ကိုယ်ကျင့်တရားမကောင်းသောဆရာဝမ်
Vol. 50 Ch. 739
စာသင်နှစ်၏ ဆယ့်လေးပတ်မြောက် တနင်္လာနေ့သည် ဇူလိုင်လ၂၄ ရက်ဖြစ်သည်။
ညနေ ပျော်ပွဲစားထွက်ချိန်ရောက်ပြီ ဖြစ်၏။
နိုင်ငံရပ်ခြား အဖွဲ့အစည်း ဖြစ်သည့် ညဦးစီးမှူးအဖွဲ့သည် ငှားရမ်းထားသော အမှောင်နက်ဝေါ့ခ် အဖွဲ့ဝင်များနှင့်အတူ အကြွင်းအကျန် နယ်မြေ အစစ်နှင့်အတုကို စိမ့်ဝင်ရန် စီစဉ်ထားခဲ့သော်လည်း နောက်ဆုံးတွင် အဖွဲ့ဝင်အားလုံး ဖမ်းမိခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့သည်။
သို့သော် ဝမ်လင်းသည် တစ်နည်းနည်းဖြင့် ကြိုတင်သတိပေးချက်တစ်ခု ရရှိနေ၏။
ဤကိစ္စက သိပ်ရိုးရှင်းပုံမရပေ။
.................
ထိုညတွင် ဝမ်မင်သည် ငါးပိအဖြစ် ပြောင်းလဲသွားသော သရဲခေါင်းဓား ထံမှ မျိုးဗီဇ နမူနာကို စုဆောင်းပြီး သရဲခေါင်းဓား၏ အစစ်အမှန် အထောက်အထားကို အတည်ပြုရန်အတွက် ဒေတာနှိုင်းယှဉ်မှုများ လုပ်ဆောင်ရန် တာဝန်အသစ်တစ်ခုကို ရရှိခဲ့သည်။
နိုင်ငံခေါင်းဆောင် 001 သူ့အနီးတွင် ရှိနေသ၍ ဒေတာနှိုင်းယှဉ်မှုပြုလုပ်ဖို့က အလွန်လွယ်ကူမည် ဖြစ်သည်။
ဝမ်မင်အနေဖြင့် နိုင်ငံခေါင်းဆောင် 001၏ ပါးစပ်ထဲသို့ ငါးပိနမူနာ အနည်းငယ်ကို ထည့်သွင်းရန်သာ လိုအပ်၏။
ထို့နောက်တွင် ၎င်း၏ ဒေတာဘေ့စ်ကို အခြေခံ၍ ဗျိုးဗီဇကို အလိုအလျောက် ဖော်ထုတ်နိုင်မည် ဖြစ်သည်။
သို့သော် လက်ရှိတွင် သူ့အနားမှ နိုင်ငံခေါင်းဆောင် 001သည် နိုင်ငံခေါင်းဆောင် အစစ် ဖြစ်နေ၏။
ဝမ်မင် မည်မျှပင် သတ္တိရှိရှိ၊ နိုင်ငံခေါင်းဆောင်၏ ပါးစပ်ထဲသို့ ငါးပိ ထည့်နိုင်သည့် နည်းလမ်းမရှိပေ။
ထို့ကြောင့် အဆုံးသတ်တွင် သူကိုယ်တိုင်လုပ်ရမည် ဖြစ်သည်။
သူက "အသင့်အနေအထား ကင်းလှည့်မုဒ်"ဖြင့် နိုင်ငံခေါင်းဆောင်အား အဝေးသို့ စေလွှတ်ခဲ့သည်။
ဝမ်မင်က နွေရာသီစခန်းသွင်း လေ့လာရေး မပြီးမီအထိ နိုင်ငံခေါင်းဆောင်ကို ပြန်ခေါ်ရန် အစီအစဉ်မရှိတော့ပေ။
အလုပ်တွင် စိတ်အဖိစီးဆုံးအချိန်မှာ အဘယ်အချိန်နည်း။
သူဌေးအနားမှာ ရှိသည့်အခိုက်တွင် စိတ်အဖိစီးဆုံး ဖြစ်သည်။
ဟွာရှို့၏ ကျင့်ကြံခြင်း သိပ္ပံအကယ်ဒမီသည် တရားဝင်အဖွဲ့အစည်းတစ်ခုဖြစ်၏။
ထိုအဖွဲ့၏ တရားဝင်အဖွဲ့အစည်းတစ်ခု၏ ဘော့စ်က မည်သူနည်း။
ဥက္ကဌချီ ဖြစ်ပါသလော၊ မဟုတ်ပေ။
အတိအကျပြောရလျှင် ဥက္ကဌချီ ကိုယ်တိုင်လည်း ဝန်ထမ်းတစ်ဦး ဖြစ်သည်။
တကယ့်ဘော့စ်အစစ်မှာ နိုင်ငံခေါင်းဆောင် ဖြစ်သည်။
နွေရာသီစခန်းသွင်း လေ့လာရေးတွင် နိုင်ငံခေါင်းဆောင် ပါဝင်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
စင်စစ် နိုင်ငံခေါင်းဆောင်က ကောင်းစွာ ဟန်ဆောင်ခဲ့သော်လည်း ကွဲလွဲမှု အနည်းငယ် ရှိခဲ့သည်။
အကယ်၍ ချို့ယွင်းချက်များကို သတိမထားမိလျှင် ဝမ်မင်သည် အမှောင်ထဲတွင်သာ ရှိနေပေလိမ့်မည်။
ဒါဆိုရင်တော့ ဒီမေးခွန်းက...
သို့ဆိုလျှင် သူတီထွင်ခဲ့သော နိုင်ငံခေါင်းဆောင် 001 သည် မစ်ရှင်တစ်ခု ဆောင်ရွက်ရန်အတွက် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရှိနေပါသနည်း။
ထိုအဖြေကို ဥက္ကဌချီ ဖြေနိုင်လိမ့်မည်ဟု ဝမ်မင် ခန့်မှန်းခဲ့၏။
ဥက္ကဌချီက ချုပ်ကိုင်သူ မဟုတ်လျှင်ပင် တစိတ်တပိုင်း ပါဝင်နေမည်မှာ သေချာသည်။
ဝမ်မင်က အကယ်ဒမီတစ်ခုလုံး၏ ရယ်မောစရာ ဖြစ်လာသည်။
သူက သူ့ရှေ့မှ ငါးပိကို စိုက်ကြည့်ကာ စဉ်းစားခန်းဝင်ရင်းဖြင့် ချွေးများကို သုတ်လိုက်သည်။
ထို့နောက်တွင် သူသည် ငွေမှင်ရောင် မှော်ဘောလုံးလေးကို ထုတ်ကာ သူ့လက်စွပ်အတွင်းရှိ သိမ်းဆည်းထားသော ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ဖွင့်လိုက်သည်။
ထိုအခါ မှော်ဘောလုံးက လေထဲတွင် မွှတ်နေအောင် လှည့်ပတ်သွားပြီး ဂဏာန်းလက်ကဲ့သို့ စက်ရုပ်လက် ရှစ်ခုက လျင်မြန်စွာ ထွက်ပေါ်လာသည်။
၎င်းသည် ဝမ်မင် တီထွင်ခဲ့သော ဘက်စုံသုံး အကူအညီ စက်ရုပ်ဖြစ်ပြီး ကုဒ်အမည်မှာ ဂဏန်း ဖြစ်သည်။
"မျိုးဗီဇ အဖြေထုတ်ဖို့ လုပ်ပါ"
ဝမ်မင်၏ အမိန့်အရ ဂဏန်းလက်သည် ငါးပိအားလုံးကို စကင်န်ဖတ်ရန် စက်ရုပ်လက်တစ်ဖက်ကို ချက်ချင်း ဆန့်ထုတ်လိုက်သည်။
နောက်ဆုံးတွင် ဂဏန်း၏ ဘောလုံးကဲ့သို့ ကိုယ်ထည်သည် စကင်န်ဖတ်ပြီးနောက် ချက်ချင်းပင် အနီရောင် ပြောင်းသွားခဲ့သည်။
၎င်းမှာ မျိုးဗီဇတွင် နိုင်ငံရပ်ခြား ပစ္စည်းများ ရှိနေနိုင်ကြောင်း ညွှန်ပြသည့် သတိပေးချက် အရောင် ဖြစ်သည်။
ထို့နောက်တွင် ဝမ်မင်သည် ဂဏန်း၏ စက်ရုပ်လက်တစ်ဖက်က ဇာဂနာတစ်စုံ အဖြစ်သို့ ချက်ချင်းပြောင်းသွားပြီး ငါးပိထဲမှ အနက်ရောင်ဓားတစ်ချောင်းအား ရွေးထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။
"ဒါက.."
ဝမ်မင်က ချက်ချင်းဆိုသလိုပင် သတိထားလိုက်သည်။
ဤဓားက အန္တရာယ်ရှိသည် ဟူသော ခံစားချက်ကို ဆိုးရွားစွာ ခံစားခဲ့ရ၏။
နောက်ထပ် တစ်စက္ကန့်တွင် ဓားသည် သူ့မျက်စိရှေ့မှာပင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ဆီသို့ အမှန်တကယ် ဦးတည်လာခဲ့သည်။
သတိပြန်ဝင်လာချိန်တွင် သူ့ပါးပြင်က အနည်းငယ် ပြတ်ရှသွား၏။
"တားထားလိုက်"
ဝမ်မင်က အေးစက်သော ချွေးများ ထွက်လာသည်။
အနက်ရောင်ဓားက ဤမျှမရိုးရှင်းမှန်း သူသိသည်။
ဂဏာန်းစက်ရုပ်က အတိုင်းအတာတစ်ခု အထိ ခုခံနိုင်စွမ်းရှိသည်။
ဝမ်မင် အမိန့်ပေးပြီးနောက်တွင် ဂဏာန်စက်ရုပ်သည် ဓားကို ထိန်းချုပ်ရန် အတွက် စက်ရုပ်လက်တံတစ်ခုကို ချက်ချင်းဆန့်ထုတ်လိုက်သည်။
စက်ရုပ်လက်တံက အလွန်လျင်မြန်စွာ ဆန့်ထွက်သွားသော်လည်း ဓားသေးသေးလေးမှာ ပိုမြန်သည်။
ပြင်းထန်သော သတ္တုချင်း တိုက်မိမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဂဏာန်းစက်ရုပ်၏ စက်ရုပ်လက်နှစ်ဖက်က ပျက်စီးသွားခဲ့သည်။
ဝမ်မင်က အံကြိတ်လိုက်သည်။
ဤအနက်ရောင်ဓားသည် သရဲခေါင်းဓား ချန်ထားခဲ့သော နောက်ဆုံးလက်နက် ဖြစ်နိုင်သည်။
သင်က သတ်ပစ်ပြီး ခေါင်းဖြတ်လိုက်လျှင်ပင် အဆိပ်ပြင်းသည့် မြွေပွေးတစ်ကောင်လို တုံ့ပြန်နေမည် ဖြစ်၏။
အနည်းငယ် သတိမထားမိသည်နှင့် အကိုက်ခံရနိုင်သေးသည်။
သို့သော် နောက်ပိုင်း ဖြစ်ပျက်သမျှသည် ဝမ်မင်၏ အတွေးများကို ရှင်းလင်းသွားစေခဲ့သည်။
ဤဓားက တကယ်ပင် စကားပြောခဲ့သည်။
“နောက်ဆုံးတော့ ငါ့ရဲ့ ပိုင်ရှင် သေသွားရပြီပေါ့”
ဤအနက်ရောင်ဓား စကားပြောသောအခါ အသံက သရဲခေါင်းဓား၏ အသံ မဟုတ်သော်လည်း လေယူလေသိမ်းကမူ အတူတူပင် ဖြစ်သည်။
ဝမ်မင်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားပြီး အေးစက်သော ချွေးများက သူ့မျက်နှာပေါ်သို့ လှိမ့်ဆင်းလာသည်။
"မင်းက ဘယ်သူလဲ"
"ငါက သရဲခေါင်းဓားပါ"
အနက်ရောင်ဓားက ဆက်ပြောလိုက်သည်။
“ဒါက ငါ့ကိုယ်ခန္ဓာအစစ်အမှန်ဆိုတာ ဘယ်သူမှမသိကြဘူး… တစ်ချိန်က ငါ့ဝိညာဉ်ကို ရှေးဟောင်း ဓားဝိညာဉ်ထံ ရောင်းချခဲ့ပြီးနောက်မှာ ဒီလိုမျိုး ဖြစ်သွားခဲ့တယ်.. စောစောက တွေ့တဲ့ အလောင်းနဲ့ ပတ်သက်ပြီး ပြောရရင် အဲဒါ ငါ့ရဲ့အိမ်ရှင်ပဲ.. ဒီချစ်စရာကောင်းတဲ့ မိန်းကလေးက ငါတွေ့ခဲ့ရသမျှ အိမ်ရှင်တွေထဲမှာ အလိုက်ဖက်ဆုံး အိမ်ရှင်ဖြစ်ခဲ့တယ်.. မင်းရဲ့ သက်တော်စောင့်က သူ့ကို ငါးပိ လုပ်လိုက်တာ နှမြောစရာပဲ”
ဝမ်မင် “….......”
ထိုစကားအထိ ပြောပြီးနောက် အနက်ရောင်ဓားက အေးစက်စက် ပြုံးလိုက်သည်။
"ဟက်.. ဒါပေမယ့် အရေးမကြီးပါဘူး. ဒီမိန်းကလေးရဲ့ ခန္ဓာကိုယ် သက်တမ်းက တိုတောင်းတယ်လေ.. တခြားအိမ်ရှင်ကို ရှာဖို့အတွက် အတော်ပဲ ဖြစ်သွားတာပေါ့”
ဝမ်မင် အံ့သြသွားသည်။
ခန္ဓာကိုယ်တွင်လည်း သက်တမ်းကုန်ဆုံးရက် ရှိပုံရသည်။
"မင်းနဲ့ အတူရှိနေတဲ့ ကလေးက တော်တော်လေး မဆိုးဘူးလို့ခံစားရတယ်"
"ဒါဆို သူ့ကိုသွားရှာလေ.. ဘာလို့ငါ့ကို လာရှာတာလဲ"
ထိုစကားကြောင့် သရဲခေါင်းဓားက အံ့အားသင့်သွားသည်။
[အဲဒီကောင်လေးက သူ့ကျောင်းသားရော ဟုတ်ရဲ့လား.. ဆရာဖြစ်ပြီး ကိုယ့်ကျောင်းသားကို ဘာလို့ဂရုမစိုက်ရတာလဲ]
ဟွာရှို့မဟာမိတ်အဖွဲ့က သရဲခေါင်းဓား၏ စစ်မှန်သော အထောက်အထားကို ဆုံးဖြတ်နိုင်ခြင်း မရှိခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။
တစ်ဖက်လူက အိမ်ရှင်ကို ပြောင်းလဲနေသရွေ့ ဟွာရှို့မဟာမိတ်အဖွဲ့က ကူရာမဲ့နေမည် မဟုတ်ပါလား။
တစ်နည်းအားဖြင့် သရဲခေါင်းဓား၏ လှည့်ကွက်သည် အမှောင်နက်ဝေါ့ခ်မှ အသွင်ပြောင်း ကျွမ်းကျင်သူဖြစ်သည့် အသင်္ချေအဖိုးအိုထက်ပင် ပို၍ ဒုက္ခပေးနိုင်သည်။
ဆိုလိုသည်မှာ ဝမ်မင်က ငါးပိ၏ DNA ကို စမ်းသပ်နိုင်သော်လည်း သရဲခေါင်းဓားက မည်သူဖြစ်သည်ကို မဖော်ထုတ်နိုင်ခဲ့ပေ။
သရဲခေါင်းဓား"ကောင်းပြီ.. အခု မင်း ငါ့အကြောင်းတွေ အကုန်သိပြီးသွားပြီ.. မင်း ငါ့လက်ချက်နဲ့ အသတ်မခံချင်ရင် ရွေးချယ်စရာနှစ်ခုရှိတယ်။"
ဝမ်မင်က ရုတ်တရက် သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။
"မင်း.. မင်းငါ့ကို ဘာလုပ်မလို့လဲ.. အိုင်ဖုန်းဝယ်ပေးမယ် ဆိုပြီး ပေါက်ကရလုပ်ဖို့တော့ မစဥ်းစားနဲ့နော်"
“….........”
သရဲခေါင်းဓားက ဝမ်မင်၏ အတွေးများကို ငြိမ်သက်စေခဲ့သည်။
"ပထမရွေးချယ်မှုကတော့ ညဦးစီးမှူးအဖွဲ့ဝင် နဲ့ အမှောင်နက်ဝေါ့ခ် အဖွဲ့ဝင်တွေကို ထိန်းချုပ်ထားတဲ့ စည်းတံဆိပ်တွေကို ပြန်ဖျက်ပေးရမယ်.. ဒုတိယရွေးချယ်မှုကတော့ မင်းက ငါ့အိမ်ရှင်အသစ် လုပ်ရမယ်"
"ငါအရမ်းအားနည်းနေတာတောင် မင်းက ငါ့ကို လိုချင်နေသေးတာလား.. ငါက ကောင်းမွန်တဲ့ ရွေးချယ်မှု မဟုတ်ဘူးလေ"
ဝမ်မင်၏ မျက်လုံးများက အံ့ဩစွာဖြင့် ပြူးကျယ်သွားသည်။
“ငါ့အတွက် အိမ်ရှင်ရဲ့ အရည်အချင်းက အဓိကမကျဘူး.. တစ်စုံတစ်ယောက်က ငါနဲ့ အိမ်ရှင်အဖြစ် စာချုပ်ချုပ်ထားသရွေ့ အိမ်ရှင်က သာမန်လူတစ်ဦး ဖြစ်နေရင်တောင် ကျင့်ကြံခြင်း စွမ်းရည်ကို ရရှိနိုင်တယ်"
"တစ်ခုတည်းသော အားနည်းချက်က သာမန်လူတစ်ဦးသာ ငါ့အိမ်ရှင်ဖြစ်လာရင် အဲဒီလူရဲ့ ခန္ဓာကိုယ် သက်တမ်းက အလွန်လျော့ကျသွားမှာ ဖြစ်တယ်"
"ဒါဆို မင်းငါ့ကို မင်းရဲ့အိမ်ရှင်အဖြစ် မရွေးချယ်ဖို့ ငါအကြံပြုချင်တယ်.. အကြောင်းပြချက်ကတော့.."
ထိုစကားကို ပြောနေချိန်တွင် ဝမ်မင်သည် သရဲခေါင်းဓားကို ရုတ်တရက် လေးနက်စွာ ကြည့်လိုက်သည်။
သရဲခေါင်းဓား "???"
ဝမ်မင်က သူ့လက်ကို ဖြန့်ကာ ပခုံးတွန့်လိုက်သည်။
"မင်း ငါ့ရဲ့ IQကို လိုက်မမှီနိုင်မှာ ငါစိုးရိမ်မိလို့ပဲ"
သရဲခေါင်းဓါး "........…"
[ဒီကောင်သေချင်နေတာလား]
အပိုင်း(၇၃၉) ပြီး၏