စုန့်ဟိုင်ထောင်မှမာကျောက်တပ်ဖွဲ့
Vol. 48 Ch. 711
လက်ဆွဲအိတ်များ ကိုင်ဆောင်ထားသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအများအပြားသည် လူနာတင်ယာဉ်ပေါ်မှ ဆင်းသက်လာကြသည်။
စုစုပေါင်း ဝန်ထမ်းအယောက်၆၀ အပြည့် ရှိသည်။
၎င်းတို့က ကာကွယ်ဆေးများကို စေ့စေ့စပ်စပ် နည်းစနစ်ကျစွာဖြင့် ဆောင်ရွက်ပေးခဲ့သည်။
ဤဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည်လည်း ၎င်းတို့၏ အင်္ကျီအဖြူပေါ်တွင် ဟွာရှို့မဟာမိတ်တံဆိပ်ကို ရိုက်နှိပ်ထားပြီး သတ်မှတ် ယူနီဖောင်းများကို ဝတ်ဆင်ထားကြသည်။
ကျောင်းသားများသာမက အကြွင်းကျန်နယ်မြေသို့ ဝင်ရောက်မည် ကျင့်ကြံသူအဖွဲ့နှင့် ကျောင်းသားများကို ဦးဆောင်မည့် ဆရာများ အပါအဝင် လူတိုင်းသည် ကာကွယ်ဆေးထိုးရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သားရဲဘုရင်၏ အကြွင်းကျန်နယ်မြေတွင် ကျင့်ကြံသူတစ်ဦးသည် ယခင်က မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်။
အဆုံးသတ်တွင် ၎င်းက အသက်ရှင်လျက် ထွက်လာနိုင်သော်လည်း အချိန်မီ မကုသနိုင်သဖြင့် အဆိပ်အတောက်များက သူ၏ကျောရိုးကို ဝင်ရောက်ထိုးဖောက်ကာ သူ၏ အောက်ပိုင်းတစ်ခြမ်းလုံးကို လေဖြတ်သွားစေခဲ့သည်။
ထို့ကြောင့် ပဋိဇီဝကာကွယ်ဆေးထိုးခြင်းသည် အကြွင်းအကျန် နယ်မြေထဲ ဝင်ရောက်ရန် လိုအပ်ချက်တစ်ခုဖြစ်လာခဲ့သည်။
လူနာတင်ကားများ ရောက်လာပြီး သိပ်မကြာမီမှာပင် စုန့်ဟိုင်မြို့၏ ကျောင်းပေါင်း၁၀၀ အထွေထွေအုပ်ချုပ်ရေး ညွှန်ကြားရေးမှူး ကျိုးရီသည်လည်း ထိုနေရာသို့ ရောက်လာခဲ့သည်။
ကားပေါ်က ဆင်းလာသည်နှင့် ကျိုးရီက လူငယ်တစ်ယောက်ဆီသို့ လျှောက်လာပြီး ထိုလူငယ်၏ လက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။
“ဒီတစ်ခေါက် ကူညီမှုအတွက် ကျေးဇူးတင်ပါတယ် ဥက္ကဌ ဟန်တီ.. စုန့်ဟိုင်မြို့မှာ ကာကွယ်ဆေးကုမ္ပဏီတွေ အများကြီး မရှိဘူးလေ.. မင်းဆီက အထောက်အပံ့ကိုသာ မရရင် ငါတို့ဒီအချိန်မှာ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး”
“ငါတို့ကုမ္ပဏီက နိုင်ငံရဲ့သုတေသန ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးချင်ပါတယ်.. နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဒီမျိုးဆက်သစ် လူငယ်တွေကိုပဲ အားကိုးရမှာလေ.. သူတို့ရဲ့အနာဂတ်အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်”
ဥက္ကဌဟန်တီက ရင်ပြင်ရှိ ကျောင်းသား တစ်ထောင်ကျော်ကိုစိုက်ကြည့်ရင်း မျိုးချစ်စိတ်ရှိသော အပြုံးကို ဆင်မြန်းထားခဲ့သည်။
အဆုံးသတ်တွင် သူက ဝမ်မင်ကို စိုက်ကြည့်လိုက်သည်။
“ဒီလိုလူငယ်ပညာရှင် တစ်ယောက်က ငါတို့နိုင်ငံရဲ့ သုတေသနအဖွဲ့မှာ ရှိနေမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး”
ကျိုးရီက ပြုံးလိုက်သည်။
“မျိုးဆက်သစ်တွေမှာ ပါရမီရှင်တွေ ရှိကြတာပဲ.. အဲဒီထဲမှာ လာမယ့်နှစ်တွေအထိ ကြီးစိုးမယ့်သူတွေ ရှိနေကြတယ်”
သူ့အတွက် ဝမ်မင်၏ ကိုယ်ပိုင်လက္ခဏာကို တိုက်ရိုက်ဖော်ပြရန် မသင့်လျော်ပေ။
ဥက္ကဌဟန်တီက အလွန်ပါးနပ်၍ ဝမ်မင် အကြောင်းကို ဆက်မမေးတော့ပေ။
ထို့နောက် ဥက္ကဌဟန်တီက အကြောင်းအရာကို ပြောင်းလဲခဲ့သည်။
“ဒါနဲ့ ဒါရိုက်တာချုပ်.. ဒါက အကြွင်းကျန်နယ်မြေရဲ့ ဝင်ပေါက်နေရာလား”
“ငါတို့စောင့်ကြည့်ထားတဲ့ အော်ရာအတက်အကျ အရဆိုရင်တော့ အကြွင်းအကျန်နယ်မြေရဲ့ ဝင်ပေါက်က ဒီရင်ပြင်မှာအမှန်တကယ်ကို ပွင့်လာလိမ့်မယ်.. ဥက္ကဌဟန်တီ စိတ်ဝင်စားမယ်ဆိုရင် ဝင်ပေါက်ပွင့်လာတဲ့ အချိန်ကို ငါတို့နဲ့အတူ စောင့်ကြည့်နိုင်ပါတယ်.. အမှန်အတိုင်း ပြောရရင် ဒီလိုကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းမျိုးကို ငါကိုယ်တိုင်လည်း မမြင်ဖူးဘူး”
“ငါလည်း ဝင်ပေါက်ပွင့်လာတာကို ကြည့်ခွင့်ရှိတယ်လား”
ဥက္ကဌဟန်တီက မေးလိုက်သည်။
“ရှိတာပေါ့”
ကျိုးရီက ပြုံးပြလိုက်သည်။
ဤအပြုံးက အနည်းငယ် ယုံကြည်၍မရသော အပြုံးမျိုးဟု ခံစားရသဖြင့် ဥက္ကဌဟန်တီက မျက်မှောင်ကြုတ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဟွာရှို့မဟာမိတ်၏ ဌာနချုပ်ဖြစ်သော ကျင့်ဟွာမြို့ရှိ ဟွာရှို့မဟာမိတ် အဆောက်အဦးတွင် ဥက္ကဌချီသည် ဖေးယန်ခရိုင် ပြည်သူ့ရင်ပြင်မှ ကင်မရာများကို ရွှေ့လိုက်ပြီး ကျိုးရီနှင့် ဥက္ကဌဟန်တီတို့၏ ပုံရိပ်ကို ဖန်သားပြင်ပေါ်တွင် တိုက်ရိုက် ပြသလိုက်သည်။
“နံပါတ်၂၂၀၀.. အသံကိုချဲ့လိုက်”
ဥက္ကဌချီက သူ့ဘေးနားရှိ ဝန်ထမ်းကို ညွှန်ကြားလိုက်သည်။
“ကောင်းပါပြီ ဥက္ကဌ”
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော နည်းပညာရှင်တစ်ဦးသည် ဆူညံနေသော ပတ်ဝန်းကျင်မှ ကျိုးရီနှင့် ဟန်တီတို့၏ အသံများကို အာကာပြင်နည်းပညာကို အသုံးပြု၍ စစ်ထုတ်လိုက်သည်။
ဤနည်းပညာရှင် နံပါတ်၂၂၀၀သည် ခမ်းနားသော အင်မော်တယ်အထူးတပ်ဖွဲ့ ပြောင်းရွှေ့လာသူ ဖြစ်သည်။
ဆိုရလျှင် ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့တွင်လည်း ၎င်းတို့၏ကိုယ်ပိုင် သီးခြားနည်းပညာ အဖွဲ့အစည်းရှိသည်။
ထိုနည်းပညာအဖွဲ့အစည်း၏ အမည်မှာ ဘလက်ကြီး ဖြစ်ပြီး ဤနံပါတ်၂၂၀၀သည် ထိုနေရာမှ ပြောင်းရွှေ့လာသော စစ်ပြန်တစ်ဦးလည်း ဖြစ်သည်။
ဘလက်ကြီးကို စတင်ဖွဲ့စည်းစဉ်က လူဆယ်ယောက်ထက်ပင် မပိုခဲ့သည်ကို ဥက္ကဌချီ မှတ်မိနေခဲ့သည်။
နောက်ပိုင်းတွင် ထိုအဖွဲ့သည် ခမ်းနားသော အင်မော်တယ်အထူးတပ်ဖွဲ့၏ အာရုံအတွင်းသို့ ရောက်ရှိလာခဲ့ပြီး တပ်ဖွဲ့တွင်ထည့်သွင်းခံခဲ့ရသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ဘလက်ကြီးသည် လူထောင်ပေါင်းများစွာအထိ အမှန်တကယ် ကျယ်ပြန့်လာမည်ဟု မည်သူက ထင်မိမည်နည်း။
ကံမကောင်းစွာပင် ထိုအချိန်က ကျော်ကြားခဲ့သော ဘလက်ကြီး 001သည် ယခုအခါ၌ မည်သည့်နေရာတွင်ရှိနေသည်ကို မည်သူမှ မသိကြပေ။
ဤအနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော နည်းပညာရှင်၏ အလုပ်သမားနံပါတ်စဉ်ကိုဘကြည့်ပြီး ဥက္ကဌချီက မမျော်လင့်ထားသော ဆုံးရှုံးမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ထိုအချိန်မှာပင် ကျိုးရီနှင့် ဟန်တီတို့၏ ပုံရိပ်နှင့် စကားသံများသည် ဖန်သားပြင်ပေါ်တွင် တိုက်ရိုက်ပေါ်လာခဲ့သည်။
“ဥက္ကဌဟန်တီနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ”
ဗိုလ်ချုပ်ရီက လက်နှစ်ဖက်ကို နောက်ပစ်၍ လေထဲတွင် ပျံဝဲနေစဉ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒါက တကယ်တော့ အရမ်းရိုးရှင်းပါတယ်”
ဥက္ကဌချီက ရယ်မောလိုက်သည်။
“ဒီဥက္ကဌဟန်တီက တကယ့်ဥက္ကဌဟန်တီအစစ် မဟုတ်ဘူး.. တကယ့်အစစ်က အစားထိုးခံလိုက်ရပြီ”
“မင်းသိထားပြီးပြီလား”
ဗိုလ်ချုပ်ရီက မျက်ခုံးပင့်လိုက်သည်။
ဥက္ကဌချီ “ဟုတ်တယ်.. ဒီလှည့်ကွက်လေးကိုမှ မမြင်နိုင်ရင် ဉာဏ်ပညာသူတော်စင်ဆိုတဲ့ ဘွဲ့နဲ့ ငါက ဘယ်လိုလုပ်ထိုက်တန်မှာလဲ.. ဒါပေမဲ့ ပြောရမယ်ဆိုရင် တစ်ဖက်လူရဲ့ စီစဉ်မှုက တကယ်ကို နက်နဲတယ်.. သူတို့က ငါတို့ရဲ့ အစစ်အမှန်နဲ့ အတုအယောင် ဗျူဟာတွေကို သိပြီးပြီလို့ ငါထင်တယ်.. ဒါက ငါတို့အပြည့်အဝ မကာကွယ်နိုင်တဲ့အရာပဲ.. သူတို့ကလည်း အကြွင်းအကျန် နယ်မြေအစစ်ရော အတုကိုပါသူတို့ရဲ့ လူတွေကို စေလွှတ်လိမ့်မယ်”
ထိုစကားကိုကြားလျှင် ဗိုလ်ချုပ်ရီက ခေါင်းငြိမ့်ကာ သက်ပြင်းချလိုက်သည်။
မည်သည့်အရာက အစစ်အတုမှန်း မသေချာသည့် အချိန်တွင် နှစ်နေရာလုံးကို စေလွှတ်သည်က မှန်ကန်သော ရွေးချယ်မှုဖြစ်သည်။
အနည်းဆုံးတော့ တစ်ဖက်လူအနေဖြင့် ပစ်မှတ်အမှားကိုရွေးချယ်မိမည် မဟုတ်ပေ။
ဤဗျူဟာ၏ အားသာချက်တစ်ခုမှာ နိုင်ငံရပ်ခြားမှတပ်ဖွဲ့၏ အလုံးစုံတိုက်ပွဲဝင်အင်အားကို ထက်ဝက်ခန့် လျှော့ချနိုင်ခြင်းပင် ဖြစ်သည်။
သို့သော် အလွန်ကြီးမားသော အန္တရာယ်တစ်ခု ရှိနေပါသေးသည်။
ယင်းမှာ နိုင်ငံရပ်ခြားမှ အင်အားစုများက အကြွင်းအကျန်နယ်မြေအတွင်းသို့ ဝင်ရောက်လာသော ကျောင်းသားများကို အန္တရာယ် ဖြစ်စေနိုင်သောအချက် ဖြစ်သည်။
သိပ္ပံသုတေသနအဖွဲ့က အကြွင်းအကျန်နယ်မြေအတု အတွက် ကနဦး ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း နိုင်ငံရပ်ခြားမှ အင်အားစုများ ဝင်ရောက်လာမည် ဖြစ်သည့် အတွက် ကြားဖြတ်တိုက်ခိုက်ရေး အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ရမည် ဖြစ်သည်။
“ဒါဆို အကြွင်းအကျန်နယ်မြေအတု အတွက် ဘယ်သူတွေကိုစေလွှတ်ဖို့ စီစဉ်ထားလဲ”
ဗိုလ်ချုပ်ရီက မေးခွန်းထုတ်လိုက်သည်။
ဤကိစ္စများကို ဥက္ကဌချီက စီမံသည်ဖြစ်၍ သူအမှန်တကယ် မသိသေးပေ။
“ဗိုလ်ချုပ်၁၀ယောက်ထဲက အချို့ကိုတော့ ကျောင်းသားတွေကို အကာအကွယ်ပေးဖို့အတွက် အရေးကြီးတဲ့ တာဝန်ကို ပေးထားပြီးပြီ.. ငါ့ရဲ့အစီအစဥ်က အကြွင်းအကျန် နယ်မြေအတုအတွက် ဗိုလ်ချုပ်ပိုင်ကို ဦးဆောင်စေပြီး သူနဲ့အတူ လူတချို့ကို ထည့်ပေးလိုက်ဖို့ပဲ”
“ပေါက်ကွဲခြင်း သူတော်စင်လား”
“ဟုတ်တယ်.. ဘယ်လိုပဲဖြစ်ဖြစ် အကြွင်းအကျန်နယ်မြေက အတုဖြစ်တာကြောင့် ပေါက်ကွဲခြင်း သူတော်စင်က လွတ်လပ်စွာ လုပ်ဆောင်နိုင်တယ်.. အရာအားလုံး ပျက်စီးသွားရင်တောင် ထိခိုက်မှုရှိမှာ မဟုတ်ဘူး.. ဒါ့အပြင် အရံအင်အားအနေနဲ့ ဗိုလ်ချုပ်ပိုင်နဲ့ အတူ အထူးအကျဉ်းခန်းက လူတွေကိုပါ စေလွှတ်မှာဖြစ်တယ်”
“ငါ့ရဲ့ ဂျူနီယာညီလေးရောလား”
“ဟုတ်တယ်”
ဥက္ကဌချီက ခေါင်းငြိမ့်လိုက်သည်။
“ဒီကိစ္စကို နိုင်ငံခေါင်းဆောင်ကလည်း သဘောတူထားပြီးပြီ.. ဒါက သူတို့ရဲ့ ရာဇဝတ်မှုတွေကို ပြန်လည်ပေးဆပ်ဖို့အခွင့်အရေးပဲ.. သူတို့ရဲ့ ကုဒ်နာမည်က မာကျောက်တပ်ဖွဲ့ပဲ”
“……….”
ဗိုလ်ချုပ်ရီ “ဒါဆို တကယ့်ဥက္ကဌ ဟန်တီကို ဘယ်လိုကိုင်တွယ်ထားလဲ”
“ဒီလူကို ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်.. ဒါပေမဲ့ သူ့ကို ပြန်လွှတ်ပေးလိုက်ရင် ညဦးစီးမှူးအဖွဲ့က သုတ်သင်ပစ်လိုက်မယ်လို့ ငါထင်တယ်.. ဒါကြောင့် ဥက္ကဌဟန်တီအဖြစ် အသွင်ပြောင်းပြီး သူတို့ရဲ့ဂိမ်းမှာ အနိုင်ကစားဖို့ အတွက် လူတစ်ယောက်ကို ငါစေလွှတ်လိုက်ပြီ..
“ညဦးစီးမှူးအဖွဲ့က ရက်စက်ကြမ်းကြုတ်တဲ့ အဖွဲ့နော်.. လူတစ်ယောက်တည်း စေလွှတ်လိုက်တာက အရမ်းကို အန္တရာယ်များလွန်းတယ်”
“အင်း ငါသိပါတယ်.. ဒါကြောင့် ဒီတစ်ခေါက် အသွင်ပြောင်းပြီး စေလွှတ်လိုက်တာက လူသားမဟုတ်ဘူး.. နိုင်ငံခေါင်းဆောင် 001ပဲ”
“နိုင်ငံခေါင်းဆောင် 001လား.. နိုင်ငံ့ခေါင်းဆောင် 001က ကလေးတွေနောက်ကို လိုက်နေတာ မဟုတ်ဘူးလား”
“ဒါက မူလအစီအစဉ်ပဲ.. ဒါပေမဲ့ ပြောင်းလဲနေတဲ့ အခြေအနေတွေကို တန်ပြန်ဖို့အတွက် ဒါက အကောင်းဆုံးနည်းလမ်းပဲ”
“အဘိုးကြီးချီ.. မင်းတကယ်ပြောနေတာလား”
ဗိုလ်ချုပ်ရီက ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည်။
“မင်းထင်တာမှန်တယ်.. ဝမ်မင်ကို လိုက်ပို့တဲ့ နိုင်ငံ့ခေါင်းဆောင် 001က တကယ်တော့ နိုင်ငံခေါင်းဆောင် အစစ်ပဲ”
“……….”
အပိုင်း(၇၁၁) ပြီး၏