← Chapters

အန္တရာယ်

Vol. 86 Ch. 1280

အန္တရာယ်

Vol. 86 Ch. 1280

ယန်ပေးချန်သည် နေရာမှာပင် အေးခဲရပ်တန့်သွားပြီး သူ့မျက်လုံးနှစ်ဖက်က ပြူးကျယ်ကာ သူ၏နှုတ်ခမ်းက တဆတ်ဆတ်တုန်ယင်၍ အရာရာတိုင်းကို မယုံကြည်နိုင်စွာကြည့်နေ၏။ သူသည် အော်ဟစ်ချင်လိုက်သော်လည်း အသံတစ်ချက်မှ ထွက်မလာခဲ့ပေ။

ချင်ဖျန်ရန်၏ အသက်ဓာတ်က လျင်မြန်စွာဆုတ်ယုတ်လာခဲ့၏။

သူမ၏ အမြုတေစိတ်ဝိညာဥ်သည် ဓားအလင်းတန်း၏ ထိုးဖောက်ခြင်းကို ခံခဲ့ရပြီး အင်မော်တယ်တစ်ပါးပင်လျင် သူမကို ကယ်တင်နိုင်တော့မည် မဟုတ်ပေ။

သူမသည် ချက်ချင်းသေမသွားရသည့်အကြောင်းအရင်းမှာ အရင်က သူမသည် ဝိညာဥ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို စားသုံးထားခဲ့ပြီး သူမ၏ အမြုတေစိတ်ဝိညာဥ်က နေရာမှာပင် ပျက်စီးမသွားသေးသောကြောင့်ဖြစ်၏။

ချင်ဖျန်ရန်သည် ဖြည်းဖြည်းချင်းလှည့်ပြီး နူးညံ့ညင်သာသော အမူအရာတစ်ခုနှင့်အတူ ခပ်လှမ်းလှမ်းတွင်ရှိနေသော ယန်ပေးချန်ကို ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက နက်ရှိုင်းသော နှမြောတမ်းတမှုတို့ဖြင့်ပြည့်နှက်နေ၏။

သူတို့အတူနေခဲ့ရသည့်အချိန်က တိုတောင်းလွန်းလှ၏။

အစကတော့ သူတို့သည် ကျင့်ကြံရေးလောကကနေ ထွက်ခွာပြီး သူတို့၏ လက်ကျန်ဘဝတစ်လျှောက် အတူတကွနေထိုင်သွားချင်ကြ၏။ ကံမကောင်းစွာနှင့်ပင် အရာရာတိုင်းက အဆုံးသတ်သွားခဲ့လေပြီ။

“ပေးချန်.... ကျွန်မ... တောင်းပန်ပါတယ်”

ချင်ဖျန်ရန်၏လေသံက အားနည်းနေပြီး သူမပြောလိုက်သော စကားတစ်လုံးချင်းစီက သူမ၏အသက်ဓာတ်ကို လျင်မြန်စွာကုန်ခန်းစေသည့်အလားပင်။

“ကျွန်မ.... ကျွန်မ.. ရှင့်ကို ဆက်ပြီးအဖော်မပြုပေးနိုင်တော့ဘူး... ရှင်...ရှင် ကောင်းကောင်းဂရုစိုက်နော်”

ချင်ဖျန်ရန်က ဆက်လက်၍ အသက်မရှုနိုင်တော့ပေ။

သူမထွက်ခွာသွားပြီးနောက် ယန်ပေးချန်သည် တစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး မမျှော်မှန်းနိုင်သော ဖိစီးနှိပ်စက်မှုများကို တွေ့ကြုံခဲ့စားရတော့မည်ကို တွေးမိသွားပြီး သူမက ဆိုးဆိုးဝါးဝါးခံစားလိုက်ရ၏။ သူမသည် သက်ပြင်းချ၍ ရှေ့သို့ တောင့်တင်းစွာပစ်လဲကျသွား၏။

ကောင်းကင်ထက်​တွင် အဖြူရောင်တိမ်စိုင်များ ရွေ့လျားနေ၏။

သူမ၏စိတ်ထဲတွင် ပုံရိပ်များစွာက တဖျပ်ဖျပ်ပေါ်ထွက်လာပြီး သူတို့အားလုံးသည် သူမနှင့် ယန်ပေးချန် ဤတောအုပ်ထဲရှိ ဝါးအိမ်လေးထဲတွင် အတူနေထိုင်ခဲ့ကြသည့် ပုံရိပ်များဖြစ်၏။

နောက်ဆုံးမှာတော့ သူမ၏ မျက်လုံးထဲတွင် ပုံရိပ်တစ်ခုသာလျှင် ကျန်ရစ်တော့၏။

သူမသည် ထိုပုံရိပ်နှင့်အတူ သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။

ယန်ပေးချန်သည် လုံးဝလှုပ်ရှားခြင်းမရှိဘဲ အရာရာတိုင်းကို ငေးငိုင်စွာဖြင့်သာ စောင့်ကြည့်နေ၏။ သူ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်နေပြီး သူ၏ရင်ဘတ်ကို ချွန်ထက်သော လက်နက်တစ်ခုဖြင့် ထပ်တလဲလဲ ထိုးဆွနေသည့်အလား စူးရှသော နာကျင်မှုတစ်ခုကို ခံစားနေရ၏။

ချင်ဖျန်ရန်က ထွက်သွားချင်သည်ဆိုလျှင်တောင် သူက သူမကို ဘယ်တော့မှ ထွက်သွားခွင့်ပေးမည်မဟုတ်ကြောင်း သူသည် တစ်ခါက ပြောခဲ့ဖူး၏။

သူသည် သူမ၏ဘေးနားမှာ သူ၏ဘဝတစ်လျှောက်လုံးနေပြီး သူမကို ဘယ်တော့မှထွက်ခွာခွင့်ပေးလိမ့်မည်မဟုတ်ဟု ကတိပေးထားခဲ့၏။

သို့သော် ယခုအခါ ချင်ဖျန်ရန်ထွက်ခွာသွားသည်ကို သူက ကူကယ်ရာမဲ့စွာဖြင့်သာ စောင့်ကြည့်နေနိုင်၏။

ဘာလို့လဲ.....

သူက ဘာအမှားလုပ်မိလို့လဲ...

ဖျန်ရန်က ဘာအမှားလုပ်မိလို့လဲ....

ငါတို့က ကျင့်ကြံရေးလောကကနေ ထွက်သွားချင်ခဲ့တာလေ မင်းတို့တွေက ဘာလို့ ငါတို့ကို အဲ့ဒါလေးတောင်ခွင့်ပြုမပေးနိုင်ဘဲ မရမက အသည်းအသန်အမဲလိုက်ချင်နေရတာလဲ။

ယန်ပေးချန်၏ လက်ချောင်းများသည် မြေကြီးထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွား၏။ သူ၏မျက်လုံးများသည် နီရဲလာပြီး သူ၏နှလုံးသားထဲမှာ အကန့်အသတ်မဲ့သော အမုန်းတရားက ပြည့်နှက်လာ၏။

သူသည် လောကကို မုန်းတီးလေသည်။ သူသည် တာအိုအရှင်အင်မော်တယ်ဓား ၊ တာအိုအရှင်တိမ်လွှာမိုးစက် ၊ ဓားဂိုဏ်း ၊ ကျင့်ကြံရေးလောကနှင့် အခြားအရာရာတိုင်းကို မုန်းတီးလေသည်။

တကယ်ဆို... သူသည် သူ့ကိုယ်သူပင် မုန်းတီးလေသည်။

သူသည် အန္တရာယ်ကို စောစောကြိုတင်မသိရှိခဲ့ဘဲ ဤနေကာကနေ မထွက်ခွာနိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူမုန်းတီးလေသည်။

သူသည် အသုံးမကျဖြစ်ရသည့်အတွက် သူ့ကိုယ်သူမုန်းတီးလေသည်။

သူချင်ခင်မြတ်နိုးရသောသူက သူ့ရှေ့မှာပင် သေဆုံးသွားရသည်ကို သူက စောင့်ကြည့်နေရ၏။

ထိုအမုန်းတရားက ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်သွားပြီး အစိုင်အခဲအဖြစ် စုဖွဲ့လုနီးပါးဖြစ်ကာ လောကတဝှမ်းထိုးဖောက်သွားလေသည်။

ယန်ပေးချန်၏ ခန္ဓာကိုယ်ထဲတွင် မိစ္ဆာချီများက အဆက်မပြတ် ပေါ်ထွက်လာပြီး သူတို့သည် နက်မှောင်၍ အလွန်တရာကြောက်စရာကောင်းနေ၏။

ဝါးသစ်တော၏ အနက်ပိုင်းထဲတွင် ထိုအမုန်းတရား၏ နိုးဆွမှုအောက်၌ အစက အိပ်မောကျနေခဲ့သော အမုန်းမိစ္ဆာဆေဘာသည် တဖြည်းဖြည်း နိုးထလာခဲ့၏။

မိစ္ဆာဆေဘာသည် အနည်းငယ်တုန်ယင်နေ၏။

သိပ်သည်းပြင်းထန်သောထိုအမုန်းက ၎င်းကိုအလွန်တရာစိတ်လှုပ်ရှားစေ၏။

အဲ့ဒါက စစ်မှန်သော အမုန်းတရားဖြစ်၏။

လူတစ်ယောက်သည် စိတ်နှလုံးကွဲကြေပျက်သုန်းဖွယ်ရာ ပြောင်းလဲမှုတစ်ရပ်ကို မကြုံတွေ့ရလျင် သူတို့သည် အမုန်းသုတ္တန်၏ စစ်မှန်သောစွမ်းအားကို ဘယ်တော့မှ နားလည်ဆင်ခြင်နိုင်လိမ့်မည်မဟုတ်ပေ။

၎င်း၏ ပထမဆုံးသခင်ကလွဲလျှင် တာအိုအရှင်အမုန်းသည်ပင် အမုန်းတရား၏လိုအပ်ချက်နှင့် မကိုက်ညီခဲ့ပေ။

ထို့ကြောင့်ပင်လျှင် တာအိုအရှင်အမုန်း၏ဟာကွက်ကို သူတို့တိုက်ခိုက်နေစဥ်အတွင်း ဆူဇီမိုက ရှာတွေ့ခဲ့ပြီး ဗုဒ္ဓကျောင်းတော်များ၏ ဂါထာမန္တန်များစွာဖြင့် တန်ပြန်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်၏။

ဆူဇီမိုသည် အေးစက်စက်အမူအရာနှင့်အတူ သူ၏လက်သီးနှစ်ဖက်ကို တင်းကျပ်စွာဆုပ်ထား၏။

ဖြစ်စဥ်တစ်ခုလုံးက အလွန်တရာလျင်မြန်စွာဖြစ်ပျက်ခဲ့ပြီး သူပင်လျှင်မတုံ့ပြန်နိုင်ခဲ့ပေ။

အင်မော်တယ်ဓားသည် တာအိုအရှင်တိမ်လွှာမိုးစက်ကို ယန်ပေးချန်ကို သတ်ဖြတ်ခိုင်းခဲ့သည့်အတွက် ဆူဇီမိုက ယန်ပေးချန်ကို အရင်ကယ်တင်ရလေသည်။

သူက ချင်ဖျန်ရန်ကို ကယ်တင်ဖို့ရွေးချယ်မည်ဆိုလျှင် ယန်ပေးချန်က သေရပေလိမ့်မည်။

အဲ့ဒါသည် အင်မော်တယ်ဓား၏ အကြံအစည်ဖြစ်၏။

ထိုအကြံအစည်က လူသုံးယောက်ကို သေကြေပျက်သုန်းစေခဲ့၏။

တာအိုအရှင်တိမ်လွှာမိုးစက် ၊ အကြီးအကဲချင်နှင့် ချင်ဖျန်ရန်တို့က သေကြလေပြီ။

အင်မော်တယ်ဓားသည် ချင်ဖျန်ရန်ကို သတ်ဖြတ်ပြီးနောက် သူက လှောင်ရယ်၍ အဝေးတစ်နေရာသို့ ဓားအလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ထွက်ခွာသွား၏။

ကျင့်ကြံရေးလောကတွင် ထွက်ပြေးခြင်းနည်းစနစ်များစွာရှိလေသည်။

ဓားစတေးထွက်ပြေးခြင်း၏ အမြန်နှုန်းက သေချာပေါက်ထိပ်တန်းအဆင့်မှာရှိလေသည်။

သူ၏ကျင့်ကြံမှုအဆင့်အရ သူက ထွက်ပြေးလွတ်မြောက်ချင်သည်ဆိုလျင် ဆူဇီမိုက သူ့ကိုတားဆီးနိုင်လိမ့်မည်မဟုတ်ကြောင်း အင်မော်တယ်ဓားက ယုံကြည်ထား၏။

“အင်မော်တယ်ဓား... မင်းဘယ်ကိုထွက်ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့”

ဆူဇီမို၏ သတ်ဖြတ်လိုစိတ်က ၎င်း၏ အကန့်သတ်ထိ ရောက်ရှိလာခဲ့လေပြီ။ အင်မော်တယ်ဓား ထွက်ပြေးသွားသည်ကိုမြင်သောအခါ သူသည် ဟိန်းဟောက်၍ သူ့ခန္ဓာကိုယ်ထဲမှ အဆုံးမဲ့သော မိုးကြိုးလျှပ်စီးများက တလိပ်လိပ်တက်လာ၏။

တစ်ချိန်တည်းမှာပင် သူ၏နောက်ဘက်တွင် ဓမ္မစွမ်းအားတောင်ပံတစ်စုံကလည်း ပေါ်ထွက်လာ၏။

သူ၏ခန္ဓာကိုယ်သည် အင်မော်တယ်ဓားနောက်သို့ပြေးလိုက်ရင်း ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွား၏။

လျှပ်စီးထွက်ပြေးခြင်း ၊ ဆန်းကြယ်တောင်ပံများနှင့် ကန့်သတ်မဲ့ရွှေရောင်အလင်းတို့ကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်၏။ ဆူဇီမို၏ အမြန်နှုန်းသည် သူ၏ အကန့်သတ်ထိရောက်ရှိသွားပြီး သူက အင်မော်တယ်ဓားထက်ပင် ပို၍မြန်ဆန်လာ၏။

“ဟမ်...”

အင်မော်တယ်ဓားသည် ဝေးဝေးမပြေးနိုင်ခင်မှာပင် ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခုက သူ့ထံသို့ ချည်းကပ်လာနေသည်ကို ခံစားလိုက်ရ၏။ အလင်းတန်းတစ်ခုက သူ၏နောက်ကျောကို ထိုးဖောက်နေသကဲ့သို့ ခံစားရပြီး သူက ခေါင်းနပန်းကြီးလာ၏။

သူသည် နောက်သို့လှည့်ကြည့်ရင်း ပင့်သက်ကိုရှိုက်လိုက်ရ၏။

ဆူဇီမိုသည် သူ၏ နောက်တည့်တည့်မှာရှိနေပြီး သူ့ကိုအမီလိုက်လာနေပြီဖြစ်၏။ ငါတို့နှစ်ယောက်ကြား အကွာအဝေးသည် ဆက်တိုက်ဆိုသလို တိုတောင်းလာခဲ့၏။

ထိုအမြန်နှုန်းနှင့်ဆိုပါက ဆူဇီမိုသည် သိပ်မကြာမီ သု့ကိုဖမ်းမိသွားနိုင်၏။

“မဖြစ်နိုင်ဘူး...”

အင်မော်တယ်ဓားသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏မျင်လုံးများက အကြောက်တရားများဖြင့် ပြည့်နှက်သွားလေသည်။

“အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်မှာပဲ ရှိသေးတယ်... သူ့ရဲ့ လှုပ်ရှားမှုနည်းစနစ်က ဘာလို့ ဒီလောက်အဆင့်ထိရောက်လာရတာလဲ”

နောက်ဆုံးမှာတော့ အင်မော်တယ်ဓား၏ မျက်လုံးထဲတွင် ကြောက်ရွံထိတ်လန့်မှုတစ်စွန်းတစ်စက ပေါ်ထွက်လာခဲ့လေပြီ။

ဆူဇီမို၏ ခွန်အားသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့ပြီဖြစ်၏။

“ဘာမှမကြောက်နဲ့”

ရုတ်တရက် သူ၏စိတ်ထဲသို့ အသံတစ်သံက ဝင်ရောက်လာ၏။

အင်မော်တယ်ဓားသည် ထိုအသံကို ကြားသောအခါ ကျေနပ်နှစ်ခြိုက်သွား၏။

ဤလူ သူ့ဘေးမှာရှိနေပါက သူသည် ဆက်လက်၍ ထွက်ပြေးစရာမလိုတော့ပဲ အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့အတွက် ဤလူနှင့် ပူးပေါင်းလိုက်ရုံသာဖြစ်၏။ အကြောင်းမှာ ဤလူသည် ပဟေဠိနန်းတော်မှ ကောင်းကင်ဘုံလျှို့ဝှက်ချက်ဖြစ်နေသောကြောင့်ပင်။

သူသိထားသည့် တစ်ခုတည်းသောအချက်မှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်က ပေါင်းစည်းခန္ဓာအဆင့်မှာရှိနေ၏။

သို့သော်လည်း ကောင်းကင်ဘုံလျှို့ဝှက်ချက်က ဘယ်လောက်သန်မာသလဲ သူပင်လျှင်မသိပေ။

ပဟေဠိနန်းတော်မှ အရိုက်အရာဆက်ခံသူများသည် အမြဲတမ်းအလွန်တရာ လျှို့ဝှက်ဆန်းကြယ်နေခဲ့၏။

သို့သော်လည်း အချက်တစ်ချက်ကတော့ သေချာလေသည်။ ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ တိုက်ခိုက်ရည်ခွန်အားက သူ၏အထက်မှာ သေချာပေါက်ရှိလေသည်။ ယခု... အထီးကျန်သိုင်းသခင်၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ၃ခုက ပျက်ပြယ်သွားခဲ့ပြီဖြစ်ပြီး သူက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီတစ်ရာကျော်ကိုလည်း ထုတ်ဖော်ခဲ့သောကြောင့် သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားသည် ကုန်ခန်းလုနီးပါးဖြစ်နေလောက်လေပြီ။

သူတို့နှစ်ယောက်က ပူးပေါင်းလိုက်မည်ဆိုလျှင် သူတို့သည် အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်နိုင်ဖို့ တစ်ရာ,ရာခိုင်နှုန်းသေချာလေသည်။ ဒါ့အပြင် ကောင်းကင်ဘုံလျှို့ဝှက်ချက်က ပုန်းလျှိုးကွယ်လျှိုးအနေအထားမှာ ရှိနေဆဲ ဖြစ်၏။

သူပင်လျင် ကောင်းကင်ဘုံလျှို့ဝှက်ချက်ရောက်လာသည်ကို သတိမထားမိခဲ့ပေ။

အင်မော်တယ်ဓား၏ အမြန်နှုန်းက တဖြည်းဖြည်းလျော့ကျလာ၏။

သူနှင့် ဆူဇီမိုကြားအကွာအဝေးက အဆက်မပြတ် တိုတောင်းလာခဲ့၏။

ပေတစ်ရာပင် မကွာဝေးတော့သည့်အချိန်မှာ အင်မော်တယ်ဓားသည် ရုတ်တရက်နောက်သို့လှည့်ပြီး သူ၏နှာရောင်ကနေ အလွန်တရာထက်ရှသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုက ရုန်းကန်ထွက်ပေါ်လာ၏။ ၎င်းသည် ဓားရှည်တစ်လက်အဖြစ် စုဖွဲ့သွားပြီး ချောက်ချားစရာကောင်းသော သတ်ဖြတ်လိုစိတ်နှင့်အတူ ဆူဇီမို၏ ဦးခေါင်းဆီသို့ တိုးဝင်လာလေသည်။ အဲ့ဒါက ဓားဂိုဏ်း၏ အမြုတေစိတ်ဝိညာဥ် လျို့ဝှက်အတတ်ဖြစ်၏။

တစ်ချိန်တည်းမှာပင် အင်မော်တယ်ဓား၏ ဘေးဘက်ရှိလေဟာနယ်ထဲမှ ပုံရိပ်တစ်ခုက ရုတ်တရက်ပေါ်ထွက်လာ၏။ သူသည် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဦးခေါင်းပေါ်မှာ ကွန်ဖြူးရှပ်သရဖူတစ်ခုကိုဆောင်းထား၏။ သူ၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခုရှိနေသော်လည်း သူ၏တိုက်ခိုက်မှုများက မည်သည့်သနားညာတာမှုမှမရှိဘဲ အလွန်တရာ ထက်ရှနေ၏။

ထိုစာပေသမား၏ နှာရောင်က လင်းလက်သွားပြီး သူ၏စိတ်ဝိညာဥ်အသိစိတ်က မီးခိုးရောင်မြှားတစ်စင်းအဖြစ် စုဖွဲ့ကာ အရာရာတိုင်းကို ထိုးဖောက်ချင်သည့်အလား လေထုကို ဆုတ်ဖြဲလာခဲ့၏။

စာပေသမားသည် သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို တစ်ချိန်တည်းမှာအသက်သွင်းလိုက်၏။

ထိုအမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်သည် အင်မော်တယ်ဓား၏ ဓားရှည်ထက်ပင် ပို၍ကြောက်စရာကောင်းပြီး ပို၍ထက်ရှနေ၏။

ပေါင်းစည်းခန္ဓာ စွမ်းအား​ကြီးပုဂ္ဂိုလ်နှစ်ယောက်ထံမှ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်နှစ်ခု ထွက်ပေါ်လာခြင်းသည် ဆူဇီမိုကို အန္တရာယ်တောထဲသို့ ချက်ချင်းကျရောက်သွားစေ၏။

All Chapters