← Chapters

ဆိုးဆိုးရွားရွား ရှုံးနိမ့်ခြင်း

Vol. 85 Ch. 1271

ဆိုးဆိုးရွားရွား ရှုံးနိမ့်ခြင်း

Vol. 85 Ch. 1271

“မိုးကြိုးဧကရာဇ်ရဲ့ လျှို့ဝှက်အတတ်လား..”

အဖြူရောင်ဝတ်လူ၏ မျက်လုံးက ဝင်းလက်သွားပြီး စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်၏ ဇစ်မြစ်ကို လွှတ်ခနဲ ပြောဆိုလိုက်၏။

ဤတစ်ခေါက်တွင်တော့ သူသည် မဆင်မခြင် မပြုလုပ်တော့ဘဲ သူ၏ မနောကျင့်ကြံခြင်း နည်းစနစ်ကို လှည့်ပတ်ကာ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုကို စုဖွဲ့ဖို့အတွက် ဓမ္မပညာရပ် အချို့ကိုလည်း ရွတ်ဆိုလိုက်၏။

ထိုဓမ္မပညာရပ်များ၏ စကားသံသည် ဆူဇီမိုနှင့် ရင်းနှီးမှု ရှိလေသည်။

သိပ်မကြာမီ.. အဲဒါက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်မှ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ဖြစ်သော သွေးစက်ပညာရပ်ဖြစ်သည်ကို သူက နားလည်သိရှိသွား၏။

မသတီစရာ သွေးစက်တစ်စက်သည် အဖြူရောင်ဝတ်လူ၏ အသိစိတ်ထဲကနေ လွင့်မျောထွက်ပေါ်လာပြီး ကြောက်စရာကောင်း၍ နတ်ဆိုးဆန်သော စွမ်းအားတစ်ခုနှင့်အတူ စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်နှင့် ထိတွေ့ရိုက်ခတ်လိုက်၏။

ဇီ.. ဇီး..

ချက်ချင်းနီးပါးပင်.. စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်ပေါ်ရှိ မိုးကြိုးစွမ်းအားက ထိုသွေးစက်ဖြင့် ဖိနှိမ်ခြင်းခံလိုက်ရ၏။

ပုံမှန်အားဖြင့်ဆိုလျှင် မိုးကြိုးစွမ်းအားက နတ်ဆိုးများနှင့် မိစ္ဆာများကို ဖိနှိမ်ရာမှာ သက်ရောက်မှုအရှိဆုံးဖြစ်၏။

သို့သော်လည်း နတ်ဆိုးစွမ်းအားက အရမ်းကို သန်မာလွန်းသောကြောင့် မိုးကြိုးပင်လျှင် ၎င်းကို မဖိနှိမ်နိုင်တော့ပေ။

စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်က ပျက်ပြယ်တော့မည့်ဆဲဆဲမှာပင် မနောကျင့်ကြံရေး နည်းစနစ်တစ်ခုကို နောက်တစ်ဖန် လှည့်ပတ်ပြီး သူ၏ တတိယမြောက် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။

ရူလိုင်းဓမ္မချိပ်စည်း…

ရွှေရောင်စကြာသင်္ကေတစ်ခုသည် ဆူဇီမို၏ နှာရောင်ကနေ ဖျပ်ခနဲလက်၍ ပေါ်ထွက်လာ၏။ ၎င်းသည် သိပ်သည်းပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင်ပြီး သက်ရှိအားလုံးကို ဖိနှိမ်နိုင်သည့်အလား အလွန်တရာ မြင့်မြတ်ထည်ဝါနေ၏။

စကြာသင်္ကေတသည် အဖြူရောင်ဝတ်လူဆီသို့ ဖြည်းဖြည်းချင်း ပျံသန်းသွား၏။

ထိုအမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီးနောက်.. ဆူဇီမို၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သူ၏မျက်နှာက အလွန်တရာ ဖြူဖပ်ဖြူလျော် ဖြစ်သွားခဲ့၏။

အစကတည်းက သူသည် ခန်းမထဲမှာ ကျင့်ကြံသူများစွာနှင့် တိုက်ခိုက်ခဲ့ပြီးလေပြီ။ သူသည် ဓမ္မစွမ်းအားနှင့် အမြုတေစိတ်ဝိညာဉ်စွမ်းအားများစွာကို အသုံးပြုခဲ့ပြီးပြီဖြစ်၏။

ယခုအချိန်တွင်.. အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ် သုံးခုကို အတင်းအကျပ် ထုတ်ဖော်လိုက်ရခြင်းသည် သူ၏ အကန့်အသတ် ဖြစ်နေခဲ့လေပြီ။

ဆူဇီမိုသည် အံကို တင်းတင်းကြိတ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်မှ တဆစ်ဆစ် နာကျင်မှုကို ကြိတ်မှိတ်ခံစားလိုက်၏။ သူသည် အစိမ်းရောင်ကြာခုံကို အသက်သွင်းပြီး အဖြူရောင်ဝတ်လူ၏ ဦးခေါင်းကို ပစ်ရိုက်လိုက်၏။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အလွန်တရာ နီးကပ်နေပြီး ဖန်တီးခြင်းကြာခုံသည် ရူလိုင်းဓမ္မချိပ်စည်းထက်ပင် ပိုမိုမြန်ဆန်စွာ ချက်ချင်းနီးပါး ရောက်ရှိလာ၏။

အဖြူရောင်ဝတ်လူက မည်သည့် ဓမ္မလက်နက်ကိုမှ အသုံးမပြုပေ။

သူသည် ဖန်တီးခြင်းကြာခုံ ဝင်ရောက်လာသည်ကို မြင်သောအခါ သူ၏ ဖြူဖွေးသော လက်ဖဝါးကိုသာ ဆန့်ထုတ်ပြီး လှုပ်ရှားယိမ်းယိုင်ခြင်း မရှိဘဲ ၎င်းကို ဖမ်းဆုပ်လိုက်၏။

ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဉ်းလိုက်၏။

သူသည် စောစောကတင် ဖန်တီးခြင်းကြာခုံကို သုံးပြီး စွမ်းအားကြီးပုဂ္ဂိုလ် အကြီးအကဲလီလေ့၏ ဦးခေါင်းကို ရိုက်ခွဲခဲ့လေသည်။

သို့သော် ယခုအခါ အဖြူရောင်ဝတ်လူသည် သူ၏ ကိုယ်ကာယဖြင့် ဖန်တီးခြင်းကြာခုံကို ဖမ်းဆွဲလိုက်၏။ အဲဒါက ဘယ်လောက်တောင် စွမ်းအားကြီးမားတဲ့ ခန္ဓာကိုယ်အမျိုးအစားပါလိမ့်…။

အဖြူရောင်ဝတ်လူသည် နဖူးမှ ခြေဖျားအထိ မည်သည့်ဟာကွက်မှ ရှိမနေပေ။

ပေါက်…

အဖြူရောင်ဝတ်လူ၏ လက်ဖဝါးထံမှ သေးငယ်သော သွေးစက်တစ်စက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

သူသည် ဖန်တီးခြင်းကြာခုံကို လက်ဗလာဖြင့် ခံယူပြီးနောက် ဒဏ်ရာရရှိသွားဆဲဖြစ်၏။

တကယ်တော့ အဲဒါသည် အပေါ်ယံဒဏ်ရာတစ်ခုမျှသာ ဖြစ်၏။

တစ်ခဏအတွင်းမှာပင်.. အဖြူရောင်ဝတ်လူ၏ လက်ဖဝါးပေါ်ရှိ ဒဏ်ရာက ပျောက်ကင်းသွားခဲ့လေပြီ။

“ဗုဒ္ဓဂိုဏ်းတွေရဲ့ အထွတ်အမြတ် ပစ္စည်းတစ်ခုလား”

အဖြူရောင်ဝတ်လူသည် သူ့လက်ဖဝါးထဲရှိ ကျောက်စိမ်းရောင် ကြာခုံကိုကြည့်ရင်း သူ၏မျက်လုံးထဲတွင် ချစ်ခင်မြတ်နိုးသော ပုံရိပ်တစ်ခုက ဖျတ်ခနဲ ပေါ်ထွက်လာ၏။

“မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ တိုက်ခိုက်ရည်ခွန်အားအရဆို.. မင်းက ဗုဒ္ဓကျောင်းတော်တွေရဲ့ အနှိုင်းမဲ့ ပြန်ဝင်စား မွန်းစတားတစ်ယောက် ဖြစ်မယ်ဆိုတာ ငါ ​ပြောနိုင်တယ်.. ငါ မင်းကို တကယ်ပဲ မသတ်ရက်ဘူး”

“ဘယ်လောက်တောင် နှမျောဖို့ ကောင်းလိုက်သလဲ.. မင်းက ဒီမဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းထဲကို ရောက်လာပြီး လောဘမကြီးခဲ့သင့်ဘူး”

အဖြူရောင်ဝတ်လူက ညင်သာစွာ သက်ပြင်းချ၍ သူ၏လက်ဖဝါးထဲတွင် ဖန်တီးခြင်းကြာခုံကို ဆုပ်ကိုင်ထား၏။ သူသည် ဝင်ရောက်လာသော ရူလိုင်းဓမ္မချိပ်စည်းကို ကြည့်ပြီး မနောကျင့်ကြံရေး နည်းစနစ်တစ်ခုကို လှည့်ပတ်ကာ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။

ဆူဇီမိုသည် မျက်လုံးပြူး မျက်ဆန်ပြူးဖြင့်သာ ငေးကြည့်လိုက်ရ၏။

ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းတစ်ခုသည်လည်း အဖြူရောင်ဝတ်လူ၏ နှာရောင်ကနေ ရုန်းကန်ထွက်ပေါ်လာ၏။ အဲဒါက ပို၍ပင် ကြီးမား၍ ပို၍ပင် နတ်ဘုရားဆန်ပြီး ပို၍ပင် တောက်ပဝင်းလက်သော စကြာသင်္ကေတတစ်ခုဖြစ်၏။

ရူလိုင်းဓမ္မချိပ်စည်း…

အဖြူရောင်ဝတ်လူသည်လည်းပဲ ရူလိုင်းဓမ္မချိပ်စည်းကို သိရှိထားလေသည်။

ဒါ့အပြင်.. သူက အန္တိမဓမ္မဝိသေသ လေးခုကို ပိုင်ဆိုင်ထားသောကြောင့် သူ၏ အမြုတေစိတ်ဝိညာဉ်သည် ဆူဇီမိုထက် သေချာပေါက် ပိုမိုသန်မာလေသည်။

သူက အဲဒါကို ထုတ်ဖော်လိုက်သောအခါ.. ရူလိုင်းဓမ္မချိပ်စည်း၏ စွမ်းအားသည် များစွာပို၍ ကြောက်စရာကောင်းလာခဲ့၏။

ဘုန်း…

ရူလိုင်းဓမ္မချိပ်စည်းနှစ်ခုက ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်လိုက်၏။

ခန်းမတစ်ခုလုံးက ရပ်တန့်သွားသည်ဟု ထင်ရ၏။

သူတို့နှစ်ယောက်ထံမှ မလှမ်းမကမ်းတွင်ရှိသော ကျင့်ကြံသူအချို့သည် တဆတ်ဆတ် တုန်ယင်သွားပြီး သူတို့၏အကြည့်များက မှေးမှိန်သွား၏။ သူတို့၏ အသက်ဓာတ်က လျင်မြန်စွာ ဆုတ်ယုတ်၍ လဲပြိုကျကုန်လေသည်။

သူတို့၏ အမြုတေစိတ်ဝိညာဉ်များသည် သူတို့၏ အသိစိတ်များထဲမှာ ကြေမွပျက်စီးကုန်ပြီဖြစ်၏။

အဲဒါသည် ရူလိုင်းဓမ္မချိပ်စည်းနှစ်ခု၏ ထိတွေ့ရိုက်ခတ်ခြင်းမျှသာ ဖြစ်လျှင်တောင် ဖြန့်ကြက်ထွက်ပေါ်လာသော စိတ်ဝိညာဉ်အသိစိတ် အတက်အကျသည် ကျင့်ကြံသူများစွာ ခုခံနိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။

အဲဒီမှာ ယာယီအားဖြင့် ရပ်တန့်သွား၏။

ဆူဇီမို စုဖွဲ့ထားသော စကြာသင်္ကေတက စတင်အက်ကွဲလာ၏။

အဖြူရောင်ဝတ်လူ စုဖွဲ့ထားသော စကြာသင်္ကေတသည်လည်းပဲ အက်ကွဲလာလေသည်။ သို့သော်လည်း ၎င်းက ဆူဇီမို၏ စကြာသင်္ကေတထက် ပိုမိုသန်မာသည်မှာ သိသာ၏။

သိပ်မကြာမီ.. ၎င်းသည် ဆူဇီမို၏ စကြာသင်္ကေတကို ဖိနှိမ်ပြီး ချေမွဖျက်ဆီးပစ်ကာ သူ့ကို နောက်သို့ လန်ကျသွားစေ၏။

ဆိုးဆိုးရွားရွား ရှုံးနိမ့်ခြင်း…

ဆူဇီမိုသည် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်သုံးခုကို ဆက်တိုက်ထုတ်ဖော်ခဲ့သည်ဆိုလျှင်တောင် သူတို့အားလုံးကို အဖြူရောင်ဝတ်လူက ပိတ်ဆို့တားဆီးခဲ့၏။

ဒါ့အပြင်.. အဖြူရောင်ဝတ်လူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်သည် ကြောက်စရာကောင်းသော တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ကိုပါ ထုတ်ဖော်လိုက်နိုင်၏။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် ၎င်း၏ အကန့်အသတ်ကို ကျော်လွန်သွားခဲ့လေပြီ။ ထိုအခိုက်အတန့်တွင် သူသည် စူးရှသော နာကျင်မှုတစ်ခုကို ခံစားရကာ မည်သည့် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကိုမှ ဆက်လက်ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။

ထိုသို့ဆိုလျှင်တောင် သူက အလျှော့မပေးသေးပေ။ သူသည် စိတ်ဝိညာဉ်အသိစိတ်တစ်မျှင်ကို စုဖွဲ့ပြီး သူ့ဘယ်ဘက်လက်ကောက်ဝတ်ပေါ်ရှိ မင်းဝမ်ဆုတောင်းပုတီးကို ဆက်တိုက်နှိုးဆွနေ၏။ သူသည် ထိုအမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်ကို နိုးထစေချင်နေလေသည်။

နောက်ဆုံးမှာတော့ သူသည် ဤဓမ္မလက်နက်ကို နှစ်ပေါင်းများစွာ ဝတ်ဆင်ထားခဲ့ပြီး ၎င်းသည် သူ၏စိတ်၊ သူ၏မျိုးဆက်သွေးတို့ဖြင့် ချိတ်ဆက်နေ၏။

ဆူဇီမို အန္တရာယ်ကျရောက်နေသည်ကို အာရုံခံမိသွားပြီး မင်းဝမ်ဆုတောင်းပုတီးက ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းတစ်ခုကို ဖြာထုတ်ပေးကာ ဆူဇီမို၏ ဘေးပတ်လည်တွင် ရွှေရောင်အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။

အလင်းရောင်အကာအရံလွှာတွင် ပဟေဠိဆန်ဆန် စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော စကားလုံးများကို​ ခတ်နှိပ်ထား၏။

ဘုန်း…

အက်ကွဲနေသော ရူလိုင်းဓမ္မချိပ်စည်းသည် မင်းဝမ်ဆုတောင်းပုတီး၏ ရွှေရောင်အကာအရံအလွှာနှင့် ထိတွေ့ရိုက်ခတ်ပြီး ကြေမွပျက်စီးသွား၏။

ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်သည် အားကင်ကုန်ခမ်းနေပြီး အကာအရံအလင်းလွှာကလည်း သိပ်ကြာကြာ တောင့်မခံနိုင်ပေ။ ၎င်းသည် လျင်မြန်စွာ အရောင်မှိန်ကျ၍ တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားခဲ့၏။

သူက ရှုံးနိမ့်သွားလေပြီ။

ဆူဇီမိုသည် သူ့ခန္ဓာကိုယ်အတွင်းမှာ မည်သည့်ဓမ္မစွမ်းအားမှ မကျန်ရှိတော့ဘဲ သူ၏အမြုတေစိတ်ဝိညာဉ်ကလည်း ခမ်းခြောက်သွားခဲ့ပြီဖြစ်၏။ သူသည် ခြေကုန်လက်ပန်းကျ၍ အရိုးရှင်းဆုံး ဓမ္မပညာရပ်တစ်ခုကိုပင် မထုတ်ဖော်နိုင်တော့ပေ။

အဖြူရောင်ဝတ်လူသည် ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် ဓမ္မဝိသေသ တစ်ခုကိုသာလျှင် အသုံးပြုဖို့ လိုလေသည်။

ဆူဇီမိုသည် နာကျင်ကိုက်ခဲပြီး သည်းထန်စွာ မောဟိုက်နေ၏။

သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က ဤနေရာမှာ သေဆုံးရမည်နှင့် ပတ်သက်၍ သူက မကျေမနပ်ဖြစ်မိသော်လည်း သူတတ်နိုင်တာ ဘာမှမရှိတော့ပေ။

သူ့မှာ အစစ်အမှန်နဂါးခန္ဓာနှင့်​ သိုင်းတာအိုအစစ်အမှန်ခန္ဓာကိုယ်တို့ ရှိနေသေး၏။

တစ်နေ့မှာ သူသည် တာအိုအရှင် သွေးမိစ္ဆာဆီကို သေချာပေါက် ပြန်လာပြီး လက်စားချေရပေလိမ့်မည်။

ဆူဇီမို၏ စိတ်ထဲတွင် အတွေးပေါင်းများစွာက တဖျပ်ဖျပ် ပေါ်ထွက်နေ၏။

တကယ်ဆို သူက မူးဝေထုံထိုင်းနေပြီဖြစ်၏။

သို့သော်လည်း အဖြူရောင်ဝတ်လူက တစ်ချိန်လုံး တိုက်ခိုက်မလာခဲ့ပေ။

အတန်ကြာပြီးနောက်.. ဆူဇီမိုသည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို နောက်ဆုံးမှာ နားလည်သွားပြီး အလိုလို မော့ကြည့်လိုက်၏။

မသိလိုက် မသိဘာသာနှင့်ပင်.. အဖြူရောင်ဝတ်လူက သူ့ရှေ့သို့ ရောက်ရှိနေခဲ့လေပြီ။

ရုတ်တရက်.. အဖြူရောင်ဝတ်လူက သူ၏လက်ကို ဆန့်ထုတ်ပြီး ဆူဇီမို၏ ဘယ်ဘက်လက်ကို ဖမ်းဆွဲလိုက်၏။

ဆူဇီမိုသည် ရှောင်ရှား၍ ခုခံချင်မိ၏။

သို့သော်လည်း သူ့မှာ မည်သည့်စွမ်းအင်မှ မကျန်ရှိတော့ဘဲ အဖြူရောင်ဝတ်လူက သူ့ဘယ်ဘက်လက်အား ဖမ်းဆွဲသည်ကို ခွင့်ပြုလိုက်ရ၏။

ဗြိ…

ဆူဇီမို၏ ဘယ်ဘက်လက်ပေါ်ရှိ အင်္ကျီလက်စက ချက်ချင်းပင် စုတ်ပြဲသွား၏။

အဖြူရောင်ဝတ်လူ၏ အကြည့်သည် ဆူဇီမို၏ ဘယ်ဘက်လက်ကောက်ဝတ်ပေါ်သို့ ဆင်းသက်လာပြီး တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ မင်းဝမ်ဆုတောင်းပုတီးကုံးကို အတန်ကြာသည်အထိ စိုက်ကြည့်နေ၏။

သို့သော်လည်း ဆူဇီမိုက မူးဝေထုံထိုင်းနေပြီး အဲဒါကို သတိမထားမိပေ။

“ဒါက မင်းဝမ်ဆုတောင်းပုတီးကုံးပဲ”

အတန်ကြာပြီးနောက်.. အဖြူရောင်ဝတ်လူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

ဆူဇီမိုသည် ခွန်အားများစွာ မကျန်ရှိတော့ဘဲ စိတ်ထဲကနေသာ လှောင်ရယ်လိုက်၏။

လွန်ခဲ့သည့် နှစ်လေးသောင်းက မင်းဝမ်ဆုတောင်းပုတီးကို ကိုယ်တော်တာမင်းက ဝတ်ဆင်ခဲ့၏။

တာအိုအရှင် သွေးမိစ္ဆာနှင့် ကိုယ်တော်တာမင်းသည် ရန်သူတော်ဟောင်းများ ဖြစ်ကြပြီး ပြင်းထန်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့ကြ၏။ သူက ဗုဒ္ဓကျောင်းတော်များမှ ဤရတနာကို ဘယ်လိုလုပ် မမှတ်မိဘဲ နေပါ့မလဲ။

“မင်းမှာ ဘာလို့ ဒီရတနာ ရှိနေရတာလဲ”

အဖြူရောင်ဝတ်လူက မေးလိုက်၏။

“မင်းက တာမင်းကျောင်းတော်ရဲ့ ဒီဘက်မျိုးဆက် မည်ကာမတ္တတပည့်လား”

ဆူဇီမိုက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

‘တာအိုအရှင် သွေးမိစ္ဆာက နှစ်ပေါင်းသောင်းနဲ့ချီ ချုပ်နှောင်ခံရပြီးတဲ့နောက်.. သူက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ ပြောင်းလဲမှုတွေကို မသိတော့ဘူးပဲ.. သူက တာမင်းကျောင်းတော် မရှိတော့ဘူးဆိုတာကိုတောင် မသိသေးဘူးပဲ။’

All Chapters