← Chapters

ကလာပ်စည်းများ၏ ကုဒ်နာမည်များ

Vol. 49 Ch. 728

ကလာပ်စည်းများ၏ ကုဒ်နာမည်များ

Vol. 49 Ch. 728

အကြွင်းအကျန်နယ်မြေ အတုတွင်၊ မီတာဆယ်နှင့်ချီ မြင့်မားသော မွန်းစတား ဖက်တီးသည် မြေပြင်မှ အလျင်စလို မတ်တတ်ထရပ်လိုက်ရာ သူ့ကိုယ်ပေါ်ကနေ ပျစ်နှစ် နက်မှောင်သော အရည်များက ချော်ရည်များကဲ့သို့ စီးကျလာခဲ့သည်။

သို့သော် ဤအရာများသည် ချော်ရည်များ မဟုတ်ပေ။

အတိအကျပြောရလျှင် ၎င်းသည် ဓာတုဆေးရည်နှင့် ပိုတူသည်။

ခန္ဓာကိုယ်ထဲမှ အလွန်မြင့်မားသော သွေးတွင်းသကြားဓာတ်ပမာဏကြောင့် ဆင့်ခေါ်ထားသော နတ်ဆိုးဖက်တီးသည် မယုံနိုင်လောက်အောင် နွမ်းနယ်နေခဲ့သည်။

ခန္ဓာကိုယ်ကနေ ပျစ်နှစ်နက်မှောင်သော အရည်များ မြေပြင်ပေါ်သို့ ကျဆင်းသွားသောအခါတွင် မြေကြီးသည် ချက်ချင်းပင် ရွှံ့မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဘာပဲဖြစ်​ဖြစ်​ ရှင်းပစ်ရမယ်"

ဟွာရှို့မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူ တစ်ယောက်က ဓားပျံကို စီးကာ တိုက်ခိုက်လိုက်သည်။

ထိုအချိန်မှာပင် မွန်းစတား​ ဆီကနေ စေးကပ်သော အရည်များက လွင့်ပျံလာခဲ့သည်။

"အလား.."

ကျင့်ကြံသူက အော်​ဟစ်လိုက်​သည်​။

သူက ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သော်လည်း အလွန်ချိုသော ချွဲများအတွင်း၌ လုံးဝ ပိတ်မိနေခဲ့သည်။

"အဲဒါက ဘာကောင်ကြီးလဲ"

အခြားတစ်ဖက်တွင်လည်း မိစ္ဆာအင်ပါယာ ကွာဖီ၊ အင်မော်တယ်စံအိမ်သခင် ချန်ယွီနှင့် မိစ္ဆာဓားနတ်ဘုရား တို့သည် မွန်းစတား ဖက်တီးကို သတိပြုမိခဲ့သည်။

သို့သော်လည်း မည်သည့်အရာ ဖြစ်သည်ကို လုံးဝမသိခဲ့ပေ။

“7364ကို မြန်မြန်ခေါ်"

ဟွာရှို့မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် ဤမွန်းစတားဖက်တီးက ဘာလဲဆိုသည်ကို သိရှိရန် စတင်ခေါ်ဆိုခဲ့သည်။

ဟွာရှို့မဟာမိတ်အဖွဲ့၏ ကွပ်ကဲရေး ဌာနတွင် ဗိုလ်ချုပ်ရီနှင့် တခြားသူများသည် အကြွင်းအကျန်နယ်မြေ အတုထဲ၌ သွေးသံရဲရဲ မွန်းစတား ရုတ်တရက် ပေါ်လာသောကြောင့် ထိတ်လန့်သွားကြသည်။

"အဖိုးကြီးရီ.. မင်းဘယ်လိုထင်လဲ"

ဥက္ကဌချီက ဖန်သားပြင်ပေါ်ရှိ ပုံရိပ်ကို စိုက်ကြည့်ရင်း အတွေးများကို အလုပ်ပေးလိုက်သည်။

ဗိုလ်ချုပ်ရီက ခေါင်းခါယမ်းလိုက်သည်။

“ဒါက သွေးနတ်ဆိုးနဲ့ နည်းနည်း ဆင်တူပေမယ့် တကယ်တမ်းတော့ မဟုတ်ဘူး.. ငါသေချာပြောနိုင်တာက ဒီဟာက ဆင့်ခေါ်ထားတဲ့အရာပဲ.. ဆင့်ခေါ်သူကို အနိုင်ယူလိုက်ရင် သူ့အလိုလို ပျောက်ကွယ်သွားလိမ့်မယ်”

ဥက္ကဌချီက လက်ပိုက်ကာ မျက်လုံးများကို မှိတ်ထားခဲ့သည်။

"ငါတို့ ဒီအရာကို ခွဲခြမ်းစိတ်ဖြာကြည့်မလား"

ဤအကြွင်းအကျန် နယ်မြေအတုသည် ဟွာရှို့မဟာမိတ်အဖွဲ့က လုံးဝ ထိန်းချုပ်ထားသော ကမ္ဘာငယ်လေး တစ်ခု ဖြစ်သည်။

ထိုကြောင့် ထိုနယ်မြေအတွင်း ရှိနေသည့် အရာများကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိ၏။

ထို့နောက်တွင် ကွပ်ကဲရေး ဌာနမှာရှိသည့် ဝန်ထမ်းများသည် ခွဲခြမ်းစိတ်ဖြာမှုကို စတင် လုပ်ဆောင်ခဲ့သည်။

ဤသည်မှာ စက္ကန့်ပိုင်းမျှသာ ကြာသည့် အလွန်မြန်ဆန်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

အဆုံးသတ်တွင် ဤမွန်းစတားဖက်တီး၏ ဖွဲ့စည်းပုံကို ဇယားကွက်နှင့် တကွ စခရင်ပေါ်တွင် ပြသခဲ့သည်။

လူ့အသွင်သဏ္ဍာန်ရှိသောကြောင့် ဤမွန်းစတားဖက်တီး၏ ခန္ဓာကိုယ်သည် ရေ၊ သကြား၊ အဆီ စသည်ဖြင့် ပေါင်းစပ်ထားသည်။

သို့သော်လည်း ၎င်းဖွဲ့စည်းမှု၏ ခုနစ်ဆယ်ရာခိုင်နှုန်းသည် ကလာပ်စည်း ဖြစ်သည်။

"သွေးကလာပ်စည်းလား"

အစီရင်ခံစာရလဒ်ကြောင့် လူအများက အံ့အားသင့်ခဲ့ကြသည်။

"ဒါက သွေးကလာပ်စည်း အသက်ဝင်လာတာလား"

"သူ့ကို ဦးနှောက်သွေးခဲလို့ ကုဒ်အမည် သတ်မှတ်မယ်.. သူ့ရဲ့ အလုံးစုံခွန်အားက ဘာအဆင့်​လဲ သိကြလား"

ဥက္ကဌချီက မေးခွန်းထုတ်လိုက်ရာ သုတေသီများက မှင်တက်သွားသည်။

ထို့နောက်တွင် ဝန်ထမ်းတစ်ဦးက ဖြေကြားလိုက်သည်။

"ဒီလို ကြီးမားတဲ့ သွေးလုံးကြီးကို ကလာပ်စည်းလို့ ခေါ်လို့မရတော့ဘူး.. ခွဲခြမ်းစိတ်ဖြာမှုအရ ဒီအရာရဲ့ အလုံးစုံခွန်အားက ခြေသလုံးအိမ်တိုင် အင်မော်တယ် တတိယအဆင့် ခွန်အားရှိတယ်"

"ဒီအရာမှာ မိဘရှိပုံရပြီး သူ့ရဲ့ ခွန်အားကို မိခင်ဓါတ်ရောင်ခြည်က မြှင့်တင်ပေးထားပုံရတယ်”

ဥက္ကဌချီက ချက်ချင်းဆိုသလို ပြောလိုက်သည်။

သာမန် ဆင့်ခေါ်ထားသော အရာ၏ စွမ်းအား အဆင့်သည် မည်သည့်အခါမျှ ပြင်းထန်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိ၏။

ယင်းမှာ ဤသွေးသံရဲရဲ မွန်းစတားဖက်တီးတွင် မိဘရှိခြင်း ဖြစ်သည်။

မိဘက ၎င်း၏ နောက်ကွယ်ကနေ စွမ်းအင်များ ဆက်တိုက် ထောက်ပံ့ပေးပြီး ၎င်း၏ အလုံးစုံ ခွန်အားကို တိုးမြှင့်ပေးခဲ့သည်။

အမှန်တကယ်တွင် ဤအခြေအနေ အတွက် အထူးအသုံးအနှုန်း တစ်ခုရှိသည်။

ယင်းမှာ 'မိခင်ဓါတ်ရောင်ခြည်' ဖြစ်သည်။

"အနောက်တိုင်းက တားမြစ် အစီအရင် တစ်ခုကို ငါသတိရမိတယ်.. အဲဒါကို 'ဆဲလ်အလုပ်လုပ်ခြင်း မှော်စွမ်းရည်'လို့ခေါ်တယ်"

ဉာဏ်ပညာသူတော်စင်ဖြစ်သည့် ဥက္ကဌချီက ကောက်ချက်ဆွဲခဲ့သည်။

"နောက်ပြီး ညဦးစီးမှူးအဖွဲ့က ခေါ်ယူခဲ့တဲ့ အဖွဲ့ဝင်တွေရဲ့စာရင်းမှာ ဇီဝဗေဒပညာရှင် တစ်ယောက် ပါတယ်.. ဒါကြောင့် အရာအားလုံးက အခုအချိန်မှာ အဓိပ္ပာယ်ရှိသွားပြီ"

ဗိုလ်ချုပ်ရီက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းပြောသလိုဆို မိဘကို မနှိမ်နင်းသ၍ မွန်းစတားဖက်တီးကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူးပေါ့"

"ဟုတ်တယ်"

ဥက္ကဌချီက ခေါင်းညိတ်ပြပြီး နံဘေးရှိ ဝန်ထမ်းကို အမိန့်ပေးလိုက်သည်။

"မိဘကို ရှာရမယ်လို့ သူတို့ကို ပြောလိုက်ပါ.. ဒီလိုမှမဟုတ်ရင် သွေးသံရဲရဲ မွန်းစတားဖက်တီးက ဆက်လက် ရှင်သန်နေလိမ့်မယ်"

"ကလာပ်စည်းတွေက ဆဲလ်တွေကို ပံ့ပိုးနိုင်တဲ့ အာနိသင်ရှိတယ်.. ဒါကြောင့် သွေးသံရဲရဲ မွန်းစတား ဖက်တီးရဲ့ ကိုယ့်ကိုယ်ကိုယ် ကုသနိုင်စွမ်းက ပထမတန်းစား ဖြစ်နေလိမ့်မယ်"

….............

ထိုအချိန်တွင် အကြွင်းအကျန် နယ်မြေ အတု အတွင်းမှ အခြေအနေမှာ မကောင်းပေ။

ဤကြီးမားသော သွေးသံရဲရဲ မွန်းစတားဖက်တီးကြီး ပေါ်လာပြီးနောက်တွင် ၎င်းဘေးရှိ မြေပြင်ကနေ မွန်းစတား ၆ကောင် ထွက်လာကြသည်။

၎င်းတို့က "မွန်းစတားဖက်တီး" လောက် မကြီးမားသော်လည်း မီတာဆယ်နှင့်ချီ မြင့်မားပါသေးသည်။

မွန်းစတား ခုနစ်ကောင်သည် ခံစစ် နံရံတစ်ခုလို တစ်ညီတစ်ညာတည်း ရပ်နေခဲ့၏။

၎င်းတို့၏ သွေးသံရဲရဲ ကိုယ်လုံးများသည် သကြားဓာတ် ပါဝင်မှုနှုန်း အလွန်မြင့်မားစွာဖြင့် လှုပ်ယမ်းနေသည်။

"သူတို့ရဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလင်းလင်း သိသာနေပြီ.. ဒီမွန်းစတားတွေနဲ့ အချိန်မဖြုန်းနဲ့တော့.. ဆင့်ခေါ်သူနဲ့ မိဘကို အမြန်ဆုံးရှာဖွေရမယ်"

ဤသည်မှာ ဆဲလ်အလုပ်လုပ်ခြင်း မှော်စွမ်းရည် ဖြစ်သည်ကို သိသဖြင့် ဗိုလ်ချုပ်ပိုင်က အမိန့်ပေးလိုက်သည်။

မွန်းစတားခုနစ်ကောင်သည် အချိန်ဆွဲရန် အတွက်သာ ဤနေရာ၌ ရှိခဲ့ပြီး တကယ့်ရည်ရွယ်ချက်မှာ နောက်ဆက်တွဲ ဆဲလ်များကို ဆင့်ခေါ်ရန် ဖြစ်သည်။

အကယ်၍ သွေးဖြူဥများနှင့် ကိုယ်တွင်း ကလီစာများကိုသာ လူသား ပုံစံဖြင့် ဆင့်ခေါ်ခဲ့လျှင် ဖြေရှင်းရခက်သည့် အခြေအနေ ဖြစ်သွားပေလိမ့်မည်။

သူတို့၏ လက်ရှိ အရေအတွက် အရ ထောင်သောင်းချီသော မွန်းစတားများကို ခံနိုင်ရည် ရှိမည်မဟုတ်ပေ။

အဆိုးဆုံး အခြေအနေသို့ ရောက်လျှင် ပေါက်ကွဲခြင်းသူတော်စင် ဖြစ်သည့် သူ၏ ခွန်အားဖြင့် အကြွင်းအကျန် အတုရှိ အရာအားလုံးကို ချေမှုန်းပစ်နိုင်သော်လည်း ထိုသို့ဆောင်ရွက်ခဲ့လျှင် လုပ်ဖော်ကိုင်ဖက် အားလုံးလည်း ဒုက္ခရောက်သွားမည် ဖြစ်၏။

“ဒီမွန်းစတား ခုနစ်ကောင်ကို ငါကိုင်တွယ်လိုက်မယ်.. ကျန်တဲ့သူတွေက ဆင့်ခေါ်သူနဲ့ မိဘကို အမြန်ဆုံး ရှာဖွေကြပါ.. သူတို့တွေက မြေအောက်မှာ ပုန်းနေတာ ဖြစ်နိုင်တယ်"

ထို့နောက် ဗိုလ်ချုပ်ပိုင်က သွားများကို အံကြိတ်ကာ လေထဲကို ပျံတက်ပြီး အကြီးမားဆုံး မွန်းစတားဖက်တီးဆီ ဦးတည်လိုက်သည်။

သူက လက်ဖဝါးကိုဖြန့်လိုက်ပြီး စွမ်းအင်ဘောလုံးကို ပစ်လွှတ်လိုက်သည်။

ပေါက်ကွဲခြင်း စွမ်းအား..

"ဝုန်း"

အကြီးမားဆုံး "မွန်းစတားဖက်တီး"၏ ဦးခေါင်းက လုံးဝ လွင့်စင်သွားခဲ့သည်။

သို့သော် ဥက္ကဌချီ မှန်းဆထားသည့်အတိုင်း၊ ခေါင်းပြုတ်ပြီးသိပ်မကြာခင်မှာပင် သူ့ခန္ဓာကိုယ်ရှိ ချွဲများသည် သူ့လည်ပင်းတွင် လျင်မြန်စွာ စုပုံလာပြီး ခေါင်းအသစ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

…...............

အကြီးဆုံး ဖြစ်သည့် "ဦးနှောက်သွေးခဲ"သည် ခြေသလုံးအိမ်တိုင် အင်မော်တယ် တတိယအဆင့် အစွမ်းသတ္တိရှိသည်။

ဒုတိယအကြီးဆုံးက အမြင့်ဆယ့်ငါးမီတာရှိပြီး ခြေသလုံးအိမ်တိုင် အင်မော်တယ် ဒုတိယအဆင့် အစွမ်းသတ္တိရှိသည်။

အခြားနတ်ဆိုးများနှင့်မတူဘဲ ၎င်း၏ ကိုယ်ခန္ဓာက အဝါရောင်ဖြစ်ပြီး ပို၍ ဝဖြိုးပုံရသောကြောင့် ၎င်း၏ကုဒ်အမည်မှာ "အသည်းအဆီဖုံး" ဖြစ်သည်။

တတိယမြောက် အကြီးဆုံး၏ အရပ်က တစ်ဆယ့်နှစ်မီတာ မြင့်ပြီး ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့်တစ် ဖြစ်၏။

ပထမနှစ်ကောင်ထက် အကောင်သေးသော်လည်း ၎င်း၏ ရင်ဘတ်က အလွန်ကြီးမားသဖြင့် ၎င်းကို "နှလုံးဖောက်ခြင်း" ဟု နာမည်ပေးထားသည်။

ဤမြင်ကွင်းကို အဝေးမှ လှမ်းကြည့်မိသည်နှင့် သွေးဥများက ပုံမှန်မဟုတ်ကြောင်း သိနိုင်ပေသည်။

ကျန်လေးယောက်က ပထမသုံးကောင်လောက် မကြီးပေ။

ပျမ်းမျှအားဖြင့် ငါးမီတာကနေ ခုနစ်မီတာ အထိသာ မြင့်သော်လည်း ပိန်ပိန်ပါးပါး ဖြစ်၍ သိသာထင်ရှားသည့် မျက်နှာအသွင်အပြင်များ ရှိသည်။

ထိုနှစ်ယောက်တွင် တစ်ယောက်က ကြောက်စရာကောင်းသောအသွင်ရှိပြီး တစ်ယောက်က ပျော့ညံ့သည့်ပုံ ပေါက်သဖြင့် “ဦးနှောက်မဲ့" နှင့် "စိတ်မချမ်းမြေ့”ဟု နာမည်ပေးထားသည်။

နောက်ဆုံး နှစ်ကောင်တွင် တစ်ကောင်မှာ ဦးခေါင်းကြီးပြီး ကျန်တစ်ကောင်မှာ ဦးခေါင်းသေးသည်။

၎င်းတို့၏ကုဒ်အမည်များမှာ (Big head son and small head father) ဖြစ်သည်။

( Big head son= သဘာဝတရားကြီးကို ချစ်၍ ပတ်ဝန်းကျင်မှလူများကို ကူညီတတ်သည့် ဦးခေါင်းခပ်ကြီးကြီး ကလေးဇာတ်ကောင်)

(small head father= ဦးခေါင်းကြီး ကလေးဇာတ်ကောင်၏ ဦးခေါင်းသေးသော ဖခင်)

အပိုင်း(၇၂၈) ပြီး၏

All Chapters