ဘာလို့ လူငယ်တစ်ယောက်က ဝူဓားကို မကိုင်ရမှာလဲ
Vol. 44 Ch. 659
*ဟမ်*
*ငါတို့ website တွေထဲ ပြန်ဝင်လို့ ရနေပါလား*
ကိုရီးယားနိုင်ငံထဲမှ လူများ အံ့ဩသွားကြသည်။ သူတို့သည် ရဲ့လင်းချန် ပိတ်ဆို့ထားသော website များထဲသို့ log in ဝင်နိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုးပမ်းခဲ့သော်လည်း သူတို့၏ ဖန်တစ်ရာတေအောင် ကြိုးစားမှုက အောင်မြင်သွားလိမ့်မည်ဟု ထင်မထားမိချေ။
“ဟားဟားဟား … တရုတ် ဟက်ကာတွေ ကြောက်ပြီး ပြေးပြီနဲ့ တူတယ်”
“ကျစ် … နည်းပညာချင်း ယှဉ်လိုက်ရင် ဘယ်လိုလုပ် တရုတ် ဟက်ကာတွေက ငါတို့ ကိုရီးယားကို ယှဉ်နိုင်မှာလဲ”
“ဟက်ကာဝိုင်က အဲ့လောက် တော်တဲ့ပုံလဲ မပေါ်ပါလား”
“အလကားသက်သက် လန့်သွားရတာပဲ၊ အထင်ကြီးစရာ ကောင်းပင်မယ့် အသုံးမကျဘူး”
“သူ ထွက်ပြေးသွားပြီ၊ အောင်ပွဲခံရအောင် ငါ့ကောင်တွေရေ …”
…
နိုင်ငံတစ်ဝှမ်း ကြွေးကြော်သံများ ပဲ့တင်ထပ်နေသော်လည်း ထိုwebsite များထဲသို့ သူတို့ ဝင်လိုက်သည့် အချိန်မှာပင် သူတို့၏ ကွန်ပျူတာထဲသို့ ဗိုင်းရပ်စ် ကူးစက်သွားသည်ကို သူတို့ မသိလိုက်ကြချေ။ ထိုနေရာမှစ၍ ၎င်းက သူတို့၏ ကွန်ပျူတာထဲသို့ လျင်မြန်စွာ ပျံ့နှံ့ ဝင်ရောက်လာ၏။
ပထမ ကွန်ပျူတာတစ်လုံး ကူးစက်သွားလေသည်။
ဒုတိယ ကွန်ပျူတာ၌ ဗိုင်းရပ်စပ်သည် firewall ၏ ပိတ်ဆို့ခြင်း ခံရသော်လည်း ကူးစက် ဝင်ရောက်သွားနိုင်သည်။
တတိယ ကွန်ပျူတာ၌ ဗိုင်းရပ်စ်ကို ဗိုင်းရပ်စ် တားဆီးရေး ဆော့ဖ်ဝဲလ်က ရှာတွေ့ပြီး ဖယ်ရှားလိုက်သည်ဟု ထင်ရသော်လည်း တကယ်တမ်း၌ စနစ်ထဲသို့ ကူးစက်ပြီးသား ဖြစ်သွားလေသည်။
စတုတ္ထမြောက် တစ်လုံးလည်း ကူးစက်သွားသည်။ ပဥ္စမမြောက်အလုံးလည်း ထိုနည်းတူပင်။
…
ထို့နောက် ကူးစက်မှုက ဆင့်ကဲ ဖြစ်သွားလျက် ရှိနေသည်။ တစ်ခုမှ နှစ်ခုသို့၊ နှစ်ခုမှ လေးခု၊ ထို့နောက် လေးခုမှ ရှစ်ခုသို့ ကူးစက်နေ၏။
သူတို့ ပွဲသိမ်းလေပြီ။
ကိုရီးယားနိုင်ငံ၏ အင်တာနက်ကွန်ရက် ကံဆိုးမိုးမှောင်ကျလေပြီ။
ရန်ငြိုးရန်ကြွေးဆပ်ရန် အချိန်တန်လေပြီ။
ရဲ့လင်းချန်သည် ကင်ဟျွန်းမင်၏ အေဂျင်စီ ကုမ္ပဏီ website အပါအဝင် တရုတ်ကို လှောင်ပြောင်ခဲ့သော ဖိုရမ်အချို့နှင့် website များထဲသို့ ဝင်ရောက်၍ ဗိုင်းရပ်စ်အား များများ ဖြန့်လိုက်သည်။
*တိုက်*
*တိုက်*
*တိုက်*
…
Two of Hearts က မှတ်ချက်ချသည်။
“ဝိုင် တကယ် ထွက်သွားတဲ့ပုံပဲ၊ နောက်တစ်ခေါက် တိုက်ဖို့ ပြင်ကြတာပေါ့”
King of Spades က ပြန်ပြောသည်။
“သူ ထွက်သွားတဲ့ပုံပဲ၊ ဒါပေမဲ့ ငါတို့ website တွေကို သူ ဘာမှမလုပ်လိုက်နိုင်တာနဲ့ ငါတို့ ဒါကို ဒီအတိုင်း ထားပြီး သူ့ကို ခွင့်လွှတ်လိုက်မှာ မဟုတ်ဘူး၊ သူ့ကို ပြန်ချမယ်”
ဘုရင်ကြီးက တစ်ခဏမျှ ငြိမ်နေသည်။
“အရင်ကလိုပဲ ငါတို့ တစ်နေရာစီ တိုက်ခိုက်ကြမယ်၊ တစ်နေရာတည်းမှာလဲ ကြာကြာ နေမနေနဲ့၊ တရုတ် ဟက်ကာတွေကို ပြန်ရိုက်ချနိုင်ဖို့ အရေးကြီးတယ်၊ ငါတို့ ဝိုင်နဲ့ တွေ့ခဲ့ရင် နောက်ပြန်ဆုတ်မယ်”
“ဟားဟား … ဆက်တိုက်ကြတာပေါ့”
သို့သော် ဘုရင်လေးက ရုတ်တရက် တအံ့တဩ ပြောလာသ်ည။
“မဟုတ်ဘူး၊ ပုံမှန် ပြန်ဖြစ်သွားတဲ့ website တွေမှာ ပြဿနာ ရှိနေတယ်”
“ယီးပဲ၊ သေလိုက်ပါတော့၊ ဗိုင်းရပ်စပ်ပဲ၊ အဲ့ဒါ ဗိုင်းရပ်စ်ပဲ”
“အဲ့ဒီ website တွေထဲကို ထပ်မဝင်တော့ဖို့ အားလုံးကို မြန်မြန်ပြောကြ၊ အဲ့ဒါတွေမှာ ဗိုင်းရပ်စ်တွေ အပြည့်ပဲ”
“တစ်ယောက်ယောက်ရဲ့ ကွန်ပျူတာတော့ ကူးစက်သွားပြီ၊ ဟက်ကာဝိုင် ထွက်မသွားဘူး”
ထိုသို့သောအချိန်၌ ကိုရီးယားနိုင်ငံမှ ဟက်ကာများသည် ခြေလက်များ အေးစက်လာကြသည်။ သူတို့၏ မျက်နှာတွင် ကြောက်ရွံ့သော အမူအရာ ပေါ်လာပြီး အဆက်မပြတ် အော်ဟစ်လာသည်။
“လခွမ်း … ငါ့ကွန်ပျူတာကို ကူးသွားပြီ”
“ချီးပဲ၊ ငါရောပဲဟ၊ ပရိုဂရမ်တွေအားလုံး အလုပ် မလုပ်တော့ဘူး”
“သေစမ်း … သောက်ကျိုးနည်း ဘာတွေ ဖြစ်ကုန်တာလြ၊ ဘာလို့ firewall ဆီကနေ အသိပေးချက်တွေ တက်မလာတာလဲ၊ ဒါ အဓိပ္ပာယ် မရှိဘူး”
“ဒါ ဘာဗိုင်းရပ်စ် အမျိုးအစားလဲ၊ ဒီလို ဗိုင်းရပ်စ်မျိုး ငါ မမြင်ဖူးပါဘူး”
ဘုရင်ကြီးက သတိပေးလိုက်သည်။
“နောက်ဆုတ်၊ အားလုံး နောက်ဆုတ်ကြ၊ မင်းတို့ ကွန်ပျူတာကို သေသေချာချာ စစ်ဆေးကြ၊ ဘာကိုမှ မဖွင့်နဲ့၊ ဘာ website ကိုမှ မဝင်နဲ့၊ email ကိုတောင် မဝင်နဲ့”
“ဒါ ကြောက်ဖို့ကောင်းတယ်၊ ဒီဗိုင်းရပ်စ်က ပလိန်းကြီးကို ကြောက်စရာ ကောင်းတယ်၊ ဒါ ဘယ်သူ လုပ်တာလဲ”
“ဘယ်လိုတောင် အဓိပ္ပာယ် မရှိတဲ့ မေးခွန်းလဲဟ၊ အဲ့ဒါ ဟက်ကာဝိုင်ပဲပေါ့ဟ၊ အဲ့မြေယိုးကောင်”
“သူ ဒါကို ဘယ်လိုလုပ်တာလဲ၊ ဖိုင်တွေကနေလား၊ website တွေကလား၊ chain တွေကလား”
ထိပ်တန်း ဟက်ကာများအတွက် သူတို့၏ ကွန်ပျူတာများ ဗိုင်းရပ်စ် ကူးစက်ခံရခြင်းက အရှက်ရစရာပင်။
ကိုရီးယားနိုင်ငံ၏ ဟက်ကာများအားလုံး ယောက်ယက်ခပ်နေပြီး သာမန်လူများဆိုလျင် ပို၍ပင် ဆိုးလေသည်။
သူတို့အားလုံးသည် သူတို့၏ ကွန်ပျူတာများက ကောင်းကောင်း အလုပ်လုပ်နေသော်လည်း ချက်ချင်း ရပ်သွားသဖြင့် အံ့ဩသွားကြသည်။ သူတို့အားလုံးတွင် အပြုံးများ အပြည့်နှင့် ရှိနေဆဲဖြစ်ကာ ဘာဖြစ်သွားသလဲဆိုသည်ကို မတွေးတတ်ကြချေ။
ထို့နောက်တွင်မူ သူတို့၏ ကွန်ပျူတာ မျက်နှာပြင်ပေါ်၌ အင်္ဂလိပ် အက္ခရာ ဝိုင်စာလုံး ပေါ်လာသည်ကို မြင်ပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။ ၎င်းအောက်မှ စာကလည်း ပြောင်းလဲသွားသည်။
တရုတ်ကို လှောင်ပြောင်တဲ့ ဘယ်သူမဆို ဘယ်လောက်ဝေးဝေး ဖိနှိပ်ခံရမယ်။
*ဗိုင်းရပ်စ်အသစ်၊ ဒါ ဗိုင်းရပ်စ်အသစ်တစ်ခုပဲ*
ကွန်ပျူတာအကြောင်း နည်းနည်းပါးပါး သိနားလည်သည့် မည်သူဆို ကြက်သီးထသွားကြသည်။
ကိုရီးယားနိုင်ငံ၏ ဖိုရမ်များထဲမှ တစ်ခု၌။
ပြည်သူများသည် သူတို့၏ ဒေါသများကို ဖြေလျော့နေပြီး တရုတ်လူမျိုးများ၏ အပြုအမူကို ဝေဖန်ပြစ်တင်ကာ သူတို့အား အရှေ့အာရှ၏ ငပျော့ကောင်ဟု သရော်ကာ ဖိုရမ်ပေါ်၌ အခြားသော အရှက်မဲ့၍ ရိုင်းစိုင်းသည့် စကားများနှင့် ပြည့်နေသည်။ အချို့လူများဆိုလျင် တရုတ်နိုင်ငံ၏ အင်တာနက်ကို ဟက်ခဲ့သော အဖြစ်အပျက်ကို ဖိုရမ်ပေါ်၌ မာန်တက်စွာ တင်၍ like များစွာ ရကာ မှတ်ချက်များနှင့် ပြည့်နေကြသည်။
“ဒင်”
ထိုစဉ် ဖိုရမ်၏ အပေါ်ဆုံး၌ လင့်ခ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
*ဟမ် … ဒါ ဘာအချက်အလက်လဲ*
ဖိုင်တွင် မည်သည့်နာမည်မှ မရှိသလို ၎င်းက ဘာလဲဆိုသည်ကို ဘယ်သူမှ မသိချေ။ ထို့ကြောင့် လူအများသည် အလိုလို ဝင်ကြည့်မိကြလေသည်။
စပ်စုချင်စိတ်က ကြောင်ကို သတ်သည်ဟူသော စကားလိုပင်။ ဤလူများသည် လူမှုအဖွဲ့အစည်း၏ ရက်စက်သော တိုက်ခိုက်မှုများကို တစ်ခါမှ မကြုံဖူးကြသည့်ပုံပင်။ သူတို့ ဝင်ကြည့်လိုက်သည့် အခိုက်မှာပင် ကွန်ပျူတာ စနစ်တစ်ခုလုံး ပြိုလဲသွားပြီး လည်ပတ်သည့် ပရိုဂရမ်က ရပ်တန့်ကာ သူတို့၏ အချက်အလက်များအားလုံး ပျောက်ကွယ်သွားသည်။
ထို့နောက် ကွန်ပျူတာက desktop mode သို့ အလိုအလျောက် ပြောင်းလဲသွားသည်။ သူတို့အားလုံး ဝိုင်သင်္ကေတနှင့် စာသားကိုသာ မြင်ရလေသည်။
*သေလိုက်ပါတော့*
သူတို့အားလုံး ပြိုင်တူ ကျိန်ဆဲလိုက်မိကြသည်။ သူတို့သည် desktop icon ကို နှိပ်ရန် ကြိုးစားသော်လည်း အချည်းနှီးပင်။ အချို့သည် အားသွင်းထားသည်ကို ဖြုတ်၍ ကွန်ပျူတာကို ပိတ်ရန် အတင်း ကြိုးစားလေသည်။ သို့သော် သူတို့၏ မသက်မသာ ဖြစ်နေသော အကြည့်အောက်၌ ကွန်ပျူတာက ပြန်ဖွင့်ပြီးသော်လည်း ယခင်အတိုင်း ဖြစ်နေဆဲပင်။ သူတို့သည် လက်မလျှော့ချင်သဖြင့် restart ပြန်ပြန်ချနေသဖြင့် နောက်ဆုံး၌ ကွန်ပျူတာ ပျက်သွားသည်။
သူတို့၏ ရင်ထဲ၌ စာလုံးတစ်လုံးကိုသာ ပြိုင်တူ တွေးမိလေသည်။
*ကံဆိုးပြီ*
…
ကိုရီးယားနိုင်ငံတွင်းမှ အင်တာနက်ကဖေးတစ်ခု၌။
ရာချီသော ကွန်ပျူတာများထံမှ တဖျောက်ဖျောက် အသံများကို ကြားနေရသည်။
အချို့က ဂိမ်းကစားနေကြပြီး အချို့က စကားပြောခြင်း၊ ဗွီဒီယိုကြည့်ခြင်း၊ ဒါမှမဟုတ် ကိုရီးယားနှင့် တရုတ်ကြားမှ ဟက်ကာ တိုက်ပွဲကို လေ့လာနေကြသည်။
သို့သော် ကွန်ပျူတာတစ်လုံး ကူးစက်ခံရသည်နှင့် အော်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။
“ချီးပဲ၊ lag နေတာလား”
“သောက်ကျိုးနည်း … ငါ ဂိမ်းကစားနေတုန်းကြီး ထွက်သွားပြီ”
“ဟေ့ အင်တာနက် ကြီးကြပ်သူ ဘာတွေ ဖြစ်ကုန်တာလဲ”
“ကွန်ပျူတာ မျက်နှာပြင်က ဘာလို့ ပြာသွားတာလဲ၊ ဘာဖြစ်နေတာလဲ”
“ဘာလို့ မျက်နှာပြင်ပေါ်မှာ ဝိုင်သင်္ကေတတွေ ပေါ်လာတာလဲ၊ ဘာတွေ ဖြစ်နေတာလဲ”
“ပုံအောက်က ဘာစာလဲ၊ တရုတ်စာလိုပဲ”
“သေစမ်း … ဒါ ဗိုင်းရပ်စ်တော့ မဟုတ်ဘူးမလား၊ ဒီစာက ဘာအဓိပ္ပာယ်လဲ”
“ဘာသာပြန်ကြည့်တော့ … တရုတ်ကို လှောင်ပြောင်တဲ့ ဘယ်သူမဆို ဘယ်လောက်ဝေးဝေး ဖိနှိပ်ခံရမယ်တဲ့”
“ဒါ တကယ်ကြီး ဗိုင်းရပ်စ်ပဲ၊ ဟက်ကာဝိုင်က ယုတ်မာတဲ့လူပဲ”
…
တူညီသော အဖြစ်က ကိုရီးယား၏ နေရာတိုင်း၌ ဖြစ်ပွားနေသည်။
ဒေါသထွက်ခြင်း၊ ချွေးပျံခြင်း၊ အော်ဟစ်ခြင်းနှင့် ငိုယိုသံများက နေရာတိုင်း၌ ပဲ့တင်ထပ်နေ၏။ လူတိုင်း သွေးပျက်နေကြသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ သွေးပျက်ခြင်းက ကြံရာမရ ဖြစ်ခြင်းသို့ ပြောင်းလဲကာ ကွန်ပျူတာများ ပိုပို၍ ကူးစက်ခံနေရလေသည်။
ကုမ္ပဏီများ၊ website များနှင့် အချက်အလက်မျိုးစုံ ကျသွားလေသည်။ ယနေ့ညသည် ကိုရီးယားနိုင်ငံအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာသည်။ ကွန်ပျူတာ မျက်နှာပြင်ပေါ်မှ ဝိုင်သင်္ကေတသည် အလွန် ထင်းနေပြီး သူတို့၏ နှလုံးသားအား ဖျစ်ညှစ်ထားသကဲ့သို့ ဖြစ်ကာ သူတို့၏ စိတ်ထဲ၌ အတွေးတစ်ခုက နက်ရှိုင်းစွာ အမြစ်တွယ် သွားလေသည်။
ယင်းမှာ ဟက်ကာဝိုင်၏ ချုပ်ကိုင်ခြင်း ခံရသည်က ကြောက်စရာကောင်းလှသည်ဟူသော အတွေးပင်။
တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း။
အရေအတွက်က တိုးလာပြီး ကိုရီးယားနိုင်ငံ၏ ကောင်းကင်ထက်၌ အရိပ်တစ်ခုက လွှမ်းခြုံလာ၏။ ဝိုင်ဟူသော စာလုံးကို မြင်လိုက်သည့် မည်သူမဆို ကြောက်စိတ်ကြောင့် တုန်လှုပ်သွားကြလေသည်။
…
ထို့နောက် ချက်ချင်းဆိုသလိုပင် ကိုရီးယားနိုင်ငံ၏ ကွန်ပျူတာ ဗဟိုဌာန၊ ဗိုင်းရပ်စ် တားဆီးပိတ်ဆို့ရေး ဆော့ဖ်ဝဲလ် ကုမ္ပဏီများနှင့် အင်တာနက် လုံခြုံရေး စီမံခန့်ခွဲမှု ရုံးများ၌ S အဆင့် သတိပေးချက်များ ထွက်ပေါ်လာသည်။
S အဆင့်သည် အမြင့်ဆုံး သတိပေးချက်အဆင့် ဖြစ်ပြီး အမြင့်ဆုံး အမိန့်ညွှန်ကြားချက်နှင့် အလားတူလေသည်။ ယင်းကာ ဟက်ကာဝိုင်ကို ဦးတည်၍ ဖြစ်လာခြင်း ဖြစ်ပြီး ဝိုင်ဗိုင်းရပ်စ်ကို တိုက်ခိုက်သည့် တိုက်ပွဲ ဖြစ်သည်။
ထိုဗိုင်းရိပ်စ်ကို ကိုရီးယားနိုင်ငံက ပေးလိုက်သည့် နာမည်က ဝိုင်ဗိုင်းရပ်စ်ပင်။
ထိုမျှသော အချိန်တိုအတွင်း ဝိုင်ဗိုင်းရပ်စ် ကူးစက်ခြင်း ခံရသည့် ကွန်ပျူတာက ရေတွက်၍ပင် မနိုင်တော့ချေ။ သူတို့ သိထားသည်မှာ ဗိုင်းရပ်စ်က အလွန် အန္တရာယ်များပြီး အလွန် လျင်မြန်စွာ ပျံ့နှံ့တတ်ကာ ဆင့်ကဲ ကူးစက်စေသည်။ ၎င်းက ကပ်ဘေးကဲ့သို့ လျင်မြန်သော ကူးစက်နှုန်းနှင့် ပျံ့နှံ့နေပြီး ပစ်မှတ်ထားရန် မဖြစ်နိုင်ချေ။ အခြေခံ တိုင်းတာချက်များပင် အသုံးမဝင်ချေ။
၎င်းမှ ကာကွယ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အင်တာနက်ကြိုးကို ဖြုတ်ခြင်း သို့မဟုတ် ကွန်ပျူတာ သုံးခြင်းကို ရပ်လိုက်ခြင်းသာ ဖြစ်သည်။
ထို့နောက် မကြာခင်မှာပင် နိုင်ငံတကာ ကွန်ပျူတာ ဗဟိုဌာန၌ ဝိုင်ဗိုင်းရပ်စ်နှင့် ပတ်သက်သော သတိပေးချက် ထွက်လာပြီး နိုင်ငံတကာဆိုင်ရာ S အဆင့် ဗိုင်းရပ်စ်ဟု စာရင်းထုတ်ပြန်လိုက်သည်။
အမေရိကန် ဟက်ကာများ ကြက်သေ သေသွားသည်။
ဗြိတိသျှ ဟက်ကာများလည်း အံ့အားသင့်သွားကြသည်။
ဂျပန်နိုင်ငံ၏ ဟက်ကာများလည်း တွေဝေသွားသည်။
ထိုနည်းတူပင် တစ်ကမ္ဘာလုံးမှ လူအများသည် အံ့ဩသွားကြလေသည်။
*သန်မာလွန်းတယ်၊ ပြိုင်ဘက်ကင်းပဲ*
ဟက်ကာဝိုင်၏ တန်ပြန် တိုက်စစ်မှုက အလွန် ပြင်းထန်၍ အားကောင်းလွန်းလိမ့်မည်ဟု မည်သူမှ ထင်မထားမိချေ။
တစ်ကမ္ဘာလုံးမှ ဟက်ကာများအားလုံးသည် ဟက်ကာဝိုင်အား အင်တာနက်၏ ဧကရာဇ်အဖြစ် သတ်မှတ်လိုက် ကြလေသည်။
တိုက်ပွဲကို စိတ်ဝင်တစား ကြည့်နေကြသော နိုင်ငံတကာ ဟက်ကာများသည် တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြသည်။ ဟက်ကာဝိုင်က သူတို့၏ အင်တာနက်ကို ခြေရာခံ၍ ဗိုင်းရပ်စ်ကို ပို့လာလေမလား ဆိုသည်ကို သူတို့ မသိနိုင်ပေ။ ယင်းက တွေးပင်မတွေးဝံ့သော အရာပင်။
ကွန်ပျူတာ ဗိုင်းရပ်စ်များအတွက် သတိပေးချက်များ မထွက်လာသည်က နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ကာ ကွန်ပျူတာ တိုးတက်မှု စဦးအဆင့်တုန်းကသာ ဗိုင်းရပ်စ်များက စိတ်ပူစရာ ဖြစ်ခဲ့သည်။ ဗိုင်းရပ်စ် တားဆီးရေး ဆော့ဖ်ဝဲလ်များ တိုးတက်လာမှုနှင့်အတူ ဗိုင်းရပ်စ်များက သက်ရောက်မှု မရှိတော့ချေ။ သို့သော် ယနေ့၌ လူတိုင်း၏ သိနားလည်မှုက ကပြောင်းကပြန် ဖြစ်သွားလေသည်။
ဗိုင်းရပ်စ်က ကြောက်စရာ အကောင်းဆုံး မဟုတ်ဘဲ ၎င်းကို ဖန်တီးသည့် သူကသာ ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။
အခြားနိုင်ငံများနှင့် မတူဘဲ တရုတ်နိုင်ငံမှ လူများသည် ဂုဏ်ယူမှု အပြည့်နှင့် ဖြစ်နေကြသည်။ သူတို့ နှလုံးသား၏ နက်ရှိုင်းသော တစ်နေရာ၌ လေးစား ဂုဏ်ယူမှုတို့ ပေါက်ဖွားလာပြီး တစ်ကိုယ်လုံးသို့ စီးဆင်းပျံ့နှံ့ကာ မျက်လုံး၌ မျက်ရည်များ ဝဲလာသည်။
*ဘာလို့ လူတစ်ယောက်က ဝူဓားကို မကိုင်နိုင်ရမှာလဲ၊ သူ ပြည်နယ် ငါးဆယ်ကို ပြန်သိမ်းပြီး တောင်ကို သိမ်းနိုင်မှာပဲလေ*
[လီဟို၏ ကျွန်ုပ်၏ တောင်ဘက်ဥယျာဉ်မှ ကဗျာ ဆယ့်သုံးခုထဲမှ ငါးပုဒ်မြောက်ကဗျာ]
လူတိုင်း သူရဲကောင်းတစ်ယောက် ဖြစ်လာရန် စိတ်ကူးယဉ်ခဲ့ကြပြီး နိုင်ငံကို ကာကွယ်ရန် ဆန္ဒရှိကြသည်။
သူတို့သည် ဟက်ကာဝိုင်၏ ဦးဆောင်ရဲသော သတ္တိနှင့် သူရဲကောင်းဆန်သော ပြိုင်ဘက်ကင်းမှုကို မြင်ခဲ့ရသည်။
အင်တာနက်သည် စစ်မြေပြင်သဖွယ် ဖြစ်ပြီး ဟက်ကာဝိုင်သည် အင်တာနက်စစ်ပွဲ၏ နတ်ဘုရားဟု အခေါ်ခံရရန် ထိုက်တန်ပေသည်။
*ငါတို့ရဲ့ တရုတ်နိုင်ငံမှာ သူ မွေးလာတာ ကံကောင်းတာပဲ၊ သူနဲ့ ငါက တစ်နိုင်ငံတည်းက ဖြစ်နေတာက ကံကောင်းတာပဲ*
[မင်းတို့ မြင်လိုက်တာ၊ မင်းတို့ မြင်လိုက်လား ကိုရီးယားကကောင်တွေ၊ တရုတ်ကို လှောင်ပြောင်တဲ့ ဘယ်သူမဆို ဘယ်လောက်ဝေးဝေး ဖိနှိပ်ခံရမယ်ကွ]
[ဟားဟားဟား … သူတို့ မြင်ကိုမြင်မှာ၊ ဘာလို့လဲဆိုတော့ သူတို့ ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ အဲ့ဒါနဲ့ ပြည့်နေတာလေ]
[ကိုရီးယားတင် မကဘူး၊ တစ်ကမ္ဘာလုံး မြင်သွားပြီ၊ ဒီည ဝိုင်သင်္ကေတ ဘယ်လို ပေါ်လာတာလဲဆိုတာကို လူတိုင်း အမှတ်ရနေမှာ]
[မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ ဟက်ကာဝိုင်က တကယ် အံ့ဩဖို့ကောင်းတာပဲ]
[ငါ့သွေးတွေ ဆူပွက်နေပြီ၊ အံ့ဩဖို့ကောင်းလိုက်တာ၊ ဒါ မယုံနိုင်စရာကောင်းတာပဲ]
[ကောင်းတယ်ကွာ၊ မိုက်တယ်၊ နောက်ဆုံးတော့ ငါ ဖန်ဂဲလ်လုပ်ဖို့ နောက်ဝိုင်တစ်ယောက် တိုးလာပြီပဲ၊ ငါ သဘောကျတယ်၊ ငါ ဝိုင်ကို ချစ်လိုက်တာ]
[တရုတ်ရဲ့ ကွန်ပျူတာ နည်းပညာကို ဘယ်သူတွေ အထင်သေးရဲလဲ]
…
ကိုရီးယားလူမျိုးအားလုံး ငြိမ်နေကြသည်။ သူတို့ ကြောက်လန့်နေပြီး ထိုဗိုင်းရပ်စ်ကို ရင်ဆိုင်ရသဖြင့် ကူကယ်ရာ မဲ့နေသည်။ သူတို့၏ ပြည်တွင်း အင်တာနက်က ဖရိုဖရဲဖြစ်ကာ ဖြစ်ပေါ်နေသော ဆုံးရှုံးမှုက တိုင်းတာမရချေ။
ထိုအခိုက်၌ ကူကယ်ရာမဲ့၍ ဆောက်တည်ရာမရခြင်း၏ အဓိပ္ပာယ်ကို သူတို့ နားလည်သွားကြလေသည်။
ရဲ့လင်းချန်ကို ဗိုင်းရပ်စ်တစ်ခုကို တစ်ခဏအတွင်း ပြုလုပ်၍ ကိုရီးယား၏ အင်တာနက်တစ်ခုလုံးကို ပြောင်းပြန် လှန်ပစ်ခဲ့သည်။ ထို့နောက် သူသည် အရေးမစိုက်တော့ဘဲ ကိုရီးယားနိုင်ငံ၏ ကွန်ရက်ထဲ၌ လျှောက်ပတ်နေ၏။
သူသည် ဤသို့သော ကိစ္စကြီး လုပ်ရန် အခွင့်အရေး အမြဲတမ်း မရသဖြင့် ကိုရီးယား၏ စိတ်ဝင်စားစရာ ကောင်းသော လျှို့ဝှက်ချက်များကို ကြည့်ရပေမည်။ ထို့နောက်တွင်မူ ကိုရီးယားနိုင်ငံ၏ ကွန်ရက်က ရဲ့လင်းချန်၏ ကစားကွင်းသဖွယ် ဖြစ်သွားလေသည်။
သူသည် အင်တာနက် အချက်အလက် တစ်ခုလုံးကို လှန်လှောနေပြီး စိတ်ဝင်စားစရာကောင်းသော အချက်အလက်များကို ရှာတွေ့သွားကာ ယင်းက အိုးရန်ချင်းနှင့် အခြားသူများအား မျက်မှောင်ကြုတ်သွားစေသည်။
အများစုမှာ ကိုရီးယားနိုင်ငံ၏ အနုပညာလောကအကြောင်း ဖြစ်ပြီး အကြောင်းအရာများမှာ မှောင်ခို ငွေလွှဲမှုများနှင့် အနုပညာရှင်များကြားမှ လက်သီးပုန်းထိုးသော အပေးအယူများ ဖြစ်သည်။ ရဲ့လင်းချန်သည် ကင်ဟျွန်းမင်နှင့် ပတ်သက်သော သက်သေကို ရှာတွေ့သည့်အပြင် ကင်ဟျွန်းမင် ကုမ္ပဏီ၏ ဘဏ္ဍာရေး မှတ်တမ်းများကိုပါ တွေ့ရှိခဲ့သည်။
ပို၍ အရေးပါသော အချက်အလက်များကို မှတ်သားပြီးနောက် ရဲ့လင်းချန်သည် ဆက်လက်၍ ပိုမို တူးဖော်လေသည်။