လခွမ်း မင်းလည်း အဲဒီ မဟာပုဂ္ဂိုလ်ကြီးရဲ့ အဖမ်းကိုခံရတာလား
Vol. 49 Ch. 729
၎င်းတို့က ပုံပျက်ပန်းပျက် ဖြစ်နေသော လူသား ကလာပ်စည်းများ ဖြစ်ပြီး IQ နိမ့်သော အမျိုးအစား ဖြစ်သည်မှာ သိသာထင်ရှားသည်။
၎င်းတို့၏ ခန္ဓာကိုယ် ကြီးမားပြီး ပုံပျက်နေသော အခြေအနေများသည် ၎င်းတို့၏ ဦးနှောက်အတွင်း မူမမှန်မှုများကို တိုက်ရိုက် ဖြစ်စေသည်။
ပုံမှန်အားဖြင့် ဆဲလ်အလုပ်လုပ်ခြင်း မှော်စွမ်းရည်ဖြင့် လူသားအသွင်သဏ္ဍာန်ယူရန် ဆင့်ခေါ်ထားသော ဆဲလ်တစ်ခုသည် အမှောင်ရနံ့သခင် ဆင့်ခေါ်ထားသော ပင်မ သွေးဥ (ဝါ) ကလာပ်စည်း ကဲ့သို့ ဖြစ်သင့်သည်။
စင်စစ် ညဦးစီးမှူးအဖွဲ့မှ ကျင့်ကြံသူများ၏ ဘဝများသည် ယေဘုယျအားဖြင့် ရှုပ်ထွေးနေတတ်ပြီး သူတို့ကိုယ်သူတို့ သိပ်ဂရုမစိုက်ကြသောကြောင့် ပုံပျက်ပန်းပျက် သွေးဥများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ကျင့်ကြံသူ ဖြစ်စေ၊ သာမန်လူဖြစ်စေ၊ နေ့စဉ်ဘဝတွင် ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်သည်။
ကျင့်ကြံသူများသည် ရက်အတော်ကြာ မစားမသောက်ဘဲ နေနိုင်သည်။
၎င်းတို့က စွမ်းအင်များစွာ သုံးစွဲခဲ့လျှင်ပင် ဘေးထွက်ဆိုးကျိုးရှိမည် မဟုတ်ပေါ
ဤသည်မှာ 'အလုပ်နှင့် ဘဝ မျှခြေရှိသည်' ဟုခေါ်သော စစ်မှန်သော လမ်းစဉ်ပင် ဖြစ်သည်။
ဤပုံပျက်ပန်းပျက် သွေးဥများတွင် ကောင်းမွန်သောအချက်များ မရှိပေ။
သူတို့၏ IQက နိမ့်နေသော်လည်း ခံစစ်အနေအထားတွင်မူ သိသာသော သက်ရောက်မှုများ ရှိခဲ့သည်။
"အနာဂတ်မှာ ဒီမှော်စွမ်းရည်ကို ထပ်သုံးဖို့လိုအပ်ရင် ငါနဲ့တွဲလုပ်ဖို့အတွက် အဆီပိတ်နေတဲ့ ဖက်တီးတွေကိုပဲ ရွေးရမယ်"
ဤမြင်ကွင်းကိုကြည့်ရင်း အမှောင်ရနံ့သခင်က စိတ်ထဲကနေ တွေးတောနေမိသည်။
"အမှောင်ရနံ့သခင်.. ငါတို့ သူတို့ကို ထိန်းနိုင်ပါ့မလား"
တစ်ယောက်ယောက်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
သူတို့ခေါင်းပေါ်မှ အဆက်မပြတ် ပေါက်ကွဲသံများကို ကြားရပြီးနောက် ပကတိအင်မော်တယ် တစ်ယောက်၏ ပိဿာ ထောင်ချီ လေးလံသော ဖိအားက သူတို့၏ နှလုံးသားများပေါ်သို့ သက်ရောက်လာသည်။
နိုင်ငံစတင်တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ပါးထဲမှ ဒဏ္ဍာရီလာ အကြီးအကဲ တစ်ဦး ဖြစ်သည့် ပေါက်ကွဲခြင်းသူတော်စင်..
ညဦးစီးမှူးအဖွဲ့နှင့် အမှောင်နက်ဝေါ့ခ် အဖွဲ့ဝင်များသည် ၎င်းတို့ကို ကိုင်တွယ်ရန် ပေါက်ကွဲခြင်း သူတော်စင် ကိုယ်တိုင် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤထူးခြားသော သွေးဥများ၏ ထူးခြားသော ကိုယ့်ကိုယ်ကိုယ် ကုသနိုင်စွမ်းကြောင့်သာ မဟုတ်လျှင် ၎င်းတို့သည် ဤဖိအားမျိုးကို အမှန်တကယ် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ထိုမျှမကသေးဘဲ ပေါက်ကွဲခြင်းသူတော်စင် အပြင် မကြာသေးခင်က ဖမ်းမိခဲ့ပြီး ထောင်ကျနေသည့် မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ်စံအိမ်သခင် ချန်ယွီနှင့် မိစ္ဆာဓားနတ်ဘုရား တို့ကလည်း သူတို့ကို အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။
ဤတိုက်ပွဲအတွက် ဟွာရှို့မဟာမိတ်အဖွဲ့က ကျင့်ကြံသူ များစွာကို စုစည်းထားသည်ဟုပင် ဆိုနိုင်သည်။
အကြွင်းအကျန် နယ်မြေ အစစ်ကို ကာကွယ်ရန်နှင့် ဤနိုင်ငံရပ်ခြားအင်အားစုကို ဖျက်ဆီးရန်အတွက် ဟွာရှို့နိုင်ငံသည် ဤတစ်ကြိမ်တွင် ကြိုးပမ်းအားထုတ်မှုကို မနှမြောခဲ့ပေ။
ကြည့်ရသည်မှာ ဟွာရှို့နိုင်ငံသည် သူတို့ကို တစ်ရှိန်ထိုး ဖယ်ရှားပစ်ချင်ခဲ့တာ ဖြစ်နိုင်သည်။
“ပွဲမပြီးသေးပါဘူး”
သူတို့၏ ပြိုင်ဘက်များက ဒိတ်ဒိတ်ကြဲများ ဖြစ်သော်လည်း အမှောင်ရနံ့သခင်နှင့် ညဦးစီးမှူး အဖွဲ့ဝင်များက ဤအတိုင်း အရှုံးမပေးချင်ကြပေ။
အမှောင်ရနံ့သခင်သည် မှော်အစီအရင် အခင်းအကျင်းကို တက်ကြွစွာ စီမံခန့်ခွဲပြီး သူ၏စွမ်းအင်ကို အာရုံစိုက်ခဲ့သည်။
“ပြီးခါနီးပြီ.. သွေးဥတွေကို အသက်သွင်းပြီး ဆင့်ခေါ်ဖို့က ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီ.. အချိန်နည်းနည်းပဲ လိုတော့တယ်”
သူက ဤအသက်သွင်းထားသော ဆဲလ်များကို အောင်အောင်မြင်မြင် ဆင့်ခေါ်ရန် လိုအပ်သည်။
သွေးဥများသည် အလွန်အားကောင်းသော တိုက်ခိုက်ရေးသမားများ ဖြစ်သည်။
မိခင် ကလာပ်စည်း၏ ထောက်ပံ့မှု နှင့်အတူ ၎င်းတို့သည် အလွန်ပြင်းထန်သော ပြန်လည် ထူထောင်နိုင်စွမ်း ရှိပြီး ပုံမှန်ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများက ၎င်းတို့အပေါ် အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။
ကွာဖီနှင့် ပေါက်ကွဲခြင်း သူတော်စင်မှ လွဲ၍ အကြွင်းအကျန် နယ်မြေအတုရှိ လူတိုင်းနီးပါးသည် ဓားများကို သုံးကြသည်။
သွေးဥများသည် ထိုတိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိသည်။
ညဦးစီးမှူးအဖွဲ့မှ ကျင့်ကြံသူများအတွက် သွေးဥများကိုသာ အားကိုးနိုင်တော့သည်။
ဤသည်က နောက်ဆုံးအစီအစဥ် ဖြစ်ပြီး သူတို့ မလွတ်မြောက်နိုင်လျှင်ပင် ဟွာရှို့မှ ကျင့်ကြံသူ တချို့လည်း စတေးခံရမည်မှာ သေချာသည်။
ကံဆိုးသူမောင်ရှင်က မည်သူဖြစ်မလဲ ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ ကံကြမ္မာအပေါ်တွင်သာ မူတည်သည်။
ဟုတ်ပါသည်၊ ယင်းက နောက်ပိုင်းမှသာ သိရမည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။
…...........
အခြားတစ်ဖက်တွင် ဗိုလ်ချုပ်ပိုင်၊ စုန့်ဟိုင်ထောင်၏ မာကျောက်တပ်ဖွဲ့ နှင့် ဟွာရှို့မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် အမှောင်ရနံ့သခင်တို့၏ ခါးသီးသောရုန်းကန်မှုတွင် အခက်တွေ့နေခဲ့သည်။
မွန်းစတားများက ခန္ဓာကိုယ်မှ ချွဲများဖြင့် ကျင့်ကြံသူများ၏ လှုပ်ရှားမှုများကို ကန့်သတ်ထားသည်။
ဤချွဲအရည်က အလွန်စေးကပ်နေပြီး ၎င်းတို့ကိုယ်ကို သန့်ရှင်းစေရန်အတွက် ရေဖြင့်ဆေးကြောခြင်းသည်သာ အကောင်းဆုံးဖြေရှင်းချက် ဖြစ်သည်။
သို့သော် ပြဿနာမှာ အကြွင်းအကျန် နယ်မြေအတုတွင် ရေအလုံအလောက် မရရှိခြင်းပင်။
ဤကဲ့သို့သော အခိုက်အတန့်တွင် မှော်အဆောင်လက်ဖွဲ့ ဆရာတစ်ဦး အမှန်တကယ် လိုအပ်သည်။
ကျင့်ကြံသူများက ချက်ချင်းပင် ကွာဖီဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
လေထဲတွင် ဗိုလ်ချုပ်ပိုင်သည် ပုံပျက်ပန်းပျက် သွေးဥ ခုနစ်လုံး၏ ခန္ဓာကိုယ်များကို ဖောက်ခွဲရန်အတွက် ပေါက်ကွဲစွမ်းအားကို ထပ်မံ ထုတ်လွှတ်လိုက်ပြန်သည်။
လက်ရှိ တိုက်ပွဲအခြေအနေကို ကြည့်လျှင် ဟွာရှို့ မဟာမိတ်အဖွဲ့ဝင်အချို့သည် ချွဲများထဲတွင် ပိတ်မိနေကြ၏။
ထို့ကြောင့် ယခုအချိန်သည် ကျယ်ပြန့်သော ပေါက်ကွဲမှုကို ပုံဖော်ရန် အချိန်ကောင်းမဟုတ်ပေ။
သူက လူတိုင်းကို ကယ်တင်နိုင်သည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
"ဒီမှာ ငါထိန်းထားမယ်.. မင်းသွားပြီးတော့ အဆောင်လက်ဖွဲ့ ရေးဆွဲတော့"
သွေးဥ ခုနစ်လုံး ပြန်လည်ပေါက်ဖွားလာချိန်တွင် ဗိုလ်ချုပ်ပိုင်သည် အလှမ်းဝေးသော အကွာအဝေးမှ ကွာဖီအား စိတ်ချင်းဆက်သွယ်၍ စကားပြောဆိုခဲ့သည်။
မိစ္ဆာအင်ပါယာက မယုံကြည်နိုင်စွာဖြင့် သူ့ကိုယ်သူ ညွှန်ပြခဲ့သည်။
"ငါအရှင်လား.. ငါက နာမည်ကျော် မိစ္ဆာအင်ပါယာကွာဖီပါ.. ငါ့လို မိစ္ဆာအင်ပါယာက အဆောင်လက်ဖွဲ့ စီရင်တဲ့ သတင်းသာ ပေါက်ကြားသွားရင် ဟာသ ဖြစ်သွားမှာ သေချာတယ်"
"အဆောင်လက်ဖွဲ့တစ်ခုကို ငါးမှတ်ပေးမယ်"
"ကိစ္စမရှိပါဘူး ဘော့စ်"
ကွာဖီက ချက်ချင်းပင် တက်ကြွသွားသည်။
လူတိုင်း "….........."
…..............
ဟွာရှို့မဟာမိတ်အဖွဲ့က ရေအဆောင်လက်ဖွဲ့ များစွာကို ယူဆောင်လာခြင်း မရှိသော်လည်း ၎င်းတို့ကိုယ်ပေါ်တွင် အဆောင်လက်ဖွဲ့ ရေးဆွဲရန်အတွက် ပစ္စည်းအနည်းငယ်ကို ယူဆောင်လာခဲ့သည်။
အရိုင်းနယ်မြေတွင် နေထိုင်သော ကျင့်ကြံသူများအတွက် အဆောင်လက်ဖွဲ့ ပြုလုပ်ရန် ပစ္စည်းများသည် မရှိမဖြစ် လိုအပ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ပို၍ပင် လိုအပ်သည်။
ထိုပစ္စည်းများက မည်သည့်အချိန်တွင် လိုအပ်လာမည်ကို မပြောနိုင်၍ ၎င်းတို့နှင့်အတူ တစ်ပါတည်း ဆောင်ထားတတ်ကြသည်။
ရှုံးနိမ့်နိုင်ခြေ ရှိသည့် အခြေအနေတွင် အဆောင်လက်ဖွဲ့ ရေးဆွဲတတ်သည့် တစ်စုံတစ်ဦးကို ရှာတွေ့နိုင်ခြင်းသည် အမြဲလိုလို အကောင်းဆုံး ဖြစ်သည်။
ဒါပေမယ့် ပြဿနာမှာ မိစ္ဆာအင်ပါယာက အဆောင်လက်ဖွဲ့ မရေးဆွဲခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
မိစ္ဆာအင်ပါယာ ဖြစ်လာသည့်နေ့မှစ၍ သူ၏ လက်အောက်ငယ်သားများသာ ဤအဆင့်နိမ့် အလုပ်မျိုးကို လုပ်ဆောင်ကြသည်။
သူက အခြားလူများကို အဆောင်လက်ဖွဲ့ ဆွဲပေးရသည်အထိ နိမ့်ကျသွားလိမ့်မည်ဟု သူ့ကိုယ်သူ မထင်ခဲ့ပေ။
ကွာဖီက ထိုအကြောင်းကို တွေးနေချိန်မှာပင် ဟွာရှို့မဟာမိတ် အဖွဲ့ဝင်အချို့က ပစ္စည်းများကို ပြင်ဆင်ပေးလိုက်သည်။
နတ်ရေ၊ သစ်ကြံပိုးခေါက်၊ စက္ကူနှင့် စုတ်တံနှင့် ပစ္စည်းများတင်ရန် စားပွဲငယ်တစ်ခု။
“ငါတို့ နှစ်ယောက်လုံး ကံဆိုးပြီး ဒီမှာ သောင်တင်နေတာပဲ.. လက်ရှိအချိန်မှာ အမှတ်တွေရဖို့ ကြိုးစားတာက ငါတို့အတွက် အရေးကြီးဆုံးပဲ”
အင်မော်တယ်စံအိမ်သခင် ချန်ယွီက ကွာဖီ၏ နံဘေးတွင် ဆင်းသက်ကာ သက်ပြင်းချလိုက်သည်။
အကြောင်းတစ်ခုခုကြောင့် သူတကယ် မနာလို ဖြစ်မိသည်။
သူတို့အတွက် အမှတ်များသည် အနာဂတ်တွင် သူတို့၏ လွတ်လပ်မှုဟု ဆိုလို၍ ရပေသည်။
၎င်းတို့တစ်ဦးစီသည် ထောင်ဒဏ်အနှစ်တစ်ထောင်ကျော် ချမှတ်ခံရနိုင်သော်လည်း အမှတ်များကို ဖြည်းဖြည်းချင်း စုဆောင်းနိုင်သ၍ ထောင်သက်များ လျော့လာမည် ဖြစ်သည်။
ကွာဖီက စုတ်တံကို ကောက်ယူလိုက်ပြီး ခါးသီးစွာပြုံးဖြင့် ပြောလိုက်သည်။
“ငါအရှင် ဒီအရာမျိုး အရင်က မလုပ်ခဲ့ပေမဲ့ အတွေ့အကြုံတစ်ခုအဖြစ်ပဲ သတ်မှတ်လိုက်မယ်…”
ထိုအချိန်တွင် မိစ္ဆာအင်ပါယာ ကွာဖီသည် ဝမ်လင်း၏ စိတ်သဘောထားကို အနည်းငယ် နားလည်သွားသည်။
ထိုလူငယ်က ကျင့်ကြံခြင်းအဆင့် မြင့်မားသော်လည်း နှိမ့်နှိမ့်ချချနေလေ့ ရှိသည်။
"ငါ့အရှင် ကြောက်ရွံ့လေးစားရတဲ့ လူငယ် ပါးရိုက်ဝိဇ္ဇာလို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိအောင် နေရမယ်.."
ကွာဖီ၏ စကားကိုကြားလျှင် ချန်ယွီက တုန်လှုပ်သွားခဲ့သည်။
သူတို့က ထောင်ထဲကို တစ်ယောက်ပြီး တစ်ယောက် ရောက်လာသော်လည်း မည်သို့ အဖမ်းခံခဲ့ရသည်ကို မပြောဖူးပေ။
လူငယ် ပါးရိုက်ဝိဇ္ဇာ..
ချန်ယွီက ကွာဖီ၏ စကားကို ကြားလိုက်သောအခါတွင် တစ်စုံတစ်ခု မူမမှန်ဟု ချက်ချင်း ခံစားလိုက်ရသည်။
"နေပါဦး.."
ချန်ယွီက ကွာဖီကို ကူရာမဲ့စွာဖြင့် စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။
မိစ္ဆာအင်ပါယာ ကွာဖီ "???"
ချန်ယွီက ကွာဖီကို စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။
"မင်းပြောနေတဲ့ ပါးရိုက်ဝိဇ္ဇာက ဘယ်သူလဲ... ငါ့ကို ဖမ်းတဲ့လူနဲ့ အတူတူပဲလို့တော့ မပြောနဲ့နော်
ထိုအချိန်တွင် ကွာဖီ၏ မျက်နှာပေါ်တွင် ထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာသည်။
“…...........”
"လခွမ်း.. မင်းလည်း အဲဒီ မဟာပုဂ္ဂိုလ်ကြီးရဲ့ အဖမ်းကိုခံခဲ့ရတာလား"
အပိုင်း(၇၂၉) ပြီး၏