← Chapters

မာကျောက်တပ်ဖွဲ့.. လှုပ်ရှားတော့

Vol. 49 Ch. 724

မာကျောက်တပ်ဖွဲ့.. လှုပ်ရှားတော့

Vol. 49 Ch. 724

ယွမ်ဟွာက ဝူကျန်းကျွင်း၏ စကားကြောင့် နှုတ်ဆိတ်သွားခဲ့သည်။

ဝူကျန်းကျွင်း၏ လေသံက နောက်ပြောင်နေပုံမရပေ။

စုန့်ဟိုင်မြို့၏ မိသားစုကြီးနှစ်ခုမှ သခင်လေးနှစ်ယောက် ဖြစ်သော လီမင်ယောင်နှင့် ကျိုးယိုကျန့် တို့သည် မည်သူမှစော်ကား၍ မရနိုင်သည့် ပုဂ္ဂိုလ်တစ်ဦးကို စော်ကားမိပြီဖြစ်ကြောင်း ယွမ်ဟွာက ထိုအချိန်တွင် သဘောပေါက်လိုက်သည်။

ယွမ်ဟွာက ဝမ်မင်၏ အမည်လွှဲဖြစ်သည့် ဝမ်ရှောင်အာ ဟူသည့်အမည်ကို အထပ်အထပ်အခါခါ တွေးကြည့်ခဲ့သော်လည်း လုံးဝစဉ်းစား၍ မရခဲ့ပေ။”

“ဒီဝမ်ရှောင်အာဆိုတဲ့သူက ဘယ်သူများလဲ”

ယွမ်ဟွာက အနည်းငယ် ခေါင်းရှုပ်သွားခဲ့သည်။

ဗဟိုဘေးကင်းဇုန်သို့ သက်တန့်မြက်သေတ္တာ မရောက်မီတွင် ဆရာဝမ်ရှောင်အာအား သွားရောက် တောင်းပန်ရန် လီမင်ယောင်နှင့် ကျိုးယိုကျန့်တို့ကို ပြောဆိုလိုက်သည်။

အခြေအနေမည်မျှ ပြင်းထန်သည်ကို ၎င်းတို့ နားလည်နိုင်ရန်အတွက် ဆရာယွမ်ဟွာက လီမင်ယောင်နှင့် ကျိုးယိုကျန့်တို့၏ အဆောင်သို့ လူကိုယ်တိုင် သွားရောက်၍ ပြောဆိုခဲ့သည်။

မည်သို့ပင်ဖြစ်စေ ၎င်းတို့က ဝမ်လင်းနှင့်ပတ်သက်၍ လက်မလျှော့လိုသေးပေ။

အခြားတစ်ဖက်တွင်လည်း စုန့်ဟိုင်ထောင်မှ မာကျောက်အဖွဲ့ကို ဦးဆောင်နေသည့် ဗိုလ်ချုပ်ပိုင်သည် အကြွင်းအကျန်နယ်မြေ အတုသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။

လူတိုင်းက အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားကြသည်။

ဤအကြွင်းအကျန် နယ်မြေအတုသည် သားရဲဘုရင်အကြွင်းအကျန် နယ်မြေ၏ ပတ်ဝန်းကျင်ကို အတုယူ၍ တည်ဆောက်ထားသော ကမ္ဘာငယ်လေး ဖြစ်သည်။

ယခု သူတို့ဆင်းသက်ခဲ့သည့်နေရာမှာ တကယ့်အစစ်နှင့် တူအောင် ပြုလုပ်ထားသည့် အကြွင်းအကျန် နယ်မြေရှိ ဗဟိုဘေးကင်းဇုန် အခြေစိုက်စခန်း 2 ဖြစ်သည်။

အားလုံးက ပတ်ဝန်းကျင်ကိုသာ မျက်စိရောက်နေခဲ့ကြသည်။

ဆာရီရာမြက်..

မိစ္ဆာအင်ပါယာကွာဖီ၏ အကြည့်က ၃ရောင်ခြယ် မြက်ပင်ပေါ်သို့ ရောက်ရှိသွားသည်။

ထိုမြက်က သက်တန့်ရောင် ဝိညာဉ်စက်ဝန်းတစ်ခုကို အပင်ထက်တွင် ထုတ်လွှတ်နေသည်။

ဤသည်မှာ လုံးဝမျိုးတုန်းသွားပြီဖြစ်သော အရင်းအမြစ်တစ်ခုဖြစ်သည့် ဆာရီရာမြက် ဖြစ်သည်။

တစ်ချိန်က သံသရာ၉ပါး ဆာရီရာဆေးလုံးကို ပြုလုပ်ရန်အတွက် အဓိကအရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။

ဆာရီရာဆေးလုံးသည် သေလုမျောပါး ဝေဒနာများကို ပျောက်ကင်းစေရန် ကူညီပေးနိုင်သည့် အစွမ်းထက်ဆေးဝါးတစ်မျိုး ဖြစ်ပြီး ရှင်ပြန်ထမြောက်ခြင်း ဆေးလုံးဟုလည်း လူသိများသည်။

သင်၏ ရွှေအူတိုင်ပျက်စီးသွားလျှင် သို့မဟုတ် အခြေတည်ဝိညာဉ် ပြိုကွဲသွားခဲ့လျှင်ပင် သံသရာ၉ပါး ဆာရီရာဆေးလုံးသည် အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မည် ဖြစ်၏။

မှောင်ခိုဈေးကွက်တွင် သံသရာ၉ပါး ဆာရီရာဆေးလုံးနှင့်ပတ်သက်၍ စုံစမ်းခဲ့ဖူးသည်ကို မိစ္ဆာအင်ပါယာက ပြန်လည်သတိရမိသည်။

ဆာရီရာမြက် မျိုးတုန်းပျောက်ကွယ်သွားပြီးနောက်တွင် သံသရာ၉ပါး ဆာရီရာဆေးလုံး၏ ဈေးနှုန်းသည် မူလဈေးနှုန်းထက် အဆ ၁၀၀ တိတိ မြင့်မားလာခဲ့ပြီး ပထမတန်းစား သူတော်စင်လက်နက်၏ ဈေးနှုန်းနှင့်ပင် ယှဉ်နိုင်လာခဲ့သည်။

မိစ္ဆာအင်ပါယာကွာဖီက ထိုအကြောင်းကို တွေးတောနေချိန်မှာပင် ကျင့်ကြံသူအဖွဲ့ထဲ၌ ပုန်းအောင်းနေသည့် အကြမ်းဖက်သမားများသည် အရပ်မျက်နှာ အနှံ့သို့ ခြေဆန့်သွားခဲ့ကြသည်။

ဤဒါဇင်နှင့်ချီသော အကြမ်းဖက်သမားများသည် ပတ်ဝန်းကျင်ရှိ အမျိုးမျိုးသော မှော်ရတနာများဆီသို့ ပျံသန်းသွားခဲ့ကြသည်။

သူတို့ထဲမှ တစ်ယောက်မှာ မိစ္ဆာအင်ပါယာကွာဖီ စိုက်ကြည့်နေသည့် ဆာရီရာမြက်ကို အတင့်ရဲလွန်းစွာဖြင့် ခူးဆွတ်သွားခဲ့သေးသည်။

“ဟားဟား ဟားဟား.. ဆာရီရာမြက်ကို ရပြီကွ”

ထိုလူက တံစဉ်းမှော်ရတနာတစ်ခုကို ထုတ်ယူ၍ ဆာရီရာမြက်ကို ဖြတ်ယူပြီးသည့်နောက်တွင် ထိုတံစဉ်းကို စီးနင်းကာ ပျံသန်းသွားခဲ့သည်။

အကြမ်းဖက်အဖွဲ့ဝင်များက ကျင့်ကြံသူအဖွဲ့မှ ဆင်မြန်းထားသည့် ကုတ်အင်္ကျီများကို ချွတ်လိုက်ကြပြီး ညဦးစီးမှူးအဖွဲ့၏ ခရမ်းရောင်နေကြာပန်းတွင် အနက်ရောင်တောင်ပံများ ရစ်ခွေထားသော သင်္ကေတ ပါရှိသည့် အနက်ရောင်အင်္ကျီများကို ဖော်ထုတ်လိုက်ကြသည်။

ဗိုလ်ချုပ်ပိုင်က အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားသော အကြမ်းဖက်အဖွဲ့ဝင်များ၏ အရေအတွက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ချက်ချင်းသိလိုက်သည်။

ဤတစ်ကြိမ်တွင် အကြမ်းဖက်အဖွဲ့ဝင် အရေအတွက်သည် ၅၃ယောက်တိတိ ရှိသည်။

ဤသည်မှာ အကြွင်းကျန်နယ်မြေအတွင်းသို့ မဝင်ရောက်မီ သူတို့ ထောက်လှမ်းထားသည့် အရေအတွက်နှင့် တစ်ထပ်တည်း ဖြစ်သည်။

ဗိုလ်ချုပ်ပိုင်က ကွာဖီတို့ အုပ်စုကို အိတ်ဆောင်နာရီများ ဝေငှပေးလိုက်သည်။

”ဒါက ရေဒါခြေရာခံကိရိယာပဲ.. မင်းတို့အားလုံးက အကြမ်းဖက်သမားတွေကို လိုက်လံဖမ်းဆီးရမယ်.. ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ကြုံလာရင် ရေဒါက ခလုတ်ကိုနှိပ်လိုက်ပါ.. အဲဒီအခါ အနီးနားမှာ ရှိတဲ့လူတွေက ချက်ချင်းသွားပြီး ကူညီရမယ်.. အကြွင်းအကျန်နယ်မြေက အတုဆိုတာ အကြမ်းဖက်အဖွဲ့ဝင်တွေက သိပ်မကြာခင် ရိပ်မိသွားလိမ့်မယ်.. ဒါကြောင့်သူတို့ မရိပ်မိခင် မင်းတို့က လက်တွဲပြီး တတ်နိုင်သမျှ အမြန်ဆုံးဖမ်းဆီးရမယ်.. ပတ်ဝန်းကျင်က အရင်းအမြစ်တွေကို အာရုံမရောက်စေနဲ့.. အဲဒါတွေအားလုံးက အတုတွေပဲ”

ဗိုလ်ချုပ်ပိုင်က သူ့လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။

“……….”

“ဟုတ်တယ်.. ဒါတွေအားလုံးက အတုတွေပဲ.. နိုင်ငံ့ခေါင်းဆောင်က တကယ့် အစစ်နဲ့ ခွဲမရအောင် အတုတွေကို ဖန်တီးနိုင်တဲ့ ဆရာသခင် တစ်ယောက်ကိုသိတယ်.. အဲဒီဆရာသခင်က ဒီအရင်းအမြစ်အတုတွေကို ဖန်တီးဖို့ တစ်လခွဲကြာအချိန်ယူခဲ့ရတယ်”

“ဒါဆို အဲဒီဆာရီရာမြက်အတုတွေက ဘာလို့ တောက်ပနေရတာလဲ”

“အင်း.. ဒါက အတုအပ ရောင်းဝယ်သူတွေ ဆီက အဲဒီဆရာသခင် သင်ယူခဲ့တဲ့ လှည့်ကွက်တစ်ခုပါ.. ဟွာရှို့ မဟာမိတ်အဖွဲ့က အဲဒီအတုအပ ရောင်းဝယ်သူတွေကို အရင်က နှိမ်နင်းခဲ့ဖူးတယ်.. အဲဒီထဲက အချို့က အလင်းထွက်တဲ့ မျက်နှာဖုံးတွေကို ရောင်းချတဲ့သူတွေလေ.. ဆရာသခင်က အဲဒီမျက်နှာဖုံးကနည်းပညာကို လေ့လာခဲ့ပြီး သူနောက်ပိုင်း တီထွင်ခဲ့တဲ့ အပင်တွေမှာ အသုံးချခဲ့တယ်”

“……….”

“သူတို့ကို လိုက်ဖမ်းတော့”

ဗိုလ်ချုပ်ပိုင်ထံမှ အမိန့်ကိုရသည်နှင့် တစ်ပြိုင်နက် မာကျောက်တပ်ဖွဲ့မှ ၃ဦးက ချက်ချင်းဆိုသလို လှုပ်ရှားလိုက်သည်။

လျှော့ပေါ့ပေးမည့် ထောင်ဒဏ်အရေအတွက်သည် သူတို့ဖမ်းမိသည့် အရေအတွက်ပေါ် မူတည်၍ ဤမစ်ရှင်က သူတို့၃ဦးအတွက် အလွန်အရေးကြီးသည်ဟု ဆိုရမည်။

သူတို့အနေဖြင့် သာမန်အဖွဲ့ဝင်ကို ဖမ်းမိလျှင် အမှတ်၂၀ ရရှိမည်ဖြစ်သည်။

ရရှိသည့်၁၀မှတ်တိုင်း အတွက် ချမှတ်ခံရမည့် ထောင်ဒဏ်များထဲမှ တစ်နှစ်ကို ဖယ်ရှားပေးမည် ဖြစ်သည်။

သူတို့၃ဦးက ထောင်ဒဏ် အနှစ်တစ်ထောင်ကျော် ကျခံမည့်အရေးနှင့် ရင်ဆိုင်နေရ၍ ဤမစ်ရှင်က သူတို့အတွက် အလွန်အရေးကြီးနေသည်။

အကြမ်းဖက်အဖွဲ့ဝင် ၅၃ယောက်ထဲမှ သန်မာအားကောင်းသော အဖွဲ့ဝင်များကိုမူ အထူးအဖွဲ့ဝင်များ အဖြစ် သတ်မှတ်ထားခဲ့သည်။

ထိုအထူးအဖွဲ့ဝင်တစ်ဦးစီသည် အမှတ်၅၀၀ တန်ဖိုးရှိ၏။

ထို့ကြောင့် ဘေးကင်းဇုန်သို့ ရောက်ကတည်းကပင် မိစ္ဆာအင်ပါယာ ကွာဖီသည် ထိုအထူးအဖွဲ့ဝင်များ၏ အော်ရာကို အာရုံခံထားခဲ့ပြီ ဖြစ်သည်။

အဖွဲ့ဝင်၅၃ဦးတွင် အမှတ်၅၀၀တန် အထူးအဖွဲ့ဝင် ၄ဦးသာရှိသည်။

အကယ်၍သာ ကွာဖီအနေဖြင့် ထိုအထူးအဖွဲ့ဝင် ၄ဦးကိုသာ ဖမ်းမိလျှင် အမှတ် ၂၀၀၀ ကို ရရှိမည်ဖြစ်ပြီး ထောင်ဒဏ်အနှစ်၂၀၀ ကို လျှော့ပေါ့ခံရမည် ဖြစ်သည်။

သူက တွက်ချက်မှုလုပ်နေရင်း သူပစ်မှတ်ထားခဲ့သည့် အထူးအဖွဲ့ဝင်ထံသို့ ချဉ်းကပ်သွားခဲ့သည်။

သူပစ်မှတ်ထားခဲ့သည့် အဖွဲ့ဝင်မှာ ညဦးစီးမှူးအဖွဲ့က အမှောင်နက်ဝေါ့ခ်ဆီမှ ငှားရမ်းခဲ့သည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူမ၏ အမည်ပြောင်က သွေးစွန်းလိပ်ပြာဖြစ်ပြီး ဟွာရှို့မဟာမိတ်အဖွဲ့မှ အလိုရှိသည့် အနီရောင်Aအဆင့် ဝရမ်းပြေးလည်း ဖြစ်သည်။

ထိုအချိန်မှာပင် သွေးစွန်းလိပ်ပြာသည် ကျောရိုးတစ်လျောက် စိမ့်တက်သွားသည့် ခံစားချက်ကို ရရှိခဲ့သည်။

သွေးစွန်းလိပ်ပြာက သူမ၏ ပျံသန်းမှုကို ချက်ချင်းရပ်တန့်လိုက်ပြီး တောင်စွယ်တစ်ခု၏ အောက်ခြေတွင် ပုန်းအောင်းရင်း သူမကိုယ်သူမ ကိုယ်ဖျောက်ထားလိုက်သည်။

သွေးစွန်းလိပ်ပြာ၏ ကိုယ်ပျောက်နည်းစနစ်က အလွန်ပင်ထူးခြားသည်။

သူမ၏ ကိုယ်ပျောက်နည်းစနစ်သည် ပတ်ဝန်းကျင်နှင့်တိုက်ရိုက် ရောနှောနိုင်သည့် တုပရောနှောခြင်း နည်းစနစ်ဖြစ်သည်။

ထိုနည်းစနစ်ကို အသုံးပြုထားလျှင် အော်ရာသည် လေထဲတွင်ပျော်ဝင်သွားသောကြောင့် အဆင့်မြင့်သော ကိုယ်ပျောက် နည်းစနစ်များထက်ပင် ပိုမိုအဆင့်မြင့်သော နည်းစနစ်ဟု ဆိုရမည်။

သွေးစွန်းလိပ်ပြာက အန္တရာယ်နှင့် ကြုံတွေ့သောအခါများတွင် ထိုနည်းစနစ်ကို အသုံးပြု၍ အကြိမ်ပေါင်းများစွာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သွေးစွန်းလိပ်ပြာသည် တစ်စုံတစ်ရာ မူမမှန်ဟု ခံစားလိုက်ရသည်။

သူမက တုပရောနှောခြင်း နည်းစနစ်ကို အသုံးပြုထားသောအခိုက်မှာပင် ထိုကြောက်မက်ဖွယ်အော်ရာသည် သူမ၏ ကိုယ်ပေါ်၌ တွယ်ကပ်နေသကဲ့သို့ ခံစားရသည်။

စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ စိမ့်တက်လာသောတုန်လှုပ်မှုသည် သူမ၏ ကျစ်ဆံမြီးနှစ်ခွကိုပင် တုန်ယင်စေခဲ့သည်။

“ဒီလောက် ကြောက်ဖို့ကောင်းတဲ့အော်ရာ… ဒီလူက ဘယ်သူများလဲ”

“ပုန်းမနေနဲ့.. ငါအရှင် မင်းကိုမြင်နေရတယ်”

ထိုအချိန်တွင် ကွာဖီ၏အသံသည် သွေးစွန်းလိပ်ပြာ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။

တစ်ချိန်က ဟွာရှို့တစ်နိုင်ငံလုံးကို ထိတ်လန့် တုန်လှုပ်စေခဲ့သော မိစ္ဆာအင်ပါယာကွာဖီကို မြင်လျှင် သွေးစွန်းလိပ်ပြာသည် ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့ပြီး အေးစက်သောချွေးများ ထွက်လာခဲ့သည်။

“ဘယ်လိုလုပ်ပြီး မိစ္ဆာအင်ပါယာကွာဖီ ဖြစ်နေရတာလဲ.. မိစ္ဆာအင်ပါယာက အဖမ်းခံထားရတာ မဟုတ်ဘူးလား”

အပိုင်း(၇၂၄) ပြီး၏

All Chapters