← Chapters

ပစ်မှတ်အစစ်

Vol. 49 Ch. 734

ပစ်မှတ်အစစ်

Vol. 49 Ch. 734

တစ်ဖက်က မုန်တိုင်းမတိုက်မီ ငြိမ်သက်နေသော်လည်း တစ်ဖက်ရှိ အကြွင်းကျန်နယ်မြေ အတုတွင်မူ တိုက်ပွဲများဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ကွာဖီနှင့် ချန်ယွီတို့ စကားစမြည် ပြောဆိုပြီးနောက်တွင် သူတို့၃ဦးအနက် အများဆုံး ပါးရိုက်ခံခဲ့ရသူမှာ မိစ္ဆာဓားနတ်ဘုရား ဖြစ်သည်ကို သိရှိသွားကြသည်။

ထို့နောက်တွင် သူတို့၏ အမူအရာသည် ချက်ချင်းဆိုသလို စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

အလုံးစုံတိုက်ခိုက်ရေး စွမ်းအားအရဆိုလျှင် သူတို့၃ဦးလုံးသည် သူတို့၏ အထွတ်အထိပ် အချိန်တွင်ရှိစဉ် ပကတိအင်မော်တယ်တစ်ပါး၏ စွမ်းအင်မျိုး ရှိကြသည်။

ချန်ယွီက ပကတိအင်မော်တယ်အဆင့်နှင့် ခြေတစ်လှမ်းခန့်ဝေးနေသေးသော်လည်း အမှောင်စွမ်းအင်များကို အားပြု၍ မူလစိတ်ဝိညာဉ် နယ်ပယ်ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့သည်။

သူ၏ မူလစိတ်ဝိညာဉ် နယ်ပယ် အားသာချက်ဖြင့်ဆိုလျှင် ချန်ယွီသည် ပကတိအင်မော်တယ်တစ်ယောက် ကဲ့သို့ စွမ်းအားများကို ထုတ်သုံးနိုင်မည် ဖြစ်သည်။

သို့ရာတွင် အများဆုံး ပါးရိုက်ခံခဲ့ရသူမှာ အိုင်းရှဲဒိုး အမြဲဆိုးထားသည့် ပဲ့တင်သံညီနောင် ဖြစ်လိမ့်မည်ဟု သူတို့နှစ်ယောက်လုံး မမျှော်လင့်ထားခဲ့ပေ။

မိစ္ဆာအင်ပါယာကွာဖီက လက်နှစ်ဖက်ကို နောက်ပစ်၍ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။

သူနှင့်ချန်ယွီက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူတို့က စိတ်ချင်းဆက်သွယ်၍ စကားပြောဆိုခြင်း မပြုကြသော်လည်း စိတ်ထဲကနေတိတ်တဆိတ်အစီအစဉ် တစ်ခု ချမှတ်ခဲ့ကြသည်။

ဤတစ်ခေါက် ပြန်ရောက်သည့်အခါတွင် အိုင်းရှဲဒိုး ဆိုးထားသည့် မိစ္ဆာဓားနတ်ဘုရားကို သင်ခန်းစာ ကောင်းကောင်းပေးရတော့မည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စုန့်ဟိုင်ထောင်၏ အထူးအကျဥ်းခန်းတွင် မိစ္ဆာဓားနတ်ဘုရား အရိုက်ခံရသည်မှာ ပုံမှန်လို ဖြစ်နေခဲ့ပြီဖြစ်သည်။

မိစ္ဆာဓားနတ်ဘုရားက လျင်မြန်စွာ ကုသနိုင်စွမ်းကို ကျင့်ကြံထားခဲ့သည်။

ထို့ကြောင့် သူ့တွင် မိမိကိုယ်ကို ကုသနိုင်သော ခန္ဓာကိုယ်ရှိ၏။

သို့ရာတွင် သူ၏ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုသနိုင်သော စွမ်းရည်က ဥက္ကဌပိုင်၏ စွမ်းရည်လောက် ကြောက်စရာမကောင်းခဲ့ပေ။

ဗိုလ်ချုပ်ပိုင်၏ ပိုက်ကွန်အစီအရင် အတွင်း၌ သက်ရှိအရာအားလုံးက ပျက်စီးသွားပြီး ဖုန်မှုန့်ပင် မကျန်တော့သည်အထိ အရာအားလုံးက လွင့်စင်သွားခဲ့သည်။

မြေပြင်ပေါ်တွင်လည်း အငွေ့တထောင်းထောင်း ထနေသော ဧရာမအပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

သို့သော် ဤအပေါက်ကြီးသည် ညဦးစီးမှူးအဖွဲ့ဝင်များပုန်းအောင်းနေသည့် မြေအောက်အစီအရင်အတွင်းကိုမူ တိုက်ရိုက် မပေါက်ကွဲစေခဲ့ပေ။

ပေါက်ကွဲမှုက ညဦးစီးမှူး အဖွဲ့ဝင်များကို မဖယ်ရှားနိုင်ခဲ့သော်လည်း သွေးမွန်းစတား ၇ယောက်ကိုမူ ရှင်းရှင်းလင်းလင်း ပျက်စီးစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဤအဖြစ်အပျက်သည် ကျင့်ကြံသူများအဖို့ အသိတစ်ခု ဝင်လာစေခဲ့သည်။

ကျင့်ကြံသူများအနေဖြင့် မိမိတို့၏ စိတ်နှင့်ခန္ဓာကိုယ်ကို ဂရုစိုက်ရန် လိုအပ်ပေသည်။

စိတ်ဝိညာဉ် နှင့်ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းသည် စစ်မှန်သောကျင့်ကြံသူတစ်ယောက် အတွက် မရှိမဖြစ် သင်ခန်းစာတစ်ခု ဖြစ်သည်။

ကျင့်ကြံသူများက သာမန်လူများထက် အသက်ပိုရှည်ကြသည်ဟု လူအများသိကြသည်။

သီအိုရီအရ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ သက်တမ်းသည် အနှစ် ၈၀၀ ရှိပြီး စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသည် အနှစ် ၁၀၀၀ သက်တမ်းရှိသည်။

သင်က ပါရမီရှိသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လျှင်ပင် သင်၏ ခန္ဓာကိုယ်ကို မမြတ်နိုးပါက သင်၏ သက်တမ်းက တိုတောင်းသွားလိမ့်မည် ဖြစ်သည်။

တကယ့်လက်တွေ့ အမှန်တရားသည် ဝတ္ထုများနှင့် မတူပေ။

လက်တွေ့ဘဝတွင် စိတ်ဝိညာဥ် အဆင့်သို့ ရောက်ရှိသွားပြီးနောက် ၁၀နှစ်အကြာမှာပင် သေဆုံးသွားသော ကျင့်ကြံသူအမြောက်အမြား ရှိခဲ့သည်။

ယင်းမှာ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိပြီးနောက်တွင် အလွန်ရှည်လျားသော အသက်ကို ပိုင်ဆိုင်သွားပြီဖြစ်၍ စိုးရိမ်စရာမရှိတော့ဟု တွေးကာ ကျင့်ကြံခြင်းကို မေ့မေ့လျော့လျော ရှိခဲ့သောကြောင့် ဖြစ်သည်။

"အခုချိန်ကစပြီး ငါ့ရဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ရမယ်.. ငါတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို ပိုပြီး လုံ့လဝီရိယရှိရှိနဲ့ စောင့်ရှောက်ရမယ်.. ဒါပေမဲ့ ငါတို့အနေနဲ့ လွန်လွန်ကဲကဲ လုပ်လို့တော့ မဖြစ်ဘူး"

တစ်ယောက်က သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

ထိုစကားကို တစ်စုံတစ်ယောက်က ပြန်လည် တုံ့ပြန်လိုက်သည်။

"ဒီကမ္ဘာမှာ ကောင်းကောင်းလေး အိပ်စက်.. အေးအေးဆေးဆေး စာကျက်ပြီး တစ်နေ့တာလုံး နိမ့်ကျတဲ့အလုပ်တွေကိုပဲ လုပ်နေတဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေတယ်လို့ မင်းထင်နေလား"

ထိုကျင့်ကြံသူ၏ စကားကိုကြားလျှင် ကွာဖီ၊ မိစ္ဆာဓားနတ်ဘုရားနှင့် ချန်ယွီတို့က ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ်ခြောက်ခြားသွားကြသည်။

သူတို့က လူတစ်ယောက်ကို တွေးမိလိုက်ကြသည်။

မိစ္ဆာအင်ပါယာ ကွာဖီနှင့် မိစ္ဆာဓားနတ်ဘုရားတို့က သူတို့၏ မျက်နှာကို သူတို့၏လက်ဖြင့် စမ်းမိလိုက်ကြသည်။

ထိုနေရာက ဝမ်လင်း သူတို့ကို ရိုက်ခဲ့ဖူးသော နေရာဖြစ်သည်။

ချန်ယွီက သူ့လက်ကို မြှောက်ပြီးမှ ပြန်ချလိုက်သည်။

သူက အရိုက်မခံခဲ့ရ၍ ထိကိုင်ရမည့်နေရာ မရှိပေ။

ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာပင် ဗိုလ်ချုပ်ပိုင်၏ တင်းကျပ်စွာကျုံ့ထားသော မျက်ခုံးများက ပြေလျော့သွားခြင်းမရှိပေ။

သူက မြေပြင်ပေါ်ရှိ ဧရာမအပေါက်ကြီးကို ကြည့်လိုက်သည်။

"အားလုံးသတိထားကြ.. တိုက်ပွဲ မပြီးသေးဘူး"

ဤအပေါက်မှ ထွက်ပေါ်လာတော့မည့် အရာက သွေးမွန်းစတား ၇ယောက်ထက်ပင် ပို၍ ကြောက်စရာကောင်းသည်ဟု သူခံစားရသည်။

မိစ္ဆာဓားနတ်ဘုရားက မြေတွင်းထဲမှ အခြေအနေများကို သူ၏ ခရမ်းရောင်ထောက်လှမ်းရေး မျက်လုံးများဖြင့် စစ်ဆေးကြည့်လိုက်သည်။

တွင်းနက်ကြီး၏ အောက်ခြေတွင် နှင်းကဲ့သို့ ဖြူဆွတ်နေသော တပ်ဖွဲ့ဝင် အများအပြားကို တွေ့လိုက်ရသည်။

ဤတပ်ဖွဲ့ဝင် အားလုံးက လျှာထိုးဦးထုပ်များ ဆောင်းထားကြပြီး လက်တစ်ဖက်တွင် အဖြူရောင်ဓားမြှောင်များကို ကိုင်ဆောင်ထားကြသည်။

သူတို့တစ်ယောက်ချင်းစီတွင် လူသတ် အရှိန်အဝါများကို တွေ့ရှိရသည်။

သူတို့၏ ကိုယ်လုံးကိုယ်ပေါက်က သွေးမွန်းစတားများလောက် မကြီးမားသော်လည်း ဤအဖြူရောင်တပ်ဖွဲ့က အလွန်ပင်သေစေနိုင်ပြီး အဖျက်စွမ်းအား ကြီးမားသည်မှာ ထင်ရှားနေသည်။

အရေးအကြီးဆုံးမှာ ထိုတပ်ဖွဲ့သည် အရေအတွက်အလွန်များပြားနေခြင်းပင်။

ချက်ချင်းဆိုသလို အဖြူရောင်ဝတ်စုံဝတ် တပ်သားထောင်ပေါင်းများစွာက စုဝေးလာခဲ့ကြသည်။

၎င်းတို့က မိုးရွာပြီးနောက် မြေပြင်မှ ထွက်ပေါ်လာသော မှိုများ ကဲ့သို့ ဧရာမတွင်းနက်ကြီးကနေ တက်လာခဲ့ကြသည်။

"ဒါက..."

ဤမြင်ကွင်းကို ကွာဖီက မျက်မှောင်ကြုတ်၍ ကြည့်နေခဲ့သည်။

သူ့အနေဖြင့် သက်ပြင်းပင် မချနိုင်ခဲ့ချေ။

သူ၏တပ်ဖွဲ့ဖြင့် ဟွာရှို့အမျိုးသားနန်းတော်ကို ဝိုင်းရံခဲ့စဉ်က လူအယောက်တစ်သောင်းသာ ရှိခဲ့သည်။

"ဒါက အဖြူရောင်ဇက်စုလား"

ချန်ယွီက ရေရွတ်လိုက်သည်။

{ဇက်စု = နာရာဒိုထဲမှ ဇာတ်ကောင်}

"ဒါက သွေးဖြူဉတွေကနေ ပြောင်းလဲသွားတာမဟုတ်လား"

ကွာဖီက အံ့ဩစွာ ရေရွတ်လိုက်သည်။

"တိုက်ခိုက်ဖို့ပြင်ဆင်ကြ"

ကောင်းကင်ထက်ရှိ ဗိုလ်ချုပ်ပိုင်က သတိပေးလိုက်သည်။

သွေးဖြူဥတပ်ဖွဲ့များက အလွန်ပင် မြန်ဆန်သည်။

၎င်းတို့က မြေပြင်ထက်သို့ လျင်မြန်စွာ ခုန်တက်လာကြသည်။

တစ်ဖက်တွင်လည်း ဟွာရှို့၏ ကွပ်ကဲမှုစင်တာသည် မမျှော်လင့်သော အခြေအနေကြောင့် မှင်တက်နေခဲ့သည်။

"သူတို့က သွေးကလပ်စည်းတွေကို ဆင့်ခေါ်ရုံမကဘူး.. သွေးဖြူဥတွေကိုပါ ဆင့်ခေါ်ခဲ့ကြတယ်"

ဥက္ကဌချီက ဖန်သားပြင်ပေါ်ရှိ ပုံရိပ်များကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒီလိုလုပ်တာက သူတို့ရဲ့သက်တမ်းကို တိုစေမှာပဲ"

ဆဲလ်များကို ဆင့်ခေါ်ခြင်း၏ ဘေးထွက်ဆိုးကျိုးမှာ သက်တမ်းကို တိုတောင်းစေခြင်း ဖြစ်သည်။

ယေဘုယျအားဖြင့်ပြောရလျှင် ဆုံးရှုံးမှုကို လျော့ချရန် အကောင်းဆုံးနည်းလမ်းမှာ ဆဲလ်အမျိုးအစား တစ်မျိုးတည်းကိုသာ ဆင့်ခေါ်ရန် ဖြစ်သည်။

သို့ရာတွင် တစ်ဖက်လူများသည် သက်တမ်းကို နှစ်ဆခန့် တိုတောင်းသွားစေနိုင်သော သွေးဖြူဥဆဲလ်များကိုပင် ဆင့်ခေါ်ထားခဲ့သည်။

"ဘာလို့ဒီလောက်ထိလုပ်ရတာလဲ"

အကြောင်းတစ်ခုခုကြောင့် ဗိုလ်ချုပ်ရီက ဤအကြွင်းအကျန်နယ်မြေတွင် တစ်စုံတစ်ရာ မှားယွင်းနေ​သလို ခံစားခဲ့ရသည်။

"လွတ်မြောက်ဖို့နဲ့ အကြွင်းအကျန်နယ်မြေက အရာအားလုံးကို ဖျက်ဆီးဖို့ပဲ"

ဥက္ကဌချီက ပြန်ဖြေလိုက်သည်။

"အဖိုးကြီးရီ.. သူတို့ရဲ့ ရည်ရွယ်ချက်က သူတို့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့လောက်ပဲ မဟုတ်ဘူးလို့ ငါယုံကြည်တယ်"

"ဘာကိုဆိုလိုတာလဲ"

ဗိုလ်ချုပ်ရီက မေးလိုက်သည်။

"နိုင်ငံရပ်ခြား တပ်ဖွဲ့တွေက တစ်ကမ္ဘာလုံးကို ထိန်းချုပ်နိုင်လောက်တဲ့ အဆင့်၁၃ မှော်စွမ်းရည်ကို ရယူဖို့အတွက် ကြိုးပမ်းနေတယ်လို့ ငါတို့တွေ မှန်းဆခဲ့ကြပေမဲ့ သူတို့ရဲ့ရည်ရွယ်ချက်က အစကတည်းက အဲဒီအရာ မဟုတ်မှာကို ငါစိုးရိမ်မိတယ်.. ဒီအကြွင်းအကျန် နယ်မြေအတုမှာ ရှိနေတဲ့ အဖွဲ့ဝင်တွေက ငါတို့ကို အာရုံပြောင်းဖို့အတွက် အရူးကွက်နင်းနေသလို ငါခံစားရတယ်"

ထိုအချိန်တွင် ဥက္ကဌချီက ပြင်းထန်သော ခံစားချက်ကို ရရှိနေပြီဖြစ်သည်။

"ဒါဆို သူတို့ရဲ့ ပစ်မှတ်အသစ်က ဘာများဖြစ်နေမလဲ.. အမှတ်၆၀ အထက်တန်းကျောင်းကို တဖန် ပစ်မှတ်ထားပြန်တာလား"

ဥက္ကဌချီက စဉ်းစားလိုက်သည်။

"ဒါလည်း မဖြစ်နိုင်ဘူး.. အမှတ်၆၀ အထက်တန်းကျောင်းကို ပြဿနာရှာခဲ့တဲ့ လူဆိုးတွေအားလုံးက သေကုန်ပြီဆိုတော့ ဒါလည်း မဖြစ်နိုင်ဘူးထင်တယ်"

အပိုင်း(၇၃၄) ပြီး၏

All Chapters