← Chapters

ပုံသဏ္ဌာန်မဲ့ ကောင်းကင်နှင့်မြေကြီး

Vol. 85 Ch. 1265

ပုံသဏ္ဌာန်မဲ့ ကောင်းကင်နှင့်မြေကြီး

Vol. 85 Ch. 1265

အဆက်မပြတ်တိုက်ပွဲများကို ဆင်နွှဲပြီးနောက် ကျင့်ကြံသူတိုင်းသည် စွမ်းအင်အမြောက်အမြားကို သုံးစွဲခဲ့ရပြီးလေပြီ။

ဆူဇီမိုသည်လည်း တူညီသော အခြေအနေမှာ ရှိလေသည်။

နောက်ဆုံးမှာတော့ သူသည် အလယ်အလတ်အဆင့် ဓမ္မဝိသေသအဆင့်မှာသာရှိနေသေး၏။ ထိပ်သီးဂိုဏ်းကြီးများမှ စွမ်းအားကြီးပုဂ္ဂိုလ် ၃ ယောက်ကို ဖိနှိမ်ဖို့အတွက် သူသည် ဓမ္မစွမ်းအား မြောက်မြားစွာကိုသုံးစွဲခဲ့ရ၏။

သူ၏ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ ခုသည် အရှိန်အဟုန်ကုန်ဆုံးတော့မည်ဖြစ်ပြီး အရောင်အဝါများမှေးမှိန်ကျနေ၏။

ထိုလျှို့ဝှက်ခန်းများတွင် ယခုချိန်ထိ ရှင်သန်ကျန်ရစ်ခဲ့ကြသော ကျင့်ကြံသူများသည် ဝှက်ဖဲပေါင်းမြောက်မြားစွာနှင့် ပညာရှင်များဖြစ်ကြပြီး မည်သူကမှ ကိုင်တွယ်ရမလွယ်ကူကြပေ။

ဆူဇီမိုသည် ရှေးဟောင်းဘုရားကျောင်းထဲသို့ သူဝင်ရောက်လာစဥ်က ရရှိခဲ့သော ထူးဆန်းသည့် ခံစားချက်နှင့်ပတ်သက်၍ စဥ်းစားတွေးတောနေဆဲ ဖြစ်၏။ သူသည် နေရာမှာပင် မလှုပ်မယှက်ရပ်နေပြီး ဓားဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်များနောက်သို့ ဆက်လိုက်သွားခြင်းမရှိပေ။

ထိုစဥ်မှာပင် တစ်စုံတစ်ရာက ဖြစ်ပျက်လာခဲ့၏။

ဆူဇီမိုနှင့် မလှမ်းမကမ်းတွင် ဖုန်များသဲများကြားမှာ မသိသာမထင်ရှားသော သစ်သားငါးရုပ်တစ်ခုသည် ပေါက်ကွဲထွက်သွားပြီး ​ရွှေရောင်အလင်းတန်းနှစ်ခုက သူ့ထံသို့ ပျံသန်းပြေးဝင်လာ၏။

ထိုသည်ကိုခံစားမိပြီး ဆူဇီမိုသည် တစ်ချက်ကြည့်ကာ ဆတ်ခနဲတုန်ယင်သွား၏။

ထိုရွှေရောင်အလင်းတန်းနှစ်ခုက ဗုဒ္ဓပုတီးစေ့များဖြစ်သည်ကို သူက ရှင်းလင်းစွာမြင်နိုင်၏။

ပို၍ပြောစရာရှိသည်မှာ ထိုဗုဒ္ဓပုတီးစေ့နှစ်စေ့၏ ပြုလုပ်ထားသော ပစ္စည်းများ ၊ အရွယ်အစားနှင့် အော်ရာကပင်လျှင် သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ရှိ မင်းဝမ်ဆုတောင်းပုတီးစေ့များနှင့် ထပ်တူညီနေ၏။

ထိုဗုဒ္ဓပုတီးစေ့နှစ်စေ့ပေါ်တွင် မတူညီသော ဓမ္မချိပ်စည်းနှစ်ခုကိုလည်း ခတ်နှိပ်ထားသေး၏။

မင်းဝမ်ဆုတောင်းပုတီးကုံး၏ နောက်ဆုံးဗုဒ္ဓပုတီးစေ့နှစ်စေ့က ပျောက်ဆုံးနေခဲ့၏။

ဆူဇီမို၏ စိတ်နေစရိုက်နှင့်ပင်လျှင် ထိုဗုဒ္ဓပုတီးစေ့နှစ်စေ့ကို ရုတ်တရက်မြင်တွေ့လိုက်ရသည့်အခါ သူက စိတ်ခံစားချက်အနည်းငယ်မြင့်တက်လာ၏။

နောက်ဆုံးမှာတော့ ထိုဗုဒ္ဓပုတီးစေ့နှစ်စေ့ပေါ်ရှိ ဓမ္မချိပ်စည်းများသည် တာ့မင်းဓမ္မချိပ်စည်းများတွင် အသန်မာဆုံးနှင့် ကြမ်းကြုတ်ခက်ထန်မှုအရှိဆုံးဖြစ်၏။

ဒါ့အပြင် ထိုဗုဒ္ဓပုတီးစေ့နှစ်စေ့ကို သူ့ဘယ်ဘက်လက်ကောက်ဝတ်ပေါ်ရှိ ဗုဒ္ဓပုတီးစေ့ ၄ စေ့နှင့် ချိတ်ဆက်လိုက်မည်ဆိုလျှင် မင်းဝမ်ဆုတောင်ပုတီးက ပြီးပြည့်စုံသွားပေလိမ့်မည်။

တာမင်းကျောင်းတော်၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့ဖူးသော ဤဓမ္မလက်နက်သည် ၎င်း၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်လာနိုင်ပေလိမ့်မည်။

မင်းဝမ်ဆုတောင်းပုတီးကို အချိန်ကာလကြာမြင့်စွာ လက်ဆင့်ကမ်းလာခဲ့ပြီး တာမင်းကျောင်းတော်မှ မည်ကာမတ္တတပည့်သာလျှင် အဲ့ဒါကို ဝတ်ဆင်ဖို့အခွင့်အရေးရှိလေသည်။

ကံမကောင်းစွာနှင့်ပင် လွန်ခဲ့သည့်နှစ်သောင်းပေါင်းများစွာက ကြီးမားသည့်တိုက်ပွဲမှာ မင်းဝမ်ဆုတောင်းပုတီးသည် ပျက်စီးဆုံးရှုံးသွားပြီး အဲ့ဒါကို ဘယ်တော့မှ ပြန်လည်မစုစည်းနိုင်တော့ပေ။

သို့သော်ယခုအခါ ဆူဇီမိုသည် မင်းဝမ်ဆုတောင်းပုတီးကို ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေးရရှိလာပြီဖြစ်တဲ့အတွက် သူက ဘယ်လိုလုပ်မတပ်မက်ပဲနေပါ့မလဲ...။

ကိုယ်တော်ယွမ်ပေသည် သူ့ဘဝ၏ နှောင်းပိုင်းနှစ်များသို့ ရောက်ရှိနေခဲ့ပြီးလေပြီ။

တာမင်းကျောင်းတော်ကလည်း ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။

မင်းဝမ်ဆုတောင်းပုတီးကို ပြန်လည်ပြင်ဆင်နိုင်မည်ဆိုလျှင် အဲ့ဒါသည် ကိုယ်တော်ယွမ်ပေအတွက် ၊ တာမင်းကျောင်းတော်အတွက် သို့မဟုတ် ဆူဇီမိုကိုယ်တိုင်အတွက်ပင်လျှင် တစ်မူထူးခြားသော အဓိပ္ပါယ်ကိုဆောင်ကြဉ်းပေးလာပေလိမ့်မည်။

ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဗုဒ္ဓပုတီးစေ့နှစ်စေ့ကို ဖမ်းဆွဲယူလိုက်၏။

“အထီးကျန်သိုင်းသခင်... ဒီပစ္စည်းက ဗုဒ္ဓကျောင်းတော်တွေက ပိုင်ဆိုင်တာပဲ... မင်းက အဲ့ဒါကို မညစ်နွမ်းစေနဲ့”

ကိုယ်တော်မဟူရာရွှေက ဟိန်းဟောက်၍ ပြူးကျယ်သောမျက်လုံးများဖြင့် ရှေ့သို့ပြေးဝင်လာခဲ့၏။

သူ၏ ခန္ဓာကိုယ်က နတ်ဘုရားဆန်ဆန် ရွှေဆိုင်းပြားများဖြင့် ဖုံးအုပ်ထားသည့်အလား ရွှေရောင်အလင်းတောက်တောက်ဖြင့် ဝင်းလက်နေ၏။

“ဟမ်”

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“အဲ့ဒါက ဗုဒ္ဓကျောင်းတော်တွေကလာတဲ့ ပစ္စည်းဆိုတာ တကယ်ပဲဟုတ်ပါရဲ့... ဒါပေမယ့် အဲ့ဒါက စိန်ကျောင်းတော်နဲ့ ဘယ်လိုပတ်သက်သွားတာလဲ... မင်းက မင်းဝမ်ဆုတောင်းပုတီးကို ဘယ်လိုတောင်လာပြီး လုယူရဲတာလဲ”

ဆူဇီမိုသည် တာမင်းကျောင်းတော်၏ အမွေကို ဆက်ခံရရှိထားသူဆိုတာကို ကျင့်ကြံရေးလောကတစ်ခုလုံးက သိရှိထားကြပြီဖြစ်၏။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ဆူဇီမိုတစ်ယောက်သာလျှင် မင်းဝမ်ဆုတောင်းပုတီးကို ဝတ်ဆင်ဖို့အဆင့်မီပေလိမ့်မည်။

“မင်းဘယ်သူလဲ.. ငါဂရုမစိုက်ဘူး ငါက မင်းဝမ်ဆုတောင်းပုတီးကို မရမနေယူဖို့ ဆုံးဖြတ်ပြီးသွားပြီ... ငါနဲ့ တိုက်ခိုက်လာတဲ့ဘယ်သူမဆို အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့အတွက် ငါ့ကိုအပြစ်မတင်ကြနဲ့”

ကိုယ်တော်မဟူရာရွှေသည် ဒီတစ်ခေါက် ရောက်ရှိလာရသည့်အကြောင်းရင်းမှာ မင်းဝမ်ဆုတောင်းပုတီးကြောင့်ပင်ဖြစ်၏။

သူသည် ဆူဇီမိုနှင့်ရင်ဆိုင်ရလျှင်တောင် အကြောင့်အလန့်မရှိပေ။

သူသည် ယခင်ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ ဒုတိယဖြစ်၏။

“ဘန်း...”

သူ၏လက်ကိုဆန့်ထုတ်ပြီး သူ၏သွေးချီကိုတလိပ်လိပ်တက်လာစေကာ သူ့လက်ဖဝါးပေါ်ရှိမျိုးဆက်သွေးက ပြန့်ကားလာ၏။ ၎င်းသည် ရွှေရောင်အလင်းဖြင့် တောက်ပလာပြီး အတောမသတ်သော စွမ်းအားတစ်ခုနှင့်အတူ ဆူဇီမို၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။

စိန်ကျောင်းတော်သည် ခန္ဓာမီးဆေးခြင်းမှာအထူးပြုပြီး ဗုဒ္ဓကျောင်းတော်များကြား အနီးကပ်တိုက်ခိုက်ရည်မှာ အသန်မာဆုံးဖြစ်၏။

ကိုယ်တော်မဟူရာရွှေ၏ မျိုးဆက်သွေးသည် ဆူနာမီသွေးအဆင့်ထိ မကျင့်ကြံနိုင်သေးသော်လည်း သူ၏သွေးချီကို လှည့်ပတ်လိုက်သောအခါ ခပ်ဖျော့ဖျော့ ဒီရေလှိုင်းသံကိုကြားရနိုင်၏။

ဆူဇီမိုသည် ဗုဒ္ဓပုတီးစေ့နှစ်စေ့ကို ဆွဲယူလိုက်သည့်ခဏမှာပင် ကိုယ်တော်မဟူရာရွှေ၏ တိုက်ခိုက်မှုက ဆင်းသက်လာခဲ့ပြီဖြစ်၏။

ဆူဇီမိုက စိတ်ဖြင့်စေညွှန်လိုက်၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုဖြစ်သော မိုးကြိုးဓမ္မခန္ဓာ ၊ ရူလိုင်းဓမ္မခန္ဓာ နှင့် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ တို့သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြပြီး ကိုယ်တော်မဟူရာရွှေကို ဖိနှိမ်လိုက်၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုက အရှိန်အဟုန်ကုန်ဆုံးတော့မည့်ဆဲဆဲ အခြေအနေသို့ ရောက်ရှိနေသည်ဆိုလျှင်တောင် သူတို့သည်ကိုယ်ကာယခွန်အားသက်သက်ဖြင့် ခုခံနိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။

ဘုန်း...

ကိုယ်တော်မဟူရာရွှေ၏ခန္ဓာကိုယ်မှ ကျယ်လောင်သောပေါက်ကွဲသံက ထွက်ပေါ်လာပြီး သူ၏ ဦးခေါင်းထက်ကနေ ဧရာမပုံရိပ်တစ်ခုက အကန့်အသတ်မဲ့သော ရွှေရောင်အလင်းတန်းများဖြင့် ထွက်ပေါ်လာ၏။

သူသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲသို့ဝင်ရောက်လာပြီးနောက် သူ၏ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ပထမဆုံးအကြိမ်ထုတ်ဖော်အသုံးပြုလိုက်ခြင်းဖြစ်၏။

၁၈မီတာ သတ္တုခန္ဓာ...

စိန်ကျောင်းတော်၏ အမွေအနှစ်ဓမ္မခန္ဓာ...

ထိုဓမ္မဝိသေသကို ကျင့်ကြံထားသော ကျင့်ကြံသူများသည် အစောပိုင်းဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ရောက်ခြင်းမှာပင် ပေ ၆၀ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို စုဖွဲ့နိုင်မည်ဖြစ်၏။ သူတို့၏ ကျင့်ကြံမှုတိုးလာသည်နှင့်အမျှ သူတို့၏ ဓမ္မဝိသေသများကလည်း အဆက်မပြတ်တိုးတက်လာပေလိမ့်မည်။

အရင်တုန်းက ကိုယ်တော်မဟူရာရွှေသည် တာအိုအရှင်အင်မော်တယ်ဓားကို လှုပ်ရှားကွက်တစ်ကွက်အနိမ့်ဖြင့်သာ ရှုံးနိမ့်ခဲ့၏။

သူ၏ ၁၈ မီတာသတ္တုခန္ဓာသည်လည်း ထိုစဥ်တုန်းက ၈၅ ပေ မြင့်မားခဲ့၏။

သို့သော်လည်း အဲ့ဒါက ယခင် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်တိုက်ပွဲတုန်းကဖြစ်ပြီး အဲ့ဒါက နှစ်တစ်ထောင်နီးပါးကြာသွားခဲ့လေပြီ။

ယခုဆို... ကိုယ်တော်မဟူရာရွှေ ကျင့်ကြံထားသော ကောင်းကင်နှင့်မြေကြီးဓမ္မဝိသေသသည် အမြင့် ၈၉ပေသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တာအိုအရှင်အင်မော်တယ်ဓားနှင့် အတူတူပင်ဖြစ်၏။

ဘုန်း...

၁၈မီတာ သတ္တုခန္ဓာသည် ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခု နှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်လိုက်၏။

၎င်းက တဆတ်ဆတ်တုန်ခါသွား၏။

၁၈မီတာသတ္တုခန္ဓာသည် ဆူဇီမို၏ ဓမ္မဝိသေသ ၃ခုထက် ပိုမိုမြင့်မားသော်လည်း ၎င်းက သုံးယောက်တစ်ယောက် ရင်ဆိုင်ရချိန်မှာ အနည်းငယ်နိမ့်ကျနေဆဲ ဖြစ်၏။

ဒါ့အပြင် ၁၈မီတာ သတ္တုခန္ဓာ၏ အဆင့်သည် အစကတည်းက ရူလိုင်းဓမ္မခန္ဓာထက် များစွာပို၍ အားနည်းလေသည်။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုက ဂျုံးဂျုံးကျနေသည်ဆိုလျှင်တောင် ​ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်ဆဲ ဖြစ်ပြီး ကိုယ်တော်မဟူရာရွှေ၏ ၁၈မီတာ သတ္တုခန္ဓာကို လုံးဝကြေမွသွားစေ၏။

ထိုတိုက်ပွဲပြီးနောက် ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုသည် စကာပေါက်များဖြစ်နေခဲ့လေပြီ။

“ပုံသဏ္ဌာန်မဲ့ကောင်းကင်နဲ့မြေကြီး...”

ထိုစဥ်မှာပင် ရှင်းလင်းသော အသံတစ်သံက ထွက်ပေါ်လာခဲ့၏။

ထိုအသံက ကြည်လင်၍ စိတ်ခံစားချက်ကင်းမဲ့သော်လည်း သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုပါဝင်ပြီး ၎င်းက ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုပေါ်သို့ ဆင်းသက်လာခဲ့၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုသည် ​မျက်စိဖြင့်မြင်နိုင်သော နှုန်းထားဖြင့် တစ်စတစ်စကြေမွပျက်စီးလာခဲ့၏။

“ဟမ့်..”

သူက တစ်ချက်ဝှေ့ကြည့်လိုက်၏။

တိုက်ခိုက်လိုက်သောသူက ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ကိုယ်တော်တစ်ပါး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။

ပုံသဏ္ဌာန်မဲ့ကျောင်းတော်တွင် 'ပုံသဏ္ဍာန်မဲ့ကောင်းကင်နှင့်မြေကြီး' ဟုကျော်ကြားသော လျှို့ဝှက်အတတ်တစ်ခုရှိလေသည်။ အဲ့ဒါကို ထုတ်ဖော်သောအခါ ထိုလျှို့ဝှက်အတတ်သည် တစ်ဘက်လူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများကို လဲပြိုကျစေနိုင်၏။ အဲ့ဒါက အရမ်းကို ကြောက်စရာကောင်း၏။

ပုံသဏ္ဌာန်မဲ့ကျောင်းတော်၏ အမည်သည်ပင် ထိုလျှို့ဝှက်အတတ်နှင့် ဆက်စပ်မှုရှိနေ၏။

ယခင် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်တွင် ကျင့်ကြံသူအများစုသည် ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှကိုယ်တော်များနှင့် ရင်ဆိုင်လိုခြင်းမရှိကြပေ။

တိုက်ပွဲစတင်ချိန်မှာပင် သူတို့ဖွဲ့တည်လိုက်မည့် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် လျှို့ဝှက်အတတ်တစ်ခုဖြင့် ဖျက်ဆီးခံလိုက်ရမည့်မြင်ကွင်းကို မြင်ယောင်ကြည့်ပါ...။ သူတို့က ဘယ်လိုလုပ် ဆက်ပြီးတိုက်ခိုက်နိုင်ပါတော့မလဲ...။

တကယ်တော့... ထိုလျှို့ဝှက်အတတ်မှာ အားနည်းချက်မရှိသည်တော့ မဟုတ်ပေ။

သူက တစ်ဘက်လူ၏ ကောင်းကင်နှင့်မြေကြီးဓမ္မဝိသေသကို ချေမွဖျက်ဆီးပစ်ချင်သည်ဆိုလျှင် ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ထိုကိုယ်တော်သည် လုံလောက်အောင်မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိရမည်ဖြစ်ပြီး ထိုလျှို့ဝှက်အတတ်အပေါ် နက်ရှိုင်းသော နားလည်သဘောပေါက်နိုင်စွမ်းလည်း ရှိရပေမည်။

ဒါ့အပြင် ထိုလျှို့ဝှက်အတတ်သည် အန္တိမဓမ္မဝိသေသများနှင့် ရင်ဆိုင်ရာတွင် အသုံးမဝင်ပေ။

ထိုအခိုက်အတန့်တွင် အဲ့ဒါသည် စိန်ကျောင်းတော်နှင့် ပုံသဏ္ဌာန်မဲ့ကျောင်းတော်သာလျှင်မဟုတ်ပေ ၊ လိုဏ်ခေါင်းကျောင်းတော်နှင့် ပညာဉာဏ်အလင်းကျောင်းတော်မှ ကိုယ်တော်များနှင့် သန့်စင်နှလုံးသားသီလရှင်ကျောင်းမှ သီလရှင်တစ်ပါးကပင် ဆူဇီမိုကို ပစ်မှတ်ထားလာပြီဖြစ်၏။ တစ်ခဏအတွင်းမှာပင် ဆူဇီမိုက နောက်တစ်ဖန် ဝန်းရံခံလိုက်ရ၏။

“အထီးကျန်သိုင်းသခင်... မင်းရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသတွေမရှိဘဲ မင်းဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

ကိုယ်တော်မဟူရာရွှေက ဟိန်းဟောက်လိုက်၏။

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သူ၏ ရင်ဘတ်မှ ထုံထိုင်းထိုင်းအသံတစ်သံက ထွက်ပေါ်လာခဲ့၏။

ထိုအသံက ထုံထိုင်း၍ စွမ်းအားကြီးမားပြီး ရှေးခေတ်က နတ်ဘုရားသက်ရှိတစ်ပါးသည် ဗုံတစ်ခုကိုတီးခတ်လိုက်သကဲ့သို့ ဖြစ်၏။

“ဘယ်မှာမှမရှိသော ခန္တီတရား.... အဆုံးမဲ့သောစိတ်”

ကိုယ်တော်မဟူရာရွှေသည် ခက်ထန်ကြမ်းကြုတ်သော စကားလုံးများကို တတွတ်တွတ်ရွတ်ဆိုလိုက်၏။

ဒုံ....

နောက်ထပ်ထုံထိုင်းထိုင်းအသံက ထွက်ပေါ်လာခဲ့၏။

အခြားသူများသည် အဲ့ဒါကို သိချင်မှသိမည်ဖြစ်သော်လည်း ဗုဒ္ဓသုတ္တန်များစွာကို ကျင့်ကြံထားသော ဆူဇီမိုသည် အဲ့ဒါက စိန်သုတ္တန်မှလာခြင်းဖြစ်သည်ကို သိရှိလိုက်၏။ ထိုစိန်သုတ္တန်က စိန်ကျောင်းတော်၏ လျှို့ဝှက်ဂန္တဝင်ကျမ်းတစ်ခုလည်းဖြစ်၏။ ၎င်း၏ လျှို့ဝှက်နက်နဲမှုကို နားလည်ဆင်ခြင်ပြီး ပကတိအဆင့်သို့ ကျင့်ကြံခြင်းဖြင့် လူတစ်ယောက်သည် မနှိုင်းယှဥ်သာအောင်သန်မာသော စိတ်နှလုံးသားတစ်ခုကို စုဖွဲ့လာနိုင်မည်ဖြစ်၏။

စိတ်နှလုံးသားသည် လူတစ်ယောက်၏သွေးချီကို အဆများစွာ မြှင့်တင်ပေးနိုင်ပြီး သူတို့၏ ခွန်အားကလည်း ဆပွားတိုးတက်လာပေလိမ့်မည်။

ထိုထုံထိုင်းထိုင်းအသံများသည် ကိုယ်တော်မဟူရာရွှေ၏ စိန်နှလုံး ခုန်သောအသံပင်ဖြစ်လေသည်။

All Chapters