← Chapters

သရဲခေါင်းဓား

Vol. 48 Ch. 708

သရဲခေါင်းဓား

Vol. 48 Ch. 708

ဓားဝိညာဉ်ကို နေ့ချင်းညချင်း မမွေးမြူနိုင်သော်လည်း ကောင်းကင်တာအိုသည် ဓားဝိညာဉ် မွေးဖွားလာစေရန် အမှန်တကယ် စီစဥ်နိုင်သည်။

ထိုအတွက် ဝမ်လင်းသည် ခေါက်ဆွဲခြောက်ကြော် အနည်းငယ်ဖြင့် လဲလှယ်လိုက်ရုံပင် ဖြစ်၏။

ထို့ကြောင့် ကောင်းကင်တာအိုသည် အလဲအလှယ် အတွက် ဝမ်လင်း အသုံးပြုသမျှကို ငြင်းဆိုပိုင်ခွင့်မရှိဟု ဆိုရမည် ဖြစ်သည်။

ထို့အပြင် ကောင်းကင်တာအိုသည် သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်ပေ။

ဆိုရလျှင် ကောင်းကင်တာအိုသည် အလဲအလှယ် မလုပ်ချင်ဟု စောဒကတက်ခွင့် မရှိချေ။

ဤသည်မှာ ညီမျှသော ဖလှယ်ခြင်း၏ စည်းမျဉ်း ဖြစ်သည်။

အရေးကြီးသောအချက်မှာ တစ်ဖက်လူက ခေါက်ဆွဲခြောက်ထုပ် လုံးဝ မစားချင်သည်ကို ဝမ်လင်းက သတိမထားမိခြင်းဖြစ်သည်။

ထို့ကြောင့် ဝမ်လင်းက ခေါက်ဆွဲခြောက် တစ်ပါကင်ကို ယူထုတ်လိုက်သောအခါတွင် ရွှေရောင် သုံးလက်မအရွယ် အမျိုးသားသည် ရုတ်တရက် ငိုချင်လာခဲ့သည်။

သို့သော်လည်း မျက်ရည်ကျခြင်းတော့ မရှိခဲ့ပေ။

ရွှေရောင် သုံးလက်မ အရွယ် အမျိုးသားသည် ခေါက်ဆွဲခြောက်ထုပ် တစ်ပါကင်ကို စိုက်ကြည့်ကာ အသက်ခပ်ပြင်းပြင်းရှူ၍ သိမ်းယူလိုက်သည်။

ဤမြင်ကွင်းက ဝမ်လင်း၏ နှလုံးသားကို အနည်းငယ် နာကျင်စေသည်။

သူ့အကို၏ မွေးနေ့လက်ဆောင် အတွက် ခေါက်ဆွဲခြောက်ထုပ်၂၄ထုပ်ပါသည့် ခေါက်ဆွဲခြောက် တစ်ပါကင် ကုန်ကျလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ဝမ်လင်းက ကောင်းကင်တာအိုကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

ကောင်းကင်တာအိုသည် နှလုံးသားမဲ့သည်ဟု ဆိုကြသည်။

သေချာသည်မှာ ၎င်းတွင် အမှန်တရားအချို့ ရှိနေပုံရသည်။

“???”

ရွှေရောင် သုံးလက်မအရွယ် အမျိုးသားက ဝမ်လင်းကို လှမ်းကြည့်လိုက်သည်။

“အရောင်းအဝယ် ပြီးပြီ.. အရာအားလုံး မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်.. သဘောတူထားတဲ့ အတိုင်း သြဂုတ်လ ၁ရက်နေ့မှာ ဓားဝိညာဥ်ကို ကောင်းကင်သတ္တုဓားမှာ ထားပေးမယ်.. ဒါပေမယ့် ဆင့်ခေါ်နိုင်မလား ဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်တယ်"

ဝမ်လင်း ခေါင်းညိတ်လိုက်သည်။

သူက ဝမ်မင်ကို အတတ်နိုင်ဆုံး ကူညီခဲ့ပြီးပြီ ဖြစ်သည်။

ဓားဝိညာဉ်ကို ဆင့်ခေါ်နိုင်၊ မခေါ်နိုင်က ဝမ်မင်၏ ဆန္ဒပေါ်တွင်သာ မူတည်၏။

ဓားပိုင်ရှင် အလိုအပ်ဆုံးအချိန်မှသာ ဓားဝိညာဉ်ကို ဆင့်ခေါ်နိုင်မည် ဖြစ်သည် မဟုတ်လော။

…...............

အခြားနေရာများတွင်၊ စုန့်ဟိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ပြည်ပအကောက်ခွန်စည်းတွင်..

ဆံပင်ရွှေရောင်နှင့် မျက်လုံးအပြာရောင် ရှိသော လူငယ်တစ်ဦးကို စတိုင်လ်ကျကျ ၀တ်ဆင်ထားသည့် အကောက်ခွန် ညီမငယ်တစ်ဦးက အန္တရာယ်ရှိသော ပစ္စည်းများ ပါမပါ စစ်ဆေးနေခဲ့သည်။

လူငယ်က လုံခြုံရေးစစ်ဆေးမှု ပလက်ဖောင်းပေါ်တွင် လက်နှစ်ဖက်ကို ဖြန့်ကား၍ ရပ်နေခဲ့သည်။

နိုင်ငံတကာ ကျင့်ကြံခြင်း ပျံသန်းမှုဆိုင်ရာ စည်းမျဉ်းများ အရ ပျံသန်းခြင်း မှော်ရတနာများဖြင့် ခရီးသွားလာသော ကျင့်ကြံသူများအား နေရာလွတ် သိုလှောင်မှု မှော်ရတနာများကို သယ်ဆောင်ခွင့် မပြုပေ။

အင်္ကျီနှင့် ဘောင်းဘီ အိတ်ကပ်များတွင် ထည့်သွင်းထားတတ်သော သီးခြား သိုလှောင်နေရာများ ပါရှိသည့် အဝတ်အစားများကိုပင် ခွင့်မပြုခဲ့ချေ။

လူငယ်လေး၏ ဘောင်းဘီထဲတွင် ဘာတစ်ခုမှ မပါရှိကြောင်း အတည်ပြုပြီးနောက်တွင် အကောက်ခွန်မှ ညီမလေးသည် လူငယ်လေး၏ ခန္ဓာကိုယ်ကို သတ္တုအနက်ရောင် စုံစမ်းစစ်ဆေးရေး ကိရိယာဖြင့် ထပ်မံ စစ်ဆေးပြန်သည်။

သို့သော်လည်း ထူးခြားတာ ဘာတစ်ခုမှ မတွေ့ခဲ့ရပေ။

"မင်းရဲ့ စစ်ဆေးမှုတွေက အရမ်းတင်းကျပ်တာပဲ"

ရွှေရောင်ဆံပင်နှင့် လူငယ်လေးက အကောက်ခွန် ညီမလေး၏ ညွှန်ကြားချက်ကို လိုက်နာ၍ ဗိုင်းရပ်စ်ရှာဖွေရေး ဂိတ်ပေါက်ကို ဖြတ်လျှောက်လာစဉ် သိမ်မွေ့စွာ ပြုံးပြလိုက်သည်။

၎င်းသည် ဟွာရှို့နိုင်ငံ၏ သိပ္ပံ မှော်ရတနာဌာနမှ ကနဦး တီထွင်ထားသည့် စမတ်အမျိုးအစား ဗိုင်းရပ်စ်ပိုးသတ်ခြင်း မှော်ရတနာတစ်ခုဖြစ်ပြီး နိုင်ငံရပ်ခြားမှ ဝင်လာသူများ နိုင်ငံခြား ဗိုင်းရပ်စ်များ သယ်ဆောင်လာပါက ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။

လူငယ်က ဗိုင်းရပ်စ် ရှာဖွေရေးဂိတ်ကို ဖြတ်လျှောက်လာသောအခါတွင် ဂိတ်တံခါးက မီးစိမ်းပြခဲ့သည်။

ထို့နောက်တွင် အကောက်ခွန်ဝန်ထမ်းသည် လူငယ်၏ ပတ်စပို့ကို တံဆိပ်ရိုက်နှိပ်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ပေးလိုက်သည်။

"မစ္စတာ ဟန်တီ.. သာယာသောနေ့လေးဖြစ်ပါစေ"

"ကျေးဇူးတင်ပါတယ်"

လူငယ်က ပတ်စပို့ကို သိမ်းကာ နေကာမျက်မှန် တစ်လက်ကို ထုတ်၀တ်လိုက်သည်။

ဟန်တီ..

၎င်းသည် ဟွာရှို့ စစ်ဆင်ရေးအတွက် ညဦးစီးမှူးအဖွဲ့ ဒုဥက္ကဌ ဒဲလန် အသုံးပြုနေသည့် နာမည် ဖြစ်သည်။

အကောက်ခွန်ရှိ လုံခြုံရေးစစ်ဆေးမှုကို ကျော်ဖြတ်ပြီးနောက် ဒဲလန်၏ စိုးရိမ်သောက ရောက်နေသော နှလုံးသားသည် နောက်ဆုံးတွင် အေးချမ်းသွားခဲ့သည်။

သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေကို ဖွင့်လှစ်တော့မည် ဆိုသည့်အချက်ကြောင့် ဟွာရှို့နိုင်ငံသည် ယခုအခါတွင် လုံခြုံရေး စစ်ဆေးမှုများကို တင်းကျပ်ထားခဲ့သည်။

အကယ်၍ ဟွာရှို့မှ တစ်စုံတစ်ယောက်သာ ဒဲလန် အတွက် "ဟန်တီ" ဟူသော အထောက်အထားကို မစီစဥ်ပေးခဲ့လျှင် ဒဲလန်သည် ဗီဇာကိုပင် ရနိုင်မည်မဟုတ်ပေ။

ထို့အပြင် ဤဟန်တီ အထောက်အထားသည် အတုမဟုတ်ဘဲ လက်တွေ့တွင် အမှန်တကယ် တည်ရှိခဲ့သည်။

ညသရဲဝိညာဥ် အင်ပါယာသည် လွန်ခဲ့သော ရက်အနည်းငယ်တွင် ဥက္ကဌ ဒဲလန်အား အစီအစဉ် လက်လွှဲယူရန် အမိန့်ပေးလိုက်သည်။

ထိုနောက်ပိုင်းတွင် တစ်စုံတစ်ယောက်သည် သူ့အတွက် အထောက်အထား အသစ်ကို ပြင်ဆင်ပေးခဲ့သည်။

ဤဟန်တီသည် မီရှို့ နွယ်ဖွား ကာကွယ်ဆေး လုပ်ငန်းတစ်ခု၏ ဥက္ကဌ ဖြစ်သည်။

ဥက္ကဌ ဟန်တီက ပေါ့သေးသေး မဟုတ်ဘဲ ကာကွယ်ဆေး စမ်းသပ်သည့် ကုမ္ပဏီ နှစ်ဆယ်ကို တည်ထောင်ခဲ့သူ ဖြစ်၏။

ကံမကောင်းစွာပဲ သူ့ကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေးတွင် ကြီးမားသော ပြဿနာတစ်ခု ရှိနေခဲ့သည်။

ထို့နောက်တွင် ဒဲလန် သည် ဟန်တီ၏ အထောက်အထားကို သိမ်းပိုက်နိုင်ခဲ့သည်။

တကယ်တမ်းတွင် ဟန်တီ၏ ကုမ္ပဏီမှထုတ်လုပ်သော ကာကွယ်ဆေး၌ ဘာပြဿနာမှ မရှိခဲ့ပေ။

ဒဲလန်က ကာကွယ်ဆေးကို ပြဿနာဖြစ်အောင် တစ်စုံတစ်ဦးကို စေလွှတ်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ဆေးများသည် အလွန်အရေးကြီးသော ဆေးများဖြစ်သည်။

ဘေးကင်းရေးနှင့် အရည်အသွေးဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ရှိခဲ့လျှင် ဥက္ကဌ ဟန်တီတွင် တာဝန်ရှိသည်။

ဟွာရှို့၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ခြေရာခံမိသည်နှင့် တစ်ပြိုင်နက် လျော်ကြေးငွေ ဘီလီယံပေါင်းများစွာကို ပေးဆောင်ရမည်ဖြစ်၏။

အရေးကြီးဆုံးမှာ သူသည် ထောင်ဒဏ်နှစ်ရာချီ ချမှတ်ခံရနိုင်ချေရှိပြီး ကွာဖီတို့ လူစုနှင့် မာကျောက်ကစားရဖွယ် ရှိသည်။

ထို့ကြောင့် ဥက္ကဌ ဟန်တီက ဒဲလန် သူ့ကို ကမ်းလှမ်းထားသည့် "ထွက်ပြေးမည့် အစီအစဉ်"ကို လိုလိုလားလား သဘောတူခဲ့ပြီး သူ၏ အထောက်အထားကို စွန့်လွှတ်ကာ မီရှို့နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည်။

သို့သော် ဥက္ကဌ ဟန်တီ မသိခဲ့သည်မှာ သူ့ကို စောင့်ကြည့်နေသည့် ညဦးစီးမှူးအဖွဲ့မှ လူများ ရှိနေခြင်းပင်။

ညသရဲဝိညာဥ်အင်ပါယာအတွက်မူ လူသေများကသာ နှုတ်လုံမည် ဖြစ်သည်။

….................

ဥက္ကဌ ဒဲလန် လေဆိပ်ကနေ လမ်းလျှောက်ထွက်လာချိန်တွင် စစ်သုံး အနက်ရောင် SUV တစ်စီးသည် A3 ထွက်ပေါက်၌ ရပ်နေသည်။

ကားနားသို့ အရောက်တွင် တံခါးက အလိုလိုပွင့်သွား၏။

ကားထဲသို့ ဝင်လိုက်သောအခါ သူ၏ဆဲလ်ဖုန်းကနေ နိုင်ငံရပ်ခြားမှ ဖုန်းခေါ်ဆိုမှုကို ချက်ချင်း လက်ခံရရှိခဲ့သည်။

နံပါတ်မှာ ကြယ်ပွင့်များ ဖြစ်သည်။

သူက ချက်ချင်း ဖုန်းကိုင်လိုက်သည်။

“အရှင် ညသရဲဝိညာဥ်အင်ပါယာ.. ကျနော် ရောက်သွားပြီ.. အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ပဲ.. အရှင် မှန်းဆထားတဲ့ အတိုင်း ဟွာရှို့က လုံခြုံရေးကို တင်းကျပ်ထားတယ်”

ဒဲလန်က ပြောလိုက်သည်။

“အင်း.. အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားပြီဆိုတော့ ငါအတော်လေး စိတ်ချသွားပြီ”

ညသရဲဝိညာဥ်အင်ပါယာက ပြောလိုက်သည်။

"ဟွာရှို့မှာ လူအလုံအလောက်ရှိရဲ့လား"

“အရှင်.. စိတ်ချပါ.. ကျနော်တို့ လုပ်ငန်းတွေမှာ အသုံးပြုဖို့ အမှောင်နက်ဝေါ့ခ်က ကြေးစားတွေကို ဆက်သွယ်ထားပါတယ်.. သူတို့ရဲ့ ခွန်အားက တကယ် မဆိုးဘူး.. သူတို့အထဲမှာ သရဲခေါင်းဓားလို့ ခေါ်တဲ့ တစ်ယောက်ရှိတယ်”

ထိုအထိပြောပြီး ဒဲလန်၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။

သူ ယခုပြောနေသော အမှောင်နက်ဝေါ့ခ်သည် ပြည်တွင်းပြည်ပ အမှောင်အင်အားစုများဖြင့် တည်ထောင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်း ဖြစ်သည်။

ဟွာရှို့နိုင်ငံတွင် ညဦးစီးမှူးအဖွဲ့၏ လူများမရှိခြင်းကြောင့် ကြေးစားဌားရမ်းခြင်းသည် လူအင်အားအတွက် အမြန်ဆုံးနည်းလမ်း ဖြစ်သည်။

အမှောင်ကျင့်ကြံသူများကို ငှားရမ်းခက အလွန် စျေးကြီးသော်လည်း ပင်မ အစီအမံ နှင့် နှိုင်းယှဥ်ကြည့်လျှင် ဤငွေကြေးမျှသည် ဘာမှမဟုတ်ပေ။

"ဒီသရဲခေါင်းဓားရဲ့ နောက်ခံက ဘာလဲ"

ညသရဲဝိညာဥ်အင်ပါယာ၏ စိတ်ဝင်စားမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

“ကောလဟရ အရ ဒီလူက မှော်လက်နက်များပိုင်ရှင် နတ်ဘုရားမယ်တော်ရဲ့ တတိယတပည့်လို့ ကြားတယ်.. ဒီကိစ္စကို လူလွှတ်စုံစမ်းပြီး အတည်ပြုထားပြီးပြီ.. သူက လူသတ်သမား စာရင်းထဲ မပါဝင်ပေမဲ့ ကိုယ်ပျောက်နည်းစနစ်၊ အသွင်ပြောင်း နည်းစနစ်နဲ့ မမြင်နိုင်တဲ့ နည်းစနစ်တွေကို ကျွမ်းကျင်ပြီး သရဲတစ္ဆေလို သွားလာနိုင်တယ်လို့ သိရတယ်.. အခုသူ့ကို ဟိုလူငယ်လေးရဲ့ အကိုကြီးဆီ စေလွှတ်ထားပြီးပြီ”

ညသရဲဝိညာဥ်အင်ပါယာ "ဟိုကောင်လို မဖြစ်အောင် သေချာကိုင်တွယ်ပါ"

"အရှင်ညသရဲဝိညာဥ်အင်ပါယာ.. စိတ်ချပါ.. ငါက အဲဒီ အမှိုက်ကောင် ပိုင်ကျဲနဲ့ ဘာမှမဆိုင်ဘူး"

ဒဲလန်က မဲ့ပြုံး ပြုံးလိုက်သည်။

"သရဲခေါင်းဓားက နောက်ခုနစ်ရက်အတွင်း ဟိုလူငယ်ရဲ့ အစ်ကိုကို အရှင် ဖမ်းမိနိုင်မယ်ဆိုတာ သေချာပါတယ်"

ညသရဲဝိညာဥ်အင်ပါယာက ဤအဖြေကို အလွန်ပင် ကျေနပ်နေခဲ့သည်။

"ဒါဆို ငါသတင်းကောင်း စောင့်နေမယ်.. ဥက္ကဌ ဟန်တီ"

အပိုင်း(၇၀၈) ပြီး၏

All Chapters