← Chapters

ကြီးမားသော ပေါက်ကွဲအား

Vol. 86 Ch. 1278

ကြီးမားသော ပေါက်ကွဲအား

Vol. 86 Ch. 1278

အင်မော်တယ်ဓားသည် ယခင် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် ဖြစ်ခဲ့၏။ သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် အမြင့် ၈၉ပေအထိ ရောက်ရှိခဲ့ပြီး အန္တိမဓမ္မဝိသေသတစ်ခု ဖြစ်လာဖို့ အလွန်တရာ နီးစပ်ခဲ့၏။

ပေါင်းစည်းခန္ဓာဆိုသည်မှာ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများကို လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းရခြင်းဖြစ်၏။

တစ်နည်းအားဖြင့်ဆိုလျှင်.. ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများက ပိုမိုသန်မာလေလေ.. ပေါင်းစည်းခန္ဓာအဆင့်၏ ခန္ဓာကိုယ်က ပို၍ ကြောက်စရာကောင်းလေလေ ဖြစ်၏။

ထို့ကြောင့်ပင်လျှင်.. ယန်ပေးချန်၏ ဆေဘာက အင်မော်တယ်ဓား၏ လည်ပင်းကို မလှီးဖြတ်နိုင်ခဲ့ခြင်းဖြစ်၏။

ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးနောက် အင်မော်တယ်ဓား၏ တိုက်ခိုက်ရည်ခွန်အားသည် ဆပွားများစွာ တိုးလာခဲ့​ပြီး သူ၏ ဓားချီက အလွန်တရာ ထက်ရှလာခဲ့၏။ သူတိုက်ခိုက်လိုက်သည့် ခဏမှာပင် သူ၏ ဓားအလင်းတန်းသည် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကို ဆုတ်ဖြဲလုနီးပါးဖြစ်သွားစေ၏။

မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းတွင် ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ထိပ်သီးဂိုဏ်းကြီးများမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကိုပင် ရင်ဆိုင်နိုင်ခဲ့၏။

သို့သော် ယခုအခါ ၎င်းသည် အင်မော်တယ်ဓားထံမှ ဓားအလင်းတန်းတစ်ခုကိုပင် ခံနိုင်ရည်မရှိပေ။

ဆူဇီမိုက စိတ်ခံစားချက် ကင်းမဲ့နေ၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခုက အဲဒါကို မခုခံနိုင်ဘူးဆိုလျှင် သူက နှစ်ခုကို ထုတ်သုံးရပေမည်။

နှစ်ခုက မလုံလောက်ဘူးဆိုလျှင် သူက သုံးခုကို ထုတ်သုံးရပေမည်။

ဘန်း.. ဘန်း..

ဆူဇီမိုထံမှ အတွေးတစ်ချက်နှင့်အတူ ပုံရိပ်ယောင်နှစ်ခုက သူ၏ခန္ဓာကိုယ်ထဲကနေ ရုတ်တရက် ပေါ်ထွက်လာပြီး လျင်မြန်စွာ မြင့်တက်လာ၏။ တစ်ခဏအတွင်းမှာပင် သူတို့က ကမ္ဘာဦးသက်ရှိကြီးများကဲ့သို့ ကြီးထွားလာခဲ့ကြ၏။

သူတို့ထဲမှ တစ်ခုသည် အဆုံးမဲ့သော လျှပ်စီးလျှပ်ပန်းများဖြင့် လွှမ်းခြုံထားပြီး တဖျတ်ဖျတ် တလက်လက် မိုးကြိုးကျာပွတ်တစ်ခုကို ကိုင်ဆွဲထား၏။ ၎င်း၏ ဦးခေါင်းထက်တွင် နက်မှောင်နေသော တိမ်စိုင်များက စုဝေးနေပြီး ၎င်းသည် မိုးကြိုးကို ထိန်းချုပ်သော သက်ရှိနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေ၏။ ၎င်း၏ စွမ်းအားက ကြောက်စရာကောင်းပြီး ၎င်း၏အော်ရာက တုန်လှုပ်စရာကောင်း၏။

အခြားသော ပုံရိပ်တစ်ခုသည် ဘုန်းကြီးသင်္ကန်းတစ်စုံကို ဝတ်ဆင်ထားပြီး ခံ့ညားထည်ဝါသော အမူအရာတစ်ခုရှိကာ သူ၏ခေါင်းကို ငုံ့ထား၏။ သူက ရွှေရောင်အလင်းတစ်လွှာကို ဆင်မြန်းထားပြီး ၎င်းသည် နတ်ဘုရားဆန်၍ အပြစ်ကင်းစင်ကာ ရောင်ခြည်စက်ဝန်းတစ်ခုသည် သူ၏နောက်မှာ လွှမ်းမိုးခြယ်လှယ်သော ပုံစုံဖြင့် ဖြန့်ကြက်ထွက်ပေါ်လာ၏။

မိုးကြိုးဓမ္မခန္ဓာနှင့် ရူလိုင်းဓမ္မခန္ဓာက တစ်ပြိုင်နက်တည်း ဆင်းသက်လာခဲ့ကြ၏။

ဆူဇီမိုသည် လုံးဝ ထိန်ချန်ခြင်း မရှိဘဲ သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုစလုံးကို တစ်ပြိုင်နက်တည်း ဆင်းသက်လာစေပြီဖြစ်၏။

ထိုသည်ကို မြင်သောအခါ.. တာအိုအရှင် တိမ်လွှာမိုးစက်၏ အမူအရာသည် ရုတ်ချည်းပြောင်းလဲသွားပြီး သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုက အထင်းသား ပေါ်လွင်လာ၏။

သည့်ယခင်က အထီးကျန်သိုင်းသခင်သည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုကို ကျင့်ကြံထားသည်ဟု ကျင့်ကြံရေးလောကက သိရှိထားခဲ့ကြ၏။

မဟာကမ္ဘာဦး ရှေးဟောင်းဘုရားကျောင်းတွင် သေဆုံးခဲ့သော ကျင့်ကြံသူများကလွဲလျှင် ဆူဇီမိုတွင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုရှိသည်ဆိုတာကို သိရှိသည့်သူက မရှိသလောက်ပင်။

ဒါ့အပြင်.. ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုသည် အမြင့် ၈၇ပေအထိ ကြီးထွားလာခဲ့ပြီဖြစ်၏။

အဲဒါက ဘယ်လိုမှ ယုံကြည်လက်ခံချင်စရာ မရှိပေ။

တာအိုအရှင် တိမ်လွှာမိုးစက်သည် ရုတ်တရက် စိတ်သက်သာရာရသွားခဲ့၏။

ကံကောင်းထောက်မစွာဖြင့် သူသည် အခြေအနေမဟန်တော့ဘူးဆိုတာ သတိထားမိခဲ့ပြီး အရင်ဦးစွာ နောက်ဆုတ်ဖို့အတွက် မဆိုင်းမတွ ဆုံးဖြတ်ချက်တစ်ခုချကာ အင်မော်တယ်ဓားကို ဝင်ရောက်စေခဲ့၏။

စောစောက သူသာ နောက်ဆုတ်ဖို့ အနည်းငယ် နောက်ကျသွားခဲ့လျှင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခု တစ်ပြိုင်နက်တည်း လှုပ်ရှားလာပါက သူသည် ဖုန်မှုန့်အဖြစ်သို့ စိစိညက်ညက် ကြေသွားရပေလိမ့်မည်။

တာအိုအရှင် တိမ်လွှာမိုးစက်ကို မပြောနှင့်… အင်မော်တယ်ဓားပင်လျှင် တုန်လှုပ်သွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။

ဖြောင်း…

ဖျတ်ခနဲဆို မိုးကြိုးဓမ္မခန္ဓာ၏ လက်ထဲရှိ ကျာပွတ်သည် လေထဲရှိ ဓားအလင်းကို ဦးစွာရိုက်ခတ်လိုက်၏။

ချက်ချင်းပင် ဓားအလင်းက သိသိသာသာ မှိန်ကျသွား၏။

ချွမ်း..

ထို့နောက် ချက်ချင်းပင် ကောင်းကင်ဘုံမိစ္ဆာတံစဉ်သည် ဓားအလင်းတန်းနှင့် ထိတွေ့ရိုက်ခတ်ပြီး စူးစူးရှရှ မြည်သံနှင့်အတူ မီးပွားများကို လွင့်စင်ထွက်သွားစေ၏။

ဓားအလင်းတန်း၏ ထက်ရှမှုက သိသိသာသာ ထပ်မံလျော့ကျသွား၏။

ဘန်း…

ရူလိုင်းဓမ္မခန္ဓာသည် ရွှေရောင်လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်ပြီး ညင်သာစွာ ဖိချကာ ဓားအလင်းတန်းကို ဘာမှမကျန်အောင် ပျက်ပြယ်သွားစေ၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုက တစ်ပြိုင်နက်တည်း ဆင်းသက်လာပြီး ပေါင်းစည်းခန္ဓာ အင်မော်တယ်ဓား၏ ဓားအလင်းတန်းကို ပိတ်ဆို့လိုက်၏။

“ကောင်းတယ်ကွာ.. ကောင်းတယ်.. ကောင်းတယ်”

အင်မော်တယ်ဓားက ထပ်တလဲလဲ ခေါင်းညိတ်လိုက်၏။

“မင်းရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသ သုံးခုက ငါ့ဆီက ရိုက်ချက် ဘယ်လောက်များများကို ခံနိုင်ရည်ရှိမလဲ​ ကြည့်ရသေးတာပေါ့.. အသက်မဲ့ဓားကွက်.. ခုတ်ပိုင်းစမ်း”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင်.. အင်မော်တယ်ဓားသည် ဓားကွက်တစ်ခုကို ဆင့်ခေါ်ပြီး သူ၏ညာဘက်လက်နှင့်အတူ ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။

ဓားက လေထုကို ဆုတ်ဖြဲပြီး ၎င်း၏ ထက်ရှမှုသည် လေဟာနယ်ကို နှစ်ပိုင်းလှီးဖြတ်ချလိုက်သည်ဟု ထင်ရ၏။ ၎င်းသည် ညအမှောင် ကောင်းကင်ယံမှာ ပြိုးပြိုးပြက်ပြက် ပုံစံနှင့်အတူ ဖြတ်သန်းလာသော မိုးကြိုးလျှပ်စီးတစ်ခုကဲ့သို့ ဖြစ်၏။

ထိုဓား ဆင်းသက်လာသည့် ခဏမှာပင်.. လေထဲရှိ အသက်ဓာတ်များ အားလုံးက ခမ်းခြောက်အောင် စုပ်ယူခြင်း ခံလိုက်ရ၏။

အသက်မဲ့ဓားကွက်ထံမှ ရိုက်ချက်တစ်ချက်သည် အသက်ဓာတ်အားလုံးကို ဖြတ်တောက်ပစ်နိုင်၏။

ဘန်း.. ဘန်း..

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုသည် တစ်ပြိုင်နက်တည်း လှုပ်ရှားပြီး တိုက်ခိုက်လိုက်ကြ၏။

ချက်ချင်းပင် လေထဲရှိ တိုက်ပွဲနယ်မြေက အတောမသတ်သော မိုးကြိုး၊ သက္ကတ စကားလုံးများ၊ ရွှေရောင်အလင်း၊ မိစ္ဆာချီနှင့် ဓားချီတို့ဖြင့် ပြည့်နှက်သွား၏။

လေဟာနယ်ပင်လျှင် တဆတ်ဆတ် တုန်ခါလာခဲ့၏။

အင်မော်တယ်ဓားသည် ပိုမိုတိုက်ခိုက်လေလေ.. သူက ပို၍ ထိတ်လန့်လာလေလေ ဖြစ်၏။

သူသည် အသာစီးရရှိနေသော်လည်း သူ့အနေဖြင့် ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုကို အချိန်တိုအတွင်း ချေမွဖျက်ဆီးပစ်နိုင်ဖို့က မဖြစ်နိုင်ပေ။

သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ထားခဲ့ပြီဖြစ်၏။ ထိုသို့ဆိုလျှင်တောင် သူသည် ဆူဇီမိုနှင့် မျှချေတစ်ခုမှာ လွန်ဆွဲနေရဆဲဖြစ်၏။ ဆူဇီမိုသာ နောက်ပိုင်းဓမ္မဝိသေသအဆင့် သို့မဟုတ် ပကတိဓမ္မဝိသေသအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံထားမည်ဆိုလျှင် သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ပိုမိုကြီးထွားလာပြီး သူက ဘယ်လောက်တောင် စွမ်းအားကြီးမားလာလိုက်မလဲ..။

ထိုသို့အတွေးဖြင့် အင်မော်တယ်ဓား၏ နှလုံးထဲရှိ သတ်ဖြတ်လိုစိတ်က ပိုမိုသိပ်သည်းစုဖွဲ့လာခဲ့၏။

အင်မော်တယ်ဓား၏ အမြုတေစိတ်ဝိညာဉ်ကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်ထားခဲ့ပြီးပြီဖြစ်၏။ သူသည် ဓားစတေးထွက်ပြေးခြင်းကို အသုံးချပြီး ဓားအလင်းတန်းတစ်ခုအသွင်ပြောင်းလဲလိုက်၏။ သူ၏ခန္ဓာကိုယ်သည် သူ၏ဓားနှင့် ကောင်းကင်နှင့်မြေကြီးနှင့်အတူ ပြီးပြည့်စုံစွာ ပေါင်းစည်းသွား၏။

“ငြိမ်းသေစမ်း.. ငြိမ်းသေစမ်း.. ငြိမ်းသေလိုက်စမ်းကွာ”

အင်မော်တယ်ဓားသည် သုံးကြိမ်ဆက်တိုက်ဆင့်၍ ခုတ်ပိုင်းချလိုက်၏။

ဓားသုံးချက် ခုတ်ပိုင်းချလိုက်သောအခါ လောကရှိ သက်ရှိများအားလုံးသည် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလာရ၏။

တိုက်ပွဲနယ်မြေ အပြင်ဘက်မှာရှိသော တာအိုအရှင် တိမ်လွှာမိုးစက်ပင်လျှင် သူ၏ အသက်ဓာတ်အားက ထုတ်ယူခြင်းခံနေရသည်ဟု ခံစားလာရ၏။

အင်မော်တယ်ဓား၏ ဓားတာအိုက အလွန်တရာ​ ကြောက်စရာကောင်းနေခဲ့ပြီဖြစ်၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုသည် ပျက်ပြယ်တော့မည့် လက္ခဏာများ ပြသလာခဲ့လေပြီ။

အင်မော်တယ်ဓားက ဟိန်းဟောက်လိုက်၏။

“အထီးကျန်သိုင်းသခင်.. မင်းက ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းအတွက် ငါနဲ့ ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ.. မင်းက သေချင်နေပြီဆိုမှတော့ အင်မော်တယ်တွေတောင် မင်းကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး”

“မင်းက ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းကို ဒီလောက်ထိ အသည်းအသန် လိုချင်နေမှတော့ ငါကလည်း မင်းဆန္ဒကို ဖြည့်ပေးရမှာပေါ့”

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏လက်နှစ်ချောင်းကို အတူတကွ ပူးကပ်ကာ ဓားကွက်တစ်ခုကို ဖြစ်ပေါ်စေ၏။ သူသည် အင်မော်တယ်ဓား ရှိရာဘက်သို့ ခုတ်ပိုင်းချလိုက်ပြီး ဓားချီတစ်ရာကျော်ကို ဆက်တိုက်ထုတ်ဖော်လိုက်၏။

ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ခုကပင် သာမန်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်နိုင်၏။

ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ တစ်ရာကျော်ကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်မည်ဆိုလျှင် မည်သို့သော မြင်ကွင်းမျိုး ထွက်ပေါ်လာမည်လဲ..။

သူတို့သည် အလွန်တရာ သိပ်သည်းစွာ တစ်ခုပေါ်တစ်ခုဆင့်၍ လောကကို ဆုတ်ဖြဲလာခဲ့၏။ ၎င်းက ပကတိ ဖွတ်ဖွတ်ညက်ညက် ကြေစေနိုင်သော စွမ်းအားတစ်ခု ဖြစ်လေသည်။

မူလနတ္ထိအဆင့်၌ ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ခုကို ထုတ်ဖော်ဖို့အတွက် ဆူဇီမိုသည် စွမ်းအင်မြောက်များစွာကို သုံးစွဲရ၏။

သို့သော် ယခုအခါ သူသည် ဓမ္မဝိသသေအဆင့်သို့ ဝင်ရောက်နေပြီဖြစ်ပြီး သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ တစ်ရာကျော်ကို တစ်ချိန်တည်းမှာ ထုတ်ဖော်နိုင်ဖို့ သူ့အတွက် လုံလောက်လေသည်။

အင်မော်တယ်ဓားကို ယန်ပေးချန်ကို ပစ်မှတ်ထားလာသောအခါ ဆူဇီမိုက အမှန်တကယ်ပင် ဒေါသအမျက်ချောင်းချောင်းထွက်လာခဲ့၏။

ယန်ပေးချန်နှင့် အင်မော်တယ်ဓားနှင့် အခြားသူများကြား ရန်ငြိုးရန်စသည် သူ့ကြောင့် ဖြစ်လာခဲ့ခြင်းဖြစ်၏။

သူသာ ပြန်လာရာ ခြေတစ်လှမ်းနောက်ကျသွားလျှင် ဘာတွေဖြစ်ပျက်သွားမလဲ စဉ်းစားမကြည့်ရဲပေ။

ဆူဇီမိုအတွက်တော့ ယန်ပေးချန်သည် ဆူဟုန်နှင့် အဆင့်အတန်းအတူတူပင်ဖြစ်၏။

ဆူဟုန်က သေသွားခဲ့ပြီဖြစ်တာကြောင့် သူသည် ယန်ပေးချန်အပေါ် မည်သည့် တစ်စုံတစ်ရာမှ သေချာပေါက် ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။

အင်မော်တယ်ဓားသည် ဆူဇီမိုကို သတ်ဖြတ်ချင်၏။

ဆူဇီမိုအတွက်တော့ သူသည်လည်းပဲ အင်မော်တယ်ဓားကို လွှတ်ပေးလိုက်ဖို့ စိတ်ကူးမရှိပေ။ အဲဒါကြောင့် သူသည် ထိုတိုက်ခိုက်မှုနှင့်အတူ သူ၏ခွန်အားအပြည့်ကို ထုတ်ဖော်လိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က အားအင်ကုန်ခမ်းလုနီးပါးဖြစ်သွားရ၏။

“မင်း..”

အင်မော်တယ်ဓားက တုန်လှုပ်သွားရ၏။

အသက်မဲ့ဓားကွက်က မည်သို့ပင် သန်မာသည်ဆိုပါစေ.. ၎င်းသည် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားကျမ်းမှ ကောက်ချက်ချထုတ်နုတ်ထားခြင်းဖြစ်၏။ ထို့ကြောင့် ၎င်း၏ စွမ်းအားသည် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားကျမ်း သို့မဟုတ် ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းကို မယှဉ်နိုင်ပေ။

ယခုဆို ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ တစ်ရာကျော်က ဆင်းသက်လာပြီး ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုကလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြ၏။ သူတို့သည် အသက်မဲ့ဓားကွက်နှင့်အတူ အလွန်တရာ ကျယ်လောင်စွာ ထိတွေ့ရိုက်ခတ်လိုက်ကြ၏။

မရေမတွက်နိုင်သော ဓားချီများက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခုသည် ဇကာပေါက်များဖြစ်သွားပြီး အချိန်မရွေး လဲပြိုကျသွားနိုင်၏။

အင်မော်တယ်ဓားအတွက်တော့ ပို၍ပင် ဆိုးဝါးပြီး သူ၏ဝတ်ရုံက ချက်ချင်းပင် စုတ်ပြဲသွားခဲ့ပြီဖြစ်၏။

သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးစီးကြောင်းများက ပေါ်ထွက်လာခဲ့၏။

သူ၏ အသက်မဲ့ဓားတာအိုသည် ဆူဇီမို၏ ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ တစ်ရာကျော်နှင့် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ သုံးခု၏ ပူးပေါင်းတိုက်ခိုက်မှုတွင် ချက်ချင်းပင် ပျက်ပြယ်သွားခဲ့လေပြီ။

အင်မော်တယ်ဓားသည် နဖူးမှ ခြေဖျားအထိ ဒဏ်ရာများ ပြည့်နှက်သွားခဲ့လေ​ပြီ။

ပေါင်းစည်းခန္ဓာတစ်ယောက်ပင်လျှင် ဓားချီ၏ ထက်ရှမှုကို ခံနိုင်ရည်မရှိပေ။

တကယ်တော့.. ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးနောက်.. အင်မော်တယ်ဓား၏ ခန္ဓာကိုယ်သည် အသက်ဓာတ်အားဖြင့် ပြည့်နှက်နေပြီး တစ်ခဏအတွင်းမှာပင် အင်မော်တယ်ဓား၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် သက်သာပျောက်ကင်းလာကာ သွေးထွက်ခြင်းက ရပ်တန့်သွားခဲ့လေပြီ။

သို့သော်လည်း.. အင်မော်တယ်ဓား၏ မျက်လုံးအနက်ပိုင်းထဲတွင် စိုးရွံ့ထိတ်လန့်မှု အရိပ်အယောင်က ပေါ်ထွက်လာခဲ့လေပြီ။

အဲဒါက အရမ်းကို ကြောက်မက်ဖွယ်ရာကောင်း၏။

ထိုအခိုက်အတန့်၌ သူမခံစားရတော့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သော စိုးရွံ့ထိတ်လန့်မှုကို သူက ခံစားလာခဲ့ရလေပြီ။

ရုတ်တရက်.. ဆူဇီမိုသည် ကြမ်းကြုတ်ခက်ထန်စွာဖြင့် ပြေးဝင်လာသည်ကို မြင်သောအခါ အင်မော်တယ်ဓားသည် နောက်ဆုတ်ဖို့ စိတ်ကူးပင် ပေါ်ထွက်လာခဲ့ပြီဖြစ်၏။

သူသည် ဆူဇီမို၏ အစစ်အမှန်ခွန်အားကို ပုံဖော်နိုင်ခြင်း မရှိတော့ပေ။

ဆူဇီမိုသာ နောက်ထပ် တူညီသော တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်လာမည်ဆိုလျှင် သူက ဤနေရာမှာ သေဆုံးရပေမည်။

All Chapters