← Chapters

စည်းလုံးခြင်းသည်အင်အား..

Vol. 49 Ch. 721

စည်းလုံးခြင်းသည်အင်အား..

Vol. 49 Ch. 721

ဝမ်လင်းက လီမင်ယောင်နှင့် တွေ့ဆုံပြီးနောက်တွင် သူလုံးဝနာမည်ကြီးနေမှန်း သိသွားခဲ့သည်။

ဥပမာပြရလျှင် စုန့်ဟိုင်မြို့၏ မိသားစုကြီး၄ခုကို ပြရမည်ဖြစ်သည်။

မိသားစုကြီး၄ခု၏ အာရုံကို ဆွဲဆောင်နိုင်သည်ကပင် ဤပြဿနာက မည်မျှပြင်းထန်မှန်း သက်သေပြနိုင်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ဝမ်လင်းက သူ၏ ဝိသေသလက္ခဏာကို အစောပိုင်းကတည်းက ထိန်းသိမ်းခဲ့သည်။

မဟာအကာအကွယ်တာအို၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းကြောင့် သူ့ကို စုံစမ်းရန်မှာ မဖြစ်နိုင်သလောက် ရှိသော်လည်း ဝမ်လင်းအနေဖြင့် အနည်းငယ် စိုးရိမ်စပြုလာသည်။

ယခင်က နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းသည် သူ့ကို ခြေရာခံနိုင်စွမ်း မရှိခဲ့သဖြင့် သူ့အနီးအနားရှိ လူအားလုံး နီးပါးကို ဒုက္ခရောက်စေခဲ့သည်။

နိုင်ငံရပ်ခြား အင်အားစုတစ်ခု ဖြစ်သည့် ညဦးစီးမှူးအဖွဲ့သည် ဤအချိန်တွင် သူ့ကို လက်စားချေမည့် အစီအစဉ်အား အမှန်တကယ် အကောင်အထည် ဖော်နိုင်ပါသလော။

နေ့လည်စာစားပြီး နာရီဝက်ခန့်အကြာတွင် ဝူကျန်းကျွင့် မောင်းနှင်သော သက်တန့်မြက်သေတ္တာသည် သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေ အလယ်ပိုင်းဇုန်ရှိ လုံခြုံသောအခြေစိုက်စခန်းသို့ ရောက်ရှိတော့မည် ဖြစ်သည်။

အခြေစိုက်စခန်းသို့ မရောက်ခင်တွင် ကျောင်းသားအားလုံးသည် အထူးပြုလုပ်ထားသော စမတ်နာရီ တစ်လုံးစီကို လက်ခံရရှိခဲ့ကြသည်။

ဆိုရလျှင် ဟွာရှို့မဟာမိတ်သည် ဖြစ်လာနိုင်သည့် အချက်များစွာကို ထည့်သွင်းစဉ်းစားခဲ့ပြီးနောက်တွင် ကျောင်းသားများ ယူဆောင်လာခဲ့သည့် အီလက်ထရောနစ် ပစ္စည်းအားလုံးကို သိမ်းဆည်းခဲ့ပြီး သူတို့ အထူးတလည် ပြုလုပ်ထားသည့် စမတ်နာရီများကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

တာဝန်ရှိသူများသည် သားရဲဘုရင်၏ အကြွင်းကျန်နယ်မြေ တစ်ဝက်ကျော်ကို လွမ်းခြုံထားနိုင်သည့် အချက်ပြမျှော်စင်တစ်ခုအား သက်တံ့မြက်သေတ္တာ အတွင်း၌ ယာယီတည်ဆောက်ထားခဲ့သည်။

စမတ်နာရီတွင် ကင်မရာလုပ်ဆောင်ချက် မပါရှိသော်လည်း မတူကွဲပြားသော ကျောင်းများမှ ကျောင်းသားများ အချင်းချင်း ပိုမို ရင်းနှီးကျွမ်းဝင်လာစေရန်အတွက် ချက်ဂရုများဖွဲ့၍ ဆွေးနွေးမှုများကို အသုံးပြုနိုင်ပေသည်။

ဟုတ်ပါသည်၊ အရေးအကြီးဆုံးအချက်မှာ ဤနာရီများသည် အကာအကွယ် ပစ္စည်းတစ်ခုလည်း ဖြစ်၏။

နာရီတစ်လုံးစီတွင် အက်ပလီကေးရှင်း တစ်ခုစီ ပါရှိပြီး အကူအညီတောင်းရန်အတွက် ကလစ်တစ်ချက် နှိပ်ရန်သာလိုအပ်၏။

ထိုခလုတ်ကို နှိပ်လိုက်ခြင်းသည် မီးပန်းပစ်ဖောက်၍ အချက်ပေးလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။

ထိုသို့ ပြုလုပ်လိုက်သည်နှင့် သက်တန့်မြက်သေတ္တာသည် သားရဲဘုရင်၏ အကြွင်းကျန်နယ်မြေထဲရှိ ကျောင်းသား၏ တည်နေရာနှင့် ပတ်သက်သည့် အချက်အလက်များကို ချက်ချင်း ရရှိသွားမည် ဖြစ်၏။

ဝမ်လင်းသည်လည်း အခြားသူများကဲ့သို့ လက်ပတ်နာရီတစ်လုံးကို လက်ခံရရှိခဲ့သည်။

ထိုအခါ သူသည် ချက်ဂရုတစ်ခု ထဲသို့ အလိုအလျောက် ရောက်နေသည်ကို တွေ့လိုက်ရသည်။

ထိုချက်ဂရုထဲတွင် မန်ဘာ ၁၀၀၀ကျော် ရှိပြီး သားရဲဘုရင်အကြွင်းအကျန် နယ်မြေသို့ လာရောက် လည်ပတ်နေသည့် အဖွဲ့တစ်ခုလုံး ပါဝင်သည်။

ကံမကောင်းစွာဖြင့် နာရီတွင် စမတ်ID လုပ်ဆောင်ချက်ပါရှိသောကြောင့် လူတိုင်းသည် ၎င်းတို့၏ အမည်ရင်းများဖြင့်သာ ချက်ဂရုသို့ ချိတ်ဆက်နိုင်မည် ဖြစ်သည်။

ကျောင်းသားတစ်ဦးက နာရီကို ဝတ်ထားသည်နှင့် ချက်ဂရုသို့ အလိုအလျောက် ထည့်သွင်းမည် ဖြစ်ပြီး ဆော့ဝဲလ်ကလည်း ၎င်းတို့မည်သူ ဖြစ်သည်ကို ဖော်ပြမည်ဖြစ်၏။

ထို့ကြောင့် ဝမ်လမ်း ချက်ဂရုထဲသို့ ဝင်ရောက်လာသောအခါတွင် မက်ဆေ့များသည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့သည်။

“အို.. ဘုရားရေ.. ဝမ်လင်းလား”

“ဘယ်ဝမ်လင်းလဲ”

“မကြာသေးမီက ကျော်ကြားတဲ့ ကံကြမ္မာအင်ပါယာဝမ်လင်းလား”

“ဘယ်လို.. ချက်ဂရုထဲမှာ ဝမ်လင်းလည်း ရှိနေတာလား”

“အတန်းဖော်ဝမ်လင်း.. ကျေးဇူးပြုပြီး ပြောပြပါ.. မင်းဘယ်အဆောင်မှာ ရှိနေတာလဲ.. မင်းရဲ့ အမှတ်တရ လက်မှတ်တွေကို လာယူလို့ရမလား”

“အတန်းဖော်ဝမ်လင်း.. ကျေးဇူးပြုပြီး ငါနဲ့ဓာတ်ပုံ တွဲရိုက်ပေးပါလား”

ဝမ်လင်း “……….”

မဟာအကာအကွယ်တာအို အဆင့်မြှင့်တင်ထားသော ဗားရှင်းသည် သူ့အကြောင်း သတင်းအချက်အလက် တမင်တကာ တောင်းဆိုနေသူများကို စီစစ်ခဲ့ပြီး အွန်လိုင်းတွင်လည်း အလားတူပင် လုပ်ဆောင်ခဲ့သည်။

သို့သော် ဥက္ကဌပိုင်နှင့် အဖြစ်အပျက်အပြီးတွင် သူက လူအများ၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာလိမ့်မည်ဟု ဝမ်လင်းဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

သို့သော် ကံကောင်းထောက်မစွာပင် မဟာတာအိုအကာအကွယ်၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းသည် အလွန်ပင် အကျိုးသက်ရောက်မှု ရှိသည်။

ဝမ်လင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မေးမြန်းနေသူများ ရှိသော်လည်း မည်သူမှ အဖြေမပေးနိုင်ခဲ့ပေ။

ဤသည်မှာ မဟာအကာအကွယ်တာအို၏ စွမ်းရည်ပင်ဖြစ်သည်။

ထို့ကြောင့် အခြားအထက်တန်းကျောင်းမှ ကျောင်းသားများသည် ကူကယ်ရာမဲ့စွာဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ဆိုရလျှင် အမှတ်၆၀ အထက်တန်းကျောင်းသည် အမှန်တကယ် စည်းလုံးပေသည်။

ဝမ်လင်းနှင့် ပတ်သက်၍ လူတော်တော်များများက နှုတ်ပိတ်ထားကြပြီး မည်သူမျှ ထုတ်ဖော်ပြောဆိုရန် ဆန္ဒမရှိခဲ့ကြပေ။

အမှန်တကယ်တွင် လူတိုင်းသည် ထိုအချက်ကို နားလည်နိုင်ပေသည်။

အဆုံးသတ်တွင် ဤသည်မှာ ကျောင်းသားတစ်ယောက်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တောင်းခံခြင်းဖြစ်သည်။

ဝမ်လင်းက အရာခပ်သိမ်း၏ ဗဟိုချက်တွင် ရှိနေဆဲ ဆိုသည်ကို အမှတ်၆၀ အထက်တန်းကျောင်းမှ လူတိုင်းက သိသည်။

ထို့ကြောင့် အချက်အလက်များကို မထိန်းချုပ်လျှင် ဝမ်လင်း၏ အသက်ကို အမှန်တကယ် ထိခိုက်စေမည် ဖြစ်ကြောင်း အမှတ်၆၀ အထက်တန်းကျောင်းမှ ဆရာများက ကျောင်းသားများအား သတိပေးခဲ့သည်။

အခြားသော အထက်တန်းကျောင်းများမှ ဆရာများနှင့် ကျောင်းသားများသည် အမှတ်၆၀ အထက်တန်းကျောင်းအား ဤမျှအထိ စည်းလုံးညီညွတ်ကြမည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ကြပေ။

အမှတ်၆၀ အထက်တန်းကျောင်းမှ ဆရာများ သာမက ကျောင်းသားများသည်လည်း ဝမ်လင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ဆန္ဒရှိကြပုံ မရပေ။

ဤသည်က ဩချရလောက်သော စည်းလုံးမှု ဖြစ်သည်။

ထိုခဏဝယ် အခြားသော ကျောင်းများမှ ဆရာများနှင့်ကျောင်းသားများသည် ဖန်သားပြင်ကို စိုက်ကြည့်ကာ ကူရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ကြသည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း စုန့်ဟိုင်မြို့တွင် သတင်းအထွက်ဆုံးကျောင်းမှာ အမှတ်၆၀ အထက်တန်းကျောင်းဖြစ်သည်။

ထိုကျောင်းက အရိပ်အဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး စစ်ရေး ပူးပေါင်းလေ့ကျင့်မှုတွင်လည်း မိစ္ဆာအင်ပါယာ၏ ကလဲ့စားချေရန် ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။

အဆုံးသတ်တွင် အမှတ်၆၀ အထက်တန်းကျောင်းသည် ၎င်းတို့ကို ကောင်းမွန်စွာ တုံ့ပြန်နိုင်ခဲ့သည်။

ဤသည်က စည်းလုံးခြင်း၏စွမ်းအား ဖြစ်နိုင်ပါသလော။

လီမင်ယောင်သည် သူ၏အခန်းထဲတွင် ဝမ်လင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို လေးလေးနက်နက် တွေးတောနေခဲ့သည်။

အဆောင်တစ်ခုတွင် လူနှစ်ယောက် နေထိုင်ရပြီး လီမင်ယောင်၏ အခန်းဖော်မှာ စုန့်ဟိုင်မြို့၏ မိသားစုကြီး၄ခု အနက်မှ ကျိုးမိသားစု၏ တတိယမြောက်သခင်လေး ကျိုးယိုကျန့် ဖြစ်သည်။

တစ်နည်းအားဖြင့် လီမင်ယောင်နှင့် ကျိုးယိုကျန့်တို့သည် အတော်လေး ဆင်တူကြသူများ ဖြစ်သည်။

ပထမအချက်အနေဖြင့် ၎င်းတို့သည် ၎င်းတို့၏ မိသားစုတွင် တတိယ သခင်လေးများ ဖြစ်ကြသည်။

သူတို့နှစ်ဦးစလုံးသည် အထက်တန်းကျောင်းတွင် ပညာသင်ကြားနေကြသူများ ဖြစ်သည်။

ထို့ပြင် ၎င်းတို့သည် ကျင့်ကြံခြင်း နယ်ပယ်အဆင့်နှင့် အလုံးစုံ စွမ်းအားများတွင် ကွာခြားမှု မရှိသလောက် နည်းပါးသည့် မိသားစုထဲရှိ အခြားသော သခင်လေးများနှင့် အာဏာရရန်ပြိုင်ဆိုင်နေကြသည်။

ထို့ကြောင့် သူတို့နှစ်ဦးစလုံးသည် ကံကြမ္မာကောင်းမွန်ရန် အထူး လိုအပ်နေ၏။

သူတို့အနေဖြင့် မိသားစု၏ ဆက်ခံသူဖြစ်ရန် အကောင်းမွန်ဆုံးနည်းလမ်းမှာ ကံကြမ္မာအလွန်ကောင်းသူကို ရှာဖွေပြီး ထိုသူနှင့်မိတ်ဆွေဖွဲ့ရန် ဖြစ်သည်။

သူတို့နှစ်ဦးစလုံးသည် ဥက္ကဌပိုင်နှင့် အဖြစ်အပျက်ပြီးနောက်တွင် ဝမ်လင်းကို တစ်ချိန်တည်း မျက်စိကျခဲ့ကြသည်။

ထို့ကြောင့် ဝမ်လင်းကို ဆွဲဆောင်နိုင်မည့် အစီအစဉ်ကို ချမှတ်ခဲ့ကြသည်။

ဝမ်လင်းက အခြေခံတည်ထောင်ခြင်း အလယ်အလတ် အဆင့်တွင်သာ ရှိသေး‌ကြောင်း သတင်းများ ထွက်ပေါ်နေသောကြောင့် သူတို့၏ ဆွဲဆောင်မှုအစီအစဉ်ကို လိုက်လျောညီထွေမှု ရှိစေရန် ပြင်ဆင်ထားခဲ့သည်။

သူတို့၏ ဆွဲဆောင်မှုကို အခြေခံတည်ထောင်ခြင်းအဆင့်ကျင့်ကြံသူ မဆိုထားနှင့် အခြေခံတည်ထောင်ခြင်း နှောင်းပိုင်းအဆင့် သို့မဟုတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင် ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ပေ။

ချက်ဂရုထဲတွင် အမှတ်၆၀ အထက်တန်းကျောင်းမှလူများ တင်းတင်းကျပ်ကျပ် နှုတ်ဆိတ်နေသည်ကို မြင်ပြီးနောက်တွင် ကျိုယိုကျန့်နှင့် လီမင်ယောင် တို့သည် အချိန်အတော်ကြာ ငြိမ်သက်သွားခဲ့ကြသည်။

ခဏအကြာတွင် လီမင်ယောင်က ကျိုးယိုကျန့်ကို ပြောလိုက်သည်။

“အမှတ်၆၀ အထက်တန်းကျောင်း တစ်ကျောင်းလုံးက ဒီလောက်ထိ စည်းလုံးလိမ့်မယ်လို့ ဘယ်လိုမှ မထင်ထားခဲ့ဘူး.. စောစောကပဲ စားသောက်ခန်းထဲမှာ အမှတ်၆၀ အထက်တန်းကျောင်းက ဆရာတစ်ဦးနဲ့ ကျောင်းသားတစ်ဦးကို ငါတွေ့ခဲ့တယ်.. သူတို့က ဝမ်လင်းဘယ်သူလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိပေမဲ့ ငါ့ကို မပြောပြခဲ့ကြဘူး.. ကြည့်ရတာ ငါတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပိုပြီး နှိမ့်ချသင့်တယ်လို့ ထင်တယ်”

ကျိုးယိုကျန့်က တွေးတွေးဆဆ ပြောလိုက်သည်။

“နှိမ့်ချရမယ် ဟုတ်လား.. ဘာကိုဆိုလိုချင်တာလဲ”

“စဉ်းစားကြည့်လေ.. ငါတို့က မိသားစုကြီး၄ခုထဲမှာ ပါနေတယ်လို့ သွားပြောတာက နည်းနည်းလေး ရိုင်းစိုင်းပုံ ပေါက်မနေဘူးလား.. အဲဒီလို သွားပြောလိုက်ရင် လူတွေက သိပ်သဘောမကျတတ်ကြဘူး”

ကျိုးယိုကျန့်က သုံးသပ်ချက် ပေးလိုက်သည်။

“ဒါကြောင့် စုံစမ်းမေးမြန်းတဲ့အခါမှာ ငါတို့ရဲ့ ချမ်းသာမှုကို ထည့်မပြောဖို့ လိုအပ်မယ်လို့ ငါထင်တယ်”

လီမင်ယောင် “ညီနောင်ကျိုး ဆိုလိုချင်တဲ့ အဓိပ္ပါယ်က…”

“ဝမ်လင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုံစမ်းချင်တယ်ဆိုရင် မိသားစုကြီး၄ခုက သခင်လေးတွေအဖြစ် ငါတို့ရဲ့အချက်အလက်ကို မဖော်ပြသင့်ဘူး”

ကျိုးယိုကျန့် “ဒီလိုလုပ်ပါလား .. ငါတို့က ဝမ်လင်းရဲ့ ငယ်သားတွေလို့ ချက်ဂရုထဲမှာ ပြောလို့ရတယ်လေ.. အဲဒီလို လုပ်လိုက်ရင် အမှတ်၆၀ အထက်တန်းကျောင်းက လူတွေက ဝမ်လင်းရဲ့အကြောင်းကို ထုတ်ပြောလိမ့်မယ်လို့ ငါထင်တယ်"

လီမင်ယောင် “……….”

အပိုင်း(၇၂၁) ပြီး၏။

All Chapters