← Chapters

ဆေဘာကိုမြှုပ်နှံခြင်း

Vol. 84 Ch. 1251

ဆေဘာကိုမြှုပ်နှံခြင်း

Vol. 84 Ch. 1251

သိုလှောင်အိတ်ကိုသိမ်းဆည်းပြီးနောက် ဆူဇီမို၏အကြည့်သည် မလှမ်းမကမ်းတွင်ရှိသော အမုန်းမိစ္ဆာဆေဘာဆီသို့ရွေ့လျားသွား၏။

သူက မိစ္ဆာဆေဘာကိုတွေ့မြင်လိုက်သည့်ခဏမှာပင် ၎င်းက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ ခံစားမိနိုင်၏။

သူ၏ ဖန်တီးခြင်းကြာပဒုမ္မာပင်လျှင် ထိုဆေဘာကို မနည်းပင် ခုခံကာကွယ်ရ၏။ ​ကြာရှည်စွာတိုက်ခိုက်မည်ဆိုလျှင် ဖန်တီးခြင်းကြာပဒုမ္မာသည် ဂမ္ဘီရသံလိုက်တောင်ကဲ့သို့ပင် တူညီစွာ ပျက်စီးထိခိုက်နိုင်၏။

ဆူဇီမိုက အမုန်းမိစ္ဆာဆေဘာ၏လက်ကိုင်ကို ဆုပ်ကိုင်ပြီး ၎င်းကို မြေကြီးထဲကနေ ဆွဲနုတ်၍ သေချာဂရုတစိုက်ကြည့်ချင်မိလေသည်။

သို့သော်လည်း သူ၏လက်ဖဝါးက မိစ္ဆာဆေဘာ၏ လက်ကိုင်ကို ထိလိုက်မိသည့်ခဏမှာပင် မြောက်မြားလှစွာသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များသည် သူ၏အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏အမြုတေစိတ်ဝိညာဥ်ကိုပင် သက်ရောက်လာသည်ဟု သူက ခံစားရ၏။

တစ်ချိန်တည်းမှာပင် သူ၏လက်ဖဝါးမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားရပြီး သူက အလိုလိုလက်လွှတ်လိုက်၏။ သူက ခေါင်းငုံ့ကြည့်ရင်း သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်ကာ မျက်မှောင်ကြုတ်လိုက်ရ၏။

သူ၏လက်ဖဝါးက သွေးထွက်နေလေသည်။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ သွေးချီသည် သန်မာခြင်းမရှိသော်လည်း ၎င်း၏ ခန္ဓာကိုယ်နှင့်အရေပြားသည် ဖျက်ဆီး၍ မရနိုင်ဘဲ မူလတာအိုအရှင် ဓမ္မလက်နက်များနှင့်ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်၏။

သို့သော်လည်း ယခုအခါ သူသည် အမုန်းမိစ္ဆာဆေဘာ၏လက်ကိုင်ကို ထိလိုက်ရုံမျှနှင့် သူ၏လက်ဖဝါးက ဒဏ်ရာရရှိသွားခဲ့လေသည်။

ထိုမိစ္ဆာဆေဘာ၏ ဓားသွားကသာ သူ့အပေါ်ကိုကျဆင်းလာမည်ဆိုလျှင် ၎င်းက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို နှစ်ပိုင်းလှီးဖြတ်နိုင်လောက်၏။

ရှေးဟောင်းမိစ္ဆာဧကရာဇ်တစ်ပါး၏ လက်နက်က တကယ့်ကို တစ်မူထူးခြား ဆန်းပြားလွန်း၏။

အမုန်းမိစ္ဆာဆေဘာသည် အစက ဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့၏။

သို့သော်လည်း ယခုချိန်ထိကို ထိုမိစ္ဆာဆေဘာ၏ စွမ်းအားကို အမှန်တကယ်အသုံးပြုနိုင်သည့် လူက များစွာမရှိပေ။

“စိတ်ဝင်စားစရာပဲ”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

အမုန်းမိစ္ဆာဆေဘာက သူ့ကိုဒီလောက်ထိတောင် ငြင်းဆန်ချင်နေသည်ဆိုတော့....။

အဲ့ဒါသည် သူက အင်မော်တယ်နှင့် ဗုဒ္ဓတာအိုများ၏ အမွေအနှစ်ကိုပိုင်ဆိုင်ထားသောကြောင့်လား သို့မဟုတ် တခြားအကြောင်းပြချက်တစ်ခုခုကြောင့်လား သူမပြောတတ်ပေ။

သူသည် အမုန်းသုတ္တန်ကို ရှာမတွေ့နိုင်သော်လည်း ဤအမုန်းမိစ္ဆာဆေဘာကလည်း အဆုံးစွန်ရတနာတစ်ခုဖြစ်၏။ သူက ယခုအချိန်မှာ အမုန်းမိစ္ဆာဆေဘာကို မကိုင်တွယ်နိုင်သေးသော်လည်း သူ၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ နောက်နောင်တွင် ဤမိစ္ဆာဆေဘာ၏ ပိုင်ရှင်ဖြစ်လာဖို့ သူ့အတွက်အခွင့်ရေးတစ်ရပ်ရှိလေသည်။

ထိုသို့အတွေးဖြင့် ဆူဇီမိုသည် ဓမ္မစွမ်းအားများကို လှည့်ပတ်ပြီး အမုန်းမိစ္ဆာဆေဘာကို သူ၏သိုလှောင်အိတ်ထဲသို့ ထည့်ကာ ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းပြီးမှသာလျှင် အဲ့ဒါကို တစ်ဖန်ပြန်စမ်းသပ်ကြည့်ဖို့ တွေးထားလိုက်၏။

အဲ့ဒီနောက် သူက ယန်ပေးချန်ကနှင့် ချင်ဖျန်ရန်ဘက်သို့ လှည့်ထွက်လာခဲ့၏။

ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။

သူ၏လက်ဖဝါးဖြင့် သိုလှောင်အိတ်ကိုလျင်မြန်စွာပုတ်ပြီး အမုန်းမိစ္ဆာဆေဘာကို ချက်ချင်းပင်ဆွဲထုတ်လိုက်၏။ သူက အဲ့ဒါကို အိုးတိုးအမ်းတမ်းအမူအရာနှင့်အတူ မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

ထိုအခိုက်အတန့်တွင် ပိန်းပိတ်အောင်နက်မှောင်နေသော မိစ္ဆာချီမျှင်များသည် အမုန်းမိစ္ဆာဆေဘာကို လှည့်ပတ်နေပြီး သူတို့က လောကရှိ သက်ရှိများအားလုံးကို ဝါးမျိုပစ်ချင်နေသည့်အလားပင်။

ဆူဇီမိုသည် အမုန်းမိစ္ဆာဆေဘာကို ပစ်ချလိုက်ချိန်မှာပင် ဆေဘာပေါ်ရှိ မိစ္ဆာချီက တဖြည်းဖြည်းတည်ငြိမ်လာပြီး တစ်ဖန်ဖျော့တော့သွား၏။

“ဘာများဖြစ်လို့လဲ”

ယန်ပေးချန်သည် ဆူဇီမို၏ အပြုအမူကိုသတိထားမိပြီး မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“ဒီဆေဘာက အရမ်းကို​ကြောက်ဖို့ကောင်းနေတယ်”

ဆူဇီမိုက စောစောက သူခံစားခဲ့ရသည့် အရာကို ပြန်လည်စဥ်းစားပြီး တည်တံ့စွာဖြင့်ပြောလိုက်၏။

“ဒီမိစ္ဆာဆေဘာ... ကျုပ်ရဲ့ သိုလှောင်အိတ်ထဲမှာရှိတုန်းက သူက စွမ်းအားကြီးမားတဲ့ မိစ္ဆာချီတစ်ခုကို ဖြာထုတ်ပြီး ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ရတနာတွေအားလုံးကို တိုက်စားပစ်နေတယ်”

ထိုသို့သူပြောရင်း ဆူဇီမိုသည် သူ့သိုလှောင်အိ​တ်ထဲရှိ တာအိုအရှင်ဓမ္မလက်နက်အချို့ကို ထုတ်ယူလိုက်၏။

ယန်ပေးချန်နှင့် ချင်ဖျန်ရန်က ထိုသည်ကိုမြင်သောအခါ ပင့်သက်ကိုရှိုက်လိုက်ရ၏။

ထိုတာအိုအရှင်ဓမ္မလက်နက်များအားလုံးသည် ပကတိအဆင့်များဖြစ်ကြ၏။

သို့သော်လည်း အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ပကတိအဆင့်တာအိုအရှင်ဓမ္မလက်နက်များသည် မိစ္ဆာချီ၏ စွန်းထင်းခြင်းခံရပြီး အရောင်မှိန်ကျကာ လုံးဝပျက်စီးသွားပြီဖြစ်၏။

ဘယ်လောက်တောင် စီးပိုးခြယ်လှယ်လိုက်တဲ့ မိစ္ဆာဆေဘာလဲ...။

သူက အဲ့ဒါကို သူ၏သိုလှောင်အိတ်ထဲမှာပင် ထည့်ထားလို့မရနိုင်ပေ။ မဟုတ်မှလွဲ.... ဆူဇီမိုသည် သူ့သိုလှောင်အိတ်ထဲမှာရှိသည့် ရတနာများအားလုံးကို လက်လွှတ်ဖို့ပြင်ဆင်လိုက်ရ၏။

သူ့ကျင့်ကြံမှု၏ ဤအဆင့်အရောက်ထိ ဒီလောက်ထိ ကိုင်တွယ်ရခက်ခဲသော လက်နက်တစ်ခုကို ပထမဆုံးအကြိမ် တွေ့ကြုံရခြင်းဖြစ်၏။

တကယ်ဆို.. သူသည် အမုန်းမိစ္ဆာဆေဘာကို သန့်စင်ရဲခြင်းမရှိပေ။ ၎င်းက သူ၏အမြုတေစိတ်ဝိညာဥ်ကိုပါ ဝါးမျိုသွားမှာ စိုးရိမ်ရ၏။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်ပြောလိုက်၏။

“အစ်ကိုယန်... တစ်ချက်လောက်စမ်းကြည့်ပါလား ခင်ဗျားမှာ အင်မော်တယ်နဲ့ ဗုဒ္ဓကျင့်ကြံရေးနည်းစနစ်တွေရဲ့ အော်ရာမရှိဘူး... ခင်ဗျားက မိစ္ဆာဂိုဏ်းတွေရဲ့ အဆူရာတာအိုမှာ အထူးပြုတာပဲ... ခင်ဗျားကိုတော့ ဒီအမုန်းမိစ္ဆာဆေဘာက ငြင်းဆန်မှာမဟုတ်လောက်ဘူး”

ထိုစကားကို ကြားသောအခါ ယန်ပေးချန်သည် စူးစမ်းလိုစိတ်ဖြင့် အမုန်းမိစ္ဆာဆေဘာဘေးသို့ ရောက်ရှိလာပြီး ၎င်း၏ လက်ကိုင်ကို ဖမ်းဆုပ်ဖို့ကြိုးပမ်းလိုက်၏။

ထိုအခါ အမုန်းမိစ္ဆာဆေဘာထံမှ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ထင်မှတ်ထားသည့်အတိုင်းပင် သူသည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများကို ကျင့်ကြံ၍ အလွန်တရာသန်မာသော်လည်း သူ၏ အော်ရာက ရောထွေးနေပြီး အမုန်းမိစ္ဆာဆေဘာ၏ ငြင်းဆန်ခြင်းကို ခံလိုက်ရ၏။ သို့သော်လည်း ယန်ပေးချန်ကတော့ ဘာမှဖြစ်မလာခဲ့ပေ။

ဆူဇီမိုက ပြုံးလိုက်၏။

“အစ်ကိုယန်... ကျုပ်က ဒီအမုန်းမိစ္ဆာဆေဘာနဲ့ ကံပါမလာဘူးနဲ့တူတယ်.. အဲ့ဒါကို ခင်ဗျားယူလိုက်တာပိုကောင်းလိမ့်မယ်”

အဲ့ဒါသည် အတိတ်ကာလတုန်းကသာဆိုလျှင် ယန်ပေးချန်သည် ဤကဲ့သို့ စွမ်းအားကြီးမားသော မိစ္ဆာလက်နက်တစ်ခုကို ရရှိသည့်အတွက် သေချာပေါက် ကျေနပ်နှစ်ခြိုက်သွားပေလိမ့်မည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူက ခေါင်းခါပြလိုက်၏။

“ငါ့ရဲ့အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရထားတယ်... အမုန်းမိစ္ဆာဆေဘာက ငါ့ကို မငြင်းဆန်ဘူးဆိုရင်တောင် ငါက အဲ့ဒါကို သန့်စင်နိုင်မှာမဟုတ်ဘူး”

ဆူဇီမိုက အလောတကြီးပြောလိုက်၏။

“အစ်ကိုယန်... ဘာမှပူမနေနဲ့ ခင်ဗျားရဲ့ အမြုတေစိတ်ဝိညာဥ်ပေါ်က ဒဏ်ရာတွေကို ကုသနိုင်မယ့်နည်းလမ်းတစ်ခု သေချာပေါက်ကျုပ်ရှာပေးမယ်... ခင်ဗျားရဲ့ အမြုတေစိတ်ဝိညာဥ် ပြန်ကောင်းလာတာနဲ့ ခင်ဗျားက ဒီအမုန်းမိစ္ဆာဆေဘာကို သန့်စင်လို့ရတာပဲ”

ယန်ပေးချန်က ပြုံးလိုက်၏။

“ငါက ကျင့်ကြံရေးလောကကနေ ထွက်ခွာပြီး ဘယ်ရန်ပွဲမှာမှ မပါတော့ဖို့ ဆုံးဖြတ်ပြီးသွားပြီ... ငါက ငါနဲ့အတူ နှစ်ပေါင်းများစွာလိုက်ပါလာခဲ့တဲ့ ငါ့ရဲ့ အဆူရာဆေဘာကိုတောင် လက်လွှတ်ဖို့ ပြင်ဆင်ထားပြီးပြီ... ငါက ဒီအမုန်းမိစ္ဆာဆေဘာကို သိမ်းထားစရာအကြောင်းမရှိတော့ဘူး”

ယန်ပေးချန်... ထိုသို့ပြောလိုက်ခြင်းသည် သူ၏စိတ်ကို ပိုင်းဖြတ်ထားပြီး အဲ့ဒါကို ပြောင်းလဲတော့မည်မဟုတ်ကြောင်း အဓိပ္ပါယ်ရလေသည်။

ခဏမျှရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။

“နောက်ပြီး .... ဒီအမုန်းမိစ္ဆာဆေဘာက အတိတ်နမိတ်သိပ်မကောင်းဘူး... သူတို့ရဲ့ ပိုင်ရှင်နှစ်ယောက်လုံးကလဲ အဆုံးသတ်မကောင်းလှဘူး”

“အဲ့ဒါတော့ အမှန်ပဲ... ဒီဆေဘာက ကိုင်တွယ်ရတကယ်ပဲ ဒုက္ခများတယ်... ကျုပ်က အဲ့ဒါကို သယ်သွားလို့လည်း မရသလို ထိလို့လည်းမရဘူး”

ဆူဇီမိုက ညည်းတွားရေရွတ်လိုက်၏။

ယန်ပေးချန်က ခဏမျှစဥ်းစားတွေးတောလိုက်၏။

“ဒီအမုန်းမိစ္ဆာဆေဘာက အတိတ်နိမိတ်မကောင်းဘူးဆိုမှာတော့... မင်းကလည်း အဲ့ဒါကို မလိုချင်ဘူးဆိုရင် အဲ့ဒါကို ဒီနေရာမှပဲ မြေမြှုပ်လိုက်ကြတာပေါ့”

“ဟုတ်တာပေါ့”

ဆူဇီမိုကလည်း တွေဝေတုံ့ဆိုင်းခြင်းမရှိပေ။

အမုန်းမိစ္ဆာဆေဘာသည် သန်မာသော်လည်း ၎င်းက သူ့အတွက် အတောမသတ်သော ပြဿနာများကို ယူဆောင်ပေးလာနိုင်၏။

ဆူဇီမိုသည် သူ၏အင်္ကျီလက်စကို ဝေ့ယမ်းပြီး မြေပြင်တွင် အလွန်တရာ နက်ရှိုင်းသော တွင်းတစ်ခုကို တူးထုတ်လိုက်၏။

ထိုတွင်းက အနည်းဆုံးပေတစ်ထောင်လောက် နက်လေသည်။

ဆူဇီမိုက အမုန်းမိစ္ဆာဆေဘာကို အထဲသို့ ပစ်ထည့်လိုက်၏။

အနက်ရောင်အလင်းတန်းတစ်ခုအသွင်ဖြင့် အမုန်းမိစ္ဆာဆေဘာသည် တွင်းနက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီး ဆူဇီမိုက ရွှံ့ခဲများဖြင့် အပေါ်ကနေ ပြန်ဖို့လိုက်၏။

“အစ်ကိုယန်... နောက်ပိုင်း ခင်ဗျားရဲ့ အစီအစဥ်ကဘာလဲ”

ဆူဇီမိုကမေးလိုက်၏။

ယန်ပေးချန်က ခဏမျှစဥ်းစားတွေးတောလိုက်၏။

“ဇီမို... ငါမင်းကို အကူအညီတောင်းစရာတစ်ခုရှိတယ်”

“အစ်ကိုကြီး... စိတ်ထဲရှိတာ ပြောမှာသာပြောစမ်းပါ... ဘာမှစကားပလ္လင်ခံနေစရာမလိုဘူး”

ဆူဇီမိုက လက်ကာပြလိုက်၏။

ယန်ပေးချန်က ပြောလိုက်လေသည်။

“အမုန်းက သေသွားခဲ့ပြီ... မိစ္ဆာဂိုဏ်းတွေက အဲ့ဒီအကြောင်းကိုသိဖို့ သိပ်ကြာလိုက်မှာမဟုတ်ဘူး... ဒီကိစ္စက သေချာပေါက် ဖုံးကွယ်ထားလို့မရဘူး”

မိစ္ဆာဂိုဏ်းများတွင် စွမ်းအားကြီးမားသော စွမ်းအားကြီးပုဂ္ဂိုလ်များစွာရှိလေသည်။ ဒါ့အပြင် တာအိုအရှင်အမုန်းက မိစ္ဆာဂိုဏ်းများ​တွင် သူ၏ ကံကြမ္မာသင်္ကေတတစ်ခု ချန်ထားခဲ့မည်ဆိုလျှင် ၎င်းကြေမွသွားသည့် ခဏမှာပင် မိစ္ဆာဂိုဏ်းများက ထိုကိစ္စကို ချက်ချင်းသိရှိသွားပေလိမ့်မည်။

ယန်ပေးချန်က ဆက်ပြောလိုက်၏။

“မင်း ဒီနေရာကနေ ထွက်သွားပြီးရင် ငါနဲ့ အမုန်းက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ နှစ်ဦးနှစ်ဖက်ထိခိုက်ပျက်စီးပြီး နှစ်ယောက်စလုံးသေသွားခဲ့တယ်လို့ သတင်းလွှင့်ပေးစမ်းပါ”

“အဲ့လိုဆိုရင်... ငါက ဒီတိုက်ပွဲကိုအသုံးချပြီး ငါ့ရဲ့သေဆုံးခြင်းအတုကို ဖန်တီးမယ် ပြီးရင် ကျင့်ကြံရေးလောကကနေ ထွက်ပြေးလွတ်မြောက်လို့ရပြီ... အခုကစပြီး.ယန်ပေးချန်ဆိုတာ ကျင့်ကြံရေးလောကမှာ မရှိစေရတော့ဘူး”

ချင်ဖျန်ရန်သည် ယန်ပေးချန်၏လက်ကိုဆုပ်ကိုင်ပြီး ဘေးကနေ တိတ်ဆိတ်ငြိမ်သက်နေ၏။

ယန်ပေးချန်က မည်သို့သော ဆုံးဖြတ်မှုကို ပြုလုပ်ပါစေ... သူမက သူ့ကို ကူညီထောက်ပံ့ပေးရပေမည်။

ဆူဇီမိုက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

ယန်ပေးချန်၏ အစီအစဥ်သည် သူ၏ သေဆုံးမှုအတုကို ဖန်တီးပြီး ထွက်ပြေးလွတ်မြောက်ဖို့သာလျှင် မဟုတ်ဘဲ သူ့အတွက်ပါ ပါကြောင်း ဆူဇီမိုက ရှင်းလင်းစွာသိထား၏။

တာအိုအရှင်အမုန်းသည် ဒုတိယမိစ္ဆာဧကရာဇ်အမုန်း ဖြစ်လာဖို့ရှိပြီး မိစ္ဆာဂိုဏ်းများတွင် သူ၏ဂုဏ်အဆင့်အတန်းက အတော်ကိုမြင့်မားနေခဲ့လေပြီ။

တာအိုအရှင်အမုန်းက သူ့လက်ထဲမှာ သေဆုံးသွားသည်ဟု မိစ္ဆာဂိုဏ်းများက သိမည်ဆိုလျှင် သူတို့အားလုံးသည် သူ့ကိုလက်စားချေသတ်ဖြတ်ဖို့အတွက် ရူးသွပ်စွာဖြင့် ရှာဖွေလာကြပေလိမ့်မည်။

အပေါ်ယံကြည့်လျှင်တော့ ယန်ပေးချန်၏ အစီအစဥ်သည် သူ၏သေဆုံးမှုအတုကို ဖန်တီးဖို့သာဖြစ်၏။ သို့သော်လည်း တကယ်တမ်းမှာတော့ သူက ဆူဇီမိုကိုပါ ကူညီပေးနေခြင်းဖြစ်၏။

All Chapters