← Chapters

စိတ်ဝိညာဉ်ပြုပြင်ခြင်းကျင့်စဥ်

Vol. 51 Ch. 757

စိတ်ဝိညာဉ်ပြုပြင်ခြင်းကျင့်စဥ်

Vol. 51 Ch. 757

တစ်ဖက်တွင်လည်း အင်းဆက် ပညာရှင် လုံမင်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရန်အတွက် ဥက္ကဌချီ၏ စိတ်စွမ်းအားများကို ချေးယူခဲ့သော ဝမ်လင်း၏ ပါးရိုက်ခြင်းကို ခံရပြီးနောက်တွင် ညသရဲဝိညာဥ်အင်ပါယာသည် အဆုံးသတ်၌ သတိပြန်ရလာခဲ့သည်။

သို့သော် သတိပြန်ရလာသည့်တိုင် မထနိုင်လောက်သည်အထိ ဆိုးရွားသော အခြေအနေတွင် ရှိနေ၏။

ဝမ်လင်းသည် ဤတစ်ကြိမ်တွင် လက်ဝါးရိုက်ချက်၌ ခွန်အား ငါးဆယ်ရာခိုင်နှုန်း ထည့်သွင်းထားခဲ့သည်။

ထို့ကြောင့် ယခုအချိန်အထိ သူရိုက်ခဲ့သော ပါးရိုက်မှုအားလုံးတွင် ဤတစ်ကြိမ်သည် အမြင့်မားဆုံး ဖြစ်သည်။

ပါးရိုက်ချက်ကို အဆင့်သတ်မှတ်မည်ဆိုလျှင် မိစ္ဆာဓားနတ်ဘုရားအား ဝမ်လင်း ရိုက်ခဲ့သော ပါးရိုက်ချက်သည် ပုံမှန်သာဖြစ်၏။

ထိုပုံမှန်ပါးရိုက်ချက်၏ အထက်တွင် အနည်းငယ်ပြင်းထန်သော ပါးရိုက်ချက်၊ အလွန်ပြင်းထန်သော ပါးရိုက်ချက်၊ အလွန့်အလွန် ပြင်းထန်သော ပါးရိုက်ချက်၊ အဆင့်မြင့် ပါးရိုက်ချက် နှင့် အန္တိမဗုဒ္ဓလက်ဝါး ရိုက်ချက်ဟူ၍ ရှိသေးသည်။

ယခု ပါးရိုက်ချက်သည် "အလွန်ပြင်းထန်သော ပါးရိုက်ချက်" အဆင့်သာ ဖြစ်သည်။

ဤသည်ကပင် ညသရဲဝိညာဥ်အင်ပါယာကို ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတင် မကဘဲ စိတ်ဝိညာဉ်ကိုပါ တုန်လှုပ်စေခဲ့သည်။

ထိုအချိန်တွင် သူသတိရနေပြီ ဖြစ်သော်လည်း မလှုပ်ရှားနိုင်တော့ချေ။

သူ့တစ်ကိုယ်လုံးရှိ သွေးကြောများနှင့် ချွေးပေါက်တိုင်းသည် မီးတောင်ပေါက်ကွဲ သကဲ့သို့ ခံစားနေရပြီး နာကျင်မှုကို ငရဲကျသလို ခံစားခဲ့ရ၏။

ဌာနချုပ်ကို ကျူးကျော်လာသည့် စိတ်စွမ်းအားကို သုံးသပ်ကြည့်ပြီးနောက်တွင် ညသရဲဝိညာဥ်အင်ပါယာ အတွက် သေချာသွားခဲ့သည်။

တစ်ဖက်လူ၏ အော်ရာကို သူက အတော်လေး ရင်းနှီးနေ၏။

ထိုအော်ရာမှာ ဉာဏ်ပညာသူတော်စင်၏ အော်ရာဖြစ်သည်။

သူယခင်က ဉာဏ်ပညာသူတော်စင်နှင့် ထိပ်တိုက် ရင်မဆိုင်ဖူးသော်လည်း သူ့တွင် ဉာဏ်ပညာသူတော်စင်နှင့် ပတ်သက်သည့် ဗဟုသုတအချို့ ရှိ၏။

တစ်ဖက်လူသည် အဝေးကနေ စိတ်စွမ်းအားများကို ကောင်းစွာ အသုံးချ၍ တိုက်ခိုက်ခဲ့သည်။

ဤလောက၌ ဉာဏ်ပညာတော်စင်ကသာ ဤအတိုင်းအတာအထိ စိတ်စွမ်းအားကို ထုတ်ဖော်နိုင်သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည် မဟုတ်လော။

စိတ်စွမ်းအားသည် ငယ်ရွယ်စဉ်ကတည်းက ကျင့်ကြံရသော စွမ်းအားတစ်မျိုးဖြစ်ပြီး ဝိညာဉ်စွမ်းအင်နှင့် မတူပေ။

၎င်းက ဝိညာဉ် အရင်းအမြစ် မလိုအပ်သော်လည်း ကျင့်ကြံရန် အလွန်ခက်ခဲ၏။

ဥက္ကဌချီက လက်တွေ့ တိုက်ခိုက်ရေး စွမ်းရည်တွင် သိပ် မပြင်းထန်သော်လည်း စိတ်စွမ်းအားတွင်မူ အထွတ်အထိပ်ကို ရောက်ရှိနေပြီ ဖြစ်သည်။

သူက လွဲ၍ စိတ်စွမ်းအားကို ဤအတိုင်းအတာအထိ ကျင့်ကြံနိုင်သူ ဤကမ္ဘာတွင် မည်သူမှ မရှိပေ။

ယင်းမှာ တိကျသော သက်သေတစ်ခု ဖြစ်သည်။

ထို့ကြောင့် ပါးရိုက်ခံရသောအခါတွင် လက်သည်တရားခံက ဝမ်လင်းဟု ညသရဲဝိညာဥ်အင်ပါယာ လုံးဝ မစဉ်းစားမိပေ။

ပါးရိုက်ခြင်း၏ စွမ်းအားက သူ့ကို အဆုံးမဲ့ နာကျင်မှုအား ခံစားစေသည်အထိ နားမလည်နိုင်လောက်အောင် အစွမ်းထက်သည်ဟု သူ ခံစားလိုက်ရသည်။

ဟွာရှို့မဟာမိတ်..

ဤအဖွဲ့အစည်းက လုံးဝ လျှော့တွက်၍မရပုံပင်။

ညသရဲဝိညာဥ်အင်ပါယာက ဗိုလ်ချုပ်ဆယ်ဦး အကြောင်း လုံလောက်စွာ မသိကြောင်း ချက်ချင်းခံစားခဲ့ရသည်။

၎င်းတို့၏ အကြောင်းကို နောက်ပိုင်းတွင် သူ့အနေဖြင့် နက်ရှိုင်းစွာ လေ့လာရမည် ဖြစ်သည်။

သူက ဥက္ကဌချီကို အဆင့်မြင့် စိတ်စွမ်းအား ပညာရှင်တစ်ဦးဟုသာ အမြဲတွေးထားသော်လည်း ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်တွင် ညသရဲဝိညာဥ် အင်ပါယာသည် သူ၏ အမှားကို သဘောပေါက်သွားခဲ့သည်။

စစ်ပွဲတစ်ပွဲတွင် ရန်သူ၏ အကြောင်းကို စေ့စေ့ငုံငုံ နားလည်ထားမှသာ အနိုင်ရနိုင်မည် ဖြစ်သည်။

ဤကမ္ဘာကြီးတွင် လူတိုင်းသည် နေ့စဥ် အမှားလုပ်မိတတ်ကြသည်။

ညသရဲဝိညာဥ်အင်ပါယာက ပါးရိုက်ခံရ၍ မြေပြင်ပေါ်တွင် လဲကျနေစဥ် နာကျင်မှုကို အံတုရင်း အတွေးပေါင်းများစွာ ဖြစ်ပေါ်နေခဲ့သည်။

ဆယ်မိနစ်လောက် ကြာသည် အထိ ညသရဲဝိညာဥ် အင်ပါယာက လှုပ်ရှား၍ မရသေးပေ။

ဤပါးရိုက်ချက်က သူ့ကို အဝေးသို့ ပျံသန်းစေခဲ့ပြီး သဲကန္တာရထဲတွင် လဲလျောင်းစေခဲ့သည်။

သူ့လက်အောက်ငယ်သားများက သူ့ကိုရှာတွေ့ဖို့ မည်မျှကြာမြင့်နိုင်မှန်း မည်သူသိနိုင်မည်နည်း။

ထို့ကြောင့် အဆုံးသတ်တွင် ညသရဲဝိညာဥ် အင်ပါယာသည် သူ့ကိုယ်သူ ကယ်တင်ရန် နည်းလမ်းတစ်ခုကိုသာ တွေးနိုင်ခဲ့သည်။

သူ၏ဒဏ်ရာက အလွန်ပြင်းထန်သောကြောင့် ပြန်လည်ကောင်းမွန်လာစေရန် သူ၏ ပကတိအင်မော်တယ်ချီကို စဉ်ဆက်မပြတ် အသုံးပြုခဲ့ရ၏။

ဤပါးရိုက်ချက်သည် “ဆိုးရွားသည့် အကျိုးသက်ရောက်မှု ကြီးကြီးမားမား” ကို သယ်ဆောင်လာခဲ့သည်။

သူက ပကတိအင်မော်တယ်ချီကို အသုံးပြုနေသော်လည်း ပြန်လည်ကောင်းမွန်လာသည့် နှုန်းထားကမူ ခရုကဲ့သို့ နှေးကွေးနေ၏။

သူ၏ဒဏ်ရာများ ဖြည်းညင်းစွာ ပြန်လည် သက်သာလာလျှင် လက်ချောင်းများကို လှုပ်ရှားရန် ကနဦး ကြိုးစားမည် ဖြစ်သည်။

အကြောင်းရင်းမှာ လက်တစ်ချောင်းထဲဖြင့် ထုတ်ဖော်၍ ရသည့် စည်းတံဆိပ်များကို အသုံးပြုနိုင်မည် ဖြစ်သောကြောင့်ပင်။

နောက်ထပ် မိနစ်နှစ်ဆယ် အကြာတွင်..

ညသရဲဝိညာဥ်အင်ပါယာသည် အဆုံးသတ်၌ လက်တစ်ချောင်းကို လှုပ်ရှားနိုင်ခဲ့သည်။

ဤအခိုက်အတန့်မှာပင် ညသရဲဝိညာဥ် အင်ပါယာသည် လက်ဟန်စည်းတံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။

"စိတ်ဝိညာဉ်ပြုပြင်ခြင်းနည်းစနစ်"

စက္ကန့်ပိုင်းအတွင်း ရှုပ်ထွေးသော အက္ခရာများပါဝင်သည့် အပြာရောင် အစီအရင်တစ်ခုသည် ညသရဲဝိညာဥ်အင်ပါယာကို ဗဟိုပြု၍ မြေပြင်ပေါ်တွင် ပေါ်လာသည်။

အစီအရင်အထက်တွင် အလင်းတန်းများက လှည့်ပတ်နေပြီး မရေမတွက်နိုင်သော ဝိညာဉ်များက သူ၏ စိတ်ဝိညာဉ်ကို ပြုပြင်ပေးရန် အတွက် သူ၏ ဦးခေါင်းထက်တွင် ပျံဝဲနေခဲ့သည်။

သူက ဤစိတ်ဝိညာဥ်ပြုပြင်ခြင်း နည်းစနစ်ကို ဖန်တီးရန်အတွက် အမှောင်ကျင့်စဥ်နှင့် နိုင်ငံရပ်ခြားမှ ရှားပါးသော မှော်နည်းစနစ်ကို ပေါင်းစပ်ခဲ့သည်။

သီအိုရီအရဆိုလျှင် ဤနည်းစနစ်သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု မရနိုင်သော တားမြစ်နည်းစနစ် တစ်ခု ဖြစ်သည်။

နည်းစနစ်၏ လုပ်ဆောင်ပုံမှာ ချုပ်နှောင်ထားသော စိတ်ဝိညာဥ်များထံမှ စွမ်းအားများကို စုပ်ယူ၍ လိုအပ်သော ဝိညာဥ်စွမ်းအားကို ဖြည့်တင်းရန် ဖြစ်သည်။

စုပ်ယူခံရသော စိတ်ဝိညာဉ်များသည် စွမ်းအင် ကုန်ဆုံးသွားသည်နှင့် လုံးလုံးလျားလျား ပျက်စီးသွားမည် ဖြစ်၏။

စိတ်ဝိညာဉ်များသည် စုပ်ယူခံရချိန်မှစ၍ ညသရဲဝိညာဥ် အင်ပါယာ အတွက် အချိန်မရွေး စွန့်လွှတ်နိုင်သော အပေါင်လက်မှတ်များပမာ ဖြစ်လာခဲ့သည်။

လက်ရှိတွင် ညသရဲဝိညာဥ်အင်ပါယာသည် သူ့မျက်လုံးများကို မှိတ်ထားပြီး ဝိညာဉ်စွမ်းအား ပြန်လည်ရရှိခြင်း၏ သာယာသော ခံစားချက်အား ခံစားနေခဲ့သည်။

ယခုအခါတွင် သူက သဲကန္တာရထဲတွင် လဲလျောင်းနေသော်လည်း မာဆက် ရောက်နေသကဲ့သို့ ခံစားနေရ၏။

ခဏအကြာတွင် ခန္ဓာကိုယ်၏ ထက်ဝက်ကျော်က ပြန်လည်ကောင်းမွန်လာပြီး လှုပ်ရှားနိုင်လာပြီ ဖြစ်သည်။

သူက အခြားလက်ဟန် စည်းတံဆိပ် တစ်ခုကို ပြုလုပ်ကာ လွန်ခဲ့သောရာစုနှစ်များ အတွင်း သူထိန်းသိမ်းထားသော ဝိညာဉ်များ ပါရှိသည့် သူ၏ ဝိညာဉ်သိုလှောင်ခန်းကို စစ်ဆေးခဲ့သည်။

“ဟုတ်သားပဲ.. ဟားဟား.. ပိုင်ကျဲဆိုတဲ့ကောင် ရှိနေတာ ငါမေ့နေတယ်”

ညသရဲဝိညာဥ်အင်ပါယာက ဥက္ကဌပိုင်ကို ရုတ်တရက် ပြန်သတိရသွားပြီး အားပါးတရ ရယ်မောခဲ့သည်။

သူက ဥက္ကဌပိုင်၏ ဝိညာဉ်ကို သိပ်မကြာခင်ကမှ မျိုချခဲ့သည်။

ဥက္ကဌပိုင်၏ ပြန်လည်နာလန်ထူနိုင်စွမ်းက အလွန်အားကောင်းသည်ကို သူသတိရမိလိုက်၏။

"ကောင်းလိုက်တာ.. ငါ့ဒဏ်ရာကနေ သက်သာလာဖို့ ပိုင်ကျဲရဲ့ ဝိညာဉ်ကို သုံးရမယ်"

ဤအစီအစဥ်ကို ကောင်းမွန်သည့် အစီအစဉ်တစ်ခုဟု ညသရဲဝိညာဥ်အင်ပါယာက ထင်မြင်ခဲ့သည်။

…................

ထို့ကြောင့် သူ၏ဝိညာဉ် သုံးဆယ် ရာခိုင်နှုန်းခန့် ပြန်လည်ကောင်းမွန်လာပြီးနောက်တွင် ပိုင်ကျဲကို ဆင့်ခေါ်လိုက်သည်။

"ပိုင်ကျဲ ထွက်လာစမ်း.."

သူ့ရှေ့ကို အဖြူရောင်အရိပ်တစ်ခုက ဖြည်းညင်းစွာ တိုးဝင်လာသည်။

ဤအဖြူရောင်အရိပ်က ညသရဲဝိညာဥ်အင်ပါယာ၏ ဝါးမျိုခြင်းကို ခံခဲ့ရသည့် ဥက္ကဌပိုင်ပင် ဖြစ်သည်။

ဥက္ကဌပိုင်က စိတ်ဝိညာဉ် သိုလှောင်ခန်းတွင် ဆိုးရွားစွာ နှိပ်စက်ခံခဲ့ရသည်မှာ ထင်ရှားနေ၏။

သူ့ဆံပင်များက ဖွာလန်ကျဲပြီး ရုပ်ရည်ကလည်း အတော်လေး ကျဆင်းသွားသည်။

စိတ်ဝိညာဉ်သိုလှောင်ခန်းသည် ထောင်နှင့်တူသည်။

ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ၏ ဝိညာဉ်များကို ဤနေရာတွင် ထိန်းသိမ်းထားပြီး အသစ်ရောက်ရှိလာသူများ၏ ဝိညာဉ်များသည် ဝိညာဥ်ဟောင်းများ၏ နှိပ်စက်ခြင်းကို သေချာပေါက် ခံစားရမည် ဖြစ်သည်။

"ပိုင်ကျဲ.. မင်းတော်တော် ချောင်ကျသွားတာပဲ"

ညသရဲဝိညာဥ်အင်ပါယာက လှောင်ပြောင်၍ ရယ်မောလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ပါဦး.. ဟားဟား.. မင်းက ငါ့ထက်တောင် ပိုဆိုးနေတယ်"

ဥက္ကဌပိုင်က ညသရဲဝိညာဥ်အင်ပါယာ၏ နွမ်းလျနေသော အခြေအနေကို ကြည့်ကာ ပြန်လည် လှောင်ပြောင်လိုက်သည်။

"ဒူးထောက်စမ်း"

ညသရဲဝိညာဥ်အင်ပါယာက အမိန့်ပေးလိုက်ရုံဖြင့် ဥက္ကဌပိုင်က သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးညွတ်ကျသွားသည်။

ညသရဲဝိညာဥ်အင်ပါယာက ဤနေရာရှိ အရာအားလုံးကို ပိုင်စိုးသူ တစ်ဦးအနေဖြင့် ဥက္ကဌပိုင်၏ မေးစေ့ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ လေထဲသို့ ဆွဲပင့်လိုက်သည်။

"မင်းကအခု ငါ့ကျွန်ဖြစ်နေပြီ.. ငါ့အခြေအနေ ဘယ်လောက်ပဲ ဆိုးနေပါစေ.. မင်း ငါ့ရဲ့ ကျွန် ဖြစ်လာကတည်းက မင်းရဲ့ စကားလုံးတွေကို သတိထားဖို့ ငါ အကြံပေးချင်တယ်.. ဒီလိုမှမဟုတ်ရင်တော့ မင်းမှာ ဘာမှကျန်တော့မှာ မဟုတ်ဘူး.. မင်းကို အချိန်မရွေး စိတ်ဝိညာဥ်ပြုပြင်ခြင်း အစီအရင်ထဲ ကုန်ကြမ်းအဖြစ် ပစ်ထည့်လို့ရတယ် ဆိုတာ သဘောပေါက်ထား"

ဥက္ကဌပိုင်က မျက်နှာပေါ်တွင် မကျေမနပ် အမူအရာ ဖြစ်နေသော်လည်း အံတင်းတင်း ကြိတ်၍ ပြန်ဖြေလိုက်သည်။

“နားလည်ပါပြီ အရှင်”

အပိုင်း(၇၅၇) ပြီး၏

All Chapters