← Chapters

ကျင့်ဟွာတော်ဝင်ဆရာများကောလိပ်

Vol. 49 Ch. 723

ကျင့်ဟွာတော်ဝင်ဆရာများကောလိပ်

Vol. 49 Ch. 723

လီမင်ယောင်နှင့် ကျိုးယိုကျန့်တို့သည် စုန့်ဟိုင်မြို့၏ မိသားစုကြီး၄ခုမှ ဖြစ်သည်။

ပုံမှန်အားဖြင့် ကျောင်းအုပ်ဆရာကြီးများပင် သူတို့ကို တွေ့လျှင် ရိုသေမှုရှိရမည် ဖြစ်သည်။

သို့တိုင် သူတို့ကို တိုက်ရိုက်ဘန်းပစ်ရဲသည့် ဆရာတစ်ယောက် အမှန်တကယ် ရှိနေပါသလော။

ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။

အရေးကြီးဆုံးအချက်မှာ ချက်ဂရုထဲ၌ ဇာတ်ရှိန်အမြင့်ဆုံးအချိန်တွင် သူတို့က ဘန်းခံလိုက်ရခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့နှစ်ဦးက အခြားကျောင်းမှ ဆရာများနှင့်ကျောင်းသားများကို မည်သို့ မျက်နှာပြရပါမည်နည်း။

“ငါတို့ရဲ့ဆရာကို ရှာပြီး တားမြစ်ချက်ကို ရုတ်သိမ်းခိုင်းရမယ်”

လီမင်ယောင်က ပြောလိုက်သည်။

ဤနွေရာသီစခန်းသွင်းလေ့လာရေးတွင် ဦးဆောင်ဆရာများအားလုံးကို ချက်ဂရု၏ အက်မင်အဖြစ် သတ်မှတ်ထားကြသည်။

ဤအကြံအစည်က အလုပ်ဖြစ်မည်ဟု တွေးမိကာ လီမင်ယောင်က ချက်ချင်းဆိုသလိုပင် သူ့ဆရာထံ မက်ဆေ့ချ်ပေးပို့လိုက်သည်။

အဆုံးသတ်တွင် သူ၏မက်ဆေ့ချ်သည် တစ်ဖက်မှ မက်ဆေ့ချ် လက်ခံရရှိခြင်း မရှိသေးကြောင်း ပြသသည့် အာမေဋိတ်သင်္ကေတ အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

စနစ်မက်ဆေ့- ပိတ်ပင်ထားသည့် ကာလအတွင်း သင့်ကို ဘလက်လစ် စာရင်းသွင်းထား၍ အဖွဲ့အတွင်းရှိ မည်သူနှင့်မဆို စကားပြောဆိုခြင်းအား တားမြစ်ထားသည်၊ တားမြစ်ကြာချိန် ၅နာရီ ၅၈မိနစ်။

လီမင်ယောင်နှင့်ကျိုးယိုကျန့် “???”

“ပိတ်ပင်ခံရတဲ့အပြင် ဘလက်လစ် စာရင်းပါ အသွင်းခံရတာလား.. ဒါက ဘာတွေဖြစ်ကုန်တာလဲ”

ယခုအချိန်တွင် သခင်လေးနှစ်ယောက် မည်မျှ အဆင်မပြေဖြစ်နေမည်ကို ဝမ်မင်က တွေးနိုင်နေပြီ ဖြစ်သည်။

လီမင်ယောင်နှင့် ကျိုးယိုကျန့်တို့က တားမြစ်ချက်အားပယ်ဖျက်ပေးရန် သူတို့၏ ဆရာကို အကူအညီ တောင်းခံနိုင်သောကြောင့် ဝမ်မင်က ချက်တင်ဆော့ဝဲ၏ စည်းမျဉ်းများကို ပြန်လည်ရေးဆွဲရန် စက္ကန့်၃၀ ခန့် အချိန်ယူခဲ့ရသည်။

ဆိုရလျှင် သူနှင့်ဝူကျန်းကျွင်းတို့ နှစ်ဦးသည် ဤချက်ဂရုတွင် အာဏာအမြင့်ဆုံး ဖြစ်သည်။

ကျန်ဦးဆောင်ဆရာများသည် တစ်စုံတစ်ဦးကို တားမြစ်နိုင်သော်လည်း ဘလက်လစ်စာရင်း မသွင်းနိုင်ကြပေ။

အဓိကအချက်မှာ အာဏာဖြင့်ပိတ်ပင်ခြင်း အဓိကအချက်ကြောင့် လီမင်ယောင်နှင့် ကျိုးယိုကျန့် သာမက ကျန်ရှိသောအထက်တန်းကျောင်းမှ ဆရာများသည်လည်း ထိတ်လန့် အံ့ဩသွားခဲ့သည်။

လီမင်ယောင်နှင့် ကျိုးယိုကျန့်တို့၏ ဆရာက ဝမ်မင်ကို သီးသန့်စကားပြောခန်း တစ်ခုတွင် တိုက်ရိုက် ပြောဆိုခဲ့သည်။

“အမှတ်၆၀ အထက်တန်းကျောင်းက ဆရာဝမ်ရှောင်အာလား.. မင်းက ငါ့တပည့်တွေကို ဘာလို့ ပိတ်ပင်လိုက်တာလဲ”

ဤဆရာ၏အမည်မှာ ယွမ်ဟွာ ဖြစ်ပြီး ကျင့်ဟွာတော်ဝင်ဆရာများ ကောလိပ်မှ ဘွဲ့ရတစ်ဦးလည်း ဖြစ်သည်။

ဝမ်မင်က ဤနွေရာသီစခန်းသွင်းလေ့လာရေး၌ ပါဝင်မည့်ဆရာများ အားလုံးကို လေ့လာခဲ့သည်။

ဤဆရာယွမ်ဟွာ၏ အရည်အချင်းသည် မရိုးရှင်းပေ။

ထို့ပြင် ယခုတစ်ကြိမ် ဦးဆောင်ဆရာများထဲတွင် အဖွဲ့မှူး ဖြစ်သည့် ဝူကျန်းကျွင်း သည်လည်း ကျင့်ဟွာတော်ဝင်ဆရာများကောလိပ်မှ ဘွဲ့ရတစ်ဦး ဖြစ်သည်။

ဝူကျန်းကျွင်း နှင့် ဤဆရာယွမ်ဟွာသည် ရာစုနှစ်၏ အထူးချွန်ဆုံးဘွဲ့ရများ စာရင်းတွင် ပါဝင်ခဲ့သည်။

ယနေ့အချိန်ထိ ကျောင်းဝန်းအတွင်းရှိ ပြပွဲ အဆောက်အဦးတွင် ၎င်းတို့၏ ဓာတ်ပုံများကို ချိတ်ဆွဲထားဆဲ ဖြစ်၏။

ဆိုရလျှင် ကျင့်ဟွာတော်ဝင်ဆရာများ ကောလိပ်၌ ရာစုနှစ်၏ ထိပ်တန်းဘွဲ့ရများအဖြစ် သတ်မှတ်ခံရရန် အရည်အချင်းပြည့်မှီသူ အနည်းငယ်မျှသာ ရှိသည်။

ကျင့်ဟွာတော်ဝင်ဆရာများ ကောလိပ်သည် ဆရာယွမ်ဟွာနှင့် ဝူကျန်းကျွင်းတို့ အပါအဝင် လူ၇ဦးကိုသာ ဤဘွဲ့အား ချီးမြှင့်ခဲ့သည်။

ထို့ကြောင့် ဤကောလိပ်ထွက် ၇ယောက်ကို တော်ဝင်ပညာရှင် ၇ပါးဟု ပြင်ပလောကတွင် လူသိများသည်။

အမှတ်၆၀ အထက်တန်းကျောင်းနှင့် အခြားကျောင်းများ၏ အနာဂတ်ဆက်ဆံရေးကို ထောက်ရှု၍ ဝမ်မင်က ဆရာယွမ်ဟွာအား အတတ်နိုင်ဆုံး ပြေပြစ်သောလေသံဖြင့် ပြောဆိုခဲ့သည်။

“ဆရာယွမ်ဟွာ.. မင်းရဲ့ ကျောင်းသားတွေက ငါ့ကျောင်းသားနဲ့ပတ်သက်ပြီး မဟုတ်မမှန် ပြောဆိုခဲ့တယ်.. ငါသူတို့ကို ၆နာရီပဲပိတ်ပင်ခဲ့တာက အတော်လေး လျှော့ပေါ့ထားတာပဲ.. သူတို့ကြောင့် ငါ့ကျောင်းသားက အနှောင့်အယှက် အများကြီး ဖြစ်ခဲ့ရတယ်.. ငါ့အနေနဲ့ တစ်ပတ်နှစ်ပတ်လောက်ထိ သူတို့ကို ပိတ်ပင်ထားချင်ပေမဲ့ မင်းနဲ့ ဝူကျန်းကျွင့်ရဲ့ မျက်နှာကို ထောက်ထားပြီး ဒီလောက်ထိ လျှော့ပေါ့ပေးထားတာပါ”

ထိုစကားကြောင့် ဆရာယွမ်ဟွာက ဆွံ့အသွားခဲ့သည်။

“……….”

ယွမ်ဟွာက အသက်ကိုခပ်ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“ဆရာဝမ်.. ဒီကျောင်းသား နှစ်ယောက်က ဘယ်သူလဲဆိုတာ မင်းလည်းသိတာပဲ မဟုတ်လား”

“သိတယ်”

ဝမ်မင်က ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။

“သူတို့က စုန့်ဟိုင်မြို့ရဲ့ မိသားစုကြီး ၄ခုထဲက လီမိသားစုနဲ့ ကျိုးမိသားစုတွေရဲ့ တတိယ သခင်လေးတွေပဲ.. ဒါပေမဲ့ ငါပိတ်ပင်ထားတဲ့လူတွေက လီမင်ယောင်နဲ့ ကျိုးယိုကျန့်ပါ.. အဲဒီတတိယသခင်လေးတွေနဲ့ ဘာဆိုင်လို့လဲ”

“……….”

ယွမ်ဟွာ “ဆရာဝမ်.. ငါတို့ ကျောင်းနှစ်ကျောင်းကြားက ဆက်ဆံရေးအတွက် မင်းအနေနဲ့ တားမြစ်ချက်ကို ရုတ်သိမ်းလိုက်တာ ပိုကောင်းမယ်လို့ ငါထင်တယ်.. သိပ်မကြာခင်မှာ အခြေစိုက်စခန်းကို ရောက်ရှိတော့မှာ ဖြစ်တယ်.. ဒီကိစ္စကကျောင်းနှစ်ကျောင်းကြားက ကျောင်းသားတွေကို စိတ်မသက်မသာ ဖြစ်စေလိမ့်မယ်.. ဒါက သူတို့ရဲ့ လေ့လာရေး ခရီးစဉ်ကို တစ်စိတ်တစ်ပိုင်း ထိခိုက်စေမယ်လို့ မထင်ဘူးလား”

ဆရာယွမ်ဟွာ၏ စကားက အမှန်တကယ် အဓိပ္ပါယ်ရှိသည်ဟု ဝမ်မင် ခံစားလိုက်ရသည်။

လက်ရှိအချိန်တွင် အမှတ်၆၀ အထက်တန်းကျောင်းသည် အဓိကမြို့ပြ အထက်တန်းကျောင်း ကိုယ်စားလှယ်လောင်းအဆင့်မျှသာ ဖြစ်ပြီး ကျန်အထက်တန်းကျောင်းများမှာ မတူညီသောခရိုင်မှ အဓိကမြို့ပြ အထက်တန်းကျောင်းများ ဖြစ်သည်။

ထိုကဲ့သို့သော အဓိကမြို့ပြ အထက်တန်းကျောင်းမှ ကျောင်းသားများသည် ဂုဏ်သိက္ခာကို အလေးထားကြသည်။

နွေရာသီခရီးစဉ်သည် ကျောင်းသားများ၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်များ တိုးတက်စေရန်အတွက် များစွာအထောက်အကူ ဖြစ်စေသည်။

သို့ရာတွင် ဤလေ့လာရေး ခရီးစဥ်သည် အမှန်တကယ်တွင် ကျောင်းအချင်းချင်း ယှဉ်ပြိုင်မှုတစ်ခုနှင့်ပင် ဆင်တူနေ၏။

ဆရာယွမ်ဟွာက ထိုအရာကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်နိုင်ပေသည်။

ဆရာယွမ်ဟွာသည် အဓိမြို့ပြ အထက်တန်းကျောင်း ဖြစ်သည့် အကြွင်းအကျန် အထက်တန်းကျောင်းမှ နာမည်ကျော်ဆရာတစ်ဦး ဖြစ်သည်။

သူ၏ကျောင်းသားများက ပြိုင်ပွဲတွင် ခင်မင်ရင်းနှီးမှုကို ဂရုမစိုက်ဘဲ အမှတ်၆၀ အထက်တန်းကျောင်းကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့လျှင် မခက်ပေလော။

ဝမ်မင်က အချိန်အတော်ကြာသည်အထိ ပြန်မဖြေသည်ကို တွေ့လျှင် ယွမ်ဟွာက အနည်းငယ်စိတ်မရှည် ဖြစ်လာသည်။

“ဆရာဝမ်.. ငါ့စကားကို ဘယ်လိုထင်လဲ”

“ငါစဉ်းစားပါရစေဦး”

နှစ်မိနစ်ခန့်အကြာတွင် စနစ်ထံမှ နောက်ထပ် မက်ဆေ့ချ်တစ်ခု ပေါ်လာခဲ့သည်။

စနစ်မက်ဆေ့- အသုံးပြုသူ ယွမ်ဟွာကို ၆နာရီကြာ ပိတ်ပင်လိုက်သည်။

ယွမ်ဟွာ “???”

လူတိုင်း”……….”

ကျင့်ဟွာတော်ဝင်ဆရာများ ကောလိပ်မှဘွဲ့ရပြီး တော်ဝင်ပညာရှင် ၇ပါးအဖြစ် နာမည်ကျော်ကြားခဲ့သော ယွမ်ဟွာသည် အကြွင်းအကျန် အထက်တန်းကျောင်းတွင် အလွန်ရေပန်းစားသော နာမည်ကျော်ဆရာတစ်ဦး ဖြစ်သည်။

ထို့ကြောင့် ယွမ်ဟွာ ပိတ်ပင်ခံလိုက်ရသောအခါတွင် အကြွင်းအကျန် အထက်တန်းကျောင်းမှ ကျောင်းသားများသည် မကျေမနပ်ဖြစ်ကာ ချက်ချင်းဆိုသလို ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

အကြွင်းအကျန် အထက်တန်းကျောင်းမှ ကျောင်းသားတစ်ယောက်က ချက်ဂရုထဲတွင် တိုက်ရိုက်မေးလိုက်သည်။

“ဆရာယွမ်ဟွာကို ဘာကြောင့် တားမြစ်လိုက်တာလဲ”

ဝမ်မင်က သူနှင့်ဆရာယွမ်ဟွာ ပြောဆိုထားသည်များကို SS ရိုက်၍ ဂရုထဲသို့ ပို့လိုက်သည်။

“အစောပိုင်းကပဲ ဆရာယွမ်ဟွာနဲ့ ငါက သီးသန့်စကား ပြောဆိုခဲ့ကြတယ်.. ဒါပေမဲ့ ငါတို့နှစ်ယောက်လုံးက ယဉ်ကျေးတဲ့သူတွေပါ.. ငါတို့က ဘယ်လိုလုပ် ပြဿနာတက်နိုင်မှာလဲ”

သို့ရာတွင် သူ့စကားကို အကြွင်းအကျန် အထက်တန်းကျောင်းမှ ကျောင်းသားများက မယုံကြည်ခဲ့ကြပေ။

“မယုံဘူး.. ဒီSSက ဖိုတိုရှော့နဲ့ လုပ်ထားတာသေချာတယ်”

“ဆရာယွမ်ဟွာကို ဒီလိုလုပ်တာ တို့တွေ လက်မခံနိုင်ဘူး”

“အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ဆရာက တခြားကျောင်းက ဆရာရဲ့နာမည်ကို ဘာလို့ညစ်ပတ်အောင် လုပ်ရတာလဲ”

ဝမ်မင်က ရယ်ရယ်မောမောဖြင့် ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။

“နှုတ်ဆိတ်ခြင်းက ရွှေလိုတန်ဖိုးရှိတယ်လို့ သတ်မှတ်ရင် ယဉ်ယဉ်ကျေးကျေး စကားပြောဆိုတာကို ပိတ်ပင်လိုက်တာကရော ညစ်ပတ်တဲ့လုပ်ရပ်လို့ ယူဆနိုင်လို့လား”

“……….”

ဝမ်မင်ကို အတိုက်အခံ ပြောဆိုခဲ့သော ကျောင်းသားသည် ဘာပြန်ပြောရမှန်းမသိတော့ပေ။

ခဏအကြာတွင် သူက ပြန်ပြောလိုက်သည်။

“ဆရာ့မှာဒီလိုလုပ်ဖို့ အခွင့်အာဏာရှိတယ်လို့ ထင်နေလား”

ဝမ်မင် “စိတ်မကောင်းစရာပဲ.. ငါ့မှာ ကိုယ်လုပ်ချင်တာ လုပ်နိုင်တဲ့ အခွင့်အာဏာ ရှိတယ်”

လူတိုင်း “……….”

အခြားတစ်ဖက်တွင် ဆရာယွမ်ဟွာသည် တားမြစ်ခံလိုက်ရ၍ စိတ်ဓာတ်ကျသွားခဲ့သည်။

သူက ဝူကျန်းကျွင်းကို ချက်ချင်း ဆက်သွယ်လိုက်သည်။

သူတို့နှစ်ယောက်က အစောကတည်းကပင် အွန်လိုင်းတွင်သူငယ်ချင်းဖြစ်၍ ဝမ်မင် သတ်မှတ်ထားသည့် ဘလက်လစ်စာရင်းတွင် ပါဝင်ခြင်းမရှိခဲ့ပေ။

“ဝူကျန်းကျွင်း.. ဒီဆရာဝမ်က နည်းနည်းများသွားပြီလို့ မထင်ဘူးလား”

ယွမ်ဟွာက မကျေမနပ် ပြောလိုက်သည်။

“တောင်းပန်သင့်တယ်”

အချိန်အတော်ကြာပြီးနောက်တွင် ဝူကျန်းကျွင်းက ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်.. သူငါ့ကို တောင်းပန်သင့်တယ်”

“မဟုတ်ဘူး.. ငါဆိုလိုချင်တာက ပိတ်ပင်ခံထားရတဲ့ကျောင်းသားနှစ်ယောက်က သူ့ကို တောင်းပန်သင့်တယ်လို့ ပြောချင်တာ”

“……….”

အပိုင်း(၇၂၃) ပြီး၏

All Chapters