← Chapters

မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်း

Vol. 84 Ch. 1252

မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်း

Vol. 84 Ch. 1252

“အစ်ကိုယန်.. ခင်ဗျား ဘာတွေးနေလဲ ကျုပ်သိပါတယ်”

ခဏမျှ စဉ်းစားပြီးနောက် ဆူဇီမိုက ပြောလိုက်၏။

“ဒါပေမဲ့ အဲဒါက နည်းနည်းတော့ အလျင်စလိုလုပ်ရာမကျဘူးလား.. ခင်ဗျားက အမုန်းနဲ့ တိုက်ခိုက်ပြီး နှစ်ယောက်စလုံး သေဆုံးသွားတယ်လို့ ပြောမယ်ဆိုရင်.. လူတော်တော်များများက အဲဒါကို သံသယရှိလာကြာမှာ ကျုပ်စိုးရိမ်မိတယ်”

“ဘာပဲပြောပြော အဲဒါက သံသယတွေပဲလေ”

ယန်ပေးချန်က ပြောလိုက်၏။

“ငါ့ရဲ့ ကံကြမ္မာသင်္ကေတက ဂိုဏ်းမှာ မရှိဘူး.. ငါက ပုန်းကွယ်နေထိုင်ပြီးတော့ ကျင့်ကြံရေးလောကကို ပြန်ထွက်မလာတာနဲ့ အချိန်တစ်ခုကြာပြီးရင် ဘယ်သူကမှ ငါ့ကို အမှတ်ရမှာ မဟုတ်တော့ဘူး”

ခဏမျှ ရပ်တန့်ပြီးနောက်.. သူက သူ့ဘေးတွင်ရှိသော အဆူရာဆေဘာကို ဆွဲထုတ်ကာ ဆူဇီမိုကို ကမ်းပေးလိုက်၏။

“ဒီအဆူရာဆေဘာက အဆူရာဂိုဏ်းရဲ့ အမွေအနှစ် ဓမ္မလက်နက်ပဲ.. တစ်နည်းနည်းနဲ့ ဒီဆေဘာကို အဆူရာဂိုဏ်းကို ပြန်ပို့ပေးပါ”

ယန်ပေးချန်သည် သူနှင့်အတူ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့သော အဆူရာဆေဘာကိုပင် လက်လွှတ်လိုက်ပြီဖြစ်၏။ သူက ကျင့်ကြံရေးလောကကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချပြီးသွားသည်မှာ သိသာလေသည်။

ဆူဇီမိုသည် ခဏမျှ စဉ်းစားတွေးတောပြီးနောက် ပြောလိုက်၏။

“အဲဒါက လွယ်ပါတယ်.. ကျုပ်က အဆူရာဆေဘာကို လေလံအိမ်တစ်အိမ်မှာ ရောင်းချလိုက်ရုံပဲ.. အဲဒီသတင်း ထွက်လာတာနဲ့ အဆူရာဂိုဏ်းက ကျင့်ကြံသူတွေက အဲဒါကို ပြန်ယူဖို့အတွက် ရောက်လာကြလိမ့်မယ်”

“အင်း.. အဲ့လိုလည်း ဖြစ်တာပဲ”

ယန်ပေးချန်က ပြောလိုက်၏။

“ငါ့အနေနဲ့ အဲဒါကို ကိုယ်တိုင်ထွက်ပြီး ပြုလုပ်ဖို့က အဆင်မပြေတော့ဘူး.. ဒီကိစ္စအတွက် မင်းကိုပဲ အားကိုးရမှာပဲ”

ဆူဇီမိုက ငြင်းပယ်ခြင်း မရှိဘဲ ပြန်မေးလိုက်လေသည်။

“အစ်ကိုယန်.. ခင်ဗျား အဲဒါကို လုပ်မှာ သေချာပြီလား”

ယန်ပေးချန်၏ အကြည့်က အဆူရာဆေဘာအပေါ်မှာ အတန်ကြာသည်အထိ ရစ်ဝဲနေ၏။ သူသည် သူ့မျက်လုံးထဲရှိ လွမ်းဆွတ်တမ်းတမှုကို တဖြည်းဖြည်း ဖုံးကွယ်ပြီး သူ၏ခေါင်းကို ပြတ်သားစွာ ခါလိုက်၏။

“ဘာမှ နှမျောနေစရာ မရှိဘူး.. ငါက အဆူရာ မဟုတ်တော့တဲ့အတွက် ဒီဆေဘာနဲ့လည်း မထိုက်တန်တော့ဘူး… အဲဒါကို ပြန်ပေးလိုက်တာက ပိုကောင်းတယ်”

ယန်ပေးချန်က ဆုံးဖြတ်ချက်ချပြီးသွားသည်ကို ဆူဇီမို မြင်သောအခါ သူက ထပ်မံ၍ ဖျောင်းဖျမနေတော့ဘဲ လက်သီးနှစ်ဖက်ကို ယှက်လိုက်၏။

“ကျုပ် ဒီကိစ္စကို ဖြေရှင်းပြီး ရက်အနည်းငယ်နေရင် ပြန်လာခဲ့မယ်”

ဆူဇီမိုသည် ယန်ပေးချန်ကို နှုတ်ဆက်ပြီး လှည့်ထွက်သွားလေသည်။

နက်ရှိုင်းသော တောအုပ်ကနေ ထွက်ခွာ၍ လေးနာရီဝန်းကျင်လောက် ခရီးသွားပြီးနောက်.. သူသည် ကျင့်ကြံရေး မြို့တစ်မြို့ကို တွေ့မြင်လိုက်၏။

ထိုမြို့က အလွန်တရာ သက်ဝင်လှုပ်ရှားပြီး ကျင့်ကြံသူမြောက်များစွာကို တွေ့မြင်နိုင်​လေသည်။

နိုးထဝိညာဉ်များနှင့် မူလနတ္ထိများကို နေရာတိုင်းမှာ တွေ့မြင်နိုင်၏။

ဤအဆင့် မြို့တစ်မြို့အနေဖြင့် စည်ပင်ထွန်းကားသည်ဟု သတ်မှတ်နိုင်ပြီး ဤမြို့ထဲတွင် လေလံအိမ်တော်နှင့် စျေးကွက်တချို့ သေချာပေါက် ရှိရပေမည်။

ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက်.. ဆူဇီမိုသည် ထိုမြို့မှာ ရပ်တန့်မနေဘဲ ရှေ့သို့ဆက်လာခဲ့၏။

ဤနေရာက ယန်ပေးချန် နေထိုင်ရာနေရာနှင့် အနည်းငယ် နီးကပ်နေ၏။ အဆူရာဆေဘာကို ဤမြို့မှာ လေလံတင်ရောင်းချမည်ဆိုလျှင် အခြားမည်သူကမှ အနီးအနားမှာ သူ့ကို လိုက်လံရှာဖွေခြင်း မပြုဟု အာမမခံနိုင်ပေ။

ထိုအခါ ယန်ပေးချန်၏ တည်နေရာ ဖော်ထုတ်ခံရဖို့ အခွင့်က ပိုများသွားပေလိမ့်မည်။

ဆူဇီမိုသည် ရှေ့သို့ ဆက်လှမ်းလာခဲ့ပြီး တစ်ရက်တိတိ လမ်း​လျှောက်ပြီးနောက်.. နောက်ထပ် စည်ပင်ထွန်းကားသော ရှေးဟောင်းကျင့်ကြံရေး မြို့တစ်မြို့သို့ ရောက်ရှိလာခဲ့၏။ သူက ဗလတောင့်တောင့် လူတစ်ယောက်အဖြစ် အသွင်ပြောင်းလဲပြီး မြို့ထဲသို့ ဆင်းသက်လိုက်၏။

နောက်ပိုင်းပြုလုပ်ရမည့်အရာက ပို၍ပင် ရိုးရှင်းလေသည်။

သူလုပ်စရာရှိသည်မှာ ယန်ပေးချန်နှင့် တာအိုအရှင်အမုန်းအကြား တိုက်ပွဲအကြောင်း သတင်းလွှင့်ပေးဖို့ ဖြစ်၏။

ထိုကဲ့သို့သော သတင်းမျိုးနှင့် ပတ်သက်၍ အထူးတလည် လိုက်လံဖြန့်ဝေပေးနေစရာ မလိုပေ။ ၎င်းက ထွက်ပေါ်လာသည်နှင့် စကားလုံးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး အဘက်ဘက်သို့ ဖြန့်ကြက်သွားပေလိမ့်မည်။

ဤသတင်းသည် ကျင့်ကြံရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားစေဖို့ လုံလောက်၏။

“မင်းကြားပြီးပြီလား.. အဆူရာဂိုဏ်းရဲ့ နံပါတ်တစ် ဆေဘာ တာအိုအရှင်အမုန်းက ပြန်ရောက်လာခဲ့တယ်.. သူက ယန်ပေးချန်ကို ရှာဖွေပြီး အဆူရာဘွဲ့အတွက် သူတို့က နောက်တစ်ခေါက် တိုက်ခိုက်ခဲ့ကြတယ်.. ဒါပေမဲ့ အဲဒီတိုက်ပွဲမှာ သူတို့နှစ်ယောက်စလုံးက သေဆုံးသွားခဲ့ရတယ်”

“အဲဒါ ဟုတ်ရဲ့လားတော့ မသိဘူး.. အဲဒီတိုက်ပွဲက အရမ်းကို ကြောက်စရာကောင်းခဲ့တယ်.. ပြောကြတာတော့ တောင်တန်းတွေက ပြိုကျပြီး မြစ်တွေက မှောက်လန်ကုန်တယ်.. လနဲ့ နေက သူတို့ရဲ့ အရောင်အဝါကို ဆုံးရှုံးပြီး ကြယ်တွေပါ ကြွေကျကုန်တယ် ပြောတယ်”

“ငါကြားတာတော့ အစက ယန်ပေးချန်က အသာစီးရနေတာတဲ့.. နောက်ဆုံးမှာတော့ တာအိုအရှင်အမုန်းက ရူးသွပ်သွားပြီး သူ့ရဲ့ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်ခဲ့တယ်.. သူတို့ရဲ့ အမြုတေစိတ်ဝိညာဉ်တွေက ထိတွေ့ရိုက်ခတ်ပြီး နှစ်ယောက်စလုံး ဘယ်သူမှ မရှင်သန်နိုင်ခဲ့ကြဘူး”

“အာ.. ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ”

ရှေးဟောင်းမြို့တော်ထဲရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် များစွာသော ကျင့်ကြံသူများသည် အတူတကွ စုစည်း၍ ဤကိစ္စကို အသည်းအသန် ဆွေးနွေးနေကြ၏။ သူတို့သည် အဲဒါကို ကိုယ်တိုင်မြင်တွေ့ခဲ့သည့်အလား အားရပါးရ ပြောဆိုနေကြခြင်းဖြစ်၏။

ဆူဇီမိုသည် ပြတင်းပေါက်တစ်ခုဘေးမှာ ထိုင်ပြီး မှင်သေသေ အမူအရာတစ်ခုနှင့်အတူ လက်ဖက်ရည်တစ်ခွက်ကို သောက်နေ၏။

“ဒီတိုက်ပွဲက အစစ်အမှန် ဟုတ်လား မဟုတ်လား ဘယ်သူက သိမှာလဲ”

ထိုစဉ်မှာပင် ကျင့်ကြံသူတစ်ယောက်က မေးခွန်းထုတ်လိုက်၏။

“မင်းက အဲဒါကို မသိဘူးထင်တယ်.. လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဆူရာဆေဘာကို ဂမ္ဘီရဆီးနှင်းလေလံအိမ်တော်ကနေ ရောင်းချခဲ့ပြီး အဆူရာဂိုဏ်းက အဲဒါကို ပြန်ဝယ်သွားခဲ့ပြီ”

ချက်ချင်းပင် ကျင့်ကြံသူတစ်ယောက်က ဝင်ရောက်ပြောဆိုလိုက်၏။

“အဆူရာဆေဘာကို အဆူရာ ပိုင်တာပဲ.. သူသာ မသေဘူးဆိုရင် အဲဒီဆေဘာက အပြင်လူတွေရဲ့ လက်ထဲကို ဘယ်လိုလုပ် ရောက်သွားပါ့မလဲ”

“အဲဒီဆေဘာ ရောင်းတဲ့လူ ဘယ်သူဆိုတာရော မင်းတို့ မြင်လိုက်လား”

“ငါ သိပ်တော့ မသေချာဘူး.. သူက ဗလတောင့်တောင့်လူတစ်ယောက် ဖြစ်ပုံရတယ်”

“ငါကြားတာတော့ အဲဒါက အမျိုးသမီးတစ်ယောက်တဲ့”

များစွာသော ကျင့်ကြံသူများက စတင်ဆွေးနွေး ခန့်မှန်းလိုက်ကြ၏။

အဆူရာဆေဘာကို ရောင်းချပြီးနောက်.. ဆူဇီမိုသည် တစ်စုံတစ်ရာ ဖြစ်ပျက်လာမည်ကို စိုးရိမ်ပူပန်နေပြီး ရက်အနည်းငယ်ကြာအောင် ရှေးဟောင်းမြို့တော်ထဲမှာ နေထိုင်နေ၏။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အမျိုးမျိုးသော ပြောဆိုမှုများ ရှိလာသော်လည်း မထင်မှတ်ထားတာ ဘာမှဖြစ်မလာခဲ့ပေ။

ဆူဇီမိုသည် စိတ်ဝိညာဉ်ကျောက်တုံးတချို့ကို ဒီတိုင်းပစ်ချကာ လှည့်ထွက်ဖို့ ပြင်ဆင်လိုက်၏။ သူသည် တောအုပ်အနက်ပိုင်းထဲသို့ ပြန်သွားပြီး ယန်ပေးချန်ကို သတင်းပေးရပေမည်။ သူ မတ်တတ်ထရပ်လိုက်သည့် ခဏမှာပင် မလှမ်းမကမ်းရှိ ကျင့်ကြံသူတစ်ယောက်က ရုတ်တရက်​ ပြောလိုက်၏။

“ဒါနဲ့ စကားမစပ်.. ကျင့်ကြံသူတစ်ယောက်က မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းကို တွေ့မြင်ခဲ့တယ်လို့ ငါကြားတယ်”

“တကယ်ပဲလား.. အဲဒါက ဘယ်နေရာမှာလဲ”

“ကျောက်စိမ်းဖားပြုတ် တောင်ကြောရိုးမှာ”

“မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းရဲ့ တည်နေရာက ကြိုတင်ခန့်မှန်းလို့ မရဘူး.. အဲဒါ တစ်ကြိမ်ပေါ်ထွက်လာတိုင်း ကျင့်ကြံသူများစွာက ထောက်လှမ်းစုံစမ်းဖို့အတွက် အဲဒီကို ဦးတည်သွားကြလိမ့်မယ်.. အခုတော့ အဲဒါက အလယ်ပိုင်းတိုက်ကို ရောက်လာခဲ့ပြီဆိုတော့.. “

“ငါကြားတာတေ့ာ အဲဒီရှေးဟောင်းဘုရားကျောင်းထဲမှာ မရေမတွက်နိုင်တဲ့ ရှေးဟောင်းရတနာတွေအပြင်.. ပျောက်ဆုံးနေတဲ့ ဆေးလုံးတွေနဲ့ ကျင့်ကြံရေး နည်းစနစ်တွေပါ ရှိတယ်လို့ ကြားမိတယ်”

ထိုစကားကို ကြားချိန်တွင် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးသည် ရှေးဟောင်းခေတ်က ပျောက်ဆုံးနေခဲ့သော ဆေးလုံးများထဲမှ တစ်လုံးဖြစ်၏။

အဲဒါက ယန်ပေးချန်၏ အမြုတေစိတ်ဝိညာဉ်ဒဏ်ရာများကို ကုသနိုင်သော ဆေးလုံးလည်း ဖြစ်လေသည်။

မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းက အမှန်တကယ် တည်ရှိသည်ဆိုလျှင် ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို ထိုနေရာမှာ ရှာတွေ့နိုင်ဖို့ အခွင့်အရေးတစ်ရပ် ရှိလေသည်။

သို့သော်လည်း သူသည် မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းကို တစ်ခါမှ မကြားဖူးခဲ့ပေ။ သူက အဲဒါကို သေသေချာချာ သိရအောင် စုံစမ်းမေးမြန်းရပေမည်။

“တာအိုရောင်းရင်းတို့.. အဲဒီ မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းရဲ့ နောက်ခံက ဘာလဲ ကျုပ်သိပါရစေ”

ဆူဇီမိုသည် ကျင့်ကြံသူအုပ်စုဘေးသို့ ရောက်ရှိလာပြီး လက်သီးနှစ်ဖက်ကို ယှက်ကာ ပြုံး၍ မေးလိုက်၏။

ဤတစ်ကြိမ်တွင်တော့ သူသည် အဆူရာဆေဘာကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဤရှေးဟောင်းမြို့တော်သို့ ရောက်ရှိလာခြင်းဖြစ်၏။ တစ်စုံတစ်ရာ ဖြစ်ပျက်လာမည်ကို စိုးရိမ်သောကြောင့် သူသည် သူ၏ သရုပ်သကန်ကို ဖုံးကွယ်ပြီး သူ၏ ရုပ်ရည်သွင်ပြင်ကိုပင် ပြောင်းလဲထားခဲ့၏။ သူ၏ ကျင့်ကြံမှုအဆင့်ကိုပင် ဖုံးကွယ်ထားပြီး သူက သာမန်ပုံစံသာ ပေါက်နေ၏။

“မင်း ဘယ်သူလဲ”

ကျင့်ကြံသူတစ်ယောက်က ဆူဇီမိုကို မျက်လုံးစွေကြည့်ပြီး သူ၏နှုတ်ခမ်းကို သပ်လိုက်၏။

“ဘာလဲ.. မင်းကလည်း မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းကို သွားကြည့်ချင်နေတာလား”

ကျင့်ကြံသူတစ်ယောက်က လှောင်ပြောင်သရော်လိုသော အမူအရာနှင့်အတူ ပြုံး၍ မေးလိုက်၏။

“ကျုပ်က အဲ့လိုပဲ ရည်ရွယ်ထားတယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“ဟားဟားဟားဟား”

ကျင့်ကြံသူအုပ်စုသည် အကြည့်ချင်း ဖလှယ်ပြီး ဟားတိုက်ရယ်မောလိုက်ကြ၏။ သူတို့သည် ဆူဇီမိုကို အရူးတစ်ယောက်ကို ကြည့်နေရသည့်အလား စိုက်ကြည့်လိုက်ကြ၏။

“မင်းက မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းကို ဝင်ရောက်ရလောက်အောင် လုံလောက်တဲ့အထိ သန်မာတယ်လို့ မင်းကိုယ်မင်း တကယ်ပဲ ထင်နေတာလား”

မူလနတ္ထိတစ်ယောက်က လှောင်ရယ်လိုက်၏။

“ငါ.. တာအိုသက်ရှိ ချင်မင်တောင်မှ မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲကို ခြေတစ်လှမ်း မဝင်ရဲဘူး.. မင်းကိုယ်မင်း ဘယ်သူထင်နေလို့လဲ”

ဆူဇီမို၏ အမူအရာက အေးစက်လာပြီး ဓမ္မဝိသေသအဖြစ် သူ၏အော်ရာကို ထုတ်ဖော်ကာ အေးစက်စွာဖြင့် ပြောလိုက်၏။

“မင်း အဲ့စကားကို နောက်တစ်ခေါက် ပြန်ပြောလိုက်စမ်း”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် စားသောက်ဆိုင်တစ်ဆိုင်လုံးရှိ အပူချိန်က ထိုးကျသွား၏။

ဤရှေးဟောင်းမြို့တော်တွင် နိုးထဝိညာဉ်များနှင့် မူလနတ္ထိများကို နေရာတိုင်းမှာ တွေ့မြင်နိုင်သော်လည်း ဓမ္မဝိသေသ တာအိုအရှင်များက မရှိသလောက်ဖြစ်၏။

ကျင့်ကြံသူအများစုသည် နိုးထဝိညာဉ်များဖြစ်ပြီး မူလနတ္ထိများက အနည်းအကျဉ်းမျှသာ ရှိ၏။ သူတို့အားလုံးသည် ဆူဇီမို၏ ဓမ္မဝိသေသ အော်ရာတွင် ဖြူဖပ်ဖြူလျော် အမူအရာများနှင့်အတူ နေရာမှာပင် ကြောင်အ,မှင်တက်ကုန်၏။

“တာအိုအရှင်.. ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ.. ကျုပ်.. ကျုပ်က ခင်ဗျားဘယ်သူလဲ မသိလို့ ဆန့်ကျင်မိတာပါ.. ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါဦး တာအိုအရှင်”

ထိုမူလနတ္ထိသည် အလွန်တရာ ကြောက်လန့်သွားပြီး ချွေးများ တပေါက်ပေါက် ကျဆင်းကာ ထပ်တလဲလဲ ဦးညွှတ်နေ၏။

စောစောက ဟားတိုက်ရယ်မောခဲ့ကြသော ကျင့်ကြံသူများသည်လည်း ဘာစကားမှ ထပ်မပြောရဲကြတော့ပေ။

ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က အမျက်ဒေါသဖြင့် သူတို့အားလုံးကို သတ်ဖြတ်ချင်သည်ဆိုလျှင် မည်သူကမှ သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

All Chapters