← Chapters

ကောင်းမွန်သည့်ရှိုးပွဲ

Vol. 50 Ch. 738

ကောင်းမွန်သည့်ရှိုးပွဲ

Vol. 50 Ch. 738

ဤသည်မှာ အနန္တတန်ခိုးရှင်ဖြစ်ကြောင်း ထင်ရှားသည်။

သရဲခေါင်းဓားက ချက်ချင်းပင် စိတ်ပျက်အားငယ်မှု ဖြစ်ပေါ်လာသည်။

ယခုအခါတွင် နိုင်ငံခေါင်းဆောင်၏ လက်ထဲ၌ အရုပ်သေးသေးလေးလို ဖြစ်နေသည်။

"အားလုံးပြီးသွားပြီလား"

ထို့နောက် သူမက မော့ကြည့်လိုက်ရာ အနန္တတန်ခိုးရှင်၏ မျက်နှာကို ပြတ်ပြတ်သားသား မြင်လိုက်ရပြီး ထိတ်လန့်သွားသည်။

"ဘယ်လိုလုပ် နိုင်ငံခေါင်းဆောင် ဖြစ်နေရတာလဲ"

ထိုလူငယ်က ကျင့်ကြံသူ မဟုတ်သော်လည်း နိုင်ငံ့ခေါင်းဆောင် ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ရသည်အထိ ဟွာရှို့အတွက် မည်မျှအရေးကြီးပါသနည်း။

သရဲခေါင်းဓားသည် နိုင်ငံခေါင်းဆောင်၏ လက်ဖဝါးပေါ်တွင် တစ်လက်မမျှ မလှုပ်ရှားနိုင်ဘဲ ဒူးထောက်ကျသွားသည်။

နိုင်ငံခေါင်းဆောင် နောက်ဆုံး ထုတ်သုံးခဲ့သည့် ထူးခြားသည့် မှော်စွမ်းရည်ကြောင့် လုံးလုံးလျားလျား ဖိနှိပ်ခံခဲ့ရသည်။

"သူက ဘယ်သူလဲ"

နိုင်ငံခေါင်းဆောင်က မျက်မှောင်ကြုတ်၍ ကွပ်ကဲရေး ဌာနကို မေးလိုက်သည်။

မကြာမီတွင် သူ၏ နားကြပ်မှတစ်ဆင့် အကြောင်းပြန်ချက်ကို ရရှိခဲ့သည်။

"နိုင်ငံခေါင်းဆောင်ကို တင်ပြပါတယ်.. စုံစမ်းစစ်ဆေးမှုအရ အမှောင်နက်ဝေါ့ခ်က သရဲခေါင်းဓားလို့ခေါ်တဲ့ SSအဆင့် အလိုရှိ ရာဇ၀တ်ကောင် တစ်ယောက်ပါ"

"သရဲခေါင်းဓားလား"

နိုင်ငံခေါင်းဆောင်က သူ့မေးစေ့ကို ပွတ်ရင်း ဤနာမည်ကို အရင်က ကြားဖူးသလို ခံစားရသည်။

"အမှောင်နက်ဝေါ့ခ်က တရားခံပြေးတွေ အားလုံးထဲမှာ ဒီလူက အန္တရာယ်အရှိဆုံးပဲ.. မိစ္ဆာအင်ပါယာ အဖမ်းခံရကတည်းက ဒီလူက အမှောင်နက်ဝေါ့ခ်မှာ နာမည်ရလာတယ်"

"ဒီတစ်ကြိမ် မစ်ရှင်မှာ အမှောင်နက်ဝေါ့ခ်က သူ့ကို ဌားထားလိမ့်မယ်လို့ တကယ် မထင်မှတ်ခဲ့ဘူး”

ဥက္ကဌချီ သက်ပြင်းချလိုက်သည်။

ယခုအခါတွင် သရဲခေါင်းဓားကို ထိန်းထားနိုင်ပြီ ဖြစ်၍ တင်းမာနေသော သူ့ နှလုံးသားက ချက်ချင်း ငြိမ်သက်သွားခဲ့သည်။

အစောပိုင်းက ဥက္ကဌချီ စိုးရိမ်ခဲ့သော မသေချာမှုမှာ သရဲခေါင်းဓား ဖြစ်သည်။

၎င်းက သူတို့ သတိမမူမိသော အမှောင်နက်ဝေါ့ခ် အဖွဲ့ဝင်ဖြစ်သည်။

အကြွင်းအကျန် နယ်မြေအစစ်သို့ မ၀င်ကတည်းကပင် သူတို့သည် သရဲဦးခေါင်းဓားမှလွဲ၍ နိုင်ငံခြား အင်အားစုများနှင့် အမှောင်နက်ဝေါ့ခ် အဖွဲ့ဝင်အားလုံးကို ပစ်မှတ်ထားခဲ့သည်။

ဤသည်က ကွပ်ကဲရေး ဌာန၏ အမှားဖြစ်ပြီး ဘေးအန္တရာယ်တစ်ခုအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်ခဲ့သည်။

“နိုင်ငံခေါင်းဆောင်.. ဒီသရဲခေါင်းဓားကို ခြေရာမခံမိတာ ငါ့အပြစ်ပါပဲ”

ဥက္ကဌချီက ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။

“အဆင်ပြေပါတယ်.. ဘာပဲဖြစ်ဖြစ် မင်လေးက ငါ့နားမှာဆိုတော့ ပြဿနာမရှိပါဘူး.. အားလုံးပဲ.. အစီအစဥ်အတိုင်း ဆက်လုပ်ပါ”

နိုင်ငံခေါင်းဆောင်က သရဲခေါင်းဓားကို လက်တစ်ဖက်တွင် ဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် လက်မထောင်ပြလိုက်သည်။

သို့သော် ဥက္ကဌချီသည် နိုင်ငံခေါင်းဆောင်၏ စကားကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့သည်။

ဤသည်မှာ သူ့အမှားဖြစ်၍ ပြစ်ဒဏ်ပေးဖို့ လိုအပ်သည်။

မဟုတ်လျှင် လူထုက တရားမျှတမှုကို ယုံမည်မဟုတ်တော့ပေ။

ထို့ကြောင့် နွေရာသီစခန်းသွင်း လေ့လာရေး ပြီးနောက်တွင် နှစ်ငါးရာ လစာနုတ်ယူရန် ဆုံးဖြတ်ခဲ့သည်။

ဥက္ကဌချီ"နိုင်ငံခေါင်းဆောင်.. သရဲခေါင်းဓားက အလိုရှိစာရင်းထဲက အဓိက ရာဇ၀တ်ကောင်ပဲ.. သူက မရေမတွက်နိုင်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့ပြီး အမှောင်အင်အားစု များစွာနဲ့ အဆက်အသွယ်ရှိတယ်.. သူ့ကို သေသေချာချာ စောင့်ကြည့်မှရမယ်.. အမှောင်အင်အားစုတွေရဲ့ သတင်းကို ကျနော်တို့က သရဲခေါင်းဓား ဆီကနေ ရယူရမယ်”

နိုင်ငံခေါင်းဆောင်က လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့.. ငါဒီကိစ္စကို သေချာလေးကိုင်တွယ်ပါ့မယ်.. ဒါပေမယ့် ဒဏ္ဍာရီထဲက အလွန်တရာ လိမ္မာပါးနပ်တဲ့ သရဲခေါင်းဓားဟာ မိန်းကလေးတစ်ယောက်ဆိုတာ မင်းလည်း မသိခဲ့ဘူးမလား”

"မိန်းကလေးလား"

ဥက္ကဌချီက မှင်တက်သွားသည်။

သရဲခေါင်းဓားကို ဖမ်းရခက်သည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ သူတို့က တစ်ဖက်လူ၏ ပုံသဏ္ဍာန်ကို အတည်မပြုနိုင်ခြင်းကြောင့် ဖြစ်သည်။

အများစုက သရဲခေါင်းဓားကို အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် အလွန် သုန်မှုန်နေသော အမူအရာရှိသည့် လူတစ်ယောက်ဟု ထင်ခဲ့ကြသည်။

ဆိုရလျှင် သရဲခေါင်းဓားတွင် ရာဇ၀တ်မှုဆိုင်ရာ ပရိုဖိုင် အများအပြား ရှိ၏။

ထိုပရိုဖိုင်များက သရဲခေါင်းဓားကို ပုံဖော်ရာတွင် ထူးခြားစွာဖြင့် တသမတ်တည်း ဖြစ်နေသည်။

သို့သော် အခုအချိန်တွင် တကယ့် သရဲခေါင်းဓားအစစ်ကို ဖမ်းမိသွားပြီဖြစ်၍ သရဲခေါင်းဓား၏ ပုံစံအစစ်က ထင်ရှားစွာ ထွက်ပေါ်လာပြီ ဖြစ်သည်။

သရဲခေါင်းဓား ဖမ်းဆီးခံရသည့်သတင်းကို မီဒီယာများတွင် ဖော်ထုတ်မည်ဆိုလျှင် ပေါက်ကွဲအားကြီးသည့် သတင်းဖြစ်လာမည်ဟု ဥက္ကဌချီ ခန့်မှန်းမိသည်။

သူက မျက်မှောင်ကြုတ်ကာ နိုင်ငံခေါင်းဆောင်ကို ထပ်မံ သတိပေးလိုက်သည်။

"ခေါင်းဆောင်.. သူ့ကို အမျိုးသမီးဆိုပြီး ခပ်ပျော့ပျော့ ကိုင်တွယ်လို့ မရဘူးနော်.. သူက ရက်စက်ပြီး လိမ္မာပါးနပ်တယ်”

"စိတ်မပူပါနဲ့.. ငါက မိန်းကလေးတွေကို ဘယ်လိုဂရုစိုက်ပေးရမယ် ဆိုတာ သိပါတယ်"

နိုင်ငံခေါင်းဆောင်က ပြောလိုက်သည်။

မိနစ်အနည်းငယ်အကြာတွင် နိုင်ငံခေါင်းဆောင်၏ အော်ဟစ်သံသည် ကွပ်ကဲရေး ဗဟိုဌာန၌ ရုတ်တရက် ထွက်ပေါ်လာသည်။

"အား"

ဥက္ကဌချီ "နိုင်ငံခေါင်းဆောင် ဘာဖြစ်တာလဲ"

နိုင်ငံ့ခေါင်းဆောင် "ခုနက မင်းနဲ့ စကားပြောတုန်းက သရဲခေါင်းဓားကို ဖမ်းဆုပ်ထားတာ မေ့သွားပြီး အားနည်းနည်း သုံးမိလိုက်တယ်"

ဥက္ကဌချီက အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။

“သူမ.. အသက်ရှင်သေးလား…”

နိုင်ငံခေါင်းဆောင် “သူမက ငါးပိ ဖြစ်သွားပြီ”

{ငါးပိသိပ်သလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံး ဖိသိပ်ခံရသည်ဟု ဆိုလို၊ ငါးပိလို့ပဲ သုံးပါမည်}

ဥက္ကဌချီ “........…”

…...........

ထို့နောက်တွင် နိုင်ငံခေါင်းဆောင် 001 ဟန်ဆောင်ထားသော နိုင်ငံခေါင်းဆောင်သည် ဝမ်မင် ဘက်သို့ လှည့်လိုက်သည်။

ဤအရာက လူသား ငါးပိဆိုတာ ထင်ရှားနေသည်။

ဝမ်မင် “….......”

ဤမြင်ကွင်းကို ဝမ်မင်က မြင်ဖူးသလို ခံစားမိသည်။

အမှတ်၆၀ အထက်တန်းကျောင်းကို ပထမဆုံး ကျူးကျော်ဝင်ရောက်ခဲ့သည့် အရိပ်လုပ်ကြံသတ်ဖြတ်သူများထဲတွင် ဝမ်လင်း၏ ခန္ဓာကိုယ် တုံ့ပြန်မှုကြောင့် "လူသားငါးပိ" အဖြစ် ပြောင်းလဲသွားခဲ့သည့် လူတစ်ယောက်ရှိပုံ ရသည်။

ကြည့်ရသည်မှာ အနန္တတန်ခိုးရှင်များသည် “ငါးပိ”သိပ်ရသည်ကို အထူးစွဲလမ်းခဲ့ပါသလော။

ဝမ်မင်က မြေပြင်ပေါ်ရှိ ငါးပိကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ခဏနေဦး.."

သူက ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိလိုက်သည်။

အကယ်၍ ၎င်းသည် သူဒီဇိုင်းထုတ်ထားသည့် နိုင်ငံခေါင်းဆောင် 001 ဖြစ်လျှင် ၎င်း၏ စွမ်းအား စနစ်ကို ကောင်းကင်Eဂြိုဟ်တုကနေ ဟွာရှို့မဟာမိတ်အဖွဲ့က ထိန်းချုပ်ထားသောကြောင့် အင်အားအလွန်အကျွံ ဖြစ်လာစရာ မရှိပေ။

သရဲခေါင်းဓားကို အရှင်လတ်လတ် ဖမ်းမိစေရန် အစောပိုင်းက အမိန့်ပေးခဲ့သောကြောင့် နိုင်ငံခေါင်းဆောင် 001သည် စွမ်းအားကို စနစ်အရ သေချာစွာ ထိန်းထားနိုင်မည် ဖြစ်သည်။

သို့ဆိုလျှင် သရဲခေါင်းဓားသည် ငါးပိအဖြစ်သို့ ပြောင်းလဲသွားသည် အထိ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ခြုံငုံ၍ပြောရလျှင် ဤအချိန်၌ ဝမ်မင် တွေးနိုင်သည့် အမှန်တရားတစ်ခုသာ ရှိတော့သည်။

စောစောက “နိုင်ငံခေါင်းဆောင် 001” ၏ ထူးဆန်းသော အပြုအမူကို ပြန်သတိရသောအခါ ဝမ်မင်သည် ချက်ချင်းပင် အေးစက်သော ချွေးများ စီးကျလာခဲ့သည်။

ဤနိုင်ငံခေါင်းဆောင် 001သည် နိုင်ငံခေါင်းဆောင်အစစ် ဖြစ်နေပါသလော။

ထိုအတိုင်းသာဆိုလျှင် အကြွင်းအကျန် နယ်မြေထဲ မဝင်ခင်ကတည်း လျှို့ဝှက်စီစဥ်ခဲ့ခြင်း ဖြစ်ရပေမည်။

ထိုသို့ တွေးမိသောအခါ ဝမ်မင်က အသက်ခပ်ပြင်းပြင်း ရှူလိုက်ရသည်။

ဤသည်က နိုင်ငံခေါင်းဆောင်အစစ် ဖြစ်လျှင်ပင် သူ့အနေဖြင့် လုံးဝ မျက်ကွယ်ပြုထားရမည် ဖြစ်သည်။

၎င်းက ဟွာရှို့၏ အမြင့်ဆုံးအာဏာရှိသည့် ထိပ်တန်းခေါင်းဆောင် တစ်ယောက် ဖြစ်သည်။

သူ့အတွက် အခက်အခဲများ ဖြစ်စေနိုင်သည့် နိုင်ငံခေါင်းဆောင်ကို လူသိရှင်ကြား ထုတ်ဖော်ခဲ့မည်ဆိုလျှင် နောက်ပိုင်း၌ သူ့အနေဖြင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ပါမည်လော။

တစ်ဖက်တွင်လည်း ဝမ်မင်၏အကြည့်အောက်တွင် နိုင်ငံခေါင်းဆောင်သည် အနည်းငယ် စိတ်မသက်မသာ ခံစားနေရသည်။

သူက မယိမ်းယိုင်သော အမူအရာကို ထိန်းသိမ်းကာ သူ့မျက်နှာရှိ ကြွက်သားတိုင်းကို ထိန်းချုပ်ထားရန် အစွမ်းကုန် ကြိုးစားနေရသည်။

နိုင်ငံခေါင်းဆောင်က သူ၏ ဟန်ဆောင်နိုင်စွမ်းကို အလွန်ယုံကြည်သည်။

ထို့ကြောင့် ဤ "မင်းသားနှင့် လူယုတ်မာ" အစီအစဥ်ကို အဆိုပြုခဲ့သူမှာ နိုင်ငံခေါင်းဆောင် ကိုယ်တိုင်ပင် ဖြစ်သည်။

လတ်တလောတွင် လူသားပုံစံတူ နိုင်ငံခေါင်းဆောင် 001 သည် ကာကွယ်ဆေး ကုမ္ပဏီဥက္ကဌ ဟန်တီအဖြစ် အသွင်ယူကာ ညဦးစီးမှူးအဖွဲ့၏ အတွင်းပိုင်း အဆင့်များကို စိမ့်ဝင်နေပြီဖြစ်သည်။

နိုင်ငံခေါင်းဆောင်က သူ၏ ဟန်ဆောင်မှုကို အပြစ်ကင်းစင်သည်ဟု ထင်မြင်ခဲ့သော်လည်း ဝမ်မင်က သတိပြုမိသွားပြီဟု နားလည်လိုက်သည်။

သူက အတော်လေး ကျေနပ်အားရမှုကို ခံစားခဲ့ရသည်။

ယခု သူ့ရှေ့တွင် ရပ်နေသော လူငယ်သည် ဉာဏ်ပညာ သူတော်စင်၏ တပည့်ဖြစ်ပြီး ဟွာရှို့၏ အသန်မာဆုံး ဦးနှောက် ဖြစ်သည်။

ထို့အပြင် လူငယ်သည် ယနေ့ခေတ်တွင် ဥက္ကဌချီ၏ ဉာဏ်ရည်ဉာဏ်သွေးကို ကျော်လွန်သည့် တစ်ဦးတည်းသော သက်ရှိလည်း ဖြစ်၏။

ဝမ်မင်၏ ဉာဏ်ရည်ဉာဏ်သွေးသည် တစ်နှစ်ထက် တစ်နှစ် ပိုတိုးတက်လာ၏။

အသန်မာဆုံးဦးနှောက်က သူ့အကြောင်း ကွဲလွဲမှုအချို့ကို သတိပြုမိသည်မှာ အမှန်ပင် ကျိုးကြောင်းဆီလျော်မှု ရှိသည် မဟုတ်ပါလား။

နိုင်ငံခေါင်းဆောင်က စိတ်ထဲတွင် သူ့ကိုယ်သူ နှစ်သိမ့်ခဲ့သည်။

ဝမ်မင်၏ သံသယဖြစ်နေသော အမူအရာကိုကြည့်ကာ နိုင်ငံခေါင်းဆောင်က စိတ်အေးအေးထားရန် ကြိုးစားခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူက ဟန်ဆောင်မှုကို ဆက်လက်လုပ်ရပေမည်။

သူက နိုင်ငံခေါင်းဆောင် ဖြစ်သည်။

လူသိရှင်ကြား ထုတ်ဖော်ခံရလျှင် မည်မျှ ရှက်စရာကောင်းလိုက်မည်နည်း။

“…........”

စစ်တပ်တဲ အပြင်ဘက်တွင် ဝမ်လင်းသည် စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲနှင့် ရင်ဆိုင်နေရသော လူနှစ်ယောက်ကို စူးစိုက်ကြည့်ကာ လေးလေးနက်နက် တွေးတောနေခဲ့သည်။

အပိုင်း(၇၃၈) ပြီး၏

All Chapters