← Chapters

မိုးကြိုးကိုဖိတ်ခေါ်သလို

Vol. 51 Ch. 751

မိုးကြိုးကိုဖိတ်ခေါ်သလို

Vol. 51 Ch. 751

ဝမ်လင်းက ဝမ်မင် အသက်ရှင်နေသေးကြောင်း သိသည်။

သူက စိတ်ဖတ်စွမ်းရည်ကို အသက်သွင်းလိုက်သောအခါ ဝမ်မင် သေဆုံးမှုအတွက် နွေရာသီစခန်းသွင်း လေ့လာရေးကို လိုက်ပါလာသော ဦးဆောင်ဆရာများ၏ ညီးညူသံကို ကြားလိုက်ရသည်။

ဝမ်မင်အတွက် သူခေါက်ထားသော စက္ကူကြိုးကြားက ဤနေရာတွင် ရှိနေဆဲ ဖြစ်သည်။

၎င်းက အသက်ကယ်မှော်ရတနာအဖြစ် လုပ်ဆောင်နိုင်ပေသည်။

သို့သော် ယခုအချိန်ထိ အသက်မဝင်သေးပုံထောက်လျှင် ဝမ်မင် မသေသေးကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်၏။

ထို့ကြောင့် ဝမ်မင်က နေရာလွတ်ပင်လယ်သေထဲတွင် ရှိနိုင်သည်ဟု ဝမ်လင်းက ချက်ချင်းဆိုသလို ယူဆလိုက်သည်။

သို့သော် လူအများ၏ စိတ်ထဲတွင်မူ ဝမ်မင်က သေဆုံးသွားပြီ ဖြစ်သည်။

ဝူကျန်းကျွင်းပင်လျှင် ဈာပနအစီအစဉ်များကို ပြုလုပ်နေခဲ့သည်။

သို့ရာတွင် ဈာပနတွင်ထားမည့် ဓာတ်ပုံနှင့် ပတ်သက်၍ ပြဿနာတက်နေခဲ့၏။

ဝမ်မင်က သူ့အထောက်အထားကို ကာကွယ်ရန်အတွက် စစ်ဝတ်စုံဖြင့် IDဓာတ်ပုံကို တစ်ခါမှ မရိုက်ခဲ့ဖူးပေ။

လက်ရှိအစိုးရက သိမ်းဆည်းပေးထားသည့် တစ်ခုတည်းသောဓာတ်ပုံမှာ ၎င်း၏ တရားဝင်IDအတုအကောင့်ဖြစ်သည့် ဝမ်ရှောင်အာအတွက် အသုံးပြုထားသောဓာတ်ပုံ ဖြစ်သည်။

ထိုဓာတ်ပုံတွင် ဝမ်မင်က အနက်ရောင်အင်္ကျီလက်တိုကို ဝတ်ဆင်ထားပြီး ပေါကြောင်ကြောင်အပြုံးကို ဆင်မြန်းထားသည်။

“ငါတို့ဆီမှာ ဒီဓာတ်ပုံတစ်ပုံပဲ ရှိတာလား”

ဝူကျန်းကျွင်းက ဓာတ်ပုံကိုစိုက်ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

“ဟုတ်ပါတယ်”

သူနှင့်အတူရှိနေသည့် ဦးဆောင်ဆရာတစ်ဦးက သက်ပြင်းချ၍ ပြောလိုက်သည်။

“အထက်လူကြီးတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်နေတယ်.. ငါတို့အနေနဲ့က အထက်လူကြီးတွေ ညွှန်ကြားချက်ကို စောင့်ဆိုင်းရုံပါပဲ”

ဝမ်မင် သေဆုံးပြီးနောက်တွင် သူ၏ ဝိသေသလက္ခဏာက ပေါက်ကြားသွားလိမ့်မည်ဟု ဝူကျန်းကျွင်း မှန်းဆခဲ့သည်။

ဝမ်မင်က သာမန်လူတစ်ယောက်မျှသာ ဖြစ်သော်လည်း ဤနှစ်များ တစ်လျောက်လုံးတွင် ဟွာရှို့နိုင်ငံ၏ နောက်ကွယ်မှနေ၍ အစွမ်းထက်ဆုံး ဦးနှောက်အဖြစ် ပုန်းအောင်းနေခဲ့ပြီး လွန်ခဲ့သည့်အနှစ်၂၀အတွင်း တိုင်းပြည်အတွက် ဖျောက်ဖျက်၍ မရသော အကျိုးဆောင်မှုများကို ပြုလုပ်ခဲ့သည်။

၎င်းက ကျင့်ကြံခြင်း မှော်ရတနာများတွင် နည်းပညာဆိုင်ရာ အောင်မြင်မှုအများအပြား ရရှိထားသော်လည်း ဘဝတစ်လျောက်လုံးတွင် အထောက်အထားများကို လျှို့ဝှက်ထားခဲ့ရသည်။

ထို့ကြောင့် သူသေဆုံးပြီးနောက်တွင် သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အောင်မြင်မှုများကို ကမ္ဘာသို့ အတိအကျ ကြေညာရပေမည်။

ဤအတိုင်းသာ ဖြစ်လာလျှင် နောင်နှစ်၏ သိပ္ပံဖတ်စာအုပ်များ၌ ဝမ်မင်၏ဓာတ်ပုံက ပါလာပေလိမ့်မည်။

သို့သော် ပြဿနာမှာ တရားဝင်ဓာတ်ပုံအဖြစ် ဤIDဓာတ်ပုံတစ်ပုံသာ ရှိနေခြင်းပင်။

“ဆရာဝမ်က ကံဆိုးလွန်းတာပဲ.. သူ့မှာဓာတ်ပုံလေးတစ်ပုံပဲ ရှိလိမ့်မယ်လို့ ငါတကယ် မထင်ခဲ့မိဘူး.. စောစောကသာ သိခဲ့ရင် ငါသူ့ကို ဓာတ်ပုံတစ်ပုံလောက် ရိုက်ယူထားပါတယ်”

ဦးဆောင်ဆရာက သက်ပြင်းချလိုက်သည်။

“ဒါနဲ့ အထက်လူကြီးတွေရဲ့ အမြင်ကရော ဘယ်လိုလဲ.. ဒီခရီးစဉ်အတွင်း ဆရာဝမ်က ဓာတ်ပုံတချို့ ရိုက်ထားလိမ့်မယ်လို့ သူတို့အစက ထင်ခဲ့ကြပေမဲ့ အဆုံးသတ်မှာတော့ ဘာဓာတ်ပုံမှ မရိုက်ခဲ့ဘူးဆိုတာ သိလိုက်ရတယ်.. အဓိကပြဿနာကတော့ ဒီIDဓာတ်ပုံထဲမှာ ဆရာဝမ်ရဲ့အပြုံးက အရမ်းကိုပေါကြောင်ကြောင်နိုင်ပြီး လုံးဝ လေးနက်မှုမရှိတဲ့ပုံ ဖြစ်နေတာပဲ.. ဒါပေမဲ့လည်း အခုငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး.. စစ်ယူနီဖောင်း ဝတ်ထားတဲ့ ဆရာဝမ်ရဲ့ဓာတ်ပုံ မရှိမှတော့ စစ်ယူနီဖောင်းပေါ်မှာ ဆရာဝမ်ရဲ့မျက်နှာကို ဖိုတိုရှော့လုပ်ရတော့မှာပဲ”

ဝူကျန်းကျွင့် “………..”

ဝမ်လင်း “………..”

အခြားတစ်ဖက်တွင်လည်း ဟွာရှိ့မဟာမိတ်ကွပ်ကဲရေး စင်တာရှိ ဌာနတစ်ခုလုံးသည် ဝမ်မင် ပျောက်ဆုံးပြီးနောက်တွင် ချက်ချင်းဆိုသလို လှုပ်ရှားခဲ့ကြသည်။

ဝမ်မင်ကို ရှာဖွေနေသော ဦးဆောင်ဆရာများအတွက် ကွပ်ကဲရေး စင်တာကနေ ပညာရှင်များကို စေလွှတ်လိုက်သည်။

ကွပ်ကဲရေးစင်တာမှ စေလွတ်လိုက်သောပညာရှင်များ၏ အဓိကကဏ္ဍမှာ ဝမ်မင်ကို ရှာဖွေရန်အတွက် အကြွင်းအကျန်နယ်မြေ၏ အနောက်ဘက်ဒေသသို့ သွားသော ဦးဆောင်ဆရာများကို ခရီးဝေးတွင် ပံ့ပိုးကူညီရန် ဖြစ်သည်။

ယအဓိကအားဖြင့် အကြွင်းအကျန်နယ်မြေ၏ အနောက်ဘက်ဒေသကို မရှာဖွေရသေးခြင်းကြောင့်လည်း ဖြစ်၏။

ဦးဆောင်ဆရာများသည် အတွေ့အကြုံ အကန့်အသတ်ရှိသဖြင့် ဤခရီးစဉ်၌ အဆိပ်ရှိသော စိတ်ဝိညာဉ်အပင်များနှင့် ကြုံတွေ့နိုင်ပေသည်။

သို့သော် ကျွမ်းကျင်ပညာရှင်များ ရှိနေသရွေ့ ၎င်းတို့သည် အခြေခံအားဖြင့် အဆိပ်ရှိ စိတ်ဝိညာဉ်အပင်များကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

ဟွာရှို့မဟာမိတ်အဖွဲ့သည် အကြွင်းအကျန်နယ်မြေ၏ အရှေ့ဘက်ဒေသကို စူးစမ်းလေ့လာထားပြီးပြီဖြစ်၍ အရှေ့ဘက်ဒေသတွင်ဆိုလျှင် မတော်တဆမှုများ လက်တွေ့တွင်ဖြစ်နိုင်လောက်မည် မဟုတ်ပေ။

သို့သော် အနောက်ဘက်ဒေသကိုမူ သူတို့ လုံးဝ မလေ့လာရသေးပေ။

အကယ်၍ ဝမ်မင်က အသက်ရှင်နေသေးပြီး အနောက်ဘက်ဒေသသို့ ရောက်နေမည်ဆိုလျှင် အလွန်ပင် အန္တရာယ်များနေမည် ဖြစ်သည်။

ထို့ကြောင့် ဥက္ကဌချီက အနောက်ဘက်တွင် ဝမ်မင်ကို ရှာဖွေရန်အတွက် ယုံကြည်စိတ်ချရသော ဆရာအချို့အား စေလွှတ်ရန် ဝူကျန်းကျွင်းအား အမိန့်ပေးခဲ့သည်။

ဝမ်လင်းမှလွဲ၍ ဥက္ကဌချီသာလျှင် ဝမ်မင် အသက်ရှင်နေသေးသည်ဟု ယုံကြည်နေခဲ့သည်။

ဝမ်မင်ထံသို့ ကျရောက်ခဲ့သော ကပ်ဘေးအကြောင်း သိရှိလိုက်သောအခါ ဥက္ကဌချီသည် လက်နှစ်ဘက်ကို နောက်ပစ်ကာ အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့သည်။

ဤအခင်းအကျင်းတွင် အစမှအဆုံးထိ ဗိုလ်ချုပ်ရီနှင့် အခြားသောဗိုလ်ချုပ်၁၀ ဦးတို့က ပါဝင်ခဲ့ကြသည်။

ပုံမှန်အားဖြင့် တပည့်များကို အကာအကွယ်ပေးလေ့ ရှိသော ဥက္ကဌချီသည် ဝမ်မင်၏ ကံဆိုးမှုကို သိရှိပြီးနောက်တွင် တစ်စုံတစ်ခု လုပ်တော့မည်ကို ဗိုလ်ချုပ်ရီ သိလိုက်သည်။

၁၀မိနစ်ခန့်အကြာတွင် ဥက္ကဌချီက ဗိုလ်ချုပ်ရီကို လှမ်းကြည့်လိုက်သည်။

“အဖိုးကြီးရီ.. ငါ့ကိုယ်စား စင်တာကို ဦးစီးပေးလို့ ရမလား”

“အေးပါ”

ဗိုလ်ချုပ်ရီက သဘောတူလိုက်သည်။

ဥက္ကဌချီ စိတ်ဆင်းရဲနေမှန်းသိ၍ သူက အပိုစကားများ မပြောခဲ့ပေ။

လူတိုင်း၏အမြင်တွင် ဥက္ကဌချီသည် ရိုးဖြောင့်ပြီး စာအုပ်ကြီးအတိုင်း အမြဲလိုလို လုပ်ဆောင်တတ်သည်။

ဟုတ်ပါသည်၊ ယင်းက ဥက္ကဌချီတွင် သတ်မှတ်ထားသောဘောင်တစ်ခု မရှိဟု မဆိုလိုပေ။

ဟွာရှို့နိုင်ငံကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းလေးထောင်ကျော်ရှိပြီ ဖြစ်သည်။

ဗိုလ်ချုပ်၁၀ယောက်ထဲမှ တစ်ယောက် အနေဖြင့် ဥက္ကဌချီ၏ ကျင့်ကြံမှုသည် နားမလည်နိုင်လောက်အောင်ပင်။

သို့သော် ဝမ်မင်နှင့် မတွေ့ဆုံမီ နှစ်ထောင်ပေါင်းများစွာ အထိ ဉာဏ်ပညာသူတော်စင် ဥက္ကဌချီသည် ဘယ်သောအခါမှ တပည့်မမွေးခဲ့ပေ။

ထိုအချိန်က ဝမ်မင်ကို တပည့်အဖြစ် လက်ခံရရှိသောအခါတွင် ဥက္ကဌချီ၏ မျက်နှာပေါ်မှ ကြည်နူးသောပုံရိပ်ကို ဗိုလ်ချုပ်၁၀ယောက်မှ တစ်ယောက်စီက သတိရမိလိုက်သည်။

အစပိုင်းတွင် သူတို့အားလုံးသည် ဥက္ကဌချီ၏ ရွေးချယ်မှုကြောင့် အံ့အားသင့်ခဲ့ကြရသည်။

သူတို့က ဥက္ကဌချီ အဘယ်ကြောင့် သာမန်လူတစ်ဦးကို တပည့်အဖြစ် ရွေးချယ်လိုက်ကြောင်း နားမလည်နိုင်ခဲ့ကြပေ။

အဆုံးသတ်တွင် ဥက္ကဌချီသည် မှန်ကန်သော ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့သည်ကို လက်တွေ့ သက်သေပြခဲ့သည်။

ဝမ်မင်က သုတေသန နယ်ပယ်တွင် ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့သည်မှာ အမှန်တရားတစ်ခုပင်။

ဥက္ကဌချီက ဝမ်မင်၏ လှုပ်ရှားမှုများကို ကန့်သတ်ထားခဲ့ပြီး သူ၏တပည့်ကို သူ၏သွေးရင်းကလေး ကဲ့သို့ ကာကွယ်ပေးလေ့ရှိသည်။

ယခုတော့ ဝမ်မင်က တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

လူတိုင်း၏ နှလုံးသားများက မှန်တစ်ချပ်လို ကြည်လင်နေခဲ့သည်။

“အဖိုးကြီးချီ”

ဥက္ကဌချီက ဟွာရှို့မဟာမိတ် ကွပ်ကဲရေး စင်တာ၏ တံခါးဆီသို့ လျှောက်သွားသောအခါ ဗိုလ်ချုပ်ကျန်းက အော်ခေါ်လိုက်သည်။

ဗိုလ်ချုပ်ကျန်း၏ အသံကြောင့် ဥက္ကဌချီက ခေတ္တရပ်တန့်လိုက်ပြီး မျက်နှာကို အနည်းငယ် လှည့်လိုက်သည်။

“ဘာပြောမလို့လဲ”

“အဖိုးကြီးချီ.. ဘာမှမပြောင်းလဲနိုင်ဘူးဆိုတာ မင်းသိသင့်တယ်”

ဗိုလ်ချုပ်ကျန်းက ဥက္ကဌချီကို သတိပေးလိုက်သည်။

“အင်း”

ဗိုလ်ချုပ်ကျန်း ဆိုလိုသည်ကို ဥက္ကဌချီ သိသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် ဥက္ကဌချီက ပြောလိုက်သည်။

“ဒါပေမဲ့လည်း တစ်စုံတစ်ယောက်က ငါ့တပည့်ကို နာကျင်စေတဲ့အတွက် ငါကိုယ်တိုင် ဖြေရှင်းရတော့မယ်.. ညဦးစီးမှူးအဖွဲ့က ကြောက်စရာကောင်းတယ် ဆိုပေမဲ့လည်း ငါ့အနေနဲ့ သူတို့ကို သတိပေးနိုင်ပါသေးတယ်”

“မင်းရဲ့လုပ်ရပ်ကို နိုင်ငံခေါင်းဆောင် သိသွားရင် ဒေါသထွက်မှာသေချာတယ်”

“ငါဆုံးဖြတ်ချက်ချပြီးပြီ.. နောက်မှပဲ နိုင်ငံခေါင်းဆောင်ဆီက အပြစ်ဒဏ်ကို ခံယူလိုက်တော့မယ်”

ထို့နောက် ဥက္ကဌချီက သူ၏မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။

“ဒါနဲ့မင်းတို့အားလုံး မင်လေးလို ဂုဏ်ယူရတဲ့ တပည့်မျိုး မမွေးနိုင်သေးဘူး မဟုတ်လား.. ဒီနေ့မှာ ငါ့ရဲ့ဆုံးဖြတ်ချက်ကို မင်းတို့ နားမလည်နိုင်ပေမဲ့ အနာဂတ်မှာ နားလည်နိုင်မယ်လို့ ငါယုံကြည်ပါတယ်”

“……….”

ဥက္ကဌချီ၏ စကားကြောင့် ဗိုလ်ချုပ်ကျန်းက ချက်ချင်းဆိုသလို မှင်တက်သွားခဲ့သည်။

“ဪ ဒါနဲ့ ကိစ္စတစ်ခုကို ရှင်းအောင်ပြောရဦးမယ်”

ဥက္ကဌချီက ကွပ်ကဲရေး စင်တာရှိ လူတိုင်းကို ဝေ့ကြည့်လိုက်သည်။

“ဝမ်မင်က ဒီအဖိုးကြီးရဲ့ တပည့်ပဲ.. လွယ်လွယ်နဲ့သေဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ဘူး”

အပိုင်း(၇၅၁) ပြီး၏

All Chapters