← Chapters

ငါက အထီးကျန်သိုင်းသခင်ပဲ

Vol. 84 Ch. 1257

ငါက အထီးကျန်သိုင်းသခင်ပဲ

Vol. 84 Ch. 1257

“အဲဒါကို ထုတ်ပေးစမ်း”

တာအိုအရှင် ဆည်းဆာတိမ်လွှာသည် ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာပြီး သူနှင့် စကားပြောရင်း အချိန်ဖြုန်းလိုစိတ် မရှိပေ။ တကယ်ဆို သူက ဆူဇီမို၏ အမည်နှင့်​ ဂိုဏ်းကိုပင် အရေးလုပ်ခြင်း မရှိပေ။

သူ့မှာ ယုံကြည်မှုနှင့် ခွန်အား ရှိလေသည်။

ပထမတစ်ချက်.. ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ အသန်မာဆုံး ပြိုင်စံရှားနှင့် ပြန်ဝင်စား မွန်းစတား အားလုံးနီးပါးကို ခြုံငုံမိလေသည်။ ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်တွင် နံပါတ် ၁၁ အနေဖြင့် သူသည် ဤစိမ်းရောင်ဝတ် ကျင့်ကြံသူကို အရင်က တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

တစ်စုံတစ်ယောက်က ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်ပေါ်မှာ နေရာယူနိုင်ခြင်း မရှိလျှင် ထိုသူသည် သူနှင့်တိုက်ခိုက်ဖို့အတွက် အဆင့်မမီပေ။

ဒုတိယတစ်ချက်.. သူသည် ကစဉ့်ကလျားအမြုတေဂိုဏ်း၏ နောက်ခံရှိလေသည်။

သို့သော်လည်း.. ဤအစိမ်းရောင်ဝတ် ကျင့်ကြံသူတွင် မည်သည့်ဂိုဏ်း၊ သို့မဟုတ် အဖွဲ့အစည်း၏ အမှတ်တံဆိပ်ကိုမှ မတွေ့မြင်ရပေ။ သူက ဤနေရာသို့ တစ်ယောက်တည်း ရောက်လာပြီး ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ များလေသည်။

ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက်မှာ ရွှေစားကြွက် လိုချင်တပ်မက်သော ရတနာတစ်ခု ရှိနေမည်ဆိုလျှင် သူက ဘာကို ကြောက်နေရဦးမှာလဲ။

ဆူဇီမိုသည် မျက်မှောင် အနည်းငယ်ကြုတ်၍ မေးလိုက်၏။

“ဘာကို ထုတ်ပေးရမှာလဲ”

“မင်းမှာ ကစဉ့်ကလျားအမြုတေဂိုဏ်းရဲ့ ရတနာတစ်ခု ရှိနေတယ်”

တာအိုအရှင် ဆည်းဆာတိမ်လွှာက အေးစက်စွာဖြင့် ပြောလိုက်၏။

“ငါ့ရဲ့ သားရဲတောကောင်က အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်တယ်.. အဲဒါကို အသာတကြည် ထုတ်ပေးဖို့ ငါ မင်းကို အကြံပေးလိုက်မယ်.. အဲဒါဆိုရင် မင်းက အသက်ရှင်သန်နိုင်ကောင်း ရှင်သန်နိုင်လိမ့်မယ်”

စောင့်ကြည့်နေသော ကျင့်ကြံသူများစွာသည် စိတ်ထဲကနေ လှောင်ရယ်လိုက်ကြ၏။

အဲဒါက အဓိပ္ပာယ်မရှိသည်မှာ သိသာ၏။

ဤအစိမ်းရောင်ဝတ် ကျင့်ကြံသူမှာ ကစဉ့်ကလျားအမြုတေဂိုဏ်း၏ ရတနာတစ်ခု ရှိနေသည်ဆိုလျှင်တောင် တောကောင်တစ်ကောင်က အဲဒါကို ဘယ်လိုလုပ် ခွဲခြားနိုင်ပါ့မလဲ။

အစကတော့ ဆူဇီမိုသည် သူ့ထံတွင် ထိုတောကောင်က ဘာကို အာရုံခံမိခဲ့သလဲ စဉ်းစားတွေးတောနေခဲ့၏။

သူ့ပိုင်ဆိုင်မှုများထဲတွင် တကယ်တမ်း အဖိုးတန်သော ရတနာများမှာ ဖန်တီးခြင်းကြာခုံ၊ ဂမ္ဘီရသံလိုက်တောင်နှင့် မင်းဟွမ်ဆုတောင်းပုတီးတို့ ဖြစ်၏။

သို့သော်လည်း ထိုရတနာသုံးခုစလုံးသည် မည်သည့်သတ္တုနှင့်မျှ ပြုလုပ်ထားခြင်း မဟုတ်ပေ။

ဆူဇီမိုသည် လျင်မြန်စွာပင် နားလည်သွား၏။

အဲဒါက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ဖြစ်၏။

သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြာရိုးများဖြင့် ပြုလုပ်ထားပြီး ကြာရွက်များက သူ၏အရေပြားဖြစ်၏။ ဒါ့အပြင်.. အဲဒီမှာ များစွာသော မူလဓမ္မလက်နက်များကိုပါ ထည့်သွင်းပေါင်းစည်းထားခဲ့၏။

သီယင်း၏ ကစဉ့်ကလျားအမြုတေခေါင်းလောင်းနှင့် နဂါးစစ်ထိုး လက်ရိုက်တုတ်..။

တာအိုသက်ရှိဖန်သား၏ သက်တံဖန်သားစေတီ..။

တာအိုသက်ရှိ ကောင်းကင်စင်ရော်၏ ဆေဘာ..။

တာအိုသက်ရှိ မိုးကြိုးလေပြေ၏ မိုးကြိုးလေပြေတူ..။

ရွှေစားကြွက်သည် ထိုမူလဓမ္မလက်နက်များ၏ အော်ရာကို အာရုံခံမိခဲ့တာ ဖြစ်ရပေမည်။

“ဒီနှစ်တွေထဲမှာတောင် ကစဉ့်ကလျားအမြုတေဂိုဏ်းက ထောင်လွှားမောက်မာနေတုန်းပဲလား”

ဆူဇီမိုက အဓိပ္ပာယ်ပါပါ ပြောလိုက်၏။

တစ်စုံတစ်ယောက်က အဲဒါကို သေချာစဉ်းစားတွေးတောကြည့်မည်ဆိုလျှင် သူတို့သည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို သတိထားမိပေလိမ့်မည်။

သို့သော်လည်း တာအိုအရှင် ဆည်းဆာတိမ်လွှာသည် ဆူဇီမိုကို လုံးဝ အတည်အတံ့မှတ်ယူခြင်း မရှိဘဲ သူပြောသည့် စကားကိုလည်း စဉ်းစားတွေးတောနေခြင်း မရှိပေ။

သူက ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။

“ကစဉ့်ကလျားအမြုတေဂိုဏ်းဆိုတာ အမြဲတမ်း အဲ့လိုပဲ”

“ကစဉ့်ကလျားအမြုတေ အမြွှာပြိုင်စံရှား သေဆုံးသွားပြီးတဲ့နောက်.. မင်းတို့ဂိုဏ်းက ပိုပြီးတော့ အချိုးပြေလာမယ်လို့ ငါထင်ထားတာ.. အခုတော့ မင်းတို့တွေက လုံးဝ တိုးတက်မလာဘူးပဲ”

ဆူဇီမို၏ အမူအရာက အေးစက်လာခဲ့၏။

“မင်းကတော့ သေချင်နေပြီပဲ”

တာအိုအရှင် ဆည်းဆာတိမ်လွှာက သူ၏မျက်လုံးကို မှေးကျဉ်းပြီး ရုတ်တရက် ကြမ်းကြုတ်ခက်ထန်လာခဲ့၏။

အခြားသော ကစဉ့်ကလျားအမြုတေဂိုဏ်း၏ တာအိုအရှင်များသည်လည်း ရုပ်ဆိုးအကျည်းတန်သော အမူအရာများ ရှိလာကြ၏။

ထိုအချိန်တုန်းက.. သီယင်းနှင့် ယဲ့ထျန်းချန်သည် အလွန်တရာ ကျော်ကြားခဲ့ပြီး သူတို့၏ အဆင့်တူများကြားမှာ​ ပြိုင်ဘက်ကင်းခဲ့၏။ သို့သော်လည်း သူတို့နှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် အထီးကျန်သိုင်းသခင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ အဲဒါက ကစဉ့်ကလျားအမြုတေဂိုဏ်း၏ အမာရွတ် ဖြစ်လေသည်။

သို့သော် ယခုအခါ သူတို့ရှေ့ရှိ အစိမ်းရောင်ဝတ် ကျင့်ကြံသူသည် ကျင့်ကြံသူများစွာ၏ ရှေ့မှာ ထိုအမာရွတ်ကို အမှန်တကယ်ပင် ထိုးဆွလာခဲ့၏။ ကစဉ့်ကလျားအမြုတေဂိုဏ်း ကျင့်ကြံသူများက ဘယ်လိုလုပ် အမျက်ဒေါသမထွက်ဘဲ နေပါ့မလဲ။

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းတို့တွေက ငါ့ကို ရန်လာမစတာ ကောင်းလိမ့်မယ်.. ငါက ဒီနေ့ ဒီနေရာကို မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းအတွက် ရောက်ရှိလာတာပဲ.. ငါက မလိုအပ်တဲ့ တခြားပြဿနာတွေ မဖန်တီးချင်ဘူး”

အဲဒါက အမှန်တကယ်ပင် ဆူဇီမို တွေးထားသည့်အရာဖြစ်၏။

မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းသည် ဘာမှန်းမသိရသော အခြေအနေများနှင့် ပြည့်နှက်နေ၏။

သူသည် မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲသို့ ဝင်ရောက်ပြီး မည်သည့်အရာကိုမှ မတွေ့မြင်ခင်မှာပင်.. အပြင်ဘက်ရှိ အခြားသူများနှင့် တိုက်ခိုက်လိုခြင်း မရှိပေ။

တကယ်တော့ အဲဒါက သူ၏ နောက်ဆုံးသတိပေးချက်လည်း ဖြစ်၏။

သို့သော်လည်း ထိုသတိပေးချက်က တာအိုအရှင် ဆည်းဆာတိမ်လွှာနှင့် အခြားသူများကို လုံးဝ ဒေါသအမျက်ထွက်လာစေခဲ့၏။

“မင်း ဘယ်သူလဲ.. မင်းက ငါ့ကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ”

သူသည် သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး ဓားပျံတစ်လက်ကို ဆွဲထုတ်ကာ ဆူဇီမိုထံသို့ ချိန်ရွယ်ပစ်ထိုးလိုက်၏။

ဓားပျံသည် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး အလွန်တရာ မြန်ဆန်စွာဖြင့် ဆူဇီမိုထံသို့ တိုးဝင်လာခဲ့၏။

ဆူဇီမိုက နေရာမှာပင် မတ်တတ်ရပ်ရင်း လုံးဝ လှုပ်ရှားခြင်း မရှိပေ။ တကယ်ဆို သူက သူ၏ ဓမ္မလက်နက်ကို ဆင့်ခေါ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းပင် မရှိပေ။ သို့သော်လည်း သူ၏မျက်လုံးက ဝင်းလက်တောက်ပလာပြီး သူက ရုတ်တရက် စကားတစ်ခွန်းကို ပြောလိုက်၏။

“ငါက အထီးကျန်သိုင်းသခင်ပဲ”

ထိုစကားလုံးများသည် လူအုပ်ကြားထဲမှာ မိုးချုန်းသံကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

အဲဒီနောက်.. ဓားပျံက ဆူဇီမို၏ နှာရောင်ကို ထိုးဖောက်တော့မည့်ဆဲဆဲမှာပင် သူက သူ၏ နုနယ်သော လက်ဖဝါးကို ဆန့်ထုတ်ပြီး ဝင်ရောက်လာသော ဓားပျံကို ဖမ်းဆုပ်လိုက်၏။

ဓားပျံတွင် ဓမ္မအင်းကွက် ၆ခု ပါရှိပြီး မူလတာအိုအရှင် ဓမ္မလက်နက်တစ်ခု ဖြစ်၏။

၎င်းက အလွန်တရာ ထက်ရှပြီး သတ္တုများကို ရွှံ့တုံးကဲ့သို့ လှီးဖြတ်နိုင်၏။

အသွေးအသားကို မပြောနှင့်.. ထိပ်တန်းအဆင့် တာအိုအရှင် ဓမ္မလက်နက်များပင်လျှင် တစ်ချက်တည်းဖြင့် ခုတ်ပိုင်းဖြတ်တောက်ခံရမည်ဖြစ်၏။

သို့သော်လည်း.. အားလုံး၏ အကြည့်အောက်မှာပင် မူလတာအိုအရှင် ဓမ္မလက်နက်သည် ဆူဇီမို၏ လက်ဖဝါးထဲမှာ တင်းကျပ်စွာ ဖမ်းဆုပ်ခြင်းကို ခံထားရပြီး လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

ကြောက်စရာအကောင်းဆုံးအချက်မှာ ဆူဇီမို၏ လက်ဖဝါးမှ မည်သည့်သွေးမှ စီးကျမလာခြင်းပေ။

တစ်နည်းအားဖြင့်ဆိုလျှင် မူလတာအိုအရှင် ဓမ္မလက်နက်သည် ဆူဇီမို၏ အရေပြားကိုပင် ထိုးဖောက်နိုင်ခြင်း မရှိပေ။

သူသည် မူလတာအိုအရှင် ဓမ္မလက်နက်ကို လက်ဗလာဖြင့် ခံယူပြီး လုံးဝ အဆင်ပြေနေ၏။

အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ..။

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်လာကြ၏။

များစွာသော ကျင့်ကြံသူများသည် ‘ငါက အထီးကျန်သိုင်းသခင်ပဲ’ဆိုသော စကားမှာ ပို၍ပင် တုန်လှုပ်သွားရ၏။

ထိုစကားလုံးများထက် ပို၍ တုန်လှုပ်စရာကောင်းသောအရာ ဘာမှ မရှိတော့ပေ။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် တာအိုဘွဲ့ပေါင်း မရေမတွက်နိုင်အောင် ရှိကြသော်လည်း အထီးကျန်သိုင်းသခင်ဟူသော တာအိုဘွဲ့ကို အသုံးပြုရဲသည့်သူမှာ တစ်ဦးတည်းသာ ရှိလေသည်။

တာအိုအရှင် အထီးကျန်သိုင်းသခင်က အလယ်ပိုင်းတိုက်သို့ ရောက်ရှိလာခဲ့လေပြီ။

တာအိုအရှင် ဆည်းဆာတိမ်လွှာကလည်း ကြောင်အ,မှင်တက်သွားခဲ့၏။

သူသည် အရာရာတိုင်းကို တွက်ချက်ထားခဲ့ပြီး ဆူဇီမိုက မည်သို့မည်ပုံ တုံ့ပြန်လာမည်ကိုပင် စဉ်းစားထားခဲ့၏။ သူသည် နောက်ထပ်တိုက်ခိုက်မှုများ ထုတ်ဖော်ဖို့ပင် ကြိုတင်ပြင်ဆင်ထားခဲ့ပြီဖြစ်၏။

သို့သော်လည်း အဲဒါက သူ ကြိုတင်မခန့်မှန်းမိခဲ့သော အချက်တစ်ချက်ဖြစ်၏။

‘ငါက အထီးကျန်သိုင်းသခင်ပဲ’… ထိုစကားလုံးများသည် သူ၏စိတ်ထဲမှာ ဝုန်းခနဲ မြည်ဟည်းသွားပြီး သူ့ကို ယာယီအားဖြင့် ကြောင်အ,မှင်တက်သွားစေ၏။

“ငါက မင်းကို ခြိမ်းခြောက်ရဲရုံတင်မကဘူး.. ငါက မင်းကို သတ်ပါသတ်ရဲတယ်”

တာအိုအရှင် ဆည်းဆာတိမ်လွှာ ငေးငိုင်သွားသည့် ခဏမှာပင် ဆူဇီမိုက အဲဒါကို အသာစီးရယူပြီး ရုတ်တရက် တိုက်ခိုက်လိုက်၏။ သူက သူ့လက်ထဲရှိ ဓားပျံကို ဆွဲခါပြီး ပစ်ထုတ်လိုက်လေသည်။ ၎င်းက ပို၍ပင် မြန်ဆန်သော နှုန်းထားဖြင့် တာအိုအရှင် ဆည်းဆာတိမ်လွှာ၏ ဦးခေါင်းဆီသို့ ချိန်ရွယ်ကာ ပစ်ဝင်သွားလေသည်။

တာအိုအရှင် ဆည်းဆာတိမ်လွှာက ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်တွင် နံပါတ် ၁၁ ဝင်ခဲ့သော ပြိုင်စံရှားတစ်ယောက်ဖြစ်၏။ သူက လျင်မြန်စွာ တုံ့ပြန်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို အလောတကြီး စုစည်းကာ ဝင်ရောက်လာသော ဓားပျံကို ဘေးဘက်သို့ သွေးဖယ်သွားစေဖို့ ထိန်းချုပ်လိုက်၏။

ထိုဓားပျံက သူ၏ မူပိုင်ဓမ္မလက်နက်ဖြစ်၏။

ထိုသို့ဆိုလျှင်တောင်.. ဓားပျံကို ဆူဇီမို ပစ်ထုတ်လိုက်သော စွမ်းအားသည် သူ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်လုနီးပါးဖြစ်နေ၏။

ဓားပျံသည် အနည်းငယ်သာ သွေဖယ်သွားပြီး တာအိုအရှင် ဆည်းဆာတိမ်လွှာ၏ ပါးပြင်ကို ပွတ်တိုက်သွားလေသည်။ အဲဒီမှာ သွေးသံရဲရဲ ဒဏ်ရာတစ်ခုက ချက်ချင်းပင် ပေါ်ထွက်လာ၏။

သူက တုံ့ပြန်မှု အနည်းငယ် နှေးကွေးသွားလျှင် ဓားပျံသည် သူ၏ဦးခေါင်းကို ဝင်ရောက်ထိုးဖောက်သွားမည်ဖြစ်၏။

ချက်ချင်းဆိုသလို.. တာအိုအရှင် ဆည်းဆာတိမ်လွှာသည် ချွေးစေးများ ထွက်လာခဲ့လေပြီ။

အဲဒီမှာ ဝုန်းခနဲ မြည်သံက ပေါ်ထွက်လာခဲ့၏။

တာအိုအရှင် ဆည်းဆာတိမ်လွှာ၏ ခန္ဓာကိုယ်ထဲမှ ပုံရိပ်ယောင်တစ်ခုက မြင့်တက်လာပြီး လျင်မြန်စွာ ပြန့်ကားလာ၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ..

ဆူဇီမို၏ သရုပ်သကန်ကို သိရှိသွားပြီးနောက်.. တာအိုအရှင် ဆည်းဆာတိမ်လွှာက ဘယ်လိုလုပ် နမော်နမဲ့ ပြုမူရဲပါ့မလဲ။ သူသည် သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ချက်ချင်းပင် ထုတ်ဖော်ဖို့ ပြင်ဆင်လိုက်၏။

သို့သော်လည်း ဆူဇီမိုသည် ဓားပျံကို ပစ်ထုတ်လိုက်သည့် ခဏမှာပင်.. သူ၏လက်ချောင်းထိပ်မှ ပြိုးပြိုးပြက်ပြက် ဓားချီတစ်ခုက ပေါက်ကွဲထွက်ပေါ်သွားပြီဖြစ်၏။

၎င်းက အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် လျင်မြန်စွာ ပြန့်ကားသွား၏။

သတ်ဖြတ်လိုစိတ်က ကမ္ဘာတုန်လောက်လေသည်။

“ကောင်းကင်သတ်ဖြတ်ခြင်း ဓားကွက်”

ဖောက်…

ဓားချီသည် တာအိုအရှင် ဆည်းဆာတိမ်လွှာ၏ နှာရောင်ကို ထိုးဖောက်သွားပြီး သူ၏ဦးခေါင်းပေါ်တွင် သွေးသံရဲရဲ အပေါက်တစ်ခုကို ဖြစ်ပေါ်သွားစေ၏။ သူ၏ အမြုတေစိတ်ဝိညာဉ်က နေရာမှာပင် ဖျက်ဆီးခံရပြီး သူက ဒီထက်ပို၍ မသေနိုင်တော့ပေ။

သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် အမှန်တကယ် ဖွဲ့တည်မလာနိုင်ခင်မှာပင်.. ၎င်းက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

သူ၏ ခြေထောက်အောက်တွင်ရှိသော သားရဲတောကောင် ရွှေစားကြွက်သည်လည်း ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ နှစ်ပိုင်းလှီးဖြတ်ခြင်းကို ခံရပြီး နေရာမှာပင် သေဆုံးသွား၏။

တာအိုအရှင် ဆည်းဆာတိမ်လွှာ၏ မျက်လုံးက တဖြည်းဖြည်း မှိန်ကျသွားခဲ့၏။

သူက ခြေတစ်လှမ်း နောက်ကျသွားဆဲဖြစ်၏။

သူသည် သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို အချိန်မီ ထုတ်ဖော်နိုင်ခဲ့မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားအရ ဤမျှအထိ အလျင်အမြန် ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ပေ။

ကံမကောင်းစွာနှင့်ပင်.. ပညာရှင်များအကြား တိုက်ပွဲတစ်ပွဲမှာ တဒင်္ဂအချိန်က အရာရာကို အဆုံးအဖြတ်ပေးနိုင်၏။

ဆည်းဆာတိမ်လွှာသည် ‘ငါက အထီးကျန်သိုင်းသခင်ပဲ’ ဟူသော စကားကို ကြားရသည့် ခဏမှာပင်.. သူ၏ တဒင်္ဂငေးငိုင်မှုက သူ၏သေခြင်းတရားကို ဆုံးဖြတ်ပေးသွားခဲ့လေသည်။

All Chapters