← Chapters

နောက်ဆုံး မျှော်လင့်ချက်

Vol. 50 Ch. 736

နောက်ဆုံး မျှော်လင့်ချက်

Vol. 50 Ch. 736

ဝူကျန်းကျွင်း၏ ပြွတ်ပြွတ်အသံကြောင့် ဦးဆောင်ဆရာအများအပြားက စစ်တပ် တဲနှစ်လုံးကို ဝန်းရံထားလိုက်ကြသည်။

အမှန်တရားကို မသိသော ကျောင်းသားများကမူ ထိုနေရာသို့ လာရောက် ကြည့်ရှုခဲ့ကြသည်။

“ဘာတွေဖြစ်နေတာလဲ”

“ဆရာတွေက သရုပ်ပြပွဲလုပ်နေတာလား”

တစ်စုံတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

နိုင်ငံရပ်ခြားမှ အဖွဲ့အစည်းဖြစ်သည့် ညဦးစီးမှူးအဖွဲ့ဝင်များ ဤနေရာသို့ စိမ့်ဝင်လာသည်ကို သူတို့ လုံးဝမသိခဲ့ကြပေ။

“ကလေးတို့ဝေးဝေးနေကြ.. ဒီကိစ္စက မင်းတို့နဲ့မဆိုင်ဘူး”

ကျောင်းသားအရေအတွက်က တဖြည်းဖြည်းတိုးလာပြီး စုဝေးလာကြသောကြောင့် ဦးဆောင်ဆရာများက မမျှော်လင့်ထားသော အန္တရာယ်များ ဖြစ်မလာစေရန် အမိန့်ပေးလိုက်သည်။

ချန်းချောင်နှင့်ကော်ဟောက်ကမူ ကျိုက်ယန်ဆီက ရလာခဲ့သည့် ဟင်းချိုတစ်ခွက်စီကို ကိုင်၍ ကျေနပ်စွာသောက်ရင်း အဝေးကနေ ငေးကြည့်နေခဲ့သည်။

ချန်းချောင်က ကော်ဟောက်ကို တံတောင်ဖြင့် တွပ်လိုက်သည်။

“ဒီမှာဘာပြဿနာတွေ ဖြစ်နေတာလဲမသိဘူး.. မင်းဦးလေးဆီကနေ ဘာသတင်းအချက်အလက်မှ မရထားဘူးလား”

ထိုစကားကိုကြားလျှင် ကော်ဟောက်က မျက်မှောင်ကြုတ်၍ ခပ်တိုတိုပြန်ဖြေလိုက်သည်။

“ဒီကိစ္စက နိုင်ငံရပ်ခြားက အင်အားစုတွေနဲ့ ပတ်သတ်နေတာဖြစ်နိုင်တယ်”

“နိုင်ငံရပ်ခြားက အင်အားစုလား”

ချန်းချောင်က အံ့ဩသွားခဲ့သည်။

“ဟုတ်တယ်”

ကော်ဟောက်က ခေါင်းညိမ့်လိုက်သည်။

“အကြွင်းအကျန်နယ်မြေ ဖွင့်လှစ်တိုင်းမှာ နယ်မြေထဲကို ခိုးဝင်တဲ့ နိုင်ငံခြားအဖွဲ့တွေ အမြဲရှိတယ်.. ဒီတစ်ခေါက် ကျူးကျော်သူတွေကို ဟွာရှို့မဟာမိတ်အဖွဲ့က ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်မယ်လို့ ဦးလေးတစ်ယောက်ဆီက ကြားခဲ့ရပေမဲ့ ဒီလောက်ထိ ကြမ်းတမ်းလိမ့်မယ်လို့တော့ မထင်ထားမိဘူး.. ဒေါသဓမ္မရာဂျာ ဝူရီဖန်းရဲ့အသံကို အသုံးပြုတာက တကယ်ကို ကြောက်မက်ဖို့ကောင်းတဲ့ဗျူဟာလို့ ယူဆနိုင်တယ်လေ”

“အဲလောက်တောင် ကြောက်ဖို့ကောင်းတာလား”

သူတို့ဘေးရှိ မြေပဲလေးက မယုံကြည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။

ကော်ဟောက် “ဂီတစွမ်းရည်ရှိုးပွဲတွေမှာ နှစ်စဉ် ဘာကြောင့်တစ်ခုခုဖြစ်နေလဲဆိုတာ မင်းတို့သိလား.. ငကြောင်တွေက စင်ပေါ်တက် သီချင်းဆိုပေမဲ့ နောက်ဆုံးမှာ အကဲဖြတ်ဒိုင်တွေက သူတို့သီချင်းဆိုနေတဲ့ အချိန်မှာ စားပွဲကို မှောက်လှန်လုနီးပါး ဖြစ်သွားခဲ့ရတယ်”

ချန်းချောင် “ဘာလို့လဲ”

ကော်ဟောက်က သက်ပြင်းချလိုက်သည်။

“ဘာလို့လဲဆိုတော့ သူတို့က သူတို့ရဲ့အသံကို သောက်ရမ်းယုံကြည်မှု လွန်ကဲနေလို့ပဲ”

ချန်းချောင် “……….”

မြေပဲလေး “……….”

ဝမ်လင်း “……….”

ထိုစကားပြောရင်း ကော်ဟောက်က ရုတ်တရက် ကိစ္စတစ်ခုကိုပြောလိုက်သည်။

“ငါတို့အတန်းထဲက တစ်ယောက်ကလည်း သီချင်းကောင်းကောင်း ဆိုတတ်တယ်လို့ မင်းတို့တွေ မထင်ဘူးလား.. လာမယ့် စာသင်နှစ်အစမှာ အသံစွမ်းရည်ပြိုင်ပွဲ ရှိတယ်မဟုတ်လား.. တစ်ယောက်ယောက်ကိုတော့ ငါတို့အတန်းရဲ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရမယ်”

ထိုအချိန်တွင် အားလုံး၏အကြည့်များသည် ဝမ်လင်းထံ ရောက်ရှိသွားကြသည်။

“အရင်က အတန်းဖော်ဝမ်လင်း အတန်းထဲမှာ ဂစ်တာတီးသီချင်းဆိုတာကို ငါနားထောင်ဖူးတယ်.. အရမ်းကို နားထောင်လို့ ကောင်းတာပဲ”

ဝမ်လင်း “……….”

ချန်းချောင်က ဝမ်လင်း၏ပုခုံးကို ပုတ်လိုက်သည်။

“သေချာပါတယ်.. အတန်းရဲ့ ကိုယ်စားလှယ်က မင်းပဲဖြစ်မှာပါ ဝမ်လင်းရေ.. မင်းကပုံမှန်ဆိုရင် စကားများများ မပြောတတ်ပေမဲ့ စာကြောင်း အနည်းငယ်လောက်ကိုတော့ ကောင်းကောင်းကြီး ဆိုနိုင်မှာပါကွာ”

ကော်ဟောက် “ဒါက အတန်းဖော်တွေကို ရိုင်းပင်းကူညီတာပဲ”

မြေပဲလေး “ဟုတ်တယ်.. ဒါက အတန်းဖော်တွေကို ရိုင်းပင်းကူညီတာပဲ ဝမ်လင်း”

ဝမ်လင်း “……….”

ဥက္ကဌဒဲလန်က အစကတည်းက ဟွာရှို့မဟာမိတ်အဖွဲ့၏ ပစ်မှတ်ထားခံရသည်ကို မသိခဲ့ပေ။

လက်ရှိအချိန်တွင် တစ်ဖက်က သူတို့ကို အကြမ်းပတမ်း ကိုင်တွယ်နေပြီ ဖြစ်သည်။

ဒေါသဓမ္မရာဂျာ ဝူရီဖန်း ရေချိုးခန်းထဲတွင် အော်ဟစ်သီဆိုခဲ့သည့် သီချင်းသည် လူသတ်လက်နက် ဖြစ်သည်ဟု သူတို့ကြားသိခဲ့ရသည်။

ဝူရီဖန်း၏ တပည့်ဖြစ်သော ဝူကျန်းကျွင်းက သူ့ဆရာ၏ အသံကို အသံဖမ်းထား၍ တိုက်ပွဲတွင် အသုံးပြုသည်အထိ ရက်စက်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

ဥက္ကဌဒဲလန်၏ မျက်နှာက ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“မင်းသာ သီချင်းဖွင့်လိုက်ရင် ငါတို့တင်မကဘဲ မင်းတို့ပါတစ်ခါတည်း သေသွားကြလိမ့်မယ်”

ဒေါသဓမ္မရာဂျာဝူရီဖန်း၏ အသံက အမှန်တကယ်ပင် လူသတ်လက်နက် ဖြစ်သည်။

ဖမ်းယူထားသည့်အသံကို အသုံးပြုရန်အတွက် အသံချဲ့မှော်စွမ်းရည်ဖြင့် ပေါင်းစပ်ရန်သာ လိုအပ်ပေသည်။

ဥက္ကဌဒဲလန်၏ စကားနှင့်ပတ်သက်၍ ဝူကျန်းကျွင်းက အစောပိုင်းကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

သူက ထပ်မံ၍ အချက်ပြလိုက်သည်။

“ပြွတ်ပြွတ်ပြွတ်”

ဝူကျန်းကျွင်း၏ အချက်ပြမှုကိုရသည်နှင့် တဲထဲရှိ သာမန် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် ၎င်းတို့ ကြိုတင်ပြင်ဆင်ထားသည့် နားကျပ်များအား ထုတ်ယူ၍ နားထဲ ထည့်လိုက်သည်ကို ဥက္ကဌဒဲလန် တွေ့လိုက်ရသည်။

ဥက္ကဌဒဲလန် “……….”

“မေငိုးတွေ.. “

တစ်ဖက်မှကောင်းစွာ ပြင်ဆင်ထားသည်မှာ ထင်ရှားနေသည်။

ထိုအချိန်တွင် စစ်တပ်တဲအပြင်ဘက်၌ အသံအကာအကွယ် တစ်ခုကို တပ်ဆင်ထားပြီးပြီ ဖြစ်သည်။

ထို့ကြောင့် အသံကို ထုတ်လွှင့်လိုက်သည့်အခါ လူတိုင်းကိုထိခိုက်နိုင်တော့မည် မဟုတ်ပေ။

ထို့နောက် ဝူကျန်းကျွင်းက မဲ့ပြုံးပြုံးလိုက်ပြီး အသံထည့်ထားသည့်မှော်ဘောလုံးကို စစ်တပ်တဲ အတွင်းထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။

ထိုမှော်ဘောလုံးက မြေပြင်ကို ထိလိုက်သည့်အချိန်တွင် ဖန်သားများကဲ့သို့ ကွဲအက်သွားခဲ့ပြီး ဒေါသဓမ္မရာဂျာ ဝူရီဖန်း၏ ဒဏ္ဍာရီဆန်သော အသံက အဆုံးသတ်တွင် ထွက်ပေါ်လာခဲ့သည်။

ထိုအသံက ရေချိုးစဉ် ဖမ်းထားသည့်အသံ ဖြစ်သော်လည်း မှော်ဘောလုံး မြေပြင်နှင့်ထိလိုက်သည့် အချိန်တွင် လေထုကိုလှုပ်ခတ်သွားစေသည့် ပြင်းထန်သော စွမ်းအားတစ်ခု ဖြစ်လာခဲ့သည်။

ထို့နောက်တွင် သီချင်းသံက ကြောက်မက်ဖွယ် အသံလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ညဦးစီးမှူးအဖွဲ့မှ ကျင့်ကြံသူများနှင့် အမှောင်နက်ဝေါ့ခ်မှ အဖွဲ့ဝင်များက နာနာကျင်ကျင် အော်ဟစ်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ တဘုန်းဘုန်း လှဲကျသွားကြသည်။

မိနစ်အနည်းငယ်အကြာတွင် ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များအဖြစ် အသွင်ယူထားသော ညဦးစီးမှူးအဖွဲ့ဝင်များနှင့် အမှောင်နက်ဝေါ့ခ်မှ အဖွဲ့ဝင်များအားလုံးသည် ခြေပစ်လက်ပစ်ဖြစ်ကာ မြေပြင်ထက်၌ မှောက်နေကြပြီ ဖြစ်သည်။

ဟွာရှို့မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် ၎င်းတို့ကို အင်မော်တယ်ကြိုးများဖြင့် ချည်နှောင်လိုက်ကြသည်။

ထိုကြိုးက ရုန်းကန်လေလေ ပို၍တင်းကျပ်လေလေ ဖြစ်ပြီး ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်နိုင်သည့် အကျိုးသက်ရောက်မှုလည်း ရှိသည်။

“ပြီးသွားပြီ”

ဝူကျန်းကျွင်းက သူ့လက်များကို ဖုန်ခါသကဲ့သို့ ခါယမ်းလိုက်သည်။

အကြမ်းဖက်အဖွဲ့ဝင် အားလုံးကို ဖမ်းဆီးပြီးပြီ ဖြစ်၍ အနည်းဆုံးတော့ ကျောင်းသားများအနေဖြင့် အန္တရာယ်ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ဝူကျန်းကျွင်းက ဥက္ကဌဒဲလန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ဒဲလန်.. မင်းက ငါတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ.. မင်းကို နိုင်ငံတကာ အကျဉ်းထောင်ဆီပို့ဖို့ လျှောက်ထားပြီးပြီ.. မကြာခင်မှာ အကြောင်းပြန်ချက် ကျလာလိမ့်မယ်”

ပြည်ပမှ ရာဇဝတ်ကောင်များ ကျူးကျော် ဝင်ရောက်လာတတ်သောကြောင့် ဟွာရှို့နိုင်ငံသည် လွန်ခဲ့သော ၁၀နှစ်ကျော်ကပင် နိုင်ငံတကာ အကျဉ်းထောင်တစ်ခု တည်ထောင်ရန် အထူးလျှောက်ထားခဲ့ကြသည်။

ကမ္ဘာပေါ်တွင် နိုင်ငံတကာ အကျဉ်းထောင် ၃ခုရှိပြီး ၎င်းတို့ထဲမှတစ်ခုသည် ဟွာရှို့နိုင်ငံ၏ ကျင့်ဟွာမြို့တွင် တည်ရှိသည်။

လွန်ခဲ့သည့် ၁၀နှစ်ကျော်က တည်ဆောင်ခဲ့သည့် နိုင်ငံတကာအကျဉ်းထောင်မှာ ယနေ့အစီအစဉ်အတွက် အသုံးဝင်လာခဲ့ပြီဖြစ်သည်။

ဥက္ကဌဒဲလန်က ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိသဖြင့် သွားများကို အံကြိတ်ထားလိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် ဟွာရှို့မဟာမိတ်အဖွဲ့ကိုကောင်းကောင်းကြီး လျှော့တွက်မိခဲ့သည်။

ဥက္ကဌဒဲလန်က အကြွင်းအကျန် နယ်မြေအတုမှ အခြေအနေကို သိရှိပြီးနောက်မှစ၍ ပိုမို သတိထားသင့်သည်ဟု ခံစားခဲ့ရသည်။

ဤတစ်ကြိမ်တွင် သူတို့သည် အကြွင်းအကျန်နယ်မြေများကို စိမ့်ဝင်နေခဲ့သော်လည်း တစ်ဖက်အဖွဲ့သည် သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။

ဤသည်က နည်းပညာပိုင်းတွင် ဆိုးရွားသော မှားယွင်းမှုတစ်ခုလည်း ဖြစ်၏။

ညသရဲဝိညာဉ်အင်ပါယာ အနေဖြင့် သူကို အပြစ်တင်နေမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

သို့ရာတွင် အခြေအနေက အဆုံးသတ်သွားပြီဟု ဆို၍မရသေးပေ။

သူက ယခုအချိန်ထိ အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်အား ဖမ်းမမိသေးသည်ကို ဥက္ကဌဒဲလန်က သတိထားမိလိုက်သောကြောင့် ဖြစ်သည်။

ထိုသူက အမှောင်နက်ဝေါ့ခ် အဖွဲ့ဝင်များတွင် မည်သူမှ မထိပါးရဲသော သူတစ်ယောက်ဖြစ်ပြီး မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်၏ တတိယမြောက်တပည့် အဖြစ် ကျော်ကြားသူလည်း ဖြစ်သည်။

သရဲခေါင်းဓား..

ဟုတ်ပါသည်၊ သူမက အမှောင်နက်ဝေါ့ခ်မှ သာမန်အဖွဲ့ဝင်များထက် ၁၀ဆ ပိုမို ဈေးကြီးသော်လည်း ဥက္ကဌဒဲလန်က သူမကို ငှားယမ်းရန် ဆုံးဖြတ်ခဲ့သည်။

ယခုအချိန်တွင် ဥက္ကဌဒဲလန်သည် သရဲခေါင်းဓား ဈေးကြီးရသည့်အကြောင်းအရင်းကို နားလည်သွားပြီ ဖြစ်သည်။

လက်ရှိတွင် သရဲခေါင်းဓားသည် ညဦးစီးမှူးအဖွဲ့၏ နောက်ဆုံးမျှော်လင့်ချက်ပင် ဖြစ်လာခဲ့သည်။

အသံလှိုင်းမှော်ဘောလုံး လွှတ်ချလိုက်သည့် အခိုက်တွင် သရဲခေါင်းဓားသည် သူ့ဘေးတွင်သာ ရှိနေခဲ့သည်။

“သူက ဘယ်လိုလုပ်ပြီး လွတ်မြောက်သွားတာလဲ”

သရဲခေါင်းဓား၏ လျင်မြန်သော တုံ့ပြန်မှုကြောင့် ဥက္ကဌဒဲလန်က အံ့ဩနေခဲ့သည်။

ဝူကျန်းကျွင်းက အကြမ်းဖက်အဖွဲ့ဝင်များကို ရေတွက်နေစဉ် အေးစက်စက် ဓားပျံတစ်ချောင်းက စစ်တပ်တဲတစ်လုံး အတွင်းသို့ ပျံသန်းလာခဲ့သည်။

ထိုဓားပျံ၏ ဦးတည်ရာက ဝမ်မင်၏ ပေါင်ဆီသို့ ဖြစ်၏။

အပိုင်း(၇၃၆) ပြီး၏

All Chapters