ကောင်းကင်တာအို "ဒီတစ်ခါထပ်လာတာရော ဘာကြောင့်လဲ"
Vol. 48 Ch. 707
ဇူလိုင်လ 28 ရက်နေ့သည် စာသင်နှစ်၏ ၁၄ပတ်မြောက် သောကြာနေ့ ဖြစ်သည်။
ကျောင်းမှ အိမ်ပြန်ရောက်သောအခါ ဝမ်လင်းသည် သူ့အခန်းထဲသို့ အမြန်သွားခဲ့သည်။
သူက တစ်ခုခုပြင်ဆင်နေပြီး ထိုအရာမှာ ဝမ်မင်ကို ပေးမည့် မွေးနေ့လက်ဆောင် ဖြစ်သည်။
ဝမ်လင်းက ဤကိစ္စကို အချိန် အတော်ကြာကတည်းက တွေးထားပြီးသား ဖြစ်သော်လည်း ဝမ်မင်က ဘာပေးရမည်မှန်း အဖြေရှာမရသေးပေ။
ဝမ်မင်၏ မွေးနေ့သည် သြဂုတ်လ ၁ ရက်၊ တပ်မတော်နေ့ ဖြစ်ပြီး နွေရာသီစခန်းသွင်း လေ့လာရေး နေ့လည်း ဖြစ်၏။
ကျောင်းက သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေသို့ သွားရန် စီစဉ်ထားခဲ့ပြီး ပြဿနာများလည်း တိုးလာခဲ့သည်။
ထို့ကြောင့် ဝမ်လင်းက အခြားကိစ္စများကို မစဉ်းစားမီ မွေးနေ့လက်ဆောင်ကို ဦးစွာ ဦးစားပေးရန် ဆုံးဖြတ်ခဲ့သည်။
ကိစ္စများကို တစ်ခုပြီးမှ နောက်တစ်ခု ကိုင်တွယ်သင့်သည် မဟုတ်ပါလော။
မွေးနေ့လက်ဆောင်၊ စာမေးပွဲ၊ နွေရာသီစခန်းသွင်းလေ့လာရေး၊ ဂန္ဓမာကျွန်း၌ ဆေးကုသမှုခံယူနေသော ခွန်ဝမ်းဗိုက်မှ လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေး နှင့် ကမ္ဘာဦး ခွန်သားရဲနောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ငါးဖမ်းသမား (ဝါ)တံငါသည် စသည့် ပြဿနာများကို တစ်ခုချင်းစီသာ ကိုင်တွယ် ဖြေရှင်းနိုင်မည် ဖြစ်သည်။
မွေ့နေ့ လက်ဆောင်များ ပေးရာတွင် အကောင်းဆုံးမှာ မွေးနေ့ရှင် နှစ်သက်မှုနှင့် ကိုက်ညီသော လက်ဆောင် ဖြစ်သော်လည်း ယင်းမှာ အခက်ခဲဆုံး ဖြစ်သည်။
ဝမ်မင်က မိမိကိုယ်ကို အလွန် တန်ဖိုးထားတတ်ကြောင်း ဝမ်လင်း သိထားသောကြောင့် သူ့လက်ဆောင်က ဝမ်မင်၏ မာနကို မထိခိုက်စေရန် သတိထားရမည် ဖြစ်သည်။
ဥပမာအားဖြင့် ဝမ်မင်သည် ကျင့်ကြံခြင်းကို အစွဲအလမ်းကြီးသော်လည်း ကျင့်ကြံ၍မရသော သူတစ်ဦးဖြစ်၏။
အမှန်တကယ်အားဖြင့် ဝမ်လင်းတွင် ဝမ်မင်အား ကျင့်ကြံခြင်းလမ်းစဥ်ပေါ်၌ ခြေချနိုင်ရန် အကူအညီပေးဖို့ အတွက် သမားရိုးကျ မဟုတ်သော နည်းလမ်းများစွာရှိ၏။
ကံမကောင်းစွာပဲ ဝမ်မင်ကိုယ်တိုင်က လုံးဝ လက်မခံခဲ့ပေ။
အင်မော်တယ်စံအိမ်သခင်သည် ကောင်းကင်သတ္တုဓားကိုဖန်တီးရန် သွေးချွေးများ ရင်းနှီး၍ သွန်းလုပ်ခဲ့သည်။
ချန်ယွီက ကျင့်ခယ်ကိုဖမ်းပြီး ဓားဝိညာဉ်ကို ဆွဲထုတ်ကာ ကောင်းကင်သတ္တုဓားအတွင်း၌ ထည့်ရန်ပင် ကြိုးစားခဲ့သည်။
ကံမကောင်းစွာပဲ သူ့အစီအစဉ် ပျက်သွားရသည်။
အကြောင်းရင်းမှာ ကောင်းကင်သတ္တုဓား၏ ချို့ယွင်းချက်တစ်ခုကြောင့်ဖြစ်သည်။
ယင်းမှာ ယခုအချိန်အထိ ဓားဝိညာဉ် မရှိသေးခြင်းပင်။
ထိုအကြောင်းကို ဝမ်လင်း တွေးမိလျှင် အကြံတစ်ခုရလာခဲ့၏။
မှော်လက်နက်ကို လက်ဆောင်အဖြစ် ပေးတာနဲ့ နှိုင်းစာရင် ဓားဝိညာဉ်ကို ပေးသည်က တကယ်ကို ကောင်းမွန်သည့် အကြံတစ်ခု ဖြစ်သည်။
လိုအပ်သည့်အခါတိုင်းတွင် ဓားဝိညာဉ်သည် ကိုယ်ရံတော်အဖြစ် လုပ်ဆောင်နိုင်ပြီး ဝမ်မင်အတွက် 120 ကို အချိန်မရွေး ခေါ်ဆိုနိုင်သည်နှင့် အတူတူပင်။
တစ်နေ့နေ့တွင် ကျိုက်ယန်၏ အစားအစာကို မတော်တဆ စားမိပြီး အသက်အန္တရာယ်ရှိလျှင် ဓားဝိညာဉ်က သူ့အသက်ကို ကယ်တင်နိုင်မှာ သေချာသည်။
…...........
သို့သော် ဓားဝိညာဉ်ကို ဖန်တီးခြင်းသည် နေ့ချင်းညချင်း လုပ်ဆောင်၍ ရသောအရာမဟုတ်ပေ။
ထို့အပြင် ဝမ်မင်သည် သူ့ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်ကို မထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် ဓားဝိညာဉ် ပေါက်ဖွားရန် နေနေသာသာ အားပြန်သွင်းရသော စွမ်းအားကို မှီခိုနေရသည်မှာ လုံးဝ ရယ်စရာ ဖြစ်နေသည်။
သို့သော် ဤအရာက ဝမ်မင်အနေဖြင့် သူ့ကိုယ်ပိုင်ဓားဝိညာဉ်ကို မပိုင်ဆိုင်နိုင်ဟု မဆိုလိုပေ။
ဈေးကွက်တွင် အစုလိုက်အပြုံလိုက် ထုတ်လုပ်ပြီး စီးပွားဖြစ်အမှတ်တံဆိပ် ဝိညာဥ်ဓား အများအပြားတွင် ကြိုတင်ထည့်သွင်းထားသည့် ဓားဝိညာဉ်များ ရှိပေသည်။
အချို့ကို အတုပြုလုပ်၍ အချို့မှာ စက်မှုနည်းလမ်းများဖြင့် သဘာဝအတိုင်း သားဖောက်ကြသည်။
အနိမ့်ဆုံး စက်မှုစံနှုန်းပြည့်မီသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ကို အများသူငှာ လမ်းကြောင်းများကနေ ရောင်းချမည် ဖြစ်၏။
စက်မှုနည်းလမ်းများဖြင့် ထုတ်လုပ်ထားသော ဓားဝိညာဉ်များသည် အခြေခံအားဖြင့် အားလုံး တူညီကြသည်။
သဘာဝအတိုင်း ပေါက်ဖွားလာသော ဓားဝိညာဉ်များကမူ ဆင့်ခေါ်ခံရသည်နှင့် ၎င်းတို့သခင်၏ အလိုချင်ဆုံး ပုံစံသို့ အလိုအလျောက် ပြောင်းလဲသွားမည် ဖြစ်သည်။
ဝမ်မင်ကို ကူညီရန်အတွက် ကောင်းကင်သတ္တုဓားကို ဓားဝိညာဉ်တစ်ခု ထုတ်လုပ်ရန် ဝမ်လင်းသည် ကောင်းကင်တာအိုနှင့် တစ်စုံတစ်ရာ စီစဉ်ဖို့ လိုအပ်သည်။
.................
ဤလတွင် ဝမ်လင်းသည် ကောင်းကင်တာအိုကို တတိယအကြိမ် ခေါ်ယူခြင်းဖြစ်ပြီး ယင်းမှာ ယခင်တစ်နှစ်တာလုံးထက် ပိုမိုများပြားသည့် ခေါ်ယူမှု ဖြစ်သည်။
ဝမ်လင်းငယ်ငယ်က ကောင်းကင်တာအိုသည် ဝမ်လင်းနှင့် အပေးအယူလုပ်ရန် စိတ်အားထက်သန်ခဲ့သည်။
ယခုမူ ဝမ်လင်းက သူ့ကို ရှာသည်နှင့် အလွန်ကြောက်ရွံ့နေပြီ ဖြစ်၏။
ဟုတ်ပါသည်၊ ကောင်းကင်တာအိုသည် ဝမ်လင်း လက်ရေးနှင့်ရေးထားတဲ့ စာရွက်စာတမ်းများ ရလျှင် အလွန် ပျော်ခဲ့သည်။
သူကြောက်သည်မှာ ဝမ်လင်းက သူ့ကို စာရွက်စာတမ်းအစား ခေါက်ဆွဲခြောက်ကြော် နှင့် လဲလှယ်ခြင်း ဖြစ်၏။
အဆိုးဆုံးအချက်မှာ ဝမ်လင်းနှင့် အရောင်းအဝယ်လုပ်သမျှကို ငြင်းဆန်၍မရခြင်းပင်။
အစီအရင်၏ အဓိကအချက်မှာ ညီမျှသော လဲလှယ်ခြင်း ဖြစ်၍ ကောင်းကင်တာအိုကို ဆင့်ခေါ်သူအနေဖြင့် ဝမ်လင်းသည် သူ့တွင်ရှိသမျှကို လဲလှယ် အသုံးပြုပိုင်ခွင့်ရှိသည်။
ဝမ်လင်း လိုအပ်သည့်အရာက အနည်းငယ် ပိုမို ထူးခြားနေလျှင်ပင် ခေါက်ဆွဲခြောက်ကြော်ကို အလုံအလောက် ပေးသ၍ လဲလှယ်ပေးရမည်သာ ဖြစ်သည်။
ဝမ်လင်းက ကောင်းကင်တာအိုကို ဆင့်ခေါ်လိုက်သောအခါသုံးလက်မအရွယ် အမျိုးသားက တအံတသြ ဖြစ်သွားခဲ့သည်။
"ဘာလို့ မင်းပဲ ထပ်ဖြစ်နေရတာလဲ"
ရွှေရောင် သုံးလက်မအရွယ် အမျိုးသားက ခေတ္တ တိတ်ဆိတ်သွားသည်။
အေးစက်စက် ချွေးစက်ပေါင်းများစွာက သူ့နဖူးပေါ်မှ ဆင်းသက်လာသည်။
မိနစ်အတော်ကြာမှ အဖြစ်မှန်ကို သူ လက်ခံလိုက်ရသည်။
ရွှေရောင်သုံးလက်မ ယောက်ျား “ဘာလိုချင်တာလဲ”
"ဓားဝိညာဉ်"
ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
သူ့မျက်လုံးများက ရွှေရောင် သုံးလက်မအရွယ် အမျိုးသားကို စိုက်ကြည့်နေသည်။
"ဓားဝိညာဉ်လား"
ရွှေသုံးလက်မအရွယ် အမျိုးသား “ဘာလို့ ဓားဝိညာဥ်ကိုလိုတာလဲ"
ဓားဝိညာဉ်များသည် သဘာဝအတိုင်း ပေါက်ဖွားလာသောကြောင့် အမှန်တကယ်တွင် ထူးခြားမှု မရှိပေ။
အရေးကြီးဆုံးအချက်မှာ ဓားဝိညာဥ်များသည် ကောင်းကင်တာအို စနစ်၏ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုမှ ဖန်တီးထားသော ရှေးဟောင်းဝိညာဥ်များ ဖြစ်သည်။
ရွှေရောင် သုံးလက်မအရွယ် အမျိုးသား ဆန္ဒရှိသရွေ့ ဓားဝိညာဉ်ကို စိတ်ကြိုက် ရွေးချယ်၍ ရပေသည်။
ဝမ်လင်း"ဒါက ငါ့ဓားအတွက် မဟုတ်ဘူး.. ငါ့အတွက်ဆိုမှတော့ မင်းကိုပဲ ဓားဝိညာဥ် လုပ်ခိုင်းလိုက်မယ်"
ရွှေရောင် သုံးလက်မအရွယ် အမျိုးသား “.........…”
ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
"မလုပ်နိုင်ဘူးလား"
ရွှေရောင် သုံးလက်မအရွယ် အမျိုးသား" ငါမလုပ်နိုင်ဘူးလို့ပြောနေတာမဟုတ်ဘူး...ဒါပေမယ့် မင်းရဲ့ဓား မဟုတ်ရင်တော့ ဒီလဲလှယ်မှုက နည်းနည်း ပိုကုန်ကျလိမ့်မယ်"
"ဒါဆို ခေါက်ဆွဲခြောက်ဘယ်နှစ်ထုပ်ဆို လုံလောက်မလဲ"
ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။
ရွှေရောင် သုံးလက်မအရွယ် အမျိုးသား “…............”
အပိုင်း(၇၀၇) ပြီး၏