← Chapters

နွေရာသီစခန်းသွင်းလေ့လာရေး စာစီစာကုံး

Vol. 50 Ch. 740

နွေရာသီစခန်းသွင်းလေ့လာရေး စာစီစာကုံး

Vol. 50 Ch. 740

ထိုအချိန်တွင် ကျောင်းသားအားလုံးသည် ၎င်းတို့၏ နွေရာသီစခန်းသွင်း စာစီစာကုံးကို တဲအတွင်း၌ ရေးနေကြသည်။

ဤသည်မှာ ဦးဆောင်ဆရာများက ၎င်းတို့ကို ပေးအပ်ထားသည့် တာဝန်ဖြစ်သည်။

ဤနွေရာသီစခန်းသွင်း လေ့လာရေးတွင် ပါဝင်သော ကျောင်းသားအားလုံးသည် ဤခရီးစဉ်တွင် ၎င်းတို့၏ အတွေ့အကြုံများကို စာစီစာကုံး ပုံစံဖြင့် စကားလုံးပေါင်း တစ်ထောင်ထက်မနည်း ရေးမှတ်ရမည် ဖြစ်သည်။

ဤအရာသည် ယခင်က ကျောင်းခြောက်ကျောင်း ပူးပေါင်း စစ်ရေးလေ့ကျင့်မှုအတွက် ရေးခဲ့ရသည့် "စစ်ရေးလေ့ကျင့်မှု စာစီစာကုံး" နှင့် ဆင်တူသော်လည်း သာမန်စစ်ရေးလေ့ကျင့်မှု စာစီစာကုံးနှင့် နှိုင်းယှဉ်လျှင် ကွာခြားမှုရှိသည်။

အကြောင်းရင်းမှာ ဤနွေရာသီစခန်းသွင်းလေ့လာရေး စာစီစာကုံးကို အမှတ်များအဖြစ် ရေတွက်ထားသောကြောင့် ဖြစ်သည်။

ဤတစ်ကြိမ် အမှတ်များရရှိရန် သော့ချက်မှာ လေ့လာရေးခရီးတွင် မြင်တွေ့ခဲ့ရသည့် အပင်များအပေါ် သုံးသပ်ချက်ပင် ဖြစ်၏။

အပင်များ၏ ဆေးဘက်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် နားလည် သဘောပေါက်ပြီးနောက်တွင် အပင်များ၏ အနာဂတ် အသုံးပြုမှုအပေါ် စိတ်ကူးယဉ်သီအိုရီများ ပေါ်ပေါက်လာရမည် ဖြစ်သည်။

ရိုးရှင်းစွာပြောရလျှင် ဤအရာနှင့် ပတ်သက်၍ စိတ်ကူးယဥ်နိုင်စွမ်း ရှိရပေမည်။

နွေရာသီစခန်းသွင်းလေ့လာရေး စာစီစာကုံး အတွက် အလုံးစုံအမှတ်များသည် နွေရာသီစခန်းတစ်ခုလုံး အတွက် စုစုပေါင်းအမှတ်များ၏ ငါးဆယ်ရာခိုင်နှုန်း ဖြစ်သည်။

ထို့ကြောင့် ကျောင်းသားများသည် မှန်ကန်စွာ လုပ်ဆောင်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

"ကော်ဟောက် မင်းဘာရေးထားလဲ.. မင်းရေးပြီးရင် ငါ့ကို ပြစမ်းပါဦး"

စာစီစာကုံးသည် အမြဲလိုလို ချန်းချောင်၏ အားနည်းချက် ဖြစ်ခဲ့၍ ဘယ်ကနေ စရေးရမှန်း မသိခဲ့ပေ။

ပိုဆိုးသည်မှာ စာစီစာကုံးတွင် စကားလုံးပေါင်း တစ်ထောင်ရှိရမည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။

သူ့အနေဖြင့် စကားလုံး ငါးရာပင် မရေးနိုင်ဟု ခံစားခဲ့ရ၏။

"ငါလည်း ဘာရေးရမလဲ စဉ်းစားနေတာ.. နည်းနည်းတော့ ခေါင်းရှုပ်နေတယ်.. ဒါကြောင့် ငါအားသာတဲ့ နိုင်ငံရေးစာစီစာကုံး ပုံစံပဲ ရေးလိုက်တော့မယ်"

ကော်ဟောက်က နိုင်ငံရေးသိပ္ပံ၏ ကိုယ်စားလှယ်ဖြစ်၍ လူမှုရေးရာများကို ကျွမ်းကျင်သည်။

အရေးကြီးဆုံးအချက်မှာ အတင်းအဖျင်းများစွာကို သိသော သူ့အတွက် ရေးစရာ ကုန်ကြမ်းကို စိုးရိမ်နေရန် မလိုအပ်ပေ။

သူရေးသည့် စာစီစာကုံးက စံချိန်မှီမမှီ ဆိုသည်မှာ တခြားကိစ္စ ဖြစ်သည်။

သို့သော် နိုင်ငံရေး စာစီစာကုံးပုံစံကို အသုံးပြုလျှင်ပင် နွေရာသီစခန်းသွင်း လေ့လာရေးနှင့် ပတ်သက်သည့် ဘောင်အတွင်း၌ ဝင်အောင်ရေးရပေမည်။

မဟုတ်လျှင် နောင်တွင် သူ၏ စာစီစာကုံးမှ သွေဖည်မှုများအတွက် တာဝန်ရှိမည် ဖြစ်သည်။

“ဘာရေးရမလဲ မစဉ်းစားနိုင်ရင် စွန်းရုံဆီ အကြံဉာဏ် သွားတောင်းလို့ရတာပဲ.. အခုဆိုရင် ငါတို့ကျောင်းနဲ့ တခြားကျောင်းက ကျောင်းသားတွေက စွန်းရုံဆီ လာတိုင်ပင်နေကြတော့ သူ့တဲလေးက အတော်လေး အသက်ဝင်နေတယ်”

မြေပဲလေးက ပြောလိုက်သည်။

ချန်းချောင် "စွန်းရုံလား"

ကော်ဟောက် “စွန်းရုံ အကြံဉာဏ်ပေးနိုင်တာ မထူးဆန်းပါဘူး.. နှစ်စဉ်နှစ်တိုင်း သိပ္ပံသုတေသနအဖွဲ့က ပညာရှင်တွေကို ဟွာကောရေတံခွန် လုပ်ငန်းစုဆီ စေလွှတ်လေ့ရှိတယ်"

"ဒီပညာရှင်တွေကို ဟွာကောရေတံခွန်လုပ်ငန်းစုက မြင့်မားတဲ့ လစာငွေနဲ့ ခန့်အပ်ထားတယ်.. ငါတို့နိုင်ငံရဲ့ တစ်ခုတည်းသော အဆင့်ငါး ဝိညာဉ်ဆေးဝါး ဓာတ်ခွဲခန်းက စွန်းရုံတို့ မိသားစုနဲ့ သုတေသနဌာနတို့ အကြားက ပူးပေါင်းတည်ဆောက်မှုပဲ"

"ဟွာကောရေတံခွန် လုပ်ငန်းစုက နှစ်စဉ်နှစ်တိုင်း စိတ်ဝိညာဉ်အပင်တွေ မွေးမြူတဲ့လုပ်ငန်းနဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးဝါးလုပ်ငန်းကို ငွေကြေးများစွာ ရင်းနှီးမြုပ်နှံခဲ့တယ်"

ကော်ဟောက် ပြောသည့် စကားအတိုင်းဆိုလျှင် စွန်းရုံသည် သုတေသနပညာရှင်များမှ ပို့ချသော သင်ခန်းစာများကို တတ်ရောက်ခွင့်ရထားသည်မှာ ထင်ရှားသည်။

ထို့ကြောင့် စွန်းရုံက တက္ကသိုလ်သို့ရောက်လျှင် ဆေးပညာနယ်ပယ်၌ အထူးပြုနိုင်ဖွယ်ရှိသည်။

ဟွာကောရေတံခွန် လုပ်ငန်းစု၏ အကြီးဆုံးသမီး ဖြစ်သောကြောင့် သူမ ထမ်းဆောင်ရမည့်တာဝန်မှာ အမှန်တကယ်ပင် လေးလံလွန်းလှသည်။

"ခဏလေး.. ငါစွန်းရုံဆီ သွားစပ်စုကြည့်မယ်"

ထို့နောက် ကော်ဟောက်က စွန်းရုံ၏ တဲဆီ ထွက်သွားခဲ့သည်။

ဟုတ်ပါသည်၊ မြေပဲလေး ပြောသလို စွန်းရုံ၏ တဲအပြင်ဘက်တွင် ကျောင်းအသီးသီးမှ ကျောင်းသားများနှင့် ပြည့်ကျပ်နေသည်။

အစကတည်းက စွန်းရုံသည် သူမ၏ ရုပ်ရည်ချောမောမှုကြောင့် နာမည်ကြီးသူ ဖြစ်သည်။

သူမကို မေးခွန်းမေးဖို့ လာမေးတဲ့ ကျောင်းသားများ ရှိသလို ဤအခွင့်အရေးကို ယူပြီး ဖွံကြောင်ဖို့ လုပ်နေတဲ့သူတွေလည်း ရှိသည်။

ထိုအချိန်တွင် ချန်းချောင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

"ဒီလူတွေက စွန်းရုံရဲ့ အချစ်ကို လိုချင်ကြတယ်.. ဒါပေမဲ့ စွန်းရုံမှာ သူမ သဘောကျနေတဲ့သူ ရှိတယ်လို့ ငါအမြဲခံစားမိတယ်"

ထိုသို့ပြောရင်း ချန်းချောင်၏အကြည့်များက ဝမ်လင်းဆီသို့ ရောက်သွားသည်။

မြေပဲလေး "စွန်းရုံမှာ သဘောကျတဲ့သူ ရှိနေတယ်လား"

"အင်း ဖြစ်နိုင်တယ်.."

တကယ်တမ်းတွင် ချန်းချောင်လည်း သိပ်မသေချာပေ။

"ဒီကောင်က ငါတို့အတန်းထဲမှာ ရှိနေတယ်လို့ ထင်တယ်"

ဝမ်လင်း “….......”

သူတို့နှစ်ဦး စကားပြောနေချိန်တွင် ကော်ဟောက်က တုန်လှုပ်ခြောက်ခြားစွာဖြင့် တဲအပြင်ဘက်မှ ဝင်လာခဲ့သည်။

မြေပဲလေး "ဘာအမှားအယွင်းရှိလို့လဲ"

ကော်ဟောက် "စွန်းရုံက ဒီတစ်ခါ သူ့စာစီစာကုံး အတွက် အမှတ်ပြည့်ရလိမ့်မယ်.. သူ့ရဲ့ခေါင်းစဥ်က ဘာလဲဆိုတာ မင်းတို့တွေ သိချင်လား”

ဝမ်လင်း၊ ချန်းချောင် နှင့် မြေပဲလေး "???"

ကော်ဟောက် "နိုင်ငံတကာ ထိပ်တန်း လုပ်ငန်းစု 100 စာရင်းဝင် ကျမ ဖခင်၏ စိတ်ဝိညာဉ်အပင်များ လမ်းညွှန်"

ဝမ်လင်း “…........”

ချန်းချောင် “….......”

မြေပဲလေး “…........”

...............

လူတိုင်းက စာစီစာကုံးဖြင့် အလုပ်များနေသော်လည်း ဝမ်လင်း၏ စာစီစာကုံးက ချောမွေ့စွာ ထွက်ပေါ်လာခြင်း မရှိသေးပေ။

ဤသည်မှာ စာမရေးနိုင်၍ မဟုတ်ပေ။

စာရေးနေရင်း အကြောင်းတစ်စုံတစ်ရာ ပေါ်လာသောကြောင့် ဖြစ်သည်။

သူက စာရင်းနေရင်း ဝမ်မင် အန္တရာယ်ကျရောက်နေပြီဟု ရုတ်တရက် ခံစားမိခဲ့သည်။

နိမိတ်ပြ အိပ်မက်များမှလွဲ၍ သူ၏ အန္တရာယ်သတိပေးချက်အားလုံးသည် သူ့အပေါ်တွင်သာ ဗဟိုပြုသည်။

သူနှင့် ဝမ်မင် တို့သည် ညီအစ်ကိုအရင်းများ မဟုတ်သည့်တိုင် သူတို့ကြားတွင် ဆန်းကြယ်သော နှောင်ကြိုးတစ်ခု ရှိခဲ့သည်။

အဆုံးသတ်တွင် ဝမ်မိသားစု၏သွေးများက သူတို့၏ သွေးကြောများတွင် စီးဆင်းနေသည် မဟုတ်ပါလား။

ဤအန္တရာယ်သတိပေးချက်သည် အလွန် ပြင်းထန်သောကြောင့် ဝမ်လင်းက ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

သူက ဝမ်မင်၏ စစ်တပ်တဲဆီသို့ လျင်မြန်စွာ ကြည့်လိုက်ရာ သတ်ဖြတ်လိုသော အရှိန်အဝါကို ခံစားမိခဲ့သည်။

နောက်ထပ် အခိုက်အတန့်တွင် သူက မမျှော်လင့်ဘဲ အမှောင်ထုထဲသို့ စိမ့်ဝင်သွားသည်။

ထို့နောက်တွင် သူ့ရှေ့မှ ကမ္ဘာကြီးက ကြည်လင်လာခဲ့​သည်။

ခဏအကြာတွင် ရွှေရောင်အလင်းတန်း တစ်ခု ပေါ်လာပြီး ဝမ်လင်း၏ ရှေ့မှာပင် သူနှင့်ရင်းနှီးသော လူပုံစံ ဖြစ်သွားခဲ့သည်။

ကောင်းကင်တာအို ရွှေလူသားက ဆင့်ခေါ်ထားခြင်းမရှိဘဲ သူ့သဘောအတိုင်း သူ၏ရှေ့သို့ ရောက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။

သုံးလက်မအရွယ် ရွှေရောင်အမျိုးသား "ဒါက ကောင်းကင်တာအို နယ်မြေပါ"

ဝမ်လင်းက တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်တာအို၏ သင်္ကေတဖြစ်သော သုံးလက်မအရွယ် ရွှေလူသားကို စိုက်ကြည့်လိုက်သည်။

သူက ကောင်းကင်တာအို ရွှေလူသား၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အနည်းငယ် ရှုပ်ထွေးနေ၏။

သူ၏ မှတ်ဉာဏ်ဖတ်စွမ်းရည်သည် ကောင်းကင်တာအို ရွှေလူသားအပေါ်တွင် အလုပ်မဖြစ်ပေ။

အကြောင်းရင်းမှာ ကောင်းကင်တာအို ကိုယ်တိုင်က ခံစားချက်မရှိ၍ ဖြစ်သည်။

ရွှေလူသား "မင်းကိုသတိပေးဖို့ ငါရောက်လာတာပဲ..မင်း ဝင်မနှောင့်ယှက်တာ အကောင်းဆုံးပဲ"

ထိုစကားကိုကြားမှ ဝမ်လင်းက ကောင်းကင်တာအို အဘယ်ကြောင့် ရောက်လာသည်ကို ချက်ချင်းနားလည်သွားသည်။

ကောင်းကင်တာအိုက ဝမ်မင်ကို ရည်ညွှန်းလိုပုံရ၏။

ရွှေလူသား “ဒါက သူ့ဘဝမှာ ကြုံကိုကြုံရမဲ့ ဘေးဆိုးပဲ.. ဒီဘေးဆိုးကို ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ရင် ကြွယ်ဝချမ်းသာခြင်းကို ရလိမ့်မယ်.. အကယ်၍ ပြင်ပအင်အားစု တစ်ခုခုက ဝင်ရောက်စွက်ဖက်လိုက်ရင် အနာဂတ်မှာ ပိုခက်ခဲတဲ့ ဘေးဆိုးတွေနဲ့ ကြုံတွေ့ရလိမ့်မယ်"

"ကောင်းကင်အလိုကို ဆန့်ကျင်တာက ဘယ်တော့မှ ရလဒ်ကောင်း မရှိဘူး"

ဝမ်လင်း "ဒါက အကြံဉာဏ်ပေးတာလား"

ရွှေလူသား "မင်းအဲဒီလိုတွေးလို့ရတယ်... နောက်လှည့်လို့ မဖြစ်နိုင်တဲ့ အရာတစ်ခုမှ မလုပ်မိစေနဲ့.. မဟုတ်ရင် နောင်တရဖို့ အရမ်းကို နောက်ကျသွားလိမ့်မယ်"

ကောင်းကင်တာအိုက အတော်လေး သက်ညှာပုံရသည်ဟု ဝမ်လင်း ခံစားရသည်။

ဝမ်လင်းက သူ့ရှေ့မှ ကောင်းကင်တာအို ရွှေလူသားကို အကဲခတ်လိုက်ပြီးနောက် စိတ်ချင်းဆက်သွယ်၍ မပြောမီ တစ်စုံတစ်ရာကို သဘောပေါက်သွားခဲ့သည်။

"မင်းက ငါမြင်ဖူးတဲ့ ကောင်းကင်တာအို ရွှေလူသားနဲ့ မတူသလိုပဲ"

သုံးလက်မအရွယ် ရွှေရောင်အမျိုးသားက ချက်ချင်းပင် ချွေးများ ထွက်စပြုလာသည်။

အစောပိုင်းက ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခုတွင် ကောင်းကင်တာအိုများသည် ဤလူက အလွန်အန္တရာယ်များကြောင်း သူ့ကို ပြောပြထားခဲ့သည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် သုံးလက်မအရွယ် ရွှေရောင် အမျိုးသားက ဝန်ခံလိုက်သည်။

“မင်းနဲ့ ညီမျှတဲ့ လဲလှယ်မှု လုပ်တဲ့သူက ငါ့အဖေပါ”

ဝမ်လင်း အံ့သြသွားသည်။

"???"

[ကောင်းကင်တာအိုမှာလည်း မိသားစု ရှိတယ်လား]

သုံးလက်မအရွယ် ရွှေရောင်အမျိုးသား "ငါ့အဖေက မင်းကို ဘာမှဝင်မပါဖို့ အကြောင်းကြားချင်ခဲ့တယ်.. ဒါပေမယ့် သူက မင်းကို အကြောင်းကြားဖို့ မအားတော့ဘူး.. ဘာလို့လဲဆိုတော့ ငါ့အဘိုးက သူ့ကို ရိုက်နှက်ထားလို့ပဲ.. ဒါကြောင့် ငါပဲ ကိုယ်စားလာခဲ့ရတယ်"

“…........”

ဝမ်လင်း "ဒါနဲ့ မင်းတို့အားလုံး အရပ်အတူတူပဲလား"

သုံးလက်မအရွယ် ရွှေရောင်အမျိုးသားက ခဏမျှ ငြိမ်သက်သွားသည်။

“လုံးဝ မတူပါဘူး… လူတွေက ငါတို့ကို သုံးလက်မအရွယ် ရွှေရောင်အမျိုးသားလို့ ခေါ်ကြပေမယ့် တော်တော်များများက အဲဒီ အဓိပ္ပါယ်ကို မသိကြဘူး”

ဝမ်လင်း "???"

သုံးလက်မအရွယ် ရွှေရောင် အမျိုးသား “ငါတို့အားလုံးက သုံးလက်မ မြင့်တာ မှန်ပေမယ့် ငါတို့ရဲ့ ဂွိကျေးကတော့ မတူဘူး.. ကောင်းကင်တာအိုက အသက်ကြီးလေ သူ့ရဲ့ ဂွိကျေးက ပိုရှည်လေပဲ.. အင်း.. သာမန်အချိန်ဆိုရင်တော့ ကြုံ့ဝင်နေတာများတယ်”

{ဂွိကျေး= အသံထွက်ကိုပြောင်းပြန်ဖတ်ပါ)

ဝမ်လင်း “.......…”

အပိုင်း(၇၄၀) ပြီး၏

All Chapters