မင်းက ကျင့်ကြံရေးလောကကနေ ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”
တာအိုအရှင်အမုန်း၏ အသံကထွက်ပေါ်လာခဲ့၏။
“မင်းက... အဆူရာတစ်ယောက်ပဲ... မင်းရဲ့လက်တွေက သွေးတွေနဲ့ စွန်းထင်းနေခဲ့ပြီးပြီ... မင်းအနေနဲ့ တည်ငြိမ်အေးချမ်းတဲ့ဘဝကိုရရှိဖို့က မဖြစ်နိုင်တော့ဘူး”
“ငါ.... လီဖန် ဒီနေ့မင်းကို ရှာတွေ့နိုင်တယ်ဆိုရင်... အခြားတစ်စုံတစ်ယောက်ကလည်း နောက်နေ့မှာမင်းကို လာရှာမှာပဲ... မင်းက ကျင့်ကြံရေးလောကကနေ ဘယ်တော့မှ ထွက်သွားလို့ရမှာမဟုတ်ဘူး.. တည်ငြိမ်အေးချမ်းတဲ့ဘဝမှာ ရှင်သန်နေထိုင်ချင်တယ်ဆိုရင်တော့ စိတ်ကူးသာယဥ်နေလိုက်”
“မင်းက... အဆူရာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာပြီးမှ နောက်ပြန်လှည့်ချင်သေးတယ်ပေါ့”
“မင်းလိုမျိုး အဆူရာတစ်ယောက်က အင်မော်တယ်ဂိုဏ်းက အမျိုးသမီးတစ်ယောက်အတွက် အခုလိုမျိုးအခြေအနေထိ ရောက်ရှိသွားတယ်ဆိုတော့... ဟာသပဲ အဲ့ဒါက တကယ့်ကို ဟာသပဲ... ဟားဟားဟားဟား”
တာအိုအရှင်အမုန်းက တုန်လှုပ်ချောက်ချားဖွယ်ရာ ရယ်မောလိုက်လေသည်။
“အဆူရာ... ဒီအမျိုးသမီးက အနှေးနဲ့အမြန်ဆိုသလို မင်းကိုသတ်ဖြတ်လိမ့်မယ်... ငါက အရင်သွားရရုံပဲရှိတာ ဒါပေမယ့်... မင်းကလည်း သိပ်မကြာခင် ငါ့နောက်ကို လိုက်လာရမှာပဲ... ငါက မရှုံးနိမ့်ခဲ့ဘူး”
တာအိုအရှင်အမုန်း၏ စွဲလမ်းမှု ဥပါတ်ဒါန်သည် နောက်ဆုံးအချိန်ထိ ယန်ပေးချန်ဖြစ်နေဆဲပင်။
သူ သေဆုံးမည့်အချိန်ထိ သူသည် ယခင်ရှုံးနိမ့်မှုအကြောင်း စဥ်းစားနေဆဲဖြစ်ပြီး ဘယ်သူက ပိုသန်မာသလဲ သိရဖို့အတွက် ယန်ပေးချန်နှင့် တိုက်ခိုက်ချင်နေဆဲ ဖြစ်၏။
သို့သော်လည်း... နောက်ဆုံးမှာတော့ သူက တိတ်ဆိတ်ငြိမ်သက်သွားရ၏။
မီးတောက်လုံးများက သိပ်သည်းစုဖွဲ့လာပြီး သူ၏ခန္ဓာကိုယ်ကို အလုံးစုံလွှမ်းခြုံကာ အဆက်မပြတ် လောင်ကျွမ်းလာစေသည်။
နာရီဝက်တိတိကြာပြီးနောက် စတုရတီတာအိုမီးက တဖြည်းဖြည်း ငြိမ်းသေသွား၏။
တာအိုအရှင်အမုန်းသည် ကျွတ်ဆတ်ဆတ်အတုံးအခဲတစ်ခုအဖြစ် လောင်ကျွမ်းသွားခဲ့ပြီဖြစ်ပြီး သိုလှောင်အိတ်တစ်လုံးနှင့်အတူ မြေပြင်တွင် ထိုးစိုက်ထားသော အနက်ရောင်ဆေဘာတစ်လက်သာလျှင် ကျန်ရစ်ခဲ့၏။
ချင်ဖျန်ရန်သည် တာအိုအရှင်အမုန်း သေဆုံးသွားရာနေရာကို ကြောင်တိကြောင်တောင် စိုက်ကြည့်နေပြီး သူမက အတွေးနက်၍ စိတ်မချမ်းမမြေ့ဖြစ်နေ၏။
သူမ၏ မူမမှန်မှုကို ခံစားမိပြီး ယန်ပေးချန်သည် ရင်တစ်ချက်ထိတ်ကာ သူက နားလည်သဘောပေါက်သွားခဲ့၏။
ချင်ဖျန်ရန်သည် နောက်ဆုံးမှာတော့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး တာအိုအရှင်အမုန်း၏ နောက်ဆုံးစကားများက သူမ၏ စိတ်နှလုံးကို နှိုးဆွမိသွားခဲ့လေသည်။
ယန်ပေးချန်သည် သူ၏လက်ဖဝါးကိုဆန့်ပြီး ချင်ဖျန်ရန်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်၍ သူမကို နှစ်သိမ့်ပေးလိုက်၏။
“ဖျန်ရန်.... လီဖန်က သူသေရတော့မယ်ဆိုတာသိလို့ ပေါက်တတ်ကရတွေ လျှောက်ပြောသွားတာပဲ... သူ့ရဲ့စကားတွေကို ဘာမှစိတ်ထဲမှာ ထည့်မှတ်ထားနေစရာမလိုဘူး”
“လောကက ကျယ်ပြောပါတယ်... ငါတို့နှစ်ယောက်နေဖို့အတွက် နေရာတစ်နေရာမရှိဘူးဆိုတာ ငါမယုံဘူး”
“အချိန်အတိုင်းအတာတစ်ခုထိ ကြာသွားပြီးရင် ငါတို့ကို ဘယ်သူက မှတ်မိဦးမှာလဲ”
ယန်ပေးချန်၏စကားလုံးများက ချင်ဖျန်ရန်၏ စိုးရိမ်ပူပန်မှုများကို လုံးဝရှင်းထုတ်မပေးနိုင်ခဲ့ပေ။
သူမက အနည်းငယ်ငေးငိုင်နေ၏။
“ဒါပေမယ့်... ကျွန်မက ရှင့်ကိုတကယ်ပဲ ထိခိုက်နာကျင်စေခဲ့တာလေ... ရှင်က ကျွန်မကို ကယ်တင်ချင်တဲ့အတွက် အခုလိုအခြေအနေရောက်သွားရတာပဲ... ကျွန်မ-ကျွန်မက...”
သူမသည် လိပ်ပြာမလုံခံစားနေရပြီး နောင်တရနေသည့်ပုံပေါ်ကာ စိုးရိမ်ပူပန်နေ၏။
ယန်ပေးချန်က ပြုံးလိုက်၏။
“ဖျန်ရန်... အများကြီးလျှောက်တွေးမနေနဲ့... အဲ့ဒါက အမြုတေစိတ်ဝိညာဥ်ဒဏ်ရာလေးတစ်ခုပဲ... ငါ့အတွက် အသက်အန္တရာယ်မှမရှိတာ.. နောက်ပြီး ငါ့ရဲ့အမြုတေစိတ်ဝိညာဥ်ကို ဒဏ်ရာရအောင်လုပ်ခဲ့တာက မင်းမှမဟုတ်တာ... ငါက မင်းကို ဘာလို့အပြစ်တင်ရမှာလဲ”
ခဏမျှရပ်တန့်ပြီးနောက် သူက ဟာသနှော၍ မေးမြန်းလိုက်၏။
“ဒါမှမဟုတ်... ငါ့ရဲ့အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရထားလို့ မင်းက ငါ့နားကနေ ထွက်သွားချင်နေတာလား”
“မဟုတ်ပါဘူး”
ချင်ဖျန်ရန်က ရှက်ရွံ့သွားပြီး သူမ၏အမူအရာက နူးညံပျော့ပြောင်းလာ၏။
“မင်းက ထွက်သွားချင်တယ်ဆိုရင်တောင် ငါက ခွင့်ပြုပေးမှာမဟုတ်ဘူးနော်”
ယန်ပေးချန်သည် ချင်ဖန်ရန်၏ လက်ဖဝါးကို တင်းကျပ်စွာဆုပ်ကိုင်ပြီး နူးညံညင်သာစွာပြောလိုက်၏။ သို့သော်လည်း သူ၏လေသံက တစ်မူထူးခြားစွာ ခိုင်မာနေ၏။
အခြားတစ်ဘက်မှာတော့....
ဆူဇီမိုသည် ရှေ့သို့တက်လှမ်းပြီး မိစ္ဆာဆေဘာဘေးသို့ ရောက်ရှိလာကာ ၎င်းကိုခဏကြာစိုက်ကြည့်နေ၏။
မိစ္ဆာဆေဘာသည် မည်သည့်အရောင်အဝါမှမရှိတော့ဘဲ ပကတိတိတ်ဆိတ်ငြိမ်သက်နေ၏။ ၎င်းသည် ယခင်စွမ်းအားကြီးမားသော အော်ရာမျိုးမရှိတော့ဘဲ သုံးစားမရသော အနက်ရောင်ဆေဘာတစ်လက်နှင့်တူနေ၏။
အခြားတစ်စုံတစ်ယောက်သာဆိုလျှင် နက်မှောင်နေသောဆေဘာတစ်လက်က ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်ခဲ့လိမ့်မည်ဟု စဥ်းစားမိမည်မဟုတ်ပေ။
ဆူဇီမိုသည် မိစ္ဆာဆေဘာကို ထိတွေ့ခြင်းမရှိပေ။ ထိုအစားသူက ဘေးတွင်ကျနေသော သိုလှောင်အိတ်ကို ကြည့်လိုက်၏။
မိစ္ဆာဂိုဏ်းများမှ နံပါတ်တစ်ဆေဘာအနေဖြင့် တာအိုအရှင်အမုန်း၏ သိုလှောင်အိတ်ထဲတွင် ရတနာများစွာသေချာပေါက် ရှိပေလိမ့်မည်။
သူတို့ထဲတွင် အဖိုးတန်ဆုံးအရာမှာ သေချာပေါက် အမုန်းသုတ္တန်ဖြစ်ပေလိမ့်မည်။
ဆူဇီမိုသည် ရှေ့သို့တက်လှမ်းပြီး သိုလှောင်အိတ်ကို ဖ့င့်ကာ သူ၏စိတ်ဝိညာဥ်အသိစိတ်ဖြင့် ဂရုတစိုက်စစ်ဆေးကြည့်ရှုလိုက်၏။
သူ၏မျက်လုံးထဲတွင် စိတ်ပျက်မှုတစ်စွန်းတစ်စက ဖျတ်ခနဲ ပေါ်ထွက်လာ၏။
ထိုသိုလှောင်အိတ်ထဲတွင် တကယ်ပဲ ရတာနာများစွာရှိနေခဲ့၏။ အဲ့ဒီမှာ ဆေးလုံးများ ၊ ဓမ္မအတတ်များ ၊ လျှို့ဝှက်အတတ်များနှင့် လောကဆိုင်ရာ ရတနာများပင်ပါရှိနေ၏။
ကံမကောင်းစွာနှင့်ပင် အမုန်းသုတ္တန်က အဲ့ဒီမှာရှိမနေခဲ့ပေ။
သူသည် ဝိညာဥ်ရှာဖွေခြင်းအတတ်ကို အသုံးမပြုလိုက်ရပေ။
ပထမအချက်အနေဖြင့် စောစောက တိုက်ပွဲသည် အရမ်းကိုပြင်းထန်နေခဲ့ပြီး သူက တာအိုအရှင်အမုန်း၏ ဓမ္မဝိသေသဖြင့် ဖိနှိမ်ခံရလုနီးပါးဖြစ်ခဲ့၏။ သူက ဝိညာဥ်ရှာဖွေအတတ်ကို ထုတ်ဖော်ဖို့ ဘယ်လိုလုပ်အခွင့်အရေးရှိခဲ့ပါ့မလဲ။
ဒုတိယတစ်ချက် ဝိညာဥ်ရှာဖွေခြင်းကို အောင်မြင်စွာပြုလုပ်ဖို့ဆိုလျှင် ဆူဇီမိုသည် သူနှင့် တိုက်ခိုက်ရည်ချင်းယှဥ်နိုင်သော သို့မဟုတ် နိမ့်ကျသောသူများကိုသာ ပစ်မှတ်ထားနိုင်လေသည်။
ဆူဇီမိုသည် တာအိုအရှင်အမုန်းအပေါ် ဝိညာဥ်ရှာဖွေခြင်း အတတ်ကိုအသုံးပြုမည်ဆိုလျှင် သူက ကျရှုံးနိုင်သည်သာမက သူသည် တန်ပြန်ရိုက်ခတ်မှုတစ်ခုကို တွေ့ကြုံရကာ သူ၏အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာပင်ရရှိသွားနိုင်၏။