ဝမ်မင်၏ အခြေအနေ
Vol. 50 Ch. 747
စာသင်နှစ်၏ ၁၅ပတ်မြောက် အင်္ဂါနေ့သည် သြဂုတ်လ ၁ ရက်နေ့ ဖြစ်သည်။
ဝမ်မင်က သူ့မွေးနေ့မှာပင် ပျောက်ဆုံးသွားခဲ့သည်။
အတိအကျပြောရလျှင် သူပျောက်ဆုံးသွားသည့်အချိန်သည် အနည်းငယ် စောနေပေသည်။
နွေရာသီစခန်းကို ယာယီအားဖြင့် ရပ်နားခဲ့ရသည်။
ယခုအချိန်တွင် အရေးကြီးဆုံးတာဝန်မှာ ဝမ်မင်ကို ရှာဖွေရန် လူများစေလွှတ်ရန် ဖြစ်၏။
ဟုတ်ပါသည်၊ ကျောင်းသားများသည် ဝမ်မင်၏ ပျောက်ဆုံးမှုကို သတိမထားမိကြပေ။
အများစုမှာ ဖန်သေတ္တာအတွင်း၌ ရှိနေကြပြီး အပြင်မှ အခြေအနေကို မသိကြပေ။
နွေရာသီစခန်းသွင်းလေ့လာရေးကို ယာယီရပ်ဆိုင်းလိုက်တယ် ဆိုတဲ့သတင်းနှင့်အတူ မနေ့က ကျူးကျော်သူ အဖွဲ့တစ်ဖွဲ့ကို ဖမ်းမိခဲ့ကြောင်း ဦးဆောင်ဆရာများ၏ အဖွဲ့မှူး ဝူကျန်းကျွင်းက ရှင်းပြခဲ့သည်။
ယခုအခါတွင် ၎င်းတို့ကို စစ်ဆေးမေးမြန်းနေပြီး စစ်ဆေးမေးမြန်းမှုပြီးလျှင် နွေရာသီစခန်းသွင်း လေ့လာရေးကို ပြန်လည်စတင်မည် ဖြစ်သည်။
ဝမ်လင်း နှင့် ဖန့်ရှင်းမှ လွဲ၍ ကျောင်းသားများကြားတွင် အမှန်တရားကို မည်သူမှ မသိခဲ့ကြပေ။
တစ်ခုတည်းသော သတင်းကောင်းမှာ ကောင်းကင်နှင့်ပင်လယ် အစီအရင် ပျက်ပြယ်သွားခြင်းဖြစ်ပြီး ဆဲလ်များကို ဆင့်ခေါ်ခဲ့သော အမှောင်ရနံ့သခင်သည် ဆဲလ်အလုပ်လုပ်ခြင်း မှော်စွမ်းရည်၏ မှော်ဆန်သော အာနိသင်များ ကုန်ဆုံးပြီးနောက်တွင် နိုင်ငံခေါင်းဆောင်၏ အမှောက်သိပ်ခြင်းကို ခံခဲ့ရသည်။
ထို့နောက် ကျိုးရီ၏ အထူးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဝူကျန်းကျွင်း နှင့်တွေ့ဆုံရန် သက်တန့်မြက်သေတ္တာသို့ ဝင်ရောက်ခဲ့သည်။
ကျိုက်ယန်က ဤအစည်းအဝေးတွင် ရှိသင့်သော်လည်း ဝမ်မင် တွင်းနက်ထဲသို့ စိမ့်ဝင်သွားသည့် ဖြစ်ရပ်ကြောင့် စိတ်ထိခိုက်သွား၍ ဆေးအဖွဲ့က သူမကို အနားယူခိုင်းခဲ့သည်။
သူမအတွက် အနားယူခြင်းသည် အစွမ်းထက်သော ဆေးတစ်မျိုးပင် ဖြစ်သည်။
ကျိုးရီက ငွေရောင်လေးနှင့် ဖက်တီးလောကို သက်တန့်မြက်သေတ္တာ အတွင်းရှိ အစည်းအဝေးခန်းသို့ ခေါ်သွားခဲ့သည်။
ဝူကျီကမူ သူမ၏ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားပြီး ကျိုးရီ၏ သိုလှောင်ခန်းအတွင်း၌ သိမ်းဆည်းခံခဲ့ရသည်။
ဝူကျီ၏ ဝိသေသလက္ခဏာကို လောလောဆယ် ထုတ်ဖော်၍မရသေးပေ။
မဟုတ်လျှင် ၎င်းသည် မလိုလားအပ်သော ပြဿနာများကို ဖြစ်လာစေမည် ဖြစ်၏။
"ဝူကျန်းကျွင်း.. ငါမင်းကိုမိတ်ဆက်ပေးမယ်.. ဒီနှစ်ယောက်က အထူးတပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ မစ္စတာလောနဲ့ မစ္စတာငွေရောင်လေးတို့ပဲ.. သူတို့ကို ကျင့်ကြံခြင်းဖိုရမ်ကနေ ငါသိခွင့်ရခဲ့တယ်.. ငါတို့အားလုံးက ဖိုရမ်ရဲ့ ပိုင်ရှင် ဗုံးပစ် စီနီယာအင်မော်တယ်ရဲ့ မိတ်ဆွေကောင်းတွေပါပဲ"
ကျိုးရီက ဖက်တီးလော နှင့် ငွေရောင်လေး တို့ကို မိတ်ဆက်ပေးခဲ့သည်။
“အင်း”
ဝူကျန်းကျွင်း ခေါင်းညိတ်လိုက်သည်။
ကျိုးရီ၏ အထူးတပ်ဖွဲ့တွင် ပါဝင်နိုင်ရန်အတွက် အာဏာပိုင်များက ဦးစွာစစ်ဆေးခဲ့ပြီ ဖြစ်သောကြောင့် ဝူကျန်းကျွင်းသည် ဖက်တီးလောတို့ကို မည်သူမည်ဝါ ဖြစ်ကြောင်း အတင်းအကျပ် မမေးမြန်းခဲ့ပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ မိတ်ဆွေမှန်း သိသည်နှင့် တစ်ပြိုင်နက် ထိုနှစ်ယောက်က ပြဿနာမရှိမှန်း တန်းသိလိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်သည် ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် နာမည်ကြီးသူ ဖြစ်သည်။
သူ့တွင် မြင့်မားသော ကျင့်ကြံခြင်း နယ်ပယ် အဆင့် မရှိသော်လည်း သေရမည်ကို မကြောက်ရွံ့သူအဖြစ် ထင်ရှားသည်။
သူက ဤနှစ်များတစ်လျှောက်လုံးတွင် ရာဇ၀တ်မှုများကို နှိမ်နင်းခဲ့ရုံသာမက ပရဟိတလုပ်ငန်းများကိုပါ ပြုလုပ်ခဲ့၍ ကျင့်ကြံခြင်း အသိုင်းအဝိုင်း၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သူလည်း ဖြစ်၏။
ဝူကျန်းကျွင်းက ဗုံးပစ်စီနီယာ အင်မော်တယ်ကို အထူးတလည် မကြုံဖူးသော်လည်း အမျိုးမျိုးသော အရင်းအမြစ်များကနေ ဗုံးပစ်စီနီယာ အင်မော်တယ်၏ အကြောင်းကို ကြားသိခဲ့ရသည်။
အားလုံးကို ဝါကျတစ်ခုတည်းဖြင့် အကျဉ်းချုံးမည်ဆိုလျှင်
{ဤလူသည် တရားမျှတမှုကို နှစ်သက်ရုံတင်မက အိမ်တွင် မိုင်းတစ်လုံးလည်း ရှိသူ ဖြစ်သည်}
….............
ဝူကျန်းကျွင်းက သူ့လည်ချောင်းကို ရှင်းထုတ်ကာ ပြောလိုက်သည်။
"ဒါဆို ဒါရိုက်တာကျိုးကို လက်ရှိအခြေအနေ ရှင်းပြပါရစေ"
ဤသည်မှာ ကျိုးရီ၏ အထူးတပ်ဖွဲ့ အတွက် အထူးစီစဉ်ထားသော လျှို့ဝှက်အစည်းအဝေး ဖြစ်သည်။
ဆိုရလျှင် ဤကြီးမားသော အစည်းအဝေးခန်းထဲ၌ ဝူကျန်းကျွင်း နှင့် ကျိုးရီ၏ အဖွဲ့တစ်ဖွဲ့တည်းသာ ရှိနေသည်။
ဝူကျန်းကျွင်း “ဆရာဝမ်ရဲ့ ကျေးဇူးကြောင့် ကောင်းကင်နဲ့ပင်လယ် အစီအရင်က လောလောဆယ်တော့ အဆင်ပြေသွားခဲ့ပြီ.. ဒါပေမဲ့ အစောပိုင်းက ထွက်လာတဲ့ သွေးဖြူဥနဲ့ သွေးနီဥတွေကတော့ ထွက်ပြေးနေဆဲ ဖြစ်တယ်.. သူတို့ကို ခြေရာခံဖို့ ဆရာတချို့ကိုတော့ စေလွှတ်ပြီးပါပြီ"
"အမှောင်နက်ဝေါ့ခ်ရဲ့ အမှောင်ရနံ့သခင်က သူ မဖမ်းမိခင်မှာ အကြွင်းအကျန် နယ်မြေထဲမှာရှိတဲ့ စိတ်ဝိညာဥ်အပင်တွေကို ဖျက်ဆီးဖို့ ဒီဆဲလ်တွေကို အမိန့်အသစ်ပေးခဲ့တယ်.. ဒါက ကွဲအက်ပြီးသား အိုးတစ်လုံးကို ရိုက်ချိုးလိုက်သလိုပဲ"
"ငါတို့က သူဆင့်ခေါ်ထားတဲ့ အစီအရင်ကို မဖျက်ဆီးနိုင်ဘူးလား"
ကျိုးရီ သက်ပြင်းချလိုက်သည်။
ဝူကျန်းကျွင်း ခေါင်းခါယမ်းလိုက်သည်။
"အကြွင်းအကျန်နယ်မြေ အတုကနေ ဆင့်ခေါ်ထားတဲ့ အစီအရင်ကို ကောင်းကင်နဲ့ပင်လယ်အစီအရင်ကနေတဆင့် ဖျက်ဆီးလိုက်ပေမဲ့လည်း ပြဿနာက ကောင်းကင်နဲ့ပင်လယ် အစီအရင်ရဲ့ အကွာအဝေးဖြစ်တယ်.. အကြောင်းက အသက်ဝင်လာတဲ့ ဆဲလ်တွေမှာ အစီအရင်ရဲ့ သက်ရောက်မှု မရှိတော့တာကြောင့်ပဲ”
"အဲဒီလိုလား"
ကျိုးရီက ခေါင်းညိတ်လိုက်သည်။
ဝူကျန်းကျွင်း"ငါပြောမယ့် ဒုတိယတစ်ချက်ကတော့ ဒီတစ်ကြိမ်မစ်ရှင်မှာ ဆရာဝမ် နဲ့ သရဲခေါင်းဓားတို့က တွင်းနက်ကြီးထဲကို စုပ်ယူခံခဲ့ရတယ်"
"ဥက္ကဌချီရဲ့ အဆိုအရတော့ တွင်းနက်ကြီးက နေရာလွတ်ဟက်တက်ကွဲရာကနေ ဖြစ်ပေါ်လာတဲ့ နေရာလွတ် အက်ကွဲကြောင်း တစ်ခုပဲ.. ဦးနှောက်တွက်ဆခြင်း နည်းစနစ်ကို အလွန်အကျွံအသုံးပြုခြင်းရဲ့ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်တယ်လို့သိရတယ်"
ဝူကျန်းကျွင်း၏ စကားကိုနားထောင်ရင်း ကျိုးရီတို့လူစုက မှင်တက်နေသည်။
သူတို့က ဝူကျန်းကျွင်း ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားမလည်ကြပေ။
ဝူကျန်းကျွင်းက ခဏလောက်စဉ်းစားပြီးမှ နောက်ထပ် ရှင်းပြချက်တစ်ခုကို ထပ်ပေးလိုက်သည်။
“ဆရာဝမ်က ဦးနှောက်ကို အလုပ် အလွန်အကျွံ ပေးလိုက်တာကြောင့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အတက်အကျတွေက တကယ့်နေရာကို ထိခိုက်မိပြီး ဒဏ္ဍာရီဆန်ဆန် တွင်းနက်ကြီးထဲ ကျရောက်သွားခဲ့တာပဲ.. ဒီတွင်းနက်ကြီးက တကယ်တော့ နေရာလွတ် တွင်းနက်ကြီး တစ်ခုပါပဲ”
“….........”
ကျိုးရီက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
ခဏအကြာတွင် သူက ဝူကျန်းကျွင်းကို ကြည့်လိုက်သည်။
"ဆရာဝမ်မှာ အသက်ရှင်သန်နိုင်ဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ.."
ဝမ်မင်၏ အသက်ရှင်သန်နိုင်ခြေနှင့် ပတ်သက်၍ ဟွာရှို့အစိုးရက မည်သို့ သုံးသပ်ထားသည်ကို သူကြားချင်သည်။
သို့ရာတွင် ဝမ်မင်သေဖို့ အခွင့်အလမ်း လုံးဝမရှိသည်ကို ကျိုးရီ သိတယ်။
အဆုံးသတ်တွင် ထိုသူ၏ နောက်၌ သူ့ဆရာရှိနေသည် မဟုတ်ပါလော။
ထို့အပြင် အစည်းအဝေးသို့ သွားရာလမ်းတွင် သူ့ဆရာ၏ တည်ငြိမ်သောမျက်နှာကို ကျိုးရီ မြင်ခဲ့ရ၍ ချက်ချင်းပင် နှလုံးသားက မှန်ကဲ့သို့ ကြည်လင်သွားခဲ့သည်။
သူ့ဆရာက ဝမ်မင်ကို ပြန်လည်နိုးထစေသည့် အဆောင်တစ်ခုခု ပေးခဲ့တာ ဖြစ်နိုင်လောက်၏။
ကျိုးရီ၏ စကားကြောင့် ဝူကျန်းကျွင်း၏ နဂိုထဲက မည်းနေသော မျက်နှာက ပို၍ပင် မည်းမှောင်သွားသည်။
ခဏအကြာတွင် သူက ကျိုးရီကို ကြည့်လိုက်သည်။
"ဒါက ဦးနှောက်တွင်းက ပုံမှန်မဟုတ်တဲ့ နေရာလွတ် မုန်တိုင်းအမျိုးအစားတစ်ခု ဖြစ်တယ်.. ပကတိအင်မော်တယ် အဆင့် ကျင့်ကြံသူ ဆိုရင်တောင် အကာအကွယ် တစ်မျိုးမျိုးမပါဘဲ နေရာလွတ် မုန်တိုင်းထဲ ကျရောက်သွားရင် ရှင်သန်နိုင်ခြေ သုံးဆယ်ရာခိုင်နှုန်းအောက်ပဲ ရှိတယ်"
"ဆရာဝမ်ကတော့ ရုပ်ပိုင်းဆိုင်ရာ အားနည်းလွန်းတဲ့ အတွက် အသက်ရှင်ဖို့ အခွင့်အလမ်း အရမ်းနည်းလွန်းတယ်"
ထိုစကားကို ပြောပြီးနောက် ဝူကျန်းကျွင်းက သူ့လက်ချောင်း တစ်ချောင်းကို ထောင်ပြလိုက်သည်။
"ဒါက ဆရာဝမ်ရဲ့ လက်ရှိ ရှင်သန်နိုင်ခြေ အလားအလာပဲ..."
ကျိုးရီ "တစ်ရာမှာ တစ်ယောက်လား"
ဝူကျန်းကျွင်း "တစ်သောင်းမှာ တစ်ယောက်ပါ"
ကျိုးရီ “….......”
…..........
အစည်းအဝေးက သြဂုတ်လ ၁ ရက်နေ့၊ မနက်အစောပိုင်းတွင် ပြီးဆုံးသွားခဲ့သည်။
သက်တန့်မြက်သေတ္တာထဲမှ ဆရာ သုံးပုံနှစ်ပုံသည် ဝမ်မင်ကိုရှာဖွေရန် စေလွှတ်ခံခဲ့ရသည်။
သို့သော်လည်း အများစုမှာ သူ၏ရှင်သန်နိုင်ခြေက အလွန်နည်းပါးနေမှန်း သိထားကြ၏။
နေရာလွတ်နှင့် ပတ်သက်သော အကြောင်းအရာကို ပြောလာသောအခါတွင် ဤနေရာ၌ ဝူကျီထက် ၎င်းနှင့် ပိုရင်းနှီးသူ မရှိနိုင်တော့ပေ။
နေရာလွတ် မုန်တိုင်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းပြီး အထဲသို့ ဆွဲသွင်းခံလိုက်ရသည်နှင့် သာမန်ခန္ဓာကိုယ် ဆိုပါက ချက်ချင်း ကြေမွသွားလိမ့်မည် ဖြစ်သည်။
သို့သော် ဝူကျီတွင် အခြားထင်မြင်ချက်တစ်ခု ရှိ၏။
"နေရာလွတ် မုန်တိုင်းက ဦးနှောက်တွင်းကနေ ထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာ မဟုတ်ဘူး.. ဒီအရာက နေရာလွတ် မုန်တိုင်း အသွင်ဆောင်နေတာ ဖြစ်နိုင်ခြေ ပိုများတယ်"
ဝူကျီ “နောက်ထပ် အခြေအနေတစ်ခုက နေရာလွတ် လှိုင်းလေထန်ခြင်း နေရာပဲ.. အဲဒီနေရာကို ရောက်ခဲ့ရင်တော့ မစ္စတာဝမ်ရဲ့ အသက်ရှင်နိုင်ခြေ အလားအလာက ပိုများမှာ အသေအချာပဲ”
ဤသည်က အလွန်ရှားပါးသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။
နေရာလွတ် လှိုင်းလေထန်သည့် နေရာသို့ ရောက်လျှင်ပင် ဝါးမျိုခံရသူ တစ်ဦးသည် မူလကမ္ဘာသို့ ပြန်မရောက်မီ နေရာလွတ် အတွင်း အချိန်အတော်ကြာ လေလွင့်နေမည် ဖြစ်၏။
ဝူကျီထံတွင် ဝမ်မင် မသေသေးကြောင်း အလွန်ပြင်းထန်သော အာရုံတစ်ခု ရှိခဲ့သည်။
လက်ရှိတွင် ဝမ်မင်သည် နေရာလွတ် မုန်တိုင်းထဲရှိ တစ်နေရာရာသို့ လွင့်မျောနေနိုင်ပေသည်။
အပိုင်း(၇၄၇) ပြီး၏