← Chapters

မိစ္ဆာတပည့်များ

Vol. 48 Ch. 715

မိစ္ဆာတပည့်များ

Vol. 48 Ch. 715

အကြမ်းဖျင်း၅မိနစ်ခန့်အကြာတွင် ဖက်တီးလောသည် ရင်ပြင်ဆီသို့ ရောက်ရှိလာသည်။

သူက လျှပ်စစ်မော်တော်ဆိုင်ကယ်ကို စီးလာပြီး ထိုဆိုင်ကယ်ကို လည်ပတ်နေသောဘီးဟု အမည်ပေးထားသည်။

ဤလျှပ်စစ်ဆိုင်ကယ်ကို ဖက်တီးလောက အလေးအနက် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

၎င်းက သာမန်လျှပ်စစ်ဆိုင်ကယ်နှင့် တူသော်လည်း ထင်သလောက် ရိုးရှင်းပုံမရပေ။

ရင်ပြင်အနီးသို့ ရောက်ခါနီးတွင် ဖက်တီးလောသည် လျှပ်စစ်ဆိုင်ကယ်၏ ရှေ့ဘီးကို ရုတ်တရက် ထောင်လိုက်သည်။

“ဆိုင်ကလုန်းအားသွင်းကိရိယာ လေဆင်နှာမောင်း”

လျှပ်စစ်ဆိုင်ကယ်၏ အနောက်ဘက်ရှိ ဂျက်လေယာဉ်ယန္တရားသည် ချက်ချင်းပင် အသက်ဝင်လာပြီး လျှပ်စစ်ဆိုင်ကယ်သည် ကောင်းကင်ပေါ်သို့ ခုန်တက်သွားစဉ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ကျိုးရီ “……….”

ငွေရောင်လေး “……….”

ဝူချီထီး “……….”

“စောင့်ခိုင်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်”

ဖက်တီးလောသည် မော်တော်ဆိုင်ကယ်ကိုစီး၍ ပျံသန်းလာပြီးနောက် ခေါင်းကုပ်ကာ တောင်းပန်လိုက်သည်။

ယနေ့တွင်လည်း သူသည် အရင်လို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားဆဲ ဖြစ်သည်။

ဖက်တီးလောသည် အဖြူရောင်အတွင်းခံအင်္ကျီနှင့် အတွင်းခံဘောင်းဘီတို့ကို ထုံးစံအတိုင်း ဝတ်ဆင်ထားခဲ့သည်။

“ဟားဟား.. ဆရာလောက အရင်အတိုင်းပဲ ဝတ်စားထားတာပဲ”

ကျီုးရီက ရယ်မော၍ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ဖက်တီးလောက ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး.. ဒီတစ်ခါတော့ မတူဘူး.. ငါအခုဝတ်ထားတဲ့အတွင်းခံအင်္ကျီနဲ့ အတွင်းခံ ဘောင်းဘီတွေက သာမန် မဟုတ်ဘူး.. ဒီတစ်ခေါက် အကြွင်းအကျန်နယ်မြေထဲ ဝင်ဖို့အတွက် အထူးပြင်ဆင်ထားခဲ့တဲ့ အဝတ်အစားပဲ.. ဒီအဖြူရောင်အတွင်းခံအင်္ကျီနဲ့ အတွင်းခံဘောင်းဘီက နံပါတ်190331ပဲ”

“……….”

ဖက်တီးလောက ပြုံးလိုက်သည်။

“ငါသေချာပြင်ဆင်ထားပါတယ်.. ဒီဝတ်စုံက အဆိပ်၊ ရေ၊ မီးနဲ့ အင်းဆက် ပိုးမွှားတွေရဲ့ ရန်ကနေ အထူးကာကွယ်ပေးနိုင်တယ်.. ပြောရရင် ဒီဝတ်စုံက ခန္ဓာကိုယ်ကို လာထိတဲ့အဆိပ်အတောက် မှန်သမျှကို ချက်ချင်းဆိုသလို စုပ်ယူနိုင်တယ်.. အရေးအကြီးဆုံးအချက်က ဒီအောက်ခံအင်္ကျီကို ရေထဲမှာ စိမ်ထားရင် သခင်ကျင့်ခယ်ရဲ့ မျက်နှာကို မြင်ရမှာ ဖြစ်တယ်”

“……….”

ဖက်တီးလောက သူ့ဝတ်စုံ၏ လုပ်ဆောင်နိုင်စွမ်းကို ယုံကြည်မှုရှိစွာ မိတ်ဆက်ပေးခဲ့သည်။

သားရဲဘုရင်၏ အကြွင်းကျန်နယ်မြေတွင် သတ္တဝါ ကြီးကြီးမားမား မရှိနိုင်သော်လည်း အပင်နှင့် အင်းစက်များကမူ သေချာပေါက်ရှိမည် ဖြစ်သည်။

ကျိုးရီက လက်မထောင်ပြလိုက်သည်။

“ဆရာလောက တကယ်ကို အံ့ဩစရာပဲ”

“မင်းတို့ရော ဝတ်မလား.. ငါလူတိုင်းအတွက် အပို ဝတ်စုံတွေ ပြင်ဆင်ထားတယ်”

ထိုစကားကိုကြားလျှင် ကျိုးရီ၊ ငွေရောင်လေးနှင့် ဝူကျီ တို့က တညီတညွတ်တည်းပင် ပြန်ဖြေလိုက်ကြသည်။

“မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဆရာလော.. ငါတို့အတွက် မလိုပါဘူး”

ထိုခဏတွင် ဖက်တီးလောသည် တစ်စုံတစ်ရာကို စဉ်းစားမိဟန်ဖြင့် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

“ငါတီထွင်ထားတဲ့ မှော်ရတနာက လုပ်ဆောင်ချက်တွေ အများကြီးပါဝင်နေတာပဲ.. ဘာလို့ သူတို့ကို မရောင်းမိခဲ့တာပါလိမ့်”

“……….”

“ဒါနဲ့ လျှပ်စစ်ဆိုင်ကယ်ကို ငါအထဲ ယူသွားချင်တယ်.. ယူသွားလို့ရမလား.. စိတ်မပူပါနဲ့.. ဒီဆိုင်ကယ်က ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ရှိတယ်.. အကြွင်းအကျန် နယ်မြေကို ညစ်ညမ်းစေမှာ မဟုတ်ဘူး”

“ယူသွားလို့ရပါတယ်.. ဒါနဲ့ ဆရာလောက ဘာလို့ အထဲကို ယူသွားချင်ရတာလဲ”

“အကြွင်းအကျန်နယ်မြေ အတွင်းက မျိုးတုန်းလုနီးပါးအရင်းအမြစ်တွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ဒီလျှပ်စစ်ဆိုင်ကယ်ထဲမှာ ထည့်သွင်းထားလို့ပါ.. ဒါက လျှပ်စစ်ဆိုင်ကယ် ဆိုပေမဲ့ လုပ်ဆောင်ချက်တွေ အများကြီးရှိတယ်”

ထိုစကားကိုပြောပြီးနောက် ဖက်တီးလောသည် လျှပ်စစ်ဆိုင်ကယ်ပေါ်ရှိ အဝါရောင်ခလုတ်ကို နှိပ်လိုက်ရာ လျှပ်စစ်ဆိုင်ကယ် အနောက်ဘက်မှ စက်ရုပ်လက်တစ်ခုက တိုက်ရိုက် ဆန့်ထုတ်လာခဲ့သည်။

ကျိုးရီ “……….”

ဟုတ်ပါသည်၊ ဤသည်က အံ့ဩစရာအကောင်းဆုံး အပိုင်း မဟုတ်သေးပေ။

ကျိုးရီက အကြောင်းတစ်ခုခုကြောင့် ဤစက်ရုပ်လက်နှင့်ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ဖက်တီးလောက စက်ရုပ်လက်အား ဂုဏ်ယူစွာဖြင့် ဆုပ်ကိုင်လိုက်သည်။

“စက်ရုပ်လက်ကို သခင်ကျင့်ခယ်ရဲ့ လက်အတိုင်း ပြုလုပ်ထားတာလေ.. ထူးခြားတယ်လို့ မထင်ဘူးလား။

ကျိုးရီ “……….”

“ဒီဆိုင်ကယ်က စကားပြောလို့လည်း ရတယ်.. သူ့ရဲ့အသံကို သခင်ကျင့်ခယ်ရဲ့ အသံအတိုင်း ပြုလုပ်ထားတယ်”

ဖက်တီးလောက ခလုတ်တစ်ခုကို နှိပ်လိုက်တော့မည့် အချိန်တွင် ကျိုးရီက အမြန်ဟန့်တားလိုက်သည်။

“ဆရာလော.. ငါတို့တွေ နောက်ကျနေပြီ.. အပြန်ကျမှပဲ ငါတို့ကို ဒီဆိုင်ကယ်ရဲ့ လုပ်ဆောင်ချက်ကို ပြပေါ့ .. အခုက အရေးပေါ် အခြေအနေပဲ”

ထိုစကားကိုကြားလျှင် ဖက်တီးလောက ချက်ချင်း ခေါင်းငြိမ့်ပြလိုက်သော်လည်း မျက်နှာပေါ်တွင်မူ စိတ်ပျက်နေသော အမူအရာများ ဖြစ်ပေါ်နေသည်။

ကျိုးရီနှင့် ငွေရောင်လေးတို့က ဤမြင်ကွင်းကို ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။

ဖက်တီးလော၏ မျက်နှာပေါ်တွင် ဝမ်းနည်းသော အရိပ်အယောင်များ ဖြစ်ပေါ်နေသည် မဟုတ်ပါလော။

သူက ခလုတ်တစ်ခုကိုနှိပ်ပြီး စက်ရုပ်လက်ကို ပြန်သိမ်းလိုက်သည်။

“ဒါရိုက်တာကျိုးနဲ့ ညီနောင်ငွေရောင်လေး.. မင်းတို့တွေ ဒီလျှပ်စစ်ဆိုင်ကယ်ကို စမ်းကြည့်ချင်ရင် ငါ့ကို အချိန်မရွေးအသိပေးပါ.. ဒီစက်ရုပ်လက်က ညဘက် အိပ်တဲ့အခါကျရင် ခေါင်းအုံးလိုမျိုးပဲ အရမ်းအဆင်ပြေတယ်”

လူတိုင်း “……….”

ဒါက လျှပ်စစ်ဆိုင်ကယ်ကို အထဲကို ယူလာချင်တဲ့ အကြောင်းအရင်း အစစ်အမှန်များလား”

အခြားတစ်ဖက်တွင်လည်း စုန့်ဟိုင်ထောင်မှ မာကျောက်တပ်ဖွဲ့၏ ဗန်ကားသည် အကြွင်းအကျန်နယ်မြေအတု၏ ဝင်ပေါက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မိစ္ဆာအင်ပါယာကွာဖီမှ လွဲ၍ မိစ္ဆာဓားနတ်ဘုရားနှင့် အင်မော်တယ်စံအိမ်သခင် ချန်ယွီတို့သည် ဓားသမားများ ဖြစ်ကြသည်။

ထို့ကြောင့် ဗိုလ်ချုပ်ပိုင်က ၎င်းတို့ အသုံးပြုရန်အတွက် သင့်လျော်သည့် မှော်ဓားများကို ပေးအပ်ခဲ့သည်။

ထိုဓားများသည် စစ်ဘက်စက်ရုံမှ အစုလိုက်အပြုံလိုက်ထုတ်လုပ်သည့် စစ်ဘက်သုံး မှော်ဓားများ ဖြစ်ကြသည်။

၎င်းတွင် သာမန်မှော်ဓားများ၌ တပ်ဆင်ထားသော စက်ရုံလုပ်ဓားဝိညာဉ်များသာ ပါရှိသည်။

ဟုတ်ပါသည်၊ စစ်ဘက်သုံး မှော်ဓားများ၏ အရည်အသွေးက မဆိုးလှသော်လည်း ဓားတာအိုကို အသုံးပြုလေ့ရှိသည့် ဓားသမား အတွက်မူ ဤမှော်ဓားအမျိုးအစားက အရှက်ရစရာ ဖြစ်၏။

မိစ္ဆာဓားနတ်ဘုရား “ငါလို အရှင်မြတ် တစ်ပါးက ဒီလို ဓားစုတ်မျိုးကို အသုံးပြုသင့်ရဲ့လား.. ငါလို အရှင်မြတ်တစ်ပါးက ဒီလိုဓားစုတ်မျိုးကို အသုံးပြုသင့်.. ငါလိုအရှင်မြတ်တစ်ပါးက ဒီလိုဓားစုတ်မျိုးကို.. ငါလိုအရှင်မြတ်တစ်ပါးက.. ငါလိုအရှင်မြတ်.. “

“……….”

ထိုမြင်ကွင်းကိုကြည့်ကာ ဗိုလ်ချုပ်ပိုင်၏ နဖူးပေါ်ရှိ သွေးကြောများက အနည်းငယ် တုန်ခါ သွားခဲ့သည်။

“ဒီလိုမျိုးထပ်ပြောရင် မင်းရဲ့လျှာကို ငါဖြတ်ပစ်မယ်”

မိစ္ဆာဓားနတ်ဘုရား “တောင်းပန်ပါတယ်.. ငါအရှင်မြတ် အမှားလုပ်မိသွားတယ်”

ကွာဖီနှင့် အင်မော်တယ်စံအိမ်သခင် “……….”

ထို့နောက်တွင် ဗိုလ်ချုပ်ပိုင်သည် လည်ချောင်း ရှင်းလိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ဒီတစ်ခါ ငါတို့နဲ့ ဆက်ဆံရမယ့် လူတွေထဲမှာ မိစ္ဆာတပည့်တချို့ ရှိကောင်းရှိနေနိုင်တယ်.. မင်းတို့အနေနဲ့ မင်းတို့ရဲ့ရာဇဝတ်မှုတွေ အတွက် မင်းတို့ရဲ့ အပြစ်တွေကို ဖြေဖျောက်ဖို့ အစွမ်းကုန် ကြိုးစားမယ်လို့ ငါမျှော်လင့်တယ်”

အင်မော်တယ်စံအိမ်သခင်ချန်ယွီ “မိစ္ဆာတပည့်လား”

“ဒီထက် တိတိကျကျပြောရမယ်ဆိုရင် သူတို့တွေက မိစ္ဆာကမ္ဘာကနေလာတဲ့ မိစ္ဆာတပည့်တွေ ဖြစ်တယ်”

ဗိုလ်ချုပ်ပိုင်က လေးလေးနက်နက် ဆက်ပြောလိုက်သည်။

“ရာနှုန်းပြည့် မသေချာသေးဘူး ဆိုပေမဲ့ ဒီတစ်ကြိမ် ညဦးစီးမှူးအဖွဲ့က စုဆောင်းထားတဲ့ အမှောင်နက်ဝေါ့ခ် အဖွဲ့ဝင်တွေရဲ့တစ်ဝက်က မိစ္ဆာတပည့်တွေ ဖြစ်နိုင်ချေရှိနေတယ်”

ထိုစကားကိုကြားလျှင် ကွာဖီက မျက်မှောင်ကြုတ်လိုက်သည်။

သူက တစ်စုံတစ်ရာကို မှတ်မိနေပုံရသည်။

“ငါသိသလောက်တော့ အရှေ့အရပ်က နတ်ဆိုးကမ္ဘာနဲ့ အနောက်အရပ်က မိစ္ဆာကမ္ဘာက တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြတယ်.. ငါအမှတ်မမှားဘူးဆိုရင် အနောက်တိုင်းက ကျင့်ကြံသူတွေနဲ့ စစ်ပွဲကြီးမှာ မိစ္ဆာကမ္ဘာရဲ့ ဝင်ပေါက်က ပျက်စီးသွားခဲ့တယ်”

“ဟုတ်တယ်.. အဲဒီတုန်းက ဝင်ပေါက်က တကယ်ပဲ ပျက်စီးသွားတယ်.. ဒါပေမဲ့ မကြာသေးတဲ့ နှစ်တွေကစပြီး မိစ္ဆာကမ္ဘာရဲ့ဝင်ပေါက်က နောက်တစ်ကြိမ် ဖွင့်လှစ်ထားတယ်လို့ နိုင်ငံအသီးသီးရဲ့ ထောက်လှမ်းရေး အချက်အလက်တွေက အတည်ပြုထားကြတယ်”

ဗိုလ်ချုပ်ပိုင် “ဒါကြောင့် ဒီတစ်ကြိမ်မစ်ရှင်က ဒီနိုင်ငံရပ်ခြားကအင်အားစုတွေကို ရှင်းပစ်ဖို့ ဆိုပေမဲ တကယ်တမ်းတော့ မိစ္ဆာတပည့်တွေကို စုံစမ်းဖို့ပဲ.. မင်းတို့မှာ မေးစရာရှိသေးလား”

“အကယ်၍ ငါတို့ဒီတာဝန်ကို အောင်အောင်မြင်မြင် ပြီးဆုံးခဲ့မယ်ဆိုရင် ငါတို့ ပြစ်ဒဏ်တွေကို ဘယ်လိုမျိုး လျှော့ပေါ့ပေးမှာလဲ”

ကွာဖီက မေးခွန်းထုတ်လိုက်သည်။

“ဒါက နောက်ဆုံးရလဒ်အပေါ်မှာ မူတည်တယ်.. သေဒဏ်ဆိုရင်တော့ တစ်သက်တစ်ကျွန်းအဖြစ် ပြစ်ဒဏ် လျှော့ပေါ့ပေးမယ်.. ဒါမှမဟုတ် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ဆိုရင်တော့ နှစ်ကာလကို လျှော့ပေါ့ပေးနိုင်တယ်.. သေချာတာကတော့ မင်းတို့၃ယောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကြောင့် မင်းတို့အတွက် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်က အနည်းဆုံး နှစ်၂၀၀၀ကျော်လောက် ရှိမှာပဲ”

ထိုစကားကို ပြောပြီးနောက် ဗိုလ်ချုပ်ပိုင်က ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ စိတ်မပူပါနဲ့.. အနာဂတ်မှာ ဒီလိုမစ်ရှင်တွေကို ထပ်စီစဉ်ပေးမယ်ဆိုရင် နှစ်ကာလက ပိုပြီးတော့ တိုတောင်းသွားနိုင်ပါတယ်”

“နားလည်ပါပြီ”

မိစ္ဆာအင်ပါယာကွာဖီက ပြုံးရွှင်စွာ ပြောလိုက်သည်။

“မိစ္ဆာအင်ပါယာက တော်တော်လေး ယုံကြည်မှုရှိနေပုံပဲ”

“ဟားဟား.. ငါအကောင်းဆုံး လုပ်ပြမယ်.. ကိစ္စတွေအားလုံးပြီးသွားခဲ့ရင် ငါအရှင်မြတ်က မိစ္ဆာတစ်ပါး မလုပ်တော့ဘူး”

“……….”

“ကွာဖီက မိစ္ဆာဓားနတ်ဘုရားဆီကနေ ဓာတ်ကူးသွားတာလား”

အပိုင်း(၇၁၅) ပြီး၏

All Chapters