ပိတ်ပင်ခြင်း အခွင့်အာဏာ နည်းပညာ
Vol. 49 Ch. 722
သူတို့၏ အကြံအစည်က နတ်ဘုရားများပင် နှစ်သက်လောက်သည်ဟု ကျိုးယိုကျန့်နှင့် လီမင်ယောင်တို့က ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။
အမှတ်၆၀ အထက်တန်းကျောင်းက အတင်းအကျပ် နှုတ်ဆိတ်နေလျှင်ပင် အတန်းဖော်ဝမ်လင်းက သူတို့လို မိသားစုကြီးမှ သခင်လေး နှစ်ယောက်ကို အမှန်တကယ် လျစ်လျူရှုနိုင်ပါမည်လော။
ကျိုးယိုကျန့်နှင့်လီမင်ယောင်တို့၏ စိတ်ထဲတွင် အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူ အများစုသည် အမြင်မကျယ်ကြပေ။
ဝမ်လင်းအား ဆွဲဆောင်မည့် သူတို့၏အစီအစဉ် အောင်မြင်မည်ဟု ယုံကြည်နေရသည့် အကြောင်းအရင်းမှာ ဥက္ကဌပိုင်နှင့်အဖြစ်အပျက် အပြီးတွင် ဝမ်လင်းနှင့် ပတ်သက်သည့်အဖြစ်အပျက်အချို့ကို စုံစမ်းရန် လူတချို့အား လျှို့ဝှက်စေလွှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့နောက်တွင် ဝမ်လင်းက အစိုးရထောက်ပံ့ကြေးကို ယူခဲ့ရကြောင်း သူတို့ စုံစမ်းသိရှိခဲ့ရသည်။
ဤထောက်ပံ့ကြေးက မည်သည့်အရာဆိုသည်ကို အတိအကျမသိသော်လည်း အတန်းဖော်ဝမ်လင်း လက်ခံလိုက်သည်ကိုထောက်လျှင် အတန်းဖော်ဝမ်လင်း၏ မိသားစုအခြေအနေက ချို့တဲ့နေမှန်း ထင်ရှားနေသည် မဟုတ်ပါလော။
သူတို့အနေဖြင့် ဝမ်လင်းကို လူ့အဖွဲ့အစည်း၏ အထက်တန်းအဆင့်အား ထိတွေ့နိုင်ရန် အတွက် အခွင့်အရေးပေးနေသည်ဟု ကျိုးယိုကျန့်နှင့် လီမင်ယောင်တို့က ခံစားမိခဲ့သည်။
၎င်းတို့အနေဖြင့် အပေါ်ယံတွင် သကြားဖုံးအုပ်ထားသည့် ၎င်းတို့၏အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ရန်သာ လိုအပ်၏။
ဆိုရလျှင် သူတို့လို သူဌေးသားများက ချို့တဲ့ကျောင်းသားတစ်ဦးကို မစည်းရုံးနိုင်စရာ ဘာအကြောင်းမှ မရှိပေ။
ဝမ်လင်းက သူ့အကြောင်းမေးမြန်းနေသည့် မက်ဆေ့များပြည့်နှက်နေသော ချက်ဂရုကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။
ဤတစ်လျောက်လုံးတွင် သူသည် လူအများအပြားနှင့် ထိတွေ့ဆက်ဆံခဲ့ရသည်။
ထိုအချိန်က ကျိုးရီသည် သူ့ကို ရှာဖွေရန်အတွက် ဒုက္ခများပင်ကြုံတွေ့ခဲ့ရသည်။
သို့သော် နောက်ဆုံးတွင် ဝမ်လင်းသည် ကျိုးရီကို တပည့်အဖြစ် အသိအမှတ်ပြုလိုက်သည်။
ကျိုးရီကို လက်ခံခဲ့ရသည့် အဓိက အကြောင်းအရင်းမှာ ကျိုးရီက သူ့ကို ပေးအပ်ခဲ့သည့် ခေါက်ဆွဲခြောက်စားသုံးခွင့် မန်ဘာကတ်ကြောင့် မဟုတ်ပေ။
ဝမ်လင်းက သူတို့၏ကံကြမ္မာ မည်မျှ ဆက်နွယ်နေသလဲဆိုသည်ကိုသာ ပို၍ အာရုံစိုက်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော ၆နှစ်ခန့်က ကမ္ဘာခြားဂိတ်တံခါးမှ နတ်ဆိုးများဆင်းသက်လာစဉ်ကပင် သူတို့၏ ကံကြမ္မာသည် နားမလည်နိုင်စွာ ချည်နှောင်သွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် ကျိုးရီသည် ဝမ်လင်း၏ ပထမဦးဆုံးသော ကြားဝင်ခံသူ ဖြစ်လာခဲ့သည်။
ထို့ကြောင့် ဝမ်လင်းအတွက် ကျိုးရီသည် ဖြတ်သွားဖြတ်လာတစ်ဦး မဟုတ်ဘဲ သူ့ကံကြမ္မာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့သည်။
စွမ်းအားများကို ထိန်းချုပ်မရသည်က လွဲလျှင် သူ့ကိုယ်သူ သာမန်ကလေး တစ်ယောက်ဟုသာ ဝမ်လင်း ငယ်စဉ်ကတည်းက အမြဲတွေးခဲ့သည်။
သူက သရေစာစားရသည်ကို ကြိုက်နှစ်သက်သလို ကာတွန်းကား ကြည့်ရသည်ကိုလည်း နှစ်သက်သည်။
ဝမ်လင်းက သာမန်လူသားတစ်ယောက် ဖြစ်၍ ကျိုးယိုကျန့်နှင့် လီမင်ယောင်တို့ ပြောခဲ့သည့် အပေါ်ယံ သကြားဖုံးထားသည့် အရာများကို နှစ်သက်မည်မှာ သေချာသော်လည်း မှန်ကန်သောနည်းဖြင့်သာ ရယူချင်သူမျိုး ဖြစ်သည်။
ဝမ်လင်းက သူအလိုရှိသည့်အရာကို တန်ရာတန်ကြေးဖြင့်သာ ရယူတတ်သည်။
ဆိုရလျှင် ကောင်းကင်တာအို၏ ညီမျှသောဖလှယ်ခြင်း နိယာမကို ဝမ်လင်း ငယ်စဉ်ကတည်းက အသုံးပြုခဲ့ခြင်း ဖြစ်သည်။
အလကားစားသုံးရသော နေ့လည်စာ ဆိုသည်မှာ မရှိပေ။
အရာအားလုံးတွင် သူ့တန်ဖိုးနှင့်သူ ရှိပေသည်။
ထို့ကြောင့် ဝမ်လင်းက ကျိုးယိုကျန့်နှင့် လီမင်ယောင်တို့ကို လုံးဝ ဂရုမစိုက်ခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း ဝမ်မင်က ဝမ်းသာနေသည်။
အစောပိုင်းတွင် စားသောက်ခန်းထဲ၌ တွေ့ခဲ့ရသော လီမင်ယောင်သည် ချမ်းသာသော ဒုတိယမျိုးဆက် သခင်လေးတစ်ယောက် ဖြစ်သည်။
လက်ရှိအချိန်တွင် အရာအားလုံးသည် ပိုမိုစိတ်ဝင်စားဖွယ် ကောင်းလာပြီ ဖြစ်၏။
အကြောင်းအရင်းမှာ ကျိုးမိသားစု၏ တတိယသခင်လေး ကျိုးယိုကျန့်ပင် ပါဝင်လာသောကြောင့် ဖြစ်သည်။
ဤသည်က ရိုးရှင်းစွာပင် သူ့အတွက် ၂ဆ ပျော်စရာ ဖြစ်သည်။
ဗဟိုဘေးကင်းဇုန်သို့ သက်တန့်မြက်သေတ္တာ မရောက်မီ နာရီဝက်အလိုတွင် လီမင်ယောင်နှင့် ကျိုးယိုကျန့်တို့သည် ချက်ဂရုထဲတွင် စတင် လှုံ့ဆော်ခဲ့ကြသည်။
တစ်ကမ္ဘာလုံးကို ကြေညာနေသကဲ့သို့ လီမင်ယောင်က ချက်ဂရုထဲတွင် တိုက်ရိုက် ကြေညာခဲ့သည်။
“အမှတ်၆၀ အထက်တန်းကျောင်းက ချစ်လှစွာသောသူငယ်ချင်းတို့.. မင်းတို့ ငါ့ကို မပြောပြရင်လည်း ဘာမှမဖြစ်ပါဘူး.. ကျိုးယိုကျန့်နဲ့ ငါက အတန်းဖော်ဝမ်လင်းနဲ့ တွေ့ခဲ့ပြီးပြီ.. ပြီးတော့ အတန်းဖော်ဝမ်လင်းကို ငါတို့ရဲ့ အစ်ကိုကြီးအဖြစ် တောင်းဆိုထားပြီးပြီ.. ငါတို့စကားကို မယုံရင် မင်းတို့ပြန်မေးကြည့်လို့ရတယ်”
သူတို့၏ စကားများက ချက်ဂရုထဲမှ လူများကို အံ့ဩသွားစေခဲ့သည်။
ဤသည်က ဟာသတစ်ခု ဟုတ်ပုံမရပေ။
အကယ်၍ ဟာသတစ်ခုသာဆိုလျှင် ဤကြေညာချက်၏ အဆုံး၌ ရယ်စရာကောင်းသည့် အီမိုဂျီတစ်ခုခု ရှိနေသင့်သည် မဟုတ်ပါလော။
ထို့ပြင် ဤချက်ဂရုသည် ကျောင်းအသီးသီးမှ ဆရာများပါဝင်နေသော ချက်ဂရု ဖြစ်သည်။
လီမင်ယောင်နှင့် ကျိုးယိုကျန့်ဆိုသည်မှာ မည်သူနည်း။
၎င်းတို့သည် စုန့်ဟိုင်မြို့၏ဘမိသားစုကြီး၄ခုထဲမှ လီမိသားစုနှင့် ကျိုးမိသားစု၏ သခင်လေးနှစ်ဦး ဖြစ်ကြသည်။
ကျောင်းတွင် ဆရာဆရာမများ၏ မျက်နှာသာပေးခြင်းကို ခံရသူများ ဖြစ်၏။
သူတို့ကိုဆုံးမလျှင်ပင် လေသံပြင်းပြင်းဖြင့် မဆုံးမရဲကြပေ။
ယခုအခါတွင် သူတို့နှစ်ယောက်သည် ကျောင်းသားဝမ်လင်း၏ ငယ်သားများဖြစ်ကြောင်း ကြေညာလိုက်ကြပြီဖြစ်သည်။
အခြားကျောင်းမှ ကျောင်းသားများနှင့် ဆရာများသာမကဘဲ ချက်ဂရုထဲရှိ အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများနှင့် ဆရာများပင် မှင်တက်သွားခဲ့သည်။
သို့သော် တစ်ခဏအတွင်းမှာပင် အမှတ်၆၀ အထက်တန်းကျောင်းမှ လူများသည် ဝမ်လင်း၏ ပင်ကိုစရိုက်ကြောင့် ထိုစကားကို သံသယဝင်လာခဲ့ကြသည်။
ဆိုရလျှင် ဝမ်လင်းသည် ပုံမှန်အားဖြင့် စကားပြောဆိုလေ့ ရှိသူမဟုတ်ပေ။
အကယ်၍သာ ဥက္ကဌပိုင်နှင့် အဖြစ်အပျက်သာ မရှိခဲ့လျှင် ဝမ်လင်းကို လူတော်တော်များများ သိကြလိမ့်မည် မဟုတ်ချေ။
အတိုချုပ် ပြောရလျှင် အမှတ်၆၀ အထက်တန်းကျောင်းမှ လူများ၏ အမြင်တွင် ဝမ်လင်းသည် အထီးကျန် သူရဲကောင်း တစ်ယောက်သာ ဖြစ်သည်။
ဝမ်လင်းက အပြင်လူ မဆိုထားနှင့် ချန်းချောင်နှင့် ကော်ဟောက် ကဲ့သို့သော သူ့အတန်းဖော်များကိုပင် စကားများများစားစား ပြောဆိုလေ့မရှိပေ။
သူနှင့် မရင်းနှီးသောသူများနှင့် ခပ်ဝေးဝေး နေတတ်သည်။
ထို့ကြောင့် ချန်းချောင်၊ ကော်ဟောက်နှင့် Grade 1 အခန်း ၃မှလူများသည် ဝမ်လင်း စာသင်ခန်းထဲသို့ မရောက်သေးသောအချိန်များတွင် ဝမ်လင်း၏ သရုပ်မှန်နှင့် ပတ်သက်၍ တက်တက်ကြွကြွ ဆွေးနွေးခဲ့ဖူးကြသည်။
အဆုံးသတ်တွင် သူတို့သည် စကားလုံးတစ်လုံးနှင့်သာ နိဂုံးချုပ်နိုင်ခဲ့သည်။
အပြင်ပိုင်းတွင် အေးစက်ပြီး အတွင်းထဲတွင် စိတ်အားထက်သန်မှုရှိသူ..
ဆိုရလျှင် သူတို့သိထားသော ဝမ်လင်း၏စရိုက်သည် လက်အောက်ငယ်သားများ လက်ခံတတ်သည့် စရိုက်မျိုး မဟုတ်ပေ။
ထို့ကြောင့် အမှတ်၆၀ အထက်တန်းကျောင်းမှ လူများသည် ကျိုးယိုကျန့်နှင့် လီမင်ယောင်တို့၏ စကားကို မေးခွန်းထုတ်လာကြသည်။
“တကယ်ကြီးလား.. ငါဘာလို့ မယုံရတာလဲ”
ကော်ဟောက်က ပထမဆုံး မေးခွန်းထုတ်သူ ဖြစ်လာသည်။
အမှတ်၆၀ အထက်တန်းကျောင်းမှ အခြားလူများက ဝမ်လင်း၏ အချက်အလက်နှင့် ပတ်သက်၍ ပြောမပြော မသေချာသော်လည်း Grade 1 အခန်း ၃မှ လူများကမူ ဝမ်လင်းနှင့်ပတ်သက်သည့် အချက်အလက်များကို အခြားကျောင်းမှ လူများအား အမှန်တကယ် ဖြန့်ဝေမည်မဟုတ်ပေ။
မဟာအကာအကွယ် တာအိုအစွမ်းသည် အမှန်တကယ်ပင် သက်ရောက်မှုရှိနေခဲ့သည်။
လိုအပ်သောအချိန်တွင် အကူအညီပေးသော မိတ်ဆွေသည် မိတ်ဆွေစစ်ဖြစ်သည်ဟူသော ဆိုရိုးစကားပင် ရှိသည်မဟုတ်ပါလော။
ထိုအချိန်က အာကာပြင်အက်ကွဲကြောင်းထဲ ဝမ်လင်း စုပ်ယူခံရသော သတင်းကို ကြားသောအခါတွင် Grade 1အခန်း၃ မှ လူများသည် ဝမ်းနည်းကြေကွဲခဲ့ကြရသည်။
ထို့ပြင် အရေးအကြီးဆုံးအချက်မှာ မကြာသေးမီကစပြီး ကျောင်းသားအများစုသည် ဝမ်လင်းအား ကံကြမ္မာအင်ပါယာအဖြစ် သတ်မှတ်ပြီး ဝမ်လင်း၏ ကံကြမ္မာအား စုပ်ယူရန် ကြိုးစားလာကြခြင်း ဖြစ်၏။
“ဒီလီမင်ယောင်နဲ့ ကျိုးယိုကျန့်တို့က ဝမ်လင်းရဲ့ ကံကြမ္မာကို စုပ်ယူဖို့ ကြိုးစားနေကြတာပဲ ဖြစ်ရမယ်”
ချန်းချောင်က ချက်ဂရုထဲမှ အခြေအနေကို သုံးသပ်လိုက်သည်။
သူနှင့် ကော်ဟောက်က တစ်ခန်းတည်း ကျခဲ့သည်။
ဦးနှောက်အနည်းငယ် သုံးတတ်သည့် မည်သူမဆို ဤချမ်းသာသော သခင်လေးနှစ်ယောက်၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်ပေသည်။
သို့ရာတွင် ၎င်းတို့၏ထောင်ချောက်ထဲ ကျရောက်သွားသည့် လူတချို့လည်း ရှိနေခဲ့သည်။
လီမင်ယောင်နှင့် ကျိုးယိုကျန့်တို့၏ စကားကြောင့် ချက်ဂရုအတွင်း အရှိန်အဟုန် မြင့်လာပြီး တချို့ကဆိုလျှင် ဝမ်လင်း၏ အခန်းနံပါတ်ကိုပင် တောင်းဆိုနေခဲ့ကြသည်။
“ဟားဟား.. အလုပ်ဖြစ်သားပဲ”
ချက်ဂရုထဲရှိ မက်ဆေ့များ ပိုမိုများပြားလာသည်ကို မြင်ရသောအခါတွင် လီမင်ယောင်၏ မျက်နှာက တောက်ပလာခဲ့သည်။
“တစ်ယောက်ယောက်က ဖော်ထုတ်လိုက်တာနဲ့ အတန်းဖော်ဝမ်လင်း အကြောင်းကို ငါတို့ သိရတော့မယ်”
ကျိုးယိုကျန့်က ပြုံး၍ ပြောလိုက်သည်။
အဆုံးသတ်တွင် သူတို့နှစ်ဦးစကားပြောပြီးသည်နှင့် မကြာမီမှာပင် ချက်ဂရုထံမှ စနစ်၏ သတိပေးချက်က ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
စနစ်မက်ဆေ့- အသုံးပြုသူ လီမင်ယောင်ကို ၆နာရီကြာ ပိတ်ပင်လိုက်သည်။
စနစ်မက်ဆေ့- အသုံးပြုသူ ကျိုးယိုကျန့်ကို ၆နာရီကြာ ပိတ်ပင်လိုက်သည်။
လီမင်ယောင်နှင့် ကျိုးယိုကျန့် “???”
လီမင်ယောင် နှင့်ကျိုးယိုကျန့်ကို ပိတ်ပင်ခဲ့သူမှာ ဝမ်မင် ဖြစ်၏။
အာဏာဖြင့်ပိတ်ပင်ခြင်း..
ဆိုရလျှင် ဝမ်မင်သည် ဤစမတ်နာရီ အတွင်းပိုင်းရှိ ချက်တင်ဆော့ဝဲကို ဒီဇိုင်းထုတ်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် သူ့တွင် အမြင့်ဆုံးအခွင့်အာဏာ ရှိနေခဲ့၏။
လူနှစ်ယောက်ကို ဘန်းပစ်ရန်မှာ သူ့အတွက် မိနစ်ပိုင်းသာကြာမြင့်ခဲ့သည်။
“ပြီးသွားပြီ”
ဝမ်မင်က သူ့လက်ကို ခါလိုက်သည်။
“ငါ့ညီလေးကို အနိုင်ကျင့်ဝံ့တယ်ပေါ့လေ ဟုတ်လား.. မင်းတို့နှစ်ယောက်က စုန့်ဟိုင်မြို့ရဲ့ မိသားစုကြီး၄ခုထဲက ဖြစ်တော့ရော ဘာလုပ်လို့ရသေးလဲ.. ဝမ်မိသားစုရဲ့ အမွေဆက်ခံသူက ခေါက်ဆွဲအကြွပ်ကြော်တွေကို စွဲလမ်းနေတာကြောင့်သာမဟုတ်ရင် မင်းတို့ မိသားစုကြီး၄ခုက ဘာမှတောင် ဖြစ်လာမှာမဟုတ်ဘူး”
အပိုင်း(၇၂၂) ပြီး၏