← Chapters

ကောင်းကင်ဘုံလျှို့ဝှက်ချက်

Vol. 84 Ch. 1254

ကောင်းကင်ဘုံလျှို့ဝှက်ချက်

Vol. 84 Ch. 1254

အစောပိုင်းဓမ္မဝိသေသအဆင့်ကနေ အလယ်အလတ်ဓမ္မဝိသေသအဆင့်ထိ ဤတစ်ခေါက်တွင် အဲ့ဒါက ၆နှစ်မျှသာကြာခဲ့၏။

သူ၏ကျင့်ကြံမှုအဆင့်က တုန်လှုပ်စရာကောင်းလောက်အောင်မြန်ဆန်နေပြီဖြစ်၏။

လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က မြင့်မားလားလေလေ သူတို့သည် အဆင့်သေးတစ်ခုကို ဖြတ်ကျော်ဖို့အတွက် အချိန်နှင့်စွမ်းအင်ပို၍ လိုအပ်လာလေလေ ဖြစ်၏။

အဲ့ဒါသည် ဓမ္မဝိသေသ၏ အစောပိုင်းအဆင့်ကနေ အလယ်အလတ်အဆင့်ထိသာ ဖြစ်သော်လည်း အချို့သော ဓမ္မဝိသေသတာအိုအရှင်များအနေဖြင့် နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီ၍ အချိန်ယူရတတ်ရသည်မှာ သာမန်သာဖြစ်၏။

ဆူဇီမိုသည် ၆နှစ်တာ ကာလမျှနှင့် အလယ်အလတ်ဓမ္မဝိသေသအဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့သည့် အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ တာအိုအမွေအနှစ်ကုန်းမြေတွင် သူ၏ နှစ်ငါးထောင်နီးပါး လေ့လာဆည်းပူးခဲ့မှုကြောင့်ဖြစ်၏။

တစ်ဘက်မှာတော့ အဲ့ဒါသည် တာအိုအရှင်အမုန်းနှင့် သူ၏တိုက်ပွဲကြောင့်လည်းဖြစ်၏။

ထိုတိုက်ပွဲသည် ဆူဇီမိုကို များစွာသောအမြင်ရှုထောင့်နှင့် နားလည်ဆင်ခြင်နိုင်မှုများပေးခဲ့ရုံသာမက သိပ်သည်းပြင်းထန်သော ဖိအားတစ်ခုကိုလည်းပေးခဲ့၏။

သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ ခုသည် ပေ ၉၀ မြင့်မားသော အန္တိမဓမ္မဝိသေသ၏ ဖိနှိမ်ခံရလုနီးပါးဖြစ်ခဲ့၏။ ထိုဖိအားအောက်တွင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ ခုသည် လျင်မြန်စွာကြီးထွားလာပြီး ပို၍ပင်သိပ်သည်းကျစ်လျစ်လာခဲ့၏။

သူက အလယ်အလတ်အဆင့် ဓမ္မဝိသေသအဆင့်သို့ ချိုးဖျက်တက်လှမ်းသည့်အခါ အရာရာတိုင်းက သဘာဝအလျောက်ပြောင်းလဲဖြစ်ပျက်လာခဲ့၏။

သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများအနေဖြင့် သူတို့သည် အမြင့် ၈၇ ပေအထိ ရောက်ရှိလာခဲ့ပြီဖြစ်၏။

အဲ့ဒါသည် ယခင်ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှ နံပါတ်တစ်ပုဂ္ဂိုလ်၏ အဆင့်မျိုးဖြစ်၏။

တာအိုအရှင်အင်မော်တယ်ဓား၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ၈၉ ပေမြင့်မားသော်လည်း သူသည် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်ဖြစ်ခဲ့စဥ်က အဲ့ဒါသည် ၈၅ ပေသာ ရှိခဲ့၏။

ဆူဇီမို၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားအရ သူသည် အဆင့်တူခြင်းမှာ မည်သည့်တာအိုအရှင်ကိုမဆို ဖိနှိမ်နိုင်စွမ်းရှိ၏။

သာမန်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် သူ့ကိုယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

တကယ်တော့ သူသည် ပေါင်းစည်းခန္ဓာအဆင့်တွင်ရှိသော ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတား အချို့နှင့် တွေ့ကြုံရမည်ဆိုလျှင် ဆူဇီမိုက သူတို့ကိုအနိုင်ယူနိုင်ပါ့မလား မသေချာပေ။ အထူးသဖြင့် ထိပ်သီးဂိုဏ်းကြီးများမှ သူများဖြစ်၏။

သို့သော်လည်း အချက်တစ်ချက်ကတော့ သေချာလေသည်။ ထိပ်သီးဂိုဏ်းကြီးများမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် သူ့ကို အတိတ်ကာလတုန်းကလို သတ်ဖြတ်ဖို့ကြိုးပမ်းလာရဲတော့မည် မဟုတ်ပေ။

၈၇ ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ ခု နှင့်ဆိုပါက ဆူဇီမိုသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဝန်းရံပိတ်ဆို့ထားခြင်းခံရလျှင်တောင် သူက လမ်းကြောင်းတစ်ခုကို ဖောက်ထွက်နိုင်စွမ်းရှိ၏။ တကယ်တော့ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်း၏ အန္တရာယ်သည် အခြားသောကျင့်ကြံသူများထံမှသာ လာခြင်းမဟုတ်ပေ။

လျှို့ဝှက်ဆန်းကြယ်သော ဤရှေးဟောင်းဘုရားကျောင်းကပင် အစကတည်းက အန္တရာယ်များသော နေရာတစ်ခုဖြစ်နေခဲ့၏။

ထိုထဲတွင် မည်သို့သောအန္တရာယ်များရှိနေမလဲ မည်သူကမှ မပြောတတ်ပေ။

အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့သော ကျင့်ကြံသူများသည် မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရပေ။

သို့သော်လည်း အန္တရာယ်နှင့်ကြုံတွေခဲ့ရသော ကျင့်ကြံသူများက ဘာတွေကိုတွေ့မြင်ခဲ့ရသလဲ မည်သူကမှ မသိရှိကြပေ။

အကြောင်းမှာ သူတို့အားလုံးက ထိုထဲတွင် သေဆုံးသွားခဲ့ကြပြီဖြစ်သောကြောင့်ပင်။ ဤနေ့တွင် ဆူဇီမိုသည် အလယ်အလတ်ဓမ္မဝိသေသအဆင့်သို့ ချိုးဖျက်တက်လှမ်းပြီးနောက် သူသည် ယန်ပေးချန်ကိုနှုတ်ဆက်ကာ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းဆီသို့ ဦးတည်ဖို့ ပြင်ဆင်လိုက်၏။

“ဇီမို... မင်း ဂရုစိုက်ရမယ် အခြေအနေမဟန်ဘူးထင်ရင် မင်းကိုယ်မင်း ဖိအားမပေးနဲ့.. အချိန်မီနောက်ဆုတ်လာခဲ့ ... ကြားလား”

ယန်ပေးချန်က သတိပေးလိုက်၏။

“ဘာပဲပြောပြော... ငါ့ရဲ့အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရထားတာပဲရှိတာ... မင်းကတော့ ဘာမှဖြစ်လို့မရဘူး”

“မပူပါနဲ့”

ဆူဇီမိုက ပြုံး၍ခေါင်းညိတ်ပြလိုက်၏။

“ကျုပ်က ပြန်လာပြီးရင်... ခင်ဗျားနဲ့အတူ သောက်ချင်သေးတယ်”

“ဟုတ်ပြီလေ... ငါမင်းကို စောင့်နေမယ်”

ယန်ပေးချန်ကလည်း ရယ်မောလိုက်၏။

အဲ့ဒီနောက် ဆူဇီမိုသည် လေထဲသို့ခုန်တက်ပြီး သူ၏ခြေဖဝါးအောက်တွင် ခံ့ညားထည်ဝါသော တိမ်စိုင်တစ်ခုက ပေါ်ထွက်လာခဲ့၏။ သူက အဝေးတစ်နေရာသို့ ပျံသန်းသွားပြီး သိပ်မကြာမီ ပျောက်ကွယ်သွားလေသည်။

. . . . . .

ဓားဂိုဏ်းရှိ အင်မော်တယ်ဓား၏ တာအိုစံအိမ်တွင်...

တာအိုအရှင်အင်မော်တယ်ဓားသည် သူ့ဘေးရှိ တာအိုအရှင်တိမ်လွှာမိုးစက်နှင့်အတူ သူ၏ တာအိုစံအိမ်ထဲမှာ ထိုင်နေကြ၏။

သူတို့နှစ်ယောက်စလုံးသည် တစ်ခါတုန်းက ယန်ပေးချန်၏ လက်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အဲ့ဒီနောက် သူတို့၏ဆက်ဆံရေးက ပို၍ပင် ရင်းနှီးလာကာ သူတို့သည် မကြာခဏ တွေ့ဆုံတတ်ကြ၏။

“အမုန်းနဲ့အဆူရာက အဲ့ဒီတိုက်ပွဲမှာ နှစ်ယောက်စလုံးသေဆုံးသွားတယ်လို့... ခင်ဗျားက ပြောချင်တာလား”

တာအိုအရှင်အင်မော်တယ်ဓားက တာအိုအရှင်တိမ်လွှာမိုးစက်ထံမှ သတင်းကိုကြားရသောအခါ မျက်မှောင်အနည်းငယ်ကြုတ်၍ မေးလိုက်၏။

တာအိုအရှင်တိမ်လွှာမိုးစက်က ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒါက အပြင်ဘက်မှာပြောနေကြတဲ့ ကောလာဟလပဲ... အဲ့ဒီမှာအချက်အလက်တွေက ရောထွေးနေပြီးတော့ သတင်းစကားတွေကလည်း အမျိုးမျိုးကွဲထွက်နေတယ်... ဒါပေမယ့် ဘယ်ကျင့်ကြံသူကမှ အဲ့ဒါကို ကိုယ်တိုင်မမြင်တွေ့ခဲ့ကြဘူး”

“အဲ့ဒါက မဖြစ်နိုင်ဘူး”

တာအိုအရှင်အင်မော်တယ်ဓားက သူ၏ခေါင်းကိုခါပြလိုက်၏။

တာအိုအရှင်တိမ်လွှာမိုးစက်က ပြောလိုက်လေသည်။

“မင်းက.. ဘာလို့အဲ့လိုပြောရတာလဲ”

တာအိုအရှင်အင်မော်တယ်ဓားက နှာတစ်ချက်မှုတ်လိုက်လေသည်။

“အဲ့ဒီသတင်းစကားက... တခြားသူတွေကိုပဲ လှည့်စားလို့ရနိုင်မယ်... ဒါပေမယ့် အဲ့ဒါက ကျုပ်တို့ကို ဘယ်လိုလုပ် လှည့်စားလို့ရပါ့မလဲ... ခင်ဗျားနဲ့ ကျုပ်နဲ့က အဆူရာနဲ့အရင်တုန်းက တိုက်ခိုက်ခဲ့ဖူးတာပဲ.. ကျုပ်တို့က ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် သူလည်းအခြေအနေသိပ်ကောင်းခဲ့တာမဟုတ်ဘူး သူ့ရဲ့ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရသွားခဲ့တယ်”

“အမြုတေစိတ်ဝိညာဥ်မှာရရှိတဲ့ ရရှိတဲ့ဒဏ်ရာတွေက ကုသဖို့ခက်ခဲတယ်ဆိုပေမယ့်လို့ မဖြစ်နိုင်တာတော့မဟုတ်ဘူး... ယန်ဆေးဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်က အဆူရာကို ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံး ပေးခဲ့တယ်လို့ ငါကြားမိတယ်”

တာအိုအရှင်တိမ်လွှာမိုးစက်က မှင်သေသေဖြင့်ပြောလိုက်၏။

တာအိုအရှင်အင်မော်တယ်ဓားက ထပ်ပြောလေသည်။

“အဆူရာရဲ့ အမြုတေစိတ်ဝိညာဥ်က သက်သာပျောက်ကင်းသွားပြီဆိုရင်တောင် အဲ့ဒါက နှစ်၂၀ ပဲ ရှိသေးတယ်.. သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အလွန်ဆုံး အလယ်အလတ်ဓမ္မဝိသေသအဆင့်မှာပဲ ရှိဦးမယ်”

“အမုန်းကတော့ ပကတိဓမ္မဝိသေသအဆင့်ကိုရောက်နေခဲ့ပြီ... သူပြန်ပေါ်ထွက်လာကတည်းက သူက သူ့ရဲ့ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသကိုတောင် မသုံးဘဲ မိစ္ဆာဂိုဏ်းတွေရဲ့ မည်ကာမတ္တတပည့်တစ်ယောက်ကို ဖိနှိမ်ခဲ့ပြီးပြီ... အဆူရာက ဘယ်လောက်ပဲ သန်မာသန်မာ သူက အဲ့ဒီအဆင့်ထိ ခုန်တက်ပြီး အမုန်းကို သတ်ဖြတ်နိုင်စရာအကြောင်းမရှိဘူး”

“အမုန်းက... အဆူရာကို သတ်ခဲ့တယ်လို့ မင်းကပြောချင်တာလား”

တာအိုအရှင်တိမ်လွှာမိုးစက်က မေးလိုက်၏။

“အဲ့ဒါက ပြောဖို့တော့ခက်တယ်... ဒီကိစ္စမှာ တစ်ခုခုကတော့ သေချာပေါက်လွဲနေတယ်”

တာအိုအရှင်အင်မော်တယ်ဓားက သူ၏ခေါင်းကိုခါယမ်းလိုက်၏။

ခဏမျှရပ်တန့်ပြီးနောက် တာအိုအရှင်တိမ်လွှာမိုးစက်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက်မေးလိုက်၏။

“အော်... ဒါနဲ့ မင်းရဲ့ ငယ်ကျွမ်းဆွေ ဂျူနီယာညီမလေးကိုရော အခုထိ ရှာမတွေ့သေးဘူးလား”

ထိုစကားကိုကြားချိန်တွင် တာအိုအရှင်အင်မော်တယ်ဓား၏ မျက်လုံးက အေးစက်စက်အလင်းဖြင့် ဖျပ်ခနဲလက်သွား၏။

“အခုထိတော့ မတွေ့သေးဘူး”

တာအိုအရှင်တိမ်လွှာမိုးစက်က ပြုံးစစဖြင့် ပြောလိုက်၏။

“မင်းရဲ့ ဂျူနီယာညီမလေးကို အရင်တုန်းက အဆူရာက ဖမ်းဆီးသွားခဲ့တယ်လို့ ငါကြားမိတယ်... သူမက အခုလောက်ဆို သေနေလောက်ပြီ”

“ဟင့်အင်း”

တာအိုအရှင်အင်မော်တယ်ဓားက အေးစက်စွာဖြင့်ပြောလိုက်၏။

“ချင်ဖျန်ရန်ရဲ့ ကံကြမ္မာသင်္ကေတက ဓားဂိုဏ်းမှာရှိနေသေးတယ်... အဲ့ဒါက အကောင်းအတိုင်းပဲ.. သူမက မသေသေးဘူးဆိုတာ ရှင်းနေတာပဲ”

“အို... ဟုတ်လား”

တာအိုအရှင်တိမ်လွှာမိုးစက်က ရယ်မောလိုက်၏။

“စိတ်ဝင်စားစရာပဲ... သူမက သတ်ဖြတ်ခြင်းနဲ့ သူ့ရဲ့တာအိုကိုရရှိထားတဲ့ အဆူရာရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်... ဒါပေမယ့် သူမက သေလည်းမသေ ပြန်လည်းမလာခဲ့ဘူး... သူက အမျိုးသားတစ်ယောက်... သူမကလည်း အမျိုးသမီးတစ်ယောက်...”

တာအိုအရှင်အင်မော်တယ်ဓား၏ အမူအရာက လုံးဝသုန်မှုန်လာပြီး အေးစက်စွာဖြင့်ပြောလိုက်၏။

“အဲ့ဒီခွေးမက မိစ္ဆာဂိုဏ်းတွေရဲ့ အဆူရာနဲ့ အချစ်ဇာတ်ခင်းနေခဲ့တာပဲ... သူမက ကျုပ်တို့ဓားဂိုဏ်းအတွက်တော့ အရှက်ရစရာပဲ... သူမကို ရှာတွေ့မယ်ဆိုရင် ကျုပ်ကိုယ်တိုင် သူမကိုသတ်ပစ်မယ်”

ထိုအခိုက်အတန့်တွင် သူ ခွေးမဟု ခေါ်ဆိုနေသောသူသည် သူ၏အသက်ကို ကယ်တင်ပေးခဲ့သူ ဖြစ်ကြောင်း တာအိုအရှင်အင်မော်တယ်ဓားက လုံးဝမေ့လျော့နေခဲ့ပြီဖြစ်၏။

“လောကက ကျယ်ပြောတာပဲ... သူမကသာ တကယ်တမ်းပုန်းနေချင်တယ်ဆိုရင် ဘယ်သူက ရှာနိုင်မှာလဲ”

တာအိုအရှင်တိမ်လွှာမိုးစက်က ပခုံးတွန့်ပြလိုက်၏။

“အဲ့လိုလည်းမဟုတ်သေးဘူး”

တာအိုအရှင်အင်မော်တယ်ဓားက ဝံ့ကြွားစွာဖြင့်​ပြောလိုက်၏။

“အဖွဲ့အစည်းတစ်ခုရဲ့ အရိုက်အရာဆက်ခံသူက ကောင်းကင်နဲ့မြေကြီးကို နားလည်ဆင်ခြင်နိုင်တယ်... သူက လျှို့ဝှက်ချက်တွေကို ချောင်းမြောင်းကြည့်နိုင်ပြီးတော့ လောကမှာရှိတဲ့ အရာရာတိုင်းကို အာရုံခံတွက်ချက်ပေးနိုင်တယ်”

“ပဟေဠိနန်းတော်လား”

တိမ်လွှာမိုးစက်က သူ၏မျက်လုံးကိုမှေးကျဥ်းလိုက်၏။

ထိုစဥ်မှာပင် ဝတ်ရုံစတဖျပ်ဖျပ်လှုပ်ခတ်သံနှင့်အတူ ကျင့်ကြံသူတစ်ယောက်သည် တာအိုစံအိမ်တံခါးအပြင်ဘက်ကနေ လျှောက်လှမ်းဝင်ရောက်လာ၏။ သူက ရုပ်ရည်ချောမောပြီး ကွန်ဖြူးရှပ်သရဖူတစ်ခုကိုဆောင်းထား၏။

သူ၏လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကို ဆုပ်ကိုင်ထားပြီး ခပ်ဖျော့ဖျော့အပြုံးတစ်ခုရှိနေ၏။

တာအိုအရှင်တိမ်လွှာမိုးစက်က စိတ်ဝိညာဥ်အသိစိတ်ဖြင့် ထိုသူကို စစ်ဆေးကြည့်ရှုလိုက်၏။

သူသည် ဤကျင့်ကြံသူ၏ ကျင့်ကြံမှုအဆင့်ကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိပေ။

တာအိုအရှင်အင်မော်တယ်ဓားက မတ်တတ်ထရပ်ပြီး သူ့ကိုကြိုဆိုကာ အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။

“တာအိုရောင်းရင်း ကောင်းကင်ဘုံလျှို့ဝှက်ချက်... ခင်ဗျားက ခရီးရှည်ကြီး ဖြတ်သန်းလာခဲ့ရတာပဲ ခင်ဗျားကိုကောင်းကောင်းမကြိုဆိုရတဲ့အတွက် ကျုပ်ကိုကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဦး”

“ရပါတယ်... ကျုပ်တို့ကြားမှာ အဲ့လောက်ထိယဥ်ကျေးပျူငှာနေစရာမလိုပါဘူး”

ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် နွေးထွေးသောအပြုံးတစ်ခုရှိနေ၏။

တာအိုအရှင်အင်မော်တယ်ဓားက တာအိုအရှင်တိမ်လွှာမိုးစက်ကို မိတ်ဆက်ပေးလိုက်၏။

“ဒါကတော့... ပဟေဠိနန်းတော်က တာအိုရောင်းရင်း ကောင်းကင်ဘုံလျှို့ဝှက်ချက်ပဲ... ဒါကတော့ တိမ်လွှာမိုးစက်ဂိုဏ်းရဲ့....”

တာအိုအရှင်အင်မော်တယ်ဓားက ဆုံးအောင်မပြောသေးခင်မှာပင် တာအိုအရှင်ကောင်းကင်ဘုံလျှို့ဝှက်ချက်က ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်ငါးထောင်က သူက ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်နှစ်... အခုတော့ တိမ်လွှာမိုးစက်ဂိုဏ်းရဲ့ မည်ကာမတ္တတပည့်ပေါ့”

တာအိုအရှင်တိမ်လွှာမိုးစက်က သူဘာသာသူခေါငိးညိတ်လိုက်၏။

သူတို့နှစ်ယောက်သည် အရင်တုန်းက တစ်ခါမှ မတွေ့ဖူးခဲ့သည်မှာ သေချာလေသည်။ သို့သော်လည်း ဤကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ၏ သရုပ်သကန်နှင့်နောက်ခံကို သိရှိထားခဲ့လေသည်။ သူက တကယ်ပဲ အစွမ်းအစရှိလေသည်။

ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နှင့် ဓားဂိုဏ်း၏ မည်ကာမတ္တတပည့်တစ်ယောက်အနေဖြင့် တာအိုအရှင်အင်မော်တယ်ဓားသည် မြင့်မြတ်သော ဂုဏ်အဆင့်အတန်းတစ်ခုရှိပြီး သူ့အနေဖြင့် ပဟေဠိနန်းတော်မှ ကျင့်ကြံသူများနှင့် မိတ်ဆွေဖွဲ့ထားနိုင်သည်မှာ အံ့အားသင့်စရာမရှိပေ။

တာအိုအရှင်အင်မော်တယ်ဓားက ပြောလိုက်၏။

“တာအိုရောင်းရင်း ကောင်းကင်ဘုံလျှို့ဝှက်ချက်... ကျုပ်က အပိုတွေလျှောက်ပြောမနေတော့ဘူး.. ကျုပ်ခင်ဗျားကို ဒီတစ်ခေါက်ဖိတ်ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက ကျုပ်က ခင်ဗျားကို လူတစ်ယောက်ကို ရှာဖွေပေးစေချင်လို့ပဲ”

“သူမက အစကတော့ ဓားဂိုဏ်းရဲ့ ကျင့်ကြံသူတစ်ယောက်... ချင်ဖျန်ရန်ပဲ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က သူ၏ခေါင်းကိုခါပြလိုက်၏။

“ကျုပ်က နာမည်တစ်ခုကြားရုံနဲ့ လူတစ်ယောက်ကို ရှာပေးနိုင်တဲ့အဆင့်ထိမရောက်သေးဘူး”

“ကျုပ်မှာ... သူမရဲ့ ကံကြမ္မာသင်္ကေတရှိနေတယ်ဆိုရင်ရော”

တာအိုအရှင်အင်မော်တယ်ဓားက သူ၏ မျက်လုံးကိုမှေးကျဥ်း၍မေးလိုက်၏။

ကောင်းကင်ဘုံလျှို့ဝှက်ချက်က ညင်သာစွာ ပြုံးလိုက်လေသည်။

“အဲ့ဒါဆိုရင်တော့... လွယ်သွားပြီပေါ့”

All Chapters