← Chapters

အရာရာတိုင်းက ဓမ္မပဲ

Vol. 85 Ch. 1266

အရာရာတိုင်းက ဓမ္မပဲ

Vol. 85 Ch. 1266

ကိုယ်တော်မဟူရာရွှေသည် လွန်ခဲ့သည့် နှစ်တစ်ထောင်က ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်တွင် ဒုတိယနေရာကို ရရှိနိုင်ခဲ့သည်မှာ ထိုအကြောင်းကြောင့်ပင်ဖြစ်၏။

ရွှစ်..

သူ၏သွေးချီက တလိပ်လိပ်တက်လာပြီး သူ၏ခန္ဓာကိုယ်ထဲမှ ဆူနာမီအသံတစ်သံက ထွက်ပေါ်လာခဲ့၏။

စိတ်နှလုံးသား၏ အကူအညီနှင့်အတူ ကိုယ်တော်မဟူရာရွှေ၏ မျိုးဆက်သွေးသည် ဆူနာမီသွေးအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

“အထီးကျန်သိုင်းသခင်.. အဲဒီ ဗုဒ္ဓပုတီးစေ့တွေကို ထုတ်ပေးလိုက်.. ငါ မင်းအသက်ကို ချမ်းသာပေးမယ်”

သူက ကြီးမားသော ခြေလှမ်းများနှင့်အတူ ဆူဇီမိုထံသို့ လျှောက်လှမ်းလာပြီး သူ၏မျက်လုံးများက အနည်းငယ် ပြူးထွက်နေ၏။ သူတို့က ကြောက်မက်ဖွယ်ရာကောင်းပြီး ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းနှင့်အတူ တောက်ပနေ၏။

သူသည် စိန်ကျောင်းတော်၏ စက္ခုနည်းစနစ်ကိုပင် ထုတ်သုံးလာခဲ့၏။

ဆူဇီမိုသည် ကိုယ်တော်မဟူရာရွှေကို ကြည့်ရင်း သူ၏စိတ်ထဲမှာ အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာ၏။

ရုတ်တရက်.. ဗုဒ္ဓပုတီးစေ့ကို ဆုပ်ကိုင်ထားသော သူ၏လက်က တုန်ယင်လာခဲ့၏။

မမျှော်လင့်ထားစွာပင်.. ဆူဇီမိုက သူ့လက်ထဲရှိ ဗုဒ္ဓပုတီးစေ့နှစ်စေ့ကို ပစ်ထုတ်လိုက်၏။

“ဟမ်… “

ဤရုတ်တရက် ပြောင်းလဲမှုက ကျင့်ကြံသူများစွာကို ကြောင်အ,မှင်တက်သွားစေ၏။

အထီးကျန်သိုင်းသခင်သည် အမြဲတမ်း လွှမ်းမိုးခြယ်လှယ်မှု ရှိခဲ့၏။ သူသည် ကိုယ်တော်မဟူရာရွှေထံမှ စကားတစ်ခွန်းမျှနှင့် အညံ့ခံရလောက်အောင် ဘယ်လိုကြောင့် ကြောက်လန့်သွားရတာလဲ..။

ဒါမှမဟုတ် အထီးကျန်သိုင်းသခင်သည် တကယ်ပဲ ခြေကုန်လက်ပန်းကျနေပြီး ဆက်လက်၍ မတိုက်ခိုက်နိုင်တော့တာများလား..။

များစွာသော ကျင့်ကြံသူများက တွေဝေရှုပ်ထွေးကုန်၏။

သို့သော်လည်း လူတိုင်းသည် သူတို့၏ သံသယများနှင့် အတွေးများကို အလျင်အမြန် ဘေးဖယ်လိုက်ပြီး ဗုဒ္ဓပုတီးစေ့များအတွက် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြ၏။

တိုက်ပွဲမီးက လုံးဝ လောင်ကျွမ်းသွားခဲ့လေပြီ။

အခြားတစ်ဖက်မှာတော့.. ဆူဇီမိုသည် အပြင်လူတစ်ယောက်ဖြစ်လာပြီး တိုက်ပွဲနယ်မြေ၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေ၏။ သူ၏မျက်လုံးထဲတွင် တုန်လှုပ်သည့် ပုံရိပ်တစ်ခုက ပေါ်ထွက်လာပြီး သူက တီးတိုးရေရွတ်လိုက်၏။

“အတုအယောင်တွေ.. အဲဒါတွေအားလုံးက အတုအယောင်တွေပဲ”

သူသည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို ခံစားမိနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။

အရာရာတိုင်းသည် အရမ်းကို ချောမွေ့လွန်းသည်ဟု ထင်ရ၏။

သူတို့သည် လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်လာသည့် ခဏမှာပင် ကျင့်ကြံသူတိုင်းသည် သူတို့အလိုရှိရာကို အားထုတ်မှုများစွာ မရှိဘဲ ရှာဖွေတွေ့ရှိလာကြ၏။ အစကတော့ မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲရှိ ရတနာများက တကယ့်ကို အကန့်အသတ်မဲ့လွန်းလှသည်ဟု ဆူဇီမိုက တွေးထင်ခဲ့၏။

သို့သော်လည်း.. သူသည် ကိုယ်တော်မဟူရာရွှေနှင့် တိုက်ခိုက်ပြီး စိန်သုတ္တန်အကြောင်း တွေးမိသွားသောအခါမှသာ သူက တစ်စုံတစ်ရာကို တဖြည်းဖြည်း နားလည်လာခဲ့၏။

စိတ်သုတ္တန်သည် စိန်ကျောင်းတော်၏ လျှို့ဝှက်အတတ်တစ်ခုဖြစ်ပြီး ဆူဇီမိုက အဲဒါကို တစ်ခါမှ မကျင့်ကြံခဲ့ဖူးပေ။

သို့သော်လည်း.. တာအိုအမွေအနှစ်ကုန်းမြေတွင် သူသည် ဗုဒ္ဓကျောင်းတော်များမှ အမွေအနှစ်အချို့ကို ရရှိထားခဲ့၏။ သူတို့ထဲတွင် ဗုဒ္ဓကျောင်းတော်များမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် စိန်သုတ္တန်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ပြထားခဲ့၏။

ဆူဇီမိုသည် သူ၏ပါးစပ်ကို​ ညင်သာစွာ ဖွင့်ဟပြီး ဂါထာတစ်ပိုဒ်ကို ရွတ်ဆိုလိုက်၏။

“အရာရာတိုင်းက ဓမ္မပဲ.. အိပ်မက်တစ်ခုလို ပုံရိပ်ယောင်တွေ.. နှင်းစက်တွေနဲ့ လျှပ်စီးတွေလို အရာရာတိုင်းက တဒင်္ဂသာပဲ”

ထိုအပိုဒ်သည် သာမန်သာဖြစ်သည်ဟု ထင်ရသော်လည်း စကားလုံးတစ်လုံးချင်းစီက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။

ထိုဂါထာအပိုဒ်ကို ရွတ်ဆိုလိုက်ရင်း.. ဆူဇီမို၏ရှေ့ရှိ မြင်ကွင်းသည် အဆက်မပြတ် ပြောင်းလဲသွားပြီး နောက်ဆုံးမှာ ရပ်တန့်သွား၏။

အဲဒီမှာ သူ့ရှေ့တွင် မည်သည့်လျှို့ဝှက်အခန်း သို့မဟုတ် မည်သည့်ရတနာမှ ရှိမနေတော့ပေ။

သူသည် မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲသို့ ဝင်ရောက်လာကာစက သူရောက်ရှိခဲ့သော ပင်မခန်းမထဲမှာပင် ရှိနေဆဲဖြစ်၏။ နံရံများပေါ်တွင် အလွန်ကြီးမား၍ ကြောက်မက်ဖွယ်ရာကောင်းသော ဗြဟ္မာလေးဦးက ရှိနေ၏။

နံရံအောက်တွင် အစိမ်းရောင်မီးအိမ်များက မကောင်းဆိုးဝါးဆန်ဆန် တဖျပ်ဖျပ်လက်နေ၏။

ပြောင်းလဲသွားတာ ဘာမှမရှိပေ။

သူတို့ထဲ မည်သူကမှ ခန်းမထဲကနေ ထွက်ခွာမသွားခဲ့ကြပေ။

ဆူဇီမိုသည် နေရာတိုင်းကို ကြည့်ရင်း များပြားလှစွာသော အလောင်းများနှင့် လတ်ဆတ်သော သွေးများကို တွေ့မြင်လိုက်ရ၏။ ခန်းမတစ်ခုလုံးက သွေးများဖြင့် နီစွေးနေပြီး လေထဲတွင် သွေးရနံ့က မွှန်ထူနေ၏။

ကိုယ်တော်မဟူရာရွှေ၊ တာအိုအရှင် ခရမ်းရောင်ဓား၊ ဓားဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်နှင့် မိုးကြိုးလေပြေနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်တို့ကို သူက မြင်တွေ့လိုက်ရ၏။

ထိုလူများက တိုက်ခိုက်နေကြဆဲဖြစ်၏။

“ဟားဟားဟားဟားဟားဟား”

ကိုယ်တော်မဟူရာရွှေက သူ၏ခေါင်းကိုမော့၍ ရူးသွပ်စွာ ရယ်မောလိုက်၏။

“ငါ ရပြီကွ.. ဒီမင်းဟွမ်ဆုတောင်းပုတီးတွေက ငါ့အပိုင်ပဲ”

ဆူဇီမိုသည် အရာရာတိုင်းကို တုန်လှုပ်စွာ ကြည့်ရင်း ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထလာခဲ့၏။

ကိုယ်တော်မဟူရာရွှေ၏ လက်ထဲတွင် မည်သည့် မင်းဟွမ်ဆုတောင်းပုတီးစေ့မှ မရှိဘဲ အဲဒါက သွေးသံရဲရဲ မျက်လုံးနှစ်လုံးသာ ဖြစ်၏။

သို့သော်လည်း စောစောက ဆူဇီမို အပါအဝင် ကိုယ်တော်မဟူရာရွှေနှင့် လက်ရှိကျင့်ကြံသူတိုင်းသည် ပုံရိပ်ယောင်လောကတစ်ခုထဲသို့ ကျရောက်နေပြီး ထိုမျက်လုံးနှစ်လုံးက မင်းဟွမ်ဆုတောင်းပုတီးစေ့များ ဖြစ်သည်ဟု တွေးထင်နေကြ၏။

“ဒါက ပဒေသရာဇ်နန်းတော်ရဲ့ ရှေးဟောင်းပဒေသရာဇ်လှံတံပဲ.. ဒါအတွက် တိုက်ခိုက်ရဲတဲ့ ဘယ်သူမဆို ပဒေသရာဇ်နန်းတော်ကို ဆန့်ကျင်တာနဲ့ အတူတူပဲ”

မိစ္ဆာဂိုဏ်းများမှ တာအိုအရှင်တစ်ယောက်သည် သိပ်သည်းပြင်းထန်သော မိစ္ဆာမီးတောက်များကို ပိုင်ဆိုင်ထားပြီး ဘက်ပေါင်းစုံကို လှည့်ပတ်တိုက်ခိုက်နေ၏။

သို့သော်လည်း.. သူကိုင်ဆွဲထားသည်မှာ ရှေးဟောင်းပဒေသရာဇ်လှံ မဟုတ်ဘဲ ဘယ်ဆီဘယ်ဝယ်ကရယ်မသိ ထွက်ပေါ်လာသော အရိုးတစ်ချောင်းမျှသာ ဖြစ်၏။

ထောင့်တစ်ထောင့်တွင် ကျင့်ကြံသူတစ်ယောက်က ပုန်းကွယ်နေပြီး ချိုင့်ခွက်ထဲမှ သွေးများကို ပါးစပ်ထဲအပြည့် အငမ်းမရ သောက်သုံးနေ၏။ သို့သော်လည်း သူက တတွတ်တွတ် ရေရွတ်နေ၏။

“ကောင်းကင်ဘုံက ငါ့ဖက်မှာ အမှန်တကယ် ရှိနေပြီပဲ.. ဒီရှေးဟောင်းဘုရားကျောင်းထဲမှာ ငါက ကမ္ဘာဦးစိမ့်စမ်းတစ်ခုကိုတောင် ရှာတွေ့လိုက်တယ်ဆိုတော့…”

ရူးသွပ်သွားကြလေပြီ။

လူတိုင်းက ရူးသွပ်သွားကြလေပြီ။

ထိုထင်ယောင်ထင်မှားကမ္ဘာထဲတွင် မည်သည့်အရာကိုမှ ရှင်းလင်းစွာ မမြင်နိုင်ကြတော့ပေ။

ထိုပုံရိပ်ယောင်ကမ္ဘာထဲကနေ ရုန်းထွက်နိုင်မှသာလျှင် ခန်းမထဲရှိ ဖြစ်ပျက်နေသမျှ အရာရာတိုင်းကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပေလိမ့်မည်။

ရတနာများအားလုံးက အတုအယောင်များဖြစ်ကြ၏။

သို့သော်လည်း ကျင့်ကြံသူများကြား တိုက်ပွဲကတော့ အစစ်အမှန်ဖြစ်လေသည်။

ခန်းမထဲသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူပေါင်း အနည်းဆုံးငါးထောင်ရှိသော်လည်း ယခုအခါ သူတို့သည် အယောက်တစ်ထောင်ထက် ပိုမရှိကြတော့ပေ။

ဒါ့အပြင် အရေအတွက်က လျင်မြန်စွာ ဆက်လက်လျော့ကျနေဆဲဖြစ်၏။

ရုတ်တရက် ဆူဇီမိုသည် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး သူ၏သိုလှောင်အိတ်ထဲမှ သူရရှိထားခဲ့သော ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို ထုတ်ယူကြည့်လိုက်၏။

အဲဒါကတော့ ယခင် သူတွေ့မြင်ခဲ့ရသည့်အတိုင်းပင်ဖြစ်၏။

တစ်နည်းအားဖြင့်ဆိုလျှင်.. ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးက အစစ်အမှန်ဖြစ်၏။

ခန်းမတစ်ခုလုံးမှာ အမှားနှင့်အမှန်က ရောထွေးနေ၏။

အစစ်နှင့်အတု.. အရာရာတိုင်းသည် စိတ်ကူးယဉ်အိပ်မက်တစ်ခုကဲ့သို့ဖြစ်၏။

ထိုအခိုက်အတန့်တွင် ဆူဇီမိုက ငေးငိုင်နေပြီး ဖြစ်ပျက်သမျှ အတိအကျကို မဖော်ထုတ်နိုင်ပေ။

ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ဤထောင်ချောက်ကို ခင်းကျင်းပြီး မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူပေါင်း ငါးထောင်ကျော်ကို လှည့်စားနေသည့်လူ ဖြစ်၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ထိုကယောင်ချောက်ချား စိတ်အခြေအနေကနေ ရုန်းထွက်မလာနိုင်ကြပေ။

ဆူဇီမို၏ တာအိုနှလုံးသားနှင့်ပင်လျှင် သူသည် နိုးထမလာခင် အချိန်အတော်ကြာ လှည့်စားခံခဲ့ရ၏။

အဲဒါက ဘယ်သူလဲ…။

သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ…။

ဓမ္မဝိသေသအဆင့်လား..။

ပေါင်းစည်းခန္ဓာအဆင့်လား..။

သူက ဒီလိုမျိုး ထောင်ချောက်တစ်ခုကို ဘာကြောင့်ခင်းကျင်းခဲ့တာလဲ…။

ရုတ်တရက်.. ဆူဇီမိုသည် မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းနှင့် ပတ်သက်သည့် ဒဏ္ဍာရီများစွာကို ပြန်လည်အမှတ်ရလာ၏။

အစကတည်းက မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းနှင့် ပတ်သက်သည့်အရာများသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူက တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။

ဤနှစ်များအတွင်း ရှေးဟောင်းဘုရားကျောင်းထဲမှာ သေဆုံးခဲ့သော ကျင့်ကြံသူများသည် နိုးထလာခြင်း မရှိဘဲ သူတို့၏ ကယောင်ချောက်ချား စိတ်အခြေအနေဖြင့်သာ သေဆုံးခဲ့ခြင်း ဖြစ်ဖို့များ၏။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့၏။

ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်တွင် ဒုတိယဝင်သော ကိုယ်တော်မဟူရာရွှေပင်လျှင် ကျင့်ကြံသူများစွာကို အဆက်မပြတ် တိုက်ခိုက်သတ်​ဖြတ်ပြီးနောက် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံရကာ နေရာမှာပင် သေဆုံးသွား၏။

သေအံ့ဆဲဆဲ အချိန်မှာပင် ကိုယ်တော်မဟူရာရွှေသည် သူ၏ ထင်ယောင်ထင်မှား စိတ်အခြေအနေကနေ ရုန်းထွက်လာနိုင်ခြင်း မရှိဘဲ ပြူးကျယ်သော မျက်လုံးများနှင့်အတူ မကျေမချမ်းဖြစ်နေဆဲဖြစ်၏။

ဆူဇီမိုအနေဖြင့် ကျင့်ကြံသူများကို သူတို့၏ ကယောင်ချောက်ချား စိတ်အခြေအနေကနေ နိုးထလာစေဖို့ မဖြစ်နိုင်ပေ။

သူက သူတို့အနားသို့ ချဉ်းကပ်လိုက်သည့် ခဏမှာပင် ထိုကျင့်ကြံသူများသည် စိတ်တိုဒေါသထွက်လာပြီး သူ့ကို ရူးသွပ်စွာ တိုက်ခိုက်လာကြ၏။ သူက သူတို့၏ ရတနာများအတွက် တိုက်ခိုက်ဖို့ လာခြင်းဖြစ်သည်ဟု သူတို့က တွေးထင်နေကြ၏။

တကယ်တော့ ရတနာဟုခေါ်သော ထိုအရာများသည် အရိုးများနှင့် ခြေပြတ်လက်ပြတ်များသာဖြစ်၏။

ကျင့်ကြံသူအချို့သည် ခေါင်းပြတ်တစ်လုံးကို ယစ်မူးနေသော အမူအရာများနှင့်အတူ ရတနာတစ်ခုကဲ့သို့ ထွေးပိုက်နေကြ၏။

သူ၏ အာရုံခံသတိစိတ်က သူ့ကို ထပ်တလဲလဲ သတိပေးနေ၏။

သူ၏ အာရုံခံသတိစိတ်သည် ရှေးဟောင်းဘုရားကျောင်းထဲသို့ သူရောက်ရှိသည့် အချိန်ကတည်းက သူ့ကို သတိပေးနေခဲ့ခြင်းဖြစ်၏။

သို့သော်လည်း အန္တရာယ် ဘယ်ကလာသည်ကို ဆူဇီမိုက လုံးဝ ခံစားနိုင်ခြင်း မရှိပေ။

သူသည် ယခုချိန်မှာ ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို ရရှိထားခဲ့ပြီဖြစ်ပြီး သူ့စိတ်ထဲတွင်ရှိသည့် တစ်ခုတည်းသောအရာမှာ ငရဲဘုံထက်ပင် ပို၍ကြောက်စရာကောင်းသော ဤမဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းကနေ ထွက်ခွာဖို့ဖြစ်လေသည်။

ဘန်း.. ဘန်း.. ဘန်း..

ဆူဇီမိုသည် ကျင့်ကြံသူအချို့ကို ရှောင်တိမ်းပြီး ရှေးဟောင်းဘုရားကျောင်း၏ ကျောက်တံခါးလေးချပ်ကို အဆက်မပြတ် တိုက်ခိုက်လိုက်၏။

သို့သော်လည်း သူ၏ခွန်အားဖြင့် ကျောက်တံခါးချပ်များကို လှုပ်ခါနိုင်ခြင်း မရှိ​ပေ။

သူက ဤနေရာကနေ မထွက်ခွာနိုင်ပေ။

ချိပ်ပိတ်ထားသော ခန်းမထဲတွင် မကောင်းဆိုးဝါးဆန်ဆန် လေပြင်းတစ်ချက်က ရုတ်တရက် တိုက်ခတ်လာခဲ့၏။

ဆူဇီမိုသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားပြီး တစ်စုံတစ်ယောက်က သူ့ထံသို့ ချဉ်းကပ်လာသည့်အလား ခံစားရ၏။ သူက အလောတကြီးဖြင့် သူ၏ ဖန်တီးခြင်းကြာခုံကို ဆင့်ခေါ်ကာ သူ၏ ဦးခေါင်းထက်မှာ ရစ်ဝဲစေ၍ တစ်ဖက်သို့ လှည့်ကြည့်လိုက်၏။

အဲဒီမှာ ဘာမှမရှိပေ။

ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ၏ တာအိုနှလုံးသားကို တည်ငြိမ်စေကာ စိတ်ထဲကနေ ရွတ်ဆိုလိုက်၏။

“အရာရာတိုင်းက ဓမ္မပဲ.. အိပ်မက်တစ်ခုလို ပုံရိပ်ယောင်တွေ.. နှင်းစက်တွေနဲ့ လျှပ်စီးတွေလိုမျိုး အရာရာတိုင်းက တဒင်္ဂသာပဲ”

အဲဒီနောက်.. သူသည် ခေါင်းမွေးများ ထောင်ထလာသည်ဟု ခံစားရ၏။

သူသည် ထိုစာသားများကို စိတ်ထဲကနေ ရွတ်ဆိုခြင်းမျှသာဖြစ်၏။

သို့သော်လည်း စကားလုံးတစ်လုံးချင်းစီသည် ခန်းမတစ်ဝှမ်း ပဲ့တင်ထပ်လာသည်ကို သူက အမှန်တကယ်ပင် ကြားလိုက်ရ၏။

အဲဒါက လုံးဝ စိမ်းသက်သော အသံတစ်ခုဖြစ်၏။

ထိုအသံက တစ်မူထူးခြားသော သံလိုက်ဓာတ်အားနှင့်အတူ တည်ငြိမ်၍ ကြည်လင်သန့်စင်နေ၏။

သို့သော်လည်း ဆူဇီမိုအတွက်တော့ ထိုအသံသည် ငရဲမှလာသော နတ်ဆိုးတစ်ကောင်၏ အသံကဲ့သို့ဖြစ်ပြီး သူ့ကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်၍ ကြက်သီးမွေးညင်းများ ထလာစေ၏။

နိုးထလာသော သူ့အပြင် ထိုစကားလုံးများကို ရွတ်ဆိုနိုင်ပြီး ခန်းမထဲမှာ နောက်ထပ်နိုးထလာသော လူတစ်ယောက် ရှိနေ၏။ အဲဒါက ဤထောင်ချောက်ကို ခင်းကျင်းခဲ့သောလူ ဖြစ်ဖို့များလေသည်။

All Chapters