မှော်ပညာရှင်ရဲ့အိပ်မက်
Vol. 49 Ch. 725
သွေးစွန်းလိပ်ပြာ၏လမျက်နှာပေါ်တွင် တုန်လှုပ်ခြောက်ခြားသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
ကိုယ်ဖျောက်ထားသော အခြေအနေမှာပင် သူမက လုံးဝ မလှုပ်ရှားဝံ့ပေ။
မိစ္ဆာအင်ပါယာက သူမဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီဖြစ်သည်။
"သူငါ့ကို တကယ်ပဲ သတိထားမိသွားတာလား"
သွေးစွန်းလိပ်ပြာ၏ မျက်နှာပေါ်တွင် ချွေးများက ရေတံခွန်ကဲ့သို့ စီးကျလာသည်။
ကွာဖီက သူမ ရှိနေသောနေရာနှင့် ၃ပေအကွာသို့ ရောက်လာသောအခါတွင် သွေးစွန်းလိပ်ပြာက သူမ၏ ခြေထောက်များကို လှုပ်ရှားလိုက်ပြီး သူမနှင့် မိစ္ဆာအင်ပါယာကွာဖီ၏ အကွာအဝေးကို လျင်မြန်စွာ ချဲ့ထွင်လိုက်သည်။
"လက်စသတ်တော့ မင်းက အဲဲဒီမှာရှိနေတာကိုး"
မိစ္ဆာအင်ပါယာကွာဖီက သွေးစွန်းလိပ်ပြာကိုကြည့်၍ ပြောလိုက်သည်။
ထိုစကားကြောင့် သွေးစွန်းလိပ်ပြာက ဒေါသထွက်သွားပြီး သူမ၏ ကျစ်ဆံမြီးနှစ်ခွပင် တုန်ယင်သွားခဲ့သည်။
"ရှင်..."
အလှည့်စားခံလိုက်ရသည်ကို သူမ သဘောပေါက်သွားသည်။
အမှန်တကယ်တွင် ကွာဖီသည် သူမကို ယခုမှ ရှာတွေ့ခြင်းဖြစ်ပုံရသည်။
"ငါအရှင်က မင်းရဲ့နေရာကို ခန့်မှန်းပြီးပေမဲ့ ဒီလောက်ထိ နီးနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး.. မင်းက ငါအရှင်ကို ကြောက်ပြီး ထွက်ပြေးမယ်လို့ ဘယ်လို ထင်မိမှာလဲ"
ကွာဖီက တဟားဟား ရယ်မောလိုက်သည်။
သွေးစွန်းလိပ်ပြာ ".........."
"ဒါပေမဲ့ မင်းအခု ကိုယ်ပျောက်ဖို့ ကြိုးစားလည်း ငါ့လက်ကလွတ်ဖို့ လွယ်မှာ မဟုတ်တော့ဘူး"
ထိုစကားကိုပြောပြီးနောက် ကွာဖီက သွေးစွန်းလိပ်ပြာ၏ ခြေထောက်ကို ညွှန်ပြလိုက်သည်။
"ဟင်"
သူမ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာသည်။
သွေးစွန်းလိပ်ပြာက သူမ၏ခြေထောက်ဆီသို့ ငုံ့ကြည့်လိုက်ရာ သူမ၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။
မိစ္ဆာအင်ပါယာက ခြေရာခံကိရိယာဖြင့် ဘယ်အချိန်ကတည်းက အမှတ်အသားပြုခဲ့ပါသနည်း။
"ဘေးကင်းဇုန်ထဲကို ရောက်ကတည်းကလား"
ဤတုံ့ပြန်မှုက အလွန်ကြောက်စရာကောင်းလွန်းနေ၏။
တစ်ချိန်က တစ်နိုင်ငံလုံးကို ထိတ်လန့် တုန်လှုပ်စေခဲ့သော မိစ္ဆာအင်ပါယာကွာဖီနှင့် ထိပ်တိုက် တွေ့ရသောအခါတွင် သွေးစွန်းလိပ်ပြာသည် ပို၍ပို၍ ကြောက်ရွံ့လာခဲ့သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဤသွေးစွန်းလိပ်ပြာသည် ပြိုင်ဖက်ကောင်းတစ်ဦး ဖြစ်သည်။
အနည်းဆုံးတော့ သူ၏ လက်ရှိခန္ဓာကိုယ်နှင့် ကြံ့ခိုင်မှုတန်းတူဖြစ်သည်ဟု ကွာဖီတစ်ယောက် ခံစားခဲ့ရသည်။
သူက ဤအတုအယောင် ခန္ဓာကိုယ်နှင့် ပေါင်းစပ်မှု အပြည့်အဝ မရရှိသေးဘဲ အသားကျအောင် လုပ်ဆောင်နေရဆဲဖြစ်သည်။
ဤခန္ဓာကိုယ်က ကျောက်သူရဲမျက်နှာဖုံးထဲ မဝင်မီ သူပိုင်ဆိုင်ထားခဲ့သော မူလခန္ဓာကိုယ်ထက် များစွာ ဆိုးရွားနေသည် မဟုတ်ပါလော။
တိုက်ပွဲများသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို လိုက်လျောညီထွေမှု ရှိစေရန်အတွက် အလျင်မြန်ဆုံးသောနည်းလမ်း ဖြစ်သည်။
ထို့ကြောင့် ထောင်ထဲ၌ အကျဉ်းကျနေသော အချိန်တွင် သူလုပ်နိုင်သည့်အရာမှာ မိစ္ဆာဓားနတ်ဘုရားကို ရိုက်နှက်ခြင်းဖြစ်သည်။
ဆိုရလျှင် နိုင်ငံရပ်ခြား အကြမ်းဖက်သမားများကို ကူညီဖမ်းဆီးခြင်းသည် အပြစ်ပေးခြင်းလမ်းစဉ် တစ်ခုသာ မကဘဲ သူ့အတွက် တိုက်ပွဲဝင်ရန် ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။
ဤသွေးစွန်းလိပ်ပြာ၏ ခွန်အားက ခြေလှမ်းတစ်ဝက်ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့် သို့မဟုတ် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေကြောင်း မိစ္ဆာအင်ပါယာကွာဖီ ခန့်မှန်းမိခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတုက အားနည်းသော်လည်း သူ့တွင်ခြေသလုံးအိမ်တိုင် အင်မော်တယ်၏ အစွမ်းသတ္တိ ရှိသည်။
ထို့ကြောင့် သူက သွေးစွန်းလိပ်ပြာထက် ကျင့်ကြံမှုနယ်ပယ် အဆင့်ကြီးတစ်ဆင့် ပိုမိုမြင့်မားပေသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်အတုနှင့် စိတ်ဝိညာဉ်တို့ ကြားရှိ ညှိနှိုင်းဆောင်ရွက်မှုကမူ ဆိုးရွားလှသည်။
ထို့ကြောင့် သွေးစွန်းလိပ်ပြာနှင့် ရင်ဆိုင်ရသည်နှင့် တပြိုင်နက် ကွာဖီက ဗျူဟာတစ်ခုကို ချမှတ်လိုက်သည်။
ထိုဗျူဟာမှာ တိုက်ပွဲအတွင်း ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုများကို ရှောင်ရှားရန် ဖြစ်သည်။
အမှောင်နက်ဝေါ့ခ်မှ သွေးစွန်းလိပ်ပြာကဲ့သို့ အလိုရှိဆုံးသောရာဇဝတ်ကောင်သည် လုံးဝ လျှော့တွက်၍မရပေ။
တိုက်ပွဲဆိုသည်မှာ သွေးစွန်းလိပ်ပြာ အတွက် မထူးဆန်းသောအရာတစ်ခု ဖြစ်သည်။
ထို့ကြောင့် ကွာဖီက ခန္ဓာကိုယ်အတုနှင့် အသားမကျမချင်း တိုက်ပွဲများကို ဂရုတစိုက် တိုက်ခိုက်ရမည်ဖြစ်သည်။
ကွာဖီက ကျင့်ကြံသူဖြစ်သည့်အပြင် မှော်ပညာရှင် တစ်ဦးလည်းဖြစ်သည်။
ဤနေရာတွင် မေးစရာတစ်ခု ရှိလာသည်။
သွေးစွန်းလိပ်ပြာကို ရင်ဆိုင်ရန် သူ့အနေဖြင့် မည်သည့်မှော်စွမ်းရည်ကို အသုံးပြုသင့်ပါသနည်း။
ပျက်စီးခြင်းစက်ဝန်းက သူကျော်ကြားခဲ့သော နည်းစနစ်ဖြစ်သည်။
သို့သော် အမှောင်နက်ဝေါ့ခ်မှ သေးနုပ်သော ရာဇဝတ်ကောင်ဖြစ်သည့် သွေးစွန်းလိပ်ပြာအပေါ်တွင် အသုံးပြုရန်မူ ထိုက်တန်သည်ဟု မထင်ခဲ့ပေ။
သူသာ ပျက်စီးခြင်းစက်ဝန်းကို အသုံးပြုခဲ့လျှင် ပျော်စရာကောင်းတော့မည် မဟုတ်ဟု ကွာဖီ ခံစားမိခဲ့သည်။
ဤနည်းစနစ်ကို အသုံးပြုခဲ့လျှင် သွေးစွန်းလိပ်ပြာ ၁၀ယောက်ကိုပင် သူအနေဖြင့် တိုက်ရိုက် သုတ်သင်နိုင်မည် ဖြစ်သည်။
ထိုအကြောင်းကို သူတွေးတောနေစဥ်မှာပင် သွေးစွန်းလိပ်ပြာထံမှ တိုက်ခိုက်မှုများ စတင်လာသည်။
လက်ဦးစွာ တိုက်ခိုက်ခြင်းသည် အကောင်းဆုံးကာကွယ်မှုပင် ဖြစ်သည် မဟုတ်ပါလော။
ဤသည်က ချွေးစေးများထွက်နေသည့် သွေးစွန်းလိပ်ပြာ၏ ဆုံးဖြတ်ချက်လည်း ဖြစ်သည်။
ထိုခဏဝယ် အနက်ရောင်အရိပ် တစ်ခုသည် ကွာဖီ၏ ကျောပြင်ကို ရုတ်တရက် ရိုက်ချလိုက်သည်။
"ကျစ်ဆံမြီးနှစ်ခွတိုက်ကွက်''
ဤအနက်ရောင်အရိပ်သည် သွေးစွန်းလိပ်ပြာ၏ ကျစ်ဆံမြီးနှစ်ခွမှလွဲ၍ အခြားမဟုတ်ပေ။
သူမက ကျစ်ဆံမြီးနှစ်ခွကို လူသတ်လက်နက် အဖြစ် သန့်စင်ခဲ့ပြီး အသက်ကယ် မှော်ရတနာအဖြစ် ပြုပြင်ခဲ့သည်။
ဤသည်က အံ့အားသင့်စရာတိုက်ခိုက်မှု ဖြစ်သော်လည်း သူမ အနေဖြင့် မအောင်မြင်ခဲ့ပေ။
အနက်ရောင်အရိပ်က သူ၏ကျောပြင်ကို တိုက်ခိုက်လိုက်ချိန်တွင် ကွာဖီသည် သူ၏ကြွယ်ဝသော အတွေ့အကြုံကို အခြေခံ၍ လျင်မြန်စွာ ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။
အလင်းအကာအကွယ် တစ်ခုသည် သူ့ပတ်ပတ်လည်ကို ခရုပတ်သဏ္ဍာန် ပေါင်းစပ်သွားခဲ့သည်။
ယင်းက ကွာဖီကို ဥထဲတွင် ရှိနေသကဲ့သို့ လုံခြုံသွားစေခဲ့ပြီး အနက်ရောင်အရိပ်၏ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုမှ အပြည့်အဝ ကာကွယ်ပေးခဲ့သည်။
"ဒြပ်မဲ့မှော်အကာအကွယ်"
ဤသည်က အဆင့်၅မှော်စွမ်းရည် ဖြစ်သည်။
၎င်းသည် မှော်အခြေခံတိုက်ခိုက်မှုများကို ပိတ်ဆို့နိုင်သည်။
သွေးစွန်းလိပ်ပြာက သူမ၏သွားများကို အံကြိတ်လိုက်သည်။
ဤမှော်စွမ်းရည် တစ်ခုတည်းကပင် ကွာဖီကို ရင်ဆိုင်ရန်မှာ မည်မျှခက်ခဲကြောင်း သူမ ပြောနိုင်နေပြီ ဖြစ်သည်။
ကြောက်စရာအကောင်းဆုံးအချက်မှာ ကွာဖီက ဤအဆင့်၅ မှော်စွမ်းရည်ကို မျက်စိတစ်မှိတ်အတွင်း ထုတ်သုံးပြလိုက်ခြင်းပင်။
ဆိုရလျှင် ကွာဖီသည် မည်သည့် လက်ဟန်လှုပ်ရှားမှုကိုမှအသုံးမပြုဘဲ မှော်စွမ်းရည်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
ဤအရာက ကွာဖီအနေဖြင့် မှော်စွမ်းရည်တွင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သက်သေပြနေသည်။
၎င်းက ကြောက်မက်ဖွယ် ပြိုင်ဘက်တစ်ဦး ဖြစ်သည်မှာ သေချာနေသော်လည်း သွေးစွန်းလိပ်ပြာက အရှုံးမပေးခဲ့ပေ။
အစောပိုင်းက အနက်ရောင်အရိပ် တိုက်ခိုက်မှုမှာ အယောင်ပြတိုက်ခိုက်မှုသာ ဖြစ်သည်။
တစ်ကယ့် တိုက်ခိုက်မှုက ထိုတိုက်ခိုက်မှု၏ အနောက်တွင် ကပ်၍ လိုက်ပါလာသည်။
သွေးစွန်းလိပ်ပြာက ကွာဖီ၏ကျောပြင်ကို ဓားမြှောင်ဖြင့် ထိုးလိုက်သည်။
သူမက လက်ထဲတွင် ဓားမြှောင်ကို ကိုင်ထားရင်း ကောက်ကျစ်စွာ ပြုံးလိုက်သည်။
သူမ၏လက်ထဲမှ ဓားမြှောင်သည် အလွန်အစွမ်းထက်သောမှော်လက်နက်ဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ရန် အတွက် အထူးဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။
ဤမှော်လက်နက်သည် အလွန်ပင် အဖျက်စွမ်းအား ကြီးမားပြီး အကာအကွယ်နှင့် ချပ်ဝတ်တန်ဆာများသည် ထိုလက်နက်ကို တားမြစ်နိုင်မည် မဟုတ်ပေ။
“ခန္ဓာကိုယ်ခွဲနည်းစနစ်လား”
ကွာဖီ၏ မျက်နှာက နီရဲနေခဲ့သည်။
သွေးစွန်းလိပ်ပြာ၏ အစီအစဉ်က ယခုအချိန်ထိ ချောမွေ့စွာလည်ပတ်နေပုံရပြီး လူအများကို လွှမ်းမိုးနိုင်သည့် ခံစားချက်အား အမှန်တကယ် ပေးစွမ်းနိုင်သည်ဟု ဆိုရပေမည်။
သူမက ခန္ဓာကိုယ်နှစ်ခုကို ဖန်တီးခဲ့ပြီး ခန္ဓာကိုယ်တစ်ခုအား ကွာဖီ၏နောက်ကျောကို ဓားဖြင့် ထိုးရန် စီစဉ်ထားခဲ့သည်။
သူမ၏အစီအစဉ်က အလွန်ပင်သေသပ်ပြီး မည်သူမဆိုသူမ၏ အစီအစဉ်အောက်တွင် ကျဆုံးသွားရမည် ဖြစ်သည်။
သို့ရာတွင် သွေးစွန်းလိပ်ပြာက သူမ၏ရှေ့မှ ပြိုင်ဘက်ကို လျှော့တွက်မိခဲ့သည်။
နောက်ထပ် အခိုက်အတန့်မှာပင် သူမ၏မျက်နှာပေါ်မှ အပြုံးများက အေးခဲသွားခဲ့သည်။
သူမက မိစ္ဆာအင်ပါယာ၏ ကျောပြင်ကို ဓားဖြင့် ထိုးသွင်းလိုက်သည့် အခိုက်တွင် သူမ၏ ဦးရေပြားများက တင်းကျပ်လာသလို ခံစားလိုက်ရသည်။
အကြောင်းအရင်းမှာ မိစ္ဆာအင်ပါယာက သူမ၏ ကျစ်ဆံမြီးနှစ်ခွကို ဆွဲထားသောကြောင့် ဖြစ်သည်။
“ချီးပဲ.. အားအား.. အားအား”
သွေးစွန်းလိပ်ပြာ၏ ဦးရေပြားက ချက်ချင်းဆိုသလို ထုံကျဉ်သွားခဲ့သည်။
ဦးရေပြားက လုံးဝ ကျွတ်ထွက်သွားသကဲ့သို့ ခံစားခဲ့ရသည်။
မိစ္ဆာအင်ပါယာကွာဖီက မည်သည့် မှော်စွမ်းရည်ကိုမှ အသုံးမပြုခဲ့ပေ။
သူက ကျစ်ဆံမြီးနှစ်ခွကို ရိုးရှင်းစွာ ဆောင့်ဆွဲခဲ့ခြင်းသာဖြစ်သည်။
“မင်းဆံပင်က တော်တော်ကောင်းတာပဲ.. ဒါပေမဲ့ ငါ့မိန်းမနဲ့တော့ ယှဉ်လို့မရဘူး”
မိစ္ဆာအင်ပါယာကွာဖီက လက်ထဲတွင် ကျစ်ဆံမြီးနှစ်ခွကို ကိုင်ထားရင်း သက်ပြင်းချကာ ရေရွတ်လိုက်သည်။
ဗိုလ်ချုပ်ရီက အချိန်ဘီးဖြင့် သူဇနီး၏ လူဝင်စားခြင်းကို ကူညီမည်ဟု ယခင်က သတိပေးခဲ့သော်လည်း ယခုအချိန်ထိ မည်သည့်သတင်းမှ မရသေးပေ။
ဤကျစ်ဆံမြီးနှစ်ခွက မမျှော်လင့်ဘဲ သူ့ဇနီးအား တွေးမိစေခဲ့သည်။
“ရှင် ရှင်.. ကျွန်မကိုလွှတ်ပေး”
ကျစ်ဆံမြီးများကို အဆွဲခံထားရသဖြင့် သွေးစွန်းလိပ်ပြာက အနည်းငယ်မျှပင် ခံနိုင်ရည်မရှိတော့ပေ။
“ရှင်က အရူးထနေတာပဲ.. ရှင်က မှော်ပညာရှင်တစ်ယောက် မဟုတ်ဘူးလား.. ဘာလို့ သူတစ်ပါး တန်ဖိုးထားတဲ့အရာကို လက်မှာ ကိုင်ထားရတာလဲ”
မိစ္ဆာအင်ပါယာ၏လုပ်ရပ်က သူမ မျှော်လင့်ထားသည့်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
“ဆံပင်ဆောင့်ဆွဲတာက မှော်ပညာရှင်တွေရဲ့ အိပ်မက်တစ်ခုများလား”
မိစ္ဆာအင်ပါယာက သွေးစွန်းလိပ်ပြာ၏ ကျစ်ဆံမြီးနှစ်ခွကို ကိုင်ထားရင်း မှော်လက်စွပ်တစ်ခုကို ထုတ်ယူလိုက်ရာ သွေးစွန်းလိပ်ပြာ၏ ခန္ဓာကိုယ်မှ ခွန်အားများက ချက်ချင်းဆိုသလို ဆုံးရှုံးသွားခဲ့သည်။
ခွန်အားများ ကုန်ခမ်းသွားသဖြင့် သွေးစွန်းလိပ်ပြာ၏ အသံသည်ပင် လုံးဝ အားနည်းသွားခဲ့သည်။
“ရှင် ရှင်ဘာလုပ်မလို့လဲ”
“စိတ်မပူပါနဲ့.. ငါမင်းကို ရက်ရက်စက်စက် ဘာမှလုပ်မှာမဟုတ်ပါဘူး.. မင်းရဲ့ ကျစ်ဆံမြီးနှစ်ခွက ငါ့မိန်းမကို သတိရစေတယ်လေ”
ထိုစကားကိုပြောရင်း မိစ္ဆာအင်ပါယာကွာဖီက ကောက်ကျစ်စွာပြုံးလိုက်သည်။
“မင်းရဲ့ကျစ်ဆံမြီးနှစ်ခွကို ဖြတ်ပစ်မယ်လို့ ငါအရှင် ဆုံးဖြတ်လိုက်ပြီ”
သွေးစွန်းလိပ်ပြာ “ရှင်က စိတ်ဖောက်နေတဲ့ ဂေါက်သီးလား”
ကွာဖီက သက်ပြင်းချလိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
“ငါက ဂေါက်သီးဆိုရင်တောင် လူကြီးလူကောင်းဆန်တဲ့သူတစ်ယောက်ပါ”
သွေးစွန်းလိပ်ပြာ “ဘာမှ လူကြီးလူကောင်းမဆန်ဘူး.. ရှင်မလာနဲ့.. မလာနဲ့.. ကျွန်မနားကို မလာခဲ့နဲ့”
အပိုင်း(၇၂၅) ပြီး၏