← Chapters

တိုက်ခိုက်ခြင်း

Vol. 85 Ch. 1270

တိုက်ခိုက်ခြင်း

Vol. 85 Ch. 1270

အဖြူရောင်ဝတ်လူက ထိုစကားများကို အပြုံးနှင့်အတူ ပြောလိုက်ခြင်းဖြစ်၏။

တကယ်ဆို... ဆူဇီမိုသည် အဖြူရောင်ဝတ်လူ၏လေသံမှ မည်သည့်သတ်ဖြတ်လိုစိတ်ကိုမှ မခံစားမိနိုင်ပေ။ ထိုအစား သူသည် နွေးထွေးပျူငှာစွာ စကားပြောဆိုနေသော ကျမ်းကြေဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ဖြစ်၏။

သို့သော်လည်း အဖြူရောင်ဝတ်လူသည် သေချာပေါက်သူ့ကို လွှတ်ပေးလိမ့်မည်မဟုတ်ကြောင်း ဆူဇီမိုက ကောင်းကောင်းသိထား၏။

အဲ့ဒါသည် လွန်ခဲ့သည့်နှစ်တစ်ရာကျော်က သူသည် အဖြူရောင်ဝတ်လူကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့ပြီး သူတို့နှစ်​ယောက်ကြား ရန်ငြိုးရန်စတစ်ခု ရှိထားပြီဖြစ်သောကြောင့်သာလျှင် မဟုတ်ပေ။

အဲ့ဒါထက် သူသည် အဖြူရောင်ဝတ်လူ၏ သရုပ်သကန်နှင့် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်း၏ လျှို့ဝှက်ချက်ကို သိရှိသွားသောကြောင့်ဖြစ်၏။

အဖြူရောင်ဝတ်လူက သူ့ကိုအသက်ရှင်လျက် လွှတ်ပေးစရာအကြောင်းမရှိပေ။

သူတို့နှစ်ယောက်က တိုက်ခိုက်ကြမည်ဆိုလျှင် ရလဒ်ကိုသံသယဝင်စရာမရှိပေ။

ဆူဇီမိုသည် စောစောကတင် ကြီးမားသည့်တိုက်ပွဲတစ်ခု တိုက်ခိုက်ထားခဲ့ပြီး သူ၏ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ ခုက ပျက်ပြယ်ကာ အချိန်တိုအတွင်း သူတို့ကိုပြန်လည်မစုဖွဲ့နိုင်သည့်အချက်ကို အသာထားဦး...။

ပြောရမည်ဆိုလျှင် သူ၏အထွတ်အထိပ်အခြေအနေမှာရှိလျှင်တောင် သူသည် အဖြူရောင်ဝတ်လူကို ဘယ်လိုမှယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

သူ့ထံတွင် အန္တိမဓမ္မဝိသေသ ၄ ခုတောင်ရှိနေ၏။

အရင်တုန်းက တာအိုအရှင်အမုန်းသည် အန္တိမဓမ္မဝိသေသ တစ်ခုနှင့်အတူ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို ၎င်း၏အကန့်အသတ်ထိရောက်ရှိသွားစေရန် ဖိအားပေးနိုင်ခဲ့၏။ အန္တိမဓမ္မဝိသေသ ၄ ခုက တစ်ပြိုင်နက်တည်းတိုက်ခိုက်လာမည်ဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က လှုပ်ရှားကွက်တစ်ကွက်ကိုပင် ခံနိုင်ရည်ရှိချင်မှ ရှိပေလိမ့်မည်။

တကယ်တော့.. ဆူဇီမိုက လက်လျှော့လိမ့်မည်မဟုတ်ပေ။

တစ်ဘက်မှာတော့ သူသည် အမှန်တကယ်သိချင်စိတ်ဖြင့် မေးခွန်းများကို ဆက်တိုက်မေးနေခြင်းဖြစ်၏။

တစ်ဘက်မှာတော့... သူသည် သူ၏ နောက်ဆုံးတန်ပြန်တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်ရန် အချိန်ဆွဲ၍ သူ၏သက်လုံအားကို ဖြည့်တင်းနေခြင်းဖြစ်၏။

သူ့မှာ တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုသာလျှင်ရှိ၏။

ဖြစ်ပျက်နေသည့်အရာကို အဖြူရောင်ဝတ်လူက နားလည်သွားပြီး အစောင့်အရှောက် ဗြမ္မဟာ ၄ ဦး တစ်ပြိုင်နက်တည်းလှုပ်ရှားလာသည်နှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က သေခြင်းတရားကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ခဲယဥ်းသွားပေလိမ့်မည်။

အဖြူရောင်ဝတ်လူက ခပ်​ဖျော့ဖျော့အပြုံးတစ်ခုနှင့်အတူ ဆူဇီမိုကိုကြည့်နေရင်း သူ၏မျက်လုံးများက ကြည်လင်တောက်ပနေ၏။

ထိုမျက်လုံးများသည် အကန့်အသတ်မဲ့သော ဉာဏ်ပညာဖြင့်ပြည့်နှက်နေပြီး ဆူဇီမို၏ လျှို့ဝှက်ချက်များအားလုံးကို ထွင်းဖောက်မြင်နေသည့်အလားထင်ရ၏။

အဖြူရောင်ဝတ်လူသည် အလောတကြီး ရှိမနေရသည့်အကြောင်းရင်းမှာ သူက လုံးဝဂရုမစိုက်သောကြောင့်လည်းဖြစ်နိုင်၏။

အဲ့ဒါသည် ကြောင်က ကြွက်ကိုကြည့်နေပုံနှင့်တူလေသည်။

အဲ့ဒီမှာ တစ်နည်းတစ်ဖုံ လှောင်ပြောင်သရော်လိုခြင်းနှင့်ကျီစယ်လိုခြင်းတို့ ပါဝင်လေသည်။

အဖြူရောင်ဝတ်လူ၏မျက်လုံးထဲတွင် ဆူဇီမိုက ဉာဏ်ကောင်းသောကြွက်တစ်ကောင် ဖြစ်ကောင်းဖြစ်နိုင်၏။ သို့သော်လည်း ထိုသူသည် သူ၏ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားစရာအကြောင်းမရှိပေ။

ဆူဇီမိုသည် အစောင့်အရှောက် ဗြမ္မဟာ ၄ဦးကိုကြည့်ပြီး သက်ပြင်းချလိုက်၏။

“တာအိုအရှင်သွေးမိစ္ဆာက ဗုဒ္ဓတာအိုမှာတောင် ဒီလောက်ထိအောင်မြင်ပေါက်မြောက်နေပြီဆိုတော့...”

မျက်မှောက်ခေတ်၏ ကျင့်ကြံသူများကိုအသာထား ရှေးဟောင်းခေတ်တုန်းကပင်လျှင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၄ခုကို အန္တိမအဆင့်ထိကျင့်ကြံထားနိုင်ခဲ့သော မည်သည့်ဗုဒ္ဓကျင့်ကြံသူမှ မပေါ်ထွက်ခဲ့လောက်ပေ။

သို့သော်လည်း အဲ့ဒါကိုပိုမိုတွေးကြည့်လေလေ အဖြူရောင်ဝတ်လူက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သက်သေပြနိုင်လေဖြစ်၏။

သူသည် အံ့မခန်း မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ဖန်တီးခဲ့၏။ အဲ့ဒါကို ပြန်လည်ရှုမြင်ကြည့်မည်ဆိုလျှင် ရှေးဟောင်းဧကရာဇ်များပင်လျှင် မျိုးဆက်သွေးအရာမှာ သူ့ကိုယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်နိုင်သော သွေးအေးရက်စက်သည့် မိစ္ဆာတစ်ကောင်သည် ဗုဒ္ဓတာအိုမှာလည်း ဤမျှထိကြောက်စရာကောင်းလောက်အောင် အောင်မြင်ပေါက်မြောက်မှုရှိနေပြီဆိုတော့...။

ဗုဒ္ဓနှင့် မိစ္ဆာတာအိုကိုပေါင်းစည်းထားခြင်းသည် အဖြူရောင်ဝတ်လူ၏ဘေးပတ်လည်တွင် တစ်မူထူးခြားသော အော်ရာတစ်ခုကို ဖြစ်ပေါ်လာစေ၏။

“မိစ္ဆာနဲ့ ဗုဒ္ဓဆိုတာဘာလဲ”

ဆူဇီမို၏ စကားများမှာ လှုပ်ခတ်သွားပုံရပြီး အဖြူရောင်ဝတ်လူမှာ မှင်သေသေဖြင့်ပြောလိုက်၏။

“မိစ္ဆာတွေက ဗုဒ္ဓဖြစ်လာနိုင်သလို... ဗုဒ္ဓကလည်း မိစ္ဆာအဖြစ် ပြောင်းလဲသွားနိုင်တာပဲ... သူတို့ကြားမှာ ဘာများကွာဟချက်ရှိလို့လဲ”

ဆူဇီမိုသည် တစ်ချိန်လုံးသတိကြီးကြီးထား၍ အာရုံစိုက်နေ၏။ အဖြူရောင်ဝတ်လူ၏ စိတ်ထဲတွင် လှိုင်းဂယက်တစ်ခုပေါ်ထွက်လာသည့်ခဏမှာပင် သူက အဲ့ဒါကိုခံစားမိလိုက်ပြီဖြစ်၏။

အခွင့်အလမ်းတစ်ခု...

“သတ်...”

ရုတ်တရက်ဆူဇီမိုသည် သူ၏ပါးစပ်ကို ဖွင့်ဟပြီး အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။

အဲ့ဒါက ပထမဆုံးလှုပ်ရှားကွက်ဖြစ်ပြီး သူ၏သတ်ဖြတ်ကွက်က နောက်မှာကပ်ပါလာ၏။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ဆယ်ပေသာကွာဝေးလေသည်။

ထိုအကွာအဝေး၌ အားနည်းသောကိုယ်ကာယနှင့် ဓမ္မဝိသေသတာအိုအရှင်များဆိုလျှင် သူတို့သည် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၏ သတ်ဖြတ်ခြင်းကိုပင်ခံရနိုင်၏။

သို့သော်လည်း မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းသည် အဖြူရောင်ဝတ်လူအပေါ် လုံးဝသက်ရောက်စေနိုင်ခြင်းမရှိပေ။

အဖြူရောင်ဝတ်လူက သူ့မျက်လုံးထဲရှိ လှောင်ပြောင်သရော်လိုမှုတစ်စွန်းတစ်စနှင့် ခပ်ဖျော့ဖျော့အပြုံးတစ်ခုနှင့်အတူ ဆူဇီမိုကို တည်ငြိမ်စွာကြည့်နေဆဲ ဖြစ်၏။

“မကောင်းတော့ဘူး”

ဆူဇီမိုက ရင်ထဲမှနင့်သွား၏။ ဤဟာကွက်ကို အဖြူရောင်ဝတ်လူက တမင်ရည်ရွယ်ကာ ထုတ်ဖော်ပြသခဲ့တာများလား...။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုက ဆက်ပြီးဂရုမစိုက်နိုင်တော့ပေ။

မြှားကို လေးကြိုးမှာ ဆွဲတင်ထားပြီးပြီဖြစ်ပြီး အဲဒါကို ထုတ်လွှတ်ရပေတော့မည်။

ဝှစ်ဝှစ်ဝှစ်...

ဆူဇီမို၏ နှာရောင်မှ အစိမ်းရောင်အလင်းတောက်တောက်တစ်ခုက ရုန်းကန်ထွက်ပေါ်လာ၏။

သူ၏ ဖန်တီးခြင်းကြာခုံသည် သူ၏ခေါင်းထက်မှာ ရစ်ဝဲနေခဲ့၏။ သို့သော်လည်း တကယ်တမ်းမှာတော့ အစိမ်းရောင်ကြာစေ့ ၅၄စေ့သည် သူ၏အသိစိတ်ထဲမှာ တစ်ချိန်လုံး ပုန်းကွယ်နေပြီး သေကွင်းသေကွက်ကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေခဲ့၏။

အစိမ်းရောင်ကြာစေ့ ၅၄စေ့သည် သူ၏အသိစိတ်ထဲကနေ ထွက်ခွာလာပြီး အစိမ်းရောင်အလင်းတောက်တောက်နှင့်အတူ ဓားရှည်တစ်လက်ကို ချက်ချင်းစုဖွဲ့လိုက်၏။

ချက်ချင်းပင် အစိမ်းရောင်ကြာပန်းဓားက ရောက်ရှိလာပြီး အဖြူရောင်ဝတ်လူ၏ဦးခေါင်းကို ခုတ်ပိုင်းချလိုက်၏။

အဲ့ဒါသည် အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုဖြစ်၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ပင်လျှင် အစိမ်းရောင်ကြာပန်းဓား၏ ခုတ်ချက်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ကြမည်ဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က အဖြူရောင်ဝတ်လူကို ဘယ်လိုမှ ယှဥ်နိုင်မည်မဟုတ်​ကြောင်း ဆူဇီမိုက ကောင်းကောင်းသိထား၏။

ဒါ့အပြင် ယခုအချိန်မှာသူက သူ၏ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများကိုလည်း ဆင့်ခေါ်နိုင်ခြင်းမရှိပေ။

သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့်အတူ ​အဖြူရောင်ဝတ်လူကို ဆန့်ကျင်တိုက်ခိုက်မှသာလျှင် သူက ရှင်သန်နိုင်ကောင်းရှင်သန်နိုင်ပေလိမ့်မည်။

ဒါ့အပြင်... အမြုတေစိတ်ဝိညာဥ် တိုက်ခိုက်မှုတစ်ခုမှာ အဖြူရောင်ဝတ်လူသည် စိတ်အာရုံပျက်ယွင်းဖို့ကိုမတတ်နိုင်ပေ။ အဲ့ဒါကြောင့် သူသည် အစောင့်အရှောက် ဗြမ္မဟာ ၄ဦးကို အသုံးချနိုင်တော့မည်မဟုတ်ပေ။ သူသည် အဖြူရောင်ဝတ်လူ၏ အမြုတေစိတ်ဝိညာဥ်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင် အန္တိမဓမ္မဝိသေသ ၄ခုသည် တိုက်ခိုက်ရခြင်းမရှိဘဲ လဲပြိုကျသွားပေလိမ့်မည်။

တကယ်တော့ သူက ကျရှုံးသွားမည်ဆိုလျှင် အရာရာတိုင်းက အဆုံးသတ်သွားပေလိမ့်မည်။

အဖြူရောင်ဝတ်လူသည် အစိမ်းရောင်ကြာပန်းဓား၏ ထက်ရှမှုကိုခံစားမိသောအခါ သူ၏သူငယ်အိမ်နှစ်ဖက်က အနည်းငယ်တင်းကျပ်သွား၏။

ထိုသို့ဆိုလျှင်တောင် သူ၏မျက်နှာပေါ်တွင် မည်သည့်ကြောက်ရွံ့မှုတစ်စွန်းတစ်မျှရှိမနေပေ။

ဤလောက၌ သူ့ကိုကြောက်လန့်စေနိုင်သည့်သူ တစ်ယောက်မျှမရှိသည့်အလားပင်။

အဖြူရောင်ဝတ်လူသည် လုံးဝလှုပ်ရှားခြင်းမရှိဘဲ အစိမ်းရောင်ကြာပန်းဓားက ခုတ်ပိုင်းကျဆင်းလာပြီး သူ၏နှာရောင်ထဲသို့ တိုးဝင်သွားသည်ကို သူက တည်ငြိမ်စွာသာ စောင့်ကြည့်နေ၏။

“ဟမ်....”

ဆူဇီမို၏ မျက်လုံးနှစ်ဖက်က မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။

အဲ့ဒါက အလုပ်ဖြစ်သွားပြီလား...။

အစိမ်းရောင်ကြာပန်းဓားသည် သူ၏အသိစိတ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်ပင်လျှင် ၎င်း၏ထက်ရှမှုကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

ခဏမျှရပ်တန့်သွားပြီးနောက် ဆူဇီမိုက ရင်ထဲမှာနင့်သွား၏။

တစ်စုံတစ်ရာလွဲမှားနေလေပြီ။ အဖြူရောင်ဝတ်လူ၏ အသက်ဓာတ်အားသည် လုံးဝသက်ရောက်ခြင်းမခံရဘဲ သူ၏မျက်လုံးများက ကြည်လင်တောက်ပနေဆဲ ဖြစ်၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံလိုက်ရသည်နှင့် လုံးဝတူမနေပေ။

တစ်ဘက်မှာတော့ အစိမ်းရောင်ကြာပန်းဓားသည် အဖြူရောင်ဝတ်လူ၏ နှာရောင်ထဲသို့ တိုးဝင်သွားပြီးနောက် ဆူဇီမိုသည် ၎င်းကို ဆက်လက်၍ အာရုံမခံနိုင်တော့ပေ။

အဲ့ဒီမှာ ဘယ်လိုစွမ်းအားမျိုးရှိနေတာပါလိမ့် ...

ဆူဇီမိုက တုန်လှုပ်သွားရ၏။

အဖြူရောင်ဝတ်လူသည် တစ်ချိန်လုံး မည်သည့်အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ် သို့မဟုတ် အမြုတေစိတ်ဝိညာဥ်ဓမ္မလက်နက်ကိုမှ အသုံးပြုခဲ့ခြင်းမရှိသည်ကို သူ အလွန်တရာသေချာလေသည်။

သို့သော်လည်း အစိမ်းရောင်ကြာပန်းဓားက သူ၏အသိစိတ်ထဲမှာထဲသို့ ဝင်ရောက်သွားသောအခါ ၎င်းသည် သမုဒ္ဒရာထဲသို့ ကျဆင်းသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ တစ်စွန်းတစ်စမကျန် ဝါးမျိုခြင်းခံလိုက်ရ၏။

ရုတ်တရက်ဆိုသလို...

အလွန်တရာကြောက်စရာကောင်းသော စွမ်းအင်အတက်အကျတစ်ခုသည် အဖြူရောင်ဝတ်လူ၏ နှာရောင်ကနေ ဖြန့်ကြက်ထွက်ပေါ်လာ၏။

သူ၏နှာရောင်တွင် သူ၏ အနက်ရောင်ဆံပင်များကြားမှာ ပါးလွှာသော သွေးအမာရွတ်က ပိုမိုတောက်ပလာသည်ဟု ထင်ရ၏။

သွေးရောင်မျက်လုံးတစ်လုံးက ပွင့်လာတော့မည့်ဆဲဆဲပင်... ။

ထို့နောက်ချက်ချင်းပင် ကြာစေ့ ၅၄စေ့သည် အဖြူရောင်ဝတ်လူ၏ နှာရောင်ထဲကနေ မည်သည့်အရောင်အဝါမှမရှိဘဲ ထွက်ကျလာခဲ့၏။

ဖြစ်စဥ်တစ်ခုလုံးက အလွန်တရာ တိုတောင်းခဲ့လေသည်။

တကယ်ဆို... သူ၏ အစိမ်းရောင်ကြာပန်းဓားကို ချေဖျက်ရန် အဖြူရောင်ဝတ်လူက ဘယ်လိုနည်းလမ်းမျိုးကို အသုံးပြုခဲ့သလဲ ဆူဇီမိုက သိပင်မသိလိုက်ပေ။

သို့သော်လည်း... ထိုအခိုက်အတန့်တွင် သူက ဆက်လက််၍ ဂရုမစိုက်နိုင်တော့ပေ။

“စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်...”

ဆူဇီမိုသည် ဟိန်းဟောက်၍ သူ၏အမြုတေကို နောက်တစ်ဖန်လှည့်ပတ်ပြီး ဒုတိယမြောက် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။

သူသည် အဖြူရောင်ဝတ်လူကို မည်သည့်အခွင့်အရေးမှ ပေးလို့မ​ဖြစ်ပေ။ မဟုတ်ပါက ထိုသူ့ထံမှ အတွေးတစ်ချက်နှင့်အတူ အစောင့်အရှောက် ဗြမ္မဟာ ၄ ဦးက သူ့ကိုဝန်းရံသွားသည်နှင့် သူက လုံးဝထွက်​ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ဆူဇီမိုသည် သူ၏လက်ကိုဆန့်ပြီး လျှပ်စီးများဖြင့် ရစ်ခွေနေသော ကျာပွတ်တစ်ခုကို သူ၏ နှာရောင်ထဲကနေ ဆွဲထုတ်လိုက်၏။ ၎င်းက ပြိုးပြိုးပြက်ပြက် ဝင်းလက်နေပြီး အဖျက်စွမ်းအား အော်ရာတစ်ခုဖြာထွက်နေ၏။

ဖြောက်... ဖြောက်...

ဆူဇီမိုသည် စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်ကို လွှဲယမ်းပြီး အဖြူရောင်ဝတ်လူကို ရက်ရက်စက်စက် ပစ်ရိုက်ချလိုက်၏။

သူ၏ ဒုတိယမြောက် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို အဖြူရောင်ဝတ်လူသည် လုံးဝလှုပ်ရှားခြင်းမရှိဘဲ ခံနိုင်ရည်ရှိလိမ့်မည်ဟု သူက လုံးဝမယုံကြည်နိုင်ပေ။

All Chapters