← Chapters

ဝမ်လင်းရဲ့နာမည်ပြောင်အသစ်

Vol. 48 Ch. 720

ဝမ်လင်းရဲ့နာမည်ပြောင်အသစ်

Vol. 48 Ch. 720

ဝမ်လင်း ထိတ်လန့်သွားသည်။

အကြောင်းပြချက်ကို သူနားလည်သော်လည်း ထိုအဖြစ်အပျက်အပြီးတွင် အဘယ်ကြောင့် ပရိသတ်များ ရလာသနည်း။

အဓိကအချက်မှာ ဥက္ကဌပိုင်နှင့် အဖြစ်အပျက်တွင် သူက သေဘေးကနေ ကပ်သီလေးလွတ်မြောက်ခဲ့သည့် ကံကောင်းလွန်းသော ကျောင်းသားတစ်ယောက် ဖြစ်ခြင်းကြောင့်ပင်။

ဝမ်မင်က အနည်းငယ် စူးစမ်းလိုက်သည်။

"မေးလို့ရမလား.. မင်းက ဝမ်လင်းရဲ့ ပရိသတ် ဘယ်လိုလုပ်ဖြစ်လာတာလဲ"

လီမင်ယောင်က သူ့ကော်လာကို ဖြောင့်စင်းအောင် လုပ်လိုက်ပြီး ခန့်ညားသည့် ပုံစံကို ထိန်းထားဆဲပင်။

"ကံဇာတာ ဆိုတာကို ကြားဖူးတယ်မလား"

ကံကြမ္မာ ဒါမှမဟုတ် အင်မော်တယ် ကံကြမ္မာ လို့လည်း ခေါ်တယ်.. ဒီအရာအတွက် သိပ္ပံနည်းကျ အထောက်အထားမရှိသော်လည်း အမှန်တကယ်ရှိတာကိုတော့ ဝန်ခံရမယ်.. ဒီလိုမှမဟုတ်ရင် မဟာတာအို သုံးထောင်ထဲမှာ "မဟာကံကြမ္မာတာအို"ဆိုတာ ရှိလာမှာမဟုတ်ဘူး.."

"ရိုးရိုးရှင်းရှင်းပြောရရင် ကံကြမ္မာဆိုတာ ကျင့်ကြံသူတစ်ယောက်ရဲ့ အတိအကျ တိုင်းတာလို့မရတဲ့ လျှို့ဝှက်အရည်အချင်းနဲ့ ဆင်တူတယ်.. ကျင့်ကြံသူက ကံကြမ္မာကို ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး တဖြည်းဖြည်း စုဆောင်းနိုင်တယ်"

သို့သော် ဝမ်လင်း သိသလောက် လူတိုင်းတွင် လိုက်ဖက်သည့် ကံကြမ္မာ အခြေခံတစ်ခု ရှိသည်။

လူအများစု၏ ကံကြမ္မာသည် သုညဖြစ်ပြီး အနည်းငယ်မျှသော အချိုးအစားသာ ကံကြမ္မာကောင်းဖြင့် မွေးဖွားလာကြသည်။

သဘာဝအရ ကံဇာတာညံ့သော အချိုးအစား အနည်းငယ်လည်း ရှိသည်။

ထို့ကြောင့် အချို့သောသူများသည် ကုသိုလ်ကောင်းမှုများ လုပ်ကြသော်လည်း အလွန်ကံဆိုးသော ဘဝများကို ရရှိထားဆဲပင်။

၎င်းတို့သည် ယခင်ဘဝက အပြစ်များစွာကို ကျူးလွန်ခဲ့သူများ ဖြစ်နိုင်ချေရှိသည်။

ထို့ကြောင့် ဤဘဝတွင် အကြွေးပြန်ဆပ်နေရခြင်းပင်။

ဟုတ်ပါသည်၊ ဤသည်မှာ ကံကြမ္မာကောင်းသူများက သူတို့ အလိုရှိသမျှကို လုပ်နိုင်မည်ဟု မဆိုလိုပေ။

သူတို့၏ ကံကြမ္မာက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ အဆုံးသတ်တွင် ကုန်ဆုံးသွားပေလိမ့်မည်။

ထို့ကြောင့် ဟွာရှို့နိုင်ငံရှိ ရွှေအမြူတေအဆင့် အထက်မှ ကျင့်ကြံသူများအား "မကောင်းမှုကို ဖယ်ရှားကာ တာအိုကို ကာကွယ်ခြင်း" ဟူသော ခေါင်းစဥ်ဖြင့် မြို့တစ်ခုစီရှိ ဟွာရှို့မဟာမိတ် ဌာနခွဲကနေ မစ်ရှင်များကို အမှန်တကယ် ကြော်ငြာခဲ့သည်။

ဤမစ်ရှင်များကို လက်ခံ ထမ်းဆောင်ခြင်းဖြင့် ၎င်းတို့သည် မိမိကိုယ်ကို တိုးတက်စေပြီး တစ်ချိန်တည်းတွင် အင်မော်တယ် ကံကြမ္မာကိုပါ စုဆောင်းနိုင်မည် ဖြစ်သည်။

ဤအလုပ်ကို ကျင့်ကြံသူများ လုပ်ဆောင်သော လူမှုရေးလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့် အတွက် ဆုလာဘ် တစ်စုံတစ်ရာ မရှိပေ။

သို့သော် အဆိုပါလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် ကျင့်ကြံသူများကို တွန်းအားပေးရန်အတွက် နိုင်ငံတော်မှ ဤနှစ်များအတွင်း ထောက်ပံ့ကြေးများစွာ အသုံးပြုခဲ့သည်။

ထောက်ပံ့ကြေးများမှာ ဆေးပြားများ၊ မှော်အတတ်များ၊ မှော်စကေးလ်များ သို့မဟုတ် အင်မော်တယ်ရွှေများ ဖြစ်သည်။

ထို့ကြောင့် လီမင်ယောင် "ကံကြမ္မာ"ဟုပြောသောအခါ ဝမ်လင်း နှင့် ဝမ်မင်တို့က သူဘာကို ဆိုလိုချင်မှန်း အနည်းနှင့်အများ နားလည်ကြသည်။

“နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ဥက္ကဌပိုင်က အရမ်းသန်မာတယ်...ယခင်သတင်းတွေအရ ဒီလူက ခြေသလုံးအိမ်တိုင် အင်မော်တယ် မဟုတ်ရင် ပကတိအင်မော်တယ် ဖြစ်ရမယ်”

ထိုစကားကိုပြောပြီးနောက် ခတ္တနားပြီးမှ လီမင်ယောင်က ဆက်ပြောလိုက်သည်။

“အတန်းဖော်ဝမ်လင်းက ဒီလိုလူရဲ့ လက်ထဲကို ကျသွားခဲ့တယ် ဒါပေမယ့် လွတ်မြောက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ အတန်းဖော် ဝမ်လင်းက သေခြင်းတရားကနေ လွတ်မြောက်ခဲ့တယ်.. ပြောရရင် သူ့ကံကြမ္မာက အိမ်ခေါင်မိုးလောက် ရှိတယ်”

ဝမ်မင်“….........”

ဝမ်လင်း“….........”

"ဒါဆို မင်းရဲ့ ရည်ရွယ်ချက်က.."

ဝမ်မင်က စတင်နားလည်လာသည်။

လီမင်ယောင်က အလွန်ပြေပြစ်စွာ ပြုံးလိုက်သည်။

“ကံကြမ္မာက ဆိုတဲ့အရာက မရေတွက်နိုင်ပေမယ့် အမှန်တကယ် ရှိတယ်.. အဲဒါကို စုဆောင်းဖို့ ကုသိုလ်ကောင်းမှုတွေ လုပ်ရုံကလွဲရင် အရမ်း ရိုးရှင်းတဲ့ အခြားနည်းလမ်းတစ်ခု ရှိတယ်.. အဲဒါက ကုသိုလ်ကံရှိသူနဲ့ ပေါင်းစည်းဖို့ပဲ"

ဝမ်မင် "အတူတူရှိနေတာကို ဆိုလိုတာလား"

လီမင်ယောင်"အင်း...အတူတူ ရှိဖို့အထိတော့ မရည်ရွယ်ပါဘူး.. ညီ​အစ်​ကို​လို​လည်း ဖြစ်​နိုင်​ပါတယ်”

လီမင်ယောင်က သူ့စကား အနည်းငယ် မရှင်းမလင်း ဖြစ်နေသည်ကို ယခုမှ သဘောပေါက်ပြီး အမြန်ပြင်လိုက်သည်။

“ကံကြမ္မာက ကူးစက်တတ်တယ် ဆိုတာ သိလား”

ဝမ်လင်း နှင့် ဝမ်မင် “…...........”

လီမင်ယောင် “ငါတို့ လီမိသားစုမှာ အမွေဆက်ခံမဲ့သူ လေးဦးရှိတယ်.. ငါတို့အားလုံး မတူညီတဲ့ အထက်တန်းကျောင်းတွေ တက်ကြတယ်.. ကျန်တဲ့ သုံးယောက်ကတော့ အခု နိုင်ငံခြားမှာ ရောက်နေတယ်.. ငါတို့ Grade 3 ပြီးတာနဲ့ ငါတို့ မိသားစုက လူငယ်ခေါင်းဆောင် ဆက်ခံပွဲ အခမ်းအနား ကျင်းပမှာဖြစ်တယ်”

“ဆက်ခံသူကို ရွေးချယ်တာက တစ်ဦးစီရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တယ်.. လှည့်ကွက်တွေကို သုံးတာက မကောင်းတဲ့ လုပ်ရပ်ပဲ"

ဝမ်မင်က ပြောလိုက်သည်။

သူတို့က လီမင်ယောင် အဘယ်ကြောင့် ဝမ်လင်းကို ရှာရန် စိတ်အားထက်သန်နေသည်ကို အနည်းနှင့်အများ နားလည်နိုင်ခဲ့သည်။

“မဟုတ်ဘူး ဆရာ.. အလုံးစုံခွန်အားအရ ကျွန်တော်တို့ လီမိသားစုရဲ့ အမွေဆက်ခံသူလေးဦးက ကဏ္ဍအားလုံးမှာ အရည်အချင်း အတူတူပဲ... ဒါကြောင့် နောက်ဆုံး အနိုင်ရသူကို ဆုံးဖြတ်ပေးမှာက ကံကြမ္မာပေါ်ပဲ မူတည်တယ်"

ထိုစကားကိုပြောရင်း လီမင်ယောင်၏ မျက်လုံးထဲတွင် လေးနက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

"ငါပြောသင့်တာ အကုန်ပြောပြီးပြီ.. ဒါကြောင့် ငါက ဆရာဝမ်လင်းကို ရှာဖို့ စိတ်အားထက်သန်နေတာပါ"

ဝမ်လင်း “….........”

[သူက ဘာလို့ ဆရာ ဖြစ်သွားရတာလဲ]

လီမင်ယောင် "မင်းတို့ နှစ်ယောက်လုံး မသိသေးဘူးလား..

တခြားကျောင်းတွေမှာ အတန်းဖော်ဝမ်လင်းကို နာမည်ပြောင်ပေးထားကြတယ်"

ဝမ်မင် "နာမည်ပြောင်လား"

လီမင်ယောင် "ဟုတ်တယ်.. ဆရာဝမ်လင်းရဲ့ နာမည်ပြောင်က ကံကြမ္မာအင်ပါယာ"

ဝမ်လင်း နှင့် ဝမ်မင်“…..........”

လီမင်ယောင် "အတန်းဖော် ဝမ်လင်းကို ရှာတွေ့ဖို့ ကူညီချင်စိတ်ရှိသရွေ့ မင်းတို့ကို ဆုငွေအများအပြား ပေးနိုင်တယ်.. မင်းတို့ရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းဖို့ ငါတို့ လီမိသားစုရဲ့ အရင်းအမြစ်တွေက လုံလောက်ပါတယ်"

ဝမ်မင် "ငါတို့ မသိရင် တခြားတစ်ယောက်ကို ထပ်မေးမှာလား"

ဤနေရာတွင် အမှတ်60 အထက်တန်းကျောင်းမှ လူ အများအပြား ရှိသည်။

ဥက္ကဌပိုင် နှင့် အဖြစ်အပျက်ပြီးနောက်တွင် အမှတ် 60 အထက်တန်းမှ ကျောင်းသားအများစုသည် ဝမ်လင်း၏ ပုံစံကို အခြေခံအားဖြင့် သိရှိခဲ့ကြသည်။

သို့သော်လည်း ဝမ်မင် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် လီမင်ယောင်က ခေါင်းခါယမ်းလိုက်သည်။

"ဟင့်အင်း.. အမှတ်၆၀ အထက်တန်းကျောင်းက သူငယ်ချင်း အတော်များများကို မေးဖူးပေမဲ့ ဝမ်လင်းက အထင်ကြီးစရာမရှိဘူးလို့ အားလုံးက ပြောကြတယ်"

လီမင်ယောင်က ထိုစကားကို ပြောလိုက်ချိန်တွင် ဝမ်လင်း၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွှတ်သွားသည်ကို ဝမ်မင် မြင်လိုက်ရသည်။

သူက ချက်ချင်းဆိုသလို စဥ်းစားမိခဲ့သည်။

ဤအတွက် သူ့ညီလေး တစ်ခုခုလုပ်ထားပြီးသား ဖြစ်နိုင်သည်။

ဝမ်လင်းက ကန်တင်းကို အေးအေးဆေးဆေး လိုက်လာသည်မှာ အံ့သြစရာ မရှိပေ။

ဤသည်မှာ "မဟာကာကွယ်ရေးတာအို"၏ အဆင့်မြှင့်တင်ထားသောဗားရှင်း ဖြစ်သည်။

ယခုတစ်ကြိမ် ဥက္ကဌပိုင် နှင့် အဖြစ်အပျက်ကြောင့် ဝမ်လင်းက ထိုမဟာတာအိုအား အထူးတလည် ပြုပြင်ခဲ့သည်။

အဆင့်မြှင့်တင်ထားသော "မဟာကာကွယ်ရေးတာအို" အသက်ဝင်လာသောအခါ ဝမ်လင်းက အချက်ပြမျှော်စင်တစ်ခုလိုဖြစ်လာပြီး သူနှင့် သုံးမီတာအတွင်းရှိ လူများကသာ သူ့ကို မှတ်မိမည် ဖြစ်သည်။

ဟုတ်ပါသည်၊ ဝမ်လင်းက မဟာကာကွယ်ရေးတာအို၏ အစွမ်းဖြင့် ပိတ်ဆို့မထားသည့် လူတချို့လည်း ရှိသည်။

၎င်းတို့ထဲမှ အများစုမှာ ဝမ်လင်း နှင့် နေ့စဉ်ဘဝတွင် ပိုမိုရင်းနှီးသောသူများ ဖြစ်သည်။

ထိုသူများမှာ သူ၏ ဆွေမျိုးများအပြင် သူ၏ တပည့်ကျိုးရီ၊ ကျင့်ကြံခြင်း ဖိုရမ်ရှိ သူ၏ သူငယ်ချင်းများနှင့် ကျောင်းရှိ ဆရာအချို့ ဖြစ်သည်။

ဝမ်မင် နှင့် ဝမ်မင်တို့ ဘာမှ မပြောသည်ကို မြင်လိုက်ရသဖြင့် ဝမ်လင်းကို သိကြသည်ဟု လီမင်ယောင်က အခိုင်အမာ ယုံကြည်နေပြီ ဖြစ်သည်။

ထို့ကြောင့် သူက သူ၏ စျေးနှုန်းများကို ထပ်မံ တိုးမြှင့်လိုက်တော့သည်။

"အတန်းဖော် ဝမ်လင်းကို ရှာတွေ့အောင် ကူညီပေးနိုင်သရွေ့ စကေးလ် အက်ပ်ရဲ့ VIP အကောင့်တစ်ခု ပေးမယ်.. ဒီအကောင့်ရှိရင် အဆင့်တစ်ကနေ အဆင့်လေးထိ မှော်စကေစလ်းတွေအပြင် အက်ပ်ထဲမှာ ရှိသမျှ စကေးလ်တွေကို စိတ်ကြိုက် ရှာဖွေကြည့်ရှုနိုင်တယ်"

သို့သော် လီမင်ယောင် စကားဆုံးသည်နှင့် ဝမ်မင် နဲ့ ဝမ်လင်းက အတူတူ မတ်တပ်ထရပ်လိုက်ကြသည်။

"တောင်းပန်ပါတယ်.. ကျောင်းသား ဝမ်လင်းကို ငါတို့ မသိပါဘူး.. တခြားတစ်ယောက်ကို မေးဖို့ ကြိုးစားကြည့်ပါလား"

ဝမ်မင်က လီမင်ယောင်၏ ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်သည်။

လီမင်ယောင် ပြန်မဖြေခင် ဝမ်မင်က လီမင်ယောင်ကို ချက်ချင်းဆိုသလို "ကျေးဇူးတင်ပါတယ်"ဟု ပြောလိုက်သည်။

လီမင်ယောင်က ကိုယ်ဖော်သည့်ဆေးကို ကိုယ်ပြန်စားလိုက်ရသည်။

ဤသည်မှာ ဝမ်မင်၏ အကျင့်ပင် ဖြစ်သည်။

အပိုင်း(၇၂၀) ပြီး၏။

All Chapters