တရုတ်ကို လှောင်ပြောင်တဲ့ ဘယ်သူမဆို ဘယ်လောက် ဝေးဝေး ဖိနှိပ်ခံရမယ်
Vol. 44 Ch. 657
“လခွမ်း၊ ပညာရှင်တစ်ယောက်က လက်စွမ်းပြလာပြီလား”
နိုင်ငံခြား ဟက်ကာများအားလုံး ကြက်သေ သေသွားကြသည်။ ထိုလူသည် ရုတ်တရက် ပေါ်လာသဖြင့် သူတို့ ကြောက်လန့်သွားကာ အလျင်စလို မပြုမူရဲကြချေ။
Mouse က ပြောလိုက်သည်။
“လခွမ်း၊ တစ်ခုခုမှားနေတယ်လို့ ငါ သိနေတယ်၊ ဒါ ပညာရှင် တစ်ယောက်ပဲ၊ သောက်ကျိုးနည်း အရည်အချင်း ရှိတဲ့ ပညာရှင်တစ်ယောက်ပဲ”
“မင်း အော်နေတာ တော်လောက်ပြီ၊ ငါတို့အားလုံး အဲ့ဒါကို မြင်တယ်ကွ”
“ဘုရင်ကြီးနဲ့ ဘုရင်လေးတို့တော့ အခု သောက်ပြဿနာ တက်ပြီ၊ အဲ့လူက ဒီမှာ စောင့်နေတာ တော်တော် ကြာနေတဲ့ပုံပဲ”
အခြေအနေကို အရင်ဆုံး ရင်ဆိုင်ရသည့် ဘုရင်ကြီးနှင့် ဘုရင်လေးတို့မှာမူ အခြားသူများထက် ပို၍ အံ့အားသင့် နေကြသည်။
သူတို့၏ တိုတောင်းလှသော အပြောင်းအလဲ၌ စိတ်ရောကိုယ်ပါ နှစ်၍ ပြဿနာကို ဖြေရှင်းရန် ကြိုးစားသော်လည်း အသုံးမဝင်ပေ။
*ဒါက လုံးဝ စင်းလုံးချောပဲ၊ လုံးဝ ဟာကွက် မရှိဘူး*
တစ်ဖက်မှ ပေးလာသော ဖိအားက ကြီးမားလွန်းပြီး မသိလျင် အဆင့်နိမ့် ပညာရှင်တစ်ယောက်က သူ၏ ခရီးစဉ်အတွင်း ပထမအဆင့် ပညာရှင်တစ်ယောက်နှင့် တွေ့လိုက်ရသလိုပင်။ ပြန်တိုက်ခွင့် မရှိသောအခါ သူတို့ အင်အားမဲ့သကဲ့သို့ ခံစားနေရသည်။
*သန်မာတယ်*
*သန်မာလွန်းတယ်*
*ဘယ်လိုလုပ် အဲ့လောက် သန်မာနေရတာလဲ*
အစက ပြုံးရယ်နေသော ဘုရင်ကြီးနှင့် ဘုရင်လေးတို့၏ မျက်နှာသည် တောင့်တင်းလာပြီး သူတို့၏ နဖူးပေါ်၌ ချွေးစေးများ ပေါ်လာသည်။
“ဘာဖြစ်တာလဲ”
“တစ်ယောက်ယောက်က ဘုရင်တွေကို တားလိုက်တာလား”
“မဖြစ်နိုင်ဘူး၊ ငါတို့ဘုရင်တွေက ပြိုင်ဘက်ကင်းလေ၊ ဘယ်လိုလုပ် တစ်ယောက်ယောက်က သူတို့ကို တားနိုင်မှာလဲ”
ကိုရီးယား၏ စခန်းလေးခုတွင်း၌ Two of Hearts, Kings of Spades နှင့် အခြားသူများအားလုံး အံ့ဩနေကြသည်။ သူတို့၏ မျက်နှာတွင် မယုံကြည်နိုင်ဟန်များနှင့် ပြည့်နှက်နေ၏။
တစ်ချိန်တည်းမျာပင် သူတို့သည် ဝမ်ရုံ နည်းပညာက တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိသည်။ သူတို့သည် မယုံကြည်နိုင် ဖြစ်နေသကဲ့သို့ ယုံကြည်ချင်စိတ်လည်း မရှိချေ။
ဘုရင်ကြီးနှင့် ဘုရင်လေးတို့၏ ကျော်ကြားမှုများက သူတို့၏ ရင်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး သူတို့၏ ဂုဏ်ယူစရာ ဖြစ်သလို ဂုဏ်သိက္ခာလည်း ဖြစ်သည်။ သူတို့သည် တစ်ကမ္ဘာလုံး၌ ထိပ်တန်း မဟုတ်လျင်တောင်မှ အနည်းဆုံး ထိပ်တန်းစာရင်းထဲ၌ ပါဝင်လေသည်။ သူတို့ ပူးပေါင်းပြီး အရှုံးကို ခံစားရခြင်းကို မဖြစ်နိုင်သလို အဓိပ္ပာယ် မရှိချေ။
Two of Heats က မေးခွန်းထုတ်လာသည်။
“ဒါ တကယ် မဖြစ်နိုင်ဘူး၊ ဒီလို မဖြစ်နိုင်ဘူးလေ၊ ဝမ်ရုံနည်းပညာရဲ့ ခံစစ် စနစ်က ပြိုလဲပြီးနေပြီ၊ ဘယ်လိုလုပ် လူတစ်ယောက်က တစ်ယောက်တည်း ဒါတွေအားလုံးကို စီမံနိုင်မှာလဲ”
King of Spades က ပြန်ပြောသည်။
“သူတို့ရဲ့ ခံစစ်က မရှိတော့ဘူးလေ၊ ဒါ လုံးဝ လှည့်ကွက် မဖြစ်နိုင်ဘူး၊ ငါတို့ ထိပ်တိုက်ကြီး အကြိတ်ခံနေရတာ၊ တရုတ်မှာ ဘယ်တုန်းက ဒီလိုလူမျိုး ရှိသွားတာလဲ”
ရုတ်တရက်ဆိုသလို လူတိုင်း၏ မျက်လုံးများ ကျဉ်းမြောင်းကုန်သည်။
“ဝိုင်၊ ဒီကောင့်နာမည်ကလဲ ဝိုင်ပဲလား၊ ငါတို့က နတ်ဆေးသမားတော် ဝိုင်ကို ရှာနေတာကို၊ ဒီလူရဲ့ ကုဒ်နာမည် ကလည်း ဝိုင်တဲ့လား”
သုံးမိနစ်အတွင်း ဘုရင်လေးနှင့် ဘုရင်ကြီးတို့ ပျောက်သွားပြီး ထူးဆန်းသော ဝိုင်ဆိုသူက ပေါ်လာသည်။
လူတိုင်းသည် ဟက်ကာများ ဖြစ်သဖြင့် ဘာအခြေအနေ ဘာကို ဆိုလိုသလဲ ဆိုသည်ကို နားလည်ကြသည်။
ဘုရင်များ ကန်ချခံလိုက်ရလေပြီ။
အိပ်မက်ဆန်ဆန် ခံစားချက်က သူတို့နှလုံးသားထဲ ရစ်ပတ်နေပြီး သူတို့၏ မျက်လုံးနှင့် ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ရပါက သူတို့ လုံးဝ ယုံကြည်မိမည် မဟုတ်ပါ။
ထိုစဉ် သူတို့၏ ချောက်ချားနေသော အကြည့်အောက်၌ ကုဒ်နာမည် ဝိုင်နှင့်လူက သူ့လမ်းမှ အရာအားလုံးကို ရှင်းလင်းလေသည်။ ကွန်ရက်၏ အကူအညီနှင့် သူက ကလုန်းများစွာ ခွဲ၍ အရပ်မျက်နှာအနှံ့မှ ဖြန့်ကျက်လာသည်။
ကိုရီးယား၏ ဟက်ကာများ ရူးမတတ် မှင်တက်ကုန်သည်။
အခြေအနေကို လေ့လာနေသည့် နိုင်ငံတကာ ဟက်ကာများ ကြက်သေ သေသွားကြသည်။
အိုးရန်ချင်းနှင့် အခြားသူများအားလုံး အံ့အားသင့်နေသည်။
*ကြောက်စရာ ကောင်းလိုက်တာ၊ ကြောက်ဖို့ကောင်းတယ်၊ မယုံနိုင်စရာပဲ*
အမေရိကန်၏ Golden Hand က တအံ့တဩ ပြောလာသည်။
“ဘုရားသခင် … ငါ အခု ဘာကို မြင်လိုက်တာလဲ၊ ဒါက အင်တာနက် ဆန်းကြယ်မှုပဲ”
အင်္ဂလန်၏ SKY က ဝင်ပြောသည်။
“တရုတ်က သူတို့ရဲ့ အရည်အချင်းကို ကောင်းကောင်းကြီး ဖုံးထားတာပဲ၊ ငါ တအံ့တဩ ဖြစ်သွားရပြီ၊ အင်တာနက်ကို အဲ့လို သုံးလို့ရတယ်လို့ ငါ တစ်ခါမှ မတွေးခဲ့မိဘူး”
ဂျပန်နိုင်ငံ၏ THEONE က ဆက်ပြောသည်။
“ငါ ကံကောင်းလို့ပေါ့၊ ငါ စိတ်ကိုထိန်းပြီး တစ်ကွက်မှ မလုပ်မိလိုက်ဘူး၊ ဒါ လန့်စရာပဲ၊ ဒီလိုလူမျိုးက တရုတ်မှာ ရှိနေတော့ ငါ သူတို့ကို အင်တာနက်ပေါ်မှာ လုံးဝ ပြဿနာ ရှာမိမှာ မဟုတ်ဘူး”
ဂျာမနီ၏ Alla က ဝင်ပြောသည်။
“ဒီထူးဆန်းတဲ့ဝိုင်က ငါတို့ ကွန်ရက်ထဲ ကျော်ဝင်လာကို မင်းတို့တစ်ယောက်ယောက်များ သတိထားမိလား၊ သူ ငါတို့ကို သတိပေးနေတာများလား၊ ကြောက်ဖို့ကောင်းလိုက်တာ”
“သူ့အရည်အချင်းနဲ့ဆို ငါတို့ကို သူ ရှာတွေ့တာ အံ့ဩစရာ မဟုတ်တော့ဘူး၊ ငါ့ကို အံ့ဩစေတာက ဒီလို အင်အားကောင်းတဲ့ ဟက်ကာမျိုး ငါတို့လောကမှာ ရှိနေတာပဲ၊ သူ တစ်ကမ္ဘာလုံးမှာ နံပါတ်တစ် ချိတ်လိမ့်မယ်လို့ ငါ ယုံကြည်တယ်၊ ဘာလို့လဲဆိုတော့ သူ့အရည်အချင်းတွေက ရောက်နိုင်တာထက် ပိုနေတယ်”
တရုတ်နိုင်ငံ တစ်ဝှမ်းမှ ဟက်ကာများသည်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြသလို ပြောင်းလဲမှုများကို ဆက်တိုက် စောင့်ကြည့်နေသူများလည်း အံ့ဩနေကြသည်။
“သေစမ်း၊ ဘာတွေ ဖြစ်နေတာလဲ၊ ငါ အဲ့လောက် မြန်မြန်ကြီး ကန်ထုတ်ခံလိုက်ရတာလား”
“ချီးပဲ၊ ငါလဲ အထုတ်ခံလိုက်ရတယ်”
“သောက်ကျိုးနည်း ဘာလဲဟ၊ ဒီပညာရှင်က ဘယ်က ပေါ်လာတာလဲ”
“တရုတ်ဟက်ကာ ဖြစ်မယ့်ပုံပဲ၊ ဘာလို့ သူ့ဘက်ကလူတွေကို ထိခိုက်အောင် လုပ်တာလဲ၊ ဒါ ရက်စက်တာပဲ”
“ငါက မိတ်ဆွေလေ၊ ငါ့ကို လွှတ်ပေးပါဟ၊ ချီးပဲ”
“သူက မိတ်ဆွေဆိုတာကို မင်း ဘယ်လိုသိလဲ”
“သူ့နာမည်အောက်မှာ မျဉ်းတစ်ကြောင်း ရှိတယ်လေ၊ ပြီးတော့ သူ့နာမည်က … ဝိုင်လားလို့”
“ဝိုင်၊ ဟက်ကာဝိုင်လား”
“လခွမ်း၊ တကယ်ကြီး ဝိုင်ဟ၊ ဟူးဟူးဟူး … ဒီစာလုံးကို မြင်တာနဲ့ ငါ့မျက်လုံးတွေက ဘာလို့ စိုစွတ်လာရတာလဲ”
“ဝါးဟားဟား … ကိုရီးယားတော့ အဟက် ခံလိုက်ရပြီ၊ ဒီစာလုံးကို မြင်လိုက်ရတဲ့ အချိန်ကတည်းက ငါ သိနေတယ်၊ ဒီကိုရီးယားကောင်တွေတော့ ဇာတ်သိမ်းတော့မယ်”
“ဒါ ဘယ်တုန်းကတည်းက စလာသလဲတော့ ငါ မသိဘူး၊ ဒါပေမဲ့ ဝိုင်က ငါတို့ရဲ့ ချေဖျက်လို့ မရနိုင်တဲ့ ယုံကြည်မှု ဖြစ်လာပြီပဲ”
“ဝိုင်ရေးတဲ့ စာကို တစ်ယောက်ယောက် သေချာ မြင်ရလား၊ အဲ့ဒါ တရုတ်လူမျိုးကွ”
လူတိုင်း အာရုံစိုက်နေကြပြီးနောက် ထိုစာကို မြင်သောအခါ လူတိုင်း သွေးပွက်ပွက်ဆူလာပြီး သူတို့၏ မျက်လုံးများ နီရဲလာသည်။
“တရုတ်ကို လှောင်ပြောင်တဲ့ ဘယ်သူမဆို ဘယ်လောက် ဝေးဝေး ဖိနှိပ်ခံရမယ်”
“Weibo နဂိုအတိုင်း ပြန်ဖြစ်သွားပြီ”
“Toutiao နဂိုအတိုင်း ပြန်ဖြစ်သွားပြီ”
“Tieba နဂိုအတိုင်း ပြန်ဖြစ်သွားပြီ”
“ကားလက်မှတ် အရောင်း website နဂိုအတိုင်း ပြန်ဖြစ်သွားပြီ”
…
Website များ တစ်ခုပြီးတစ်ခု ပြန်ကောင်းလာပြီး ပြန်လည်ပတ်လာသည်။ ဆယ့်ငါးမိနစ်သာ ရှိသေးသော်လည်း တရုတ်၏ website များ နဂိုအတိုင်း ပြန်ဖြစ်သွားပြီး လူတိုင်း မှင်တက်အံ့ဩနေကြလေသည်။
[အဲ့ဒါတွေ အခု အဆင်ပြေပြီလား၊ ဘာဖြစ်သွားတာလဲ]
[ပညာရှင်တစ်ယောက် လာကူညီသွားတာလား၊ ဘယ်သူများ ဖြစ်နိုင်မလဲ]
[ကိုရီးယားက လူတွေအားလုံး ပျောက်သွားပြီးတော့ လှောင်ပြောင်တာတွေနဲ့ ပြည့်နေတဲ့ IP တွေက ထပ်ပြီး အလုပ်မလုပ်တော့တာကို မင်းတို့ သတိထားမိလား]
[ဒါ ဘာအခြေအနေကြီးလဲ၊ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို တစ်ယောက်ယောက် ငါ့ကို ပြောပေးပါလား]
[ဝါးဟားဟား သူတို့ ကြောက်ကုန်ပြီ၊ ကိုရီးယားကလူတွေ သေကုန်ပြီ]
[လခွမ်း၊ အားလုံးပဲ ဟက်ကာဝိုင်ကို အားပေးလိုက်ရအောင်၊ ဟားဟားဟား … ကိုရီးယားရဲ့ ကွန်ရက်ကတော့ လောင်နေပြီ]
[ဟက်ကာဝိုင်လား၊ ဘာတွေ ဖြစ်နေတာလဲ၊ ကိုရီးယားနိုင်ငံက ဘာဖြစ်သွားတာလဲ၊ တစ်ယောက်ယောက် အချက်အလက်တွေကို ရှင်းပြပေးနိုင်မလား]
[ရှင်းပြဖို့ ခက်တယ်၊ မင်းတို့ မြင်ရအောင် ငါ screenshot ပြမယ်၊ ဟက်ကာတွေအားလုံး အခု စိတ်လှုပ်ရှားပြီး ကြည့်နေဖို့ပဲ တတ်နိုင်ကြတယ်၊ ဟက်ကာဝိုင် လှုပ်ရှားလာတဲ့အချိန်မှာ အခြားသူတွေ ဘာကိုမှ မလုပ်နိုင်တော့ဘူး]
မကြာခင်မှာပင် များစွာသော screenshot များက Weibo, TikTok နှင့် Toutiao စသည့် အင်တာနက် ပလက်ဖောင်းများပေါ်၌ ပေါ်လာသည်။ ညကိုးနာရီ ကျော်သွားပြီ ဖြစ်သော်လည်း ဘယ်သူမှ အိပ်မငိုက်သလို သူတို့၏ မျက်နှာများက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာ၏။
[ကြမ်းလွန်းတယ်၊ မိုက်တယ်ကွာ]
[ဟင့်ဟင့်ဟင့် … ငါတို့ website တွေ အဟက်ခံရတုန်းက ဝိုင်တစ်ယောက်လောက် ထွက်လာပြီး ကိုရီးယားတွေ အသိဝင်သွားအောင် အမှောက်သိပ်ပေးမလားလို့ တွေးမိနေတာကို မင်းတို့ သိလား၊ ငါ့ဆုတောင်းတွေ တကယ် ဖြစ်လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး]
[အပေါ်ကလူ၊ ငါလဲ အဲ့လိုပဲ ခံစားမိတယ်၊ ငါ့ယောက်ျားကို ပြောပြတော့ သူက ငါ့ကို ငတုံးလို့ ပြောတာလေ၊ အခု ငါ ကြည်နူးလွန်းလို့ မျက်ရည်ပါဝဲတယ်]
[ငါ သိနေတယ်၊ ငါ သိနေတယ်၊ တရုတ်က ဘယ်နေရာမှာမဆို အသန်မာဆုံးပဲ၊ ငါတို့ကို တိတ်တဆိတ် စောင့်ရှောက်နေတဲ့ စူပါဟီးရိုးတစ်ယောက်ကတော့ အမြဲ ရှိနေမှာပဲ]
[တရုတ်ကို လှောင်ပြောင်တဲ့ ဘယ်သူမဆို ဘယ်လောက် ဝေးဝေး ဖိနှိပ်ခံရမယ်၊ အား … အား … အား … ဒါ သောက်ရမ်း မိုက်တယ်၊ ငါ ကြက်သီးပါ ထတယ်]
[ဟားဟားဟား … ဟေ့ ကိုရီးယားဟက်ကာတွေ၊ မင်းတို့ မြင်လား၊ မင်းတို့ ငါတို့ သတိပေးတာကို မြင်လား]
[အံ့ဩစရာကောင်းတဲ့သူက နောက်ဆုံးတော့ သူ့ကိုယ်သူ လူလုံး ထွက်ပြပြီပဲ၊ မင်းတို့ ထပ်ပြီး တောင့်မထားနိုင်ရင် လုံးဝ တောင့်ထားစရာ မလိုဘူး၊ မိုက်နေရောကွာ]
[သေစမ်း … ဟက်ကာဝိုင် ပြန်တိုက်ဖို့ အသင့်ဖြစ်နေတာကို မြင်ရတာက ပျော်ဖို့ကောင်းတယ်၊ အံ့ဩဖို့ ကောင်းလွန်းပါတယ်ကွာ၊ တိုက်ပွဲကို ငါ ကြည့်ချင်ပင်မယ့် ငါ့မှာ အဲ့လောက် အရည်အချင်း မရှိတာ ဆိုးတာပဲ]
[တိုက်ပွဲရဲ့ ပုံရိပ်ကို ငါတို့ ကြည့်လို့ရအောင် တစ်ယောက်ယောက် screenshot ရိုက်ပေးလို့ ရမလား၊ ကိုရီးယားရဲ့ ကွန်ရက်က တော်တော်လေး ဆိုးရွားတော့မယ်လို့ ငါ ထင်တယ်၊ ဟားဟားဟား]
…
ပင်မကွန်ရက် စောင့်ကြည့်ရေး ပလက်ဖောင်းများ။
ကွန်ရက် ထိန်းသိမ်းပြုပြင်မှု၏ တာဝန်ရှိသူများအားလုံး စိတ်အေးသွားသကဲ့သို့ ပြိုင်တူ သက်ပြင်းချလာကြသည်။
“ဟူး … ငါ မောလိုက်တာ၊ ငါ့ကို ကူညီဖို့ ပညာရှင်တစ်ယောက် ရှိနေတာကို ဝမ်းသာမိတယ်၊ မဟုတ်ရင် ငါ သေနေလောက်ပြီ”
“ကိုရီးယား ဟက်ကာအဖွဲ့က တကယ် ရက်စက်တယ်၊ သူတို့ ငါ့ကို သေမတတ် ကြောက်အောင် လုပ်တာပဲ”
“စိတ်မပူနဲ့၊ ဟက်ကာဝိုင်က သူတို့ကို ပြန်ပေးဆပ်ရအောင် လုပ်လိမ့်မယ်”
“ဟူး … အင်တာနက်ပေါ်မှာ ဝိုင်တစ်ယောက် ပုန်းနေလိမ့်မယ်လို့ ငါ တကယ် ထင်မထားမိဘူး၊ ဒီဝိုင်က တရုတ်ကို ကာကွယ်ဖို့အတွက် တာဝန်ရှိတဲ့ လျှို့ဝှက်အဖွဲ့ထဲကပဲ ဖြစ်ရမယ်”
“ကဲ အားလုံးပဲ၊ မြန်မြန် အလုပ်ထဲ ပြန်ဝင်ပြီး အင်တာနက်ပေါ်က အမှိုက်တွေကို ရှင်းရအောင်၊ ဘာအစအနမှ မကျန်ခဲ့စေနဲ့”
“ဟုတ်တယ်၊ သတိနဲ့နေပြီး အခြေအနေကို အခွင့်ကောင်းယူမယ့် လူတိုင်းကို တားဆီးပြီး ပြန်ဦးမော့လာအောင် လုပ်ကြ”
“ဟားဟားဟား … ဟက်ကာဝိုင်နဲ့ဆိုရင် ဘယ်သူတွေကများ ကြိုးစားကြည့်ရဲသလဲ ငါ သိချင်မိသား”
“ကိုရီးယားဟက်ကာတွေရဲ့ တုံ့ပြန်မှုက ဘာလဲ”
“အထိအခိုက်များတယ်၊ သူတို့ထဲက ဘယ်သူမှ ဟက်ကာဝိုင်နဲ့ တစ်ယောက်ချင်း မယှဉ်နိုင်ဘူး၊ သူက သူ့လမ်းမှာ ဘယ်သူမှ ရပ်မနေအောင် လုပ်တဲ့ စံနမူနာပြထိုက်တဲ့လူပဲ”
“သူက အဲ့လောက် အံ့ဩဖို့ကောင်းတာလား”
“ဟားဟားဟား … ဟက်ကာဝိုင် ဘာနည်းလမ်း သုံးသလဲဆိုတာကို ဘယ်သူမှ မသိဘူး၊ သူ ဝင်လာတာနဲ့ ကိုရီးယားရဲ့ ကွန်ရက်ကို ထိန်းချုပ်ပြီး အဲ့ဒါရဲ့ လုပ်ပိုင်ခွင့်ကို ဆက်ချဲ့ထွင်တော့တာပဲ၊ လူတိုင်း သူ့ကို ထိုင်ကြည့်ရုံပဲ တတ်နိုင်တော့တယ်”
“လခွမ်း၊ သူက အံ့ဩဖို့ကောင်းလွန်းတာပဲ၊ ငါ ပြောချင်တာက … သူက ကိုရီးယားရဲ့ ဟက်ကာ အများကြီးနဲ့ တစ်ယောက်တည်း ရင်ဆိုင်တဲ့လူပဲ”
“ကျစ် … လူဘယ်လောက်ပဲ ရှိရှိ သူတို့အားလုံး ဟက်ကာဝိုင် သတ်တာကို ခံလိုက်ရတယ် မဟုတ်လား၊ ဟက်ကာဝိုင်ရဲ့ နည်းလမ်းက အံ့ဩဖို့ကောင်းတယ်၊ သူက ကိုယ်ပွားဖို့ အင်တာနက်ကို အသုံးချတာ၊ ပြီးတော့ အဓိကက သူက နှောင့်ယှက်ပြီး ထိန်းချုပ်နိုင်သေးတယ်၊ သူက နတ်ဘုရားပဲ”
“သူက တရုတ်ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်အောင် ကူညီပေးနေတာပဲ၊ ဒါပေမဲ့ သူ ဘာဆက်လုပ်မှာလဲ၊ ဒီလောက်လေး လုပ်ရုံက လက်စားချေဖို့ မလုံလောက်ဘူး၊ ကိုရီးယားဟက်ကာတွေက စည်းကျော်ခဲ့တာ”
တစ်နိုင်ငံလုံးမှ ဟက်ကာများနှင့် ပြည်ပမှ ဟက်ကာများသည် အခြေအနေကို အာရုံစိုက်နေကြသည်။ လူတိုင်း ဟက်ကာဝိုင်ကို စိတ်အားထက်သန်စွာ ကြည့်နေပြီး သူ ဘယ်လို လက်တုံ့ပြန်မလဲ ဆိုသည်ကို သိချင်၊ မြင်ချင်နေ ကြလေသည်။
စိတ်ထင့်သော ခံစားချက်မျိုး ရှိနေလေသည်။
ထိုအချိန်၌ ကိုရီးယားနိုင်ငံ၏ ဟက်ကာများ ဖရိုဖရဲ ဖြစ်နေ၏။
Two of Hearts က ဒေါသတကြီး ဆဲဆိုလေသည်။
“ဒါ ဘယ်သူလဲ၊ ဘာလို့ သူတို့က အရမ်း ယုတ်မာတာလဲ”
King of Spades ၏ အသံကလည်း အနည်းငယ် စူးရှလာသည်။
“သူ အားလုံးကို တကယ် သူ တစ်ယောက်တည်းနဲ့ သတ်ပစ်တာပဲ၊ ပြီးတော့ သူက ကိုယ်ပိုင် firewall တောင် ဖန်တီးလိုက်သေးတယ်”
ဘုရင်ကြီး၏ အသံက မာလာသည်။
“ငါတို့ ကိုရီးယားနိုင်ငံရဲ့ ကွန်ရက်ပေါ်မှာ သူ ကြိုက်သလို လုပ်လို့ရတယ်လို့ ထင်နေတာလား”
“ငါတို့ကွန်ရက်ကိုပါ ချဲ့ထွင်ဖို့ သူ တွေးနေတာတော့ မဟုတ်ဘူးမလား၊ ဟားဟား … တော်တော် ဆန္ဒကြီးတဲ့ အတွေးပဲ”
ဘုရင်လေးက ပြောလေသည်။
“အားလုံးပဲ အတူတူ တိုက်ရအောင်၊ ဒီဝိုင်က ငါတို့အားလုံးကို လွယ်လွယ်လေး ထိန်းချုပ်နိုင်လိမ့်မယ်လို့ ငါ မယုံဘူး”
ကိုရီးယားကွန်ရက်ပေါ်၌ ရဲ့လင်းချန် ပေါ်လာသောကြောင့် website များစွာက ပုံမှန်မဟုတ်တော့ဘဲ log in မဝင်နိုင် ဖြစ်သွားသည်။
ရုတ်ချည်းဆိုသလိုပင် ကိုရီးယားနိုင်ငံတစ်ဝှမ်း၌ ဆဲဆိုသံများ ထွက်ပေါ်လာသည်။
“ချီးပဲ၊ သောက်ကျိုးနည်း ဘာဖြစ်ကုန်တာလဲ၊ တစ်ယောက်ယောက်က ငါတို့ကွန်ရက်ကို ကျူးကျော်လာတာလား”
“မြေယိုး၊ ဒါ လုံးဝ ဆိုးရွားတာပဲ၊ အဲ့လူကို မြန်မြန်ဖမ်း၊ အရှက်ကိုမရှိဘူး”
“ဒီဝိုင်က ဘာဖြစ်နေတာလဲ၊ ကွန်ရက် အုပ်ချုပ်သူတွေ ချီးစားနေကြတာလား၊ ဒါ ပေါ်တင်ကြီး ရန်စနေတာလေ”
“တရုတ် ဟက်ကာတွေက တော်တော်ကို အရှက်မဲ့တာပဲ၊ သူတို့ကို မြန်မြန်လာသတ်ကြပါဟ”
“ဟ … သူတို့ အရည်အချင်းကို အထင်ကြီးနေကြတာလား၊ ငါတို့ ဟက်ကာတွေ ဘယ်ရောက်နေတာလဲ၊ သူတို့ကို မြန်မြန် ပြန်ခေါ်ပြီးတော့ တရုတ် အနုပညာရှင်တွေရဲ့ အကောင့်တွေကို ဆက်ဟက်ခိုင်းလေ၊ ငါတို့ကို ဖေဖေကြီးလို့ သူတို့ ခေါ်ရအောင် လုပ်လိုက်၊ ဟားဟားဟား …”
“ဟေ့ တရုတ် ဟက်ကာတွေက မာန်တက်နေတာပါလား၊ သူတို့ရဲ့ အရည်အချင်းကို သူတို့ မသိကြဘူးလား၊ ဒီလို နည်းလမ်းနဲ့ ပြန်တိုက်နိုင်မယ်လို့ သူတို့ တကယ် မျှော်လင့်နေတာလား၊ သူတို့ ကိုယ့်သေတွင်း ကိုယ်တူး နေကြတာပဲ”
…