← Chapters

ငွေရောင်လေး၏အရေပြား

Vol. 48 Ch. 706

ငွေရောင်လေး၏အရေပြား

Vol. 48 Ch. 706

ဤနှစ်ရက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဇိမ်ခံအိမ်၌ နောက်ထပ် လူတစ်ယောက် တိုးလာခဲ့သည်။

၎င်းက အမျိုးသမီးငယ်တစ်ဦး ဖြစ်ပြီး ဝူကျီထီး၏ လက်နက်ဝိညာဉ် လူသားပုံစံ ဖြစ်သည်။

သီအိုရီအရ လက်နက်ဝိညာဉ်များသည် အစာစားရန် မလိုအပ်သော်လည်း ဝူကျီထီးသည် ဘရိုကိုလီ စားသုံးခြင်းကို အလွန်နှစ်သက်သည့် အတွက် ဗုံးပစ်စီနီယာအင်မော်တယ်က ပျော်ရွှင်နေခဲ့သည်။

ဇူလိုင်လ၂၇ရက်နေ့သည် စာသင်နှစ်၏ ၁၄ပတ်မြောက် ကြာသပတေးနေ့ ဖြစ်၏။

ထိုနေ့တွင် ဝူကျီထီးသည် ဘရိုကိုလီသုပ်ကို ကျေနပ်စွာစားနေခဲ့သည်။

သူမ၏ မျက်နှာတစ်ခုလုံးကို ပတ်တီးများဖြင့် ပတ်ထားသော်လည်း အစာစားချိန်တွင်မူ ပါးစပ်တစ်ဝိုက်ရှိ ပတ်တီးများကို ဖယ်ထားခဲ့သည်။

သူမ ဘယ်လိုပုံစံလဲဆိုသည်ကို သူတို့ မသိသော်လည်း ဝူကျီထီးက အလွန်လှပသည့် မိန်းကလေးတစ်ယောက် ဆိုသည်ကို သူမ၏ မျက်နှာအောက်ပိုင်းကို ကြည့်၍ ပြောပြရန် လွယ်ကူပေသည်။

“တခြား သူတော်စင်သားရဲတွေ တကယ် မရှိတော့ဘူးလား”

ငွေရောင်လေးက မေးစေ့ကို ပွတ်သပ်ကာ ဝူကျီထီးကို စူးစိုက်ကြည့်လိုက်သည်။

ထိုမေးခွန်းကိုကြားလျှင် ဝူကျီထီးက သက်ပြင်းချရင်း ဘရိုကိုလီကိုစားရန် အသုံးပြုနေသည့် ခက်ရင်းကို ချလိုက်သည်။

“ဒီနှစ်ရက်အတွင်း ဒီမေးခွန်းကိုမေးတာ ဒါပါနဲ့ဆို ၃၀၀နဲ့ ၂ကြိမ်ရှိနေပြီ.. ငါသေချာပြောနိုင်တာ တစ်ခုကတော့ ငါဖန်ဆင်းပြီးကတည်းက နင်ဟာ ငါအာရုံခံမိတဲ့ တစ်ဦးတည်းသော သက်ရှိသူတော်စင်သားရဲပဲ”

“မင်းသတိမထားမိတာရော ဖြစ်နိုင်မလား”

“ဘယ်လိုမှ မဖြစ်နိုင်ဘူး”

မိန်းမပျိုလေးက ပလုတ်တုပ်ဗုံကဲ့သို့ လျင်မြန်စွာ ခေါင်းခါယမ်းလိုက်သည်။

“ငါက နေရာလွတ်မှော်လက်နက် တစ်ခုဆိုတာ မင်းသိထားသင့်တယ်.. ငါ့ကို ဖန်တီးပြီးတဲ့နောက်မှာ ဥက္ကဌပိုင်နဲ့ တစ်ချိန်လုံး ခရီးတွေထွက်နေခဲ့ရတယ်.. တခြား သူတော်စင်သားရဲ အော်ရာကို တစ်ခါမှ မခံစားခဲ့ရပေမဲ့ စုန့်ဟိုင်မြို့ကို ရောက်တဲ့အခါမှာတော့ မင်းရဲ့အော်ရာကို ငါခံစားခဲ့ရတယ်”

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းငြိမ့်လိုက်သည်။

သူက မိန်းမပျိုလေးဝူကျီ၏ စကားကို ယုံကြည်၏။

ဤမိန်းကလေးက ပထမဆုံးအကြိမ်တွင် အနည်းငယ်သဘောထား ကွဲလွဲခဲ့သော်လည်း စိတ်ဝိညာဉ်ဖိနှိပ်ခြင်းလက်စွပ်အတွင်း၌ ညီနောင်လင်း ထားရစ်ခဲ့သော မီးတောက်သန့်စင်ခြင်း အဆောင်လက်ဖွဲ့၁၀ခုကြောင့် ကလန်ကဆန် မလုပ်ဝံ့တော့ပေ။

ဆိုရလျှင် ဝူကျီထီးသည် ဝမ်လင်း၏ ခွန်အားကို မြည်းစမ်းခဲ့ဖူးသူဖြစ်၍ အကျိုးဆက်များကို ကြောက်ရွံ့နေပုံရသည်။

မီးတောက်သန့်စင်ခြင်း အဆောင်လက်ဖွဲ့က ဘာလဲ ဆိုသည်ကို သူ မသိသော်လည်း ကြောက်စရာကောင်းသည်မှာတော့ သေချာသည်။

ဤအရာက သူမကို အနည်းငယ် ထိမိရုံမျှဖြင့် သူမ လုံးဝပျက်စီးသွားမည်လား မပြောနိုင်ပေ။

ထို့ကြောင့် ဝူကျီထီးက စကားပြောနေသောအခါတွင် ဗုံးပစ်စီနီယာအင်မော်တယ်၏ လက်စွပ်ကနေ တစ်ကြိမ်မှ အကြည့် လွှဲမသွားခဲ့ပေ။

ဤကဲ့သို့ အခြေအနေမျိုးတွင် သူမ အနေဖြင့် လိမ်ပြောရန် ဖြစ်နိုင်ချေ အလွန်နည်းပါးသည်။

ဤနှစ်ရက်အတွင်း ငွေရောင်လေး၏ ထပ်ကာတလဲလဲ စုံစမ်းမေးမြန်းမှုများကို ကြုံတွေ့ရသောအခါ ဗုံးပစ်စီနီယာအင်မော်တယ် အနေဖြင့် ငွေရောင်လေးကို နားမလည်နိုင်သကဲ့သို့ ဖြစ်လာသည်။

ငွေရောင်လေးက သဘာဝအားဖြင့် အလွန်ပင် အပြစ်ကင်းစင်သည်။

၎င်းသည် ကမ္ဘာပေါ်တွင် အခြားသော သူတော်စင်သားရဲများ ကျန်ရှိနေသေးသည် ဟူသော စိတ်ကူးယဉ်မှုကို အမှန်တကယ် ဆုပ်ကိုင်ထားခဲ့သည်။

ယခုလို ဆိုးဝါးသော အဖြစ်မှန်နှင့် ရင်ဆိုင်လိုက်ရသောအခါတွင် ငွေရောင်လေးသည် လက်ခံရန် တကယ်ကို ခက်ခဲနေခဲ့သည်။

အဘယ်ကြောင့် သူက ဝူကျီထီးကို အလားတူ မေးခွန်းမျိုးမကြာခဏ မေးနေရပါသနည်း။

ဝူကျီထီးက ခဏမျှ စဉ်းစားပြီးနောက် ငွေရောင်လေးကို ပြောလိုက်သည်။

“မစ္စတာငွေရောင်လေး.. မင်းအရမ်း စိတ်ဓာတ်ကျနေစရာ မလိုပါဘူး.. နတ်ဆိုးကမ္ဘာ ဒါမှမဟုတ် နဂါးငွေ့တန်း ဂလက်ဆီရဲ့အပြင်ဘက်မှာ လိုက်ရှာရင် တွေ့ချင်တွေ့နိုင်ပါသေးတယ်.. ပြောရရင် ကမ္ဘာမြေက ထွက်ခွာသွားတဲ့ သူတော်စင်သားရဲတွေ ကျန်ရှိနေသေးရင်တော့ ငါတို့အနေနဲ့ ကမ္ဘာမြေပေါ်မှာဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး”

ဤစကားများက ငွေရောင်လေးကို နှစ်သိမ့်ပြောဆိုခဲ့ခြင်းသာ ဖြစ်သော်လည်း ဝူကျီထီးသည် ထိုစကားကို ပြောဆိုပြီးနောက်တွင် အနည်းငယ် စိတ်မကောင်းဖြစ်သွားမိသည်။

“သူတော်စင်သားရဲတွေ မျိုးတုန်းသွားတာက တကယ်ပဲ ဥက္ကဌပိုင်ရဲ့လက်ချက်လား”

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။

ဝူချီထီးက ခေါင်းငြိမ့်၍ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် သူက ခေါင်းဆောင်ပဲ.. ဒါပေမဲ့ အဲဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီးမှာမှ ဖန်ဆင်းခံရတာဖြစ်တဲ့ အတွက် အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်မသိပ်မသိဘူး”

သူမကို ဖန်တီးခဲ့သူမှာ အကြီးအကဲကျီရှင်းမှ လွဲ၍ အခြားသူမဟုတ်ပေ။

“ရှက်စရာကောင်းလိုက်တာ.. ကျွန်မက ငယ်ငယ်ကတည်းက ဘာဆိုဘာမှမသိတော့ လူယုတ်မာတွေရဲ့ လက်ပါးစေ ဖြစ်ခဲ့ရတယ်”

ထိုစကားကိုပြောနေစဥ် ဝူကျီထီးသည် မကျေမနပ်ဖြစ်ကာ သွားများကိုပင် အံကြိတ်လိုက်သေးသည်။

ဗုံးပစ်စီနီယာအင်မော်တယ် “……….”

“အကယ်၍ ငါ့ရဲ့ထောက်လှမ်းမှု အကွာအဝေးကို ချဲ့ထွင်နိုင်ရင်တော့ အခြားနေရာအချို့ကိုပါ ရှာဖွေနိုင်မှာဖြစ်တယ်.. နောက်ပြီး ငါ့မှာ အရမ်းပြင်းထန်တဲ့ အာရုံခံစားမှုမျိုး ရှိတယ်”

ထိုစကားကိုပြောပြီးနောက် ဝူကျီထီးသည် ပဟေဠိ ဆန်သော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

“သူတော်စင်သားရဲဘုရင်ရဲ့ အကြွင်းအကျန်နယ်မြေထဲမှာ သေချာပေါက် လျှို့ဝှက်ချက်တစ်ခုရှိမယ်လို့ ကျွန်မထင်တယ်.. နင်တို့ ငါကို နောက်ထပ် ရှာဖွေစေချင်တယ် ဆိုရင်တော့ နဂါးငွေ့တန်း ဂလက်ဆီနဲ့ သားရဲအကြွင်းအကျန်နယ်မြေ အဲဒီနေရာတွေကို ငါရှာဖွေနိုင်ပါတယ်.. အဆင့်တစ်ခုကိုသာရောက်ရင် ငါ့ရဲ့ ထောက်လှမ်းမှု အကွာအဝေးက ဂြိုဟ်တစ်ခုလုံးကိုပါ လွှမ်းခြုံနိုင်လိမ့်မယ်”

ဗုံးပစ်စီနီယာ အင်မော်တယ်၏ နှုတ်ခမ်းထောင့်က တလှုပ်လှုပ်ဖြစ်သွားသည်။

“နဂါးငွေ့တန်းဂလက်ဆီထိ ထောက်လှမ်းဖို့လား”

ထိုနေရာက အဆုံးမဲ့နေရာတစ်ခု ဖြစ်သည်။

ဝူကျီထီး၏ ထောက်လှမ်းမှုအကွာအဝေးကို ကမ္ဘာတစ်ခုလုံးအား လွှမ်းခြုံနိုင်စေရန်အတွက် အဆင့်မြှင့်တင်ထားလျှင်ပင် နဂါးငွေ့တန်းဂလက်ဆီ အပြင်ဘက်ရှိ ဂြိုဟ်ထရီလီယံပေါင်းများစွာကို လွှမ်းခြုံရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။

ထိုအရာက အလွန်ရယ်စရာကောင်းသည့် စိတ်ကူးတစ်ခုဖြစ်သည်။

“ဆန့်ကျင်ဘက် အနေဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်သည် မိစ္ဆာတောင်တန်းမှ သဲလွန်စများကို ရှာဖွေသည်က ပိုမိုလွယ်ကူမည်ဟု ထင်ခဲ့သည်။

သူတော်စင်သားရဲများ သုတ်သင်ခံရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ သူတော်စင်သားရဲဘုရင် ဖြစ်သည့် မိစ္ဆာဘုရင်ကြောင့်ဖြစ်သည်။

မိစ္ဆာဘုရင်က ပြင်းထန်သည့်အိပ်စက်ခြင်း ရောဂါစွဲကပ်သွားပြီး အိပ်စက်နေချိန်တွင် အသတ်ခံခဲ့ရသည် မဟုတ်ပါလော။

ဆိုရလျှင် မိစ္ဆာဘုရင်သည် အိပ်ပျော်နေသည့် အချိန်မှာပင် အပြုတ်ခံခဲ့ရပြီး အသားဟော့ပေါ့အဖြစ် ပြောင်းလဲသွားခဲ့ရသည်။

သေချာသောအချက်မှာ မိစ္ဆာဘုရင်သည် ဟင်းရည်အိုးထဲထည့်ပြုတ်ခံရ၍ သေဆုံးသွားကြောင်း လုံလောက်သည့် သက်သေအထောက်အထား ရှိမနေခြင်းပင်။

ဤနှစ်များ တစ်လျှောက်လုံးတွင် မိစ္ဆာဘုရင်နှင့် ပတ်သက်သည့် သတင်းများထွက်ပေါ်လာခဲ့သော်လည်း သတင်းအစစ်နှင့်အတု ခွဲခြားရန်မှာ အလွန်ပင်ခက်ခဲသည်။

“မိစ္တာတောင်တန်းမှာ မိစ္ဆာဘုရင်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခုခုရှိနေမယ်လို့ ငါခံစားမိတယ်”

ဝူကျီ “မိစ္ဆာဘုရင်ရဲ့ အကြွင်းအကျန်နယ်မြေနဲ့ ပတ်သက်ပြီး အိပ်မက်တစ်ခုကို ငါအမြဲလိုလို မက်ခဲ့တယ်.. အဲဒါကို ငါရှင်းရှင်းလင်းလင်း မြင်နိုင်ပေမဲ့ တစ်ခုခုရှိနေတာတော့ သေချာတယ်.. မိန်းမတစ်ယောက်ရဲ့ ပင်ကိုသိစိတ်ကို နင်တို့ ယုံကြည်မှရမယ်”

ဗုံးပစ်စီနီယာအင်မော်တယ် “……….”

ဝူကျီထီးသည် မိန်းကလေးအသွင် ဖြစ်နေခဲ့သည်။

ဆိုရလျှင် လက်နက်ဝိညာဉ်၏ အသွင်အပြင်သည် သူတို့သခင်၏ ဆန္ဒအပေါ်တွင် အခြေခံသည်။

အသွင်ပြောင်း လက်နက်အမျိုးအစားများသည် ပထမမျိုးဆက်ပိုင်ရှင်ကို စံအဖြစ် ထားရှိကြသည်။

ဗုံးပစ်စီနီယာအင်မော်တယ် "ဝူကျီ.. သီအိုရီအရပြောရရင် လက်နက်ဝိညာဉ်မှာ လိင်ကွဲပြားမှုမရှိဘူး မဟုတ်လား"

“နင်ပြောတာမဖြစ်နိုင်ဘူး”

ဝူကျီက သူမ၏ခန္ဓာကိုယ်အောက်ပိုင်းကို အကဲခတ်လိုက်ပြီး သူမ၏လိင်ကို ထပ်မံ အတည်ပြုလိုက်သည်။

“ငါ့မှာ ဟိုပစ္စည်းမရှိဘူးလေ”

ဗုံးပစ်စီနီယာအင်မော်တယ် “……….”

ဗုံးပစ်စီနီယာအင်မော်တယ်က ထိုကိစ္စနှင့်ပတ်သက်၍ အငြင်းအခုန်မလုပ်‌တော့ပေ။

သူက ဝူကျီထီးကို မေးခွန်းထုတ်လိုက်သည်။

“မင်းရဲ့ ထောက်လှမ်းမှုအကွာအဝေးကို ချဲ့ထွင်ဖို့နည်းလမ်းတွေရှိလား”

“ရှိတယ်”

ဝူချီ “ငါ့ကိုဖန်တီးဖို့အတွက် ပိုင်ကျဲက အရူးထပြီးတော့ သူတော်စင်သားရဲ အရေခွံ ၄၉မျိုးကို စုဆောင်းခဲ့တယ်.. နောက်ဆုံး အရေခွံကိုသာရရင် ငါက အဆင့်မြှင့်တင်လို့ရသွားပြီ”

ထိုစကားကိုပြောရင်း သူ့အကြည့်က နံဘေးရှိ ငွေရောင်လေးဆီသို့ ပြောင်းသွားခဲ့ရာ ငွေရောင်လေးက အေးစက်စက် ခံစားလိုက်ရသည်။

“မင်း.. မင်းကဘာလုပ်ချင်လို့လဲ”

ဝူကျီ“မစ္စတာငွေရောင်လေး.. ငါအများကြီး မလိုပါဘူး. မင်းအရေခွံလေး နည်းနည်းဖြတ်ပေးရင် လုံလောက်ပါပြီ”

ငွေရောင်လေး “ဒါဘယ်လိုမှမဖြစ်နိုင်ဘူး.. ငါ့ရဲ့ခန္ဓာကိုယ်အားလုံးက ဆရာလေးလင်း အပိုင်ပဲ”

ဗုံးပစ်စီနီယာအင်မော်တယ် “……….”

ထိုစကားကိုကြားလျှင် ဝူကျီက စိတ်ပျက်သွားခဲ့သည်။

“ဒါဆိုလည်း တခြားနည်းလမ်းမရှိတော့ဘူးပေါ့.. အကယ်၍ ငါတို့က မိစ္ဆာဘုရင်ကို ရှာဖွေနိုင်တယ်ဆိုရင် သူ့ရဲ့ အရေခွံကလည်း ငါ့အတွက် အဆင်ပြေလောက်ပါတယ်လေ”

ထိုစကားကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းကိုက်သွားသလို ခံစားလိုက်ရပြီး သူ၏ နားထင်ကြောကို လက်ဖြင့် နှိပ်နယ်လိုက်သည်။

ထို့နောက် သူက မေးခွန်းထုတ်လိုက်သည်။

“ငွေရောင်လေးရဲ့အရေခွံကို လိုအပ်နေလို့လား”

ဝူချီက ၃စက္ကန့်လောက်စဉ်းစားလိုက်ပြီးမှ ခေါင်းငြိမ့်လိုက်သည်။

“လိုတာပေါ့”

ဗုံးပစ်စီနီယာအင်မော်တယ်က ငွေရောင်လေးကို ကြည့်လိုက်သည်။

“ညီနောင်ငွေရောင်လေး.. မင်းရဲ့အရေပြားကို စုဆောင်းဖို့အတွက် ဒီနေ့ကစပြီး မင်းရဲ့ ခြေဖဝါးက အသားမာတွေကိုနည်းနည်းချင်းစီ ခြစ်ချပါ”

ငွေရောင်လေး “……….”

ဝူချီထီး “……….”

အပိုင်း(၇၀၆) ပြီး၏

All Chapters