လူတစ်ရာမှာ ကျိုးရီ၆ယောက်ထွက်တယ်
Vol. 48 Ch. 718
ဝမ်မင် ပြောခဲ့သလိုပင်၊ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ဥက္ကဌပိုင်နှင့် အဖြစ်အပျက်ကို သုံးသပ်ရလျှင် ဝမ်လင်းသည် သူ၏ လုပ်ဆောင်ချက်များကြောင့် အထူးသဖြင့် ဤရက်အနည်းငယ်အတွင်း ပိုပြီး သတိထားကာ နေခဲ့ရသည်။
အဖြစ်အပျက်က ပြီးသွားပြီဟု ထင်ရသော်လည်း ကိစ္စတစ်ခုလုံး၏ အကျိုးဆက်များသည် ယခုမှ အစပဲ ရှိပါသေးသည်။
ခေတ္တအနားယူမည်ဟု ကြေငြာပြီး နာရီဝက်ခန့်အကြာတွင် ဗဟိုဇုန် 66 ရှိ ကန်တင်းတွင် နေ့လည်စာ အဆင်သင့်ဖြစ်နေပြီဟု ကြေငြာခဲ့သည်။
ဝမ်လင်းက အချိန်ကို ကြည့်လိုက်ရာ အမှတ်60 အထက်တန်းကျောင်း၏ ကန်တင်း ဖွင့်ချိန် ဖြစ်သည့် မွန်းတည့်ချိန် ဖြစ်နေသည်။
သက်တန့်မြက်သေတ္တာသည် အာကာပြင် မှော်ရတနာတစ်ခုဖြစ်သော်လည်း သေတ္တာအတွင်းပိုင်းသည် စစ်သည်အများအပြားကို သယ်ဆောင်သွားနိုင်သော အင်မော်တယ် စစ်သင်္ဘောတစ်စင်းနှင့် ဆင်တူသည်။
အဆောင်များ၊ စားသောက်ခန်းများနှင့် လေ့ကျင့်ရေးခန်းများကို စစ်တပ်ပုံစံ ပြုလုပ်ထားသည်။
ဤနွေရာသီစခန်းသွင်း လေ့လာရေးတွင် အစာမစားဘဲ နေ၍ရမည် မဟုတ်၍ မျှော်လင့်ထားသလောက် အဆောင်တွင် အနားယူ၍ ရမည်မဟုတ်ပေ။
ကျောင်းသားတိုင်းသည် ကြွယ်ဝသော စွမ်းအင်ရှိစေရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ထောက်ပံ့ပေးရန် အတွက် အစာစားရန် လိုအပ်သည်။
ဗဟိုဇုန် 66 ရှိ စားသောက်တန်းသို့ သွားရာတွင် အထူးလက်မှတ်ထိုးဝင်သည့် ဧရိယာကို မည်သူမျှ မလွတ်မြောက်နိုင်ပေ။
လက်မှတ်ထိုးဝင်သည့်နေရာသည် အဆောင်များတွင် တိုက်ရိုက်အသုံးပြုထားသည့် မျက်နှာဖတ်ရှုသည့် အက်ပ် ကဲ့သို့ပင် ဖြစ်သည်။
သင်၏ အဆောင်သို့ ဝင်ရောက်ရန် မျက်နှာဖတ်မှု လုပ်ရန် လိုအပ်သလို စားသောက်တန်းတွင်လည်း လိုအပ်သည်။
"ငါတို့ ကန်တင်း မသွားခင် မင်းမျက်နှာကို ပြောင်းချင်လား"
"မျက်နှာဖတ် စနစ်ထဲက မင်းရဲ့မျက်နှာအတွက် ဒေတာကို ငါတိုက်ရိုက် ဖျက်ပေးနိုင်တယ်"
ဝမ်မင်က အပြင်မထွက်ခင် ဝမ်လင်းကို မေးလိုက်သည်။
ဝမ်လင်း ခေါင်းခါယမ်းလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ကျောင်းပြင်ပတွင် မည်သူမျှ သူ့ပုံကို မမြင်ဖူးကြပေ။
ထို့အပြင် သူက မဟာ အသွင်ပြောင်း တာအိုကို အသုံးပြုထားလျှင်ပင် အမှတ် 60 အထက်တန်းကျောင်းဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။
ရှေးဟောင်းစာအုပ်ကြီး၏ အမြင်အာရုံသည် အထူးကောင်းမွန်ပြီး ဤခရီးစဉ်ကို လိုက်ပါလာသည့် အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းသားများ အားလုံးကို မှတ်မိသည်။
ထူးဆန်းသော မျက်နှာထားဖြင့် ကျောင်းသားတစ်ဦးကို ရှေးဟောင်းစာအုပ်ကြီးက ရုတ်တရက် တွေ့လိုက်ရလျှင် သံသယဝင်ခံရမည်မှာ သေချာ၏။
ထို့ကြောင့် တကယ်တမ်းတွင် အသွင်ပြောင်းရန် မလိုအပ်ပေ။
ညီအကိုနှစ်ယောက် တံခါးပေါက်ကနေ စားသောက်တန်း ဆီသို့ လျှောက်သွားကြသည်။
လမ်းတွင် ဝမ်လင်းသည် ဝမ်မင်ထံမှ ရင်းနှီးသော နာမည်တစ်ခုကို ကြားလိုက်ရသည်။
"ဒီဗဟိုဇုံ 66 ကန်တင်း အတွက် အာဟာရအတိုင်ပင်ခံက အမှတ်60 အထက်တန်းကျောင်းရဲ့ အမေကျွမ့်လို ငါကြားတယ်"
ဝမ်လင်းက အံ့သြသွားခဲ့သည်။
"အမေကျွမ့်ပါ လိုက်လာတာလား.. စောစောက ရင်ပြင်မှာ သူ့အရိပ်ကိုတောင် မမြင်လိုက်ဘူး"
ဝမ်မင် “သူမက အာဟာရဆိုင်ရာ အတိုင်ပင်ခံတစ်ဦးပဲလေ. ဒါကြောင့် အဝေးကနေ အကြံဉာဏ်ပေးရုံပါပဲ.. လူကိုယ်တိုင်လာဖို့ မလိုပါဘူး"
ဝမ်လင်း “.........…”
…................
"ဒီတစ်ခေါက် နေ့လည်စာက အရမ်းအရသာရှိမှာပဲ.. ငါးပေါင်းစွပ်ပြုတ်ထဲမှာ တာဟွမ်း ဆေးပြားအပြင် ခန္ဓာကိုယ် သန့်စင်ဆေးကိုပါ ထည့်ပေါင်းထားတဲ့ အတွက် အတော် အရသာရှိမှာ သေချာတယ်"
ကန်တင်းက အလွန်ဧရိယာကျယ်ဝန်းသည်။
မကြာသေးမီကမှ ကြေငြာချက် ထုတ်ခဲ့ခြင်းကြောင့် ဝမ်လင်း နှင့် ဝမ်မင် ရောက်ရှိလာချိန်တွင် ထိုနေရာ၌ လူများစွာ ရှိမနေသေးပေ။
ညီအစ်ကိုနှစ်ယောက်က ထမင်းဗူး တစ်ဗူးစီ ယူကာ မည်သူမှ လာမနှောင့်ယှက်ရန်အတွက် ဝေးလံသော ထောင့်တစ်နေရာတွင် ထိုင်လိုက်ကြသည်။
ထိုအချိန်တွင် မျက်နှာမည်းဆရာ ဝူကျန်းကျွင်း ရောက်လာသည်ကို ဝမ်လင်း သတိပြုမိလိုက်သည်။
ဝမ်မင်က ဝူကျန်းကျွင်းကို စိုက်ကြည့်ကာ ပြုံးပြလိုက်၏။
"မင်းနဲ့ ဒီဝူကျန်းကျွင်း မျက်ခွက်မာပုံချင်း တော်တော်တူတယ်လို့ မင်းမထင်ဘူးလား.. ငါ့အမြင် မင်းက ဖြူပြီး သူကမဲတာပဲ ရှိတယ်"
ဝမ်လင်း “…........”
ညီအကိုနှစ်ယောက် ထိုင်ပြီး သိပ်မကြာမီတွင် ကန်တင်းသည် အခြားကျောင်းများမှ ယူနီဖောင်း အမျိုးမျိုးကို ဝတ်ဆင်ထားသော ကျောင်းသား အများအပြားနှင့် ရုတ်တရက် ပြည့်နှက်သွားသည်။
ယခုတစ်ကြိမ် စုန့်ဟိုင်မြို့မှ စီစဉ်သော နွေရာသီစခန်းသွင်း လေ့လာရေးကို လိုက်ပါလာသော ကျောင်းသားများသည် Grade 1 ကျောင်းသားများ ဖြစ်သည်။
ကျောင်းပေါင်း (၁၀၀) ၏ အထွေထွေ အုပ်ချုပ်ရေးရုံးမှ လိုက်ပါရမည့် ကျောင်းများကို မဲနှိုက်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
စုန့်ဟိုင်မြို့တွင် အထက်တန်းကျောင်း များစွာရှိ၍ အရည်အချင်းအရ အမှတ် 60 အထက်တန်းကျောင်း ကဲ့သို့ မြို့ပြအထက်တန်းကျောင်း ကိုယ်စားလှယ်လောင်း ကျောင်းသည် အခွင့်အရေး လုံးဝ ရရှိမည်မဟုတ်ပေ။
ဤအရာကို မဲနှိုက်ခြင်းဖြင့် ဆုံးဖြတ်ခဲ့ခြင်းကြောင့်သာ အထက်တန်းကျောင်းတိုင်းသည် ပျော်ရွှင်စွာ လက်ခံနိုင်ခဲ့ကြသည်။
အမှန်တရားမှာ အခြား အထက်တန်းကျောင်းအားလုံးကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး အမှတ် 60 အထက်တန်းကျောင်းကိုမူ အတွင်းရေးမှူး တာခန်း ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ဖေးယန် ခရိုင်ရှိ အဓိကအထက်တန်းကျောင်း ခြောက်ကျောင်းတွင် အမှတ် 60 အထက်တန်းကျောင်း သာလျှင် ယခုတစ်ကြိမ် နွေရာသီစခန်းသွင်းလေ့လာရေး၌ ပါဝင်ခဲ့သည်။
ဟုတ်ပါသည်၊ အမှတ်၆၀ အထက်တန်းကျောင်း အထူးရွေးချယ်ခံရသည်ကို မည်သူမှမသိပေ။
မဟုတ်လျှင် အခြား အထက်တန်းကျောင်းအုပ်များက ပြဿနာ လုပ်မည်မှာ သေချာ၏။
ထို့ကြောင့် ဝမ်လင်းသည် ယခုတစ်ကြိမ်တွင် အခြားခရိုင်ရှိ ကျောင်းများမှ ကျောင်းသားများစွာကို တွေ့ခဲ့ရသည်။
ဥပမာ အကြွင်းအကျန်အထက်တန်းကျောင်း၊
အမည်အပြည့်အစုံ- အကြွင်းအကျန် စီနီယာ အထက်တန်းကျောင်း။
ဤသည်မှာ ဟွာလင် ခရိုင်ရှိ အဓိကမြို့ပြအထက်တန်းကျောင်း ဖြစ်ပြီး သူတို့ဆီမှ ကျောင်းသားအားလုံးသည် အခြေခံ တည်ထောင်ခြင်း အလယ်အလတ် အဆင့်တွင် ရှိကြသည်။
ဤရှုထောင့်တစ်ခုတည်းကပင် အမှတ် 60 အထက်တန်းကျောင်းသည် ကျန်အထက်တန်းကျောင်းများ၏ နောက်တွင် အတော်ဝေးဝေး ပြတ်ကျန်နေမှန်း သိသာနေသည်။
ထို့အပြင် အရေးကြီးဆုံးအချက်မှာ အကြွင်းအကျန် အထက်တန်းကျောင်းမှ ကျောင်းသားများသည် ရွှေအမြူတေ အဆင့်သို့ ရောက်နိုင်ခြေ အလွန်မြင့်မားနေခြင်း ဖြစ်သည်။
၎င်းတို့အနက်မှ ခြောက်ရာခိုင်နှုန်းသည် တက္ကသိုလ်သို့ တရားဝင် မဝင်မီ ရွှေအမြူတေ အဆင့်ကို ရောက်ရှိသွားမည်ဖြစ်၏။
ရိုးရှင်းစွာပြောရလျှင် လူတစ်ရာတိုင်းတွင် ကျိုးရီ ခြောက်ယောက် ရှိသည်။
သို့သော် ကျိုးရီသည် အမှတ် 60 အထက်တန်းကျောင်း သမိုင်း၏ ရာစုနှစ်တွင် တစ်ကြိမ်သာပေါ်ထွက်ခဲ့သည့် ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်သည်။
အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲ ရေးဖြေအပိုင်း အတွက် သူ၏ ရမှတ် စုစုပေါင်းကို မှားယွင်း၍ တွက်ချက်ထားသောကြောင့်သာ ကျိုးရီသည် အမှတ် 60 အထက်တန်းကျောင်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
သို့မဟုတ်လျှင် အဓိကမြို့ပြ အထက်တန်းကျောင်း တစ်ခုခုသို့ တိုက်ရိုက်ဝင်ခွင့်ရမည်မှာ သေချာသည်။
ဝမ်လင်းက ထိုအကြောင်းကို တွေးနေချိန်တွင် အကြွင်းအကျန် အထက်တန်းကျောင်း၏ ယူနီဖောင်းကို ၀တ်ထားသည့် ကျောင်းသားသည် သူတို့နားသို့ အဆောတလျင် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
အကြွင်းအကျန် အထက်တန်းကျောင်း၏ ဝတ်စုံသည် သာမန်အထက်တန်းကျောင်း ဝတ်စုံနှင့် မတူဘဲ အနောက်တိုင်း စတိုင် အနည်းငယ်ကို ပေါင်းစပ်ထားပုံရသည်။
ကျောင်းသားက အတွင်းဝတ် ရှပ်အင်္ကျီအဖြူတစ်ထည်နှင့် အနက်ရောင် ဘောင်းဘီရှည်တစ်ထည်ကို ၀တ်ဆင်ထား၏။
ထိုကျောင်းသားတွင် တောက်ပသော အပြာရောင်မျက်လုံးတစ်စုံရှိပြီး ခမ်းနားသောအော်ရာ တစ်ခု ရှိနေသည်။
ဤလူက သွေးနှော ဖြစ်နိုင်သည်ဟု ဝမ်လင်း ကောက်ချက်ချခဲ့သည်။
ထိုလူက ထိုင်စရာနေရာ ရှာနေသည်ဟု သူတွေးထားသော်လည်း သူတို့ဆီ တိုက်ရိုက် ချဉ်းကပ်လာမည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
"ကျေးဇူးပြုပြီး ဒီမှာထိုင်လို့ရမလား"
"မရဘူး"
ဝမ်မင်က မရဘူးဟု ပြောလိုက်သော်လည်း ထိုလူက မျက်နှာပြောင်တိုက်၍ ဝင်ထိုင်လိုက်ပြီး ညီအကိုနှစ်ယောက်အား ပြုံးပြကာ "ကျေးဇူးတင်ပါတယ်"ဟု ပြောလိုက်သေးသည်။
ထို့နောက် ထမင်းဗူးကို စားပွဲပေါ် ချလိုက်ပြီး ဝမ်မင်ဘေးတွင် ဝင်ထိုင်လိုက်သည်။
ဝမ်မင်က အံသြသွားခဲ့ပြီး နှုတ်ခမ်းများ တလှုပ်လှုပ် ဖြစ်သွားသည်။
ယခုအခါတွင် သူ့အထောက်အထားက ဆရာတစ်ယောက် ဆိုသည်ကို သတိရပြီး သူ့စိတ်ကို ထိန်းချုပ်ကာ မကျေနပ်မှုများအား သက်ပြင်းဖြင့် ရောနှော၍ မှုတ်ထုတ်လိုက်သည်။
ထိုခဏတွင် ဝမ်လင်းသည် ကန်တင်း ထဲတွင် အလွန်ထူးဆန်းသည့် လေထုတစ်ခု ရှိနေသလို ခံစားလိုက်ရသည်။
သူက ပတ်ပတ်လည်ကို ကြည့်လိုက်ရာ လက်ထဲတွင် ထမင်းဗူးကိုင်ထားသည့် ကျိုက်ယန်ကို အဝေးကနေ လှမ်းမြင်လိုက်ရ၏။
ထို့နောက် သူမသည် ဝမ်မင်၏ အနောက်ဘက်ရှိ စားပွဲတွင် ထိုင်ရန် ရွေးချယ်လိုက်သည်။
ရိုးရိုးသားသားပြောရလျှင် ဤနွေရာသီစခန်းသွင်းလေ့လာရေး၏ အစားအသောက်က စားကောင်းသော်လည်း ဝမ်လင်းက စားချင်စိတ် လုံးဝမရှိခဲ့ပေ။
ဤနွေရာသီစခန်းသွင်း လေ့လာရေးသည် လေ့လာရေးခရီးဖြစ်၍ သရေစာများ ယူဆောင်မလာရန် ရှင်းရှင်းလင်းလင်း အမိန့်ထုတ်ထားသည်။
အစောပိုင်းက ရင်ပြင်တွင် သရေစာများ သိမ်းဆည်းခံခဲ့ရသည်။
ထို့ကြောင့် လာမည့် ရက်အနည်းငယ်အတွင်း ခေါက်ဆွဲခြောက်ကြော် မရှိဘဲနေရတော့မည် ဖြစ်သည်။
ဤသည်မှာ ဝမ်လင်းအတွက် အနည်းငယ် ခံစားရခက်စေသည်။
ထို့ကြောင့် ဝမ်လင်းသည် စားပွဲပေါ်ရှိ ထမင်းဗူးကို မထိခဲ့ပေ။
ဆန့်ကျင်ဘက်အားဖြင့် ဝမ်မင်၏ ဘေးတွင် ထိုင်နေသော သွေးနှောလူငယ်သည် ဝမ်လင်း၏ ထမင်းဗူးကို ထွေထွေကြီး စိုက်ကြည့်နေခဲ့သည်။
ထို့နောက် လူငယ်က ရုတ်တရက် မေးလိုက်သည်။
"အတန်းဖော်.. ငါးပေါင်းထဲက တာဟွမ်းဆေးပြားကို မစားချင်ဘူးဆိုရင် ငါ့ကို ကျွေးနိုင်မလား"
ဝမ်လင်း ပြန်မဖြေခင်မှာပင် လူငယ်က "ကျေးဇူးတင်ပါတယ်"ဟု ပြောပြီး တာဟွမ်းဆေးပြားကို ဓားတစ်ချောင်းဖြင့် ထိုးစိုက်ကာ တိုက်ရိုက်ယူလိုက်သည်။
ဝမ်လင်းက အံ့သြသွားခဲ့သည်။
ဤလူက တစ်စုံတစ်ရာ ထူးခြားနေသည်မှာ ရာနှုန်းပြည့် သေချာသွားပြီ ဖြစ်သည်။
[ငါ့ ပတ်ဝန်းကျင်မှာ သာမန်လူတွေ နည်းနည်းလည်းတောင် ဘာကြောင့် ရှိမနေရတာလဲ]
အပိုင်း(၇၁၈) ပြီး၏